အခန်း(၁၄)
Viewers 12k

အခန်း(၁၄)《 အတူတူရင်ဆိုင်ကြမယ် 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


“ကိုယ်တို့မှာ အချိန်ဘယ်လောက်ရှိသေးလဲ ”


ကျန့်ယွင်သည် မျက်နှာတည်တည်နှင့်မေးလာ၏။ 


“ရှစ်ရက်ကျန်သေးတယ် ”


စုရွေ့ကျယ် သူ့အရင်ဘ၀ကို ပြန်တွေးကြည့်လိုက်သောအခါ သူ့အကြီးဆုံးအဒေါ်နှင့်၀မ်းကွဲအစ်ကိုသည် ဖြိုဖျက်ခြင်းအကြောင်းကြားစာ ထွက်လာပြီး နောက်တစ်ရက်တွင် စာချုပ်လက်မှတ်သွားထိုးခဲ့ကြခြင်းဖြစ်ကြောင်း သတိရလိုက်သည်။ ပြောင်းရွှေ့ခြင်းလျှော်ကြေးငွေအား အလုပ်စပြီး သုံးရက်မှ ခုနစ်ရက်အတွင်း ပေးဆောင်မည်ဖြစ်သည်။ သို့သော်လည်း သူတို့သည် ပထမဆုံးစာချုပ်ချုပ်ခဲ့ကြသော အိမ်ထောင်ဦးစီးများဖြစ်ကြသောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သူများသည် သူတို့အား အထူးမီးစိမ်းပြကာ သူတို့အကောင့်များထဲသို့ငွေလွှဲပေးရန် သုံးရက်သာအချိန်ယူခဲ့ကြသည်။ ပိုက်ဆံရပြီး ငါးရက်မြောက်နေ့တွင် ကြောက်မက်ဖွယ်ကောင်းပြီး သွေးထွက်သံယိုပျက်ကပ်ကြီးရောက်လာခဲ့သည်။ 


ကျန့်ယွင် သူ့စကားများကိုကြားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ အချိန်အနည်းငယ်သာကျန်တော့သည်ကို သူမသိလိုက်ပေ။ အကယ်၍ ဖုတ်ကောင်ဗိုင်းရပ်စ်သည် စုရွေ့ကျယ်ဖော်ပြခဲ့သလိုသာ ရက်စက်ကြမ်းတမ်းလျှင် အမှန်တကယ်ကို သေသေချာချာ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်သည်။ သို့မဟုတ်လျှင် သူတို့ အနာဂါတ်တွင် ခက်ခဲသောဘ၀တစ်ခုရှိလာလိမ့်မည် ဖြစ်ချေတော့သည်။ 


“မင်း ပစ္စည်းတွေ ဘယ်လောက်လောက် ပြင်ဆင်ထားပြီးပြီလဲ ”


ကျန့်ယွင် စုရွေ့ကျယ်အားကြည့်လိုက်၏။ 


“ကျွန်တော့နေရာလွတ်ထဲမှာ အစားအစာတွေအများကြီးရှိတယ်။ ကျွန်တော်အပင်တွေကိုကြီးထွားအောင်စိုက်ပျိုးနိုင်ပြီး အစားအစာတိုက်ရိုက်ရနိုင်တယ်။ ဒါပေမယ့် အသားနည်းနည်းပဲရှိတယ်။ ကျွန်တော် ကြက်တွေနဲ့ ဘဲတွေကို၀ယ်ထားပြီးတော့ ငါးတွေကိုလည်း ငါးသားပေါက်နည်းနည်းလောက်၀ယ်ထားခဲ့သေးတယ်။ ဒါပေမယ့် အဲ့ဒီမှာ ၀က်တွေ၊ နွားတွေနဲ့ သိုးတွေလို အမျိုးအစားကျပိုနည်းသေးတယ်။ ကျွန်တော် အ၀တ်အစားတချို့နဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတချို့လည်း ၀ယ်ခဲ့သေးတယ်”


စုရွေ့ကျယ် သူ့လက်ချောင်းများ ချိုးရေကာ သူ့ဦးနှောက်ကို ဖြစ်ညှစ်ပြီး သူ၀ယ်ခဲ့သောအရာများကိုစဉ်းစားလိုက်သည်။ ဒီရက်တွေမှာ သူ့ရသမျှပိုက်ဆံနှင့် ပစ္စည်းတွေတစ်ခုပြီးတစ်ခု၀ယ်ပြီးနောက် သူ့နေရာလွတ်ထဲသို့ တစ်ခုပြီးတစ်ခု ပစ်ထည့်ထားခဲ့သည်။ ယခု သူထိုအကြောင်းရုတ်တရက်စဉ်းစားပြီး သူတကယ်မပြောနိုင်ပေ။ 


ကျန့်ယွင် သက်ပြင်းချပြီး ကလေးကတော့ အရမ်းကိုအစီအစဉ်မကျပေ။ သို့သော်လည်း ထိုအကြောင်းတွေးလိုက်ပြီးနောက် ဒီအသေးလေးကငယ်သေးသည်လေ။ ပြီးတော့ လူမှုရေးအတွေ့အကြုံတွေလည်းမရှိသေးဘူး။ သို့မဟုတ်လျှင် သူ့အတိတ်ဘ၀က ထိုလောက် မရှုပ်ထွေးလောက်ပေ။ 


မေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် အနာဂါတ်မှာ သူ့မှာ သူရှိလျှင် စုရွေ့ကျယ်အားထိုသို့သော ဒုက္ခမျိုးနောက်ထပ် ဘယ်တော့မှထက်ဖြတ်သန်းခွင့်မပြုတော့ပေ။ 


“မင်းရဲ့နေရာလွတ်ကို ကိုယ်၀င်လို့ရလား ”


စုရွေ့ကျယ် မျက်တောင်ခတ်လိုက်ပြီး တကယ်တော့ သူလည်းမရှင်းလင်းပေ။ သူ့အရင်ဘ၀က သူ့စွမ်းအားများနိုးထလာသောအခါ နေရာလွတ်သည် အနည်းငယ်သာကြီးလေပြီး သက်မဲ့အရာလေးများကိုသာထည့်နိုင်လေသည်။ နောက်ပိုင်းတွင် သုတေသနဌာန၏ကူညီမှုဖြင့် နေရာလွတ်သည်ပြောင်းလဲသွား၏။ သို့သော်လည်း သူသည်စမ်းသပ်ပစ္စည်းတစ်ခုအဖြစ်သာ အသုံးပြုခံရပြီး စမ်းသပ်ခန်းထဲတွင်သာ သော့ပိတ်ခံထားခဲ့ရလေသည်။ 


“ဟမ် မင်းကိုယ်တိုင်တောင်မသိခဲ့ဘူးလား ”


ကျန့်ယွင်သည် ဒီကလေးက တကယ့်ကိုစိတ်ရှုပ်နေပြီး ချစ်စရာကောင်းသည်ဟုတွေးနေခဲ့သည်။ 


“ကောင်းပြီ ဒါဆို စမ်းကြည့်ကြမလား ”


ကျန့်ယွင် သူတို့လုပ်နိုင်တယ်လို့ထင်သည်။ ကြက်များနှင့်ဘဲများကို အလွယ်တကူထည့်နိုင်ကတည်းက လူတွေဆိုရင်လည်း ပြဿနာမရှိလောက်ဘူး ဟုတ်တယ်မလား။ 


“ကောင်းပြီလေ ”


စုရွေ့ကျယ်သည် ရှက်သွေးဖြာသွားပြီး လက်ဆန့်ကာ ကျန့်ယွင်၏လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီးနောက် ထုံစံအတိုင်းနေရာလွတ်ထဲသို့ ၀င်ခဲ့လိုက်သည်။ 


ကျန့်ယွင် သူ့မျက်လုံးထဲတွင် အလင်းတစ်ချက်လိုဖြတ်ခနဲသာ ခံစားလိုက်ရသည်။ ထို့နောက် သူ အလွန်လှပသော ချိုင့်ဝှမ်းတစ်ခုကို တွေ့လိုက်သည်။ သိပ်မကြီးလှသော်လည်း နတ်ဘုံတစ်ခုကဲ့သို့ပင် ဆွဲဆောင်နိုင်နေလေသည်။ 


နေရာတိုင်းတွင် အစိမ်းရောင်ဖြင့် ပြည့်နေပြီး အစိမ်းရောင်မြက်ခင်းပြင်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ အစိမ်းရောင် သစ်သီးပင်များနှင့် ကြည့်လင်လှသော စိမ့်စမ်းချောင်းလေးတစ်ခုရှိသည်။ 


ချိုင့်ဝှမ်း၏တစ်ဖက်တွင် ငါးကန်အသေးလေးတစ်ခုရှိသည်။ ကြည့်လင်နေသောရေ၏အောက်ခြေတွင် ငါး၀၀အများကြီးကိုပင် ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။ 


စုရွေ့ကျယ်သူ့လက်ကို လွှတ်ပေးလိုက်သောအခါ ကျန့်ယွင်သူ့အား ပြန်ဆွဲထားလိုက်သည်။ ထို့နောက် သူ့အသံနက်နက်ကို ကြားလိုက်ရသည်။ 


“ဒါကမင်းရဲ့နေရာလွတ်ပေါ့။ အရမ်းလှတာပဲ”


“ဟမ်...”


စုရွေ့ကျယ်ကတော့ ကျန့်ယွင်ကိုင်ထားသောနေရာမှာ လောင်ကျွမ်းတော့မတတ်ပင် ခံစားနေရလေသည်။ 


ကျန့်ယွင်သည် အသီးအရွက်ဥယျာဉ်နှင့် သစ်သီး၀လံတောများကို ပတ်ကြည့်ပြီး စုရွေ့ကျယ်အရင်ကထုတ်ယူခဲ့သော အသီးအရွက်နှင့် သစ်သီး၀လံများဖြစ်ပေသည်။ 


“မင်းပစ္စည်းတွေထားထားတဲ့နေရာကို ကိုယ့်ကိုခေါ်သွားပေးပါအုံး” 


စုရွေ့ကျယ်သည် ကျန့်ယွင်အားဦးဆောင်ကာ အ၀တ်အစားများ၊ ဘောင်းဘီများ၊ ဖိနပ်များ နှင့် ခြေအိတ်များ စသည့် အရွယ်အစားမတူပုံရသည့် ပစ္စည်းအများအပြား သေသေသပ်သပ်စီစဉ်ထားသော ချိုင့်ဝှမ်းနက်နက်ရှိ လှိုဏ်ဂူထဲသို့ခေါ်သွားလိုက်သည်။ 


ကျန့်ယွင်သည် ဖိနပ်နှစ်စုံကိုကောက်ယူကာ ဆိုဒ်အားကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများကိုင်းသွားကာ သူ့ရယ်ချင်တာပင် အောင့်မထားနိုင်တော့ပေ။


ဒီကလေးကအမြဲလိုလိုအလေးအနက်ထားလုပ်တတ်တယ်။ သူစုဆောင်းထားသမျှအရာတိုင်းက နှစ်စုံစီပင်။ သူ့ဖို့(SRZ)အပြင် သူက ပစ္စည်းများကိုသူ့အတွက်(ZY)တောင်မှ ပြင်ဆင်ထားခဲ့သည်။ 


(ZY- ကျန့်ယွင်)

(SRZ- စုရွေ့ကျယ်)


စုရွေ့ကျယ်ရှက်လွန်းသဖြင့် သူ့နားလေးများနီရဲလာကာ အငွေ့ထွက်တော့မတတ်ပင်ဖြစ်နေသည်။ 


ကျန့်ယွင်မြင်လိုက်သည်နှင့် လက်ခံရန်သိနေပြီး သူ သူ့အားဆက်မစတော့ပေ။ 


“ဘယ်လိုအစီအစဉ်အရ စုဆောင်းထားခဲ့တာလဲ ”


“အစီအစဉ် ...အာ ..အနာဂါတ်မှာလိုအပ်လိမ့်မယ့်အရာတွေဖြစ်နိုင်တယ်။ အစားအစာနဲ့တခြားအရာတွေလည်းလိုလိမ့်မယ်။ ဟုတ်တယ်မလား ”


ကျန့်ယွင်ရယ်မောရင်းခေါင်းခါလိုက်၏။ လူငယ်လေးသည် ပိုက်ဆံအနည်းငယ်သာရှိသည်။ ထို့ကြောင့် ဘယ်လို အသေးစိတ်ကျတဲ့အစီအစဉ်ချတာမျိုးကို သူ့ဆီကနေမျှော်လင့်နိုင်ပါ့မလဲ။


“မင်းသိတဲ့အတိုင်း ကမ္ဘာကြီးရဲ့အဆုံးသတ်ကရောက်လာတော့မယ်ဆိုရင် မင်းပြောခဲ့သလို အဲ့ဒီဖုတ်ကောင်တွေက လူတွေရဲ့အနံ့နဲ့ သွေးအနံ့တွေကိုရလိမ့်မယ်။ ဒီအိမ်ထဲမှာပဲ ငါတို့ပုန်းနေနိုင်မယ်လို့မင်းတွေးထားတာလား ”


“မဟုတ်ဘူး....”


စုရွေ့ကျယ်ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။ နောက်ဆုံးခေတ်ပျက်သွားသည့်အချိန်တုန်းက သူနှင့် သူဦးလေးမိသားစုသည် လတစ်၀က်လောက် အိမ်ထဲတွင် လုံလုံခြုံခြုံပုန်းနေနိုင်ခဲ့ကြပြီး သဘာ၀ကျစွာ သူတို့မိသားစု၏ ခိုင်ခံ့လှတဲ့သူခိုးကာကွယ်ရေးတံခါးကြောင့်သာလျှင်ဖြစ်သည်။ 


“ဒါကြောင့် ကမ္ဘာကြီးရဲ့အဆုံးသတ်မရောက်လာခင် ပုန်းခိုဖို့လုံခြုံတဲ့နေရာတစ်ခုရှာရမယ် ”


“ဒါဆို အိမ်တစ်လုံးငှားကြမလား ”


“အဲ့လိုလုပ်ဖို့မလိုပါဘူး” 


ကျန့်ယွင် စုရွေ့ကျယ်အားမျက်စိမှိတ်ပြလိုက်၏။ 


“ကိုယ့်မှာ ကိုယ်ပိုင်အိမ်ရှိတယ်။ အဲ့ဒါက အရမ်းလုံခြုံတယ်။ ကိုယ်မင်းကိုမနက်ဖြန်ပြမယ် ”


“ကောင်းတယ် ”


သို့သော်လည်း သူပြောပြီးသောအခါ စုရွေ့ကျယ် တုန့်ဆိုင်းသွား၏။ 


“မနက်ဖြန်ကျရင် ဖြိုဖျက်ရေးလျော်ကြေးငွေစာချုပ်ကိုလက်မှတ်သွားထိုးဖို့ အကြီးဆုံးအဒေါ်နဲ့ သဘောတူထားတယ် ”


“ဒါဆို ကိုယ်မင်းနဲ့မနက်ဖြန်သွားမယ် ပြီးတော့ ဟိုမှာအလုပ်ပြီးသွားရင် ကိုယ်မင်းကို အိမ်ကိုပြမယ်လေ” 


“ကောင်းပါပြီ ”


စုရွေ့ကျယ် ပျော်ပျော်ရွှင်ရွှင်သဘောတူလေသည်။ 



ဘာသာပြန်သူမှာပြောစရာရှိပါတယ်။


ဒီအပိုင်းမှာတော့ ပြဇာတ်ငယ်လေးမရှိပါ Ó╭╮Ò ။

ကျန့်ကောနဲ့ စုရှောင်ကျယ်တို့ရဲ့အနာဂါတ်အတွက် ဘယ်လိုပြင်ဆင်ကြမလဲကို စောင့်ကြည့်

ကြရအောင်။ ကိုယ်လည်းအားကျနေလို့ ဘဲတစ်ယောက်လောက်ရှာပြီး အနာဂါတ်ကိုရင်ဆိုင်ဖို့ အတူတူစုဆောင်းရတော့မလား။