အခန်း (၁၂၆) - လျှို့ဝှက်ချက်များသော ဇနီးသည်
ကျိုးချင်းပိုင်၏ အထည်ကို အရင်ဆုံး လုပ်ရပေမည်။ လူပါး၀သော ကလေးသုံးယောက်အတွက်မူ သူမ အချိန်ယူရမည်။
လောင်တကလည်း အဖေက သူမ၏ ရင်ထဲတွင် အရေးကြီးဆုံးနေရာကို ယူထားကြောင်း ဆက်တိုက်ပြောနေသည်။ လင်းချင်းဟယ်က ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့ပြီး သူတို့ သုံးယောက် ပေါင်းလျှင်တောင် အမေ့ရင်ထဲရှိ အဖေ့နေရာကို မယှဉ်နိုင်သေးကြောင်း ဖော်ပြခဲ့သည်။
လောင်တက သူ မည်မျှ ကြေကွဲရကြောင်း ပြောနေလေသည်။ လောင်အာ့ကလည်း သူ့အတိုင်း လိုက်ပြုမူသည်။ လောင်စန်းက သူ့အဖေ ပြန်လာချိန်တွင် တီးတိုးပြောပြီး သူ၏ အမေကို တစ်ယောက်တည်း မောင်ပိုင်မစီးထားနိုင်ကြောင်း ပြောတော့သည်။
ကျိုးချင်းပိုင်က အဖြစ်အပျက်ကို သိသွားပြီး သူ့နှုတ်ခမ်းထောင့်က ပြန်ကျမလာတော့ပေ။
လင်းချင်းဟယ်က ထိုလူကို ထပ်ဖမ်းခဲ့မိမှန်း မသိလိုက်ပေ။ သူမက ထိုးလတ်စ ဆွယ်တာတစ်ထည်နှင့် ကျိုးချင်းပိုင်ဆီ သွားကာ ယှဉ်ကြည့်လိုက်သည်။ သားအဖနှစ်ယောက်ကို ကြည့်ပြီး “နှစ်ယောက်သား ဘာတွေ တွတ်ထိုးနေတာလဲ”
“ဘာမှဟုတ်ဘူး” လောင်စန်းက ပြောလိုက်သည်။
“မင်းအဖေကို အလုပ်သွားခွင့်ပေးလိုက်တော့၊ မဆွဲထားနဲ့” လင်းချင်းဟယ်က သူ့ကို ဟန့်တားလိုက်သည်။
ယခုအချိန်တွင် ရိတ်သိမ်းစရာ မရှိတော့ပေ။ နေ့စဉ်အလုပ်က ပင်ပန်းနေသေးဆဲ ဖြစ်သော်ငြား စပါးရိတ်သကဲ့သို့ အာရုဏ်တက်ချိန်တည်းက ဖုန်တသောသော အလုပ်လုပ်စရာ မလိုပေ။ ထို့ကြောင့် လင်းချင်းဟယ်သည် နှလုံးသားမဲ့လျက် ကျိုးချင်းပိုင်ဆီ ဝက်ခြံနှင့် ကြက်ခြံကို ပြန်အပ်လိုက်တော့သည်။
အမေကျိုးနှင့် အဖေကျိုးက ညစာစားချိန်ရောက်ခါနီးတွင် ရောက်လာတော့သည်။ သို့သော် ယနေ့တွင် လင်းချင်းဟယ်က သိုးမွေးထိုးပြီး သူမသားသုံးယောက်နှင့် ကြွားလုံးထုတ်နေသောကြောင့် ညစာ အနည်းငယ် နောက်ကျသွားသည်။
လင်းချင်းဟယ်က သွားချက်ပြုတ်စဉ် ကျိုးချင်းပိုင်က နောက်ဖေးရှိ ကြက်ခြံနှင့် ဝက်ခြံကို သန့်ရှင်းရေး လုပ်နေသည်။ အမေကျိုးက ယခုအချိန်တွင် ထိုလုပ်ရပ်ကို မြင်သောအခါ စိတ်ဓာတ်မကျတော့ပေ။
သူမ သည်နေရာကို မကြာခဏရောက်လာပြီးနောက် ထိုစတုတ္ထလေး၏ ဇနီးက ပျင်းရိရန် အချိန်မရှိမှန်း သိလိုက်ရသည်။ သူမက ကလေးများအတွက် အဝတ်ချုပ်လျှင်ချုပ်၊ မချုပ်လျှင် သူတို့အတွက် အရသာရှိသော စားသောက်ဖွယ်ရာများ ချက်ပြုတ်ပေးနေတာ ဖြစ်သည်။
သူမကိုယ်သူမ အာရုံသိပ်မစိုက်ပေ။
အမေကျိုးက မည်သည်ကို ဝေဖန်နိုင်မည်နည်း။
သူက စုချန်လေးကို လောင်အာ့နှင့် ကျန်သည့်သူများအား ကြည့်ခိုင်းထားပြီး ကူညီရန် မီးဖိုချောင် ဝင်လိုက်တော့သည်။
“အမေ ကူစရာမလိုပါဘူး၊ ဟင်းသုံးမျိုးပါပဲ” လင်းချင်းဟယ်က ပြောလိုက်သည်။
ယနေ့က သခွား ကြက်ဥမွကြော်၊ အသားစင်းကောနှင့် တိုဟူး၊ ပုစွန်ရေညှိဟင်းချိုတို့ ဖြစ်သည်။ သူတို့က ပြောင်းဖူးပေါက်စီ ရှိသေး၏။
ယင်းက အလွန်ရိုးရှင်းသော်ငြား အရသာ ရှိသေးသည်။ လင်းချင်းဟယ်က ဆီသုံးရန် ဆန္ဒရှိသောကြောင့် စားစရာများက အလွန် မွှေးသည်။
အမေကျိုးက သူမ အလုပ်သွက်သွက်လေး လုပ်နေပြီး သူမကို တကယ် မလိုအပ်တာ သတိပြုမိသည်။ ထို့ကြောင့် သူမက နောက်ဖေးသို့ သွားလိုက်သည်။
“အမေ” ကျိုးချင်းပိုင် သူ့အမေ ရောက်လာတာ မြင်ပြီး ခေါ်လိုက်သည်။
“ဒီနေ့ မင်းရဲ့မိန်းမက မြို့သွားပြီး ဝါဂွမ်းတွေ ဝယ်လာတာလေ၊ ပြီးတော့ ငါနဲ့ မင်းအဖေအတွက် ဂွမ်းစောင်တစ်ထည် လုပ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်တာ” အမေကျိုးက ပြန်ပြောပြစဉ် ပြုံးနေသည်။
“ချင်းဟယ်က ပြောတယ်၊ အမေနဲ့ အဖေ့ စောင်က မနွေးဘူးတဲ့၊ အမေတို့အတွက် အသစ်တစ်ထည် လုပ်ပေးမှာ” ကျိုးချင်းပိုင်က အတည်ပြုကြောင်း ခေါင်းညိတ်လိုက်သည်။
ယင်းကို အငယ်ဆုံးသား မဆန့်ကျင်တာကို မြင်သောအခါ အမေကျိုးက ပြုံးပြီး ဆက်ပြောလိုက်သည်။
“အမေတို့အတွက် စောင်တစ်ထည် ချုပ်ပေးရုံပဲလို့ ထင်တာ၊ ချင်းဟယ် သိုးမွေးဝယ်ပြန်လာမယ်လို့ မထင်ထားဘူးလေ၊ အမေတို့ ဝတ်ဖို့ ဆွယ်တာနှစ်ထည် ထိုးခိုင်းတယ်လေ”
“ချင်းဟယ် ဝယ်လာတယ်ဆိုတော့ အမေ ချုပ်ဝတ်လိုက်ပါ” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။
“ဒီဝက်နှစ်ကောင်က အသားတော်တော်ရလောက်တယ်” အမေကျိုးက ခပ်၀၀ဝက်နှစ်ကောင်ကို စိတ်ကျေနပ်စွာ ကြည့်လိုက်သည်။
သို့သော် ယင်းက အစာပိုစားသောကြောင့်သာ ဖြစ်သည်။
“ဒီနှစ်တော့ အသားများများ လဲလှယ်လို့ရမှာ၊ အဲဒီအချိန်ကျ အမေ ဘာစားချင်လဲ” ကျိုးချင်းပိုင်က ပြောလိုက်သည်။
“သားအဖေနဲ့ အမေက ချင်းဟယ် ချက်သမျှ ပြေတယ်” အမေကျိုးက ပြုံးလိုက်ကသည်။
ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။ ချွေးမ၏ ဟင်းချက်လက်ရာက အရသာ အရှိဆုံး ဖြစ်သည်။
မကြာမီတွင် ကျိုးချင်းပိုင်က အလုပ်များ လုပ်ပြီးသွားည်။
ယခုနှစ်တွင် သူ့မိသားစုရှိ ဝက်နှစ်ကောင်ကို နှစ်ကုန်သည်အထိ သတ်အုံးမှာ မဟုတ်ပေ။ ဆောင်းစပါးများ စိုက်ပျိုးပြီးနောက် တစ်ကောင် အရင်သတ်မှာ ဖြစ်သည်။
ကျိုးချင်းပိုင်က သူ့ကိုယ်သူ သပ်ရပ်အောင် ပြင်ပြီး သန့်ရှင်းလျက် ထွက်လာတော့သည်။
လောင်းချင်းဟယ်က ဟင်းလျာများကို သွက်သွက်လေး ချက်ပြုတ်ပြီး သယ်လာသည်။
တစ်မိသားစုလုံးက စုဝေးပြီး စတင် စားသောက်ကြတော့သည်။
ယခုခေတ်တွင် အိမ်တိုင်းရှိ စားပွဲတိုင်းတွင် ဟင်းရွက်ချဉ်၊ ဆားရည်စိမ်တို့ ပြတ်လတ်မှာ မဟုတ်ပေ။ သို့သော် သူမဘက်တွင်မူ မြင်တွေ့ခဲသည်။ လင်းချင်းဟယ်က ထိုအရာများကို စားသုံးရတာ မနှစ်သက်သောကြောင့် တွေ့ရမှာ မဟုတ်ပေ။
ဟင်းလျာ အနည်းငယ်သာ ရှိသည်။ တကယ်တော့ လင်းချင်းဟယ်သည် အမှန်တကယ် ခြိုးခြံသည်။ သို့သော် ယနေ့ခေတ်ရှိ လူတို့အတွက်မူ ချဲ့ကားရာ ရောက်နေတာ သံသယဖြစ်ဖွယ် မရှိပေ။
စားသောက်ပြီးနောက် အဖေကျိုးနှင့် အမေကျိုးက စုချန်လေးကို ပြန်ခေါ်လာသည်။
လောင်အာ့နှင့် လောင်စန်းတို့က ပြေးလွှား ဆော့နေကြသည်။ လင်းချင်းဟယ်က ဝေယျာ၀စ္စများကို လောင်တဆီ အပ်ထားပြီး အခန်းထဲသို့ သွားကာ သိုးမွေးထိုးရန် ချည် သွားယူတော့သည်။ ကျိုးချင်းပိုင်က ရေချိုးလိုက်သည်။ သူက လန်းဆန်းသွားပြီဖြစ်သည်။ လင်းချင်းဟယ်က သူ့ကို လောင်တ့၏ ရည်မှန်းချက်များအကြောင်း ပြောပြခဲ့သည်။
“သူ စာမေးပွဲအောင်ရင် စာသွားလေ့လာလို့ ရတယ်” ကျိုးချင်းပိုင်က သူမဘေးတွင် ထိုင်ပြီး ခေါင်းညိတ်လိုက်သည်။
“ကောလိပ်ဝင်ခွင့်စာမေးပွဲကို နောင်ကျ ဖြေနိုင်မလားဆို ကျွန်မ မသိဘူး၊ ဖြေလို့ရရင် ချင်းပိုင် ကျွန်မ တက္ကသိုလ်အတွက် စာမေးပွဲ ဖြေချင်တယ်” လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က အနည်းငယ် မှင်တက်သွား၏။ “မင်းလဲ စာမေးပွဲ ဖြေချင်တာလား”
“ကျွန်မ စာမေးပွဲ ဖြေနိုင်ရင် ဖြေမှာ၊ ရှင် သဘောမတူဘူးလား” လင်းချင်းဟယ်က သူ့ကို ကြည့်လိုက်သည်။
“အဲလို မဟုတ်ပါဘူး၊ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် တင်ဖို့က ခက်ခဲမှာ စိုးလို့ပါ”
“အရမ်းခက်မှာ။ ဒါပေမဲ့ နောင်ကျ သေချာပေါက် ပြန်စနိုင်မှာလို့ ကျွန်မ မျှော်လင့်ပြီးသား၊ အဲဒီအချိန်ကျရင် ကျွန်မ စာမေးပွဲဖြေမှာ၊ ကျွန်မကို မတားနဲ့” လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။
“မင်း ဘယ်လိုလုပ် ဒီလောက် သေချာနေတာလဲ” ကျိုးချင်းပိုင်က မေးလိုက်သည်။
“ပါရမီရှင်တွေက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်ပဲလေ၊ တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ဆိုရင် အသိပညာကြွယ်၀တဲ့လူတွေ အများကြီးကို လိုအပ်တယ်၊ လက်ရှိ အခြေအနေနဲ့ ကျွန်မတို့ နိုင်ငံရဲ့ ပါရမီရှင်တွေက အရင်းအမြစ် မလုံလောက်ဘူး၊ အဲဒီအချိန်ရောက်ရင် ပညာတတ်တွေအတွက် ဆက်ရှိနေမှာ သေချာတယ်၊ ဒီတော့ ကောလိပ်ဝင်ခွင့် စာမေးပွဲက ကိုယ်ရေးအကျဉ်းကို လက်ခံလောက်တယ်လို့ ယူဆမိတယ်” လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က မပြောပေ။ သူ့မျက်နှာက ဗလာကျင်းနေသော်ငြား သူ့ရင်ထဲ ပိုတောင် ထိတ်လန့်သွားသည်။
သူ့ဇနီးက ဒီလောက်အများကြီး တကယ်နားလည်တယ်လား။
လင်းချင်းဟယ်က သူ့ကို မော့ကြည့်လိုက်သည်။ သူမက ရိုးရိုးရှင်းရှင်း ဖြစ်စေရန် အကောင်းဆုံး ကြိုးစားခဲ့ပြီးဖြစ်သည်။ သူ့ကို ခြောက်လှန့်မိသွားတာတော့ မဟုတ်လောက်ပါဘူးနော်။
“ဝင်ခွင့်ခေါ်ရင် မင်း ဖြေချင်ရင် စာမေးပွဲ ဖြေလို့ရတယ်၊ ဒါပေမဲ့ အခုတော့ ဒီကိစ္စကို အပြင်မှာ မပြောနဲ့” ကျိုးချင်းပိုင်က သတိပြန်ဝင်လာပြီး သူ့ဇနီးကို လေးနက်တည်ကြည်စွာ ကြည့်လိုက်သည်။
သူ့ဇနီးက စာပေအတန်းကို အတော်ကြာ ယူခဲ့ပုံပေါ်၏။ ထို့ကြောင့် သူမက ထိုမျှ မြင်နိုင်တာ ဖြစ်မည်။
ရိုးရိုးသားသားဆိုရလျှင် ကျိုးပိုင်က ထိုကိစ္စများကို သူကိုယ်တိုင် တစ်ခါမှ မတွေးဖူးပေ။ သူ့ဇနီးပြောသည့်အတိုင်းဆို နောက်တွင် ဘေးကျပ်နံကျပ် ဖြစ်လာမှာ ရှင်းနေသည်။
သူမ ထိုအရာကို မည်ကဲ့သို့ တွေးမိသနည်း။
သူ့ဇနီးက အမြဲတမ်း ဖတ်ရခက်စေသည်။
“ရှင် ကျွန်မကို ဘာကြောင့် ဒီလို ကြည့်နေတာလဲ၊ လောင်တက အလုပ်သမားများ၊ လယ်သမားနဲ့ စစ်သားများ တက္ကသိုလ် စာမေးပွဲကို ဖြေချင်တဲ့အကြောင်း ပြောတာ ကြားရုံပဲလေ၊ ဒါပေမဲ့ ရွာထဲမှာ ပျင်းရိတဲ့မိန်းမဆိုပြီး နာမည်ကြီးနေတာ တွေးမိတော့ ကျွန်မ ရွေးချယ်ခံနေရာကို မကျော်ဖြတ်နိုင်မှာ သေချာတယ်၊ ဒီတော့ နောင်ကျမှ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေမယ်လို့ တွေးလိုက်တာပဲ”
လင်းချင်းဟယ်က အမှားကို စ ပယ်တော့သည်။
ထိုစကားကိုကြားတော့မှ ကျိုးချင်းပိုင်လည်း စိတ်သက်သာရာ ရသွားပြီး ခေါင်းညိတ်လိုက်သည်။
“ဒီအကြောင်းကို အပြင်မှာ မပြောနဲ့”
“ကျွန်မက ငတုံးမဟုတ်ပါဘူး၊ ပြောဖို့ မလို... ဒီလိုကိစ္စမျိုးကို ရှင့်ပဲ ပြောပြတာပါ” လင်းချင်းဟယ်က သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။
ကျိုးချင်းပိုင်က ပြုံးလိုက်သည်။
“ရှင် ဘယ်အချိန် အလုပ်ပြီးမှာလဲ၊ အိမ်မှာ ထင်းသိပ်မရှိတော့ဘူး” လင်းချင်းဟယ်က သိုးမွေးဆက်ထိုးလျက် ပြောလိုက်သည်။
“လဝက်လောက် လိုသေးတယ်” ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။
“ဒါဆို ကျွန်မတို့ နည်းနည်းလောက် တောင့်ခံနိုင်မှာပါ” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
သူမ သိုးမွေးထိုးနေတာ မြင်သောအခါ ကျိုးချင်းပိုင်က မေးလိုက်သည်။
“ကိုယ့်အဖေနဲ့ အဖေအတွက် ပစ္စည်းတချို့ ဝယ်လာတယ်လို့ ကိုယ့်အမေပြောတာ ကြားလိုက်တယ်”
“အင်း အဲမှာ တွေ့တာနဲ့ ဝယ်လာလိုက်တာ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
“အဖေနဲ့ အမေက ဒီမှာ လာစားရတယ်ဆိုတည်းက အရမ်းပျော်နေတာ” ကျိုးချင်းပိုင်က ပြောပြီး သူ့ဇနီးကို ငေးကြည့်နေပုံက အလွန်နူးညံ့နေသည်။
လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။
“သူတို့ပျော်တယ်ဆိုရင် ဆက်လာစားပေါ့” အလွန်ဆုံးမှ ပမာဏတိုးသွားရုံသာ ဖြစ်သည်။
ခုနစ်ရက်ခန့်ကြာပြီးနောက် လင်းချင်းဟယ်က စောင်သွားယူသည်။