အပိုင်း ၈၂၉-၈၃၀
Viewers 37k

Part 829


ကားပေါ်မှ ဆင်းလိုက်သည်နှင့် ဆောင်းဦးလေက အေးမြနေကာ တိမ်တိုက်များက ပေါ့ပါးပြီး လေထု​ကလည်း သန့်ရှင်းလတ်ဆတ်နေသဖြင့် ခံစားချက်က ထူးထူးခြားခြား သက်တောင့်သက်သာ ဖြစ်နေသည်။


လင်းလန် ပေါ့ပေါ့ပါးပါး လျှောက်ပတ်သွားလာရင်း အများအားဖြင့် အပြာရောင် ကျောက်တုံးငယ်များကို မြင်နေရသည်။၎င်းတို့သည် မြစ်မြောင်း သို့မဟုတ် ကျောက်စရစ်များအကြားတွင်သာ အိပ်စက်နေကြပြီး အပြာရောင်အလင်းတန်းများ လင်းလက်တောက်ပနေကာ ဘယ်သူမှ သူတို့ကို ဂရုမစိုက်ကြပေ။


ချစ်စရာကောင်းလိုက်တာ...


ရှေးခေတ်ကတည်းက တရုတ်တွင် ကျောက်စိမ်းဖြူကို သဘောကျခဲ့ကြသည်။ပြည်တွင်းတူးဖော်မှုမှာ အခြေခံအားဖြင့် ကျောက်စိမ်းနှင့်ပုလဲများဖြစ်သည်။နည်းပညာကန့်သတ်ချက်များအပြင် ပြည်တွင်းတွင်  *ကော်ရွန်ဒမ်ကို တူးဖော်ရရှိ,ခဲ,သည်။၎င်းတို့အများစုမှာ ပါရှား၊အိန္ဒိယ နှင့် အရှေ့တောင်အာရှတို့မှ တင်သွင်းခြင်းဖြစ်၏။လုပ်ငန်းစဥ်က အလွန်ကို ရိုးရှင်းသောကြောင့် ပြည်တွင်း နီလာမိုင်းများသည် နှစ်ထောင်နှင့်ချီ၍ မပျက်မစီး အရာမယွင်းရှိနေသည်။

(T/N–မာကျောခြင်းအဆင့်9ရှိသောကျောက်ဥပမာ ပတ္တမြားနှင့်နီလာ)


နီလာများသည် ဥရောပတွင် အမှန်တကယ်စျေးအကြီးဆုံးဖြစ်ကြောင်း 1980 ခုနှစ်များအတွင်း ပြင်ပကမ္ဘာသို့ တံခါးဖွင့်ချိန်မရောက်မီကပင်သိရှိခဲ့ရသည်။ယင်းက တရုတ်တွင် နီလာရတနာရှာဖွေမှုလှိုင်းကို ဖြစ်ပေါ်စေခဲ့၏။နေ့ရောညပါ လူစုလူဝေးအများအကြီးရှိနေသည်ဖြစ်ရာ မိုင်းတွင်းရေမြုပ်သွားသောအခါဆိုလျှင်  မြင်ကွင်းက အလွန်တုန်လှုပ်ဖွယ်ကောင်းပြီး လက်ဖျားခါလောက်သည်ဟု ဆိုကြသည်။ နှစ်အနည်းငယ်ကြာအောင် မြေပေါ် သယံဇာတများကုန်ခမ်းစေပြီးနောက် မိုင်းတွင်းများ ဖွင့်ချင်လာကြသဖြင့် အာဏာပိုင်များ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး တူးဖော်မှုကို တားမြစ်ရန် တောင်ကို ပိတ်ထားခဲ့ရသည်။ နောက်ပိုင်းမှာ နီလာရောင်းဝယ်မှုကို စီမံခန့်ခွဲရန်ကျောက်မျက်ရတနာ အစည်းအရုံးကို တည်ထောင်ခဲ့၏။


လင်းလန်၊အားဝမ် နှင့် မိုင်စွေ့တို့က အိတ်တစ်လုံးစီထမ်းကာ သူတို့မြင်နိုင်သည့် အပြာရောင်ကျောက်တုံးအားလုံးကို ကောက်ယူကြသည်။ နှစ်အတန်ကြာအောင် ရေကြီးမှုများကြောင့်  မျောပါခဲ့ကြသည့် အပြာရောင် ကျောက်တုံးများက အခြေခံအားဖြင့် မကြီးကြပေ။ ကြီးသည့်ကျောက်က မီးခြစ်ဆံဘူးလောက်ဖြစ်ပြီး သေးသည့်ကျောက်က သဲမှုန်လောက်ရှိလေသည်။


သူမ ကောက်ယူနိုင်သရွေ့ လင်းလန် လက်လျော့မှာ မဟုတ်ပေ။


အားဝမ်နှင့်ရှောင်ဝမ်က တစ်လမ်းသွားကာ၊ ဟန်ချင်စုန့်က အခြားလမ်းကြောင်းသို့သွားပြီး လင်းလန် နှင့်မိုင်စွေ့တို့က အတူတူသွားကြသည်။


မိုင်စွေ့: "မားမား... ဒီကျောက်ပြာတွေက တကယ်လှတယ်နော် "


လင်းလန်က  ပြုံးပြီးဆိုလိုက်၏။


 "ဟုတ်တယ်...   နည်းနည်းလောက်  ထပ်ကောက်ပြီး နောင်ကျရင် အပြာရောင်  ကျောက်နံရံဆောက်ကြရအောင်... နေရောင် လင်းလာတဲ့အခါ ကြည့်လှနေမှာပဲ"

 

ဤနေရာတွင်  အပြာရောင်များသာရှိသည်က စိတ်မကောင်းစရာပါပင်။ခရမ်းရောင် သို့မဟုတ်  စိမ်းဝါရောင်များကို သူမ မတွေ့ဖူးသေးပေ။


မိုင်စွေ့ သည်လည်း ထိုကဲ့သို့ပြောင်လက်တောက်ပသော အရာများကို နှစ်သက်ပြီး ၎င်းတို့ကို ကြိုးစားပမ်းစား  ကူကောက်ပေးလေသည်။


သူတို့ရှေ့က တောင်ကြီးကို ကြည့်လိုက်ရင်း သူတို့က မိနစ်အနည်းငယ်အတွင်း ရောက်နိုင်သည့်လမ်းပေါ်မှာ တစ်နာရီလောက် လမ်းလျှောက်ခဲ့ကြမှန်းသိလိုက်ရ၏။


တောင်ခြေရင်းမှာ လင်းလန်ကဆိုလိုက်သည်။  "ဝိုးဝိုးဒီမှာ အများကြီးရှိသေးတယ်"


အနီးနားက သိုးလာကျောင်းသည့် ကလေးတစ်ယောက်က သူတို့ကျောက်ခဲတွေကို ကောက်နေသည်အားတွေ့သောအခါ ပြုံးပြီးပြော၏။ 


 "ဒီမီးခတ်ကျောက်နဲ့ သံမဏိက အရမ်းအသုံးဝင်တယ်...ငါလည်း အပိုင်းအစနည်းနည်းကောက်ပြီး

အိမ်ပြန်ယူသွားခဲ့သေးတယ်"

 

လင်းလန်:"သူငယ်ချင်းလေး... နောက်ထပ် မကောက်ချင်ဘူးလား"


 ကလေးက ခေါင်းခါပြီးဆိုသည်။


 "ကျောက်ခဲတွေကို ဘာလို့ အများကြီး ကောက်နေတာလဲ... အသုံးမဝင်ဘူးလေ"


ထိုသို့ဆိုပြီး သူကသိုးများကိုမောင်းကာ ပြေးသွား၏။


လင်းလန် ကျောက်ကောက်ရသည်ကို အတော်လေး ပျော်နေ၏။  ဒါက တကယ့်ရတနာပဲ...သူမ ဘယ်လိုလုပ် လက်ဗလာနဲ့ ပြန်သွားနိုင်မှာလဲ... ကောက်ရမယ်...


သူတို့၏ လူအင်အားမှာ အကန့်အသတ်ရှိပြီး မှောင်သည့်တိုင်အောင် တောင်ကုန်းငယ်တစ်ဝိုက်တွင် ကုန်အောင် မကောက်နိုင်သည့်အတွက် စိတ်မကောင်းစရာပင်။


ရှောင်ရွှမ်တောင်သည် အမှန်တကယ်တွင် ရှေးမီးတောင်စုတစ်ခုဖြစ်ပြီး ဒါဇင်များစွာသော မီးတောင် အကြီးအငယ်များ ရှိပြီး တောင်များမှာ အနက်ရောင်မီးတောက်ချော်ကျောက်များချည်းဖြစ်သည်။ တောင်က မမြင့်ဘဲ ပင်မတောင်ထွတ်၏ အမြင့်ဆုံးတောင်ထွတ်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၅၀ ထက်နည်းသောကြောင့် ထူးခြားမှုမရှိပါချေတောင်ပေါ်၌ ဘုန်းကြီးကျောင်းနှစ်ကျောင်း ရှိခဲ့ဖူးသော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြိုဖျက်ခံခဲ့ရပြီး အတွင်းမှ ရဟန်းတော်များလည်း လောကီဘဝသို့ ပြန်လည်ရောက်ရှိရန် ပညာသင်ကြားခဲ့ရသည်။


ဘုရားကျောင်းမရှိသဖြင့် လူကြီးတွေက ဘုရားကို အမွှေးတိုင် ပူဇော်ရန် လာလေ့မရှိကြသလို များသောအားဖြင့် အလုပ်၊လယ်လုပ်ငန်းတို့ဖြင့် အလုပ်ရှုပ်နေတတ်သောကြောင့် အပြင်ထွက်ရန် အချိန်မရှိကြပါချေ။ သိုးကျောင်းသည့် လူကြီးနှင့်  ကလေးများကသာ လာ၍ မီးခတ်ကျောက်နှင့် သံမဏိကဲ့သို့ ကျောက်ခဲများကို ကောက်ယူကြပေလိမ့်မည်။ ထို့ကြောင့် ယခုအချိန်တွင် ဆိတ်ငြိမ်သော တောင်တန်းစုနှင့် တူပြီး ဘာမှ ထူးခြားခြင်းမရှိပါချေ။


လင်းလန် အပေါ်ကို မော့ကြည့်လိုက်၏။ မျက်နှာပြင်ပေါ်ရှိ နီလာအားလုံးကို သူမကိုယ်ပိုင်အစွမ်းဖြင့် ကောက်ယူရန် မဖြစ်နိုင်ကြောင်း သူမ ခံစားရသည်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းထိ ထွက်ရှိနေဦးမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များက လုယူနေကြဆဲဖြစ်လိမ့်မည်ဖြစသောကြောင့် သက်ဆိုင်ရာ ပြည်သူများက အရင်ဆုံး ကာကွယ်နိုင်စေရန် အစိုးရထံ ကြိုတင်သတင်းပို့ရန် နည်းလမ်းရှာခြင်းသည် ပိုကောင်း၏။


ယခုအခါ ၎င်းကို တူးဖော်ပြီးပါက အဆင့်မြင့်နည်းပညာနှင့် စက်ကိရိယာများနှင့် လဲလှယ်ရန်အတွက် ဥရောပသို့ ယူဆောင်သွားရန်အဆင်ပြေလေသည်။


ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှု စတင်ချိန်၌ပင် ဥရောပနှင့် အမေရိကန်တို့သည် တရုတ်နိုင်ငံကို နည်းပညာဆိုင်ရာ ပိတ်ဆို့တားဆီးမှုများ အမြဲပြုလုပ်ခဲ့ပြီး 1950 နှင့် 1960 ခုနှစ်များအတွင်း အဟောင်းနှင့် ခေတ်နောက်ကျနေသော စက်ယန္တရားများကို တရုတ်နိုင်ငံသို့ ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချခဲ့သည်။


သူတို့ လိုချင်သည့်အရာ တစ်ခုခု ရှိပါက ဥရောပ သားများက တူညီသည့် တန်ဖိုးနှင့် လဲလှယ် ရမှာ ဖြစ်လေသည်။


ပြတ်ပြတ်သားသားပြောရလျှင် ကျောက်များသည် ကြည့်ကောင်း၏။၎င်းတို့က ရှားပါးသောကြောင့် ဇိမ်ခံပစ္စည်းနှင့် မြင့်မြတ်မှုကို ကိုယ်စားပြုသည်။


 သို့ရာတွင်  တန်ဖိုးပိုမြင့်သည့်အရာနှင့်လဲလှယ်နိုင်လျှင် ဤသည်က ကောင်းမွန်သည့်ကိစ္စပါပင်။


လင်းလန် အကြာကြီးနှုတ်ဆိတ်နေသည်ကို ဟန်ချင်စုန့် မြင်လိုက်ရသည်။ ယခင်ကလို ကျောက်တုံးကို ကောက်လိုက်သည့်အခါ ရွှင်လန်းတက်ကြွနေခြင်းမရှိပေ။ 


"ဘာဖြစ်လို့လဲ "

 

လင်းလန်က ပြုံးပြီးဆို၏။


"စန်းကော...ရှင်ဘာတွေတွေးနေတာလဲ...ခြင်းတောင်း ကိုချပြီး မြန်မြန်ကောက်စမ်းပါရှင်"


လင်းလန် ဟန်ချင်စုန့်၏ နောက်ကျောကို စိုက်ကြည့်လိုက်သည်။ သူက အစိုးရကို ကိုယ်စားပြုသည်။သူက အစိုးရကို သတင်းပို့လျှင်ပင် တောင်ခြေတွင် ပြန့်ကျဲနေသည်ထက်ကား ပိုကောင်းလေသည်။ သူမအနေဖြင့် တတ်နိုင်သမျှ သာ ကောက်ယူနိုင်သည်။


ကိုယ်တွေ့လျှင် ကိုယ့်အပိုင်သာဖြစ်၏။


လင်းလန်နှင့်ဟန်ချင်စုန့် ကျောက်ခဲများ ကောက်ရန် ကလေးများနှင့် ဆန့်ကျင်ဘက်သို့ သွားကြသည်။ ကျောက်မျက်ရတနာများဖြစ်သည်ကို  ​သူတို့သိကြသော်လည်း ကျောက်မျက်များက နေရာတိုင်းတွင် ကျောက်တုံးများကဲ့သို့ ဖြစ်နေသည့်အတွက် ပင်ပန်းလှသည်။


ပထမဆုံးနေ့တွင် သူတို့ အိတ်သေးသေးတစ်လုံးစာ ကောက်ခဲ့ကြပြ မှောင်လာသောအခါတွင် ဟန်ချင်စုန့်က သူ့တို့ကို ဆယ်မိုင်ကျော်ဝေးသော ခရိုင်တည်းခိုခန်းသို့ ခေါ်သွားခဲ့သည်။


ဟန်ချင်စုန့်ကလည်း စစ်ရုံးကိုဖုန်းဆက်လိုက်၏။ ​​တဝမ်ကလက်ရွေးစင်စမ်းသပ်မှုမှာပါဝင်ရန်လိုက်သွားသည်။သူတို့အနေဖြင့် သူ့ကိုသွားမတွေ့နိုင်သည့်အတွက် လက်လျှော့ပြီး ကျောက်ခဲများကိုပဲ ဆက်ကောက်နေခဲ့ကြ၏။


Xxxxx

Part 830


ဒုတိယနေ့နှင့်တတိယနေ့များမှာ... လင်းလန်က ဘာမှ မပြောဘဲ သူမ ဤနေရာမှာပဲနေပြီး ကျောက်ကောက်ချင်သည်ဟုဆိုခဲ့သည်။ဟန်ချင်စုန့်ကလည်း အများကြီး မမေးခဲ့ပေ။ ကလေးများက ပျော်စရာကောင်းသည်ဟု ထင်ကြပြီး ပူးပေါင်းဆောင်ရွက်ကြ၏။ စင်စစ်အားဖြင့်  အိမ်မှာ ဆောင်းဦးရာသီ ရိတ်သိမ်းခြင်းက နေ့စဥ် အလုပ်များပြီး ကျောက်ကောက်ခြင်းသည်ဖြစ်ရာ ဘာမှ မဟုတ်ပေ၊ လူကြီးများက လုပ်ခိုင်းခြင်းဖြစ်လျှင် အသုံးဝင်၍ဖြစ်မည်။


ညနေပိုင်းတွင် မိုင်စွေ့နှင့်အားဝမ်က ရှောင်ဝမ်ကိုခေါ်ပြီး လျှောက်ပတ်သွားပြီး ဆော့ကစားခဲ့သည်။ လင်းလန်က သူမပစ္စည်းတွေကို ထုပ်ပိုးနေပြီး ဟန်ချင်စုန့်က သူမ၏ တုံ့ဆိုင်းမှုကို ကြည့်ပြီးဆို၏။


 "ပြန်ဖို့တွန့်ဆုတ်နေတာလား"


လင်းလန်: "စကားလုံးတွေကို သိမ်းကျုံးသုံးနေတာပဲ... ဒါက ကိုယ့်ဝါသနာအတွက် တိုက်ပွဲဝင်တယ်လို့ ခေါ်တယ်"


ဟန်ချင်စုန့် :"ယူပြီး တံတိုင်းဆောက်မလို့ပေါ့လေ "


လင်းလန်: "ဟုတ်တယ် ...တံတိုင်းဆောက်မလို့" 

သူမ ဘယ်တော့မှ ဝန်ခံမှာမဟုတ်ပေ။


"ကိုယ်က အလုပ်လုပ်ဖို့ပြန်ရဦးမှာ"


လင်းလန် : "စန်းကော... တစ်ခုခုဆွေးနွေးကြရအောင်"


 "တောင်ပေါ်ကို ရွှေ့ဖို့လား"


လင်းလန်: တောင်တွေကို သိမ်းပိုက်ပြီး ဘုရင်ဖြစ်ချင်တယ်...

 

သူမက ပြုံးပြီးပြောလိုက်၏။

 "စန်းကော...ရှင် ဘာလို့အရင်အလုပ်ပြန်မလုပ်တာလဲ...ကျွန်မကလေးတွေနဲ့ ရက်နည်းနည်းလောက်လည်လိုက်ဦးမယ်...ပြီးမှ ရထားနဲ့ပြန်လိုက်မယ်" 


ရတနာတောင်ကြီးဆီရောက်ပါက မည်သူက ပြန်ရန်ဆန္ဒရှိမည်နည်း။မြင်သမျှကောက်ယူမှာဖြစ်လေသည်။

    

ထို့အပြင် သူမ မကောက်ပါက နှစ်အနည်းငယ်အတွင်း လူများက ကောက်ယူပြီး နိုင်ငံရပ်ခြားကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချမည်ဖြစ်၏။ အဘယ်ကြောင့်ထပ်မကောက်ရမည်နည်း။ အနှီနီလာတွေကို ပိုတန်ဖိုးရှိအောင်သုံးရန် နည်းလမ်းကောင်းရှိပါက  အကောင်းဆုံးပါပင်။


သူမတုံ့ဆိုင်းနေသည်ကိုမြင်သောအခါ ဟန်ချင်စုန့်မှာ သူမကိုပြောစရာရှိပုံပေါ်ပေမဲ့ အဆုံးမှာ သူမကို ဖိအားပေးမနေဘဲ မသိဟန်ဆောင်နေခဲ့သည်။


"ဒါဆို မင်း နောက်ထပ် ရက်နည်းနည်းလောက် လည်လို့ရတယ်...ပြီးရင် ကိုယ်မင်းကို လာကြိုမယ်" 


လင်းလန်က ပျော်ရွှင်စွာ လှည့်ပတ်လိုက်ကာဆို၏။

 "စန်းကောက သိပ်ကြင်နာတတ်တာပဲ"


ဟန်ချင်စုန့်  ခဏလောက်စဉ်းစားပြီးပြောလိုက်သည်။

"သုံးရက်အတွင်း ကိုယ်လာကြိုမယ်"


လင်းလန်: "ရှင်ဒီမှာမရှိရင် တည်းခိုခန်းကလူတွေက ကျွန်မတို့ကိုသံသယရှိမှာလား"


ဟန်ချင်စုန့်:  "မဟုတ်ဘူး...ကိုယ်ပြောပြီးပြီ... ဘူမိဗေဒလေ့လာသူအတွက် ဒီကိုရောက်နေတာလို့"


လင်းလန် သူ့ကို သံသယဖြင့် ကြည့်လိုက်၏။ 


 "စန်းကော ...ပြည်သူ့လုံခြုံရေးဗျူရို အကြီးအကဲက ခရိုင်ရဲ့ ဘူမိဗေဒစစ်တမ်းကို ဘယ်လိုလုပ် ချီးကျူးမှာလဲ"


ဟန်ချင်စုန့်:  "မင်းက စစ်တမ်းကောက်ဖို့ လာတာ...အချိန်ကျရင်  ခရိုင်တော်လှန်ရေး ကော်မတီကို စစ်တမ်း အစီရင်ခံစာပမှာ ...ပြီးရင် ပြည်နယ်တော်လှန်ရေး ကော်မတီကို တင်ပြလိုက်” 


ဟန်ချင်စုန့်က  အတည်ပေါက်နှင့်ဆိုနေပြီး အတုအယောင် မဟုတ်ပါချေ။


လင်းလန် : "စန်းကော...ရှင်အတည်ပြောနေတာလား"


ဟန်ချင်စုန့်: "ကိုယ်နောက်နေတာလို့ထင်လား"


လင်းလန်: "ဒါပေမဲ့ ကျွန်မနားမလည်... ဟေးးး...ဟုတ်ပြီကွ...စန်းကောကအရမ်းမိုက်တာပဲ"


လင်းလန် ရုတ်တရက်  အကြံကောင်းတစ်ခုရလာပြီး စမ်းကြည့်နိုင်မည်ဟု သူမထင်မိသည်။ကောင်းကောင်းသာဆက်သွားလျှင် သေချာပေါက် အလုပ်ဖြစ်လိမ့်မည်။


သူမ ရှေ့ကိုလှမ်းနမ်းလိုက်ပြီးပြောလိုက်၏။


 "ကောင်းပြီ...စန်းကော ကျွန်မတို့ကို သုံးရက်နေရင် လာကြိုလှဲ့နော်"


ဟန်ချင်စုန့်၏  မျက်လုံးများ မှောင်မည်းသွားပြီးဆိုလေသည်။

"သုံးရက်ကလောက်လား"


"လုံလောက်တယ် ဟားဟား"


ဟန်ချင်စုန့်   သူမ၏ ခုနက စိတ်ဓာတ်ကျနေမှုတို့သည် ပျောက်ပြယ်သွားပြီး ပေါ့ပါးမှုနှင့် ပျော်ရွှင်မှုတို့ဖြင့်အစားထိုးခံလိုက်ရကာ  ယခင်ကကဲ့သို့ကြည်သာရွှင်မြူးနေသည်ကိုမြင်လိုက်ရသည်။


သူမကို ဆက်ပြီးဖိအားမပေးချင်တော့ပေ။ သူမမှာ မပြောဘဲ မနေချင်ရသည့် အကြောင်းရင်းတစ်ခု ရှိနေပြီး သူမ ဆန္ဒရှိသည့်အခါ သဘာဝအတိုင်း ပြောလိမ့်မည်ပင်။ သူလည်း မိမိဘာမိမိ   သူတို့ကျောက်ကောက်၍ရအောင် လင်းလန်နှင့် ကလေးများစီးရန် စက်ဘီးနှစ်စီး ငှားပေးလိုက်သည်။


နောက်နေ့မနက်စောစောမှာ ဟန်ချင်စုန့် လင်းလန်ကို ကျောက်တုံးများ ပြန်သယ်ရန် ကူညီပေးခဲ့သည်။ လင်းလန်နှင့်အားဝမ်တို့က စက်ဘီးစီးပြီး မိုင်စွေ့နှင့် ရှောင်ဝမ်တို့ကိုတင်ကာ ကျောက်ဆက်ကောက်ခဲ့၏။


"သားတို့...ဒီနေ့ တခြားတောင်တွေကို လှည့်ပတ်ကြည့်ရအောင်... အခြေအနေကို လေ့လာကြည့်ကြမယ်... အချက်အလက်အချို့ကို မှတ်တမ်းတင်ထားကြ"


အားဝမ်: " ဘာအချက်အလက်တွေကို မှတ်တမ်းတင်ရမှာလဲမားမား"


လင်းလန်က ၎င်းကို တွေးပြီး သူမသိသည်ကို ပြောပြလိုက်၏။ဘယ်မှာ မြင်ဖူးကြားဖူးသည်ကို သားသမီးများအား ရှင်းပြရန်ကား အလုပ်ရှူပ်ခံမနေပါချေ။ အချိန်အတော်ကြာ ပေါင်းသင်းလာပြီးနောက် လင်းလန်က လူတိုင်း နားမလည်သည့် စကားများကို မကြာခဏ ပြောလေ့ရှိသည်ကို ကလေးများက ကျင့်သားရနေကြလေပြီ။ပုံမှန်မဟုန်ငည့် အထူးအဆန်း ဘာမှ မရှိပါချေ ၊ သဘာဝအားဖြင့် လူတွေကို သိပ်အံ့သြစေလိမ့်မည် မဟုတ်ပေ။


အားဝမ်က နားထောင်ရသည်ကို အလွန် စိတ်ဝင်စား၏။


"မားမား... ဒါက ပထဝီဝင်ဘာသာရပ်ထဲက အကြောင်းအရာပဲ...ဒါပေမဲ့ ကျွန်တော်တို့ ဒီအရာတွေကို မလေ့လာခဲ့ကြဘူး" 


လင်းလန် : "အသိပညာဆိုတာက အဆုံးမရှိဘူး... မားမားတို့ ပိုသိလေလေ  မားမားတို့နားလည်တာ နည်းလေလေပဲ"


ရှောင်ဝမ်က နားမလည်ပေ။

"မားမား ...ပိုသိလာလေလေ...ပိုနားလည်လာလေလေဖြစ်ရမှာမဟုတ်ဘူးလား...  ထူးဆန်းလိုက်တာ"


အားဝမ်နှင့်မိုင်စွေ့က အနည်းငယ် နားလည်သွားသည်။


အားဝမ်က ရှင်းပြလိုက်၏။

 “ငါတို့ ဘာမှ နားမလည်တဲ့အခါ သိပ်နားမလည်ဘူးလို့ ခံစားရတယ်... ဥပမာ ရွာကလူတွေက စာမရေးတတ်မဖတ်တတ်ကြဘူး...သူတို့က သူတို့ကိုယ်သူတို့  ဘယ်လိုဖတ်ရမှန်းမသိရုံလို့ပဲခံစားကြရတယ်... ဒါပေမဲ့ ဖတ်တတ်ပြီးသွားရင်တရုတ်၊သင်္ချာ၊အင်္ဂလိပ်၊သမိုင်း၊သင်္ချာ၊ရူပဗေဒနဲ့ ဓာတုဗေဒတို့ကိုလေ့လာရတယ်...စကြာဝဠာထဲမှာ ငါတို့ မသိတဲ့အရာတွေအများကြီးရှိပါလားဆိုပြီးသိလာတယ်... ငါတို့ သင်ယူခဲ့တာတွေက သဲကန္တာရထဲက သဲလက်တစ်ဆုပ်စာလောက်ရှိတဲ့ သမုဒ္ဒရာထဲက တစ်စက်မျှသာပဲ...ရွာက စာမတတ်သူတွေသိတာက သဲတစ်စေ့တောင် မရှိနိုင်လောက်ဘူး... ဒါပေမဲ့ သူတို့က ဒီကမ္ဘာပေါ်မှာ သဲနှစ်စေ့ပဲရှိတယ်လို့ ထင်ကြတယ်လေ"

 

ရှောင်ဝမ် : "နားလည်ပါပြီမားမား...သားအရင်က ပုလွေနဲ့ ဘာဂျာကို ဘယ်လိုမှုတ်ရမှန်းမသိတဲ့အခါ လေချွန်တတ်ပြီး မိုးမခပုလွှေမှုတ်နည်းကိုသိခဲ့တယ်... အခုဆို စန္ဒယား၊ တယောစသဖြင့် အများကြီး အများကြီး  ရှိနေတယ်ဆိုတာ သိလိုက်ရတယ်... သင်ယူလို့ မပြီးနိုင်ဘူး” 


မိုင်စွေ့က ခေါင်းညိတ်ပြီးဆို၏။

 “အဲဒါကြောင့်လား အာ"


ယခု လင်းလန်က သူမကလေးများ၏ သင်ယူနည်းနှင့် ဆွေးနွေးပုံများကိုတကယ်သဘောကျသည်။အားဝမ် သူမပြောသည်ကို ရှင်းပြခြင်းမရှိဘဲ လျင်မြန်စွာ နားလည်နိုင်ပြီး၊ ထို့နောက် မိုင်စွေ့ နှင့်ရှောင်ဝမ် လည်း နားလည်လာသည်။


ကလေးများမှာ အချိန်နှင့်နေရာပိုရလျှင် သူတိုလည်း ပိုကြီးထွားဖွံ့ဖြိုးလာတန်ရာ၏။


Xxxxxx