အခန်း(၁၃)
Viewers 12k

အခန်း(၁၃)《 အတိတ်ဘ၀အကြောင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


စုရွေ့ကျယ်ထိတ်လန့်သွားပြီး သူ့လက်အားလျော့သွားသဖြင့် သူကိုင်ထားသောဓားသည် အောက်တည့်တည့်သို့ ပြုတ်ကျသွားလေ၏။ သူအချိန်မှီမရှောင်လျှင် အဲ့ဒါကစုရွေ့ကျယ်၏ခြေထောက်ပေါ်သို့ တည့်တည့်ကျသွားနိုင်လေသည်။ 


“ဂရုစိုက် ”


ကျန့်ယွင် ချက်ချင်းအနားသို့ရောက်သွားပြီး သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်ကာ သူ့တစ်ကိုယ်လုံးကို သူ့ဘက်သို့ ဆွဲယူလိုက်လေသည်။ ထို့ကြောင့် စုရွေ့ကျယ်၏ခြေထောက်ပေါ် ဓားစိုက်သွားမည့်အဖြစ်ဆိုးမှ ရှောင်ရှားလိုက်နိုင်လေ၏။ 


ကျန့်ယွင်ဆွဲလိုက်သဖြင့် စုရွေ့ကျယ်အသိပြန်၀င်လာလေ၏။ သူထိခိုက်မိပြီး ဒဏ်ရာရမည်ကို အနည်းငယ်ကြောက်မိသော်လည်း ကျန့်ယွင်၏ မသိစိတ်ကြောင့် လှုပ်ရှားလိုက်မှုကြောင့် ပိုတုန်လှုပ်သွားရသည်။ အရင်ဘ၀လိုတစ်ပုံစံတည်းပင်။ သူဘယ်လိုအန္တရာယ်ပဲကြုံရပါစေ ကျန့်ယွင်ကအမြဲလိုလို သူ့ဘေးနားအချိန်မှီပေါ်လာပြီး သူ့အား ထိုအန္တရာယ်များဆီမှ ကာကွယ်ပေးစမြဲပင်။ 


သူအရင်ဘ၀ကဖြစ်ပျက်ခဲ့တာတွေက ဒီမှာတစ်ဖန်ထပ်ဖြစ်လာတာပဲ။ 


ထိုအချိန်တုန်းက သူက အသက်ဆယ့်ခုနစ်နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်သည်။ ဖုတ်ကောင်ဗိုင်းရပ်စ်ဖြစ်ပွားခြင်းပြီးနောက် ဖုတ်ကောင်များ နေရာအနှံ့တွင် ဖြစ်လာကြကာ တစ်မြို့လုံးဖရိုဖရဲဖြစ်နေခဲ့ပြီး နေရာတိုင်းတွင် ထိန်လန့်တုန်လှုပ်စရာသွေးအနံ့များ ရနေခဲ့သည်။ သူနှင့်သူ့ဦးလေးမိသားစုသည် အိမ်ထဲတွင်ပုန်းနေခဲ့ကြပြီး အကုန်လုံးအပြင်မထွက်ရဲခဲ့ကြပေ။ သူ့အကြီးဆုံးအဒေါ်၏ အသက်ကြီးလာသူများ၏အမူအကျင့်ကြောင့် အစားအသောက်များ ပို၀ယ်ထားလေ့ရှိခြင်းကြောင့် သူတို့အိမ်ထဲတွင် လတစ်၀က်ခန့် နေနိုင်ခဲ့ကြလေသည်။ သူတို့ဘယ်လိုပဲခြိုးခြံချွေတာသည်ဖြစ်စေ အစားအသောက်အားလုံးသည် စားလိုက်ကြရသည်ပဲဖြစ်သည်။ 


သူသည် သူ့အကြီးဆုံးအဒေါ်၏ အရူးလုပ်ခြင်းခံရပြီး အစားအစာရှာဖွေဖို့ရန် အပြင်ထွက်ခဲ့ရသည်။ ရလဒ်အနေဖြင့် သူရုတ်တရက်ဖုတ်ကောင်တစ်ကောင် ကုတ်ဆွဲခြင်းခံလိုက်ရပြီး သေလုနီးပါးဖြစ်ခဲ့ရ၏။ သူ့ကိုကယ်တင်ခဲ့သည်မှာ ကျန့်ယွင်ဖြစ်ခဲ့၏။ အကယ်၍လူတစ်ယောက်သည် လွန်ခဲ့သောလတစ်၀က်ခန့်က ဖုတ်ကောင်တစ်ကောင်ကုတ်ဆွဲခံရလျှင် သူ သို့မဟုတ် သူမသည်သန္ဓေပြောင်းလာပြီး တစ်စုံတစ်ယောက်အား ဗိုင်းရပ်စ်ကူးစက်စေမှုမှကာကွယ်ရန် ချက်ချင်းအသတ်ခံရလိမ့်မည်ဖြစ်သည်။ နောက်ပိုင်း၌ သူတို့ဖုတ်ကောင်ကုတ်ဆွဲခံရလျှင်တောင် ကူးစက်ခံရခြင်းအပြင် လူသားများသည် ဗိုင်းရပ်စ်အားကျော်လွန်နိုင်ပြီး စွမ်းအားများလှုံ့ဆော်ပေးကာ စွမ်းအားရှင်များဖြစ်လာခဲ့ကြကြောင်း တွေ့ရှိခဲ့ကြသည်။ 


ထို့ကြောင့်ကျန့်ယွင်သည် စုရွေ့ကျယ်ကိုပြန်ခေါ်သွားပြီးနောက် ထိုဖြစ်ရပ်ကို ‌ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ရလဒ်အနေဖြင့် စုရွေ့ကျယ်သည် ကံကောင်းခဲ့ပြီး စွမ်းရည်နှစ်မျိုးတွဲဖြစ်သည့် သစ်သားစွမ်းရည်နှင့် နေရာလွတ်စွမ်းရည်ရရှိခဲ့သည်။ ထိုအချိန်တုန်းက ကျန့်ယွင်သည် သူ့စွမ်းရည်ဖြင့် လူအယောက်တစ်ရာ၀န်းကျင်ခန့်နှင့် အဖွဲ့ငယ်လေးတစ်ခုဖွဲ့စည်းခဲ့ကာ စက်ရုံတစ်ခုထဲတွင်တပ်စွဲထားခဲ့ကြသည်။ စက်ရုံ၏ ထူထဲလှသောသံမဏိတံခါးနှင့် မြင့်မားသောနံရံပေါ်တွင်မူတည်ပြီး လုံခြုံသောနေရာတစ်ခုဖြစ်ခဲ့သည်။ ကျန့်ယွင်သည် သူ့စွမ်းရည်များကို အလွန်ကျေနပ်နေခဲ့ပြီး သူ့အဖွဲ့အား‌ လာပေါင်းရန်ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း စုရွေ့ကျယ်သည် သူ့ဦးလေးမိသားစု၏ လုံခြုံရေးကို စိတ်မချနိုင်သဖြင့် သူ့မိသားစုကိုပါခေါ်လာနိုင်ရန် တောင်းဆိုခဲ့သည်။ သူစိတ်အလွန်စိတ်မရှည်ခဲ့သော်လည်း ကျန့်ယွင်သဘောတူပေးခဲ့သည်။ 


ပထမဆုံးတွင် ကျန့်ယွင်၏အဖွဲ့အား လာပေါင်းနိုင်သဖြင့် ဦးလေး၏မိသားစုသည် အလွန်ပျော်နေခဲ့ကြသည်။ ထိုနေရာတွင် သူတို့ကိုကာကွယ်ပေးသောလူများစွာရှိပြီး နေ့တိုင်းအစားအသောက်များစားနိုင်ခဲ့ကြသည်။ သူတို့သေလောက်အောင် မ‌ပျော်သင့်ဘူးလား။ သို့သာ် သိပ်မကြာခင်မှာပင် အစားအစာပြတ်လပ်မှုကြောင့် ကျန့်ယွင်သည် အစားအစာဖြန့်ဝေမှုစည်းမျဉ်းများကို ပြောင်းလိုက်ပြီး သူ့အဖွဲ့သည် ပျင်းရိမှီခိုသူများကို ဂရုမစိုက်ပေးတော့ကြောင်း ရှင်းရှင်းလင်းလင်းလုပ်လိုက်သည်။ သာမာန်လူများသည်ပင် သေခြင်းတရားနှင့်တိုက်ပွဲ၀င်ရမည် သို့မဟုတ် အပြင်ထွက်ပြီး ပစ္စည်းများစုဆောင်းရမည် မဟုတ်လျှင် အစားအသောက်ခွဲဝေပေးခြင်းတွင် အစားအစာပေးလိမ့်မည်မဟုတ်ပေ။ 


ဖုတ်ကောင်တစ်ကောင်ကုတ်ခြစ်ခံရခြင်း သို့မဟုတ် အကိုက်ခံရခြင်းမျိုးဖြစ်ပါက စွမ်းအားရှင်တစ်ယောက် ဖြစ်လာနိုင်ချေရှိသော်လည်း သေဆုံးမှုဖြစ်နိုင်ချေလည်း အလွန်ကြီးမားလှသည်။ ဦးလေးနှင့်သူ့မိသားစုသည် တကိုယ်ကောင်းဆန်ကာ သေဆုံးမည်ကို ကြောက်လန့်ကြလေသည်။ သူတို့အသက်တွေအန္တရာယ်ရှိအောင် ဘယ်လိုလုပ်အပြင်ထွက်မလဲ။ 


အကြီးဆုံးအဒေါ်သည် သူ့ဆီသို့လာကာ မေးလေသည်။ အဘယ့်ကြောင့်ဆိုသော် စုရွေ့ကျယ်သည် နေရာလွတ်စနစ်စွမ်းရည်ပိုင်ရှင်တစ်ယောက် ဖြစ်ကာ ထို့ကြောင့်ကျန့်ယွင်၏ပစ္စည်းများသည် သူ့နေရာလွတ်ထဲတွင် သိမ်းထားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တုန်းက သူ့အဒေါ်ကို အနီးစပ်ဆုံးဆွေမျိုးအဖြစ်မှတ်ယူထားခဲ့သဖြင့် ထုံးစံအတိုင်း သူတို့ဆာလောင်မည်ကိုစိုးရိမ်သဖြင့် အစားအစာတချို့ကို သူတို့အတွက် ခိုးသွားပေးခဲ့သည်။ 


ထိုအပြုအမူသည် သိပ်မကြာခင်မှာပင် ရှာတွေ့ခံခဲ့ရပြီး ကျန့်ယွင်သည် အမျက်ချောင်းချောင်းထွက်ကာ စုရွေ့ကျယ်ထံမှ အရာအားလုံးကို ပြန်ယူသွားခဲ့လေသည်။ သူ့အား သစ်သားစွမ်းရည်ဖြင့်လှုံ့ဆော်ပေးရသော ဗိုက်ပြည့်စေသောအာလူးများနှင့်ကန်စွန်းဥများ အလျင်အမြန်ကြီးထွားစေရန်အတွက် တာ၀န်ပြောင်းရွှေ့ခံခဲ့ရသည်။ 


တကယ်တော့ စုရွေ့ကျယ်သည်လည်း ကျန့်ယွင်၏အဖွဲ့ပစ္စည်းများကို သူ့ဆွေမျိုးများအားပေးသည့်အမူအကျင့်သည် အလွန်ဆိုးဝါးမှန်းသိပါသည်။ ထို့ကြောင့် သူဘာတခွန်းမှ ပြန်ခံမပြောပဲ နာနာခံခံဖြင့်ပင် လယ်ကွင်းများဆီသို့သွားခဲ့လေသည်။ 


နောက်ပိုင်းတွင် ကျန့်ယွင်ဘာတွေဖြစ်ပျက်နေသလဲကိုမသိတော့ပဲ ရုတ်တရက်သူ့ကိုလိုက်ရန် စတင်တော့လေသည်။


ထိုအချိန်က ကျန့်ယွင်သူ့ကိုကယ်ခဲ့သဖြင့်သာ မဟုတ်လျှင် သူမသိခဲ့ပေ။ သူကျန့်ယွင်အပေါ် ကြက်ပေါက်လေးကဲ့သို့ရှုပ်ထွေးမှုမျိုး* ရှိခဲ့သည်။ တစ်ကြိမ်လောက် သွားလိုက်ပြန်လိုက်ဖြင့် လူနှစ်ယောက်သည် ပျော်ရွှင်လာနိုင်ပေသည်။ ထိုအချိန်တွင် အကြီးဆုံးအဒေါ်သည် ထိုအကြောင်းသိသွားပြီး ကျေနပ်သည့်အမူအရာမျိုးမပြခဲ့ပေ။ 


【T/N : ဒီနေရာမှာ a chick complex《 雏鸟情结》 ဆိုတာက တရုတ်အသုံးပေါ့နော်။ Googleကနေရှာလာတာကတော့ 

《အခြားတစ်ယောက်ကို အထူးချစ်ခင်ကြင်နာမှုရှိလာမည့် လူ တစ်ဦး၏ဘဝတွင် တွေ့ကြုံခဲ့ရသော ဆန့်ကျင်ဘက် လိင်ပိုင်း ဆိုင်ရာခံစားချက်၏ ပထမဦးဆုံး ပုဂ္ဂိုလ်ကို လူတစ်ဦး၏ ကြက် အဆောက်အအုံအဖြစ် ရည်ညွှန်းသည် ။ ကြက်အဆောက်အအုံက တိရစ္ဆာန်တွေရဲ့ အမူအကျင့်တွေနဲ့ပတ်သက်ပြီး အိန္ဒိယသင်ယူမှုလို့လည်း လူသိများတဲ့ ပထမဦးဆုံး အသက်ရှင်တဲ့တိရစ္ဆာန်တွေကို သူတို့ရဲ့မိခင်တွေအဖြစ် ရှုမြင်ကြတဲ့ တိရစ္ဆာန်တွေကို ကုသပေးမယ်ဆိုတဲ့အချက်ကို ရည်ညွှန်းတယ်။ အင်ဒရာသင်ယူခြင်းသည် မွေးဖွားပြီးနောက် တိရစ္ဆာန်များ၏ အစောပိုင်းသင်ယူမှုပုံစံဖြစ်ပြီး သတ်သတ်မှတ်မှတ် ထိခိုက်နစ်နာစေသော အချိန်ကာလများပါရှိသည်။ အကယ်၍ အသစ်ပေါက်နေတဲ့ ခရစ်ထစ်တာတစ်ယောက်က ၎င်းရဲ့ မိခင်ကို မတွေ့ဘူးဆိုရင် မြင်ရတဲ့ ပထမဆုံး ကြီးမားတဲ့ လှုပ်ရှားမှု ပစ်မှတ်ကို လိုက်နာပါလိမ့်မယ်》 ပါတဲ့ 】


သို့သော်ငြား ထို့နောက်ပိုင်းတွင် မြို့ထဲရှိ အသက်ရှင်သူများမှာ နည်းသထက်နည်းလာလေပြီး ရှင်သန်နေသူများသည် ဖုတ်ကောင်များ၏ ပစ်မှတ်များဖြစ်လာခဲ့သည်။ စက်ရုံ၏ဂိတ်တံခါးများသည် ဖုတ်ကောင်များ၏ နေ့ရောညပါတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခဲ့သည်။ ဂိတ်တံခါးကျိုးသွားသောအခါ ကျန့်ယွင်သည် အဖွဲ့တစ်ဖွဲ့ကိုခေါ်သွားကာ အပြေးထွက်သွားပြီး ဖုတ်ကောင်တချို့ကို ဦးဆောင်ခေါ်သွားသဖြင့် အခြားလူများလွတ်မြောက်နိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် လူအရေအတွက်အနည်းငယ်သာ လွတ်မြောက်နိုင်ခဲ့ကြပြီး စုရွေ့ကျယ်နှင့် သူ့ဦးလေးမိသားစုသည် အသက်ရှင်ခဲ့ကြသည်။ 


သူတို့သည် တစ်လျှောက်လုံးထွက်ပြေးနေခဲ့ကြရပြီး သူတို့တစ်ခြားတစ်ဖွဲ့ကိုတွေ့ရပြီး နိုင်ငံကအသက်ရှင်ကျန်သူများကို လက်ခံပေးမည့် အခြေစိုက်စခန်းတစ်ခု ထူထောင်ထားကြောင်း ကြားရသည်အထိ မည်သို့သောနေ့မျိုးမှန်းမသိရသည်အထိ ပြေးလွှားနေခဲ့ကြရသည်။ ထိုအဖွဲ့သည် အနီးအနားက လင်းချန်အခြေစိုက်စခန်းမှဖြစ်နိုင်သည်။ သူတို့သည် စုရွေ့ကျယ်၏နှစ်မျိုးတွဲစွမ်းရည်အကြောင်းကြားပြီး ချက်ချင်းပင် သူတို့နှင့်အတူ လင်းချန်အခြေစိုက်စခန်းသို့သွားရန် ဖိတ်ခေါ်ခဲ့ကြသည်။ 


သူ့ဦးလေးနှင့်မိသားစုသည် အချိန်တိုင်းအပြင်တွင်အသက်ရှင်ရန် ပြေးလွှားနေရသည်ကို ငြီးငွေ့လာကြကာ အခြေချရန် နေရာတစ်ခုသာရှာချင်ကြတော့သည်။ သူတို့ လင်းချန်အခြေစိုက်စခန်းအကြောင်းကြားခဲ့ကြသောအခါ ချက်ချင်းပင် သူတို့လင်းချန်အခြေစိုက်စခန်းသို့ သွားချင်ခဲ့ကြသည်။ 


အပြင်ပန်းတွင် လင်းချန်အခြေစိုက်စခန်းသည်အမှန်တကယ်ကောင်းမွန်ပုံရ၏။ သူ့သစ်သားစွမ်းရည်နှင့် နေရာလွတ်စွမ်းရည်သည် အလွန်ကျော်ကြားကာ သူသည်ကောင်းကောင်းမွန်မွန်ဆက်ဆံခံရသည်။ သို့သော်လည်းနောက်ပိုင်းတွင် သူကျန့်ယွင်နှင့် နောက်တစ်ကြိမ်ပြန်ဆုံပြီး ကျန့်ယွင်က ထိုစခန်းပေါ်လာသည်မှာ ထင်သလောက်မရိုးရှင်းကြောင်း သူ့အားပြောခဲ့သည်။ ကျန့်ယွင်သည် စုရွေ့ကျယ်သည် သူနှင့်အတူ မြို့တော်သို့သွားလိမ့်မည်ဟုမျှော်လင့်ခဲ့သည်။ 


ထိုအစားချက်ချင်းအဖြေပြန်မပေးခဲ့ပဲ စုရွေ့ကျယ်သည် သူထိုအကြောင်းစဉ်းစားချင်သေးသည်ဟုပြောခဲ့သည်။ 


ရလဒ်အနေဖြင့် သူပြန်သွားသောအခါ ထိုအကြောင်းအားဆွေးနွေးရန် သူ့အကြီးဆုံးအဒေါ်ဆီသို့သွားခဲ့သည်။ 


အကြီးဆုံးအဒေါ်သည် သူ့တုန့်ဆိုင်းနေသည်ကိုမြင်သောအခါ ချက်ချင်းပင်သူ့အားဆွဲပြီး ကျန့်ယွင်၏မျက်နှာအစစ်အကြောင်း ပြောလေတော့သည်။ သူမသည် သူကအမှန်တကယ်တော့ လူဆိုးတစ်ယောက်ဖြစ်ကာ ရဲ့တစ်ယောက်လုံး၀မဟုတ်ကြောင်းပြောလေသည်။ သူမသည် သူပစ္စည်းများစုဆောင်းစဉ် အပြစ်မရှိသောလူများအား ဖျက်စီးသတ်ဖြတ်ခဲ့ကြောင်းပြောခဲ့သည်။ စက်ရုံတွင် ဖုတ်ကောင်များဝိုင်းခံနေရချိန်တွင် ဖယ်ရှားရန်မကြိုးစားပဲ ကျန်နေသည့်လူများအား ငါးစာအဖြစ်ထားကာ သူအသက်ရှင်ဖို့ရန် ဦးဆောင်ထွက်ပြေးခဲ့သည်ဟုပြောခဲ့သည်။ သူမက သူသည် အလိမ်အညာအပြည့်နှင့် လူတစ်ယောက်ဖြစ်ကာ မျက်လုံးတွေ နှာခေါင်းတွေ အားလုံးကပင် ဘယ်နေရာမှ ယုံကြည်ချင်စရာရှာရမှန်းမသိလောက်ဟုပင် ပြောခဲ့သည်။ 


နောက်ဆုံးတွင် စုရွေ့ကျယ်သည် ကျန်သည့်ဘ၀တစ်လျှောက်လုံးနောင်တရနေရမည့်ဆုံးဖြတ်ချက်တစ်ခုချခဲ့လေသည်။ သူသည် ချန်ဟွေ့ကျန်း၏အလိမ်အညာအား ယုံကြည်ခဲ့ပြီး သူချစ်ရသောလူအား သူ့ပုဂ္ဂိုလ်ရေးအရ တွန်းထုတ်ခဲ့လေသည်။ အနာဂါတ်တွင် သူအမှန်တရားများကိုကြားခဲ့ရချိန်တွင် သူအလွန်ပင် နောင်တရခဲ့ရလေသည်။ 


ဒီဘ၀မှာတော့ တူညီတဲ့အမှားမျိုး သူထပ်မလုပ်တော့ဘူး။


စုရွေ့ကျယ်သည် ကျန့်ယွင်အား ၀န်ခံလိုက်ရန်ဆုံးဖြတ်ခဲ့သည်။ 


“ကျန့်ကော၊ ကျွန်တော်ခင်ဗျားကို ပြောစရာတချို့ရှိတယ် ”


ကျန့်ယွင်သည် စုရွေ့ကျယ်၏ ကြည်လင်နေသာမျက်လုံးများကို ကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် အမည်မသိသောခံစားချက်တစ်ခု ပေါ်လာခဲ့သည်။ 


သူတို့အခန်းကိုပြန်ရောက်သောအခါ စုရွေ့ကျယ်သည် ဘယ်လိုစပြောရမည်ကို စဉ်းစားပြီး သူပြန်မွေးဖွားလာခဲ့သည့်အကြောင်းအားလုံးနှင့် ပျက်ကပ်ကြီးအကြောင်း၊ စွမ်းရည်တွေအကြောင်းနှင့် သူ့နေရာလွတ်အကြောင်းများအားလုံးကို ဖြည်းဖြည်းချင်းပြောပြလာခဲ့သည်။ 


“အဲ့ဒါအကုန်ပဲ။ ခင်ဗျားဘာပြောချင်သေးလဲဟင် ”


စုရွေ့ကျယ်သည် ကျန့်ယွင်အား ထိတ်လန်တကြားကြည့်နေခဲ့သည်။ 


ပထမဆုံးတွင် ကျန့်ယွင်သည် ရယ်စရာကောင်းသည်ဟုခံစားရသော်လည်း သူပိုကြားရလေလေ သူပိုထိတ်လန့်လာလေလေ ခံစားခဲ့ရသည်။ စုရွေ့ကျယ်၏မှတ်ချက်များသည် မယုံနိုင်လောက်အောင်ဖြစ်သော်လည်း စုရွေ့ကျယ်ပြောနေသမျှသည်အမှန်ဖြစ်သည်ဟု သူ့နှလုံးသားထဲမှ အသံတစ်ခုကပြောနေခဲ့သည်။ အထူးသဖြင့် စုရွေ့ကျယ်သည် သူနေရာလွတ်စွမ်းရည်ကိုပြသခဲ့ပြီးနောက် ကျန့်ယွင်သည် ပျက်ကပ်ကြီးက အမှန်တကယ်လာနေပြီဖြစ်ကြောင်း ယုံကြည်ရတော့သည်။ 


ပျက်ကပ်ကြီးအကြောင်း အသေးစိတ်နိမိတ်ဖတ်ပြီးနောက် ကျန့်ယွင်သည် ရုတ်တရက်မေးလာခဲ့၏။ 


“ဒါဆို ကိုယ်တို့ကအမှန်တကယ်ကြီး စုံတွဲတစ်တွဲလား။မင်းလည်း ကိုယ့်ကိုသဘောကျလား” 


“အမ်..”


စုရွေ့ကျယ်သည် ကျန့်ယွင်အား ကြောင်အစွာစိုက်ကြည့်ကာ အဘယ်ကြောင့်အာရုံက လမ်းကြောင်းလွဲသွားရသည်ကို အံ့ဩနေမိသည်။ 


“မင်းမျက်လုံးတွေကနေ အရမ်းကျေနပ်နေတာကို ကိုယ်ရှာတွေ့တာ အံ့ဩစရာမရှိတော့ပါဘူး ”


“....”


စုရွေ့ကျယ်အနည်းငယ် ပြောစရာစကားမဲ့သွားရတော့သည်။ 


“မင်း ကိုယ့်ကိုစောစောကတည်းကပြောသင့်တာပေါ့”


ကျန့်ယွင်သည် ဤရက်များတွင် စုရွေ့ကျယ်၏ အလုပ်ကြိုးစားနေမှုကြောင့် အနည်းငယ်စိတ်ဆင်းရဲသွားရသည်။ သူ့သည် ပိုက်ဆံရှာရန်အပြင်တွင် အချိန်ကုန်နေရသည်။ မူလအတိုင်း ရောက်လာတော့မည့် ကမ္ဘာပျက်မည့်နေ့ကိုရင်ဆိုင်ရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။ 


“လူနှစ်ယောက်အတူတူအလုပ်လုပ်တာက တစ်ယောက်တည်းထက်တော့ ပိုကောင်းတာပေါ့ ”


“ မင်း ကိုယ့်ကို အဲ့ဒီအကြောင်းပြောပြဖို့ မတွေးခဲ့ဘူးမလား..”


ကျန့်ယွင်သည်ခေါင်းခါလိုက်ကာ စုရွေ့ကျယ်အခုသူလုပ်လိုက်သလို သူ့စွမ်းအားတွေကိုမပြခဲ့ဘူးဆိုလျှင် ဘယ်သူကမှယုံကြည်ဖို့မဖြစ်နိုင်ပေ။ သူပြောတာတွေကို ယုံခဲ့ကြလျှင်တောင်  ကမ္ဘာကြီးအဆုံးသတ်က ရောက်မလာသေးသလို လူတွေရဲ့လောဘကလည်း အဆုံးမရှိပေ။ စုရွေ့ကျယ်ကဲ့သို့သော ပျက်ကပ်မတိုင်ခင် စွမ်းအားရှိနေသောတစ်စုံတစ်ယောက်သည် တိုက်ရိုက်ပင်ချုပ်နှောင်ခံရကာ စမ်းသပ်မှုများပင်ခံရနိုင်သည်။ အဲ့ဒါက စုရွေ့ကျယ်သူ့အရင်ဘ၀က သေဆုံးရခြင်းအကြောင်းရင်းပင်ဖြစ်သည်။ ထိုအရာမျိုးနောက်တစ်ကြိမ်ထပ်တွေ့ကြုံရဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ပေ။ 


လူသိရှင်ကြားဖြစ်ဖို့ဆိုလျှင် ပိုလို့တောင်မဖြစ်နိုင်ပေ။ လူအများစုသည် ထိုအရာကနောက်ပြောင်မှုတစ်ခုအဖြစ် လှောင်ပြောင်မည်ကိုမပြောလိုပေ။ ဒီလိုအထိတ်တလန့်ဖြစ်စေမည့်အကြောင်းအား ထုတ်ဝေလိုက်ရုံဖြင့် ထောင်ထဲတွင်နေရဖို့လုံလောက်သည်။ မည်သူ့ကိုမှ မကူညီနိုင်သည့်အပြင် သူတို့ကိုယ်သူတို့အန္တရာယ်တွေ ယူဆောင်လာနိုင်ပေသည်။ 


စာရေးသူမှာပြောစရာရှိပါတယ်။ 


【ငါးဆားနယ်အဖေ၏ပြဇာတ်ငယ်လေး 】


ကျန့်ယွင် : ဘုရားရေ ငါတို့ဇနီးလေးက ခေါင်းလောင်းလေးလား။ 


စုရှောင်ကျယ် : မင်းသာရှောင်တင်းတန်း မင်းတို့တစ်မိသားစုလုံးသာရှောင်တင်းတန်း ဟမ် ╯^╰


ကျန့်ယွင် : ဇနီးလေး... မင်းကကောငါ့အိမ်ကမဟုတ်လို့လား။


စုရှောင်ကျယ် : ကောင်းပြီ ဘယ်လိုငြင်းနိုင်ပါ့မလဲ။ကွာရှင်းမယ်။ မြန်မြန်လုပ် ဒီနေ့မကျော်စေနဲ့။


ကျန့်ယွင် : ...ဇနီးလေး၊ မင်းကြည့် ဒါကကိုယ့်အချိန်ပိုင်းအလုပ်ကနေရလာတဲ့လစာ.....မင်းယူသွားလိုက်ပါ။


စုရှောင်ကျယ် : အဲ့ဒါကအရမ်းများနေတယ်...


【ထူးဆန်းသောပြဇာတ်ငယ်လေး】


စုရှောင်ကျယ် : ဒီနေရာက ဖြိုဖျက်တော့မယ်၊ ပြီးတော့ ငါအိမ်ခြေယာမဲ့ဖြစ်တော့မယ်။


ကျန့်ရှောင်ယွင် : ငါ့အိမ်ကိုလာနေပါ။ ငှားရမ်းခအခမဲ့၊ ရေနဲ့လျှပ်စစ်ဘေလ်အခမဲ့၊ လေအေးပေးစက်၊ WiFi၊ ပြီးတော့ နွေးထွေးတဲ့အိပ်ယာကောပဲ။ အို့ အဲ့ဒါကအတော်လေးကုန်ကျစရိတ်သက်သာတယ်မလား။ 


စုရှောင်ကျယ်: ပြောင်းမယ် ပြောင်းမယ် ပြောင်းမယ်။ ငါတို့နောက်တစ်ကြိမ် အတူတူအချိန်ကုန်ကြပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ကြမလား။ အရမ်းစိတ်လှုပ်ရှားလာပြီ၊ အရမ်းစိတ်လှုပ်ရှားလာပြီ ၊ အောင်ပွဲခံကြရအောင်။။ချယ်ရီတွေထွက်လာပြီး ပေါက်ကွဲကုန်ပြီ။


ကျန့်ရှောင်ယွင် : Σ( ゚ロ ゚;) ဘာတွေလား၊ အံ့ဩစရာလား။ မှော်ပညာလား။ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ ငါဆိုးဆိုးဝါးဝါးဒဏ်ရာရပြီး ဦးနှောက်ကိုထိခိုက်မိပြီး အမြင်မှားနေတာပဲဖြစ်မယ်။


စုရှောင်ကျယ် : ကြည့်ရတာ မင်းမြင်သွားပြီဆိုမှတော့ ငါဖုံးကွယ်မထားတော့ပါဘူး။ ဒါကနေရာလွတ်မှော်လက်နက်၊ တကယ်တော့ ငါက ကျင့်ကြံသူတစ်ယောက်ပဲ။ ငါက မီးတောက်ဂိုဏ်းရဲ့ခေါင်းဆောင်ပဲ။ တစ်နေ့တော့ ငါ့လက်ချောင်းတွေနဲ့တွက်ချက်ကြည့်လိုက်တော့ ငါတို့မှာမဖြိုဖျက်နိုင်တဲ့ဆက်ဆံရေးတစ်ခုရှိနေခဲ့တယ်။ ငါဟင်းလင်းပြင်ကိုချိုးဖျက်ပြီး ဒီကမ္ဘာကိုရောက်လာတာ၊ ပြီးတော့ ငါမင်းနဲ့လှပတဲ့ အချစ်ဇာတ်လမ်

းတစ်ခုလိုချင်တယ်။ 


ကျန့်ရှောင်ယွင် : ဘာတွေလား၊ ငါ နားလည်သလောက်ဆို အချစ်ဇာတ်လမ်းတဲ့။ အခုချက်ချင်းပဲ လက်ထပ်ကြမယ် သွားစို့။