Extra (4)
Viewers 12k

Extra 4


ကျိရှောင်ကျိုး သူ၏ စက်ဘီးလေးကိုစီး၍ အိမ်သို့ပြန်လာသည်။ သူပြန်ရောက်လာသောအခါ နောင်နောင်က အံ့ဩဖွယ်ကောင်းစွာဖြင့် ပြန်မရောက်သေးကြောင်း သိလိုက်ရသည်။ သူ့အမေကိုမေးလိုက်သောအခါ နောင်နောင်က ကျူးဇီရှောင်တို့အိမ်တွင် ညစာသွားစားသည်ဟု သိလိုက်ရသည်။ အမေကျူးက နောင်နောင်ကို သူမ၏ ကြီးကြပ်ပေးမှုအတွက် ကျေးဇူးတင်ချင်၍ဖြစ်သည်။ သူမ၏ကျေးဇူးကြောင့် ကျူးဇီရှောင်က သစ်ရွက်အသစ်ဆီ လှည့်သွားခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက သူ၏ ကျန်သည့် သက်တမ်းတစ်လျှောက်လုံး ဝမြဲဝနေဆဲဖြစ်နေပေလိမ့်မည်။


ကျိရှောင်ကျိုး အပြင်မထွက်ခင် အသက်ပြင်းပြင်းရှူလိုက်သည်။


ထန်ထန် စိတ်ရှုပ်ထွေးသွားပြီး အနောက်မှလိုက်၍ အော်လိုက်သည်။


"သား ဘယ်သွားမလို့လဲ.. ညစာစားချိန်ရောက်နေပြီလေ...."


ကျိရှောင်ကျိုး သူ့စက်ဘီးကိုသာဆွဲထုတ်၍ ပြောလိုက်သည်။

"သား နောင်နောင်ကို သွားကြိုမလို့..."


ထန်ထန်မျက်မှောင်ကြုတ်လိုက်မိသည်။ နောင်နောင် သွားသည်မှာ သိပ်မကြာသေးပေ။ သူမ စားပင်မစားလောင်သေးပေ။

ဘာလို့ ဒီလောက်အစောကြီးသွားကြိုတာလဲ... ဒီကလေးကတော့ အရမ်းထူးဆန်းနေတယ်..."


ကျိရှောင်ကျိုး ကျိုးဇီရှောင်းတို့ တိုက်ခန်းဆီ ရောက်သွားသောအခါ သူအပေါ်တက်မသွားလိုက်ပေ။ သူတို့က နောင်နောင်တစ်ယောက်ကိုသာ ဖိတ်ခေါ်ထားခြင်းဖြစ်၍ အကြောင်းအရင်းမရှိပဲ မသွားချင်ပေ။ ထို့ကြောင့် သူ အပြင်တွင်သာ စောင့်နေလိုက်သည်။ ယခုလက်ရှိရာသီတွင် ခြင်များစွာရှိနေသည်။ သိပ်မကြာမီပင် သူအကြိမ်ရေများစွာ အကိုက်ခံလိုက်ရတော့သည်။ ပုံမှန်ဆိုလျှင် သူယားယံသည့် ခံစားချက်ကို မကြိုက်သော်လည်း နောင်နောင်သာရှိပါက သူ့ကို ကူညီ၍ ကုတ်ဖဲ့ပေးလိမ့်မည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူဘာကိုမှ မခံစားနေရေပေ။ သူ သစ်ပင်များ၏ အနားတွင် ဗလာဖြစ်စွာထိုင်နေလိုက်သည်။


သူ နောင်နောင် တိုက်ခန်းမှ ထွက်လာသည်အထိ ညခုနစ်နာရီမှ ကိုးနာရီအထိစောင့်လိုက်ရသော်လည်း ကျူးဇီရှောင်းက သူမနှင့်အတူ ပါလာသည်။ ကျူးဇီရှောင်းက နောင်နောင်ကို အိမ်သိုပြင်ပို့ရန် စက်ဘီးကိုပြင်ဆင်လိုက်သည်။


ချက်ချင်းပင် ကျိရှောင်ကျိုးက ခုန်ထွက်လာပြီး နောင်နောင်လက်ကို ဆွဲလိုက်သည်။ သူ သူမ၏လက်ကို တင်းတင်းကြပ်ကြပ်ကိုင်လိုက်သည်။

"နောင်နောင်... ငါနင့်ကို အိမ်ပြန်ဖို့ လာခေါ်တာ..."


နောင်နောင် အံ့ဩသွား၍ သူမ၏ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ ခဏအကြာတွင် သူမခေါင်းငြိမ့်ပြလိုက်ကာ ကျူးဇီရှောင်ကို တာ့တာပြလိုက်သည်။


"ဒါဆို ငါအခု အိမ်ပြန်တော့မယ်နော်... အစားအသောက်တွေက အရသာရှိတယ်... အန်တီ့ကို ငါ့အစား ကျေးဇူးတင်ကြောင်းပြောပေးပါဦး...."


ကျူးဇီရှောင်း ပျော်ရွှင်စွာဖြင့် သူ၏ ခေါင်းကိုကုတ်ရင်း ပြန်ဖြေလိုက်သည်။


"ကောင်းပြီလေ... ငါ့အမေကို ပြောလိုက်ပါ့မယ်... နင်ကြိုက်တယ်ဆိုရင် ငါ့အိမ်ကို ထပ်လာလည်ပြီး လာစားပေါ့..."


နောင်နောင် ခေါင်းငြိမ့်လိုက်သည်။


"အိမ်ပြန်ကြရအောင်... ငါခြင်ကိုက်ခံရလို့သေတော့မယ်...."


ကျိရှောင်ကျိုး နောင်နောင်ကို သူ့စက်ဘီးနားဆွဲခေါ်လိုက်သည်။ ထို့နောက် သူမစက်ဘီးနောက်ခုံပေါ် မထိုင်ရသေးမီ ခါးမှ မ၍ စက်ဘီးရှေ့ရှိ ဘားတန်းပေါ်တင်လိုက်သည်။ ပြီးသည်နှင့် စက်ဘီးပေါ်တက်ထိုင်၍ သူ့ခြေထောက်ကို စရွေ့၍ နင်းလိုက်တော့သည်။


ဤအနေအထားဖြင့် နောင်နောင်က ကျိရှောင်ကျိုး၏ ခါးကို ဖက်ထားရသည်။ သူ့နှလုံးသားထဲတွင် ယားကျိကျိခံစားလိုက်ရသည်။


ကံဆိုးစွာဖြင့် နောင်နောင်က သူမ၏ အောက်ပိုင်းကို ရွှေ့လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

"ငါ အနောက်မှာထိုင်ချင်တယ်..."


"ဘာလို့လဲ... မသက်မသာဖြစ်လို့လား...."

ကျိရှောင်ကျိုး သူမကို လွှတ်ပေးရန် အစီအစဉ်မရှိပေ။


နောင်နောင်က သူမနှုတ်ခမ်းကို ထော်လိုက်ပြီး သူ့လက်မောင်းကိုပုတ်ကာ ခေါင်းမော့၍ ကြည့်လိုက်သည်။

"ဒီလိုထိုင်ရင် ငါ့အောက်ပိုင်းနာတယ်လေ..."


ကျိရှောင်ကျိုး ရပ်တန့်သွားပြီး ရှက်ရွံ့မှုကြောင့် စုပ်တစ်ချက်သပ်လိုက်သည်။ ထို့နောက် သူ့ခြေထောက်ကို အောက်ချ၍ စက်ဘီးကို ရပ်လိုက်သည်။ သူ နောင်နောင်ကို အနောက်တွင် မထိုင်စေချင်ပေ။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲ ဗလာဖြစ်သလို ခံစားလိုက်ရသည်။


သူတို့၏ အိမ်ပြန်ခရီးတွင် ကျိရှောင်ကျိုး ခဏမျှ တုံ့ဆိုင်းသွားပြီး မေးလာသည်။


"နောင်နောင် နင်အခုတလော ငါနဲ့ဘာလို့ မပြန်ချင်တာလဲ... အဖွဲ့ထဲက တစ်ယောက်ယောက်က နင့်ကို မပျော်အောင်လုပ်လို့လား..."


နောင်နောင် သူ၏အဝတ်အစားများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ သို့သော် သူမအသံကမပြောင်းလဲပဲ ပြန်ဖြေလိုက်သည်။


"ငါ ဘက်စကတ်ဘောမကစားတတ်သလို ဂိမ်းတွေလဲမဆော့တတ်ဘူး... ငါနင်တို့နဲ့ အတူဆော့လို့ အကျိုးမရှိဘူးလေ..."


"အကျိုးမရှိဘူးလို့ ဘယ်သူပြောတာလဲ..."


ကျိရှောင်ကျိုး ချက်ချင်း ငြင်းချက်ထုတ်လိုက်သည်။ သူ့အသံထဲတွင် မကျေနပ်ချက်တို့ပါ ရောပါနေသည်။


"နင် ငါ့ကို အားပေးလို့ရတယ်လေ... နင်သာမရှိရင် ငါရေဆာရင်ဘယ်သူကရေလာတိုက်မှာလဲ... ငါပူလာရင် ဘယ်သူက ချွေးသုတ်ပေးမှာလဲ..."


နောင်နောင့် မျက်လုံးများထဲရှိ အလင်းတန်းလေး တုန်ရီသွားသည်။ သူမ ခပ်တိုးတိုးလေးပြောလိုက်သည်။


"ဒါပေမဲ့... ငါမရှိရင်တောင် နင့်ကို ရေဘူးကမ်းပေးမယ့်သူနဲ့ ချွေးသုတ်ပေးမယ့်လူတွေ ရှိတာပဲကို..."


"ဘယ်လိုလုပ်တူမှာလဲ..."


ကျိရှောင်ကျိုး ချက်ချင်းပြောလိုက်သည်။


"ငါတခြားမိန်းကလေးတွေဆီကမှ မလိုချင်တာ... အဲ့ဒာတွေက နားလည်မှုလွဲသွားစေ လိမ့်မယ်လေ..."


"နားလည်မှုလွဲမယ်... ဒါဆို ငါနင့်ကို ပေးရင်ကြတော့ နားလည်မှုမလွဲတော့ဘူးလား..."


"ဒါပေါ့... နင်က ငါ့ညီမလေးလေ... ဘယ်လိုလုပ် နားလည်မှု လွဲကြမှာလဲ..."


"အိုး...."


နောင်နောင် မကျေမနပ်ဖြင့် နှုတ်ခမ်းများကို ဖိကိုက်မိသည်။ ခဏအကြာတွင် ရုတ်တရက် ပြောလာသည်။


"ဒါပေမဲ့ ငါက နင့်ရဲ့ ညီမအရင်းမဟုတ်ဘူးလေ... ငါတို့ အရမ်းကပ်လွန်းနေရင် နင့်ရဲ့အနာဂတ်ကောင်မလေးက ကြိုက်မှာမဟုတ်ဘူး... ငါ့ကောင်လေးလဲ ကြိုက်မှာမဟုတ်ဘူး...."


ကျိရှောင်ကျိုးက သူရည်းစားထားရန် တစ်ခါမှမတွေးဖူး၍ သူ၏ကောင်မလေးဟူသော စကားကို အလိုအလျောက်လျစ်လျူရှုလိုက်သည်။ သူဂရုစိုက်သည့်အရာမှာ နောင်နောင် နောက်ဆုံးပြောလိုက်သည့် စာကြောင်းဖြစ်ပြီး သူ့ကို တောင့်ခဲသွားစေကာ စက်ဘီးကိုရပ်မိသွားစေသည်။ သူနောင်နောင်ဘက်ကို လှည့်လိုက်ပြီး ဒေါသတကြီးမောလိုက်သည်။


"နင် ချိန်းတွေ့နေပြီလား... နင့်မှာကောင်လေးရှိနေတာလား... သူဘယ်သူလဲ..."


"....."


နှစ်ပေါင်းများစွာ စိတ်ဆိုးစိတ်ကောက်ဖူးခြင်းမရှိပဲ အတော်လေးစိတ်ရှည်တတ်သော နောင်နောင်ပင် ဒေါသထွက်သွားရသည်။ သူမ စက်ဘီးပေါ်က ခုန်ဆင်းလိုက်ကာ သူမဘာသာ လမ်းလျှောက်လေတော့သည်။ သူမ သူ့ကို စကားပင် မပြောချင်တော့ပေ။


တုံ့ပြန်သည့် အနေဖြင့် ကျိရှောင်ကျိုးက သူ့စက်ဘီးကို မြန်မြန်တွန်းကာ နောက်မှ လိုက်လေတော့သည်။


"ဘာဖြစ်တာလဲ... နင်ဘာလို့ လမ်းဆင်းလျှောက်တာလဲ... နင်အခုထိ ပြန်မဖြေရသေးဘူးနော် နင့်မှာ ကောင်လေးရှိလား မရှိဘူးလား..."


နောင်နောင် သူ့ကို လျစ်လျှူရှုကာ ခပ်မြန်မြန်သာ လမ်းလျှောက်နေလိုက်သည်။


"ငါနင့်ကို ပြောပြမယ်... နင်ငယ်ရွယ်တုန်း စာကောင်းကောင်းလေ့လာ.. Puppy love(ငယ်ရွယ်စဉ်အချစ်)က မမှန်ဘူးနော်... နင်ကြုံရာကောက်လုပ်လိုက်လို့ မရဘူး ဟုတ်တယ်မလား... ငါနင့်ကို နင်ကောင်းဖို့အတွက်ပြောနေတာ... မြန်မြန်ပြောစမ်းပါ နင့်ကောင်လေးက ဘယ်သူလဲ..."


နောင်နောင် ဘာမှ မကြားသလို ဟန်ဆောင်ရင်း အိမ်ပြန်လမ်းတစ်လျှောက် သူ့မေးခွန်းများကို ဘာမှ ပြန်မဖြေခဲ့ပေ။ သူတို့ အိမ်ပြန်ရောက်သောအခါ သူမကျိယန်နှင့် ထန်ထန်ကို နှုတ်ဆက်လိုက်ပြီး အိပ်ခန်းထဲဝင်ကာ လော့ချလိုက်သည်။ ကျိရှောင်ကျိုး ဘယ်လောက်တံခါးခေါက်ခေါက် မဖွင့်ပေးချေ။


ကျိယန်တစ်ယောက် ဒေါသထွက်နေသော ကျိရှောင်ကျိုးကို ကြည့်၍မေးလိုက်သည်။

"ကျိရှောင်ကျိုး..မင်း ဘာတွေလုပ်ထားပြန်လဲ..."


"ဘာမှမဟုတ်ဘူး.."


ကျိရှောင်ကျိုး အံတင်းတင်းကြိတ်လိုက်သည်။အဆုံးတွင် သူ နောင်နောင်၏ အိပ်ခန်းတံခါးကို ကြည့်လိုက်သည်။ သူတံခါး မခေါက်လိုက်ပေ။ ယင်းအစား သူ့အခန်းသူသာ ပြန်လိုက်တော့သည်။ သူမနက်ဖြန်မှ သူမကိုမေးမည်ဖြစ်သည်။


ထန်ထန်က ဘာမှနားမလည်၍ တုံဏှိဘာဝေဖြစ်သွားသည်။ သူမ ကျိယန်ကို ကြောင်တောင်တောင်လေးမေးလိုက်သည်။


"ယောက်ျား... ကျွန်မတော့ ကျွန်မတို့ရှောင်ကျိုးလေး တစ်ခုခုမှားနေသလို ခံစားနေရတယ်နော်..."


ကျိယန် နောင်နောင့်အိပ်ခန်းတံခါးကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် နက်ရှိုင်းသော အကြည့်တစ်ချက်ပေါ်လာသည်။ ထို့နောက် သူမ၏ ခေါင်းလေးကိုပုတ်လိုက်ကာ ပြောလိုက်သည်။


"အရမ်းကြီး သတိထားကြည့်မနေနဲ့... ကလေးတွေရဲ့ အရွယ်ရောက်ချိန်ဆိုတာ ကိစ္စတွေအများကြီးဖြစ်ပျက်တတ်တဲ့ သဘာဝရှိတယ်... အိပ်ယာဝင်ကြရအောင်..."


"အိုး...ကောင်းပြီလေ..."

                                           ———————————— 


နောက်တစ်နေ့တွင် ကျိရှောင်ကျိုး နောင်နောင်ကိုသွားရှာသောအခါ သူမ ကျောင်းသို့ အစောကြီးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူအလွန်ဒေါသထွက်သွားပြီး မနက်စာပင် မစားတော့ဘဲ ကျောင်းသို့ ပြေးလေတော့သည်။ သို့သော် သူကျောင်းသို့ရောက်သောအခါ ထိုကောင်မလေးက သူ့ကို တစ်ချက်ပင်မကြည့်သည့်အပြင် သူ့ကိုဘာကြောင့်မစောင့်ရလဲ ဆိုသည်ကိုပါ မရှင်းပြခဲ့ပေ။ ယင်းအစား သူမက ကျူးဇီရှောင်းနှင့်သာ စကားပြောနေပြီး နှစ်ယောက်လုံးက နီးနီးကပ်ကပ်ထိုင်နေကြသည်။ ခုံပေါ်တွင် တင်ထားသော သူတို့လက်များပင် ထိတော့မယောင်ဖြစ်နေသည်။


ရုတ်တရက် ကျိရှောင်ကျိုး ပတ်ဝန်းကျင်ရှိ လေထုက ရုတ်တရက်ကြီး အပူချိန် ထိုးကျသွားသည်။


ဝေ့ကျားက အဓိပ္ပါယ်အပြည့်ပါသော အပြုံးကြီးဖြင့် ကျိရှောင်ကျိုးကို အတင်းတုပ်ချင်ဟန်လေသံနှင့် ပြောလိုက်သည်။


"နောင်နောင်နဲ့ ကျူးဇီရှောင်တို့ ဆက်ဆံရေးက အတော်ကောင်းတာပဲနော်... ကျူးဇီရှောင်က ချောလို့များလား... သူတို့နှစ်ယောက်က...."


သူမ ထိုအရာကိုပြောခါနီးတွင် ကျိရှောင်ကျိုးက သူမကို တောင့်ခဲသွားစေသော အေးစက်စက်အကြည့်ဖြင့် လိုက်သည်။


"နင် စကားမပြောရင်တောင် ဘယ်သူကမှ 'အ'နေတယ်လို့ မထင်ဘူး..."


ဝေ့ကျား တောင့်တင်းသွားသည်။ သူမ ပြင်းပြင်းထန်ထန် ဆူပူခံရ၍ ရှက်သွားခဲ့သည်။ သူမ မအောင့်နိုင်ပဲ ပြန်လည်ချေပလိုက်တော့သည်။


"ငါဘာမှမပြောရသေးပါဘူး... ပြီးတော့ သူ့တို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတယ်ဆိုရင်တောင် နင်နဲ့ဘာဆိုင်လို့လဲ... နောင်နောင်မှာ သူမကြိုက်ချင်တဲ့လူကို လွတ်လွတ်လပ်လပ်ကြိုက်ပိုင်ခွင့်ရှိတယ်... နင်က သူ့အစ်ကိုအရင်းလည်းမဟုတ်ဘူး... သူမကလည်း နင့်အိမ်မှာ ယာယီပဲနေတာ... နင့်မိဘတွေမှာတောင် သူမကို ထိန်းချုပ်ပိုင်ခွင့်မရှိတာ နင်ကဘာမလို့လဲ.."


"ပါးစပ်ပိတ်ပြီး ထွက်သွားလိုက်တော့...."


ကျိရှောင်ကျိုး၏အော်ဟစ်လိုက်သံက နောင်နောင်နှင့် ကျူးဇီရှောင်အပါအဝင် စာသင်ခန်းတစ်ခုလုံးက ထိတ်လန့်သွားပြီး သူတို့ကို လှည့်ကြည့်ကြလေသည်။


ဝေ့ကျားက ဤကဲ့သို့သော လူအများကြီး၏ ရှေ့တွင် အော်ခံရခြင်းမျိုးကို တစ်ခါမှ မကြုံဖူးသလို အထူးသဖြင့် သူမသဘောကျနေသည့် သူက အော်မည်ဟုလည်း မတွေးခဲ့ဖူးချေ။ သူမ၏ မာနက၎င်းကို လက်မခံနိုင်ပေ။ သူမ မျက်ရည်များစီးကျမလာမီ မျက်နှာမပျက်စေရန် အခန်းထဲမှပြေးထွက်သွားခဲ့သည်။ 


ကျိရှောင်ကျိုးက ဝေ့ကျား ဘာတွေတွေးနေမှန်း ဂရုပင်မစိုက်ပေ။ သူ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ ခဏအကြာတွင် နောင်နောင်ရှေ့ရှိ ခုံကိုသွားကာ နောင်နောင်ကို ဆွဲလိုက်သည်။ သူ သူမ၏ကျောင်းလွယ်အိတ်နှင့် ပစ္စည်းများကို သူ့စားပွဲခုံပေါ် တင်လိုက်သည်။ ထို့နောက် ဝေ့ကျား၏ပစ္စည်းများကို လွတ်နေသော ခုံတစ်ခုံပေါ် တင်ပေးလိုက်သည်။ သူ နောင်နောင်ကို ဝေ့ကျားခုံပေါ်တွင် အတင်းအကြပ်ထိုင်ခိုင်းလိုက်သည်။


"နင်ဘာလုပ်နေတာလဲ....'


နောင်နောင် မပြင်မဆင်ရသေးပဲ ဆွဲခေါ်ခံရပြီး သူများခုံပေါ်တွင် ထိုင်ရေသည်။ သူမ မတ်တတ်ထရပ်လိုက်ချင်သော်လည်း သူဆွဲထားသောအားကြောင့် လှုပ်ပင် မလှုပ်နိုင်တော့ချေ။


"ငါနဲ့အတူထိုင်..."


ကျိရှောင်ကျိုး သူမ၏ ကျောင်းလွယ်အိတ်ကို ခုံအောက်ရှိ အံဝှက်ထဲ ထည့်လိုက်ပြီး သူမ၏ ပစ္စည်းများကိုလည်း စီပေးလိုက်သည်။


နောင်နောင် ငြင်းဆိုလိုက်သည်။


"ဒါ ဝေ့ကျားရဲ့ထိုင်ခုံ... ငါဒီမှာမထိုင်ဘူး..."


နောင်နောင် အရင်ကလို သူနှင့်မထိုင်ချင်တော့ကြောင်း သိလိုက်ရသောအခါ ကျိရှောင်ကျိုး အတော်လေးစိတ်ဓာတ်ကျသွားရသည်။


"နင် ငါနဲ့မထိုင်ချင်တော့ဘူးလား... နင် ကျူးဇီရှောင်နဲ့ထိုင်ချင်နေတာလား..."


နောင်နောင် သူမနှုတ်ခမ်းကိုကိုက်ပြီး ဟုတ်မှန်ကြောင်း အသံပြုလိုက်သည်။


"ထိုင်ခုံနေရာတွင်က စီစဉ်ပြီးသွားပြီ... ငါတို့အခုမှပြောင်းရင် ဆရာမဆူလိမ့်မယ်..."


ကျိရှောင်ကျိုးက ကျူးဇီရှောင် ကိုကြည့်လိုက်သောအခါ သူက နောင်နောင်ကို စိုးရိမ်တကြီးကြည့်နေကြောင်း တွေ့လိုက်ရသည်။ ၎င်းက ကျိရှောင်ကျိုးက လူဆိုးတစ်ယောင်နှယ် ဖြစ်နေသည်ဟု ခံစားသွားရစေသည်။ ကျိရှောင်ကျိုး၏စိတ်အခြေအနေ ပိုမိုဆိုးဝါးလာသည်။ သူဒေါသကို ထိန်း၍ ပြောလိုက်သည်။


"ငါဆရာမကိုပြောလိုက်မယ်... စိတ်မပူနဲ့..."


တိုက်ဆိုင်စွာဖြင့် ခေါင်းလောင်းသံမြည်လာသည်။ အတန်းချိန်စပြီဖြစ်ပြီး ဆရာမကလည်း အချိန်ကိုက် ဝင်လာခဲ့သည်။ နောင်နောင်က ပြဿနာမဖြစ်လိုတော့၍ စကားမပြောတော့ပဲ စာအုပ်ထုတ်၍ လိုက်ကြည့်တော့သည်။ သူမ ကျိရှောင်ကျိုးကို စိတ်ထဲပင်မထားတော့ပေ။


ကျိရှောင်ကျိုး အတော်လေး စိတ်မကျေမနပ်ဖြစ်သွားရသည်။ အတိတ်တုန်းက နောင်နောင်က အခြားကလေးများနှင့်အတူ မကစားပေ။ သူမကအမြဲတမ်းတစ်ယောက်တည်း ဖြစ်နေခဲ့သည်။ ထို့နောက်သူမ၏ ကမ္ဘာလေးထဲသို့ သူဝင်ရောက်လာသောအခါ သူက သူမ၏တစ်ယောက်တည်းသော သူငယ်ချင်းဖြစ်ခဲ့သည်။ သူတို့ အရာတိုင်းကို အတူတူလုပ်ခဲ့ကြသည်။ သူဘာလုပ်လုပ် သူမက တိတ်တဆိတ်နောက်ကလိုက်နေမည်ဖြစ်သည်။


သို့သော် ယခုတွင် သူမက သူ့နောက်မလိုက်တော့ဘဲ သူမတွင်အခြားသူငယ်ချင်းများရှိနေပြီဖြစ်သည်။ ထိုအမှန်တရားကို လက်ခံနိုင်ရန် သူ့အတွက် ခက်ခဲလွန်းလှသည်။ သူဝန်မခံချင်သော်လည်း သူ ကလေးဆန်စွာ မပျော်မရွှင်ဖြစ်နေမိသည်။ သူနောင်နောင်ကို အခြားလူများ အထူးသဖြင့်ယောက်ျားလေးများဖြင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး မရှိစေလိုပါ။နောင်နောင်တွင် သဘောကျနေသူရှိနိုင်သည်ဟု ကြားလိုက်ရသောအခါ သူစိတ်အလိုမကျဖြစ်ပြီး ဘာလုပ်ရမလဲ မသိတော့ပေ။


သူက ဒီအရွယ်ကြီးမှာ မူလတန်းကလေးတွေလို ကိုယ့်သူငယ်ချင်းကိုယ် ပိုင်ဆိုင်လိုစိတ်ကြီးနေတာလား...


ကျိရှောင်ကျိုး သူ့ကိုယ်သူ မူလတန်းကလေးလို ခံစားနေရသည်ဟု ဝန်မခံချင်ပေ။ သို့သော် လက်ရှိတွင် နောင်နောင်၏ သူ့အပေါ်ရှောင်ဖယ်နေမှုများကို ပြန်တွေနေမိသည်။

သူမတကယ်ကြီး တစ်ယောက်ယောက်ကို ကြွေသွားတာလား... တကယ်ကြီးကို ကျူးဇီရှောင်တော့ မဟုတ်လောက်ဘူး မလား...


သူထိုအကြောင်းတွေးလေလေ ပိုစိတ်တိုလေလေဖြစ်လာသည်။ ကျိရှောင်ကျိုး ခေါင်းဆောင်းလိုက်ပြီး စာကို အာရုံစိုက်နေသော နောင်နောင်ကို ကြည့်လိုက်သည်။ သူခဏမျှတွေးလိုကိပြီး စာရွက်ပေါ်တွင် စာအချို့ရေးလိုက်သည်။ ထို့နောက် စာရွက်ကိုခေါက်ကာ နောင်နောင်ဆီပေးပြီး သူမလက်မောင်းကို ကလေးဆန်စွာ တို့၍ ဖတ်ကြည့်ရန် ပြောလိုက်သည်။


နောင်နောင် စာသင်ချိန်တွင် ထိုစာရွက်ကို မဖတ်ချင်သော်လည်း သူကသူမကို အဆက်မပြတ်တို့နေ၍ ဖတ်ကြည့်လိုက်ရသည်။ သန်မာ၍ ပြတ်သားလှသော စာလုံးမျာက သူမရှေ့တွင် ပေါ်လာသည်။


––နောင်နောင် နင့်မှာ တကယ်ကြီး ကြိုက်နေတဲ့လူရှိတာလား... ငါ့ကိုပြောပြလေ... ဒီအစ်ကိုကြီးက နင့်ကို ကူညီပြီး စစ်ဆေးကြည့်ပေးမယ်....


နောင်နောင် မျက်လွှာချလိုက်သည်။ အချိန်အတော်ကြာမှ ဘောပင်တစ်ချောင်းကောက်ယူ၍ ပြန်ရေးလိုက်သည်။


––ဟုတ်တယ်...


သူမကို စိုက်ကြည့်နေသော ကျိရှောင်ကျိုးက ချက်ချင်း သူမအဖြေကို သိသွားခဲ့သည်။ သူ့အသက်ရှူသံက ချက်ချင်းလေးလံလာပြီး သူ့စိတ်ထဲတွင် ဗလာကြီးဖြစ်သွားသည်။ သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်ကာ အက်ရှသောလေသံဖြင့် မေးလိုက်သည်။


"နင်... နင်ကြိုက်နေတဲ့လူရှိတယ်လား... ဟားဟား... မထင်ထားမိဘူး..."


နောင်နောင် မျက်လွှာသာချ၍ ဘာမှ ပြန်မပြောလိုက်ပေ။


လက်သီးတင်းတင်းဆုပ်၍ ကျိရှောင်ကျိုး သူ့ကိုယ်သူတည်ငြိမ်သော လေသံဖြစ်စေရန် အတင်းဖိအားပေးလိုက်ရသည်။


"ဘယ်သူလဲဆိုတာပြောပြပါလား... ငါအတော်လေး သိချင်နေတယ်..."


နောင်နောင် ခေါင်းခါလိုက်သည်။ သူမ မပြောပြချင်ပေ။


"အိုး...."


ကျိရှောင်ကျိုး အံကြိတ်လိုက်သည်။ ထို့နောက် မနေနိုင် မထိုင်နိုင် မေးမိလိုက်သည်။


"ကျူးဇီရှောင်လား...."


နောက်တစ်ကြိမ် နောင်နောင် ခေါင်းခါပြလိုက်သည်။ အပြစ်ကင်းစင်သော ကျူးဇီရှောင်ပါ ပါဝင်လာမည်စိုး၍ စာရွက်ပေါ်တွင် ရေးပြလိုက်သည်။


––သူမဟုတ်ဘူး... အခြားလူပဲ... မမေးနဲ့တော့...


ကျိရှောင်ကျိုး စာသင်ချိန်တစ်ခုလုံး ထိုစကားလုံးများကိုသာ ငေးကြည့်နေသည်။ သူဘာပြောရမလဲမသိတော့၍ ဘာမှမပြောနိုင်တော့ချေ။ ဤသည်က သူနောင်နောင်နှင့်ရှိနေစဉ် ပထမဆုံး တိတ်ဆိတ်နေဖူးခြင်းဖြစ်သည်။


ကျောင်းဆင်းပြီးနောက်တွင် ဘက်စကတ်ဘောအသင်းက ကျိရှောင်ကျိုးကိုလာဆော့ရန် ခေါ်သော်လည်း သူကငြင်းလိုက်သည်။


"ငါမဆော့တော့ဘူး... မင်းတို့ဘာသာ ဆော့ကြတော့..."


သူ့တွင် ဘက်စကတ်ဘောကစားရန် အင်အားတစ်စက်မှ မရှိတော့ပေ။


တစ်ဖွဲ့လုံးက ကျိရှောင်ကျိုး၏ ပင်ပန်းချိနဲ့နေသော နောက်ကျောကို ကြည့်နေလိုက်ကြသည်။ သူတို့အချင်းချင်းပြန်ကြည့်၍ ဘာကိစ္စဖြစ်နေမှန်း သိပင်မသိကြချေ။


"မင်းတို့ အခုတလော အစ်ကိုရှောင် စိတ်ခဏခဏလွတ်နေတာ သတိထားမိကြလား..."


"သတိထားမိပါ့... သတိထားမိပါ့... ငါလည်း အဲ့လိုတွေးနေတာပဲ.. ဒါပေမဲ့ ဘာလို့လဲ..."


"သူက တစ်ယောက်ယောက်ဆီက လမ်းခွဲခံလိုက်ရတဲ့ ပုံကြီးနဲ့... သူ့ကြည့်ရတာ ငါ့အစ်ကိုကြီး အသဲကွဲတုန်းကနဲ့ တစ်ပုံစံတည်းပဲ..."


"လမ်းခွဲတယ်... မဖြစ်နိုင်တာ...ငါတို့ အစ်ကိုရှောင်းမှာ ကောင်မလေးတောင်မရှိဘူး... သူက ဘယ်လိုလုပ်လမ်းခွဲခံရတာဖြစ်နိုင်မှာလဲ..."


"သူ့မှာ ကောင်မလေးမရှိဘူးလို့ ဘယ်သူပြောလဲ.. သူ အစ်မကျားနဲ့ ရန်ဖြစ်ထားလို့များလား..."


"ဖြစ်နိုင်တယ်.... တစ်ယောက်ယောက်က ဒီနေ့ အစ်မကျားအခန်းထဲက ငိုပြီးထွက်လာတယ်လို့မပြောဘူးလား... ပြီးတော့ သူမရဲ့ထိုင်ခုံနေရာပါ ပြောင်းလိုက်ရတယ်တဲ့လေ.. ကြည့်ရတာ သူတို့ တကယ်ကြီး ချစ်မိသွားကြတာလား...." 

                                           ———————————— 


ကျိရှောင်ကျိုး ယနေ့အိမ်စောစောပြန်လာခဲ့သည်။ ထန်ထန်ပင် သူစောစောပြန်လာ၍ အံ့ဩသွားရသေးသည်။

"သား ဒီနေ့ ဘက်စကတ်ဘော မကစားဘူးလား..."


"မကစားဘူး... သားဒီနေ့ ကစားချင်စိတ်မရှိလို့..."


ကျိရှောင်ကျိုး ကျောင်းလွယ်အိတ်ကိုချလိုက်ပြီး သူ၏ မျက်လုံးများက နောင်နောင်အိပ်ခန်းတွင် တဝဲလည်လည်ဖြစ်နေသည်။


ထန်ထန်က သူ့အကြည့်ကို လိုက်၍ ဖြေပေးလိုက်သည်။


"နောင်နောင်က အိမ်စာလုပ်နေတယ်... သူလည်း ပြန်ရောက်တာ မကြာသေးဘူး... သား ဒီနေ့ ဘက်စကတ်ဘောမကစားဘူးဆိုရင် ဘာလို့ နောင်နောင်နဲ့ ပြန်မလာရတာလဲ... သူက မိန်းကလေးတစ်ယောက်လေ... တစ်ယောက်တည်း အိမ်ပြန်လာရတာ မလုံခြုံဘူး.. ငါတို့ နောင်နောင်လေးက နွေရာသီပိတ်ရက်အတွင်း အရမ်းကို အရွယ်ရောက်လာတာ အခုဆို ပိုပိုပြီး လှလာနေပြီ... သားသူ့ကို ကာကွယ်ပေးရမယ်နော်.... ဟုတ်ပြီလား..."


ကျိရှောင်ကျိုး 'အင်း'ဟု ခပ်တိုးတိုး ပြန်ဖြေလိုက်ပြီး သူ့လွယ်အိတ်သူဆွဲကာ သူ့အခန်းသူဦးတည်လိုက်သည်။ သူ နောင်နောင်အိပ်ခန်းရှေ့က ဖြတ်လာရသောအခါ ခဏမျှရပ်နေလိုက်သေးသည်။ သို့သော် ကံမကောင်းစွာဖြင့် မည်သူမှ တံခါးလာမဖွင့်ပေးပေ။


ထိုနေ့ညက ကျိရှောင်ကျိုး အိပ်မပျော်ခဲ့ပေ။ သူဟိုလှိမ့် သည်လှိမ့် လုပ်နေလိုက်သည်။ သူက အမြဲတမ်း ခေါင်းအုံးပေါ် ခေါင်းချသည်နှင့် အိပ်ပျော်တတ်သော လူမျိုးဖြစ်သည်။ ဤသည်က သူပထမဆုံး အိပ်မပျော်သည့်ညဖြစ်သည်။