Part 857
စန်းဝမ် နောက်ဆုံးထိ ရုန်းကန်နေဆဲဖြစ်သည်။ "ဓားပြတိုက်... ဓားပြတိုက်တာ"
မိုင်စွေ့က ကျယ်လောင်စွာ ရယ်မောရင်းဆို၏။
"မောင်လေး... နင့်ကို အစ်ကိုကြီးက ရိုက်လိမ့်မယ်"
စန်းဝမ်က လက်ကိုင်ပုဝါကို ဆွဲဆုတ်လိုက်ပြီး တုတ်ကို လွှင့်ပစ်ကာ ရယ်မောရင်း လက်မောင်းနှစ်ဖက်ကို ဖွင့်ပေးလိုက်သည်။
မိုင်စွေ့ကလည်း သူ့ကို ပွေ့ဖက်ရန် လက်နှစ်ဖက်ကို ဖြန့်ထားသော်လည်း စန်းဝမ် ပွေ့ချီပြီး လှည့်လိုက်သည်။
မိုင်စွေ့ : "..."
ထွက်သွားစမ်း...
ငါပြန်တွေးလိုက်ရင် မောင်ငယ်လေးကို နင့်လိုမျိုးလူလိမ်လူညစ်ဖြစ်ချင်အောင်နင်လုပ်တာ ...နင့်လောက်ဘယ်သူမှ မရှက်မမဲ့ဘူးး...
မိုင်စွေ့ မတ်တပ်ရပ်ပြီးနောက် စန်းဝမ်ကို အားရပါးရ ပွေ့ဖက်လိုက်ပြီးပြောလိုက်သည်။
"အဖေနဲ့မားမားအိမ်ရောက်နေပြီလား"
စန့်းဝမ်က တဟီးဟီး ရယ်မောရင်းဆို၏။
"ပြန်လာပြီ... မားမားကို နှစ်ကြိမ်လောက် မွှေ့ပေးလိုက်တယ်...နင်က မတ်တပ်နိုင်သေးတာပဲ နောက်တစ်ခေါက် မွှေ့ပေးမယ်"
မိုင်စွေ့ : "ထွက်သွားးး..."
စန်းဝမ်က ရယ်ပြီး ဒုတိယအစ်ကိုကို ပွေ့ဖက်လိုက်ပြန်သည်။
အားဝမ်က မငြင်းဘဲ စက်ဘီးပေါ်ကနေ ဆင်းပြီး စန်းဝမ်ကို ကောက်ပွေ့လိုက်ပြီး နှစ်ကြိမ်လောက် လှည့်ပတ်လိုက်၏။
စန်းဝမ်က ပျော်ရွှင်စွာ ရယ်မောပြီး တဝမ်ပေါ်ကို မျောက်တစ်ကောင်လို ဖက်တက်ပြီးဆိုလေသည်။
"အစ်ကိုကြီး... အစ်ကိုကြီး... မင်းက ငါ့ကို ဘာလို့ လျစ်လျူရှုနေတာလဲ... ငါ့ကို မလွမ်းဘူးလား...ငါ့ကို စွန့်ပစ်လိုက်ပြီလား...ငါ မင်းကို နေ့ရောညပါ လွမ်းနေတာ"
တဝမ် သူ့ကို ရိုက်ခတ်ချင်နေသည့် ဆံပင်မျှင်တိုင်းကို ခံစားလိုက်ရသည်။
စန်းဝမ်က အူးမြူးနေသည့်အခြေအနေမှာပဲရှိနေပြီး အစ်ကိုကြီးအား နှစ်ကြိမ်တိုင်တိုင် မွှေ့ပစ်ချင်ခဲ့သည်။သို့သော်လည်း တဝမ်က အေးစက်စွာ ကြည့်နေကာ ပြေးလာသည့် စန်းဝမ်၏ ခေါင်းကို ကိုင်ကာ သူ့လက်မောင်းကြားထဲထည့်၍ လက်တစ်ဖက်တည်းဖြင့် ဆွဲမွှေ့ ပြီး ပစ်ချလိုက်သည်။ စန်းဝမ် ပေါ့ပါးသွက်လက်သဖြင့် မြေကြီးပေါ် ပစ်မကျဘဲ မျောက်တစ်ကောင်လို ခုန်ဆင်းလိုက်၏။
ထို့နောက်မှသာ သူတို့တတွေ နှုတ်ဆက်ရန် အားလပ်ချိန်ရကြသည်။ မည်သို့ပင်ဖြစ်စေ အားလုံးက တစ်ယောက်ကို တစ်ယောက်သိကြသည်ဖြစ်ရာ အနည်းငယ်ပျော်ပြီးနောက် အိမ်ပြန်ခဲ့ကြသည်။
စန်းဝမ်က ရှောင်ဝမ်ကို ဦးဆောင်ပြီး ချန်ပီယံတစ်ယောက်၏ပုံစံနှင့် လားလားမှမဆိုင်ဘဲ ဖုန်လုံးကြီးထအောင် ပြေးနေဆဲဖြစ်သည်။
ဖူကျန်းယွမ်က သူ့ကို ကြည့်လိုက်၏။သူက အပြင်မှာ သူ့ကိုယ်သူ ဘယ်လို ထိန်းချုပ်ရမလဲဆိုသည်သိသော်လည်း အိမ်ပြန်ရောက်သည်နှင့် မျောက်တစ်ကောင် ဖြစ်သွား၏။
အိမ်ပြန်ရောက်သောအခါ လင်းလန် နှင့်ဟန်ချင်စုန့်တို့က ညစာ ချက်ပြီးနေပြီဖြစ်သည်။
လင်းလန်၏ ဖက်ထုပ်နှင့် ကြက်သွန်မြိတ်လက်လုပ်ခေါက်ဆွဲ၊ ကြက်ဥစွတ်ပြုတ်တို့ကိုပြုလုပ်ထားပြီး စန်းဝမ် အကြိုက်ဆုံးဟင်းလျာများဖြစ်၏။ ထို့နောက် ဂေါ်ဖီဝက်ကြာဇံနှပ်အိုးနှင့် အိုးဘေးရှိ ပန်ကိတ်များ၊ ခရမ်းသီးနှပ်နှင့် ဟင်းရွက်ချဥ်စသည်တို့ဖြစ်သည်။ နောက်တစ်မျိုးမှာ ဝယ်လာသည့် ပင်လယ်ကဏန်းတွေကို သန့်စင်အောင်ဆေးပြီး ဝိုင်၊ ကြက်သွန်နီနှင့်ဂျင်းထည့်ကာ မိနစ်အနည်းငယ်လောက် ရေနွေးဖျောပြီး ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့နှင့်မွှေကြော်ထားသည်။
ဟန်ချင်စုန့်က သူ အိမ်မှာရှိချိန်ဆိုလျှင် ထမင်းဟင်းချက်ရာမှာ သူ့ဘာသူလာကူတတ်၏။ သူ့မှာ ခွန်အားရှိသည့်အတွက် မုန့်စိမ်းနှယ်ရသည်က လွယ်ကူပြီး လုပ်အားလည်း သက်သာစေသည်။သူလုပ်လျှင် မုန့်သားညက်ရန် အချိန်အများကြီး မလိုသည့်အပြင် သူ့ကြွက်သားများကလည်း အချိုးအစားကောင်းမွန်လေသည်။ လင်းလန်က သူ့ကို မုန့်စိမ်းမာစတာဟု အမည်ပေးထား၏။
စန်းဝမ်က သူ့အမေ အစားအသောက်တွေ အများကြီး ချက်ထားသည်ကိုကြည့်ရန် တွန့်ဆုတ်နေပုံမပေါ်ပါချေ။ တကယ်က စားစရာ ပြတ်လပ်မှု မရှိဘူးလား...သူက အနောက်ခန်းကို လှည့်ပတ်ကြည့်ဟန်ဆောင်လိုက်သောအခါ တိုင်ကီထဲမှာ အစေ့အဆန်တွေအပြည့်ရှိနေပြီး ဂျုံတွေ ပိုများ၏။ သူ သက်ပြင်းချရင်း သူ့အဖေနှင့် မားမား အိမ်မှာ ဗိုက်ဆာမနေကြသည်ကို ယုံကြည်သွားပြီး အတော် ပျော်သွားသည်။
သူ့အဖေနှင့်မားမားက မပိန်သွားသလို သူ့အစ်ကိုတွေ၊ အစ်မတွေလည်း အရပ်ရှည်လာသည်ကိုတွေ့သောအခါ သူက အဖေအိုကြီးတစ်ယောက်လို စိတ်သက်သာရာရသွားပြီး တိုင်ကီ၏ နှုတ်ခမ်းစွန်းကို ကိုင်ရင်း တိတ်တိတ်လေး ရယ်မောလိုက်သည်။သူ့မိဘတွေက တကယ်ကို အရည်အချင်းရှိပြီး ညီအကို မောင်နှမတွေ အားလုံးကလည် ထူးချွန်သည့်အတွက် သူတကယ်ပျော်ပါသည်။
လင်းလန် ဂျုံမှုန့်ထုပ်ကို ပြန်ထားသောအခါ တိုင်ကီစွန်းကို မှီနေသည့် စန်းဝမ်က ပခုံးများလှုပ်နေသည်ကိုမြင်လိုက်ရ၏။ ငိုနေသည်ဟု သူမထင်သွားပေမဲ့ ထိန်းမနိုင်သိမ်းမရ ရယ်နေသည်ကို တွေ့လိုက်ရသည်။
တတိယသားက ဘာလို့ ဒီမှာ ပုန်းပြီး တစ်ယောက်တည်း ရယ်နေတာလဲ...
လင်းလန် အနည်းငယ် ထိတ်လန့်သွားကာ သူ့ကို ခြောက်မိမှာစိုးသဖြင့် သတိမထားမိ ဟန်ဆောင်ပြီးမေးလိုက်၏။
"တိတိ... မနက်ဖြန် ဆောင်းဦးလယ်ပွဲတော်အတွက် ဘယ်လို ဖက်ထုပ်မျိုး စားချင်လဲ"
စန်းဝမ်က လှည့်ကာ လင်းလန်ကို ဖက်လာပြီး သူ့ခေါင်းကို လည်ပင်းဆီတိုးဝှေ့လျက် တိုးတိုးလေးပြောလေသည်။
"မားမားလုပ်တဲ့ဘန်းမုန့်စားချင်တယ်...ဘယ်လိုအစာ(ဌာပနာ)ပဲဖြစ်ဖြစ်ရတယ်"
လင်းလန်က ဂျုံမှုန့်ထုပ်ကို တိုင်ကီပေါ်တင်ကာ စန်းဝမ်ကို ဖက်လိုက်၏။
"သား...ဘာပဲလုပ်လုပ် အဖေ နဲ့မားမားက မင်းကို အတင်းအကြပ် မလုပ်ခိုင်းဘူး... မင်း ဆန္ဒ ရှိရင်သွား...ဆန္ဒမရှိရင် အိမ်ပြန်ခဲ့ပါ ”
စန်းဝမ်က သူ့မျက်ရည်တွေကို လင်းလန်၏ပခုံး ပေါ် ပွတ်ကာ ခေါင်းမော့လျက် တောက်ပစွာ ပြုံးပြပြီး ဆိုသည်။
“မားမား...ကျွန်တော်စိတ်ဆုံးဖြတ်ပြီးပြီး... အပြင်ထွက်ပြီး ပြိုင်ချင်တယ်...ပြိုင်တာက လယ်စိုက်ရတာထက် ငွေရှာရတာ ပိုလွယ်တယ်... ဟီးဟီး”
ကျွန်တော် စင်ပေါ်တက်၊ ကြယ်ငါးပွင့် အနီရောင် အလံကို ကြည့်၊ 'မတ်လရဲ့စေတနာ့ဝန်ထမ်းများ'ကို တီးမှုတ်တာကို နားထောင်ရင်း ကမ္ဘာကြီးက ကျွန်တော်တို့အတွက် မတ်တပ်ရပ်ပေးတာကို ကြည့်ရတာ သဘောကျတယ်... အဲဒီအခိုက်အတန့်မှာ အရမ်းပျော်ရတယ်...ဂုဏ်ယူရတယ်...
အဲ့ဒါတွေအကုန်လုံး ကျွန်တော် သဘောကျတယ်.. ကြိုက်တယ်...
အာရှအားကစားပြိုင်ပွဲ၊ ကမ္ဘာ့ချန်ပီယံရှစ်နဲ့အိုလံပစ်အားကစားပြိုင်ပွဲတွေလိုမျိုး ပိုပြီး ကျယ်ပြန့်တဲ့ကမ္ဘာကြီးကို ကျွန်တော်မြင်ချင်တယ်...
ဒါကြောင့် အိမ်မှာ အတူမနေနိုင်လို့ တောင်းပန်ပါတယ်မားမား...
လင်းလန် လက်ကို မြှောက်ကာသူမ၏ အရွယ်မရောက်သေးသော သားငယ်လေး၏ မျက်နှာကို ထိပြီး ကျေနပ်စွာ ပြုံးပြလိုက်၏။
"မားမား မင်းရဲ့တက်ကြွမှုကို သဘောကျတယ်...အဖေနဲ့မားမားက မင်းကို အိမ်မှာ အမြဲစောင့်နေမှာ ဆိုတာကို သတိရပါ"
ကမ္ဘာပေါ်မှာ မင်းဘယ်ကိုပဲသွားသွား ...ဘယ်နေရာမှာပဲရှိနေရှိနေ ...ဘယ်တော့မှ အထီးကျန်ရမှာမဟုတ်သလို နောက်ပြန်လှည့်စရာလမ်း မရှိဘူးဆိုတာလည်း ဘယ်တော့မှာရှိလာမှာမဟုတ်ဘူးသား...
အိမ် ရှိတယ်...မင်းမိဘတွေ ရှိတယ်...
မင်းအိမ်ပြန်ချင်ရင် အိမ်က မင်းလက်လှမ်းမှီတဲ့နေရာမှာပဲရှိနေမှာပါ...
...
လင်းလန် သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး အပြင်ထွက်ကာပြောလိုက်သည်။
" ကလေးတွေ ...ရှန်ယွီကို စားဖို့ သွားခေါ်လိုက် "
အားဝမ်က စက်ဘီစီးသွားချင်ပေမဲ့ စန်းဝမ်က " ငါသွားလိုက်မယ် "ဟု ပြောပြီး ရှောင်ဝမ် ခေါ်ကာ စီးသွားသည် ။
Xxxxx
Part 858
ဖူကျန်းယွမ်နှင့်ဝမ်ဖူပြောင်က စန်းဝမ်တို့မိသားစုကိူ သိကြသည်။ အကြိမ်များစွာ မတွေ့ဆုံဖူးကြသော်လည်း နေ့စဉ် အဆက်အသွယ်များစွာ ရှိခဲ့ပါသည်။တကယ်တမ်းတွင် စန်းဝမ်၏ စာများကို သူတို့ရေးပေးခဲ့သည်။ စန်းဝမ် ပေကျင်းသို့သွားပြီးနောက် ဖူကျန်းယွမ်က သားတစ်ယောက်ကဲ့သို့ပင် လင်းလန်ထံ စာရေးသည့်အလေ့အထကို ဆက်လက်ထိန်းသိမ်းထားကာ လင်းလန်တို့ မိသားစုကလည်း သူတို့ကို ကြိုဆိုကြ၏။
စန်းဝမ်နှင့် ရှောင်ဝမ် ရှန်ယွီကို ဖိတ်ကြားသောအခါတွင် ညစာစားရန် အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေပြီဖြစ်သည်။
ဆက်တိုက်ဆိုသလို ရယ်မောနေသော လူငယ်များ၏ရယ်သံများနှင့်ပျော်ရွှင်မြူးထူးမှုများက သာမန်ခြံဝင်ကြီးအား တက်ကြွလန်းဆန်းစေခဲ့သည်။
ညစာမကျွေးခင်မှာ ကုမိန်၊တုန်ဟွိုင်ဟွ၊ရှုယွမ်အမေနှင့် တခြားသူများက အစားအသောက်တွေ လာပို့ပေးကြသည်။ စန်းဝမ် ပြန်ရောက်နေပြီဆိုသည်ကို သိသည့်အခါဂုဏ်ပြုကြောင်းလာပြခြင်းဖြစ်၏။စန်းဝမ်က အိမ်မှာ ခဏပဲနေမှာဖြစ်သဖြင့် ရှေးယခင်အကြောင်းတွေကို အလျင်စလို မပြောဘဲ နှုတ်ဆက်ကာပြန်သွားကြသည်။
အားလုံးထွက်သွားပြီးနောက် လင်းလန်၏တို့မိသားစုလည်း ညစာစားကြသည်။
ဖူကျန်းယွမ်နှင့် ဝမ်ဖူပြောင် ရှက်နေမှာစိုးသောကြောက့် သူမက သူတို့ကို အားပါးတရ စားရန်ပြောလိုက်၏။
" အကုန်စား...ဗိုက်ပြည့်အောင်စားရမယ်နော်"
စန်းဝမ်က ကြက်သွန်မြိတ်နှင့်ကြက်ဥဖြူးထားသည့်လက်လုပ်ခေါက်ဆွဲကို စားလေသည်။ သူ့မျက်လုံးများ ပျော်ရွှင်မှုနှင့်အတူ မှေးစင်းနေရင်းဆို၏။
"အိမ်က အစားအသောက်က အရသာရှိတုန်းပဲ"
လူတိုင်းက မနေနိုင်ဘဲ မေးလိုက်ကြသည်။
"ဒါဆို အီရန်မှာ မင်းဘာစားခဲ့လဲ"
အားကစားသမားများသည် လေ့ကျင့်နေစဉ်အတွင်း အာရှအားကစားပြိုင်ပွဲကျေးရွာတွင် စားသောက်ကြပြီး မတော်တဆမှုမဖြစ်စေရန် ကြုံရာကျပန်းမစားကြပေ။ သို့ရာတွင် ပြိုင်ပွဲပြီးလျှင်မူ လမ်းလျှောက်ထွက်၊ ဈေးဝယ်ထွက်ပြီး ဒေသဆိုင်ရာ အထူးစားဖွယ်တွေကို စားသောက်နိုင်လေသည်။ စန်းဝမ်နှင့် လီကျန်းတို့သည် မက်တီနှင့် ဟင်နရီ တို့နှင့်အတူ တီဟီရန်မြို့တစ်ဝိုက်တွင် ဈေးဝယ်ထွက်ကာ အရသာရှိသော အစားအစာများ စားသောက်ကြသည်။
သူက ခဏလောက်စဉ်းစားပြီးဆိုလိုက်၏။
"သူတို့ရဲ့နို့ပေါင်မှုန့်လုံးတွေက တော်တော်အရသာရှိမယ်ထင်တယ်... နောက်ပြီး ပေါင်မုန့်၊ ဒိန်ခဲ၊ ဆော့စ်ချို စတာတွေလည်းရှိတယ်... တခြားဟာတွေက ငါတို့နဲ့တူတယ်.. ငါတို့က ပန်ကိတ်တွေ...သူတို့ကလည်း အသားညှပ်ပေါင်မုန့်တွေ သုံးတယ်...အသီးအရွက်တွေက ငါတို့ရဲ့ *ရို့ကျားမော့ လောက်အရသာမရှိဘူး"
(T/N–ပေါင်မုန့်နှစ်ခုကြားအသားညှပ်ထားတဲ့တရုတ်အစားအစာ၊တရုတ်ဟမ်ဘာဂါလို့လည်း ခေါ်ကြပါတယ်... )
သူစားသော်လည်း အလွန်ကြီး မမှတ်မိတော့ဘဲ အခြားထူးထူးခြားခြားအရာများအတွက် ခံစားချက်သိပ်မရှိလှပေ။
ဆင်းရဲခြင်းက သူ့ကို ရည်ရွယ်ချက်တစ်ခုသာစွဲမြဲစေသည်။
စန်းဝမ် ခေါက်ဆွဲပန်းကန်သေးသေးလေးတစ်လုံး စားပြီး နောက်ဆုံးတွင် မတ်တပ်မရပ်နိုင်ဖြစ်သွား၏။ ခြံထဲတွင် လူငယ်တစ်စု လမ်းလျှောက်ကာ စကားစမြည်ပြောနေကြသည်။
7:30 တွင် ကားသမားက ဖူကျန်းယွမ် နှင့် ဝမ်ဖူပြောင်ကို အချိန်မီ လာကြိုသည်။
လင်းလန်က သလဲသီးများ၊ ဟော်သွန်းသီးများနှင့် ထိုသို့သောအရာများကို ၎င်းတို့အတွက် ထုပ်ပိုးပေးလိုက်၏။
စန်းဝမ်က သူတို့ကို လက်ပြနှုတ်ဆက်လိုက်သည်။
"ပြည်နယ်မြို့တော်မှာတွေ့မယ်..."
ဂျစ်ကားထွက်သွားပြီးနောက် စန်းဝမ်က ရှောင်ဝမ်နှင့်သူ့အစ်ကိုများကို လှည့်စားကြည့်လိုက်၏။ "မြစ်ထဲမှာ ရေချိုးရအောင်"
ရှောင်ဝမ်က ချက်ချင်း သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီးဆိုသည်။
"အေးတယ်... မသွားချင်ဘူး"
အရမ်း မှောင်နေပြီ...
လင်းလန် : "စန်းတိ... မင်းက အခုမှ ပြန်လာတော့ အဘိုးနဲ့ ဘဘကို သွားနှုတ်ဆက်လိုက်... ပါတီ အတွင်းရေးမှူးအဘိုးနဲ့အုပ်ချုပ်ရေးမှူးလည်း ရှိတယ်"
စန်းဝမ်က ဝမ်းသာအားရ သဘောတူ၏။ သူ လင်းလန်ကို ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ပေ။ မားမားက ဘာခိုင်းခိုင်း သူလုပ်မည်ပင်။
သူက ရှောင်ဝမ့်ကိုဆွဲပြီးပြောလိုက်သည်။
"ရှောင်ဝမ်ကော...အေးအတူပူအမျှပေါ့"
ရှောင်ဝမ်က သူ့အစ်ကိုကို ဓားနှင့်ထိုးမည့်အမူအရာနှင့် ခေါင်းညိတ်ပြပြီးဆိုသည်။
"ဟုတ်တာပေါ ညီလေးရေ... မင်း ဓားတောင်ပေါ်တက်တက် မီးပင်လယ်ကိုဖြတ်ဖြတ် ငါ မင်းကို အားပေးမှာပါကွာ"
စန်းဝမ် : " ... "
သူက ရှောင်ဝမ့်လက်ကို တိတ်ဆိတ်စွာ ဆုပ်ကိုင်ပြီး ထွက်သွားခဲ့သည်။ ပထမချွေးမဟန်၏ အိမ်ကို ဦးစွာ သွားကာ ၎င်းနောက် အတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူးတို့အိမ် သွားနှုတ်ဆက်ခဲ့၏။ နောက်ဆုံးမှာ သူက ပြုံးပြပြီး အဘိုးအိမ်ဆီ သွားလိုက်သည်။
ရှောင်ဝမ်က လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း ကြီးပြင်းလာခဲ့သည်။ငယ်စဉ်အရိပ်များက ရှိနေဆဲဖြစ်သော်လည်း သူ့မိဘများက သူ့ကို တကယ်ချစ်ကြောင်းနှင့် သူ၏ ညီအစ်ကို မောင်နှမများက သူ့ကို ကောင်းစွာ ဆက်ဆံကြသည်မှာ သေချာ၏။ သူက ချစ်ခြင်းမေတ္တာငတ်မွတ်မနေတော့သလို အထီးကျန်ခြင်း သို့မဟုတ် ကြောက်လန့်ခြင်းတို့လည်း မရှိတော့ပေ။ သူ့ကိုယ်သူ ကာကွယ်ရန် ဘယ်သူကမှ သူ့ကို အမှောင်ထဲမှာ မထားခဲ့နိုင်တော့သည့်အတွက် သူ မကြောက်တော့ပါချေ။
အဘွားကြီးဟန်ကိုလည်း မကြောက်ဘူး...
စားပြီးသည်နှင့် အိမ်ကခြောက်ကပ်သွားကာ သုံးယောက်သား အရှေ့အနွေးကုတင်ပေါ်တွင် ထိုင်ကာ အတင်းတုပ်နေကြသည်။
စန်းဝမ်နှင့် ရှောင်ဝမ် လက်တွဲ၍လာသည်ကိုမြင်သောအခါ အစ်ကိုကြီးဟန် အတော်လေးဝမ်းသာသွားပြီး ဘာစားမလဲဟု ပြောချင်သော်လည်း အိမ်တွင်အဘွားကြီးဟန်က ကောင်းသောအရာအားလုံးကိုသိမ်းထားခဲ့သည်။ အစ်ကိုကြီးဟန်က အဘွားကြီးဟန်ကို ကလေးကို စည်သွပ်ဘူးတွေ ပေးခိုင်းပေမဲ့ အဘွားကြီးဟန်က တွန့်ဆုတ်နေ၏။ လင်းလန်က အခု ပိုက်ဆံ ဘယ်မှာ ပြတ်လပ်နေလို့လဲ...
စန်းဝမ်က လုပ်ခလစာနှင့် အစားအသောက်လက်မှတ်များရရှိသည့် အားကစားသမားတစ်ဦးဖြစ်နေဆဲဖြစ်ပြီး သူမကို အဘွားတစ်ဦးအနေဖြင့် ဂါရဝပြုသင့်သော်လည်း သူမဆီက အစားကောင်းပဲလာစားနေသည်။
သူမက စည်သွပ်ဘူးနှင့်မခွဲခွာချင်သဖြင့် သကြားလုံးနှစ်ပိုင်ကို ထိ၍ အနွေးကုတင် ပေါ်ပစ်တင်လိုက်သည်။
စန်းဝမ်က မျက်ခုံးပင့်လိုက်ပြီး အနည်းငယ် ဒေါသဖြစ်နေသော်လည်း သူက မမိုက်မဲပေ။အထူးသဖြင့် အိမ်မှထွက်ခွာပြီး လူများစွာနှင့် အရာဝတ္ထုများစွာကို တွေ့ပြီးနောက် လူသားဆက်ဆံရေး၏ နွေးထွေးမှုနှင့် အေးစက်မှုကို တွေ့ကြုံခံစားခဲ့ရသည်မှာ ကောင်းလေသည်။
ကမ္ဘာကြီးကို သွားကြည့်ပြီးနောက် ဤလက်ဖဝါးအရွယ် ရှန်ရွေ့ရွာကို ပြန်ရောက်ပြီး ဘဝ၏အဓိပ္ပါယ်ကိုရှာဖွေရန် တစ်သက်လုံး မီးဖိုကို လက်ညိုးထိုးပြီး သားနှင့်ချွေးမကို ကစားနေသည့် အဘွားကြီးဟန်ကို တွေ့လိုက်ရသည်။ စန်းဝမ် စိတ်ထဲမှာ အတွေးတစ်ခုပေါက်ဖွားလာ၏။ယင်းက "သူ့ဘဝက အရမ်းသနားစရာကောင်းပဲ"ဟူသော အတွေးမျိုးဖြစ်လေသည်။
ရှောင်ဝမ်မှာလည်း ရှားပါးနေသည်မဟုတ်ပေ။ သူက စန်းဝမ်ထက် အဆတစ်ရာပို၍ ထိလွယ်ရှလွယ်ရှိပြီး သူ့ကို မကြိုက်သောသူနှင့် ဘယ်တော့မှ ရှေ့ဆက်မည်မဟုတ်ပေ။
သကြားလုံးက ဘာမှမဟုတ်ပေ။ ကျောက်၊ရွှေ သူ့မှာ ဘာမှရှားမနေချေ။
အဘိုးကြီးဟန်က ပင်ပန်းလွန်းသဖြင့် စကားအနည်းငယ်ပြောပြီးနောက် စဟောက်လာသည်။
စန်းဝမ်က အိမ်တွင် မျောက်နှင့်တူသော အသွင်အပြင်ကို ထိန်းထားပြီး အလွန်တည်ငြိမ်ပြီး စည်းကမ်းရှိသော အမူအရာကို ပြကာပြောလိက်၏။
"အဘိုး၊ အဖွား၊ ဦးလေး... မားမားက နှုတ်ဆက်ခိုင်းလိုက်လို့ပါ... အိမ်ပြန်တော့မယ်"
Xxxxxxx