Extra (5)
Viewers 12k

Extra 5


နှစ်နာရီမျှ ဟိုလှိမ့်သည်လှိမ့်လုပ်ပြီးချိန်တွင် ကျိရှောင်ကျိုး အိပ်ရန်အရှုံးပေးလိုက်တော့သည်။ သူထရပ်လိုက်ကာ နောင်နောင်အိပ်ခန်းတံခါးသို့ သွားလိုက်သည်။ သူမမည်သူကို ကြိုက်သလဲဆိုသည်ကို မေးမြန်းရန် သွားလိုက်ခြင်းဖြစ်သော်လည်း သူတုံ့ဆိုင်းသွားပြီး လက်မြှောက်၍ တံခါးသာခေါက်ရန် ပြင်လိုက်သည်။ အဆုံးတွင် သူမအိပ်နေသည်ကို မနှောင့်ယှက်ချင်၍ လက်ပြန်ချလိုက်သည်။ စိတ်ရှုပ်ရှုပ်နှင့် သူ့ခေါင်းသူပွတ်ကာ အခန်းဆီပြန်လိုက်သည်။


သူ့ဖုန်းကိုဖွင့်၍ ဟို့ဇီ၏ဖုန်းနံပါတ်ကိုနှိပ်ကာ ဖုန်းခေါ်လိုက်သည်။ ဖုန်းကိုင်လိုက်သည်နှင့် ချက်ချင်း ပြောလိုက်သည်။


"ငါအိပ်မပျော်ဘူး... ငါနဲ့အတူတူ ဂိမ်းကစားပေး..."


အတင်းအကြပ်အနှိုးခံလိုက်ရသော ဟို့ဇီက ပြောလိုက်သည်။


"အစ်ကိုကျိုး အိပ်မပျော်ဘူးလား...."


"အင်း....."


ဟို့ဇီ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူအနည်းငယ် မူးဝေသွားပြီး စိတ်လှုပ်တရှား မတ်တတ်ရပ်လိုက်သည်။


"အစ်ကိုကျိုး... စိတ်မကျေမနပ်ဖြစ်နေတာလား... ဟီးဟီးဟီး..."


ကျိရှောင်ကျိုး၏ မျက်နှာ မဲမှောင်သွားသည်။


"သောက်ကျိုးနည်း... မင်းအဲ့လောက် အကျင့်မကောင်းကြောင်း ဘယ်သူသိလဲ... ငါကန်းနေတာပဲနေမှာ..."


သူဖုန်းကို ချက်ချင်း ချလိုက်သည်။


ဟို့ဇီ ဖုန်းကိုင်ထားရင်း နှာမှုတ်လိုက်သည်။

"သူက အရမ်းရှက်ပြီးဝန်မခံရဲတာပဲနေမှာ...ငါတို့ကယောက်ျားလေးတွေပဲလေ... ငါနားမလည်ဘူးများ ထင်နေတာလား... ဘာများရှက်စရာရှိလို့လဲ... ဟီးဟီး... ကြည့်ရတာတော့ ငါအိပ်မပျော် မဖြစ်အောင်လို့ အငယ်လေးကို ကြိုတင်ဖြေလျော့ထားရမယ် ထင်တယ်..."


နှစ်မိနစ်ကြာသောအခါ အိပ်မပျော်သေးသော ကျိရှောင်ကျိုးက ဟို့ဇီထံမှ ဗွီဒီယိုဖိုင်တစ်ခု ရလိုက်သည်။ ထိုဗွီဒီယိုကို 'အိပ်မပျော်ခြင်းကို ကုသနိုင်သည့် နတ်ဘုရားအဆင့် ပစ္စည်း' ဟုခေါ်သည်။


လက်ရှိတွင် အိပ်မပျော်နိုင်ဖြစ်နေဿာ ကျိရှောင်ကျိုးက ဗွီဒီယိုနာမည်ကိုကြည့်ပြီးဟို့ဇီသူ့ကို အိပ်မွေ့ချခြင်း ဗွီဒီယို သို့မဟုတ် အခြားအရာတစ်ခုခုဖြစ်မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် နားကြပ်တပ်၍ ထိုဗွီဒီယိုကို ဖွင့်လိုက်သည်။


ဆယ်မိနစ်ကြာသောအခါ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ အချင်းချင်းလုံးထွေးနေကြပြီး ထိုမိန်းမက အော်ဟစ်ညီးညူနေသည်ကို ကြားလိုက်ရသည်။ ကျိရှောင်ကျိုး ကျိန်ဆဲမိသွားသည်။ သူ့မျက်နှာကလည်း ရဲရဲနီးသွားတော့သည်။ သူလှည့်စားခံလိုက်ရပြီး သူ့ဘဝ၏ပထမဆုံးအကြိမ် p*rn ကြည့်မိခြင်းဖြစ်ပေသည်။


ကျိရှောင်ကျိုး အံကြိတ်လိုက်သည်။


"မင်း... ဟို့ဇီ... မနက်ဖြန်ကြရင် မင်းကိုရိုက်သတ်ပစ်မယ်ကွ...."


သူတို့က ဆန့်ကျင်ဘက်လိင်အပေါ် စတင်စိတ်ဝင်စားသော အသက်အရွယ်သို့ ရောက်နေပြီဖြစ်သည်။ သဘာဝအားဖြင့် ယောက်ျားလေးများ၏ စိတ်ဝင်စားစိတ်က မိန်းကလေးများထက် စောစောနိုးထလာလေ့ရှိသည်။ ယောက်ျလေးများစွာက ထိုသို့သော ဗွီဒီယိုမျိုး ကြည့်လေ့ရှိသည်။ ကျိရှောင်ကျိုးက တခြားသူများကြည့်သည်ကို ကြုံဖူးသော်လည်း စိတ်မဝင်စားခဲ့ပေ။ အခြားလူများက သူ့ကိုထိုဗွီဒီယိုများကြည့်ရန် ဖိတ်ခေါ်သောအခါ ငြင်းဆိုလေ့ရှိသည်။ သူက ထိုဗွီဒီယိုများကိုကြည့်မည့်အစား ဘက်စကတ်ဘောသာ ဆော့လိုက်မည်ဖြစ်သည်။


ထို့ကြောင့် မမျှော်လင့်ဘဲ ထိုဗွီဒီယိုကို ကြည့်မိသောအခါ မျက်နှာနီနီဖြင့် ချက်ချင်းပိတ်လိုက်ခြင်းဖြစ်သည်။ သူ့မျက်နှာကို ခေါင်းအုံးထဲမြှုပ်ထားပြီး မျက်လုံးများ မှိတ်ကာ သူ့ကိုယ်သူအိပ်ပျော်စေရန် အိပ်မွေ့ချနေလိုက်သည်။

                                           ———————————— 


နောင်နောင်ထိုင်ခုံပေါ်တွင် ကျောမတ်မတ်ထိုင်၍ အိမ်စာလုပ်နေသည်။ သူမကဘောပင်ကို ကိုက်ထားပြီး မျက်ခုံးလေးများက အနည်းငယ် တွန့်ချိလို့နေသည်။ ကြည့်ရသည်မှာ သူမခက်ခဲသော ပုစ္ဆာတစ်ပုဒ်နှင့် ကြုံလိုက်ရသည့်ပုံပင်။


ထိုမြင်ကွင်းကိုကြည့်ပြီး ကျိရှောင်ကျိုး ပြုံးလိုက်ကာ သူမပါးစပ်ထဲရှိ ဘောပင်ကို ဆွဲယူလိုက်သည်။


"ဘောပင်ကို မကိုက်ပါနဲ့လို့ ငါဘယ်နှခေါက်တောင် ပြောရမှာလဲ... ညစ်ပတ်တယ်.."


နောင်နောင်ပြုံးလိုက်သည်။ သူမ သူ့ကိုမျက်လုံးတောက်တောက်လေးများဖြင့်ကြည့်ကာ နောက်တစ်ကြိမ် ဘောပင်မကိုက်တော့ကြောင်း တိတ်တဆတ်ကတိပေးလာသည်။


သူမထိုသို့ လုပ်ချိန်တိုင်း သူဘာမှမတတ်နိုင်တော့ချေ။ သူမပြုံးနေသည့် ကာလပတ်လုံး သူဒေါသပင် မထွက်နိုင်ချေ။


ရွေးချယ်စရာမရှိတော့ပဲ သက်ပြင်းချကာ သူမဘေးတွင် ထိုင်လိုက်သည်။


"နင် ဘယ်မေးခွန်းမှာ ရပ်နေတာလဲ... ရှင်းပြပေးမယ်...."


နောင်နောင် သူမနားမလည်သည့်မေးခွန်းကို ချက်ချင်းပင် လက်ညှိုးထိုးပြလိုက်သည်။


သူ၏ အကြည့်က သူမ၏ နူးညံ့သေးသွယ်သော လက်ချောင်းလေးများကို နှစ်စက္ကန့်မျှ အကြည့်ရောက်သွားခဲ့သည်။ သူလည်ချောင်းများပင် ခြောက်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ့ကိုယ်သူတွန်းအားပေး၍ မေးခွန်းကိုကြည့်လိုက်ပြီး ဖြေးဖြေးချင်း စတင်ရှင်းပြလိုက်သည်။


သူရှင်းပြပြီးနောက်တွင် အရာအားလုံးက နောင်နောင်အတွက် ရှင်းလင်းသွားတော့သည်။ ပုံမှန်အတိုင်း သူ့ကို ချိုမြိန်စွာ ပြုံးပြလိုက်သည်။


"ကိုကိုကျိုးက အရမ်းအံ့ဩဖို့ကောင်းတာပဲ..."


ချက်ချင်း သူ့ရင်ဘတ်ထဲတွင် အလွန်အမင်း သက်တောင့်သက်သာရှိသွားရသည်။ သူ့မျက်နှာကို နီးနီးကပ်ကပ်ရွှေ့လိုက်ပြီး ပြောလိုက်သည်။


"ဒါဆို ကိုကိုကို့ ဘယ်လိုကျေးဇူးတင်ရမလဲ..."


နောင်နောင် ရှက်ရွံ့စွာပြုံးပြလိုက်သည်။ သူတို့ မူကြိုတုန်းကအတိုင်း သူ့နားသို့ နီးကပ်စွာရောက်လာပြီး သူ့ပါးပြင်ကို အနမ်းပေးလိုက်သည်။ ထို့နောက် ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် နောက်သို့ပြန်ဆုတ်လိုက်သည်။ သူမကိုကြည့်ရသည်မှာ အလွန်လှနေတော့သည်။


သူမမျက်နှာလေးကို နီးနီးကပ်ကပ် ငေးကြည့်လိုက်သည်။ သူရုတ်တရက်ကြီး သူ၏ နောင်နောင်လေးက သူပင်သတိမပြုပဲ အရွယ်ရောက်လာသည်ကို သတိပြုမိလိုက်သည်။ သူမက ကလေးမလေးမဟုတ်တော့ပေ။ သူမက လှပသော မိန်းမပျိုလေးတစ်ဦးဖြစ်နေလေပြီ။ အလွန်အလွန်အလွန်ကို လှသော မိန်းမပျိုလေးဖြစ်ပြီး အထူးသဖြင့် သူမ၏ ကြီးမားတောက်ပသော မျက်လုံးလေးများက လူတိုင်းကို ငေးစိုက်ကြည့်ချင်မိနေသည်။ သူမ သူ့ကိုကြည့်လိုက်ချိန်တိုင်း သူမက သူ့နှလုံးသားကို ခိုးယူသွားတော့မည့်ဟန် ဖြစ်နေသည်။


ကျိရှောင်ကျိုး သူ့နှလုံးသားက ထိန်းချုပ်မရစွာ ခုန်ပေါက်လာသည်ကို ခံစားလိုက်ရသည်။ သူမထံတွင် သူမကို မယုံကြည်နိုင်လောက်အောင် ဆွဲဆောင်မှုရှိစေသော အော်ရာတစ်ခု လွှမ်းခြုံနေသည့်နှယ် ခံစားလိုက်ရသည်။ တဖြေးဖြေးချင်း သူ သူမနှင့် နီးသည်ထက် နီးလာသည်။


"ကိုကိုကျိုး... ဘာတွေလုပ်နေတာလဲဟင်..."


နောင်နောင် သူ့ကို စိတ်ရှုပ်နေသည့်ပုံလေးဖြင့် မေးလာသည်။


သူမပြောသမျှ ဘာမှမကြားရတော့ပေ။ သူမ၏ နီစိုစိုနှုတ်ခမ်းဖူးဖူးလေးများကိုသာ မြင်နေရပေသည်။ အကြောင်းပြချက်မရှိ ရေဆာလာသလို ခံစားလိုက်ရပြီး သူမ၏နှုတ်ခမ်းဖူးဖူးလေးက ဘယ်လိုအရသာရှိမလဲ သိချင်လာသည်။


သိချင်စိတ်တို့ ကြီးစိုးလာသဖြင့် သူမဘက်ကို ငုံ့ကိုင်းလိုက်သည်။ သူ၏နှုတ်ခမ်းနှင့် သူမ၏နှုတ်ခမ်းတို့ ထပ်တူကျသွားသောအခါ ထက်သန်ပြင်းပြစွာ စုပ်ယူလိုက်သည်။


ချိုတယ်... တယ့်ကိုချိုတယ်... ချိုလွန်းလို့ မလွှတ်ချင်တော့ဘူး...သူထပ်လိုချင်သေးတယ်... နမ်းရုံနဲ့ မလုံလောက်ဘူး... သူမကို ထိချင်တယ်... 

သူ၏စိတ်စေရာအတိုင်း သူ့လက်ကရွေ့လျားသွားသည်။ သူ့လက်က သူမစကတ်အောက်သို့ရောကိသွားပြီး နူးညံ့ချောမွေ့သော အသားအရေကို ထိတွေ့လိုက်သည်။ သူ့ဘောင်းဘီထဲမှ တစ်စုံတစ်ခု ဖုဖောင်းလာသလို ခံစားလိုက်ရသည်။


"ရှောင်ကျိုး...."


ထိုကဲ့သို့ အရေးပါသော အခိုက်အတန့်တွင် ကျိရှောင်ကျိုးကို ခေါ်သံတစ်ခုက နှောင့်ယှက်လာလေသည်။ သူမျက်လုံးဖွင့်လိုက်သောအခါ အဖြူရောင် မျက်နှာကျက်ကို မြင်လိုက်ရသည်။ လက်ရှိတွင် သူက သူ့ကုတင်ပေါ်တွင် လှဲနေခြင်းသာဖြစ်သည်။


သူ့ရင်ဘတ်သူ့စမ်းလိုက်သောအခါ ထိန်းချုပ်မရသော ရင်ခုန်သံများကို ခံစားလိုက်ရသော်လည်း အခန်းထဲတွင် သူတစ်ယောက်သာရှိနေပေသည်။


သူလှုပ်ရှားလိုက်သောအခါ သူ့အောက်ပိုင်းမှ စေးကပ်မှုကို ခံစားလိုက်ရသည်။ ဘာဖြစ်သွားသလဲ သူနားလည်လိုက်လေပြီ။


ချက်ချင်းလက်ငင်း ကျိရှောင်ကျိုး၏ အမူအယာပျက်ယွင်းသွားသည်။ သူ့တွင် ထိုကဲ့သို့သော အိပ်မက်မျိုးမက်ခဲ့သည်ဟု မယုံနိုင်ဖြစ်နေသည်။ သူ ထိုကဲ့သို့သော ရှက်ဖွယ် အိပ်မက်ကို မက်သည့်အပြင် နောင်နောင့်ကို အိပ်မက်မက်မိခြင်းဖြစ်သည်။


နောင်နောင်က သူ့ညီမလေးလေ... သူနဲ့အတူတူကြီးပြင်းလာတဲ့ ညီမလေး...သူ့မှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုအိပ်မက်မျိုး မက်ရတာလဲ..


သူ့တစ်ဘဝလုံးတွင် ကျိရှောင်ကျိုးတစ်ယောက် သူ့ကိုယ်သူ ယခုအချိန်လောက် ရွံရှာဖူးခြင်း မရှိပေ။ သူ့ကိုယ်သူ ဦးနှောက်ပျက်သွားသလားပင် သံသယဝင်မိသည်။

အဲ့ဒီ့အပြင် သူဘာလို့ ဒီလို အိပ်မက် မက်ရတာလဲ...


ကျိရှောင်ကျိုး၏ စိတ်အစုံက ပိုမို ရီဝေဝေဖြစ်လာချိန်တွင် ထန်ထန်က သူ့အခန်းတံခါးကိုထပ် ခေါက်ပြန်သည်။


"ရှောင်ကျိုးရေ.. ထတော့လို့.. မဟုတ်ရင် နောက်ကျတော့မှာနော်..."


ကျိရှောင်ကျိုး သူ၏ဖရိုဖရဲအတွေးများကိုအတင်းအကြပ်ဖြတ်တောက်က စောင်ကိုမ၍ အိပ်ရာပေါ်မှ ထလိုက်သည်။

"ဟုတ်ကဲ့... သားအခုပဲထနေပြီ မာမီ..."


ထိုတုံ့ပြန်သံကို ကြားလိုက်ရသောအခါ ထန်ထန်စိတ်ပေါ့သွားပြီး မနက်စာလုပ်ရန် ပြန်သွားလိုက်သည်။


ကျိရှောင်ကျိုး ရေချိုးခန်းထဲသွားကာ အောက်ခံဘောင်းဘီလဲလိုက်သည်။ သူ့မျက်နှာတွင် ပုံမှန်အမူအယာဖြစ်နေသော်လည်း သူ့စိတ်ထဲတွင် အတွေးများယောက်ယပ်ခတ်နေသည်ကို သူသာသိသည်။ အထူးသဖြင့် နောင်နောင့်ကို တွေ့လိုက်ချိန်တွင် မနေနိုင်ဘဲ သူမနောက်သို့သာ ကပ်လိုက်မိသည်။ ၎င်းက သူ့ကိုယ်သူ သားရဲကောင်ကြီးတစ်ကောင်ဟု ခံစားမိစေသည်။


ထိုတစ်နေ့လုံး ကျိရှောင်ကျိုး၏စိတ်က လေဟာနယ်တွင် လွင့်မျောနေသည်။ သူ့စိတ်ထဲတွင် မနေ့ညကအိပ်မက်ကိုသာ ထပ်ခါတလဲလဲမြင်နေမိသည်။ သူထိုအကြောင်း မတွေးသင့်မှန်းသိသော်လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပေ။ သူ ဘာကြောင့်ယခုလိုဖြစ်နေကြောင်းမသိပေ။ ထို့အပြင် မည်သူ့ကို ထိုအကြောင်းပြောပြရမလဲ မသိနေပေ။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့၍ ဖုန်းကိုထုတ်၍ အွန်လိုင်းဖိုရမ်ပေါ်တွင် မေးခွန်းတစ်ခု မေးလိုက်သည်။


[ငါဘာလို့ မိန်းကလေးတစ်ယောက်နဲ့ ရင်းနှီးတဲ့ အိပ်မက်တစ်ခုမက်ရတာလဲ... သူ့ကိုငါက ညီမလေးတစ်ယောက်လို့ အမြဲတမ်းတွေးထားခဲ့တာပါ... ငါဦးနှောက်ပျက်သွားတာလား....]


လူပေါင်းများစွာကဖြေပေးလာသည်။


[OPရေ မင်းဦးနှောက်မပျက်ပါဘူး... မင်းဦးနှောက်က အဲ့ကောင်မလေးကို တွေးနေမိရုံပါ..]


(T/N : OP = original poster

 ပို့စ်တင်သူပါ ဥပမာ OPရေလို့ပြောတာမျိုးက ပို့စ်တင်သူရေလို့ ပြောတာပါပဲ)


[OP မင်းအသက်ဘယ်လောက်လဲ... မင်းကအရမ်းကို အင်နိုးဆန့်လွန်းနေတယ်နော်... ဒီလိုအကြောင်းမျိုးက မေးစရာကိုမလိုတာ... မင်းက သူမကိုညစ်ညစ်ညမ်းညမ်းတွေးမိသွားတာလေ... ယောက်ျားတိုင်း နားလည်ပါတယ်ကွ...]


[OPရေ ကိုယ့်ကိုကိုယ် လိမ်မနေပါနဲ့တော့ကွာ... ဘာကို ညီမလေးလဲ... အမှားကြီးမှန်းသိသာနေတာကို.. မင်းရဲ့စိတ်ထဲမှာ သူမကို ညီမလေးလို့ လုံးဝမတွေးပါဘူး... ဘာပဲဖြစ်ဖြစ် မင်းကလမ်းလွဲနေပြီနော်...] 


[အပေါ်ထပ်ကပြောတာကို သဘောတူတယ်... မင်း သူ့ကိုသဘောကျနေတာပဲ... မင်းကိုယ်မင်း လိမ်ညာဖို့ သူမကို ညီမလေးလို ဆက်ဆံမနေပါနဲ့တော့...]


[OP မင်းခံစားချက် မင်းသိချင်တယ်ဆိုရင်... ကောင်မလေးကို ငေးကြည့်ပြီး သူမနဲ့နမ်းနေတယ်လို့ စိတ်ကူးယဉ်ကြည့်... မနှစ်သက်သလို  ဖြစ်ရမဲ့အစား မျှော်လင့်တောင်းတပြီး စိတ်လှုပ်ရှားလာတယ်ဆိုရင်တော့... သေချာပြီ မင်း သူမအပေါ်ကို တခြားအတွေးတွေ ရှိနေပြီ....]


နောက်ဆုံး ကွန်းမန့်ကိုမြင်လိုက်ရပြီးနောက် ကျိရှောင်ကျိုး လက်သီးဆုပ်လိုက်သည်။ အချိန်အတော်ကြာပြီးသောအခါမှ စာထဲအာရုံစိုက်နေသော နောင်နောင်ကို လှည့်ကြည့်လိုက်သည်။


အခုပဲ သူမကိုနမ်းမယ်ဆိုလျှင် သူ့တွင် ငြင်းဆန်လိုသော ဆန္ဒလုံးဝရှိမနေကြောင်း အံ့ဩဖွယ်ကောင်းစွာ တွေ့လိုက်ရသည်။ ယင်းအစား သူ၏အိပ်မက်ထဲကကဲ့သို့ သူမကို နမ်းချင်နေကြောင်း သတိထားမိလိုက်သည်။


သူတကယ်ကြီး နောင်နောင်ကို သဘောကျမိသွားတာများလား...


ကျိရှောင်ကျိုးက အေးစက်၍ ခေါင်းမာတတ်သည့် လူမျိုးဖြစ်သည်။ ယခုအချိန်အထိ သူ၏ အခြားတစ်ဖက်ကို နောင်နောင်ကိုသာ ပြသဖူးသည်။ သူ့ကိုယ်သူ စိတ်ငြိမ်အအောင် အတင်းအကြပ်ဖိအားပေးလိုက်သည်။ သူ နောင်နောင်ကို ဆက်ဆံသည့်ပုံစံကို အပြင်လူတစ်ယောက်၏နေရာမှ တွေးကြည့်သောအခါ အတော်လေး မသင်္ကာဖွယ်ဖြစ်ကြောင်း သိလိုက်ရသည်။


နောင်နောင် တစ်ခါတစ်ရံတွင် အခြားယောက်ျားလေးများနှင့် ‌ဆက်သွယ်ပြောဆိုသည်ကို သူမကြိုက်ပေ။ နောင်နောင် သူ့ကို အေးစက်စက်ဆက်ဆံမည်ကိုလည်း မလိုလားပေ။ နောင်နောင်တွင် ကောင်လေးရှိလာမည်ဟူသော အချက်ကို လက်မခံနိုင်ပေ။ အရင်က puppy love ဟုထင်ခဲ့သော်လည်း ယခုတွင် ထိုသို့မဟုတ်ကြောင်း သတိပြုမိလိုက်သည်။ သူ နောင်နောင်အခြားယောက်ျားလေးအပေါ် သဘောကျမည်ကို လက်မခံနိုင်ခြင်းသာဖြစ်သည်။


အကယ်၍ နောင်နောင် သဘောကျနေသောလူက သူဖြစ်ပါက လက်မခံနိုင်စရာ အကြောင်းပင်မရှိချေ။


ရုတ်တရက် ကျိရှောင်ကျိုး မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ ကောက်ချက်ချမှုက သူ့ကို စိတ်ရှုပ်ထွေး၍ အံ့ဩထိတ်လန့်သွားကာ ပြောင်းဆန်သွားစေပြီး မဖုံးကွယ်နိုင်သော ပျော်ရွှင်မှုလေး ပေါ်ထွက်လာစေသည်။


သူ နောင်နောင်ကို ညီမလေးလို မဆက်ဆံခဲ့ကြောင်း သိလိုက်ရသည်။ သူမအပေါ် သူ၏ခံစားချက်က မိသားစု ချစ်ခြင်းမဟုတ်ဘဲ စိတ်ကူးယဉ်ဆန်သည့် ချစ်ခြင်းမျိုး ဖြစ်သည်။


 ကျိရှောင်ကျိုး ထိုအချက်ကို လက်ခံနိုင်ရန် ခဏမျှ တိတ်တဆိတ်ထိုင်နေလိုက်ရသည်။ သူ မနေနိုင်မထိုင်နိုင် သူ့ခေါင်းသူရိုက်၍ ရယ်မောမိလိုက်သည်။


နောင်နောင် ထိုရယ်သံခပ်တိုးတိုးကို ကြားလိုက်ရသည်။ သူမ သူ့ကို ပဟေဠိဖြစ်စွာ ကြည့်လိုက်သည်။ အကြည့်တစ်ချက်ပေးလိုက်ပြီး ဘာဖြစ်တာလဲဟု အရိပ်အယောင်ပြလိုက်သည်။


ကျိရှောင်ကျိုးက သူမကိုငေးစိုက်ကြည့်ပြီး ဘာမှမပြောလိုက်ပေ။ သူ၏အပြုံးက နက်ရှိုင်းလှပြီး သူမ၏ နှလုံးသားလေးကို ခုန်ပေါက်သွားစေသည်။ သူမချက်ချင်း အကြည့်လွှဲလိုက်ပြီး သူ့ကို ထပ်မကြည့်ရဲတော့ပေ။


 ———————————— 


ကျောင်းဆင်းပြီးနောက်တွင် ဟောက်ဇီက ဘက်စကတ်ဘောအသင်းနှင့်အတူ ကျိရှောင်ကျိုးဆီ ကစားရန် လာခေါ်ခဲ့သည်။

"အစ်ကိုကျိုး... ဒီနေ့ည ကျွန်တော်တို့နဲ့အတူ ဘက်စကတ်ဘော လာကစားလေ... ကျွန်တော်တို့ကို လာစိန်ခေါ်တဲ့ အဖွဲ့ရှိနေတယ်ဗျ... အစ်ကိုမရှိဘဲ ကျွန်တော်တို့နိုင်မှာမဟုတ်ဘူး....."


ကျိရှောင်ကျိုးက ခပ်လှမ်းလှမ်းတွင် ကျူးဇီရှောင်နှင့် နောင်နောင်တို့ ဘေးချင်းကပ်၍ လမ်းလျှောက်နေသည်ကို မြင်လိုက်ရသည်။ သူ့လက်များ တုန်ယင်သွားပြီး ထိုအဖွဲ့ကို လက်ခါပြလိုက်သည်။


"ငါဒီနေ့မအားဘူး... ငါနောင်နောင်ကို အိမ်ပြန်ပို့ရမှာ..."


ထပ်ပြီးအငြင်းခံလိုက်ရတဲ့ အဖွဲ့ "..."


"အခုတလော အစ်ကိုကျိုးက သူ့ညီမလေးနောင်နောင်ဘေးမှာ တော်တော်လေးကပ်နေကို သတိထားမိတဲ့လူရှိလား... ငါတို့ မသိတဲ့တစ်ခုခုများ ဖြစ်သွားခဲ့လားမသိဘူး..."


"အမှန်ပဲ... အစ်ကိုကျိုးက ရုတ်တရက်ကြီး နောင်နောင်ကို အိမ်ပြန်ပို့တယ်တဲ့လား... ကျူးဇီရှောင်က မပို့ပေးတာကြလို့... သူတို့က အိမ်ပြန်လမ်းတူတူပဲလေ...."


ဟောက်ဇီ သူ့မေးစေ့သူထိပြီး ခပ်လှမ်းလှမ်းတွင်ရှိသော နောင်နောင်ကို ကြည့်လိုက်သည်။


"ငါတော့ ငါနားလည်တယ်ထင်တာပဲ... ငါတို့ရဲ့ ညီမလေး နောင်နောင်က အရမ်းလှတယ်လေ ပြီးတော့ ဂျူနီယာအထက်တန်းကျောင်းဆိုတာက မူလတန်းတုန်းကလို မလုံခြုံတော့ဘူး... ဝံပုလွေကောင်တွေအများကြီးပဲ...အဲ့ဒါကြောင့်ပဲ အစ်ကိုကျိုးက သူမကိုပိုပြီး သေသေချာချာကြည့်နေရမှာပေါ့... ငါ့မှာလည်း လှပြီးစာတော်တဲ့ ညီမလေးရှိနေရင် နေ့တိုင်း မျက်စိဒေါက်ထောက်ပြီး ကြည့်နေမိမှာပဲ...."


ကျန်သောသူများက ဟို့ဇီပြောသည်က အဓိပ္ပါယ်ရှိတယ်ဟု တွေးမိကြသည်။ နောက်ဆုံးတွင် အဘယ့်ကြောင့် ကျိရှောင်ကျိုးက ဘက်စကတ်ဘောမကစားဘဲ သူ့ညီမကို အိမ်လိုက်ပို့သည်ကို နားလည်သွားတော့သည်။


အစ်ကိုကျိုးက တကယ့်ကို အစ်ကိုကောင်းတစ်ယောက်ပဲ....


 ———————————— 


လူတိုင်း အစ်ကိုကောင်းဟုခေါ်နေကြသော ကျိရှောင်ကျိုးက လက်ရှိတွင် သူ့စက်ဘီးကို နောင်နောင်ဘေးတွင် ရပ်လိုက်သည်။


"တက်လိုက်... ငါနောင်နောင်ကို အိမ်ခေါ်သွားမယ်..."


နောင်နောင် ကျူးဇီရှောင်ကို ကြည့်လိုက်သည်။ သူမ ငြင်းဆိုခါနီးတွင် ကျူးဇီရှောင်က လက်ခါကာ အရင်ဆုံးပြောလိုက်သည်။


"သွားလေ နောင်နောင်... ငါလည်း ဒီနေ့ လမ်းလျှောက် မပြန်ချင်တာနဲ့ ကွက်တိပဲ... ငါအိမ်ကို တက္ကစီ စီးပြန်လိုက်မယ်..."


ကျိရှောင်ကျိုး ကျူးဇီရှောင်ကို စိတ်ကျေနပ်နေသော အကြည့်ဖြင့်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။


ကျူးဇီရှောင် နှဖူးရှိ ချွေးများကို တိတ်တဆိတ်သုတ်လိုက်ပြီး စိတ်သက်သာရာသလို သက်ပြင်းချလိုက်သည်။ ခုနက သူသာ မငြင်းလိုက်လျှင် အစ်ကိုကျိုးက သူ့ကို ကန်လွှတ်ပေလိမ့်မည်။ ဘာကြောင့်လဲမသိသော်လည်း အခုတလော အစ်ကိုကျိုးက သူ့ကို ကြောက်ဖို့ကောင်းအောင် စိုက်ကြည့်လေ့ရှိသည်။ အစ်ကိုကျိုးက သူ့ကို နောင်နောင်ကို ဝါးမျိုမည့် ဝံပုလွေကောင်ဟုထင်နေပုံပေါ်သည်။ သို့သော် သူက နောင်နောင်ကို ညီမလေးလို့သာ မြင်ခြင်းဖြစ်သည်။ သူ နောင်နောင်ကို မဆွဲထားရဲတော့ပေ။

 

———————————— 


ကျိရှောင်ကျိုးက နောင်နောင်ကို တင်ကာ စက်ဘီးနင်းသွားလိုက်သည်။ သို့သော် သူက အိမ်ပြန်နေခြင်းမဟုတ်ဘဲ မြစ်ကမ်းဘေးသို့ သွားနေခြင်းသာဖြစ်သည်။ သူ မြစ်ကမ်းဘေးတွင်ထိုင်လိုက်ပြီး ရေပြင်ကျယ်ကို ငေးမောလိုက်သည်။


နောင်နောင်က စိတ်ရှုပ်ပြီး မေးလိုက်မိသည်။


"ငါ့ကို ဘာလို့ဒီကိုခေါ်လာတာလဲ... အိမ်ပြန်မှာမဟုတ်ဘူးလား... အန်တီက ငါတို့ကို စောင့်နေတယ်လေ..."


ကျိရှောင်ကျိုးအဝေးကို လှမ်းမျှော်ကြည့်လိုက်သည်။


"ငါမာမီကိုပြောပြီးသား.. နည်းနည်းလောက် အိမ်ပြန်နောက်ကျတာ ဘာမှမဖြစ်ပါဘူး..."


"အိုး..."


နောင်နောင် ဘာမှမပြောတော့ဘဲ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။


ကျိရှောင်ကျိုး အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ခေါင်းထဲရှိ အရှုပ်အထွေးများအားလုံးက အထုံးပြေသွားပြီဖြစ်သည်။ ယခုအချိန်တွင် သူ့ခေါင်းထဲ၌ အလွန်အမင်းရှင်းလင်းနေသည်။ သူမကို သူသဘောကျနေသည်။ ယောက်ျားများက တည့်သာပြောသင့်သည်။ သူတို့သဘောကျနှစ်သင်သောသူကို ကြိုးစားသင့်သည်။ မည်သို့ပင်ဆိုစေ နောင်နောင်က သူ့ညီမအရင်းမဟုတ်ပေ။ တိတိကျကျပြောရလျှင် ငယ်သူငယ်ချင်းများဖြစ်၍ အဆင်ပြေပေသည်။


သို့သော် သူတို့နှစ်ယောက်လုံးက ငယ်ရွယ်နေသေးသည်။ နောင်နောင်က သူလုပ်ခဲ့သော အရာများကို နားလည်ပုံမပေါ်ချေ။ ယခုတွင် သူနောင်နောင်ကို တစ်စုံတစ်ခုလုပ်ချင်၍ ရူးသွပ်မတတ်ဖြစ်နေသည်။ သို့သော် နောင်နောင်တွင် သဘောကျနေသော သူရှိနေပြီဟု သူသတိရမိသွားသည်။


သူအခု တစ်ခုခုမလုပ်လိုက်လို့ တစ်ယောက်ယောက်က အရင်လှုပ်ရှားသွားရင်ဘယ်လိုလုပ်ကြမလဲ... 

အဆုံးတွင် သူတစ်ချိန်လုံး နောင်နောင်ကို မျက်စိမလွှဲနိုင် ဖြစ်နေခဲ့သည်။


နောင်နောင်က သူ့အပိုင်ဖြစ်သည်။ မည်သူမှ သူမကိုထိ၍မရပေ။ ထိုသို့မဖြစ်လာစေရန် ကာကွယ်ဖို့အတွက် သူကအရင်ဆုံး လက်ဦးမှုယူရပေလိမ့်မည်။


၎င်းက သူ သူမကိုဤနေရာကို ဘာကြောင့်ခေါ်လာရသလဲဆိုတာ၏ အကြောင်းပြချက်ဖြစ်သည်။


လည်ချောင်းရှင်းလိုက်ပြီး ကျိရှောင်ကျိုးက ပြောလိုက်သည်။

"နောင်နောင်... ငါနင့်ကို ပြောစရာရှိလို့ ဒီကိုခေါ်လာတာ..."


နောင်နောင် သူ့ကိုလှည့်ကြည့်ကာ 'အင်း'ဟုပြောလိုက်သည်။ ထို့နောက် သူဆက်ပြောလာမည်ကို တိတ်တိတ်လေးစောင့်နေပေသည်။


ကျိရှောင်ကျိုး လက်သီးဆုပ်ကာ သူ့နှုတ်ခမ်းရှေ့တွင် အုပ်လိုက်သည်။


"နောင်နောင်... နင့်စိတ်ထဲမှာ သဘောကျနေတဲ့လူတကယ် ရှိနေတာလား..."


နောင်နောင် ခေါင်းငြိမ့်လိုက်သည်။


သူ့မျက်လုံးထဲတွင် စိတ်အလိုမကျမှုတို့ ဖြတ်ပေးသွားသော်လည်း ကျိရှောင်ကျိုးက ဆက်ပြောလိုက်သည်။


"ဒါဆို... နင်တဲ့အတူကြီးပြင်းလာခဲ့ပြီး နင့်ကိုကောင်းကောင်းဆက်ဆံပေးတဲ့ အခြားကောင်လေးတစ်ယောက်က နင့်ကိုကြိုက်နေတယ်ဆိုရင်ကော လက်ခံမှာလား..."


နောင်နောင့် မျက်တောင်တို့ တုန်ယင်သွားသည်။ သူမဖြေးဖြေးချင်း ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးကို တည့်တည့်ကြည့်၍ မေးလိုက်သည်။


"ဘယ်သူလဲ..."


ကျိရှောင်ကျိုး အံတင်းတင်းကြိတ်လိုက်သည်။


"နင်တဲ့အတူ ကြီးပြင်းလာပြီး နင့်ကိုကောင်းကောင်းဆက်ဆံပေးတဲ့ ကောင်လေးတစ်ယောက်ဆိုမှတော့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ..."


နောင်နောင်ပါးစပ်အဟောင်းသားဖြင့် ကြောင်တောင်တောင်လေး ဖြစ်သွားသည်မှာ အရူးလေးနှင့်ပင် တူနေတော့သည်။


ကျိရှောင်ကျိုး မနေနိုင်တော့ဘဲ သူမပါးလေးကို ဖျစ်ညစ်လိုက်ပြီး ကြမ်းကြမ်းတမ်းတမ်းမေးလိုက်သည်။


"ပြောလေ... နင်ဘယ်လိုထင်လဲ..."


နောင်နောင်၏ မျက်နှာက ဂျုံလုံးတစ်ခုလို ဆုပ်နယ်ခံနေရသော်လည်း သူမဂရုမစိုက်ပေ။ သူ ကျိရှောင်ကျိုးကို အချိန်အတော်ကြာ ကြောင်တောင်တောင်လေးကြည့်ပြီးမှ ခပ်သာသာခေါင်းငြိမ့်ပြလိုက်သည်။


ယခုတစ်ခါက ကျိရှောင်ကျိုး အံ့ဩသွားရသည့် အလှည့်ဖြစ်သည်။


သူမ လွယ်လွယ်ကူကူပဲ ခေါင်းငြိမ့်လိုက်တာလား... သူ အငြင်းခံရရင် သူမကိုဆွဲဆောင်ဖို့ အစီအစဉ်တွေအများကြီး ဆွဲပြီးပြီလေ ...အခုတော့ ဘယ်တစ်ခုမှ သုံးစရာမလိုတော့ဘူးလား...


"နောင်နောင် အခုခေါင်းငြိမ့်လိုက်တာ ဘာအဓိပ္ပါယ်လဲ နင်သိလား..."


သူမ၏ ကြီးမား၍ ကြည်လင်သော မျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ပြန်သည်။


ရုတ်တရက် ကျိရှောင်ကျိုး အားပါးတရ ရယ်မောတော့သည်။ သူမကို အားကုန်သုံး၍ ဖက်လိုက်သည်။


"နင် ခေါင်းငြိမ့်လိုက်တယ်... ဒါကို သဘောတူတယ်ပဲ မှတ်ယူလိုက်ပြီနော်... နင်ပြန်ရုတ်သိမ်းလို့ မရဘူး... နင်ပြန်ရုတ်သိမ်းရဲရင် နင့်ကိုရိုက်ပစ်မှာနော်..."


နောင်နောင်က နာနာခံခံဖြင့် နောက်တစ်ခါ ခေါင်းငြိမ့်ပြလိုက်သည်။


သူဝန်ခံလိုက်သည်ကို လုံးဝမရှက်ရွံ့သော ကျိရှောင်ကျိုးက ပြေးထွက်သွားပြီး ရေပြင်ကိုကြည့်၍ အော့လိုက်သည်။ ထို့နောက် နောင်နောင်ကို ကောက်မလိုက်ပြီး လေထဲတွင် ဝေ့ရမ်းလိုက်သည်။ နောင်နောင်က ကြောက်လန့်သွားပြီး သူ့လည်ပင်းကို တင်းတင်းကိုင်ကာ မလွှတ်လိုက်ရဲပေ။သူမ အနည်းငယ် ရီဝေဝေဖြစ်မှ အောက်ပြန်ချခံလိုက်ရသည်။


ကျိရှောင်ကျိုး နောင်နောင်ကို မေးစေ့မှပင့်မော့လိုက်သည်။ ထို့နောက် နတ်ဆိုး အာဏာရှင်တစ်ပါးလို ခြိမ်းခြောက်လိုက်သည်။


"အတန်းဖော် ဝမ်နောင်... အခုကစပြီး မင်းက ကိုယ့်ရဲ့ ကောင်မလေးဖြစ်သွားပြီ... နားလည်လား..."


နောင်နောင် နောက်တစ်ကြိမ် ခေါင်းငြိမ့်ပြလိုက်သည်။


"အရင်က မင်းဘယ်သူ့ကိုပဲကြိုက်ခဲ့ကြိုက်ခဲ့... အဲ့လူကို ထပ်ကြိုက်လို့မရတော့ဘူး ဟုတ်ပြီလား..."


နောင်နောင် ခေါင်းဆက်ငြိမ့်ပြန်သည်။


"အခုကစပြီး မင်း ကိုယ့်ကိုပဲ ကြိုက်ရမယ်.. အိုကေလား.."


နောင်နောင် ခေါင်းထပ်ငြိမ့်ပြန်သည်။


"ကောင်းတယ်...."


သူ၏ ခြိမ်းခြောက်မှုများမှ သဘောတူညီမှုရသော်လည်း ကျိရှောင်ကျိုးက အပျော်ကြီး ပျော်နေဆဲဖြစ်သည်။ သူ မနေနိုင်တော့ပဲ ခေါင်းငုံ့၍ သူမနှဖူးလေးကို အနမ်းပေးလိုက်သည်။

"နောင်နောင်က အရမ်းလိမ္မာတာပဲ..."


နောင်နောင် ခေါင်းငုံ့လိုက်သည်။သူမ၏ နှုတ်ခမ်းထောင့်လေးများက လျှို့ဝှက်စွာ ကွေးညွတ်သွားသည်။ သူမက သူခြိမ်းခြောက်၍ သဘောတူခဲ့ရသည်ဟု ထင်နေလောက်သည်။ သူမအချိန်အကြာကြီးစောင့်နေခဲ့ရသူက သူဖြစ်သည်ဟု မသိလောက်ပေ။


သူမ ဘယ်သောအခါမှ ကျိရှောင်ကျိုး၏ ညီမ မဖြစ်ချင်ခဲ့ပေ။ သူမက ကျိရှောင်ကျိုး၏ တစ်ဦးတည်းသော ချစ်ရသူဖြစ်ချင်ခဲ့သည်။


သူ သူမကို အိမ်မှ မူကြိုသို့သွားရန် လာခေါ်ချိန်မှစ၍ သူနှင့် တစ်ဘဝလုံး မခွဲတော့ဘူးဟု သူမကိုယ်သူမပြောခဲ့သည်။


ကံကောင်းစွာဖြင့် သူမ၏အကြံအစီများနှင့် အစီအစဉ်များကြောင့် ဤရလဒ်ကိုရခဲ့သည်။ သူမ မကျေမနပ်မဖြစ်ပေ။


သူနောက်ဆုံးတွင် သတိပြုမိသွားခဲ့ပြီဖြစ်သည်။