အခန်း(၉၆)သမီးတစ်ယောက်မွေးရအောင်
Viewers 38k

အပိုင်း (၉၆) - သမီးတစ်ယောက်မွေးရအောင်


သူတို့အိမ်မှာ နေ့လည်စာစားကြသည်။


လင်းချင်းဟယ်က ကပ်စေးနှဲသူမဟုတ်ပေ။ သူမသည် ကျိုး‌ရှောင်မိန်တို့ လင်မယားကို ဟင်းအမယ် အနည်းငယ်ဖြင့် တည်ခင်းကျွေးမွေးခဲ့သည်။ ထမင်းစားပွဲသည် လုံးဝသဟဇာတဖြစ်ခဲ့သည်။


 စုတာ့လင်းက စက်ဘီးစီးပြီး ကျိုးရှောင်မိန်နှင့်အတူ မြို့သို့ပြန်လာတဲ့အခါ သူက စကားထစ်ထစ်နဲ့ ပြောလိုက်သည်။ “စတုတ္ထ...စတုတ္ထအစ်ကိုနဲ့...စတုတ္ထမရီးက... အရမ်းတော်တာပဲ”


 ကျိုးရှောင်မိန်က သူ့ခါးကို ချိုမြိန်သောအမူအရာဖြင့် ပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။ “သေချာတာပေါ့။ တာ့လင်း၊ ငါ့ရဲ့ စတုတ္ထမရီးက ငါတို့ နည်းနည်း ချမ်းသာဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ငါတို့ သေသေချာချာ စုဆောင်းမယ်ဆိုရင် အိမ်ကြီးကြီးတစ်လုံးလောက် ဝယ်ဖို့ အခွင့်အရေး ရှိနိုင်တယ်။”


စုတာ့လင်းက သဘောတူသည်။ ယခုတစ်ကြိမ်တွင် ဇနီးဖြစ်သူနှင့် လက်ထပ်ရန် ငွေကြေးများစွာ ကုန်ကျခဲ့သော်လည်း သူ့အတွင် စုဆောင်းထားသည့် ငွေကြေး ယွမ်တစ်ထောင်ကျော် ရှိနေသေးသည်။ ဒီခေတ်မှာဆို ဒီလိုမိသားစုက တော်တော်ချမ်းသာတယ်လို့ ဆိုရပေမည်။


အကြင်လင်မယားနှစ်ယောက် အိမ်ပြန်သွားကြသည့်အချိန်တွင် လင်းချင်းဟယ်တို့ ဇနီးမောင်နှံနှစ်ဦးက ဆက်လက်ဆွေးနွေးနေခဲ့သည်။


 “တာ့လင်းက စကား နည်းနည်းထစ်နေပေမယ့် ရှောင်မိန်ကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ဆံနေသရွေ့ အခြေခံအားဖြင့် ပြဿနာမရှိပါဘူး။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောပြသည်။


 “အင်း” ကျိုးချင်းပိုင်က အသိအမှတ်ပြုသည်။


 ဒီ ယောက်ဖ, စုတာ့လင်း အပေါ်မှာ သူ ဘာမှ မကျေမနပ် ဖြစ်တာမျိုး မရှိဘူး။ ထို့အပြင်၊ လူတစ်ဦးအနေနှင့်၊ သူက တော်တော်လေး ကောင်းမွန်သည်။


“ရှောင်မိန် လက်ထပ်တုန်းက အကြီးဆုံးအစ်မ နဲ့ ဒုတိယအစ်မက မပြန်လာနိုင်ဘူး၊ နှစ်သစ်ကူး ဒုတိယနေ့မှာ သူတို့ပြန်လာဖို့ ဖြစ်နိုင်တယ်။” လင်းချင်းဟယ်က ပြောသည်။


ယခုအချိန်တွင် ကျိုးရှောင်မိန်၏ အကြီးဆုံး အစ်မ ကျိုးရှောင်ကျွမ့် နှင့် ဒုတိယ အစ်မ ကျိုးရှောင်ကျွီတို့က မပြန်လာသေးပေ။


ကျိုးရှောင်ကျွမ့်သည် ခဏတာ အအေးမိဖျားနာနေခဲ့ပြီး သိပ်မပြင်းထန်လှသော်လည်း သူ့ခင်ပွန်းအား ခန်းဝင်ပစ္စည်းလက်ဆောင်အဖြစ် ငါးယွမ် ပေးပို့ပေးဖို့ တောင်းဆိုခဲ့ပြီး သူမညီမလေးကို ကောင်းချီးပေးတယ်ဆိုသည့် သူမရဲ့သဘောထားပင် ဖြစ်သည်။


ကျိုးရှောင်ကျွီရဲ့ ယောက္ခမဖြစ်သူသည် အအေးမိဖျားနာနေခဲ့ပြီး ကျိုးရှောင်ကျွီရဲ့ ခင်ပွန်းသည်က တစ်ဦးတည်းသောသား ဖြစ်သောကြောင့် ယောက္ခမဖြစ်သူကို ပြုစုပေးရန် သူမမှလွဲ၍ အခြားပြုစုပေးနိုင်မယ့်လူ မရှိပေ။ သူမရဲ့ စိတ်သဘောထားကို ဖော်ပြနိုင်ဖို့ ငါးယွမ် ပို့ပေးရန် ခင်ပွန်းဖြစ်သူအား တောင်းဆိုခဲ့သည်။


ဤအကြီးဆုံးအစ်မ နှင့် ဒုတိယအစ်မတို့သည် အကြီးဆုံးအစ်ကိုထက် အသက်ပိုကြီးသော အစ်မနှစ်ယောက်ဖြစ်သည်။ ယောက်ျားလေးနှင့် မိန်းကလေး ပေါင်းလျှင် မောင်နှမထဲမှာ အစ်ကိုအကြီးဆုံးက တတိယသားဖြစ်သည်။


သို့သော် ဒီခေတ်အချိန်အခါတွင် ရောနှောတွက်ချက်ခြင်း မပြုပေ။ အမျိုးသားတွေကို သီးသန့်တွက်ချက်ပြီး အမျိုးသမီးကိုလည်း သီးသန့်တွက်ချက်ကြသည်။


 “ခရိုင်မြို့ကို သွားချင်လား။” ကျိုးချင်းပိုင်က သူ့မိန်းမကို ပြောချင်တာကို နားလည်ပြီး သူမကို ကြည့်လိုက်သည်။


“နှစ်သစ်ရဲ့ ဒုတိယနေ့ထက် သုံးရက်မြောက်နေ့မှာ အတူတူသွားကြမယ်လေ။” လင်းချင်းဟယ်က ဆုံးဖြတ်လိုက်သည်။


ဒီနှစ်ထဲမှာ ကျိုးရှောင်မိန်က လာလည်ချင်ရင် လာလည်နိုင်သေးသည့်အတွက် သူတို့ အိမ်မှာပဲ နေလိုက်ဦးမည်။ အကြီးဆုံးအစ်မ နှင့် ဒုတိယအစ်မကတော့ လင်းချင်းဟယ်နဲ့ သိပ်မရင်းနှီးသည့်အတွက် သိပ်ထွေထွေထူးထူး လုပ်စရာ မရှိပေ။


ထို့နောက် လင်းချင်းဟယ်သည် မနှစ်က ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရှုခဲ့ကြသည်။


လောင်တ၊ လောင်အာ့နဲ့ လောင်စန်းတို့လည်း အတူဝိုင်းဖွဲ့ကြည့်ရှုခဲ့ကြသည်။ သူတို့ရဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေကို ကြည့်ပြီး အရမ်းသဘောကျနေကြသည်။


 “မေမေ၊ ဒီနှစ် ခရိုင်မြို့ကို ခရီးထွက်တုန်း ဓာတ်ပုံရိုက်လို့ ရဦးမလားဟင်” လောင်တက သူ့အမေကို စိုက်ကြည့်ရင်း အမေးပြုသည်။


“အမေ၊ ဓာတ်ပုံရိုက်ချင်သေးတယ်။” လောင်အာ့လည်း သူ့အမေကို မျှော်လင့်တကြီး ကြည့်နေခဲ့သည်။


“ကျွန်တော်လည်း ဓာတ်ပုံရိုက်ချင်တယ်။” လောင်စန်းကလည်း ခေါင်းညိတ်ထောက်ခံသည်။


လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။ “မင်းတို့ ဒီနှစ်မှာ အရမ်းလိမ်လိမ်မာမာနေကြလို့ အမေတို့ ဒီနှစ်မှာ ဓာတ်ပုံထပ်ရိုက်ကြတာပေါ့။” 


ကလေးသုံးယောက် ရွှင်မြူးသွားကြသည်။


ညနေခင်းတွင် လင်းချင်းဟယ်သည် ဓာတ်ပုံများကို စူးစိုက်ပြီး ငေးကြည့်နေတုန်းပင်။ လင်းချင်းဟယ်သည် သူမရဲ့ သွေးကြောထဲထိတိုင် ကျိုးချင်းပိုင်ကို သဘောကျခဲ့သည်။


ကျိုးချင်းပိုင်က ဓာတ်ပုံရိုက်တဲ့အခါ အရမ်းလေးနက်လွန်းသည်။ လင်းချင်းဟယ်က သူ့ကို ပို၍ ညင်သာပျော့ပျောင်းခိုင်းပေမယ့် သူက ပြုံးရယ်သည့်ဟန် မလုပ်နိုင်ပေ။ သူက တကယ့်ကို လူဖြောင့်တစ်ယောက်ပါပဲ။


“ဓာတ်ပုံဘောင်တွေ မရှိလို့ မဟုတ်ရင် ဓာတ်ပုံတွေကို ဓာတ်ပုံဘောင်ထဲမှာ ထည့်ထားရမယ်။” လင်းချင်းဟယ်က ပြောလိုက်သည်။ 


ကျိုးချင်းပိုင်ရဲ့ မျက်ခုံးတွေက ပျော့ပျောင်းနေပြီး ပြောလိုက်သည်။ “ကိုယ် လက်သမားကို လုပ်ခိုင်းလိုက်မယ်လေ။”


လင်းချင်းဟယ် စိတ်ပြောင်းသွားပြန်သည်။ “ထားလိုက်ပါတော့၊ နောက်မှ စဥ်းစားကြတာပေါ့။ နှစ်တိုင်း တစ်နှစ်တစ်ခါ ဓာတ်ပုံရိုက်ရင် အများကြီး စုဆောင်းထားမိလိမ့်မယ်။ နေရာမယူတာက ပိုကောင်းလိမ့်မယ်။”


ကျိုးချင်းပိုင်သည် သူမစိတ်တိုင်းကျ လုပ်ခိုင်းခဲ့သည်။


နှင်းတွေကျလာချိန်မှာတော့ အခြေခံအားဖြင့် လှုပ်လှုပ်ရှားရှား သိပ်မလုပ်ကြတော့ပေ။ ကျိုးချင်းပိုင်က အိမ်မှာ မွေးမြူရန် ဝက်ကလေးနှစ်ကောင်ကို ပြန်သယ်လာသည်။ လင်းချင်းဟယ်က နေ့တိုင်း ဘာစားရင် ကောင်းမလဲ ဆိုတာကို စဉ်းစားသည်။


ရွှေဖရုံသီး မန်ထို၊ ပြောင်းဖူးမန်ထို၊ ပဲနီလေးမန်ထို၊ ကောက်ညှင်းပေါင်မုန့် နှင့် ရတနာရှစ်ပါးဆန်ပြုတ်တို့ကို သူမ တစ်ခါတည်း ပြုလုပ်ခဲ့သည်။


ဒါတွေက အဓိက အစားအစာတွေပင် ဖြစ်သည်။ အရံဟင်းလျာတွေအနေဖြင့် အသားစွပ်ပြုတ်မျိုးစုံ နှင့် သတ်သတ်လွတ်စွပ်ပြုတ်များကိုလည်း ချက်ပြုတ်ထားသေးသည်။


ဆောင်းရာသီက ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဖြည့်စွက်စာတွေကို စားသောက်ရန် အကောင်းဆုံးအချိန် မဟုတ်ပါလား။ တစ်နှစ်လုံး အလုပ်ကြိုးစားပြီးနောက် ဒီဆောင်းရာသီတွင် အနားယူနိုင်ဖို့ အချိန်ရောက်ပြီ ဖြစ်သည်။


ကလေးတွေက သူတို့စိတ်တိုင်းကျ စားသောက်ကြပြီး ကျိုးချင်းပိုင်လည်း အလားတူပါပင်။


မနက်စောစော အိပ်ရာထပြီး ပြေးလွှားတဲ့အခါမျိုးမှာ သူ့အားအင်တွေ ကုန်ခန်းသွားလောက်အောင် မောပန်းနိုင်စွမ်း မရှိသေးပေ။ လင်းချင်းဟယ်က ညအချိန်တွင် သဘာဝအတိုင်း သူ့အားအင်တွေကို လောင်ကျွမ်းဖို့ ခံနိုင်ရည်ရှိသည်။


“ဒီည ရှင် ကောင်းကောင်းအိပ်တော့။ ကျွန်မကို လာမရှုပ်နဲ့တော့၊ ရှင် ကျွန်မပြောတာ ကြားလား။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို သတိပေးလိုက်သည်။ မနေ့ညက သူတို့ရဲ့ လှုပ်ရှားမှုက နည်းနည်း ကြမ်းသွားတော့ လောင်တ အိပ်ရာကနေ နိုးလုနီးပါး ဖြစ်သွားခဲ့သည်။


ဆောင်းရာသီတွင် ကလေးသုံးယောက်က သူမတို့နှင့်အတူ လာအိပ်ကြသည်။


“မင်း မအော်ဘူးဆိုရင် ဖြစ်ပါတယ်ကွာ။” ကျိုးချင်းပိုင်က သူမကို ရယ်ရွှင်မြူးနေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။


လင်းချင်းဟယ်ရဲ့ အတွေးထဲတွင် ‘ရှင်ရဲ့အားအင်က ထိပ်တန်းပဲ၊ ကျွန်မက ဘယ်လို ခံနိုင်ရည် ရှိပါ့မလဲ။’


ညနေကျရင် လင်းချင်းဟယ်က လောင်တကို အိမ်စာလုပ်ခိုင်းသည်။ လောင်တက ပြောလိုက်သည်။ “အမေ၊ နောက်နှစ်မှာ သား တတိယတန်းစာကို သင်ချင်တယ်။ ဒုတိယတန်းက အရမ်းလွယ်တယ်။”


“ကောင်းပြီ၊ ကျောင်းတက်ချိန်ရောက်ရင် မင်းအဖေကို ပြောခိုင်းလိုက်မမယ်။ ဆရာမက မင်းကို အတန်းကျော် စာမေးပွဲ ဖြေဆိုခိုင်းပြီးတာနဲ့ မင်း တတိယတန်းစာကို သင်နိုင်လိမ့်မယ်။” လင်းချင်းဟယ်သည် အလွန် ဒီမိုကရေစီဆန်နေသေးသည်။


သူမ၏ လမ်းညွှန်သင်ကြားပေးမှုအောက်တွင် လောင်တက တတိယတန်းစာ တစ်ဝက်ကို သင်ယူပြီးသွားပြီဖြစ်သည်။ ဒုတိယတန်းစာကတော့ သူ့အတွက် ကလေးကစားစရာလို လွယ်ကူလွန်းလှပေသည်။ ဒီနှစ်တွင် သူက စာမေးပွဲတိုင်းတွင် အမှတ် ၁၀၀ ရရှိခဲ့ပြီး အိမ်စာကို ကောင်းမွန်စွာ ကျေညက်ကြောင်း ဖော်ပြသည်။


ဒါကြောင့် လောင်တ တတိယတန်းတက်ဖို့ ဆိုသည်မှာ ပြဿနာမရှိပေ။ ယခုခေတ်အချိန်အခါတွင် မူလတန်းကျောင်းအားလုံးသည် ငါးနှစ်အရွယ် ကျောင်းစတက်ရတာ မဟုတ်သေးပဲ ခြောက်နှစ်အရွယ်မှ ကျောင်းစတက်ရတာ ဖြစ်သည်။ 


“အဖေ၊ အမေပြောတာကို ကြားလား။ သား နောက်နှစ်မှာ တတိယတန်း တက်ချင်တယ်။” လောင်တက သူ့အဖေကို ပြောလိုက်သည်။


ကျိုးချင်းပိုင်လည်း ဒါကို မကန့်ကွက်ပေ။


သူက ကလေးတွေရဲ့ ပညာရေးမှာ ဝင်ရောက်စွက်ဖက်ခဲသည်။ ကလေးတွေ အမှားတစ်ခုခုလုပ်မိရင် သူတို့ကို သွန်သင်ပေးရလိမ့်မည်။


ဒါ့ကြောင့် နောက်နှစ် တတိယတန်းကို ကျော်တက်မယ့် ကိစ္စက သေချာသွားသည်။


တကယ်တော့ လင်းချင်းဟယ်မှာ လောင်တကို တတိယတန်းကို ကျော်တက်စေချင်တာက သူမမှာ ကိုယ်ပိုင်စဥ်းစားထား ရှိသည်။


လာမည့်နှစ်တွင် လောင်တသည် အသက် ခုနစ်နှစ် ပြည့်တော့မည်ဖြစ်သည်။ ခုနစ်နှစ်သားအရွယ်တွင် တတိယတန်းစာကို သင်ယူရန် စောလွန်းသေးသော်လည်း သူ အောင်မြင်စွာ သင်ယူနိုင်သရွေ့ သိပ်မဆိုးလှပါ။


ကောလိပ်ဝင်ခွင့်စာမေးပွဲကို ၁၉၇၇မှာ ပြန်လည်စတင်ခဲ့တာ ဖြစ်သောကြောင့် ဖြစ်သည်။ ယခုနှစ်သည် ၁၉၇၀ဖြစ်ပြီး အခုနှစ်သစ်ကူးကျော်သွားရင် ၁၉၇၁ ဖြစ်ပြီ ဖြစ်သည်။ 


ပထမအသုတ် ကောလိပ်ဝင်ခွင့်စာမေးပွဲကို သေချာပေါက် မဖြေဆိုနိုင်ပေမယ့် ဒုတိယအသုတ် သို့မဟုတ် တတိယအသုတ်ကို ဖြေဆိုရမယ့်အချိန်ကျရင် ဝင်ရောက်ဖြေဆိုနိုင်ပေလိမ့်မည်။


ထိုအချိန်တွင် လောင်တရဲ့ အသက်က ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်လောက်သာ ရှိသေးသည့်အတွက် ကောလိပ်တက်ခွင့်ရရင် ကောင်းပေလိမ့်မည်။


သူမကိုယ်တိုင် သင်ကြားပေးထားသော ကလေးများသည် အသက်ဆယ့်လေးနှစ် သို့မဟုတ် ဆယ့်ငါးနှစ်အရွယ်လောက်ပင် သူတို့တွင် လုံလောက်သည့် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်စွမ်းနှင့် လွတ်လပ်မှု အားကောင်းလိမ့်မည်ဟု သူမယုံကြည်သည်။


“အမေ၊ သား ကျောင်းသွားသင့်လား” လောင်အာ့က မေးသည်။


သူက ဒီနှစ်ကူးပြီးရင် အသက်ငါးနှစ် ပြည့်ပြီ ဖြစ်သည်။


“မင်း ခြောက်နှစ်အရွယ်ရောက်မှ ပြောကြရအောင်။ မင်း အိမ်မှာ အရင်လေ့လာလို့ရတယ်။ နောက်နှစ်ပြီးရင်တော့ မင်းအစ်ကိုလို ကျောင်းတက်ပြီး မင်းအစ်ကိုလို အတန်းတစ်တန်း ကျောက်တက်ဖို့ လုပ်နိုင်လိမ့်မယ်။” လင်းချင်းဟယ်က ပြောလိုက်သည်။


ထိုစကားကို ကြားသောအခါ လောင်အာ့က ခေါင်းညိတ်လိုက်သည်။


လောင်အာ့ကို ရှင်းပြပြီးနောက် လောင်စန်းကို သူမ လှည့်ကြည့်လိုက်သည်။ လင်းချင်းဟယ်က အပြုံးလေးဖြင့် ပြောလိုက်သည်။ “လောင်စန်းလေးက ငယ်သေးတယ်။ မင်းအမေနဲ့ အိမ်မှာ အချိန်ပိုနေရမယ်။ အသက်ကြီးလာတဲ့အထိ စောင့်ဦး၊ သား အရွယ်ရောက်ရင် ကျောင်းပို့ပေးမယ်”


“သား ကျောင်းလွယ်အိတ် လိုချင်တယ်” လောင်စန်းက ပူဆာသည်။


ဒီကလေးက သူ့အစ်ကိုရဲ့ ကျောင်းလွယ်အိတ်ကို လိုချင်နေတာ ကြာပြီ။


“ကောင်းပြီ၊ သား ကျောင်းတက်ရတဲ့အခါကျရင် အမေက သားအတွက် ကျောင်းလွယ်အိတ် လုပ်ပေးမယ်” လင်းချင်းဟယ်က သဘောတူသည်။


လောင်စန်း ကျေနပ်သွားသည်။ ညီအကိုတွေ ခဏလောက်ကစားပြီးနောက် အိပ်ပျော်သွားကြသည်။ ညီအကိုတွေရဲ့ စိတ်နေစိတ်ထား အတူတူမို့ သူတို့ အိပ်ချင်တိုင်း ခဏလေးနဲ့ အိပ်ပျော်သွားကြသည်။


“အကြင်နာကင်းမဲ့တဲ့ ကောင်စုတ်လေးသုံးယောက်ပဲ။” လင်းချင်းဟယ်က သူတို့ကို စောင်ချုံပေးရင်း ရေရွတ်လိုက်သည်။


“မိန်းမ၊ ကိုယ်တို့ သမီးလေး ထပ်မွေးရအောင်” ကျိုးချင်းပိုင်က သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး လိမ္မာပါးနပ်စွာ ပြောလိုက်သည်။


“အဲ့အကြောင်းကို စဥ်းတောင် မစဉ်းစားနဲ့။ ရှင့်မှာ သားတွေ ရှိနေသားပဲ။” လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။


ကျိုးချင်းပိုင်က ပြုံးပြီး သူမကို သူ့အောက်တွင် ဖိထားလိုက်ရာ လင်းချင်းဟယ်က တုန်လှုပ်ချောက်ချားစွာ ပြောလိုက်သည်။ “ရှင် မရှုပ်ပါနဲ့၊ နေ့တိုင်း တောက်လျှောက်လုပ်နေတာ၊ ရှင့်ရဲ့ ကျောက်ကပ် အားနည်းသွားမှာကို မစိုးရိမ်ဘူးလား။”