အခန်း ၁၄၉
Viewers 43k

အခန်း (၁၄၉) - ပညာရေး


သူ့အမေကို ပြောနေတာ အကျိုးမထူးမှန်း သိသောကြောင့် စန်းနီသည် ဒုတိယအစ်ကို ပြန်လာချိန်တွင် သူမ မောင်လေး ကျောင်းတက်မည့်ကိစ္စကို သူမ အဖေဆီ ပြောလိုက်သည်။


“လောင်အာ့က ကျောင်းတက်မှာ၊ ဒါပေမဲ့ သမီးမောင်လေးက ကျောင်းမတက်ရဘူး” စန်းနီက ပြောသည်။


အကြီးဆုံးမရီး၏ သမီးသုံးယောက်လုံးက စာလေ့လာနေပြီဖြစ်သော်လည်း စန်းနီနှင့် လျှို့နီက ကျောင်းမတက်ရပေ။


တတိယမရီး၏ မိသားစုမှ ၀ူနီကလည်း ကျောင်းသွားနေပြီဖြစ်သည်။


စန်းနီက သူမ ကျောင်းမတက်ရတာ အဆင်ပြေသော်လည်း သူမ မောင်လေးက သွားကိုသွားရမည်။


ဒုတိယအစ်ကိုက ၎င်းကို မငြင်းခဲ့ပေ။ ထို့ကြောင့် သူက ဒုတိယမရီးကို သွားပြောတော့သည်။


ဒုတိယမရီးက ညည်းညူတော့သည်။ “အိမ်မှာ အခြေအနေ ဘယ်လိုလဲဆိုတာ ရှင်သိလား”


“အိမ်မှာ ဘယ်လိုအခြေအနေရှိနေလို့လဲ၊ ငါတို့သားကို ကျောင်းတက်ခွင့်မပေးနိုင်တဲ့အထိ မဆိုးပါဘူး၊ အရင်တုန်းက မင်းမှာ သားတစ်ယောက်မှ မရှိခင်တုန်းကတော့ ငါတို့သားကို မင်းရဲ့ မျက်လုံးထဲက ပုလဲလိုမျိုး မွေးချင်ခဲ့တာလေ၊ အခု နောက်တစ်ယောက် ထပ်မွေးပြီးသွားတော့ သူ့ကို မြက်လို ဆက်ဆံနေတာလား၊ မင်းက သူ့ကို ကျောင်းတက်ခွင့်တောင် မပေးဘူး၊ အဲဒီပိုက်ဆံနည်းနည်းလေးကို ဘာအတွက်များ စုနေတာလဲ” ဒုတိယအစ်ကိုက ပြောသည်။


“နောင်ကျ သူ မိန်းမယူဖို့ မလိုဘူးလား၊ အဲဒီအခါ ပိုက်ဆံမလိုဘူးလား” ဒုတိယမရီးက ပြန်ပြောသည်။


“အဝေးကြီး မတွေးနဲ့၊ သူက အခုမှ ကြီးခါစ၊ နောင်ဆယ်နှစ်ကျော်မှ ဖြစ်မှာတွေကို မင်းက ပြောနေတာပဲ၊ သူ့ကို ကျောင်းသွားခွင့်ပေးလိုက်” ဒုတိယအစ်ကိုက တစ်ချက်လွတ်အမိန့် ထုတ်တော့သည်။


စတုတ္ထမိသားစု၏ လောင်တနှင့် လောင်အာ့ နှစ်ယောက်လုံး ကျောင်းသွားကြသည်။ သူ့အစ်ကိုကြီးနှင့် တတိယညီ၏ သမီးများတောင် ကျောင်းတက်နိုင်သည်။ သူ့သားသည် မည်သည့်အတွက်ကြောင့် မသွားနိုင်ရမည်နည်း။


ဒုတိယမရီးသည် ပိုက်ဆံကို ထိရန် တွန့်ဆုတ်နေသည့်တိုင် ထိုလူက ပြောလာပြီဖြစ်သောကြောင့် အံ့ကြိတ်ပြီး ပေးရတော့မည်။ သူမကလည်း ကြေညာလိုက်သည်။


“အဆင့်ကောင်းကောင်းမရရင် စာသင်ဖို့ မလိုတော့ဘူး၊ နားလည်လား”


ကျိုးရှားက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။


သူ ကျောင်းသွားတက်သည်နှင့် သင်ခန်းစာများကြောင့် မူးနောက်လာတော့သည်။ ကျောင်းမှ အိမ်သို့ ပြန်ရောက်လျှင် သူ့အမေက စစ်မေးသည်။ သူက အလုံးစုံ မဖြေနိုင်သောကြောင့် အရိုက်ခံရတော့သည်။


ထိုအရာကို ကြားသောအခါ အမေကျိုးက ရှုတ်ချတော့သည်။


“တော်လောက်ပြီ၊ ဘာလို့ ရိုက်နေတာလဲ၊ ပထမဆုံးနေ့ပဲ ရှိသေးတာ၊ တစ်ထိုင်တည်းနဲ့ အားလုံး နားလည်မယ်ထင်နေလား၊ ဒါဆို သူက မကောင်းဆိုးဝါး ဖြစ်သွားမှာ မဟုတ်လား”


ဒုတိယမရီး ထိုကဲ့သို့ ပြုမူတာကို တွေ့သောအခါ အမေကျိုးက စိတ်ခံစားချက်များ လွှမ်းသွားသည်။


ဒုတိယလေး၏ ဒီဇနီးက စတုတ္ထ၏ ဇနီးထက် အမှန်တကယ် နိမ့်ပါးသည်။ စတုတ္ထ၏ ဇနီးသည် တစ်ခါတရံတွင် စောဒက တက်သော်လည်း အလွန်ဆုံးမှ ‘ရှင်တို့ သားအဖတွေက ဒီကို အကြွေးယူဖို့ ရောက်လာကြတာပဲ’ ဟုသာ ပြောသည်။


ကလေးကို ရိုက်လျှင်တောင် လက်ကို အမြင့်ကြီး မြှောက်ရုံသာ မြှောက်ပြီး ညင်သာစွာ ရိုက်သည်။ ဒုတိယ၏ ဇနီးကဲ့သို့ မကြားဝံ့မနာသာများ ပြောဆိုပြီး ကြမ်းတမ်းစွာ ရိုက်တာမျိုး ဘယ်သောအခါမှ မရှိပေ။


“အမေ ကျွန်မက ကလေးကို သွန်သင်နေတာ” ဒုတိယချွေးမက ပြောတော့သည်။


“ကလေးကို ဘာသွန်သင်တာလဲ၊ ဒါက ငါ့မြေးလဲ ဟုတ်တယ်၊ စကားနည်းနည်းပြောလို့ရတယ်မလား” အမေကျိုးက ပြောသည်။


အိမ်ထောင်စု ခွဲပြီးပြီဆိုလျှင်တောင် ဒုတိယချွေးမက အမေကျိုးက မဆန့်ကျင်ရဲပေ။


သူမက ကျိုးရှားကို ဆူရုံသာ ဆူနိုင်သည်။ “မနက်ဖြန်ကျ နင် မဖြေနိုင်ရင် ကျောင်းသွားစရာ မလိုတော့ဘူး၊ နင့်ကျောင်းအုပ်ဆီသွားပြီး ကျောင်းလခ ပြန်ထုတ်မယ်”


ကျိုးရှားက စိတ်ထိခိုက်သွားသောကြောင့် လောင်အာ့ကို သွားရှာသည်။


လောင်အာ့က ပြောသည်။


“ဒီကိုလာ ငါသင်ပေးမယ်” ယင်းက ရိုးရှင်းလွန်းသည်ဟု တွေးမိသည်။ သူ့အမေက သူ့ကို သင်ထားပြီးသား ဖြစ်သည်။ သူက ပထမတန်း မတက်ချင်ပေ။ ထိုအစား ဒုတိယတန်းသာ တက်ချင်သည်။


သို့သော် သူက ငယ်သေးသည်ဟု သူ့အမေက ပြောခဲ့သည်။ သူ ကြီးလာသည်နှင့် အတန်းကျော်တက်နိုင်မည်ဖြစ်သည်။ သို့သော် ယခုအတွက် သူ ပထမတန်းတွင်သာ တက်ရမည်။


ကျိုးရှားက သူ့ကို သင်ခိုင်းပြီး အမှတ်မထင် သူ၏ စတုတ္ထဦးလေးအိမ်တွင် ညစာ စားဖြစ်သွားသည်။


“ကောင်လေးက ငယ်ပေမဲ့ စားချင်စိတ်က မသေးဘူးပဲ” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို သီးသန့်ပြောလိုက်သည်။


ကျိုးချင်းပိုင်က ရယ်မောလိုက်၏။ သူ့ဒုတိယမရီး၏ နေထိုင်မှုပုံစံက အလွန်အသေးစိတ်ကျလွန်းသည်။ သူတို့အိမ်တွင် အရသာရှိသော စားစရာများ မည်ကဲ့သို့ ရှိမည်နည်း။


သူ့တူလေးက ပိုစားတာ သဘာ၀ ကျသည်။


“သူ သိပ်ထည့်နေလား ကျွန်မ မသိဘူး၊ သူ အဲလိုလုပ်ရင် သူ့အမေက ကျွန်မနဲ့ စာရင်းလာရှင်းလိမ့်မယ်” လင်းချင်းဟယ်က ပြောသည်။


သူမက ကပ်စေးနှဲပြီး စိတ်ပုပ်တာ မဟုတ်ပေ။ ကျိုးရှားက မအီမသာ ဖြစ်လျှင် ဒုတိယမရီးက သေချာပေါက် ရောက်လာလိမ့်မည်။


ကံကောင်းသည်မှာ ကျိုးရှား၏ အစာချေဖျက်မှုက ကောင်းသည်။ သူ အများကြီး စားခဲ့သည့်တိုင် အစားကြူးတာမျိုး မဖြစ်ပေ။ ထို့ကြောင့် မအီမသာ မဖြစ်တော့ချေ။


“သားရဲ့ စတုတ္ထဦးလေးအိမ်မှာ ဘာစားကောင်းသောက်ဖွယ်တွေ စားခဲ့လဲ” အိမ်တွင် ဒုတိယအစ်ကို သူ့သားကို ရွှင်ပျစွာ မေးလိုက်သည်။


“ပြောင်းဖူးပေါက်စီ၊ ကြက်ဥမွှေကြော်၊ ပဲအနှစ်နဲ့ငါး” ကျိုးရှားက အမှန်အတိုင်း ဖြေသည်။


“အများကြီးစားခဲ့တယ်မလား” ဒုတိယအစ်ကိုက သူ့ဗိုက်ကို ပွတ်ပေးပြီး ရယ်မောလိုက်သည်။


“အများကြီး စားခဲ့တယ်” ကျိုးရှားက ခေါင်းညိတ်လိုက်သည်။


တကယ်တော့ သူ ပိုစားနိုင်သေးသော်ငြား သူ့အဘွားက ဗိုက်ပြည့်လုနီးပါး စားတာက လုံလောက်ပြီဖြစ်ကာ သူ ပိုစားလျှင် အစားလွန်သွားမည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူ ထပ်မစားတော့ပေ။


သူ့စတုတ္ထဦးလေးနှင့် ဒေါ်လေး၏ အိမ်ရှိ စားစရာက အလွန်အရသာ ရှိသည်။ သူ အမှန်တကယ် ထပ်သွားချင်ပြီး သူတို့၏သား ဖြစ်ချင်သည်။


ဒုတိယမရီးက မျက်နှာ မည်းမှောင်နေပြီး စကားမပြောပေ။ သူမဘာသာ ဆားရည်စိမ်များ၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းချိုပေါ့ပေါ့သာ စားနေသည်။


လင်းချင်းဟယ်ဘက်တွင်မူ ညစာစားပြီးနောက် သူမက ဖိနပ်စချုပ်တော့သည်။


နွေဦးရောက်ပြီဖြစ်ကာ ဖိနပ်များက အစုတ် မြန်လာသည်။


မိသားစုထဲရှိ ကောင်လေးများ အားလုံးက ပြဿနာများသာ ဖြစ်သည်။


လင်းချင်းဟယ်သည် လောင်တနှင့် လောင်အာ့ကို အိမ်စာလုပ်ခိုင်းပြီး ညွှန်ပြပေးရင် ဖိနပ်ချုပ်နေသည်။ လောင်အာ့က ဒုတိယတန်းစာကို သင်ယူနေပြီဖြစ်သည်။ သူက ပထမတန်း အရင်တက်ရမည်။ သူမက သူ့ကို ပထမတန်းတွင် တစ်နှစ် နေခိုင်းခဲ့သည်။ နောက်နေ့တွင် သူက တတိယတန်းကို ကျော်တက်ပြီး သူ့ကို တုပ၍ မရပေ။


အစ်ကိုနှစ်ယောက်က စာလုပ်နေစဉ် အငယ်ဆုံးသား လောင်စန်းက ဂေါ်လီပစ် လေ့ကျင့်နေသည်။ 


သူ မည်ကဲ့သို့ တိတိကျကျ ဆော့နိုင်မည်နည်း။


ခဏတဖြုတ် လေ့ကျင့်ပြီးနောက် မနက်ဖြန်ကျ တခြားသူငယ်ချင်းများနှင့် ပြိုင်ရန် အတွေ့အကြုံရပြီဖြစ်ကာ သူ့အစ်ကိုနှစ်ယောက်ကို နှောင့်ယှက်တော့သည်။


“မင်းကို ဘောပင်ပေးမယ်၊ မင်းဘာသာမင်း ရေးနေ” လောင်တက သူ့အား ဘောပင်နှင့် စာရွက်ပေးပြီး နှင်တော့သည်။


“သတင်းစာတွေ မလိုချင်ဘူး၊ သားက စာရွက်အလွတ်လိုချင်တာ” လောင်စန်းက တောင်းဆိုတော့သည်။


“ဒီလိုစာရွက်မျိုးက အိမ်စာအတွက်ပဲ၊ ဒါက စျေးကြီးတယ်၊ ဖြုန်းလို့မရဘူး၊ သတင်းစာပေါ်မှာ သွားရေး” လောင်တက ထိန်းနေသည်။


“ဒါက အရမ်းစျေးကြီးတာ၊ ညီလေးက ငါတို့လို အိမ်စာစာရွက်ကို သုံးမယ်ဆိုရင် အမေက ငါတို့အတွက် သကြားလုံး ဝယ်ပေးဖို့ ပိုက်ဆံ ကျန်တော့မှာ မဟုတ်ဘူး” လောင်အာ့က အဓိကအချက်ကို ထိသွားသည်။


ရှေ့တွင် သူ့အစ်ကိုကြီးက ပြောခဲ့တာကို လောင်စန်း ဂရုမစိုက်ပေ။ သို့သော် သူ့ဒုတိယအစ်ကိုပြောလိုက်တာက အန္တရာယ်များသည့် အပိုင်းအခြားတစ်ခု ဖြစ်သည်။


လောင်စန်းက ထိုအကြောင်းကို စဉ်းစားပြီး သူ့အမေကို သကြားလုံးများအတွက် ပိုက်ဆံချန်ထားခိုင်းတာ ပိုကောင်းမည်ဟု ခံစားမိသည်။


ထို့ကြောင့် သူသည် သတင်းစာပေါ်၌ သူကိုယ်တိုင် ပုံရေးခြစ်နေပြီး စာရွက်အလွတ်များကို ထပ်တလဲလဲ မတောင်းတော့ပေ။


လင်းချင်းဟယ်သည် သူတို့ညီအစ်ကိုသုံးယောက် ပြဿနာများကို ဖြေရှင်းချိန်တွင် ဝင်စွက်ဖက်ခဲသည်။ သူမက သူတို့သုံးယောက် ဝေခွဲမရ ဖြစ်နေချိန်တွင် သူတို့ဘာသာ ဖြေရှင်းခွင့်ပေးထားပြီး ဝင်ဖျန်ဖြေတာမျိုးကိုတော့ မလုပ်ပေ။


သူတို့ မဖြေရှင်းနိုင်လျှင် စကားများမည်။ စကားများ ရန်ဖြစ်ပြီးသည်နှင့် နောက်အခေါက်၌ ဇယ်တူတူ တောက်ကြမည်ဖြစ်ကာ ပြန်သင့်မြတ်သွားကြမည်။


ကလေးများက ဆန်းကြယ်သော မျိုးစိတ်ဖြစ်ပေ၏။


လင်းချင်းဟယ်သည် သူမကိုယ်တိုင် ကလေးတစ်ခါမှ မမွေးဖူးပေ။ ထို့ကြောင့် ကလေးများကို ဤကဲ့သို့ ပျိုးထောင်ချိန်တွင် မြစ်ရေကို အမှန်တကယ် ကျော်ဖြတ်နေရတာပဲ ဖြစ်သည်။ သူမတွင် အတွေ့အကြုံ သိပ်မရှိပေ။ သို့သော် သူမက သူတို့ကို အလွန်ကောင်းကောင်းမွန်မွန် သွန်သင်ထားတာ သိသာသည်။


အနည်းဆံးုတော့ ကျိုးချင်းပိုင်က ခံစားမိသည်။ ထိုကလေးသုံးယောက်ကို သူမ ကောင်းစွာ သင်ကြားပြသပေးထားသည်။


“အမေ သား မနက်ဖြန် နောက်ကျမှ ပြန်လာမယ်၊ မနက်ဖြန် ကစားကွင်းမှာ ဘောလုံးကစားဖို့ သားရဲ့အတန်းဖော်တွေကို ပြောထားတယ်” လောင်တက စာရေးနေစဉ် ပြောလိုက်သည်။


“ကောင်းပြီ၊ ဒါဆို မင်းအဖေရဲ့ ရေဘူး ယူသွား” လင်းချင်းဟယ်က ခေါင်းမမော့ပေ။


အိမ်တွင် ရေဘူးနှစ်ဘူးရှိပြီး နှစ်မျိုးလုံးက တပ်သုံးဖြစ်သည်။ ဆောင်းတွင်းတွင်တောင် သူတို့က လုံလောက်သည်။


“အမေ မနက်ဖြန်ကျ သား အစ်ကိုကြီးကို စောင့်လိုက်မယ်လေ၊ သူ့အတွက် ရေဘူး ကြည့်ထားပေးမယ်” လောင်အာ့က ဝင်ပြောသည်။


သူလည်း ကစားချင်နေမှန်း သိသောကြောင့် လင်းချင်းဟယ်က သတိပေးလိုက်သည်။


“သား ဆော့လို့မရဘူး၊ သူတို့က သားထက် အသက်ကြီးတယ်၊ သွားဆော့ရင် သား ထိခိုက်လိမ့်မယ်၊ ကြည့်ရုံပဲကြည့် နားလည်လား”


“သား မဆော့ပါဘူး” လောင်အာ့က ပြန်ပြောသည်။ သူက ရေဘူးကို စောင့်နေချင်ရုံပဲ ဖြစ်သည်။ သို့မှသာ အခိုးမခံရမှာ ဖြစ်သည်။