အခန်း(၁၂)
Viewers 12k

အခန်း(၁၂)《ဖြိုဖျက်ရေးနှင့် ပြန်လည်နေရာချထားရေးသတိပေးချက်》


Author: Drunken Light Song

Source: Jostena M

Translator: オタク


အကြောင်းအရင်းမသိရပဲ ရာသီဥတုသည် ပူပြီးရင်း ပိုပူလာနေသည်။ ပထမဆုံးနေဖြင့် စုရွေ့ကျယ်သည် နေ့လည်ခင်းတိုင်းတွင် ချက်ဖြုတ်ဖို့ အိမ်သို့အပြေးပြန်လိမ့်မည်။ သို့သော်လည်း ကျန့်ယွင်သည် သူမီးဖိုချောင်သို့ ၀င်ထွက်ရင်း ချွေးဆို့နေသည်ကိုမြင်သောအခါ ချက်ချင်းပင် စိတ်မချမ်းမသာဖြစ်သွားရသည်။ သူက သူ့ကို ချက်ပြုတ်ဖို့အတွက် ပြန်လာဖို့ ခွင့်မပြုခဲ့ပေ။ သူက သူ့ကို မနက်စာသာ များများလုပ်ထားပြီး မနက်စာမှကျန်သည်များကို နေ့လည်စာမှာ စားနိုင်ပါကြောင်းပြောလေ၏။ 


တကယ်တော့ စုရွေ့ကျယ်သည် ကျန့်ယွင်အား အေးစက်နေသော အစားအစာများစားခိုင်းဖို့ တွန့်ဆုတ်နေမိ၏။ သို့သော် ကျန့်ယွင်သည် ရာသီဥတုပူနေသဖြင့် အေးနေသောအစားအစာများစားပါက ပြဿနာမရှိကြောင်း အခိုင်အမာပြောလေ၏။ စုရွေ့ကျယ်သည် ကျန့်ယွင်အား သဘောတူလိုက်ရန်ကလွဲ၍ ရွေးစရာမရှိပေ။ ထို့ကြောင့် မနက်စာသည် ပို၍ ပီပီပြင်ပြင်ဖြစ်လာတော့သည်။ 


ရာသီဥတုက ပူပြီးရင်း ပူလာ‌သဖြင့် ဆိုင်များသည်စတင်ကာ ပင်ပန်းလာကြ၏။ စုရွေ့ကျယ်သည် တုန့်ကျယ်ဟင်းသီးဟင်းရွက်ဈေးအ၀တွင် အသီးအရွက်များရောင်းခြင်းကို အချိန်တစ်နာရီခွဲသာသုံးနိုင်သည်။ သူသည် နေ့လည်ခင်းအပူဆုံးအချိန်တွင် အိမ်၌သာနေလေသည်။ ဆိုင်ဖွင့်ချိန်နည်းလာသဖြင့် ၀င်ငွေလည်းနည်းလာသော်လည်း ဝူချီနှင့် ရွှီကျိစားသောက်ဆိုင်၏ ၀ယ်လိုအားသည်တိုးလာကာ စုရွေ့ကျယ်၏နေ့စဉ်၀င်ငွေသည် ပုံမှန်တိုးပွားလာရန် အာမခံနိုင်နေပေသည်။ ညနေတိုင်း ဆိုင်သိမ်းပြီးချိန်တွင် စုရွေ့ကျယ်သည် စူပါမားကတ်နှင့် လက်ကားဈေးများသို့ လိုအပ်သည့် ပစ္စည်းပစ္စယများတစ်ခုပြီးတစ်ခု၀ယ်ရန် အမြဲ သွားလေ့ရှိသည်။ တစ်ချိန်တည်းမှာပင် ဟင်းချက်နည်းများအတိုင်းကြိုးကြိုးစားစားအလုပ်လုပ်ပြီး ကျန့်ယွင်၏ဒဏ်ရာအားဖြစ်နိုင်သမျှ အမြန်ဆုံးသက်သာလာစေရန် အာဟာရဓာတ်အများအပြားရနိုင်ဖို့ အခိုင်အမာကြိုးစားနေသည်။ 


စုရွေ့ကျယ်၏အိမ်၌ ကျန့်ယွင်သည် တိတ်တဆိတ်ပင် ပြန်လည်ကောင်းမွန်လာခဲ့ပြီး အချိန်တိုင်းအွန်လိုင်းမှ ပစ္စည်းများ၀ယ်နေခဲ့သည်။ စုရွေ့ကျယ်၏အမြင်တွင် သူအသုံးမ၀င်သောလျှပ်စစ်ပစ္စည်းများ၀ယ်နေသော်လည်း ကျန့်ယွင်ပျော်နေသ၍ သူစိတ်ထဲမထားခဲ့ပေ။ 


အချိန်တစ်ရက်ပြီးတစ်ရက်ကုန်လာပြီး ရုတ်တရက်တစ်နေ့တွင် ချန်ဟွေ့ကျန်းသည် တံခါးဆီသို့နောက်တစ်ကြိမ်ရောက်လာခဲ့သည်။ စုရွေ့ကျယ်သည် အချိန်လ၀က်လောက်ကုန်သွားပြီမှန်း သတိထားမိလိုက်သည်။ 


ကျန့်ယွင်အိမ်၌ရှိနေသဖြင့် သူနှင့်ချန်ဟွေ့ကျန်းပြောနေသောအကြောင်းအရာများကို ကျန့်ယွင်အားမကြားစေလိုပေ။ ထို့ကြောင့်ချန်ဟွေ့ကျန်းအားအထဲသို့မ၀င်စေဘဲ ထိုအစား သူအပြင်သို့ထွက်လိုက်ပြီး တံခါးကို သူ့နောက်ဘက်တွင် ထားလိုက်တော့သည်။ 


“ရှောင်ကျယ်၊ အထဲကိုသွားပြီး ဒီအကြောင်းပြောရအောင်။ အပြင်မှာ အရမ်းပူတယ် ”


စုရွေ့ကျယ်တံခါးဖွင့်လိုက်သောအချိန်တွင် သူမသည် ပိုးထည်ကဲ့သို့သော အေးမြမှုကိုခံစားခဲ့ရသည်။ စုရွေ့ကျယ် အိမ်မှာ တကယ်ကြီးကို လေအေးပေးစက်တပ်ထားတယ်။ သူပိုက်ဆံတွေဘယ်ကရခဲ့တာလဲ။


“အကြီးဆုံးအဒေါ် ၊ အိမ်မှာဧည့်သည်ရှိနေလို့၊ ကျွန်တော့်အတွက်မသင့်တော်ဘူး။ အဒေါ် ဘာလိုချင်တာလဲဆိုတာ ကျွန်တော့်ကိုဘာလို့မပြောရမှာလဲ ”


“ရှောင်ကျယ်၊ ဖြိုဖျက်ဖို့သတိပေးစာ ဒီနေ့ကျလာမယ်လို့ ငါကြားခဲ့တယ်။ ဘာလို့ ငါတို့လမ်းထဲကိုအတူသွားပြီး တစ်ချက်လောက်မကြည့်ရမလဲ ”


ဤကိစ္စအတွက် အချိန်ကျလာပြီပဲ။ 


“ကောင်းပါပြီ သွားကြရအောင် ”


အရိုးသားဆုံးပြောရလျှင် စုရွေ့ကျယ်သည် နည်းနည်းလေးစိတ်မရှည်ဖြစ်နေကာ ပျက်ကပ်ကြီးကလျင်မြန်စွာပင် ချဉ်းကပ်လာနေပြီး သူကတော့ အခုထိ၀ယ်စရာပစ္စည်းအများအပြားလိုနေတုန်းပဲဖြစ်သည်။ 


ပျက်ကပ်ကြီး၏ ပတ်၀န်းကျင်အခြေအနေသည် အလွန်ကိုဆိုးဝါးလှ၏။ သက်တောင့်သက်သာရှိလှသော ‌ဆောင်းဦးနှင့် နွေ‌ဦးရာသီများသည် တိုပြီးရင်း တိုလာလေပြီး ရှည်းလျားလွန်းသောပူပြင်းသည်နွေရာသီနှင့် အေးလွန်းသောဆောင်းရာသီတို့ကိုသာ ချန်ထားခဲ့သည်။ အပူဆုံးအချိန်တွင် အရည်ပြားများ လောင်ကျွမ်းနေသလိုတောင် ခံစားရပြီး အအေးဆုံးအချိန်တွင်ခံစားရသော အေးစက်မှုမျိုးသည် သွေးများကိုတောင် ခဲသွားစေနိုင်သည်။ အပူကိုဟန့်တားစေနိုင်သောတစ်ခုခု သို့မဟုတ် အအေးကိုထိန်းထားပေးနိုင်သောတစ်ခုခုကို အဆင်သင့်ဖြစ်နေရတော့မည်။ 


စုရွေ့ကျယ်သည် သူ့အိမ်သို့ပြန်၀င်သွားလိုက်ပြီး ကျန့်ယွင်ကိုစကားတစ်ခွန်းပြောခဲ့ကာ ချန်ဟွေ့ကျန်းနှင့်ထွက်လာခဲ့၏။ 


‌ချန်ဟွေ့ကျန်းသည် တံခါးနားသို့ ခေါင်းငုံ့ကာ အထဲတွင်ဘာဖြစ်နေသည်ကို ကြည့်ချင်ခဲ့သော်လည်း စုရွေ့ကျယ် တံခါးပိတ်လိုက်သည်မှာ အလွန်မြန်သဖြင့် သူမရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ရာ မဖြစ်နိုင်ပေ။ 


ဟမ်၊ ဒီကလေး သူခိုးတွေလို သူ့ကိုယ်သူ ဘယ်လိုကာကွယ်နေပါလိမ့်။


သူတကယ်ပဲ ဒီပြိုပျက်နေတဲ့အိမ်ကို မြင့်မြင့်မားမားတွေးနေတာလား။ ကံမကောင်းစွာပဲ ဒီကလေးကဉာဏ်ကောင်းလွန်းတယ်။ နို့မဟုတ်ရင် သူတို့ယွမ်သုံးသိန်းကိုဆုံးရှုံးမှာမဟုတ်ဘူး။ 


စုရွေ့ကျယ်သည် အခန်းပြင်ထွက်လာခဲ့ပြီး ချန်ဟွေ့ကျန်း၏မျက်နှာအားတွေ့လိုက်သည်။ သူအကုန်လုံးကို အလေးအ‌နက်ထားမနေတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ရက်အနည်းငယ်လောက်ပါပဲလေ ...


သူတို့သည် လမ်းထဲသို့အတူသွားလိုက်ကြပြီး ပြောထားသောအကြောင်းအရာမှာ ဖြိုဖျက်ခြင်းအတွက်သတိပေးအကြောင်းကြားပြီး ဤသေးငယ်သောဧရိယာအတွင်း နေထိုင်သူများအား ဖြိုဖျက်ရန်နှင့် ပြန်လည်တည်ဆောက်ရန်အတွက်အဆင်သင့်ဖြစ်နေကြောင်း အသိပေးထား၏။ ရည်ရွယ်ချက်ရှိသော နေထိုင်သူများသည် အိမ်ထောင်စုစာရင်းစာအုပ်နှင့်အတူ အိမ်ထောင်ဦးစီးသည် လမ်းရှိအထူးဖြိုဖျက်ရေးရုံးတွင် ယခုချက်ချင်းပင် သွား၍ စာချုပ်၌လက်မှတ်ထိုးနိုင်လေသည်။ ဤဧရိယာရှိအိမ်များသည် အလွန်အိုဟောင်းနေသော်လည်း နေထိုင်ဖို့အတွက်တော့ နေရာကောင်းတစ်ခုဖြစ်သည်။ ထို့ကြောင့်ဖွံ့ဖြိုးရေးလုပ်ဆောင်သူတစ်ချို့သည် ဤနေရာတွင် ပြန်လည်တည်ဆောက်ပြီး ပြန်လည်ဖွံ့ဖြိုးစေချင်ကြပြီး အခြေအနေများသည် အလွန်ကောင်းမွန်ကြောင်း ဦးစွာစာချုပ်လက်မှတ်ထိုးပြီးနောက် ဖြိုဖျက်ခြင်းဆိုင်ရာလျော်ကြေးငွေများကို အိမ်ထောင်ဦးစီး၏သက်ဆိုင်ရာအကောင့်သို့ တစ်ယောက်ခြင်းထည့်ပေးမည်ဖြစ်ကာ ယေဘုယျအားဖြင့် သုံးရက်မှ ငါးရက်အတွင်း အလုပ်လုပ်ကြမည်ဖြစ်သည်။ 


စုရွေ့ကျယ်နှင့် ချန်ဟွေ့ကျန်းတို့သည် အလွန်ပျော်ရွှင်နေခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံး ပိုက်ဆံမြန်မြန်ရချင်ကြသည်။ သို့သော်လည်း စုရွေ့ကျယ်သည် သူ့စာရင်းစာအုပ်အား မယူလာခဲ့ပြီး ချန်ဟွေ့ကျန်းကလည်း သူ့သားဘဏ်ကတ်ကိုမယူလာခဲ့ပေ။ ထို့ကြောင့် သူတို့ဆွေးနွေးလိုက်ပြီး မနက်ဖြန်မှစာချုပ်လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့ကြသည်။ 


သူအိမ်ပြန်ရောက်သောအခါ စုရွေ့ကျယ်‌သည် လျက် ချက်ချင်းပင် သတင်းကောင်းအား ကျန့်ယွင်နှင့် မျှဝေလိုက်၏။ 


ကျန့်ယွင်သည် အလွန်မပျော်မရွှင်‌ဖြစ်နေခဲ့သည်။ သူ အလိုမကျစွာမေးလိုက်သည်။ 


“အိမ်ဖြိုဖျက်ပြီးရင် ဘာဖြစ်မှာလဲ။ မင်းရဲ့အစီအစဉ်တွေက ဘာတွေလဲ ”


‘ဘာအစီအစဉ်လဲ။ မင်းဘာတွေထပ်လုပ်စရာလိုသေးလို့လဲ။ နှစ်အတော်ကြာအထိ ခံနိုင်မယ့် ပစ္စည်းတွေတပုံလိုက်ကြီး၀ယ်ပြီး သူတို့အသက်တွေအတွက်ပြေးလွှားရမယ်လေ။ ငါတို့ဘာများလုပ်နိုင်အုံးမှာလဲ ’


သို့သော်လည်း စုရွေ့ကျယ်သည် ကျန့်ယွင်အား ထိုအကြောင်းမပြောနိုင်ပေ။ ထို့ကြောင့် သူပြောလိုက်သည်။ 


“အခုထိတော့ ဘာမှမတွေးထားရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ချက်ချင်းကြီးလည်း မဖြိုဖျက်လောက်သေးပါဘူး။ အချိန်ကျမှ‌ပဲတွေးတော့မယ်...”


ကျန့်ယွင် သူ့ပါးစပ်ကို ဖြေးဖြေးဖွင့်ကာ ပြောလိုက်၏။ 


“ငါ့မှာ တောင်ဘက်လမ်းရဲ့တစ်ဖက်ခြမ်းမှာ အိမ်လေးတစ်လုံးရှိတယ်။ မင်းအိမ်ကိုဖြိုဖျက်ပြီးတဲ့အခါ မင်းနေစရာနေရာတစ်ခု ချက်ချင်းရှာမတွေ့ခဲ့ဘူးဆိုရင် အဲ့ကိုသွားပြီး ငါနဲ့အတူနေလေ ”


အတူနေထိုင်ခြင်း၊ အတူနေထိုင်ခြင်း။


စုကွေ့ကျယ်၏ပါးစပ်များ တွန့်တက်သွားပြီး ပါးချိုင့်လေးနှစ်ခု ချက်ချင်းဖြစ်ပေါ်လာကာ ကျန့်ယွင်က ငါ့ကိုစိတ်ပူနေပြီး သူနဲ့အတူနေဖို့ ငါ့ကိုဖိတ်ခေါ်နေတာပဲ ဟု တွေးနေခဲ့သည်။ 


“ကောင်းပါပြီ ”


စုရွေ့ကျယ်သည် မီးဖိုထဲသို့ပျော်ရွှင်စွာသွားလိုက်ပြီး ပွဲခံဖို့ရန် အစားသောက်များများပြင်ဆင်တော့၏။ "ကျွန်တော် ငါးပေါင်းဟင်း၊ ငရုပ်သီးစိမ်း၀က်သားကြော် နဲ့ အာလူးနဲ့နံရိုး‌ပေါင်း စွတ်ပြုတ်တို့ကို ချက်မယ်"


စုရွေ့ကျယ် ရည်ရွယ်ချက်ဖြင့် ပစ္စည်းကိရိယာများကိုယူကာပြန်လာပြီး နေရာလွတ်ထဲတွင် ငါးကန်သေးတစ်ခုတူးထားခဲ့ကာ ရေနေသတ္တဝါဈေးမှ ငါးအချို့၀ယ်မွေးထားခဲ့သည်။ နေရာလွတ်ထဲတွင် အပင်များသာ မြန်မြန်ကြီးထွားကြသည်မဟုတ်ပဲ ငါးများပါ ရက်အနည်းငယ်အတွင်းမှာပင် ကြီးလာကြပြီး ဆူဖြိုးလာကြသည်။ ကျန့်ယွင်ကြိုက်မယ်ဆိုတာ သူယုံတယ်။ 


သူသည် ရေခဲသေတ္တာထဲမှအသားများကိုထုတ်ကာ ရေခဲနေသည်ကို ပျော်သွားစေလိုက်သည်။ တချိန်တည်းမှာပင် လတ်ဆတ်သောငါး၊ ငရုတ်သီးစိမ်း၊ အာလူးများနှင့် တခြားပါ၀င်ပစ္စည်းများကို နေရာလွတ်ထဲမှ တိုက်ရိုက်ထုတ်ယူလိုက်လိုက်ကာ စားပွဲတစ်ခုလုံးပေါ်တွင် အလျင်အမြန်ပြည့်သွားစေလိုက်သည်။ 


သို့သော်လည်း သူအာလူးအခွံခွာရန် ဓားတစ်‌ချောင်း ယူဖို့ပြန်လှည့်လိုက်ချိန်တွင် မီးဖိုတံခါး၀၌ ရှော့ရနေသောမျက်နှာနှင့် ရပ်နေသော ကျန့်ယွင်အားတွေ့လိုက်၏။ 


နေ့စဉ် စုရွေ့ကျယ်၏ ဂရုစိုက်မှုဖြင့် ကျန့်ယွင် လျင်မြန်စွာ သက်သာလာခဲ့ပြီး အိပ်ယာအပြင်သို့ထွက်နိုင်နေပြီဖြစ်ကာ သူကိုယ်တိုင်လမ်းလျှောက်နိုင်နေပြီဖြစ်၏။ သို့သော် ဒဏ်ရာလုံး၀အရှင်းမပျောက်သေးခင် ပြင်းထန်သောလှုပ်ရှားမှုများနှင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းများလုပ်ရန် ရှောင်နေရဆဲဖြစ်သည်။ ယခုတော့ စုရွေ့ကျယ်ချက်ပြုတ်နေချိန်တွင် သူတစ်ခုခုကူညီပေးနိုင်တာများရှိလေမလားဆိုပြီး လာခဲ့လိုက်လာ ထိုသို့သော အံ့ဩဖွယ်မြင်ကွင်းတစ်ခုမြင်လိုက်ရမည်ကို မမျှော်လင့်ထားခဲ့ပေ။ 


ဘာဖြစ်ကုန်တာလဲ။


စုရွေ့ကျယ်သည်လည်း အရာအားလုံးအတွက် တုန်လှုပ်သွားလေသည်။ ယခု ကျန့်ယွင်၏ပုံကို ကြည့်လိုက်ပြီး သူ သူ့နေရာလွတ်ထဲကနေ ပစ္စည်းများယူထုတ်နေသည်ကို မြင်လိုက်ရသည်ဆိုသည်ကို သိသွားခဲ့သည်။ 


အခုသူဘာလုပ်သင့်လဲ 



စာရေးသူမှာပြောစရာရှိပါတယ်။ 


【ထူးဆန်းသောပြဇာတ်ငယ်လေး】


ကျန့်ရှောင်ယွင် : ဇနီးလေးရဲ့အိမ်က တကယ့်ကိုအရမ်းရိုးရှင်းလွန်းတယ်။ TVတပ်ဆင်၊ ကွန်ပျူတာတပ်ဆင်၊ ဘရော့ဘန်းတပ်ဆင်၊ တပ်ဆင်.....


စုရှောင်ကျယ် :⊙0⊙ ပိုက်ဆံတွေအများကြီး....သွားပါပြီ။ 


ကျန့်ရှောင်ယွင် : ကိစ္စမရှိဘူး၊ မင်းယောက်ျား(နိလောင်ကုန်း) ငါ့မှာ ပိုက်ဆံအများကြီးရှိတယ်။ 


စုရှောင်ကျယ် : ကမ္ဘာကြီးရဲ့အဆုံးသတ်က ရောက်လာတော့မယ်။ ပြီးတော့ ငါ၀ယ်ချင်တယ်၊၀ယ် ၀ယ် 


ကျန့်ရှောင်ယွင် : ငါ့မှာပိုက်ဆံရှိတယ်၊ မင်းက

တ်ကိုသာပွတ်ဆွဲလိုက်။ 


စုရှောင်ကျယ် : အမြန်လာပြီး ဒီချမ်းသာတဲ့တွင်းကြီးကို မီးရှို့လိုက်ကြပါ။