အပိုင်း ၈၆၃-၈၆၄
Viewers 37k

Part 863


တိုက်ခိုက်ခြင်းအပြင် တ၀မ်က ဓားကိုင်သည့်အရည်အချင်းလည်း တိုးလာသည်။ ယခုဆို ဓားပေါက်ခြင်းကို လေ့ကျင့်နေပြီဖြစ်သည်။ စစချင်းတွင် တစ်မီတာအကွာ၌ စက်၀ိုင်းဆွဲကာ ဓားဖြင့်ပေါက်ခဲ့ပြီး ယခုဆို တစ်မီတာခွဲအကွာမှ ပစ်ပေါက်နိုင်နေပြိိဖြစ်သည်။ 


တ၀မ်က လေးခွလည်းပစ်ဖူးသဖြင့် တစ်မီတာအတွင်းကို ကောင်းကောင်းထိန်းချုပ်နိုင်လေသည်။ ယခုဆိုလျှင် တ၀မ်က လက်မောင်းကြွက်သားများကိုသာ အသားပေး၍ လေ့ကျင့်နေတတ်သည် ။


သူတို့လေ့ကျင့်နေစဥ်တွင် စန်း၀မ်က ရှောင်၀မ်ကိုခေါ်ကာ မြစ်သို့ရေကူးရန် သွားနေလေသည်။ 


ရှောင်၀မ်က ရေဆင်းကူးဖို့ကို ငြင်းသည်။ ယခုက ဆောင်းဦးလယ်ပွဲတော်အချိန်ဖြစ်၍ နေကခေါင်းတည့်တည့်ရောက်နေလျှင်တောင် အပူချိန်ကမမြင့်ပေ ။ သို့သော်လည်း စန်း၀မ်က အအေးမကြောက်ဘဲ မြစ်ထဲ၌ ရေဆင်းကူးနေလေ၏။ ဒိုင်ဗင်ထိုးခြင်းကိုပင် သင်ထားပြီးပြီဖြစ်၍ လုပ်ပြနေလေသည်။ 


ရေထဲသို့ စန်း၀မ်က ဗွမ်းခနဲ ဒိုင်ဗင်ထိုးချလိုက်သဖြင့် ရေများအကြီးကြီးပွက်ကာ လွင့်စင်သွားစေသည်။ 


ရေလှိုင်းများက တဖြည်းဖြည်းပျံ့သွားသဖြင့် ဘဲအုပ်၊ငန်းအုပ်များဆီကိုပါ ရောက်သွားလေသည်။ နဂိုက အေးအေးဆေးဆေး ရေကူးနေကြသော ဘဲများငန်းများမှာ လန့်သွားကြပြီး အတောင်ဖြန့်ကာ တစ်ဂတ်ဂတ်အော်ရင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ 


သို့ဖြစ်၍ တစ်ချိန်က ရင်းနှီးခဲ့ဖူးသော မြင်ကွင်းကို တစ်ဖန် ပြန်မြင်လိုက်ရကြတော့သည် ။ 


မြစ်ထဲ၌ စန်း၀မ်သည် သေရေးရှင်ရေးနှင့် ကြုံနေရသူပမာ လွတ်အောင်မနည်းကူးနေရလေ၏။


ထိုသည်ကို ရှန်ရွေ့ရွာမှ လုပ်သားများက အလုပ်လုပ်နေရာမှ လှမ်းကြည့်နေကြသည်။ 


အားလုံးက ရယ်နေကြလေသည်။ " ချန်ပီယံလေး ပြန်ရောက်နေပြိီလေ အပြင်မှာဘယ်လိုဖြစ်ဖြစ် ရွာကိုပြန်လာတာလည်း ကောင်းတာပဲ "


စန်း၀မ် ပြန်လာသည့်အတွက် ရွာ၌ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပြီး ချန်ပီယံကိုတွေ့ဖို့ဟုဆိုကာ အပြေးအလွှား လာကြည့်ခဲ့ကြသေးလေသည်။ 


အလုပ်လုပ်နေရင်းဖြင့် ဟန်ရုံဖန်က ပြောသည်။ 


" အခု ငါတို့ရှန်ရွေ့ရွာမှာ အာရှဂိမ်းချန်ပီယံရှိနေပြီ နောက်ဆို အိုလံပစ်ချန်ပီယံပါရှိလာတော့မှာ ရှန်ရွေ့ရွာက ရိုးရိုးရွာ မဟုတ်တော့ဘူး ချန်ပီယံရွာဖြစ်နေပြီ ဒါကြောင့် နောင်ဆိုရင် ဘာပဲလုပ်လုပ် တက်တက်ကြွကြွနဲ့လုပ်ရမယ် ပေါ့ပြက်ပြက်လုပ်ပြီး ငါတို့ရဲ့ချန်ပီယံလေးကို မျက်နှာပျက်အောင် လုပ်လို့မဖြစ်ဘူး "


အဖွဲ့၀င်များက အာရှဂိမ်းတို့ အိုလံပစ်တို့ဆိုသည်ကို မသိသော်လည်း စန်း၀မ်က ချန်ပီယံဖြစ်လာသည်ဆိုသည်ကိုသာ သိလေသည်။ အရမ်းတော်တာပဲ၊  ငယ်ငယ်လေးပဲရှိသေးတာကို ပိုက်ဆံလည်း ရှာနိုင်နေပြီ ။


အဖွဲ့၀င်များအတွက် လခရခြင်းနှင့် အစားကောင်းကောင်း စားရခြင်းက အလွန်အံ့သြစရာဖြစ်လို့နေသည်။ 


လင်းလန် အစားအစာအချို့နှင့် ဆပ်ပြာကိုထုပ်ပိုးပြီး တ၀မ်အား အငယ်လေးများကိုခေါ်၍ အဘွားအိမ် ၊ တတိယဒေါ်လေးနှင့် အခြားဆွေမျိုးများအိမ်သို့ ခေါ်သွားခိုင်းလိုက်သည်။ ခိုင်းလိုက်ပြီဲဖြစ်၍ တ၀မ်က စန်း၀မ်နှင့် ရှောင်၀မ်ကိုခေါ်ကာ ထွက်သွားပြီး အား၀မ်နှင့်မိုင်ဆွေ့က ဆပ်ပြာစက်ရုံကို ထွက်သွားသည်။ ဟန်ချင်စုန့်က အိမ်တွင် လင်းလန်းအား ချက်ပြုတ်ရာ၌ ကူညီပေးနေလေသည်။


သူမကို အလွန်ကပ်သည့် ရှောင်၀မ်၏နေရာအား ဟန်ချင်စုန့်က အစား၀င်လာမည်ဟု လင်းလန် ထင်မထားခဲ့ ။ အလုပ်မသွားဘူးဆိုပါက သူမအား တစ်စက္ကန့်လေးပင် မျက်စိအောက်က အပျောက်မခံပေ ။


ဒီခံစားချက်က ... အတော်လေး ထူးခြားတယ် ။ ဘာပဲပြောပြော ဒါကသက်တမ်းကြာနေတဲ့ စုံတွဲတွေကြားက ခံစားချက်ပဲ ဖြစ်လောက်မှာပါ ။ 


ဆောင်းဦးလယ်ပွဲတော်သည် မိသားစုများ ပြန်ဆုံကြသောပွဲတော်ဟု ဆိုရပေမည် ။ ပညာတတ်လူငယ်များကမူ အိမ်သို့မပြန်နိုင်ပေ ။ နေ့လယ်ခင်းတွင် ကလေးများက အမျိုးများအိမ်မှ ပြန်ရောက်လာသည်။ လင်းလန် ရှန်ယွီကိုပါ သွားခေါ်ခိုင်းလိုက်သည်။ 


ရှန်ယွီရောက်လာသည့်အခါတွင် မိုင်ဆွေ့နှင့်အား၀မ်က အင်္ဂလိပ်စာသင်ခိုင်းနေကြပြီး စန်း၀မ်ကိုပါ ပြန်သင်ခိုင်းနေလေသည်။ 


စန်း၀မ်က ပေကျင်းမှ နာမည်ကြီးအင်္ဂလိပ်ဆရာနှင့် တစ်ယောက်ချင်းသင်ခဲ့ရတာဖြစ်၍ ကျေးရွာမှဆရာများ သင်ပေးသည်ထက် ပိုတိကျလေသည်။ သဒ္ဒါနှင့် မီးနင်းစာလုံးများသာမကဘဲ စန်း၀မ်က စကားပြောနှင့် နားထောင်ခြင်းတွင်လည်း သူတ်ို့ထက်သာပေသည်။ ပြောရပါက စန်း၀မ်က နိုင်ငံခြားမှ ပညာသင်စနစ်ဖြင့် သင်ထားသူဖြစ်နေသည်ကိုး ။


တ၀မ်က ထိုထဲတွင် မပါချင်သော်လည်း ရှောင်၀မ်က အလွတ်မပေးဘဲ အတင်းဆွဲခေါ်သည်။ 


" အစ်ကိုကြီး တူတူသင်ရအောင် "


တ၀မ်တို့အတန်းတွင်လည်း အင်္ဂလိပ်စာ စသင်နေရပြိိဖြစ်သည်။ သို့သော်လည်း ရိုးရှင်းသောစာလုံးများနှင့် လွယ်ကူသောသဒ္ဒါများကိုသာ သင်ရတာဖြစ်သည်။ နားထောင်တာနဲ့ စကားပြောတာက သင်ဖို့မလိုဘူးလေ မဟုတ်ဘူးလား ။ အင်္ဂလိပ်ဆရာဆရာမတွေရဲ့ အသံထွက်ကလည်း ထူးဆန်းလွန်းတယ် ။


စန်း၀မ်လောက်တောင် မကောင်းပေ ။


မိုင်ဆွေ့ : " စန်း၀မ် လာ ငါတို့ကိုသင်ပေး ဒါကိုဖတ်ပြ "


စန်း၀မ်သင်ခဲ့ရသည့် ဆရာက တရုတ်လူမျိုးဆရာများမဟုတ်ဘဲ အင်္ဂလိပ်လူမျိုးဆရာများဖြစ်၍ မိုင်ဆွေ့က အထင်ကြီးနေလေသည်။ 


စန်း၀မ်က ခေါင်းကုတ်ကာ ရှက်၀ဲ၀ဲဖြစ်နေလေ၏။ " သား ... လည်း မသိဘူး " သူ သင်ခဲ့ရသည်က နေ့စဥ်သုံး စကားပြောများသာဖြစ်သည်။ သူ့အတွက်က ရေးဖို့ဖတ်ဖို့သည် လွယ်ကူသည့်အရာများ မဟုတ်ချေ။


မိုင်ဆွေ့နှင့်အား၀မ်က ကြီးကြီးမားမား မျှော်လင့်ထားခဲ့ကြတာဖြစ်သည်။


လင်းလန်လည်း ကလေးကို အားပေးလိုက်သည်။


 " စန်း၀မ် ဖတ်တာက ပိုကောင်းတယ် အဲ့လိုဆို အသံထွက်ကို သားဆီက ပြန်သင်လို့ရတယ်လေ " အသံထွက်အမှန်ကိုသင်ပြီး ဖတ်ပါများ ပြောပါများလာပါက နားထောင်ခြင်း၌လည်း တိုးတက်လာပေလိမ့်မည် ။ သဒ္ဒါအထားအသိုက ဒုတိယအရေးကြီးသည့်ကိစ္စဖြစ်သည်။ စာလုံးများကိုသာ များများပြားပြား သိပါက သဒ္ဒါသည် အရမ်းအရေးတယူ မှတ်နေရမည့်အရာ မဟုတ်တော့ပေ ။


သို့ဖြစ်၍ အားလုံးက စန်း၀မ်၏ အသံထွက်အတိုင်း လိုက်သင်ပြီး အထက်တန်းပထမနှစ် အင်္ဂလိပ်စာဖတ်စာအုပ်ကို အလှည့်ကျ ဖတ်နေကြလေသည်။ 


လင်းလန် အလှည့်သို့ရောက်သည့်အခါ တစ်ခန်းလုံး ငြိမ်ကျသွားပြီး သူမကို ကြည့်လာကြသည်။


လင်းလန် : " ဘာမှားနေလို့လဲ "


စန်း၀မ် : " မားမား ဟင်နရီရဲ့နိုင်ငံကို ရောက်ဖူးတာလား "


လင်းလန် လက်ခါပြလိုက်သည်။ " မားမားက ဘယ်လိုလုပ် ရောက်ဖူးမှာလဲ အိပ်မက်တောင် မမက်ဘူး "


စန်း၀မ်က မယုံသေးပေ ။ " ဒါဆို မားမားက ဘာလို့ကောင်းကောင်း ပြောတတ်နေတာလဲ "


" သားနဲ့ ရှောင်၀မ်ဆီက သင်ထားတာလေ "


ရှောင်၀မ်က မျက်လုံးလေး ကလည်ကလည်ဖြင့် ပြန်ပြောသည်။ 


" မားမား သားမှ မပြောတတ်တာ "


လင်းလန် ရယ်လိုက်မိသည်။ " ဒါပေမယ့် သီချင်းဆိုတတ်တယ်လေ သား သီချင်းဆိုတာကို နားထောင်ပြီး သင်ထားတာလေ " 


ကလေးများကို လိမ်နေစဥ်တွင် လင်းလန်က မျက်တောင်တစ်ချက်မခတ်ပေ ။


ဘာသာစကားသည် သင်ပြီးသည်နှင့် မမေ့နိုင်သည့်အရာဖြစ်သည်။ မည်သို့မည်ပုံ ပြောဆိုရမည်များက စိတ်ထဲ၌ တံဆိပ်ထုထားသလို စွဲသွားတာဖြစ်သည်။ ပြောချင်သည့်စိတ်သာရှိပါက ဘယ်အချိန်မဆို ပြောနိုင်လေသည်။ ယခင်ဘ၀တုန်းက လင်းလန်က စာကြိုးစားခဲ့သူဖြစ်၍ အင်္ဂလိပ်စကားကို ချောချောမွေ့မွေ့ ပြောနိုင်သည်အထိ လေ့လာခဲ့ဖူးပြီး နိုင်ငံခြားခရီးများထွက်ရင်းဖြင့် အသံထွက် ပို၍ကောင်းလာခဲ့တာဖြစ်သည်။ 


စန်း၀မ်က သူမ၏လေသံက ဟင်နရီနှင့်တူသည်ဟု ပြောသည်က မထူးဆန်းပေ ။


ဟန်ချင်စုန့်က ဖက်ထုပ်ထဲသို့ထည့်ရမည့် အစာလုပ်နေရင်းဖြင့် လင်းလန်ကိုလှမ်းကြည့်ပြီးနောက် ခေါင်းငုံ့ကာ လုပ်လက်စကို ဆက်လုပ်နေရင်းဖြင့် ပြုံးနေလေ၏။ 


Xxxxx 

Part 864


ရှောင်၀မ်က ဟန်ချင်စုန့်ပြုံးနေသည်ကို တွေ့သည့်အခါ စပ်စုလိုက်သည်။ 


" အဖေ ဘာလို့ပြုံးနေတာလဲ အဖေရော မားမားလို အင်္ဂလိပ်စကား ပြောတတ်တာလား "


ဟန်ချင်စုန့် : " ဟင့်အင်း "


ရှောင်၀မ် : " မပြောတတ်ရင် သင်ရမှာပေါ့ ဒါမှ မားမားနဲ့အတူ ပြောနိုင်မှာလေ "


ဟန်ချင်စုန့် : " ကောင်းပြိီလေ "


အင်္ဂလိပ်စာသင်နေသည်က အချိန်တစ်ခုကြာပြိိးနောက်တွင် ဟန်ချင်စုန့်က ဖက်ထုပ်အစာများအားလုံး လုပ်ပြီးသွားပြီဖြစ်သည်။ သို့ဖြစ်၍ အားလုံး၀ိုင်းဖွဲ့ကာ ဖက်ထုပ်များထုပ်ကြတော့သည်။ 


ကလေးများကလည်း ဖက်ထုပ်လုပ်ရသည်ကို သဘောကျသဖြင့် လူများကာ ပျော်စရာဖြစ်လို့နေသည်။ 


ရှန်ယွီကလင်းလန်နှင့်  ထွန်စက်အကြောင်း ဆွေးနွေးနေသည်။ မောင်းနည်းကို အရင်သင်ထားရမလားကို သိချင်နေတာဖြစ်သည်။ 


နောက်နှစ် ဘယ်အချိန်မှ ၀ယ်နိုင်မည်ကိုမသိဘဲ ကြိုသင်ထားတာက ကောင်းပါ့မလား ။


စန်း၀မ်က ထိုသည်ကို နားထောင်ရင်း သိချင်၍ ၀င်မေးလာသည်။ " မားမား သားတို့တပ်မဟာကလည်း ထွန်စက်၀ယ်မလို့လား "


လင်းလန် ဆပ်ပြာစက်ရုံမှ ၀င်ငွေအကြောင်းနှင့် ရှန်ယွီက တပ်မဟာအတွက် အကြွေးယူကာ ထွန်စက်၀ယ်ပေးချင်နေကြောင်းကို ပြောပြလိုက်သည်။


ထိုသို့ကြားသည့်အခါ စန်း၀မ်ကပြုံး၍ ပြန်ပြောသည်။


 " မားမား မနက်ဖြန်ကြရင် သား မားမားနောက်လိုက်ခဲ့ပြီး ဖုန်းဆက်ပေးမယ် သား ခရိုင်မြို့က ထွန်စက်စက်ရုံက စာရေးကိုသိတယ် "


ကျောင်းသို့လာစဥ်က စာရေးကျုံးက စန်း၀မ်သည် ချစ်ဖို့ကောင်းသည်ဟုထင်ပြီး မုန့်များ၀ယ်ကျွေးခဲ့ပြီး အကူအညီလိုအပ်ပါက ပြောလို့ရသည်ဟု ပြောခဲ့ဖူးသည်။ 


လင်းလန် သိပ်မမျှော်လင့်ထားပေ ။ သူမနှင့် ဟန်ချင်စုန့်က တော်လှန်ရေးကော်မတီမှလူများ ဖြစ်နေသည်ကိုတောင် ထွန်စက်အား ချက်ချင်းမ၀ယ်နိုင်ခဲ့၍ဖြစ်သည်။ 


လင်းလန် : " ခရိုင်မှာက ထွန်စက်တွေမရှိဘူး အစိတ်အပိုင်းတွေပဲရှိတာ သူ့ကိုခေါ်လို့ဖြစ်ပါ့မလား "


စန်း၀မ် : " ခေါ်ကြည့်လိုက်မယ်လေ ဖြစ်လည်းအမြတ်ပေါ့ မဖြစ်ရင်လည်း အရှုံးမရှိဘူးလေ "


ရှန်ယွီ : " စမ်းကြည့်ပါလား အောင်မြင်သွားတာလည်း ဖြစ်နိုင်တာပဲလေ "


လင်းလန် : " ဒါဆို မနက်ဖြန်ကြရင် စန်း၀မ်နဲ့မားမားနဲ့သွားပြီး ဖုန်းဆက်ကြည့်ကြတာပေါ့ "


ဖက်ထုပ်များ ၊ လမုန့်များနှင့် ပန်းသီးများစားပြီးနောက်တွင် ကလေးများက အင်္ဂလိပ်စာသင်လိုက် သီချင်းဆိုလိုက်လုပ်နေကြပြီး ကိုးနာရီခွဲသည်အထိ မအိပ်ကြပေ ။


နောက်တစ်နေ့တွင် တ၀မ်က ကျောင်းသွားသဖြင့် ဟန်ချင်စုန့်က သားမိနှစ်ယောက်အား ရှန်ရွေ့ကွန်မြူနတီအခွဲသို့ ခေါ်သွားပေသည်။ 


အာရှဂိမ်းချန်ပီယံလေး လာနေသည်ဟုသိကြသည့်အခါ ကွန်မြူနတီ၌ ရုတ်ရုတ်သဲသဲ ဖြစ်နေလေ၏။ ကန်တင်းမှ စားဖိုမှူးသည်ပင် အကြော်ဒယ်အိုးကြိိးကိုင်ကာ ပြေးထွက်လာသည်။ " င့ါလည်း ပေးကြည့်ကြပါဦး တော်လိုက်တာကွာ ချန်ပီယံစန်း၀မ် နေ့လယ်ကြရင် ဒီမှာလာစားနော်သိလား ဦးလေး အရသာရှိတာတွေ ချက်ပေးမယ် "


ပြောပြီးနောက်တွင် စန်း၀မ်အတွက် ချက်ပြုတ်ပေးဖို့ဟုဆိုကာ မီးဖိုချောင်ထဲသို့ ပျော်ပျော်ကြီးပြန်၀င်သွားလေသည်။ 


တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်နေသဖြင့် စန်း၀မ်မှာ မနေတတ်တော့ပေ ။ ထို့ကြောင့် လင်းလန်က ပုခုံးကို ဖွဖွလေးပုတ်ပေးပြီး အားပေးနေလေသည်။ 


ဟန်ချင်စုန့်က အလုပ်သို့ ထွက်သွားသည့်အခါ လင်းလန်က စန်း၀မ်ကိုခေါ်ကာ ဖုန်းဆက်ဖို့သွားလိုက်သည်။ 


စန်း၀မ်ကိုတွေ့သည်အခါ ၀မ်ဖန်းက စိတ်လှုပ်ရှားနေပြီး ကောင်တာမှထွက်ကာ လက်ဆွဲ၍နှုတ်ဆက်ရန် လုပ်လိုက်လေသည်။ 


ကောင်တာမှ ရုတ်တရက်ထွက်လာသည့်သူမကို စန်း၀မ်က တစ်ခုခုလုပ်မည့်သူဟုထင်ကာ အမေဖြစ်သူကိုလက်မှဆွဲ၍ ထွက်ပြေးရန်ပြင်သည်။ 


လင်းလန်ကလည်း ၀မ်ဖန်း၏ ရုတ်တရက်အပြုအမူကြောင့် လန့်သွားလေသည်။


 " ဘာလုပ်နေတာလဲ "


၀မ်ဖန်းကပြုံးကာ " အစ်မသားကို တွေ့ချင်လို့လေ " ဟုပြန်ဖြေသည်။ 


စန်း၀မ်လည်း ထိုအခါမှ သက်ပြင်းချရင်း မင်္ဂလာပါဟု နှုတ်ဆက်လိုက်မိသည်။


၀မ်ဖန်း : " လိမ္မာလိုက်တာ အားအင်လည်းအပြည့်ပဲ တော်ကလည်းတော်သေးတယ် " 


သူမက စန်း၀မ်ကို သေချာကြည့်နေလေ၏။ ဆံပင်များကို ရိတ်ထားပြီး မျက်ခုံးထူထူ မျက်လုံး၀ိုင်း၀ိုင်းဖြင့် နှာတံကလည်းမြင့်တဲ့အပြင် မေးရိုးကလည်းထင်းနေတာပဲ ။ ချောလိုက်တဲ့ ကောင်လေးပဲ ။


" ငါသာ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတာဆိုလို့ကတော့ မင်းအမေရဲ့ချွေးမလုပ်မှာ သိလား "


စန်း၀မ် : " တကယ်ကြီးလား " 


၀မ်ဖန်းက အတည်ပြန်ဖြေလေသည်။ " တကယ်ပေါ့ "


စန်း၀မ် : " သားအဖွားကပြောတယ် သူများချွေးမလုပ်တာက မကောင်းဘူးတဲ့ အဲ့ဒါကိုလုပ်ချင်နေတဲ့သူတွေ ရှိသေးတယ်လို့ သား မထင်ထားဘူး"


၀မ်ဖန်း : " အတွင်းရေးမှူးလင်းအတွက် ချက်ပြုတ်လျှော်ဖွပ်ပေးရတာဆိုရင် ငါ မကြောက်ပါဘူး "


လငးလန် : " ဟေး ဟေး တော်ပြီနော် ငါ့သားကို စနေတာတော်တော့ "


ထို့နောက် စန်း၀မ်ထံ လှည့်ပြောလိုက်သည်။


 " သား ဖုန်းသွားခေါ်နေလိုက် သွား နောင်ကြရင် ဒီလိုမိန်းမမျိုးလည်း ရှာယူမလာနဲ့နော် "


စန်း၀မ် : ... သားက ဘာလို့ မိန်းမရှာရမှာလဲ ၊ လိုမှမလိုတဲ့ဟာ 


စန်း၀မ် စားရေးကျုံးထံ ဖုန်းခေါ်လိုက်သည်။ 


စာရေးကျုံးမှာ ပျော်လွန်းသဖြင့် ထခုန်မိမတက်ဖြစ်သွားလေသည်။ 


" စန်း၀မ် တကယ်ပဲ မင်းလား မင်းက ငါ့ကို ဖုန်းခေါ်တယ်လား အာရှဂိမ်းချန်ပီယံကြီးရေ ပြန်ရောက်နေပြိိလား ဘယ်အချိန်တုန်းက ပြန်ရောက်တာလဲ အခုကရော ဘယ်ရောက်နေတာလဲ အသံလွှင့်နေတုန်းကဆို ငါလေ ... " 


စန်း၀မ် စပ်ဖြဲဖြဲဖြင့် ဖုန်းကို နားနားမှခွာကာ စာရေးကျုံး စိတ်ငြိမ်သွားတဲ့အထိ စောင့်နေလိုက်သည်။ 


" ဟယ်လို စန်း၀မ်ရေ ငါ မင်းအတွက် အရမ်း၀မ်းသာတယ်ကွာ ဒါနဲ့ ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ "


စန်း၀မ် သူတို့ တပ်မဟာက ထွန်စက်၀ယ်ချင်နေကြောင်းကို ပြောပြကာ ဘယ်လောက်ကြာလျှင် ရနိုင်မလဲကို မေးကြည့်လိုက်သည်။ 


စာရေးကျုံးက ပြုံးနေကာ ပြန်ဖြေသည်။ 


" ရတာပေါ့ကွ နောက်နှစ်ရက်နေရင် တစ်သုတ်၀င်လာမှာ ထွန်စက်နှစ်လုံးပါတယ် ငါတို့ရဲ့ အာရှဂိမ်းချန်ပီယံကြီးအတွက် တစ်လုံးဖယ်ထားပေးရမှာပေါ့ကွာ "

 တော်လှန်ရေးကော်မတီက ချက်ချင်း၀ယ်နိုင်ရန် မစွမ်းဆောင်နိုင်းခြင်းမှာ သူတို့လက်အောက်တွင် ရှိနေခြင်းမဟုတ်၍ဖြစ်သည်။ 


စန်း၀မ် ပျော်သွားကာ ကျေးဇူးတင်စကားကို ထပ်တစ်လဲလဲပြောရင်း သူ့ကိုချီးကျူးနေသည်ကို ငြင်းလိုက်သည်။ " ဦးလေးကျုံး အာရှဂိမ်းချန်ပီယံတွေက အယောက်ပေါင်း ရာကျော်ရှိတယ်လေ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဗျ "


စာရေးကျုံး : " အာရှတစ်ခွင်မှာ အယောက်ရာချီရှိလည်း ငါတို့ခရိုင်မှာက သုံးဆယ်လောက်ပဲရှိတာလေ ဘာပဲဖြစ်ဖြစ် ဂုဏ်ယူရမယ့်ကိစ္စပဲလေကွာ ငါတကယ် မင်းအတွက် ဂုဏ်ယူနေတာကွ "


စန်း၀မ် : " ..... " ကောင်းပြိိ ။


ချန်ပီယံဖြစ်သွားကတည်းက သူ့မိသားစု၀င်များမှလွဲလျှင် ကျန်သူများက သူ့အပေါ်ဆက်ဆံပုံ ပြောင်းလဲသွားသည်ကို စန်း၀မ် သတိထားမိသည်။ သို့သော်လည်း စန်း၀မ် ဂရုမစိုက်ပါ ၊ သူများတွေ ဘာဖြစ်ဖြစ် သူကတော့ သူလိုချင်တာကိုသာ လုပ်မည့်သူဖြစ်သည် ။


စန်း၀မ်၏ ကူညီပေးမှုကြောင့် ရှန်ရွေ့ရွာတပ်မဟာ၏ ထွန်စက်၀ယ်မည့်ကိစ္စသည် ပြေလည်သွားပြီး ချေးငွေလည်းရလာလေသည်။ သို့ဖြစ်၍  ဟန်ချင်စုန့်အတွက် ဖြေရှင်းရန်လွယ်ကူသွားသည်။ 


ထိုအစား ပထမဦးစားပေးက လေ့ကျင့်ရေးဖြစ်လာသည်။ 


ဖုန်းခေါ်ပြီးနောက်တွင် လင်းလန် စန်း၀မ်ကို အိမ်အရင်ပြန်ခေါ်သွားပြီးနောက် ရှန်ယွီကိုခေါ်၍ ကေဒါများနှင့် အစည်းအဝေးလုပ်လိုက်သည်။