အခန်း ၁၃၇
Viewers 43k

အခန်း (၁၃၇) - နို့မှာယူခြင်း


“နင့်ယောင်းမဆိုရင် အခုနတုန်းက သူမ ဒီမှာ ရှိနေတုန်းက နင် ဘာဖြစ်လို့ သူမကို မနှုတ်ဆက်ရတာလဲ။ ငါ နင့်ကို မိန်းမမျိုးကို အများကြီး‌ တွေ့ဖူးတယ်။ မြန်မြန်ထွက်သွား၊ မဟုတ်ရင် နင့်ကို ဖမ်းဖို့ တစ်ယောက်ယောက်ကို ငါ လှမ်းခေါ်တဲ့အခါကျမှ ငါ့ကို အပြစ်မတင်နဲ့။” အရောင်းဝန်ထမ်းက လုံးဝ စကားပြော ညင်သာခြင်း အလျဥ်းမရှိပေ။


ဒီခေတ်အခါက အရောင်းဝန်ထမ်းတွေက အရမ်းနာမည်ကြီးပြီး မာနထောင်လွှားကြသည်။


လင်းချင်းဟယ်ရဲ့ ထူးခြားသော အရှိန်အဝါကို ကျေးဇူးတင်ရပေမည်။ သူမကို ပထမဆုံး မြင်လိုက်တာနဲ့ သူမက အရမ်းအစွမ်းထက်ပြီး သူမရဲ့ သုံးတတ်စွဲတတ်တဲ့ လုပ်ရပ်တွေကြောင့် အရောင်းဝန်ထမ်းကတောင် အထည်တွေကို လိုလိုလားလား ထုတ်ယူပြီး ‌ရောင်းချပေးဖို့ ဆန္ဒရှိနေသည်။ မလိုချင်ဘူးလို့ ပြောတာကို ကြားရခြင်းအတွက် သူမ သိပ်မအံ့သြပေ၊ သူမက တချို့သူတွေလိုမျိုး လျှော့စျေးနဲ့ ရောင်းချတဲ့ ပစ္စည်းတွေကို မကြိုက်နှစ်သက်တာကြောင့်လို့သာ ခံစားလိုက်ရသည်။ 


ဒါပေမယ့် အခြားသူများနှင့် ပတ်သက်လာလျှင် အထူးသဖြင့် သူတို့သည် ကျေးလက်မှဖြစ်ကြောင်း သူမ သိရ‌သောအခါ သူမသည် အမှန်တကယ်ပင် တင်းတင်းမာမာ ပြောတတ်သူ ဖြစ်သည်။


သူမရဲ့ သဘောထားက အရမ်းလွှမ်းမိုးချုပ်ကိုင်လွန်းသည်။


ဒီအမျိုးသမီးက လင်းချင်းဟယ်ရဲ့ မိခင်ဖက်မိသားစုမှ ဒုတိယယောင်းမလင်း ဖြစ်နေတယ် မဟုတ်ပါလား။


ထုံးစံအတိုင်း၊ ဒုတိယယောင်းမလင်းသည် အရောင်းဝန်ထမ်းနှင့် ထိပ်တိုက်မတွေ့ရဲဘူး။ သူမသည်လည်း ပစ္စည်းဝယ်ယူဖို့ အထဲဝင်လာခဲ့သည်။ သူမသည် သူမကိုယ်တိုင် ချုပ်လုပ်ဝတ်ဆင်ရန် အထည်အချို့ ဝယ်ယူခဲ့သည်။


သူမသည် သူမမိခင်ဖက်မိသားစုကို အမှန်တကယ် အဆက်အသွယ် ဖြတ်တောက်ခဲ့သော သူမရဲ့ ယောင်းမ လင်းချင်းဟယ်နှင့် တွေ့ဆုံရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။


ဒါ့အပြင်၊ သူမသည် ဒီလိုဝယ်ပုံခြမ်းပုံမျိုးကြောင့် ကြက်သေ သေသွားရသည်။


အိုး... ဘုရားရေ၊ သူမမှာ ပိုက်ဆံ မရှိဘူး မဟုတ်လား။ သူမမှာ ပိုက်ဆံမရှိရင် ဒီလိုပစ္စည်းတွေ အများကြီးကို ဝယ်နိုင်ပါ့မလား။ တကယ်လို့ သူမ မှန်းဆတာ မှန်မယ်ဆိုရင် သူမ ဝယ်ယူထားတာ ဆယ်ယွမ်ကျော်လိမ့်မည်။


အထူးသဖြင့် နို့မှုန့်က နှစ်ထုပ်တောင် ဖြစ်သည်။ တစ်ထုပ်လျှင် သုံးယွမ်ကျသင့်သည်။ ရွှေတွေတောင် ဒီလောက် စျေးမကြီးဘူး။ သူမက ဒါကို မျက်တောင်မခတ်ပဲ ဝယ်ယူလိုက်သေးသည်။


အဲ့တာကြောင့် သူမ သေသေချာချာ စစ်ဆေးကြည့်ချင်ခဲ့တာ ဖြစ်သည်။ တကယ်လို့ သူမ အသုံးပြုနိုင်မည့်အရာရှိလျှင် သူမ ယူသွားရလိမ့်မည်။ 


ဒါပေမယ့် သူမသည် အရောင်းဝန်ထမ်းရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။


သူမသည် ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းမှာ ကြာကြာ မနေဝံ့ပဲ သူမ ဝယ်ယူစရာ ရှိတာကို ဝယ်ယူပြီးတာနဲ့ ချက်ချင်း အပြင်သို့ ပြန်ထွက်သွားခဲ့သည်။ သူမသည် လင်းချင်းဟယ်ရဲ့ မိခင်ဖက် မိသားစုမှ ယောင်းမဖြစ်ကြောင်းကို ဆက်လက် ပြောဆိုချင်သော်လည်း အရောင်းဝန်ထမ်းက သူမကို လုံးဝ မယုံကြည်ပေ။


လင်းချင်းဟယ်တစ်ယောက် အခြားအရာတွေကို ဝယ်ယူပြီး ပြန်ရောက်လာသောအခါတွင် ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်း တံခါးဝတွင် ဒုတိယယောင်းမလင်းက သူမကို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။


တကယ်တော့၊ ဒုတိယယောင်းမလင်းက သူမကို မြင်တာနဲ့ လက်ဝှေ့ယမ်း မပြဘူးဆိုရင် လင်းချင်းဟယ်က သူမကို သတိပြုမိမှာ မဟုတ်ပေ။


သို့သော် သူမရဲ့ အာရုံစူးစိုက်မှုကို ရရန် လက်လှမ်းပြလျှင်ပင် လင်းချင်းဟယ်သည် သူမကို လှည့်ကြည့်ရန် ရည်ရွယ်ချက် မရှိပေ။ သူမသည် ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းသို့ တိုက်ရိုက်တန်းဝင်သွားခဲ့သည်။


“အခုနတုန်းက အဲ့ဒီမိန်းမက နင်ဝယ်ထားတာတွေကို ဖွင့်ကြည့်ဖို့ လုပ်နေတာ။ သူမက နင့်ပစ္စည်းတွေကို လိုချင်နေတဲ့ပုံပဲ၊ သူက နင့်မိခင်ဖက်မိသားစုက နင့်ယောင်းမလို့ ပြောပေမယ့် ငါ သူမကို မယုံကြည်ဘူး။” အရောင်းဝန်ထမ်းက သူမကို ပြောပြခဲ့သည်။


“ငါ နင့်ကို တကယ်ကျေးဇူးပါတယ်ဟယ်။ ငါ သူမကို မသိပါဘူး။ အဲ့ဒီမိန်းမက ဘယ်က လာလဲ ဆိုတာကိုတောင် ငါ မသိဘူး။ သူမက အကျိုးအမြတ် တချို့ ရယူချင်တာ ဖြစ်မယ်လို့ ငါထင်တယ်။” လင်းချင်းဟယ်က ဒုတိယယောင်းမလင်းကို တစ်ချက်ကြည့်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။


ဒါ့ကြောင့် ဒုတိယယောင်းမလင်းက စိတ်ဆိုးဒေါသထွက်သွားသည်။ လင်းချင်းဟယ်က သူမကို တကယ်ပဲ ဒီလိုပြောဆိုဝံ့တယ်။


“ငါ ဒီလိုလူမျိုးတွေ အများကြီး မြင်ဖူးတယ်။” အရောင်းဝန်ထမ်းက သူမ နားလည်သဘောပေါက်ကြောင်း ထုတ်ဖော်ခဲ့သည်။


ကျိုးချင်းပိုင် ပြန်ရောက်မလာခင်မှာ လင်းချင်းဟယ်သည် အရောင်းဝန်ထမ်းနှင့် ဟိုဟိုဒီဒီ စကားစမြည် ပြောဆိုနေခဲ့သည်။ သူမသည် အပြင်ထွက်ပြီး ဒုတိယယောင်းမလင်းနှင့် စကားပြောဆိုဖို့ ရည်ရွယ်ချက် မရှိပေ။


ထိုအချိန်တွင် စျေးဝယ်သူ မရှိသောကြောင့် အရောင်းဝန်ထမ်းသည် လင်းချင်းဟယ်နှင့် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေခဲ့သည်။ လင်းချင်းဟယ်ရဲ့ ပြောစကားတွေကို နားထောင်နေရင်း သူမသည် ကျေးလက်မှ ဖြစ်သော်လည်း အရောင်းဝန်ထမ်းသည် သူမအား လျှော့မတွက်ဝံ့ပေ။ သူမသည် လင်းချင်းဟယ်ကို ဆရာမတစ်ယောက်လို့ ယူဆခဲ့သည်။


ဒီလိုမှမဟုတ်ရင်၊ သာမန် တောသူတောင်သား အမျိုးသမီးက ဒီပညာတတ်ပြောစကားတွေကို ဘယ်လိုလုပ်ပြီး ပြောဆိုနိုင်မှာလဲ။


“နင် တကယ်ပဲ အပြင်ထွက်ပြီး သူမနဲ့ စကားသွားမပြောတော့ဘူးလား။” အရောင်းဝန်ထမ်းက မေးမြန်းလိုက်သည်။


“သူမက မိန်းမလည်သိန်းကြွယ်ဆိုတာ နင် မြင်လိုက်တာနဲ့ မသိဘူးလား။ အခုလောလောဆယ်၊ သူမက သနားစရာကောင်းအောင် ဟန်ဆောင်နေတာပဲ။” လင်းချင်းဟယ်က ပြန်ပြောသည်။


“သူမရဲ့ အသွင်အပြင်ကို အကဲဖြတ်လိုက်တာနဲ့ သူမက လုံးဝ မကောင်းဘူးလို့ ငါထင်သားပဲ။” အရောင်းဝန်ထမ်းက ပြောသည်။


သို့သော်လည်း ဒုတိယယောင်းမလင်းက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ လင်းချင်းဟယ်သည် သိပ်မကြာခင်မှာ ကျိုးချင်းပိုင်က ရောက်လာတော့မှာ ဖြစ်သည့်အတွက် သူမဟာ မျက်မှောင်ကြုတ်ရင်း အပြင်သို့ ထွက်လာခဲ့သည်။


“ယောင်းမ” နာရီဝက်ကြာအောင် စောင့်ဆိုင်းနေခဲ့သည့် ဒုတိယယောင်းမလင်းက အပြုံးတစ်ခုကို အတင်းဖြစ်ညှစ် ပြုံးပြလိုက်သေးသည်။


“ဘာကို ယောင်းမလဲ။ ငါ လင်းမိသားစုဟောင်းနဲ့ လုံးဝ အဆက်အသွယ် ဖြတ်တောက်ပြီးပြီ။ ဟိုးအရင်က ငါ ဘာပြောခဲ့တဲ့ စကားတွေကို နောက်ပြောင်ပြောဆိုနေတာလို့ နင်က ထင်နေတာလား။” လင်းချင်းဟယ်က သူမကို လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လိုက်သည်။


ဒုတိယယောင်းမလင်းက တခစ်ခစ် ရယ်မောလိုက်ကာ ‌”ယောင်းမလေး ဟာသတွေ မပြောပါနဲ့။ အဖေနဲ့ အမေက နင့်ကို ဘာဖြစ်လို့ အိမ်မပြန်လာတာလဲလို့တောင် ပြောနေကြတာ။ ဒီနှစ်တော့ ဒေါသတွေ လျှော့ပါဦး။ နင် အိမ်ပြန်လာသင့်တယ်။”


“လင်းမိသားစုက လူအိုကြီးနှစ်ယောက်ရဲ့ ဒေါသကို ငါ ရှင်းရှင်းလင်းလင်း သိတယ်။ ငါ့ကို၊ လက်ထပ်လိုက်တဲ့ သမီးက သွန်ပစ်လိုက်တဲ့ ရေလိုမျိုး သဘောထားပြီး ငါဆိုတဲ့ တည်ရှိမှုမျိုးက သူတို့မျက်လုံးထဲမှာ ပျောက်ကွယ်သွားတာ ကြာလှပေါ့၊ မဟုတ်ရင် သူတို့က ငါတို့ နောက်ဆုံးတွေ့တဲ့အချိန်တုန်းက အကြင်နာကင်းမဲ့ပြီး ရက်စက်ခဲ့မှာ မဟုတ်ဘူး။ ငါ့မှာ ထောက်ပံ့ပေးရမယ့် သားသုံးယောက် ရှိသေးတယ်။ သူတို့က ငါ့ကို ကျင့်ဝတ်မသိတတ်ဘူးလို့ ဆိုရင်တောင်မှ ငါ့ကို အတင်း ထောက်ပံ့စရိတ် တောင်းလို့ မရဘူး။ ပြီးတော့ သူတို့မှာ သားတွေ အများကြီးလည်း ရှိတယ်၊ သူတို့က လက်ထပ်ပြီးသား သမီးတွေကိုတောင် သက်ကြီးဝါကြီးတွေအတွက် ထောက်ပံ့စရိတ် တောင်းချင်နေသေးတယ်။ တကယ်လို့ ဒီအကြောင်းကို ရွာထဲက လူတွေသာ သိသွားကြရင် သူတို့ကို ရွာထဲကရော အပြင်လူတွေကပါ ‌ရှောင်ဖယ်ကြလိမ့်မယ်။” လင်းချင်းဟယ်က မသိချင်ယောင်ဆောင်က ပြောလိုက်သည်။

 

ဒုတိယယောင်းမလင်းသည် ဒီယောင်းမက ဒီလောက် ကြောက်စရာကောင်းမှန်းကို မသိခဲ့ပေ။ ပြီးတော့ သူမ မြင်လိုက်ရတာက လင်းချင်းဟယ်က တကယ်ပဲ အဆက်အသွယ် ဖြတ်တောက်ဖို့ စီစဥ်နေခဲ့တာပဲ။


“ယောင်းမ၊ အဖေနဲ့ အမေတို့ကို ထောက်ပံ့ပေးစရာ မလိုပါဘူး၊ မဟုတ်ရင် ငါတို့မိသားစုကို လူအများပြောဆိုတာ ခံရလိမ့်မယ်။ အဖေနဲ့ အမေက နင့်ကို တကယ်လွမ်းနေတာပါ၊ နင် အိမ်ကို လာလည်မယ့်အချိန်ကို မျှော်နေကြတာ။” ဒုတိယယောင်းမလင်းက ပြောသည်။


“ဟုတ်ရဲ့လား၊ သူတို့ ငါ့ကို မှတ်မိကြသေးရဲ့လား။” လင်းချင်းဟယ်က နှာခေါင်းရှုံ့သည်။


ဒီအချိန်မှာပဲ ကျိုးချင်းပိုင်က ရောက်လာသည့်အတွက် လင်းချင်းဟယ်က သူ့ကိုပဲ တိုက်ရိုက်စကားလှမ်း‌ပြောသည် “ကျွန်မ အထဲကို ပစ္စည်းတွေ ပြန်ဝင်ယူလိုက်ဦးမယ်။”


ထိုသို့ပြောပြီးနောက် သူမသည် ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းထဲသို့ ပြန်ဝင်ကာာ ပစ္စည်းတွေ သွားယူလိုက်သည်။ အရောင်းဝန်ထမ်းက အံ့အားသင့်စွာ မေးလိုက်သည်။ “နင့်အမျိုးသားက စစ်သားလား၊ ဟုတ်တယ်မလား။”


“ဟုတ်တယ်။ နင်လည်း အနာဂတ်မှာ စစ်သားတစ်ယောက်ကို ရှာသင့်တယ်။ သူတို့က အားကိုးရတယ်။” လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး မှတ်ချက်ပြုခဲ့သည်။


“နင် ငါ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးနိုင်မလားဟင်။” အရောင်းဝန်ထမ်းကောင်မလေးက ရှက်သွေးဖြာနေသော မျက်နှာဖြင့် အသာအယာ ပြောလိုက်သည်။


“နင် ဘယ်အချိန်‌လောက် အလုပ်ဆင်းရလဲ။ ငါ ပြန်ရောက်ရင် ငါ့အမျိုးသားကို မေးကြည့်ပေးမယ်။ နောက်တစ်ခါ ငါ ဒီကိုရောက်ရင် နင့်ကို ဝင်ပြောပေးမယ်။” လင်းချင်းဟယ်က ဒီမိန်းကလေးကို နည်းနည်း မာနကြီးတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း စကားပြောဆိုကြည့်တဲ့အခါမျိုးမှာ ပြောရဆိုရ သိပ်မဆိုးပါဘူး။ သူမသည် ဖောက်သည်များ၏ ပစ္စည်းတွေကို ကာကွယ်ပေးရန် သိတတ်ပြီး မဆိုင်တဲ့သူများကို ထိတွေ့ခွင့်မပေးပေ။


အရောင်းဝန်ထမ်းလေးက ချက်ချင်း ပြန်ဖြေသည်။


“ဒါဆိုရင် ငါ ပြန်ရောက်တဲ့အခါကျ နင့်အတွက် မေးပေးထားမယ်နော်။” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။


သူမနဲ့ တွေ့ချင်တဲ့သူ ရှိ မရှိ ဆိုတာကိုတော့ သူမ မပြောတတ်ဘူး။


သူမ အပြင်သို့ ပြန်ထွက်သောအခါ ကျိုးချင်းပိုင်သည် မျက်နှာအမူအရာ ကင်းမဲ့စွာ ရှိနေပြီး ဒုတိယ‌ယောင်းမလင်းသည် မနည်းပြုံးနေရတာကို တွေ့လိုက်ရသည်။


“သွားရ‌အောင်၊ ကျွန်မတို့ အိမ်ပြန်ကြရအောင်။” လင်းချင်းဟယ်က ပစ္စည်းတွေကို ကိုင်တွယ်လာရင်း ပြောလိုက်သည်။


ကျိုးချင်းပိုင်က အင်းလို့ တုံ့ပြန်လိုက်ကာ သူမကို စက်ဘီးပေါ်တင်ပြီး ရွာသို့ ပြန်လာကြသည်။


လင်းချင်းဟယ်က မေးသည် “သူမ ရှင့်ကို တစ်ခုခု ပြောသေးလား။”


“နှစ်သစ်ကူး ဒုတိယနေ့ကျရင် အိမ်ကို အလည်လာဖို့ ကိုယ့်ကို ပြောတယ်။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။


“ရှင် ကတိပေးလိုက်လား။” လင်းချင်းဟယ်က မေးသည်။


“မပေးလိုက်ဘူး၊ ကိုယ် မင်းပြောတာကို နားထောင်တယ်။” ကျိုးချင်းပိုင် ပြန်ဖြေသည်။


လင်းချင်းဟယ်က စိတ်ကျေနပ်စွာ “ရှင် ဘာမှ ပြန်မပြောလိုက်တာ မှန်တယ်။”


“မင်း ပြန်သွားဖို့ အစီအစဥ် မရှိဘူးလား။” ကျိုးချင်းပိုင်က မေးသည်။


“ကျွန်မ ပြန်မသွားဘူး။ ကျွန်မမောင်ငယ်လေးကလွဲလို့ တခြားသူတွေက အကျင့်မကောင်းကြဘူး။ ကျွန်မ မျက်စိကန်းပြီး သူတို့အပေါ် ကောာင်းခဲ့ဖူးတယ်။ အခု ကျွန်မမျက်လုံးတွေ ပြန်ကောင်းလာပြီမို့ ကျွန်မ သူတို့နဲ့ ခပ်ဝေးဝေးနေရမယ်။” လင်းချင်းဟယ်က ပြောသည်။


ကျိုးချင်းပိုင်က ဘာမှ ပြန်မပြောပေ။ သူ့ဇနီးသည်ကသာလျှင် ဒီကိစ္စတွေကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ သူမ လိုချင်တာ လုပ်ချင်တာ မှန်သမျှ သူမ လုပ်နိုင်သည်။


လင်းချင်းဟယ်က နို့အကြောင်းကို မေးလိုက်သည်။ ကျိုးချင်းပိုင်က ပြောသည် “နောက်နှစ်ကျရင် ရလိမ့်မယ်။”


သူက မမေးဘူးဆိုရင်တောင် နောက်နှစ်ကျရင် ကျေးလက်ဒေသမှာ နို့ဆိုင် ဖွင့်လှစ်ဖို့ ရှိကာ နို့ပို့ပေးမယ့်သူလည်း ရှိလိမ့်မည်။


“နို့တစ်ပုလင်းကို ဘယ်လောက်လဲ။” လင်းချင်းဟယ်က မေးသည်။


“တစ်ပုလင်းကို တစ်ပြား။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။


“အိမ်က လူဦးရေကို ပြန်ကြည့်ရင် ကျွန်မတို့ ပုလင်းအနည်းငယ်လောက် မှာသင့်တယ်။ ဒါပေမယ့် အဖေနဲ့ အမေတို့က ခြိုးခြံချွေတာပြီး နေထိုင်ကြတာ။ တကယ်လို့ ကျွန်မသာ အဲ့လို မှာလိုက်မယ်ဆိုရင် အဖေတို့နှစ်ယောက် ဒါကို လုံးဝ လက်မခံနိုင်လောက်ဘူး၊ အဲ့လိုဆိုတော့ ကျွန်မတို့ တစ်နေ့ကို နှစ်ပုလင်းလောက်ပဲ မှာကြတာပေါ့။” လင်းချင်းဟယ်က ပြောသည်။


ဒါပေမယ့် သူမ နို့နှစ်ပုလင်းလောက်ပဲ မှာတယ် ဆိုရင်တောင် ကျိုးဇနီးမောင်နှံက ပိုက်ဆံကြောင့် စိတ်ဖိစီးနေဦးမှာပဲလို့ သူမ ခံစားရသည်။


တစ်ပုလင်းလျှင် တစ်ပြား၊ နှစ်ပုလင်းလျှင် နှစ်ပြား၊ တစ်လလျှင် ခြောက်ယွမ်သာ ကျသင့်သည်။


ဒီခေတ်ဒီအခါက ခြောက်ယွမ်ဆိုသည်မှာ သေးငယ်သော ငွေပမာဏ မဟုတ်ပေ။ တခြားလူတွေရဲ့လစာထက် ပိုများတယ်။