အခန်း ၁၄၇
Viewers 43k

အခန်း (၁၄၇) - ကျွန်မလဲ ဝင်ခွင့်စာမေးပွဲ ဖြေဖြစ်လောက်တယ်


တစ်နှစ်လျှင် တစ်ကြိမ် သူတို့ရဲ့ မိဘတွေက သူတို့ညီအစ်ကိုသုံးယောက်ကို မြို့တွင် ပျော်ရအောင် ခေါ်လာပေးသည်။


မိသားစုတွေ အတူဓာတ်ပုံရိုက်၊ ရုပ်ရှင်ကြည့်၊ အပြင်တွင် စားသောက်ပြီး မုန့်စားကြသည်။ သူတို့က တစ်နေ့လုံး ပျော်နေနိုင်သည်။


လောင်တ၊ လောင်အာ့နှင့် လောင်စန်းက အလွန်ပျော်ရွှင်နေကြပြီး ပင်ပန်းတယ်လို့ မခံစားရပေ။


မိသားစုဓာတ်ပုံရိုက်ခြင်းက သတ်မှတ်ချက်ဟောင်းဖြစ်ပြီး ယခုဆို မိသားစုထဲ၌ ပုံများစွာ ရှိနေပြီဖြစ်ကာ အားလုံးကို လင်းချင်းဟယ် သိမ်းထားသည်။


ကလေးများက ရံဖန်ရံခါတွင် သူမဆီမှ တောင်းကြည့်ကြသည်။


မိသားစုက တစ်နေကုန် ပျော်ပါးနေသည်။ သူတို့ အိမ်ပြန်ရောက်ချိန်တွင် လောင်တနှင့် လောင်အာ့က အဆင်ပြေသော်လည်း လောင်စန်းက သူ့အဖေ၏ လက်ပေါ်တွင် အိပ်ပျော်သွားပြီဖြစ်သည်။


အပြန်တွင် လောင်တက လင်းချင်းဟယ်နောက်တွင် ထိုင်ပြီး လောင်စန်းက လင်းချင်းဟယ်၏ ရင်ခွင်ထဲတွင် ဖြစ်သည်။


လောင်အာ့ကမူ စက်ဘီးရှေ့တွင် ဖြစ်သည်။


သူတို့ အိမ်ပြန်ရောက်သောအခါ လောင်စန်းက တက်ကြွလာတော့သည်။


လင်းချင်းဟယ်သည် ယနေ့တစ်ရက်တာအတွက် ကစားပြီးနောက် ပင်ပန်းသွားသော်ငြား ညနေတွင် အဆင်ပြေသလိုသာ စားကြပြီး ကိုယ်လက်ဆေးကြောကာ အိပ်ရာစောစော ဝင်တော့သည်။


“စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောက်မက ရိုးရာ အာရုံခံစားမှုတစ်ရပ် ရှိတာပဲ” ကျိုးရှောင်မိန်က မှတ်ချက်ချလိုက်သည်။


“ဒီနှစ်ရော... လုပ်... ကြမှာလား” စုတာ့လင်းက မေးသည်။


“ဒါဆို မနက်ဖြန်သွားကြမလား” ကျိုးရှောင်မိန်က မေးလိုက်သည်။


“ကောင်းပြီ” စုတာ့လင်းက ပြုံးဖြဲဖြဲ ဖြစ်နေသည်။


နှစ်ယောက်သားက နောက်နေ့တွင် သူတို့သားကို မြို့ခေါ်သွားသည်။ မိသားစု ထွက်လည်ခြင်းက အတော် ပျော်စရာကောင်းသည်ဟု ဆိုရပေမည်။


အစက လင်းချင်းဟယ်သည် အမေကျိုး မပြောခင်အထိ မသိပေ။


“အဖေနဲ့ အမေ ဘယ်အချိန် ဓာတ်ပုံသွားရိုက်မှာလဲ” လင်းချင်းဟယ်က သာမန်ကာလျှံကာ မေးလိုက်သည်။


“နင့်အဖေနဲ့ ငါက ဒီအရွယ်ကြီး ရောက်နေပါပြီ၊ ဓာတ်ပုံရိုက်ဖို့ မလိုပါဘူး” အမေကျိုးသည် လှုပ်ရှားသွားသော်ငြား ပိုက်ဆံချွေတာချင်သောကြောင့် ခေါင်းခါလိုက်သည်။


“ဓာတ်ပုံနှစ်ပုံရိုက်တာက သိပ်မကုန်ပါဘူး” လင်းချင်းဟယ်က ပြောသည်။


“မလိုသေးပါဘူး” အမေကျိုးက ထိန်းထား၏။


လင်းချင်းဟယ်သည် ဘာမှမပြောခဲ့ပေ။ သို့သော် ကျိုးချင်းပိုင်ကို သီးသန့်ပြောလိုက်သည်။

“အဖေက ဓာတ်ပုံတကယ် ရိုက်ချင်နေပုံပဲ”


ဒီဇင်ဘာလ ၃၀ ရက်နေ့က သူမဆီမှ လောင်တသည် ဓာတ်ပုံများ တောင်းခဲ့သည်။ အဖေကျိုးက ပုံများကို မြင်ပြီးနောက် လက်မချနိုင်ဖြစ်နေသည်။ အစောပိုင်းက ထိုအကြောင်းကို လင်းချင်းဟယ်ပြောသည့်အချိန် သူက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။


အမေကျိုးပြောတာကို မပြောနဲ့အုံး၊ သူက တုံ့ပြန်မှု မရှိတာ။


“ဒါဆို ကိုယ် အချိန်ရတဲ့အခါ အဖေ့ကို ဓာတ်ပုံဆရာဆီ ခေါ်သွားရမလား” ထိုစကားကို ကြားပြီးနောက် ကျိုးချင်းပိုင်က မေးလိုက်သည်။


 “ခေါ်သွားချင်ရင် နှစ်ယောက်လုံးကို ခေါ်သွား၊ အနားကနေ ထွန်စက်ဖြတ်သွားမှ ပြောတာပေါ့” လင်းချင်းဟယ်က ပြောလိုက်သည်။ "If you want to bring, just bring them together with you. Let's talk about it when there is a tractor passing by." Lin Qinghe said.


လူကြီးများက ဓာတ်ပုံတစ်ပုံ ရိုက်ချင်တာက ပြဿနာကြီးတစ်ခု မဟုတ်ပေ။


သို့သော် ယခုအချိန်တွင် ဓာတ်ပုံရိုက်ခြင်းက အမှန်တကယ် တန်ဖိုးကြီးသည်။


လူအများစုက ထိုအရာပေါ်တွင် ပိုက်ဆံ သုံးကြမှာ မဟုတ်ပေ။ ထို့အပြင် သူတို့ နေထိုင်မှုပုံစံက အလွန်အံ့ဩစရာ ကောင်းနေသည်။


မကြာမီတွင် နှစ်သစ်၏ ခုနစ်ရက်မြောင်နေ့ပြီးနောက်တစ်နေ့ ရှစ်ရက်မြောက်နေ့ကို ရောက်လာပြီး စုတာ့လင်းနှင့် ကျိုးရှောင်မိန်က လုပ်ငန်းခွင် ပြန်သွားတော့သည်။ နှစ်ယောက်လုံးက အတော်စောသည်။


ထို့ကြောင့် သူတို့ ယနေ့ ပြန်သွားကြသည်။


စုချန်လေးက သူ့မိဘများနှင့် ရင်းနှီးနေပြီဖြစ်ကာ သူတို့ ပြန်တော့မည်မှန်း သိနေသောကြောင့် သူက တွန့်ဆုတ်နေသည်။ သူက စုတာ့လင်းကို ဆွဲထားပြီး မလွှတ်ပေးပေ။ ယင်းက စုတာ့လင်းကို ခံစားသွားရစေသည်။ အမျိုးသားကြီး၏ မျက်လုံးများက ရဲနေလေ၏။ သို့သော် အဆုံးတွင်မူ သူတို့ ထွက်သွားရသေးသည်။


စုချန်လေးက နှစ်ရက်၊ သုံးရက်ခန့် ညှိုးငယ်နေသော်ငြား သုံးရက်ကျော်ပြီးနောက် ပိုကောင်းသွားသည်။

ယင်းက ကလေးများ ချစ်ခင်စိတ်များပြီး နှလုံးသားမဲ့ပုံဖြစ်သည်။


ကျိုးအိမ်ဟောင်းသည် ကလေးများစွာဖြင့် အလွန်စည်ကားနေသည်။ ထိုထက်ပိုသည်က လောင်အာ့နှင့် လောင်စန်းက ရံဖန်ရံခါတွင် သူနှင့် လာဆော့တာပဲ ဖြစ်သည်။


သို့သော် ဇန်နဝါရီလတွင် အလွန်အေးနေသေးသည်။ အထူးသဖြင့် ယခုနှစ်တွင် နှင်းက ဇန်နဝါရီလတွင် အတော်ကျသည်။


“ဒီနှစ်လဲ အထွက်ကောင်းမှာပဲ” လင်းချင်းဟယ်က နံနက်စောစောထချိန်တွင် ခြံဝင်းအတွင်းရှိ နှင်းများကို မြင်လိုက်ရသောအခါ ပြောလိုက်သည်။


အချိန်ကိုက် နှင်းကျခြင်းသည် ကြွယ်၀မည့်နှစ်ကို ပြနေတာ ဖြစ်သည်။ ထိုမျှ နှင်းသိပ်သည်းအောင် ကျမှုကြောင့် ရိတ်သိမ်းရတာ ကောင်းပေလိမ့်မည်။


ကျိုးချင်းပိုင်က ပြောသည်။ “ဒီနေ့ တစ်ချက်ကြည့်ဖို့ တောင်ပေါ် သွားလိုက်ဦးမယ်။”


“သွားလေ” လင်းချင်းဟယ်က မငြင်းပေ။ ဤဆောင်းရာသီတွင် သူက ဘာမှလုပ်စရာမလိုဘဲ သူမနှင့် ရှုပ်ရန်သာ တွေးနေသည်။ သူ အပြင်ထွက်တာ ကောင်းသည်။ စွမ်းအားအချို့ ထုတ်နိုင်သောကြောင့် ဖြစ်သည်။


တောင်ပေါ်တွင် သူတို့အဖေက ယုန်များကို အမဲလိုက်မည်မှန်း သိနေသောကြောင့် ကလေးများက လိုက်ချင်သည်။ လင်းချင်းဟယ်က လိုက်သွားခွင့်ပေးလိုက်သည်။ သူတို့ နွေးနွေးထွေးထွေး ဝတ်ပြီးသည်နှင့် သူမက တစ်ယောက်ကို သကြားလုံး နှစ်လုံးစီပေးပြီး သူတို့ကို သွားခိုင်းလိုက်သည်။


လင်းချင်းဟယ်သည် ဘာမှလုပ်စရာ မရှိသောကြောင့် စာလေ့လာပြီး ရွတ်နေသည်။


အမေကျိုးက စုချန်လေးကို ချီလာချိန်တွင် အိမ်တွင် လင်းချင်းဟယ်နှင့် ဖေးရင်သာ ကျန်သည်။


ဖေးရင်သည် စုချန်လေးကို ချီလာသော အမေကျိုးကို မြင်သောအခါ မတုံ့ပြန်ပေ။ သို့သော် သူက ဝင်ပေါက်တွင် တခြားသူများကို မြင်သောအခါ ချက်ချင်း ဟောင်တော့သည်။


ဖေးယင်က အလွန်အကင်းပါးသည်။ သူသည် တပ်ထဲမှ အငြိမ်းစားခွေးတစ်ကောင်ဆိုတာ အံ့ဩစရာမရှိပေ။


“ချင်းပိုင်နဲ့ ကလေးတွေရော” အမေကျိုးက မေးသည်။


“ယုန်နဲ့ ရစ်ငှက်တွေ အမဲလိုက်ဖို့ တောင်ပေါ်သွားတယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။


အမေကျိုးက သူမ စာဖတ်နေတာကို မြင်သောအခါ အံ့သြသွားသည်။ “လောင်တရဲ့ အမေ ဘာတွေ လုပ်နေတာလဲ”


“စာ လေ့လာနေတာ” လင်းချင်းဟယ်သည် ခေါင်းမမော့ဘဲ ဖြေလိုက်ကာ သူမဘာသာ စာမှတ်လိုက်သည်။ ပြီးနောက် ၎င်းကို မှတ်ပြီးနောက် စရွတ်တော့သည်။


အမေကျိုးက သူမ စာလေ့လာပြီး ရွတ်နေတာကို ပထမဆုံးအကြိမ် တွေ့ဖူးတာ ဖြစ်သည်။ သူမက ကြက်သေသေနေလျက် ပြောလိုက်သည်။


“နင် အလွတ်ရွတ်နေတာလား”


“အင်း” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။


“နေပါဦး၊ နင်က ဘာဖြစ်လို့ စာအလွတ်ရွတ်နေတာလဲ” အမေကျိုးက မေးသည်။


“လောင်တက ဒီနှစ်ရဲ့ နောက်နှစ်ဝက်ကာလမှာ စတုတ္ထတန်း ရောက်မှာ၊ ကျွန်မ ဒီစာတွေကို အလွတ်မရရင် သူ့ကို ဘယ်လိုလုပ်ပြီး ပြန်သင်ပေးလို့ရမှာလဲ” လင်းချင်းဟယ်က ပြန်ပြောသည်။


လောင်တက အတန်းတစ်နှစ်ကျော် တက်ရောက်ခဲ့သည်။ ထို့ကြောင့် သူ့တိုးတက်မှုနှုန်းက တကယ် မြန်သည်။ ပြီးခဲ့သည့်နှစ် နွေဦးအစတွင် သူက တတိယတန်းတက်ပြီး ဒုတိယနှစ်ဝက်တွင် သူက စတုတ္ထတန်း ရောက်သွားသည်။


ယခုနှစ်တွင် စတုတ္ထနှစ်၏ နောက်နှစ်ဝက် ရောက်ပြီဖြစ်သည်။


လောင်အာ့က ယခုနှစ်တွင် စာလေ့လာတော့မှာ ဖြစ်သည်။ သူက အသက်ခြောက်နှစ်ရှိပြီဖြစ်ကာ ပထမတန်း တက်နိုင်ပြီဖြစ်သည်။


ထို့အပြင် လောင်အာ့သည် ပထမတန်းစာများ အားလုံးနီးပါးကို သင်ယူပြီးပြီဖြစ်သည်။

သူတင်မက လောင်စန်းက မသိမသာ လွှမ်းမိုးခံရပြီး ဖတ်နိုင်သည်။


“လောင်တကို သင်ပေးနိုင်သေးတယ်လား” အမေကျိုးသည် လင်းချင်းဟယ်၏ စကားကြောင့် အံ့ဩသွားသည်။


လင်းချင်းဟယ်က ရယ်မောလိုက်သည်။ “ အမေ ကျွန်မကို မကြည့်နဲ့၊ ကျွန်မက စာကို တရားဝင် မလေ့လာခဲ့ပေမဲ့ ဒီဘက်မှာ ပါရမီပါတယ်၊ လောင်တရဲ့ အဖေတောင် လေးစားရတာ၊ လောင်တ ပြောတာက သူ့ကို ကျွန်မ သင်ပေးတဲ့ စာတွေက သူ့ဆရာမ ပေးတာတွေထက် ပိုသာတယ်တဲ့”


သူမက လောင်တကို ကျောင်းတွင် ပြောခွင့်မပေးရုံသာ ရှိသည်။


သူ့ကို အိမ်တွင်သာ ပြောခွင့်ပေးထားသည်။ ကျန်သည့်ကိစ္စများအတွက်မူ များတာထက် နည်းတာက ပိုကောင်းသည်။ ယခု အခြေအနေက မတတ်နိုင်ဘဲ တင်းမာနေလေသည်။


အမေကျိုးက အနည်းငယ် သဘောပေါက်သွားသည်။ သူမ ပြောသကဲ့သို့ပင် ကျိုးမိသားစုဟောင်းသည် စာပေလေ့လာခြင်း မျိုးစေ့ မချခဲ့ဖူးပေ။ လောင်တသည် စာသင်ယူရာတွင် အဘယ်ကြောင့် ထိုမျှ တော်နေသနည်း။ သူ့မိခင်ထံမှ ဆက်ခံတာပဲ ဖြစ်သည်။


သို့သော် လင်းအိမ်ဟောင်းကလည်း ကျိုးအိမ်ဟောင်းဘက်နှင့် တူသည်။ ဘိုးဘေးများက ရွာသားများ ဖြစ်သည်။


“လောင်တရဲ့အမေ ... လောင်တအဘိုးပြောတာက လောင်တက အလုပ်သမားများ၊ လယ်သမားများနှင့် စစ်သားများ တက္ကသိုလ်ကို ဝင်ခွင့်ဖြေဖို့ လုပ်နေတယ်ဆို” အမေကျိုးက အသံတိုးတိုးဖြင့် မေးသည်။

“လောင်တက အဲဒီလို တွေးထားတယ်” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။


လောင်တ အရွယ်ရောက်လာချိန်တွင် အလုပ်သမားများ၊ လယ်သမားများနှင့် စစ်သားများ တက္ကသိုလ်သို့ ဝင်ရန် မလိုတော့ပေ။ သူက တက္ကသိုလ် တန်းတက်နိုင်သည်။


အဆင့်က ကောင်းနေသရွေ့ တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံးက သူ့အတွက် ရွေးချယ်စရာ ဖြစ်လာမည်။


“ဒါဆို လောင်တအဖေ လောင်တက စာမေးပွဲ ဖြေနိုင်မယ်လို့ထင်လား” အမေကျိုးက မေးသည်။


“သူ ငယ်သေးတယ်၊ သူ ကြီးတော့မှ ပြောတာပေါ့၊ ဒါပေမဲ့ သူ ဒီနှုန်းကို ထိန်းထားနိုင်မယ်ဆိုရင် အခွင့်အရေး သေချာပေါက် ရှိမှာပါ” လင်းချင်းဟယ်က မျက်ခုံးပင့်လျက် ဖြေလိုက်သည်။


သူက လူကြီးကို မျှော်လင့်ချက် နည်းနည်းတော့ ပေးရမယ်မလား။


ယခုခေတ်တွင် ကောလိပ်ကျောင်းသားများသည် ပန်ဒါများနီးပါး အဖိုးတန်သည်။ လူတစ်ယောက်၏ ဘိုးဘေးများဆီ ဂုဏ်ကျက်သရေ ဆောင်ယူလာပေးနိုင်သည်က လိမ်ညာမှု မဟုတ်ပေ။


အမေကျိုးက ထိုစကားကို ကြားသောအခါ အလွန် ပျော်ရွှင်သွားပြီး ထုတ်ပြောတော့သည်။


“လောင်တအတွက် ကြက်ဥနည်းနည်းလောက်ပြုတ်လိုက်၊ စာလေ့လာတာက ဦးနှောက်စွမ်းရည် အတော်ကုန်တာ”  


“ကျွန်မရော ဘာမှမရဘူးလား” လင်းချင်းဟယ်က မေးသည်။


“လူတိုင်းစား” အမေကျိုးက လှိုက်လှိုက်လှဲလှဲ ပြန်ပြောသည်။


လင်းချင်းဟယ်က ရယ်မောလျက် သူမ၏ စာကို ဆက်မှတ်သားနေသည်။ ရှေးဦးစွာ သူမက အမေကျိုးကို ကာကွယ်ဆေးအချို့ ပေးကာ ပြောလိုက်သည်။ “ကျွန်မလဲ နောင်ကျ စာမေးပွဲ ဝင်ဖြေဖြစ်လောက်တယ်”