အခန်း(၁၀၄)မင်းအဖေကငါ့ကိုဘယ်တုန်းကရိုက်တာလဲ
Viewers 52k

အပိုင်း (၁၀၄) - မင်းအဖေက ငါ့ကို ဘယ်တုန်းက ရိုက်တာလဲ။ 


လင်းချင်းဟယ်သည် သူမ ဝက်သားရောင်းရန် မြို့သို့ သွားချိန်တွင် သူမဘာသာ သေချာပေါက် ဆေးရုံသို့သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။


လက်ရှိအချိန်မှာတော့ ပြဿနာမရှိဘူးလို့ သူမ ယုံကြည်သည်။ အဆုံးတော့ ဒီလောက် အချိန်ကြာသည့်တိုင်အောင် ဘာသတင်းမှ မရှိတာ ဟုတ်တယ်မလား။


ဒါမှမဟုတ် သူမမှာ ပြဿနာတစ်ခုခု ရှိမရှိ နောက်တစ်ခေါက်မှာ ဆေးရုံသွားပြီး စစ်ဆေးကြည့်သင့်လား။


နောက်တစ်နေ့မနက်ခင်းတွင် သူမအပေါ်၌ အနားယူနေသော ဝံပုလွေကြီး ကျိုးချင်းပိုင်က နောက်တစ်ဖန် ပြန်စလာသဖြင့် လင်းချင်းဟယ်သည် အိပ်ပျော်သွားခဲ့သည်။


ဒါကြောင့် သူ ပြောတဲ့ ပိတ်ဆို့ခြင်းက ဆင်ခြင်တစ်ခုပင်။


ဒါ့အပြင် သူမက ကလေးမမွေးပေးဘူးဟု မပြောခဲ့ပေ။ အကယ်၍ သူမ ကိုယ်ဝန်မရနိုင်ရင် ဘာလုပ်နိုင်မှာလဲ။


ဇာတ်လမ်းဇာတ်ကွက်၏ တည်ရှိမှုကြောင့်များ ဖြစ်နိုင်မလား။ အဘယ်ကြောင့်ဆိုသော် ဝတ္ထုထဲတွင် ဤဗီလိန်သားသုံးယောက်၌ ညီမလေး မရှိသောကြောင့် ဖြစ်သည်။


ပထမလ၏ နေ့ရက်များသည် အလွန် သာယာလှသည်။


လင်းချင်းဟယ်သည် ဘာမှလုပ်စရာ မရှိသဖြင့် ကောင်လေးတွေအတွက် ပဲနီပေါက်စီကဲ့သို့သော စားချင့်စဖွယ် စားစရာတချို့ကို ပြုလုပ်ခဲ့သည်။


ပဲနီများကို ရေစိမ်ထားပြီးနောက် ၎င်းကို သကြားခဲနှင့် ရောမွှေကာ ကြေမွေသည့်အထိ ချက်လိုက်သည်။ ပဲနီအချိုကို အဆာအဖြစ် မန်ထိုပေါက်စီထဲ သိပ်ထည့်လိုက်သည်။ ထိုအရာသည် အထူးအရသာရှိသော ပဲနီပေါက်စီပင်။


ပဲနီကိတ်၏ အရိပ်အငွေ့ကို ခံစားမိသည်။


လင်းချင်းဟယ်က ၎င်းကို တော်တော် သဘောကျခဲ့သည်။


ပထမလ၏ ၁၅ရက်မြောက်နေ့တွင် မီးပုံးပွဲတော်အတွက် ဖက်ထုပ်များကို စားကြသည်။ ထို့အပြင် သူမသည် တောင်ပိုင်းလက်ရာပုံစံ ကောက်ညှင်းလုံးများကို ပြုလုပ်ခဲ့သည်။


နှမ်းနက်အဆာသွပ်ထားသော ကောက်ညှင်းလုံးများကလည်း လက်ဖျားခါလောက်အောင် အရသာရှိ စားကောင်းလှသည်။


မီးပုံးပွဲတော် ပြီးသွားသောအခါ လင်းချင်းဟယ်သည် ဝက်သားများကို ရှင်းလင်းရောင်းချရန်အတွက် မြို့သို့ လာခဲ့သည်။ သူမသည် ကျိုးချင်းပိုင်အား သူမ ကျိုးရှောင်မိန်နဲ့ တွေ့ဆုံရန်ချိန်းထားကြောင်း ပြောပြခဲ့သည်။ ကျိုးချင်းပိုင်က သူမကို မတားသဖြင့် လင်းချင်းဟယ်သည် သူမတစ်ယောက်တည်း လာခဲ့လိုက်သည်။ ကောင်လေးတွေကို ကျိုးချင်းပိုင်ထံ အပ်ထားခဲ့သည်။


ဝက်သားများကို ရောင်းချပြီးနောက် သူမသည် ဆေးရုံသို့ ဦးတည်ကာ သွားလိုက်သည်။

သူမသည် ဒီနေရာကို အကာအကွယ် ဝယ်ရန်နှင့် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။


" မင်း ရောက်လာတယ်…။ ငါ မင်းကို ပြန်စစ်ဆေးဖို့ လာခိုင်းတာ၊ ဘာလို့ မရောက်လာတာလဲ " သူမက သားဖွားမီးယပ်ဆိုင်ရာ ညွှန်ကြားရေးမှူးကို ရှာရန် သွားသောအခါ ထိုသူက သူမကို မေးခဲ့သည်။


လင်းချင်းဟယ်သည် ခဏလောက် အေးခဲသွားသည်။ သားဖွားမီးယပ်ဆိုင်ရာ ညွှန်ကြားရေးမှူးကို ကြည့်လိုက်သောအခါ သားဖွားမီးယပ်ဆရာဝန်၏ ရင်းနှီးသောမျက်နှာသည် သူမ၏ခေါင်းထဲတွင် ပေါ်လာသည်။


ဒီမီးယပ်ဆရာဝန်ကို သူမ တကယ်ပင် သိနေခဲ့သည်။


" အလုပ်အရမ်းများနေလို့ ကျွန်မ လာဖို့ အချိန်မရှိတာပါ " လင်းချင်းဟယ်က သူမကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူမ ပြောသည့်အတိုင်း ခေါင်းညိတ်လိုက်သည်။


" အခု ပြန်စစ်စရာမလိုတော့ဘူး။ မင်း ကောင်းကောင်း သက်သာလာတာပဲ " 

သားဖွားမီးယပ်ဆရာဝန်က သူမ၏ အသွင်အပြင်ကို အကဲခတ်ပြီး ခေါင်းညိတ်ကာ ပြောသည်။


" ကျွန်မတောင် ဒေါက်တာကို မေ့လုနီးပါးဖြစ်နေပြီ။ စုံစမ်းမေးမြန်းနေရသေးတယ်။ ဆေးရုံက ဒီလောက် အဝင်အထွက်များတာ၊ ဒေါက်တာက ကျွန်မကို မှတ်မိနေဦးမယ်လို့ မမျှော်လင့်ထားဘူး " လင်းချင်းဟယ်က ရယ်မောရင်း ပြောလိုက်သည်။


" ငါ နှစ်ပေါင်းများစွာ အလုပ်လုပ်လာတာ… သားကြောဖြတ်ဖို့လာတဲ့လူဆိုလို့ မင်းတစ်ယောက်တည်းကိုပဲ ပက်ပင်းတွေ့ဖူးသေးတယ်။ ပြီးတော့ အရမ်းလည်း လှသေးတယ်လေ။ ဘယ်လိုလုပ် မင်းကို မမှတ်မိဘဲနေမှာလဲ " မီးယပ်ဆရာဝန်က ရယ်မောလိုက်သည်။


ဒီစကားတွေက သူမအသိစိတ်ကို ကြောက်စရာကောင်းသည့် မိုးကြိုးဖြင့် ပစ်ချလိုက်သလို ခံစားလိုက်ရပြီး အရမ်းအံအားသင့်မှင်တက်သွားရသည်။


ထို့နောက် ချက်ချင်းပင် မူလပိုင်ရှင်၏ နစ်မြုပ်နေသော မှတ်ဉာဏ်များ ထွက်ပေါ်လာသည်။ ယခင်က လှုံဆော်ပေးနိုင်သည့် အချက်မရှိသဖြင့် မူလပိုင်ရှင်က သားကြောဖြတ်ထားမှန်း သူမ လုံးဝမသိရှိခဲ့ပေ။


ဒါပေမယ့် လင်းချင်းဟယ်သည် မူလဇာတ်ကြောင်းကို ပြန်လည်စဉ်းစားလိုက်သည်။ မူလပိုင်ရှင်သည် ဆန်ကုန်မြေလေး လူမိုက် ချန်ရှန်နှင့်အတူ ထွက်ပြေးသွားပြီးနောက်တွင် သူမက ကလေးမမွေးပေးနိုင်သဖြင့် လုံးဝငြင်းပယ်ခံရကာ နှင်ထုတ်ခြင်းခံခဲ့ရသည်။


ထိုအချိန်တုန်းက သူမ အများကြီး မတွေးမိခဲ့ပေ။ မူလပိုင်ရှင်က အမှန်တကယ်ပင် သားကြောဖြတ်ထားမယ်မှန်း သူမလည်း လုံးဝမတွေးမိခဲ့ချေ။


သားဖွားမီးယပ်ဆရာဝန်၏ အစပျိုးလှုံဆော်ပေးခြင်းကြောင့်သာ သူမ၏ ဒီမှတ်ဉာဏ်က ထွက်ပေါ်လာခြင်း ဖြစ်သည်။


မူလပိုင်ရှင်က ကျိုးမိသားစုအတွက် သားသုံးယောက်ကို မွေးဖွားပေးခဲ့သောကြောင့် သူမသည် လုံခြုံစိတ်ချရပြီဟု ခံစားမိပြီး နောက်ထပ်ကလေး ထပ်မလိုချင်တော့ပေ။ ထိုအကြောင်း ပြောရရင် သူမအတွေးက တစ်ဆင့်မြှင့်သွားပြီး သားကြောဖြတ်ရန် သူမဘာသာသူမ ဆုံးဖြတ်ချက်ချကာ ထိုစိတ်ကူးကို ပြီးဆုံးအောင် ပြုလုပ်ခဲ့သည်။


ဒါပေမယ့် သူမသည် လမ်းမှားကို လျှောက်မိပြီး ဤကဲ့သို့သော အဆုံးသတ်မျိုးကို ရရှိခဲ့သည်။

ဒါပေမယ့် အဓိကအချက်က အခု မူလပိုင်ရှင်က သားကြောဖြတ်ထားတော့ သူမ ကျိုးချင်းပိုင်ကို ဘယ်လိုပြောပြရမလဲ။ သူက သမီးတစ်ယောက် အရမ်းလိုချင်နေတာ……။


သားကြောဖြတ်ထားမှန်း သိလိုက်ရသဖြင့် သူမ စိတ်အေးသွားသည်။ အခုတော့ သူမ ကွန်ဒုံးတောင် မလိုတော့ဘူး။ ဒီဘဝမှာ သူမ ကိုယ်ဝန်ထပ်မရနိုင်တော့ဘူး။


လင်းချင်းဟယ်သည် အကြာကြီးမနေဘဲ အိမ်ပြန်လာခဲ့သည်။ အိမ်မပြန်ခင် ပိတ်စတစ်ချို့ကိုလည်း ဝယ်ခဲ့သည်။ သူမအတွက် အဝတ်အစားသစ် ချုပ်လုပ်ရန် စီစဉ်ထားသည်။ ကျိုးချင်းပိုင်အတွက်လည်း နောက်ထပ်တစ်စုံ ပြုလုပ်ပေးရန် လိုအပ်သည်။ ကောင်လေးတွေအတွက်တော့ မလိုအပ်သေးဘူး။ အရင်ကချုပ်ပေးထားသည့် အဝတ်များကို အရွယ်အစားကြီးကြီး ပြုလုပ်ပေးထားသဖြင့် ၎င်းတို့ကို ဝတ်ဆင်ရန် အဆင်ပြေသေးသည်။


ညနေခင်းတွင် ကျိုးချင်းပိုင်သည် သူ၏လေ့ကျင့်ခန်းကို နောက်တစ်ဖန် ပြုလုပ်ပြန်သည်။ လင်းချင်းဟယ်ကလည်း သူ့ကို ပြုလုပ်ခွင့်ပေးလိုက်သည်။ တကယ်တော့ သူမသည် ထိုကဲ့သို့သော လေ့ကျင့်ခန်းပြုလုပ်ရခြင်းကို ကြိုက်နှစ်သက်သည်။ အထူးသဖြင့် သူမ၏ချင်းပိုင်သည် အလွန်ယောကျ်ားပီသသောကြောင့် ထိုအရာက သူမအား အမျိုးသမီးတစ်ဦးအဖြစ် အသိအမှတ် ပြုစေသည်။


ကျိုးချင်းပိုင်သည် အနည်းငယ် အံ့သြသွားသည်။ ပြီးဆုံးသွားချိန်တွင် သူက သူမအား မေးလာသည်။ " မင်း အဲဒါကို မယူလာဘူးလား "


" ဘာကိုလဲ " လင်းချင်းဟယ်သည် မှိန်းမောနေဆဲဖြစ်သဖြင့် ပြန်မေးလိုက်သည်။


" မင်း ဆေးရုံမှာ သွားဝယ်မယ့်ပစ္စည်းလေ " ကျိုးချင်းပိုင်က ပြောသည်။


သူမ အဆင်ပြေသက်သာလာသောအခါ လင်းချင်းဟယ်သည် ပြုံးရယ်ရင်း ပြောလိုက်သည်။ " ကျွန်မ ရှောင်မိန်နဲ့ သွားတွေ့မှာလို့ ပြောသွားတာ မဟုတ်လား။ ကျွန်မ သွားမယူတော့ဘူးလို့ ပြောထားပြီးသားလေ… အဲဒါကြောင့် သွားမယူတော့ဘူး " သူမက ထိုအရာကို နောက်ထပ် မလိုအပ်တော့ဘူး။ သူသာ သူမကို ကိုယ်ဝန်ရလာအောင် စွမ်းဆောင်နိုင်ရင် သူမ ကလေးမွေးပေးမှာပါ။ သူမစကားအတိုင်း သူမ လုပ်ပေးနိုင်သည်။


သူမကို ဒီလိုမြင်လိုက်ရသောအခါ ကျိုးချင်းပိုင်သည် သူမ တွေးထားပြီးပြီဟု ယူဆလိုက်သည်။ သူ သဘောကျသွားသည်မှာ သေချာလှသည်။ စိတ်ကျေနပ်သွားသည့်နှင့်တပြိုင်နက် သူသည် နောက်တစ်ကြိမ် ကြိုးစားအားထုတ်တော့သည်။


သူ အလုပ်များပြီး နောက်တစ်နေ့တွင် လင်းချင်းဟယ်၏ ဓမ္မတာ လာခဲ့သည်။


ထိုအချိန် ကျိုးချင်းပိုင်၏ မျက်နှာအမူအယာကို ကြည့်ပြီး လင်းချင်းဟယ်သည် ရယ်ချင်နေခဲ့သည်။


" ဟုတ်ပါပြီ။ ကိုယ်ဝန်ရလာရင် မွေးပေးမယ်လို့ ကျွန်မ ကတိပေးတယ် ဒါကြောင့် ကျွန်မရှေ့ ဒီလိုမျက်နှာအမူအယာ လာမလုပ်ပြပါနဲ့ " လင်းချင်းဟယ်က သူ့မျက်နှာကို ဖွဖွပုတ်ပေးရင်း ပြောလိုက်သည်။


ကျိုးချင်းပိုင်သည် နားမလည်သလို ဖြစ်လာသည်။ အရင်က ကိုယ်ဝန်ရဖို့ အရမ်းလွယ်သည်။ သူ အိမ်ပြန်လာတဲ့နှစ်တွေက တစ်လလောက်ပဲ ရှိပေမယ့် သူမက သားသုံးယောက်ကို မွေးပေးခဲ့သည်။


အခု သူက အိမ်မှာ နေပြီး ညတိုင်း လုံလဝီရိယနဲ့ ကြိုးစားအားထုတ်နေပေမယ့်လည်း သူမက ကိုယ်ဝန်မရှိလာဘူး။


လင်းချင်းဟယ်သည် သူ့ကို တစ်ယောက်တည်း ထားခဲ့ပြီး နောက်ဆုံးတွင် အနားယူနိုင်ခဲ့ပြီ။ ဆောင်းရာသီ အစပျိုးကတည်းက သူမသည် ဓမ္မတာလာချိန် ရက်အနည်းငယ်မျှသာ အနားယူနိုင်ပုံရသည်။


ကျန်တဲ့အချိန်တွေမှာတော့ သူမက လေ့ကျင့်ခန်း လုပ်ရသည်။ 


လင်းချင်းဟယ်သည် အနည်းငယ် ရှက်သွားသည်။ သူမမှာ ယခင်က အတွေ့အကြုံမရှိခဲ့ပေ။ ဒီဘဝမှာ ဒီလိုလူနဲ့ တွေ့ဆုံရတာ အရမ်းဝမ်းသာသည်။


အရင်ဘဝမှာ ယောကျ်ားတစ်ယောက်နဲ့မှ မတွဲခဲ့တဲ့အတွက် အလျော်ပေးတာများလား။


အတွေးပေါင်းစုံတွေးနေသော လင်းချင်းဟယ်သည် ထိုအကြောင်းကို ဒီတိုင်းထားလိုက်ပြီး အဝတ်အစားအသစ်များ ချုပ်လုပ်ရန် အခန်းထဲသို့ ဝင်သွားလိုက်သည်။


လောင်တသည် ၎င်းကို မြင်သောအခါ အနားသို့ ရောက်လာပြီး " အမေ… သားအတွက် အဝတ်အစား ချုပ်ပေးမလို့လား "


" အမေ… သားလည်း လိုချင်တယ် " လောင်အာ့က အသံစာစာဖြင့် လှမ်းပြောသည်။

" အဝတ်အစားအသစ် " လောင်စန်းကလည်း ဝင်ပြောသည်။


လင်းချင်းဟယ်က ငြင်းပယ်ပြီး ပြန်ဖြေသည်။ " ဘေးဖယ်လိုက်… မင်းတို့မှာ အဝတ်အစားရှိတယ်လေ ဘာဖြစ်လို့ အသစ်ချုပ်ပေးရမှာလဲ။ ငါ့အတွက်ငါ ချုပ်နေတာ။ မင်းတို့အဖေလည်း တစ်စုံရမယ် "


" အမေက မျက်နှာလိုက်တယ်။ အဖေကျတော့ ရပြီး သားတို့ကျတော့ မရဘူး။ သားတို့လည်း လိုချင်တယ် " လောင်အာ့က အပူကပ်သည်။


" သားကော " လောင်စန်းက အနားကပ်လာပြီး မလျှော့တမ်း ပြောသည်။


" ဘာလိုချင်တာလဲ။ ကန်းထျဲ မှာ အဝတ်တစ်စုံပဲ ရှိတာ မင်းလို အဝတ်နှစ်စုံ မဝတ်ဘူး " လင်းချင်းဟယ်က ပြောလိုက်သည်။


ကန်းထျဲသည် လောင်အာ့၏ သူငယ်ချင်း ဖြစ်သည်။


လောင်အာ့သည် စိတ်ဆိုးသွားသည်။ လောင်စန်းလည်း ထိုနည်း၎င်းပင်။


" အဖေက အမေကို ရိုက်တယ်။ အမေ… အဖေအတွက် အဝတ်အစား ချုပ်ပေးမှာလား " 

အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သော လောင်တက ထိတ်လန့်တုန်လှုပ်ဖွယ် စကားများကို ထုတ်ပြောခဲ့သည်။


လင်းချင်းဟယ်သည် တစ်ခဏမျှ အံ့အားသင့်သွားပြီး မေးလိုက်သည်။ " မင်းအဖေက ငါ့ကို ဘယ်တုန်းက ရိုက်တာလဲ "


" သားကို မဖုံးကွယ်ပါနဲ့ အမေ…။ မနေ့ညက အဖေ အမေကို ရိုက်နေတာ သား ကြားတယ်။ အမေ အသံတောင် မထွက်ရဲဘူး။ သား အရမ်းအိပ်ချင်နေလို့ပေါ့…။ ထချင်ပေမယ့် မထနိုင်ဘူး " လောင်တက ပြောသည်။


ချက်ချင်းပင် လင်းချင်းဟယ်၏မျက်နှာက နီရဲသွားသည်။ ထိုအချိန်တွင် ကျိုးချင်းပိုင်က အချိန်ကိုက် ရောက်လာသည်။


လောင်အာ့သည် ချက်ချင်းပင် အဖေဖြစ်သူအား ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး " အဖေ… ဘာလို့ သားအမေကို ရိုက်ရတာလဲ "


နားမလည်စွာဖြင့် ကျိုးချင်းပိုင်က ပြန်မေးလိုက်သည်။ " မင်းအမေကို ငါ ဘယ်တုန်းက ရိုက်တာလဲ"


" အဖေက အဲဒါကို ခေါင်းရှောင်ချင်နေသေးတာလား။ သားအကိုကြီး ကြားတယ်။ မနေ့ညက ရိုက်တာ၊ အမေက အော်တောင်မအော်ရဲဘူး " လောင်အာ့က အကြောင်းပြချက်ကို လိမ္မာပါးနပ်စွာဖြင့် ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။