အပိုင်း (၁၀၀) - ၇၀ ခုနှစ်၏နောက်ဆုံးနေ့
အိမ်မှာ လင်းချင်းဟယ်က ယုန်သားကို ချက်ပြုတ်ပြီး တတိယမောင်လေးလင်း အကြောင်းကို ကျိုးချင်းပိုင်နဲ့ ဆွေးနွေးခဲ့သည်။ "ရှင် ပြောကြည့်၊ ကျွန်မရဲ့ တတိယမောင်လေး ဘာဖြစ်နေတာလဲ၊ သူ အရင်ကထက် ပိုပိန်သွားတယ်။"
ထုံးစံအတိုင်း ကျိုးချင်းပိုင်က ဘာမှ မသိသဖြင့် သူက အကြံပေးသည်။ "မင်း ပြန်သွားကြည့်ချင်လား။"
"မပြန်ဘူး။" လင်းချင်းဟယ်က လင်းမိသားစုဟောင်းကို အထင်ကောင်း အမြင်ကောင်း မရှိပေ။ ပြီးခဲ့သောနှစ်တွင် သူတို့သည် သူမအား ဤကဲ့သို့ အကြောင်းပြချက်ကောင်းများပေးကာ မဆိုင်းမတွ ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်လိုက်ကြသည်။
ကျိုးချင်းပိုင်က ကူကယ်ရာမဲ့သွားသည်။
လင်းချင်းဟယ်က လင်းမိသားစု အိမ်ဟောင်းကို ဂရုမစိုက်တော့ပေ။ ချက်ပြုတ်ထားသော ယုန်သားသည် အနံ့အလွန်မွှေးသည်။ လင်းချင်းဟယ်က ဟင်းခတ်အမွှေးအကြိုင်များထည့်ရန် ဆန္ဒရှိသောကြောင့် ယုန်သား အနံ့က အထူးနှစ်လိုဖွယ်ကောင်းသည်။
ဒါပေါ့၊ အဖေကျိုးနဲ့ အမေကျိုးတို့ကလည်း ဒီလိုအရသာရှိတဲ့ အစားအစာတွေကို လက်လွတ်မခံသင့်ပေ။
"ဒီပန်းကန်ကို ရှင့်အဖေနဲ့အမေဆီ ယူသွားလိုက်။ ဒါ ကျွန်မရဲ့ တတိယမောင်လေး လာပို့ပေးတဲ့ ယုန်အသားလို့ ပြောဖို့ မမေ့နဲ့။ သူက ဒီယုန်ကို ဖမ်းမိဖို့ အပြင်မှာ တစ်ရက်လောက် နေခဲ့ရတယ်။" လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ဟင်းထည့်ထားသည့် ပန်းကန်အသေးလေး ပေးကာ ညွှန်ကြားလိုက်သည်။
ဒါက သူ့မိခင်မိသားစုကို သူမ ဖြည့်ဆည်းပေးနေတယ်လို့ သူတို့ထင်တာကို တားဆီးဖို့ပဲ။ သူမသည် မူလပိုင်ရှင်မဟုတ်သောကြောင့် လင်းမိသားစုက သူမထံမှ အကျိုးအမြတ်ကို လုံးဝ မစဉ်းစားတာ ပိုကောင်းသည်။ သူမသည် သူမရဲ့ တတိယမောင်လေးကိုသာ အမှတ်ထားသည်။
တတိယမောင်လေးက ဒီနေ့ ယုန်တစ်ကောင်ကို လာပို့ပေးခဲ့တာကိုတောင် ဘန်းမုန့်သုံးခုပဲ ပေးလိုက်သည်။
သူမ အများကြီး မပေးချင်ခဲ့တာက သူမရဲ့ တတိယမောင်လေးက အခု အိမ်ထောင်ရက်သားကျပြီးဖြစ်လို့၊ သူ့မရဲ့ မောင်လေးဖြစ်သည့်အပြင် တခြားသူတွေရဲ့ ခင်ပွန်းနဲ့ ဖခင်လည်း ဖြစ်သည်။
ထို့ကြောင့် သူ့ယောင်းမဖြစ်သူရဲ့ လိုချင်တပ်မက်စိတ်ကို အလွန်အကျွံမဖြစ်အောင်၊ ဘန်းမုန့်သုံးခုမျှသာ ပေးခဲ့ခြင်းဖြစ်သည်။
မီးနေချိန်ကာလအတွင်း နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သော ကျေးဇူးကိုပါ ထည့်သွင်းစဥ်းစားရမည် ဖြစ်သောကြောင့် တတိယယောင်းမသည် ဘန်းမုန့်သုံးခု ရလျှင်ပင် ရောင့်ရဲရမည်ကို သိသင့်သည်။
ဤသည်မှာ လူမှုဆက်ဆံရေးဖြစ်သည်၊ အယူရှိလျှင် အပေးလည်း ရှိရမည်။ လောကကြီးမှာ ဘယ်အရာမှ အလကား ရတယ် ဆိုတာ မရှိသည့်အတွက်ကြောင့် ဘာကိုမှ မမျှော်လင့်ထားပါနဲ့။
သို့သော် ဤဘန်းမုန့်သုံးခု၏ တန်ဖိုးသည် ယုန်တစ်ကောင်၏ တန်ဖိုးထက် မနိမ့်ကျကြောင်း သူမ မသိခဲ့ပေ။
ဒီလို အရွယ်အစားကြီးမားသော ဘန်းမုန့်တစ်လုံးသည် လေးဆင့်လောက် ကုန်ကျမည် ဖြစ်သည်။ မြို့မှာ သွားဝယ်ရင်တောင် အစားအသောက်ကူပွန် လိုအပ်လိမ့်မယ်၊ အစားအသောက်ကူပွန် မရှိရင် ဝယ်လို့ မရပေ။
ဒီလို ဘန်းမုန့်သုံးခုအတွက် အစားအသောက်ကူပွန် ဘယ်လောက်လိုအပ်လဲ။
ပြီးတော့ ဘန်းမုန့်အထဲမှာ တကယ်ကို အစာတွေ အများကြီး ပါဝင်တယ်။ ဝက်သား၊ ဥ၊ ဂျုံမှုန့်၊ ဒါတွေက ပိုက်ဆံအများကြီး ကုန်ကျတယ်။ ကျန်တဲ့ပါဝင်ပစ္စည်းတွေပါ ထည့်မတွက်ထားရသေးပေ။
အရသာရှိလှတဲ့ ဘန်းမုန့်သုံးခုကို ယုန်တစ်ကောင်နဲ့ လဲလှယ်ရရှိခဲ့တာဖြစ်လို့ စူးရှနာကျင်တာမျိုး မဖြစ်တော့ပေ။
သူ့မိန်းမရဲ့ ပြောစကားကြားတော့ ကျိုးချင်းပိုင် ချွေးအေးတွေ ကျဆင်းသွားသည်။ သို့တိုင် သူ သွားပို့လိုက်သောအခါတွင် ဒီယုန်သားကို သူ့ဇနီးသည်ရဲ့ တတိယမောင်လေးလင်းက ပေးလိုက်ကြောင်း ပြောပြသည်။
အမေကျိုးက ဆိုလိုရင်းကို နားလည်သည်။
သူမရဲ့ သားအငယ်ဆုံး ပြန်သွားတာနဲ့ အမေကျိုး ပြောသည်။ "လောင်တရဲ့ အမေက ပြီးခဲ့တဲ့ တစ်ခေါက်က ပြောခဲ့တဲ့အကြောင်းကို မှတ်ထားတာပဲ။"
အဖေကျိုးက ပြောသည်။ "ဒီအတွက် အရမ်းကြီး စိတ်ပူမနေနဲ့။"
အမေကျိုးက ဘာမှ မတုံ့ပြန်တော့ပဲ ပန်ကိတ်တွေကို အမြန် အပူပေးလိုက်သည်။ ထို့နောက် ပန်ကိတ်နှင့် ချက်ပြုတ်ထားသော ယုန်သားကို စားသောက်ကြသည်။ အရသာက အရမ်းအရသာရှိတာကြောင့် နှစ်ယောက်လုံးက မလုံလောက်ပါဘူး။
"ငါမြင်တဲ့အတိုင်း ပြောရရင် စတုတ္ထလေးက တော်တော်လေး ကောင်းကောင်းမွန်မွန် နေထိုင်ရတယ်။ ဒီနှစ် အလုပ်အရမ်းများပြီး လူတိုင်းပင်ပန်းလို့ ပိန်သွားကြပေမယ့် ငါတို့ရဲ့ စတုတ္ထလေးက မပိန်သွားဘူး။ သူ့ဇနီးသည်က သူ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုခဲ့တာပဲ။" အဖေကျိုးက မှတ်ချက်ပေးသည်။
စတုတ္ထလေးရဲ့ ဇနီးသည်၏ အချက်အပြုတ် ကျွမ်းကျင်မှုသည် စောဒကတက်စရာ မရှိကြောင်း သူ အမှန်တကယ် ခံစားခဲ့ရသည်။
ရံဖန်ရံခါ သူတို့ဆီ ယူလာတဲ့ အသားဟင်းတွေကလည်း အရသာရှိလှသည်။ သူ့သားနဲ့မြေးတွေကို ဒီလိုမျိုး ချက်ပြုတ် ကျွေးမွေးပြုစုခဲ့တာဆိုတော့ ဘယ်လိုလုပ် ဆိုးရွားပါ့မလဲ။
"သူမက စတုတ္ထလေး နဲ့ ကလေးတွေကို ဂရုမစိုက်ဘူးလို့ ကျွန်မ မပြောပါဘူး၊ ဒါက ပိုက်ဆံ အရမ်းကုန်လွန်းလို့ပါ" အမေကျိုး သက်ပြင်းချလိုက်မိသည်။
ခင်ပွန်းသည်နဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်မှုအရ ကျိုးကျားရွာတွင် မည်သူမျှ စတုတ္ထလေးရဲ့ ဇနီးသည်နှင့် မနှိုင်းယှဉ်နိုင်ပေ။ ဒါတင်မကဘူး၊ သူမခင်ပွန်းးပြောတာ မှန်တယ်။
စတုတ္ထလေး ပင်စင်ယူပြီးနောက်ပိုင်းနဲ့ နှိုင်းစာလျှင် အခုအချိန်တွင် ပိုမိုကျန်းမာလာပုံရသည်။ အားနည်းချက်ကို အရိပ်အမြွက်ပင် မမြင်နိုင်ပေ။
လောင်တနဲ့ သူ့ညီတွေလည်း ဒီလိုပါပဲ။ သူတို့ထဲက ဘယ်တစ်ယောက်ကမှ အားမရှိဘူးလို့ မဆိုနိုင်ဘူး။
"ငါတို့ အလုပ်လုပ်နိုင်တုန်းမှာ စုဆောင်းငွေ နည်းနည်းလောက် စုလိုက်ကြစို့။" အဖေကျိုးက ပြောလိုက်သည်။
အမေကျိုးက ခေါင်းညိတ်ပြီး ဘာမှ မပြောပေ။ သူမသည်လည်း စိတ်ကျေနပ်နေပုံရပြီး၊ စတုတ္ထလေး ရဲ့ဇနီးသည်ကို သူမ ကြိုက်သလို လုပ်ခွင့်ပေးလိုက်မည်။ လောင်တနဲ့ သူ့ညီအကိုတွေအတွက် အနာဂတ်အိမ်ထောင်ရေးပိုက်ဆံကို သူတို့က စုဆောင်းပေးမယ်။
သူတို့မြေးသုံးယောက်ကို လူပျိုကြီးလုပ်ခွင့် မပေးနိုင်ဘူး မဟုတ်လား။
အမေကျိုးရဲ့ အတွေးကို မသိသည့် လင်းချင်းဟယ်ကတော့ ကျိုးချင်းပိုင်၊ ကောင်လေးတွေနဲ့အတူ ညစာစားခဲ့သည်။
ပုစွန်ဆိတ်စွပ်ပြုတ်နဲ့ ပြောင်းဖူးမန်ထို။ အရသာရှိသော ယုန်သားဟင်းဖြင့် လင်းချင်းဟယ်တို့မိသားစုသည် သူတို့၏ စိတ်နှလုံးကို ကျေနပ်သည်အထိ စားသုံးကြသည်။
"အဖေ၊ သားတို့က ဘယ်ရက်လောက် ယုန် ထွက်ဖမ်းကြမလဲ" ညစာစားပွဲတွင် လောင်တရဲ့ ယုန်ခေါင်းကို ကြိတ်ဝါးနေရင်း မေးလိုက်သည်။
"ဒီလောက်အေးတဲ့ နေ့မျိုးမှာ နင်က ဘယ်ကိုထွက်ချင်နေတာလဲ။" လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။
“ဒီနှစ် ဆောင်းဦးပေါက်ရာသီမှာ အဆီ၊အသားပြည့်ဝတဲ့ ယုန်အကြီးကြီးတွေ လယ်ထဲမှာ တွေ့ရတယ်။ ဒါပေမယ့် သူတို့ပြေးတာ အရမ်းမြန်တော့ အဖေ သူတို့ကို မဖမ်းနိုင်ဘူး။” လောင်အာ့ ပြောသည်။
ဆောင်းဦး ရိတ်သိမ်းချိန်တွင် ယုန်များ သားပေါက်ပြီး ထိုယုန်များသည် ခုန်ပေါက်ကာ အမြန် ပြေးထွက်သွားကြသည်။ ကျိုးချင်းပိုင်တောင် ဖမ်းမမိသေးပေ။
"မင်းအဖေက ရိတ်သိမ်းချိန်အတွင်းမှာ အရမ်း ပင်ပန်းနွမ်းနယ်ခဲ့ရတယ်။ အဲ့တာကိုတောင် မင်းက သူ့ကို ယုန်တစ်ကောင် ဖမ်းစေချင်သေးတာလား။ မင်းအဖေ စားဖို့ မင်း ယုန်တစ်ကောင်လောက် ဘာဖြစ်လို့ လိုက်မဖမ်းရတာလဲ။" လင်းချင်းဟယ်က လောင်အာ့ကို ညွှန်ကြားခဲ့သည်။
"သားက ငယ်သေးတယ်လေ။ သား ကြီးလာရင် သေချာပေါက် ဖမ်းနိုင်လိမ့်မယ်" လောင်အာ့က လန့်သွားသည်။
"ဒါဆို များများစားပြီး မြန်မြန်ကြီးပြင်းလာခဲ့။" လင်းချင်းဟယ်က ပြောလိုက်သည်။
တောယုန်များသည် အလွန်လျင်မြန်သည်။ ဒါတင်မကဘူး၊ လိမ္မာပါးနပ်တဲ့ယုန်တစ်ကောင်မှာ ဂူသုံးပေါက် ရှိတဲ့အတွက်ကြောင့် သူတို့ကို အမဲလိုက်ဖို့ ဘယ်လိုလွယ်နိုင်ပါ့မလဲ။ အလုပ်များသော နွေရာသီနှင့် ဆောင်းဦး စပါးရိတ်သိမ်းခြင်းမှ ၎င်းတို့တစ်ဦးစီတိုင်းရဲ့ ခွန်အားတွေကို ညှစ်ထုတ်ပစ်ခဲ့ကြသည်။
ယုန်တွေကို ဖမ်းမိဖို့ အခွင့်အလမ်း နည်းပါးသည်။ ယုန်တစ်ကောင် ဖမ်းမိဖို့ အလွန်ကံကောင်းဖို့ လိုသည်။
ကျိုးချင်းပိုင်က ဇနီးဖြစ်သူ၏ မျက်နှာသာပေးမှုကို ခံစားကာ အေးအေးဆေးဆေး အသားကို စားသောက်နေခဲ့သည်။
နောက်တစ်နေ့တွင် သူ ယုန်ဖမ်းရန် ထွက်သွားခဲ့သော်လည်း ပြန်ရောက်လာသောအခါတွင် သူ့လက်များဟာ လွတ်နေဆဲပင် ဖြစ်သည်။ ယုန်များကို အမဲလိုက်ရန် ခက်ခဲသည်။
ကံတရားနဲ့ ခွန်အား ချို့တဲ့လို့ မဖြစ်နိုင်ဘူး။
မင်းမှာ ခွန်အားရှိနေရင်တောင် ကံမကောင်းပဲ ဘာမှ လုပ်လို့မရနိုင်ဘူး။
“ရှင် နှစ်သစ်ကူးအကြိုနေ့မှာ ပျင်းရိနေသလို ခံစားနေရတာလား။ ဒီလိုအေးခဲနေတဲ့ရက်မျိုးမှာ တောင်ပေါ်တက်ပြီး ကိုယ့်ကိုယ်ကို အေးခဲသွားအောင် လုပ်ဖို့ ကြိုးစားနေတာလား။ အိမ်မှာ ကျွန်မတို့ စားစရာ အသား ပြတ်လပ်နေလို့လား။” လင်းချင်းဟယ်က သူ အိမ်ပြန်ရောက်တော့ မြည်တွန်တောက်တီးနေခဲ့သည်။
သူမက မြည်တွန်တောက်တီးနေခဲ့သော်လည်း သူမလက်တွေကတော့ သူ သောက်သုံးရန် ဂျင်းစွပ်ပြုတ်ကို လောင်းထည့်ပေးနေခဲ့သည်။
ဒီနေ့သည် လူနာပြက္ခဒိန်ရဲ့ ဆယ့်နှစ်လမြောက် ၃၀ရက်နေ့ ဖြစ်သည်။
ဒီနေ့ရက်ဟာ ၇၀ ပြည့်နှစ်များ၏ နောက်ဆုံးနေ့ဖြစ်သည်။
လင်းချင်းဟယ်က ထုံးစံအတိုင်း အသီးအရွက်ဟင်းနှစ်မျိုး၊ အသားဟင်းလျာတစ်ခွက်၊ ခေါက်ဆွဲ နှင့် အသားလုံးတို့ကို ယူဆောင်လာသည်။
အသားဟင်းနှစ်မျိုးက လက်ခံနိုင်ဖွယ်ပါပဲ။
အထူးသဖြင့် အသားလုံးတွေက အရမ်းအရသာရှိတယ်။ ကျိုးယန် ကဲ့သို့သော ကလေးများက ဒါကို စားချင်ကြသည်။ တူနဲ့ယူပြီး ကိုက်စားကြသည်။ ထို့နောက် အသီးသီး ဝမ်းသာအားရ ထွက်ခွာသွားကြသည် ။
နှစ်သစ်ကူးညစာစားပွဲအပြီးတွင် အမျိုးသမီးများ စကားစမြည်ပြောဆိုကြပြီး ပန်းကန်တွေကို ဆေးကြောသန့်ရှင်းဖို့ တနီနဲ့ အာ့နီထံ လွှဲပြောင်းပေးခဲ့သည်။
ဒုတိယမရီးက မနေပဲ စားသောက်ပြီးတာနဲ့ သူမက ချက်ချင်း ထွက်သွားခဲ့သည် ။
လင်းချင်းဟယ်က သူမကို ဂရုမစိုက်ပေ။ သူမနဲ့ ဒုတိယမရီးတို့ နောက်ဆုံးရန်ပွဲအပြီးတွင် သူမနှင့် ဒုတိယမရီးတို့က တစ်နေရာတည်းတွင် အတူရှိနေဖို့ ဆန္ဒမရှိခဲ့ပေ။ ဒုတိယမရီးသည် ရန်စကား မပြောဝံ့တဲ့အပြင် လင်းချင်ဟယ်နှင့်လည်း စကားမပြောတော့ပေ။
လင်းချင်းဟယ်က သူမကို ရိုးရှင်းစွာ လျစ်လျူရှုလိုက်သည်။
“တတိယမရီး၊ ညစာစားပွဲဝိုင်းမှာ နင် သိပ်မစားနိုင်ဘူးလို့ ငါတွေ့တယ်၊ ဘာဖြစ်နေလို့လဲ။” လင်းချင်းဟယ်က တတိယမရီးကို မေးသည်။
“ဒီကလေးက နည်းနည်းဆိုးတော့ ငါ့တုံ့ပြန်မှုက နည်းနည်းပြင်းထန်တယ်။” တတိယမရီးက ကူကယ်ရာမဲ့စွာ စကားဆိုသည်။
"မနက်ခင်း အော့အန်တာလား။" လင်းချင်းဟယ် အံ့သြသွားသည်။
"ဟုတ်လိမ့်မယ်။ ငါ မနက်စောစောက သူမ အော့အန်တာ ကြားတယ်။" အကြီးဆုံးမရီးက ခေါင်းညိတ်ထောက်ခံသည်။
လင်းချင်းဟယ်က ကိုယ်ဝန်ဆောင်ရတာ ခက်ခဲပင်ပန်းမယ်လို့ ထင်ခဲ့တာ အခုတော့ သူမ ထင်တဲ့အတိုင်းပင်။
ဒါတောင် ကျိုးချင်းပိုင်က သူမကို နောက်ထပ် သမီးလေး မွေးစေချင်သေးသည်။ ဒီမကောင်းတဲ့ လူကြီးကတော့...
လင်းချင်းဟယ်က ကျိုးချင်းပိုင်၏ ခန္ဓာကိုယ်နှင့် မနီးကပ်စေရန် ဆုံးဖြတ်ခဲ့သည်။ သူမ အရင်ဆုံး ကွန်ဒုံးဝယ်ပြီးတဲ့အချိန်အထိ စောင့်ဆိုင်းရမည်၊ မဟုတ်ရင် သူမ ကိုယ်ဝန်ရလာတဲ့အခါ ဘယ်လိုဖြစ်မလဲဆိုတာ မတွေးကြည့်ရဲဘူး။