အပိုင်း ၈၅၉-၈၆၀
Viewers 37k

Part 859


အဘွားကြီးဟန်က ဒေါသပုန်ထနေလေပြီ။သူ့အမေက  သူ့ကို မလာခိုင်းရင်  အဘိုးနဲ့ အဖွားကို လာမနှုတ်ဆက်တော့ ဘူးလား... ဒီသောက်ကလေးကတော့...


သူမစိတ်ထဲမှာ မပျော်မရွှင်ဖြစ်နေပြီး "မင်းက တကယ်ကို အလားအလာရှိနေပြီပဲ... အဘိုးနဲ့အဖွားကို မေ့ပစ်လိုက်ပါ"ဟူသည့်အမူအရာ မျက်နှာမှာ ပေါ်လာ၏။


စန်းဝမ်က သူ့လက်တွေကို ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည်လိုက်ပြီး  မသိနားမလည်သည့်အမူအရာ အနည်းငယ်၊ သဘောမကျသည့်အမူအရာအနည်းငယ်ဖြင့် ဆိုလိုက်သည်။


  "အဖွား...ကိုယ့်ကိုကိုယ်ကြည့်ပါဦး... ကျွန်တော် က အဖွားကို လာတွေ့တာ...အဖွားကိုမေ့သွားပြီလို့ ပြောရင် ကျွန်တော်  မလာတော့ဘူး" 

   

အစ်ကိုကြီးဟန်က ကမန်းကတန်းပြောလိုက်၏။


 "စန်းဝမ်...အဲ့လိုမဖြစ်ပါနဲ့...မင်းအဖွားအဲ့လိုအဓိပ္ပါယ်နဲ့မဟုတ်ပါဘူး...သူက မင်းကိုလွမ်းနေလို့ပါ"


အဘွားကြီးဟန်က နှာခေါင်းရှုံ့ကာ ဆိုသည်။ 

 "မင်းရဲ့ရွှေတံဆိပ်ကို အဘိုးဆီယူလာပြီး တရုတ်နှစ်သစ်ကူးမှာ ဘိုးဘေးတွေကို ပျော်ရွင်စေဖို့အတွက် ဘိုးဘေးတွေကို ပူဇော်လိုက်...  


စန်းဝမ်က ခေါင်းယမ်းပြီး နူးညံ့စွာ ပြုံးကာ ဖွဖွလေးပြောလိုက်၏။


 “အဆင်မပြေဘူး ...မားမားကို ရွှေတံဆိပ်ပေးမှာ” 

 

အဘွားကြီးဟန် သူ့ကို ဒေါသတလူလူထွက်သွားသည်။သူက ရွှေတံဆိပ်ရပြီး ပိုက်ဆံတွေလည်း အများကြီးရမှာ သေချာ၏။အဘိုးနှင့်အဖွားကို ဂါ၀ရပြုရန်သုံးမည်ဟု မပြောခြင်းကိုမဆိုထားနှင်၊ သူ့အမေ အရာအားလုံး ပေးမည်ဟုပင် ပြောလိုက်သေးသည်။


“မိန်းမရှိတော့ ဒီအမေ့ကို မေ့သွား..…”


“အိုး စိတ်မဆိုးပါနဲ့ အဖွား...မိန်းမရှိရင် အမေ့ကို မေ့သွားတယ်လို့ အဖွားပဲ ပြောတာမဟုတ်ဘူးလား... ဒါပေမဲ့ ကျွန်တော်တို့ မိသားစုရဲ့ထုံးစံက အမေပဲ... မိန်းမ မဟုတ်ဘူး” 


သူက သူ့ဦးလေးကိုလည်း ခပ်တည်တည်ဖြင့် ကြည့်လိုက်သည်။


အစ်ကိုကြီးဟန်က ချက်ချင်း အေးခဲသွား၏။အမှန်တွင် လျိုဟောင်ကျဲက  သူ့ကို မျှနေရန်ပြောခဲ့ခြင်းဖြစ်သည်။ အဘွားကြီးဟန် နည်းနည်းစိတ်သက်သာရာရသွားပြီး သူလည်း သူ့မိန်းမနှင့်ကလေးတွေကို အလုပ်ကူရန် မကြာခဏ သွားတွေ့နိုင်၏။


သို့ရာတွင် အဘွားကြီးဟန်က စိတ်အခြေအနေမကောင်းသည့်အခါ ပြဿနာရှာလိမ့်ပေမည်။ လင်းလန်က ရာထူးတိုးပြီး ချမ်းသာသွားသည်ဟု ကြားသိရလျှင် သူမဟာ စိတ်တိုနေတတ်သည်။သူမမှာ ဒေါသထွက်နေချိန် ပြဿနာရှာစရာလူမရှိသဖြင့်  သူမသားအကြီးဆုံးကို ပြသနာရုံသာ တတ်နိုင်သည်။


အမှန်တွင် အဘွားကြီးဟန်က အခုအချိန်မှာ ပြင်ပအင်အားများကြောင့် ချုပ်တည်းနေရန် အလွန်လွယ်ကူပေမဲ့  သူမက  အမြဲတမ်း ပြဿနာပဲ ရှာနေ၏။ အိမ်မှုကိစ္စတွေကို ဘယ်သူမှ မထိန်းသိမ်းနိုင်ဟုဆိုကာ ဖြစ်ကတတ်ဆန်းနေသည်။ အစ်ကိုကြီး တစ်ခါတစ်ရံမှာ သူမကို စိတ်ပျက်မိ၏။ပြီးသွား၍ ထိုအကြောင်းပြောရမည်ဆိုလျှင်  သူပထမချွေးဟန်နှင့် မနေနိုင်သေးပေ။


လင်းလန်နှင့် ဟန်ချင်စုန့်တို့က ၎င်းကို ဂရုမစိုက်ဘဲ ပင်စင်ကြေးကိုသာ ဂရုစိုက်ကြပြီး ကျန်သည်များက သူတို့ကိစ္စဖြစ်၏။

(လင်းလန်တို့က သူတို့ကို သက်ကြီးစရိတ်ပဲပေးကြီး ကျန်တာဘာမှလုပ်မပေးဘူးပေါ့)


စန်းဝမ်က တခစ်ခစ်ရယ်ပြီးပြောသည်။

 “ဒါဆို သွားပြီနော်"


အဘွားကြီးဟန်က မည်သို့ပင် ရေရွတ်နေဆဲဖြစ်ပါစေ၊  သူမ ဤကလေးများကို မထိန်းချုပ်နိုင်သဖြင့်  ဒေါသတကြီးဖြင့် 'ဒီကိုမလာရင် ပိုကောင်းမယ်...လာရင် ဒေါသဖြစ်နေရမယ်'ဟုပြောဆိုနေ၏။


စန်းဝမ်က ရှောင်ဝမ် ကိုခေါ်ပြီး ထွက်ပြေးသွားသည်။ 


အဘွားကြီးဟန်က အနောက်မှ အနွေးကုတင်ကို လက်ဖြင့်ထောက်ကာ "သောက်အီးကို ချန်ပီယံ...ဝတ္တရားမကျေပွန်တဲ့ မြေး..." ဟု အော်လေ၏။


အစ်ကိုကြီးဟန်: "အမေ...ဒီလိုမဖြစ်ပါနဲ့" 


အမေကလည်း ကိုယ့်သားကိုယ် ဝတ်ကြီးဝတ်ငယ်ပြုစေချင်တာပဲလေ... အမေ့မြေးက သူ့အမေကို ဝတ်ကြီးဝတ်ငယ်ပြုတာ ဘာဖြစ်လို့လဲ...

    


အဘွားကြီးဟန်က သည်တစ်ယောက်ကိုလည်း  သားသမီးဝတ္တရားမကျေပွန် ဟိုတစ်ယောက်ကိုလည်း သားသမီးဝတ္တရားမကျေဟု ထင်ကာ တဗြစ်တောက်တောက်လုပ်ပါတော့သည်။သူမက ဟန်ချင်စုန့်ကို သူမ၏စတုတ္ထသား မပြန်မလာအောင် တားထားခြင်းအတွက် ကြိမ်းမောင်းကာ သူမသမီးလေး အိမ်ခဏခဏ ပြန်မလာခြင်းကို ညည်းညူခဲ့သည်။


အစ်ကိုကြီးဟန်က စိတ်တိုပြီး အပြင်ကို ထွက်သွား၏။ သူက မည်မျှပင် သားသမီးဝတ္တရားသိသူဖြစ်ပါစေ၊ယခု သူလည်း အနည်းငယ် ငြီးငွေ့နေပြီဖြစ်သည်။ သူ့ရှေ့မှာ ယခုလို ရုန်းရင်းဆန်ခတ် လုပ်နေသည်ကို မကြားချင်တော့ပေ။


စန်းဝမ်က ရှောင်ဝမ်ကို ဆွဲခေါ်၍  ပြေးထွက်လာပြီး နှစ်ယောက်သား ပြုံးလိုက်ကြသည်။ သူတို့က တိတ်တိတ်လေး အချင်းချင်း နားလည်ကြကာ ညီကိုနှစ်ယောက် အဘွားကြီးကို တမင် ဒေါသထွက်အောင်လုပ်ခဲ့ကြောင်း ဘယ်တော့မှ ပြောမှာမဟုတ်ပေ။


...


ဆယ့်လေးရက်​နေ့ညချမ်း၏ လမင်းသည် ၀ိုင်းစက်မနေသေးသော်ငြား အတော်လေးလှပကာ အရှေ့အရပ်၌ ၀ါ၀ါထိန်ထိန် ထွန်းလင်းလို့နေသည်။ 


တ၀မ်က လက်ထဲ၌ ဓာတ်မီးကိုကိုင်၍ ရပ်စောင့်နေလေ၏။ ညီငယ်နှစ်ယောက် ပျော်ရွှင်စွာ ပြေးထွက်လာသည်အားမြင်မှသာ ဘာမှမဖြစ်သွားသည်ကို သိလိုက်သည်။ 


စန်း၀မ် : " အစ်ကိုကြီး အမေဘာပြောတာလဲဆိုတာကို သား သိပြိိ "


တ၀မ် : " ဘာကိုလဲ အမေပြောတာတွေက အများကြီးပဲလေ "


စန်း၀မ်၏ တက်တက်ကြွကြွ အသံသည် ယခုတွင်မူ တိုးရှရှဖြစ်နေပြီး ကလေးဆန်ဆန် အငွေ့အသက်များက ခပ်သြသြအသံနှင့် ရောနှောလို့နေသည်။ 


" ရှုံးရှုံးနိုင်န်ိုင် စိတ်ထဲမထားနဲ့ ငြိမ်ငြိမ်လေးရပ်နေတဲ့ ပြိုင်ဘက်ကိုလည်း စိတ်ထဲမထားနဲ့ သူက သားတို့ကိုလိုက်မမီရင်တောင် ဖိနပ်မှာကပ်နေတဲ့သဲတွေက တစ်လှမ်းတိုးပြီးပြေးတိုင်း အတူပါလာလိမ့်မယ်တဲ့လေ "


တ၀မ် : အတော်လေး ခက်ခက်ခဲခဲကို နားလည်လိုက်တာပဲ 


ရှောင်၀မ်က သဘောမတူပဲ သီချင်းထဆိုသည် ။ " လေဆိုတာက အမြဲတမ်း အရှေ့က တိုက်တယ် ~ နားထောင်စမ်းကွယ် ~ ခံစားချက်တွေကိုလည်း မမေ့နဲ့ ၀မ်းလည်းမနည်းနဲ့ကွယ် ~ လေကအမြဲတမ်း တိုက်နေမှာပါကွယ် ~ "


ညီအစ်ကိုသုံးယောက် အတူလျှောက်နေရင်းဖြင့် တ၀မ်က စန်း၀မ်ကိုမေးသည်။ " ပြိုင်ပွဲတွေပြိုင်ရတာ ပင်ပန်းနေပြီလား "


စန်း၀မ်က ပြန်ပြုံးပြသည်။ "'မပင်ပန်းပါဘူး လယ်စိုက်ရတာထက် ပိုလွယ်တယ် "


" စိတ်ဖိစီးတာရော မဖြစ်ဘူးလား "


" ဘာလို့ဖြစ်ရမှာလဲ သားကို ဘယ်သူကမှ ရွှေတံဆိပ်ရရမယ်လို့ ဖိအားပေးနေကြတာမှ မဟုတ်တာ ရရင်ယူ မရရင် မယူရုံပေါ့  " အဘွားဖြစ်သူ၏အခန်းထဲ၌ ရှိနေခဲ့သူက သူ မဟုတ်သလို စန်း၀မ်က တခစ်ခစ်ရယ်နေလေ၏။ 


တ၀မ် လက်ဆန့်ထုတ်ကာ စန်း၀မ်၏ခေါင်းအား နှစ်ချက်ပုတ်ပေးလိုက်သည်။


 " ပြိုင်ရတာ မကြိုက်တော့ဘူးဆိုရင် အိမ်ပြန်လာခဲ့တော့ "


စန်း၀မ်က ခေါင်းညိတ်ပြသည်။ " သေချာတာပေါ့ မကြိုက်တာကို သားလည်း မလုပ်ချင်ပါဘူး အိမ်ပြန်လာပြီး သားကြီးပဲလုပ်မှာပေါ့ "


တ၀မ် ချက်ချင်းလက်ပြန်ရုတ်ကာ ခြေထောက်ဖြင့် ကန်လိုက်မိသည်။ " မင်းအလှည့် ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး "


ညီအစ်ကိုသုံးယောက်လုံး အိမ်ထဲ၀င်ပြီးနောက်တွင် တ၀မ်က တံခါးပိတ်လိုက်သည်။ 


လင်းလန်နှင့် မိုင်ဆွေ့က မိသားစု၀င်များ ခြေလက်ဆေးကာ ရေချိုးသန့်စင်ဖို့အတွက် ရေပူရေနွေးများစပ်ထားပြီးပြီဖြစ်သည်။ 


ဟန်ချင်စုန့်က ယခုလိုရာရာသီဥတုမျိုး၌ ရေပူမသုံးသလို ကောင်လေးများကလည်း မကြိုက်ကြသော်ငြား လင်းလန်နှင့်မိုင်ဆွေ့ကမူ တစ်နှစ်ပတ်လုံး ရေနွေးကိုသာ သုံးကြလေသည်။ 


စာရေးသူမှာ ပြောစရာရှိပါတယ်


စန်းကော: ငါဘယ်လောက်အရေပါးလဲ မင်းကိုပြပါရစေ...


ရှောင်ဝမ် : ငါတို့စန်းတိက ရေကူးမှာ ပထမဖြစ်သလို အရေထူတဲ့နေရာမှာလည်း ဒုတိယဖြစ်မှာမဟုတ်ဘူး ဟားဟား...

Part 860


ညကိုးနာရီတွင် တစ်မိသားစုလုံးသည် အိမ်ရှေ့ခန်း၌ထိုင်ကာ စကားစမြည် ပြောနေကြသည်။ 


စန်း၀မ်က ရွှေတံဆိပ်ဆုများ ၊ ငွေတံဆိပ်စုများအပြင် နီလာကြိုးကိုပါ ထုတ်ပေးလာသည်။ " မားမား ဒါတွေအားလုံးက မားမားဖို့ "


ရှောင်၀မ်က ခုတင်ပေါ်သို့တက်လာပြီး ရွှေတံဆိပ်ကိုကောက်ကိုင်ကာ ကိုက်ကြည့်ဖို့လုပ်နေသဖြင့် တ၀မ်ကလှမ်းဆွဲလိုက်သောကြောင့် တ၀မ်၏လက်ကိုသာ ကိုက်မိသွားလေသည်။ 


တ၀မ် : ... ရှေ့သွားနှစ်ချောင်း ရှိမနေသေးလို့ ကံကောင်းသွားတာပဲ 


အားလုံး ရယ်လိုက်ကြမိသည် ။ စန်း၀မ်က ရှောင်၀မ်ကို ပြောသည်။ 


" ငါ ကိုက်ကြည့်ပြီးပြီ ရွှေအစစ် မဟုတ်ဘူး "


" မားမား ဒီမိတ်ဆွေကျောက်တုံးက မားမားဖို့ "


လင်းလန်နှင့် ကျန်လူများလည်း ထိုအကြောင်းက်ို ရေဒီယိုမှကြားထားဖူးသဖြင့် မြင်းခွာအကြောင်းကို သိချင်သွားကာ စန်း၀မ်ကို မေးလာကြသည်။ " မြင်း...ခွာ ဆိုတာက ဘယ်သူလဲ "


စန်း၀မ်က ရယ်သည်။ " ဘာကိုမြင်းခွာလဲ ၊ မတ်တီလို့ခေါ်တာ နားကြားမှားနေပြီ " လင်းလန်အား မတ်တီနှင့်တွေ့ဆုံခဲ့ပုံကို စန်း၀မ်ပြန်ပြောပြလိုက်သည်။ ဟင်နရီကဲ့သို့ပင် နိုင်ငံခြားသား သူငယ်ချင်းဖြစ်ပေသည်။ 


ရှောင်၀မ်က ပြုံးသည်။ " စန်း၀မ်က ဘယ်နေရာရောက်ရောက် သူငယ်ချင်းတွေအများကြီးပဲ ကောင်းလိုက်တာ  "


ကောင်းဆို လင်းလန်က ငယ်ငယ်ကတည်းက ကောင်းကောင်းမွန်မွန် သင်ကြားပေးခဲ့သဖြင့် ယခုအချိန်၌ အသုံး၀င်လေသည်။ 


မိုင်ဆွေ့နှင့်အား၀မ်က နိုင်ငံခြားကိစ္စများကို စိတ်၀င်စားကြသဖြင့် စန်း၀မ်အား မက်တီနှင့်အခြားသူများအကြောင်းကို မေးသည်။ 


" အင်း ဟင်နရီက ယောက်ျားလေးပဲ သူက အရပ်ရှည်ပြီး ဆံပင်အ၀ါရောင်တွေနဲ့ စတွေ့တုန်းကဆို ဆေးဆိုးထားတာက ကြက်ဖင်ကြီးနဲ့တူတယ်ဆိုပြီး လန့်သွားသေးတာ ဟားဟား မက်တီကကြ ဆံပင်အနက်ပဲ ဟုတ်တယ်မလား အ၀ါမဟုတ်တာတော့ သေချာတယ် အသားအရည်ကလား တော်တော်လေးဖြူတယ် ပြီးတော့ မျက်လုံးတွေကလည်း အကြီးကြီးပဲ "


စန်း၀မ်က လက်နှစ်ဖက်ကို အ၀ိုင်းပုံလုပ်ပြရင်း မျက်လုံးနားကိုကပ်ပြသော်လည်း မလုံလောက်သေးဘူးဟုထင်၍ ပိုကြီးအောင်လုပ်ပြနေသဖြင့် ရှောင်၀မ်က ရယ်နေလေသည်။ " ရှောင်၀မ်လ်ိုပဲဆိုပေမယ့် ပိုကြီးတယ် မျက်တောင်မွှေးတွေကလည်း အရှည်ကြီးပဲ တိရစ္ဆာန်သေးသေးလေးတွေနဲ့တောင် တူသေးတယ် "


ရှောင်၀မ်က ပြုံးကာမေးသည်။ " စန်း၀မ် မက်တီက လှလား "


စန်း၀မ် : " လှတယ် သူတို့အကုန်လုံးကတော့ လှတယ်ပြောတာပဲ "


အားလုံး စန်း၀မ်ကို ၀ိုင်းမေးကြသည်။ " စန်း၀မ်ကရော ဘယ်လိုထင်လဲ "


စန်း၀မ်က ခေါင်းကုတ်ကာ ပြန်ဖြေသည်။ " လှပါတယ် "


သူ့မျက်စိထဲတွင်တော့ သူ့သူငယ်ချင်းအားလုံးက ကြည့်လို့လှလေသည်။ အခြားသူများကတော့ ... ရှက်ဖို့ကောင်း၍ သူ သိပ်မတွေးဖြစ်ပါ ။ သို့သော်လည်း စုလော့ကတော့ အတော်လေးရုပ်ဆိုးသည်ဟု သူ ထင်သည်။ ဘာလို့ အမြဲတမ်း မည်းတူးကာ ညစ်ပေနေသည်ကို မသိသော်လည်း စုလော့သာ မျက်နှာမသစ်ထားပါက စန်း၀မ် သူနှင့်အတူ ရေမကူးချင်ပါ ။


ဟင်နရီနှင့် မတ်တီတို့နှင့် ခင်နေခြင်းကြောင့် အဆူခံရသေးလားဆိုသည်ကို လင်းလန် သေချာမေးလိုက်သည်။ 


စန်း၀မ် : " ချီမျိုးရိုးနဲ့ ဗိုလ်ကြီးတစ်ယောက်ကတော့ တစ်ခုခုဖြစ်ရင် သူ တိုင်ကြားပေးမယ်လို့ပြောတာပဲ ခေါင်းဆောင်ကျောက်ကြောင့် လန့်သွားတာလားတော့ မသိဘူး "  


ထိုကဲ့သို့သောသူမျိုးက စောင့်ရှောက်ပေးနေတာဖြစ်၍ လင်းလန်လည်း သိပ်စိတ်မပူဖြစ်တော့ ။ စန်း၀မ်က ကံ​ကောင်းသည့်ကလေးဖြစ်၍ အခြားလူများကလည်း သူ့ကိုသဘောကျကြပြီး အခက်ကြုံပါက ကူညီပေးမည့်သူ ပေါလေသည်။ 


စန်း၀မ်က နောက်ထပ်အိတ်ကြီးကြီးတစ်ခုကို ထုတ်လာပြန်ကာ လင်းလန်ထံ ပေးပြန်၏။ ထို့နောက် မောင်နှမများကို လက်ဆောင်များ ခွဲဝေပေးနေသည်။ 


အိတ်ထဲတွင် ရှိနေသည်များက နို့ထွက်ပစ္စည်းများ ၊ စည်သွပ်ဘူးများ ၊ သကြားလုံးမျိုးစုံ ၊ သရေစာများ ၊ နေကြာစေ့များနှင့် ကြက်အူချောင်းနှင့် ပေါင်မုန့်များ အစရှိသည်တို့ပင် ။


စန်း၀မ် : " သား၀ယ်လာတာတွေလည်း ပါတယ် တစ်ချို့က အခန်းဖော်တွေပေးလိုက်တာ တစ်ချို့ကကြ ကန်တင်းကပေးလိုက်တာ ဘယ်သူက ဘာပေးလိုက်တာလဲဆိုတာတော့ မမေးနဲ့တော့ မားမား သားမမှတ်မိတော့ဘူး "


လင်းလန် : ... သူမက သူများပေးတာကို အဲ့လိုယူလို့ရပါ့မလားလို့ ပြန်မေးတော့မလို့ဟာကို ။ သို့သော်လည်း စန်း၀မ်က ဘယ်တုန်းကမှ ထိုအရာမျိုးကို မှတ်သားထားတတ်သူမှ မဟုတ်ဘဲဟာ ၊ ထားလိုက်ပါတော့လေ ။ သူ ပြန်သွားတော့မှ လက်ဆောင်တွေ ပြန်ထည့်ပေးလိုက်တာပေါ့ ။


လင်းလန် ကလေးများကို မုန့်များပေးလိုက်သည်။ " စန်း၀မ်ပြန်ယူလာတာဆိုတော့ ကြိုက်တယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် စားချင်တာ ယူစားကြနော် " 


သူတို့မစားနိုင်လျှင်တောင် ကိစ္စမရှိပါ ။ သကြားလုံးများကို ရှောင်၀မ်နှင့် ရှောင်ရှင်းက ကိစ္စဖြတ်ပေးကြမည်ဖြစ်ပြီး အခြားသော ဆွေမျိုးများကလည်း အိမ််ကိုနေ့တိုင်းလာလည်နေကြတာဖြစ်၍ အဆင်ပြေပေသည်။ 


စန်း၀မ်က သကြားလုံးထုပ်သေးသေးလေးကို ထုတ်ပေးပြန်သည်။


 " ဒါကစားလို့ကောင်းတယ် စားကြည့်ကြည့်ကြ "


ပြောပြီးနောက်တွင် တစ်ခုကိုယူကာ လင်းလန်အား ခွံ့ကျွေးပြီး ဟန်ချင်စုန့်ကိုလည်း တစ်ခုပေးလေသည်။ ဟန်ချင်စုန့်က သရေစာမကြိုက်သူဖြစ်၍ မစားချင်ပေ ။


ဆယ်ယွမ်ကျော်မျှ ကျသင့်သည်ကို တွေ့လိုက်ရ၍ အခွံကိုဖောက်ကာ လင်းလန်က ဟန်ချင်စုန့်လက်ထဲ ထည့်ပေးရန်လုပ်သည်။ 


" စန်း၀မ်က တစ်လမ်းလုံး ပြန်သယ်လာတဲ့ဟာကို ကျွန်မတို့ စားကြည့်သင့်တာပေါ့ ကလေးက စားစေချင်နေတာလေ "


ဟန်ချင်စုန့်က ပါးစပ်ကိုဟပြီး လင်းလန်လက်ထဲမှသာ တိုက်ရိုက်စားလိုက်သည်။ 


ရှောင်၀မ် : " အားးး စပ်တယ် အထဲမှာ၀ိုင်တွေပါတယ် သွားပြီး သားတော့အရက်မူးတော့မှာပဲ "


ရှောင်၀မ်၏ အကဲပိုနေမှုကိုကြည့်ကာ အားလုံးရယ်လိုက်မိကြသည်။ 


ရှောင်၀မ်က မူးချင်ယောင်ဆောင်ပြကာ သိုင်းကွက်နင်းပြလေသည်။ ထိုသည်က မိုင်ဆွေ့ဖတ်နေကြ ကျိကုန်းကိုယ်တော်လေး စာအုပ်ထဲကလိုပင်ဖြစ်သည်။ ကျောင်း၌သင်ပေးသော ကကွက်များကိုသုံး၍ မူးချင်ယောင်ဆောင်ကာ ကပြနေသည်။ 


စန်း၀မ် : " ရှောင်၀မ် မင်း တကယ်မူးနေတာလား " သောက်လည်း မသောက်ဖူးဘဲနဲ့ ဘာလို့မူးတတ်နေရတာလဲ ။ တကယ်ကို အမူးသမားအတိုင်းပဲ ။


ရှောင်၀မ်က ဂီတာကို ပိုက်လိုက်လေသည်။ " လာကြ သား အမူးသမားသီချင်းဆိုပြမယ် "


သီချင်းဆိုကာ မွှေပြီးနောက်တွင် စန်း၀မ်က တ၀မ်အား နောက်ထပ် အိတ်မည်းကြီးတစ်အိတ်ကို ခုတင်ပေါ်ယူလာခိုင်းပြန်သည်။ 


" ရှိသေးတာလား ဘာတွေလဲ "


အနက်ရောင် ဒေါက်မြင့်ဖိနပ်တစ်စုံ ၊ သားရေဖိနပ်များ ၊ ဒေါက်မြင့်ဖိနပ်များ ၊ ခုံဖိနပ်များ ၊ အကောင်းစားသားရေဖိနပ်များ ထွက်လာလေသည်။


စာအုပ်များ ၊ ဟင်းချက်နည်းများ ၊ ဒီဇိုင်းပုံများ အစရှိသည်များကိုလည်း မိုင်ဆွေ့နှင့်အား၀မ်အတွက် အီရတ်မှ ၀ယ်လာခဲ့သေးသည်။ တော်သေးသည်က ပါရှန်းစာများမဟုတ်ပါဘဲ အင်္ဂလိပ်လိုရေးထားခြင်းသာ ။ 


ရှောင်၀မ်အတွက် တရုတ်ပြည်တွင် ရှာမတွေ့နိုင်သော ဂီတနုတ်များကိုလည်း ၀ယ်လာသေးလေသည်။ ရှောင်၀မ်က တစ်ရွက်ချင်းလှန်ကာဖတ်နေရင်း မျက်နှာထက်၌လည်း စိတ်လှုပ်ရှားနေမှုများကို အထင်းသားမြင်နေရသည်။ " Edelweiss "* ကိုတွေ့သည့်အခါ သီချင်းညည်းနေပြီး လက်ချောင်းများကိုလည်း စန္ဒယားလက်ကွက်များအတိုင်း လိုက်လှုပ်နေလေ၏။


(*သီချင်းနာမည်ပါ )


စန်း၀မ်က ပန်းပွင့်ပုံပါစကပ်နှစ်ထည်ကို ထုတ်လိုက်သည်။


 " မားမားနဲ့ မမဖို့ ချက်ချင်းတော့ ၀တ်လို့မရလောက်သေးပေမယ့် နောက်နှစ်လောက်ကြရင်တော့ ၀တ်လို့ရကြမှာပါ "


Xxxxx