အခန်း (၁၅၀) – အိုးတစ်လုံးရဲ့ အရေးပါပုံ
သဘာဝအတိုင်း ဘောလုံးတစ်လုံးပိုင်ဆိုင်သူ လောင်တ့မှာ သူငယ်ချင်း ရှားပါးမှု မရှိချေ။ လင်းချင်းဟယ်သည် လောာင်တတို့ညီအစ်ကို သူငယ်ချင်းမိတ်ဆွေဖွဲ့သည့် နေရာမျိုးမှာ ဝင်ရောက်စွက်ဖက်ခဲသည်။
ဒါပေမယ့် မကောင်းတာလုပ်ဖို့ မြူဆွယ်တတ်သည့် အပေါင်းအသင်းတွေနဲ့ ပေါင်းသင်းမိရင်တော့ သူမ ဝင်ရောက်စွက်ဖက်မှာ အမှန်ပါပဲ။
ဒါပေမယ့် အခုအချိန်အထိ လောင်တ့မှာ ဘာပြဿနာမှ မရှိသေးပါဘူး။
လောင်တနှင့် လောင်အာ့တို့သည် ညနေ ငါးနာရီခွဲထိတိုင်အောင် အိမ်ပြန်မရောက်လာသေးပေ။
အိမ်ပြန်ရောက်ချိန်တွင် ညီအစ်ကိုနှစ်ယောက်စလုံး ညစ်ပတ်ပေတူးနေသည်။ သူတို့ ပြန်ရောက်ရောက်ချင်းမှာပင် လင်းချင်းဟယ်က သူတို့ကို ဆေးကြောသန့်စင်ဖို့ စေလွှတ်ခဲ့သည်။
ထိုအချိန်တွင် အလုပ်များနေသော လောင်စန်းလေးကလည်း အပြင်ကနေ ပြန်ရောက်လာသည်။ ပြောစရာမလိုလောက်အောက်ပင် သူလေးကလည်း လုံးဝ ညစ်ပတ်ပေတူးနေသည်။
ဒီကလေးကလည်း အခြားကလေးတွေနှင့် ဂေါ်လီရိုက်ရာမှ ပြန်လာခဲ့တာ ဖြစ်သည်။ ဒူးတွေ တံတောင်တွေမှာ ညစ်ပတ်ပေရေနေသည့်အပြင် အထူးသဖြင့် သူ့ဝမ်းဗိုက်ပိုင်းတွင် အဝတ်စများပါ စုတ်ပြဲနေခဲ့သည်။
လင်းချင်းဟယ်က အချိန်အတော်ကြာ ဆူပူမာန်မဲခြင်း မရှိတာနဲ့ သူလေးက သတိပေးချက်တွေကို မေ့လျော့သွားမိသည်။ အခု သူ ပြန်ရောက်ချိန်တွင် သူ အမာန်ခံရတော့မည်မှန်း နားလည်နေသောကြောင့် သူက သူခိုးတစ်ယောက်လို ပုန်းလျှိုးကွယ်ကျိုး ပြုမူခဲ့သည်။
“နင် ဘာဖြစ်လို့ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတာလဲ။ မြန်မြန် ရေချိုးဖို့လုပ်ချေ။” လင်းချင်းဟယ်က သူ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။
“အမေ၊ အမေ ဒီနေ့ အရမ်းလှနေတယ်။” လောင်စန်းလေးက ချက်ချင်းပင် မျက်နှာချိုသွေး စကားဆိုသည်။
လင်းချင်းဟယ်က “ငါ နင်နဲ့ နောက်မှ ရှင်းမယ်။”
ထို့နောက် သူမသည် လောင်တတို့ သုံးယောက်သားကို ရေမိုးချိုးပြီး အိမ်ထဲသို့ ပြန်ဝင်ကာ ထမင်းချက်ပြုတ်နေခဲ့သည်။
ညစာကတော့ ကြက်သွန်မြိတ်နဲ့ ကြက်ဥမွှေကြော်ရယ် ပုစွန်ဆိတ်စွပ်ပြုတ်ရယ်ကို မန်ထိုနဲ့ တွဲဖက်စားသုံးရမည်။
အခုအချိန်က စိမ်းစိုသည့် ဟင်းရွက်စိမ်းတွေ ရှားပါးသည့် အချိန်အခါ ဖြစ်သည်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ရန် အချိန်အနည်းငယ် ကြာမြင့်ဦးမည် ဖြစ်သော်လည်း မနက်ဖြန်တွင် ဟင်းရွက်ရိုင်းအချို့ကို တူးဖော်ပြီး စားလို့ ရနိုင်ပါသေးသည်။
ခဏကြာတော့ အဖေကျိုးနှင့် အမေကျိုးတို့သည်လည်း ရောက်ရှိလာတော့မည်။
“နင့်အဖွားကို ညစာ စားဖို့ သွားခေါ်ချေ။” လင်းချင်းဟယ်က လောင်တ့ကို လှမ်းပြောသည်။
လောင်တ ထွက်သွားသည်။
အမေကျိုးသည် စုချန်လေးကို ချီပြီး ရောက်လာခဲ့သည်။
မိသားစုတွေ ထမင်းဝိုင်းဖွဲ့ စားသောက်ကြသည်။
“ဒီနှစ်မှာ စုံစမ်းစစ်ဆေးမှုတွေ တင်းကြပ်လိမ့်မယ်။ အိမ်မှာ ကြက်တွေ အပိုထပ်မွေးဖို့ နည်းလမ်း မရှိဘူး။”
ညစာ စားပြီးနောက် ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို ပြောလိုက်သည်။
အစကတော့ လင်းချင်းဟယ်က နောက်နှစ်ကောင် ထပ်မွေးချင်နေပေမယ့် ဒါကို ကြားပြီးနောက် ကြက်ထပ်မွေးဖို့ အစီအစဥ်ကို လက်လျော့လိုက်သည်။ “မမွေးရဘူးဆိုရင်လည်း မမွေးကြတာပေါ့၊ နွေစပါး ရိတ်သိမ်းပြီးချိန်မှာ တခြား အရသာရှိတဲ့ အစားအစာတွေ ရှိ မရှိ ကျွန်မ ကြည့်လိုက်ဦးမယ်။”
“မင်း အလုပ် အရမ်း အလွန်အကျွံ မလုပ်နဲ့။ စားလောက်တယ်ဆိုရင်ပဲ တော်ပါပြီ။” ကျိုးချင်းပိုင်က ပြောသည်။
တကယ်တော့ ကျိုးချင်းပိုင်က အစားအသောက်ကို ချေးများခြင်း မရှိပေ။ သူ ဗိုက်ပြည့်နေသရွေ့ အဆင်ပြေတယ်လို့သာ မှတ်ယူထားသည်။ ဒါပေမယ့် အရသာရှိရင်တော့ သဘာဝအတိုင်း ကျိုးချင်းပိုင်က အစားအသောက်ကို ပိုစားမိလိမ့်မည်။
လင်းချင်းဟယ်က ခေါင်းညိတ်သည်။ နောက်တစ်နေ့ ကျိုးချင်းပိုင်က လယ်ထဲဆင်း၊ လောင်တနှင့် လောင်အာ့တို့ကလည်း ကျောင်းသွားကြသည်။ လင်းချင်းဟယ်က ဟင်းရွက်ရိုင်းတွေ တူးဆွဖို့ ခြင်းတောင်း တစ်တောင်းဆွဲပြီး လောင်စန်းလေးနှင့် ထွက်လာသည်။
“အမေ၊ နေ့လည်စာအတွက် အသားဟင်းလေးများ ပါမလားဟင်။ ဟင်းရွက်ရိုးတွေက အရသာ မရှိဘူး။” လောင်စန်းက ပြောသည်။
“ဟင်းရွက်ရိုင်းတွေကို ကြက်ဥနဲ့ရောမွှေပြီး ဖက်ထုပ်ထဲ အစာအဖြစ် ထည့်မယ်လေ။” လင်းချင်းဟယ်က ပြန်ဖြေသည်။
“အသားနဲ့ဆို ပိုလို့တောင် အရသာရှိသေးတယ်။” လောင်စန်းလေးက ရိုးသားစွာ ပြန်ပြောသည်။
“အသား မရှိတော့ဘူး။” လင်းချင်းဟယ်က ရှင်းပြသည်။
လောင်စန်းလေးက သက်ပြင်းချကာ သူ့ခေါင်းလေးကို လင်းချင်းဟယ် ပုခုံးပေါ် မှီချလိုက်သည်။ “ဘယ်အချိန်ကျမှ သား အသားကို ဗိုက်ပြည့်အောင် စားနိုင်မှာလဲ။”
“နင်ကတော့လေ တကယ့်ကို အိမ်မက် မက်နိုင်တာပဲ။ နင် ကြီးပြင်းလာပြီး အစွမ်းအစ ရှိလာရင် နင့်စိတ်တိုင်းကျ နေ့တိုင်း အသားစားနိုင်လိမ့်မယ်။” လင်းချင်းဟယ်က ပြန်ဖြေသည်။
“ဒါဆို သားကြီးလာရင်၊ အမေ နေ့တိုင်း အသားစားနိုင်ဖို့အတွက် ပိုက်ဆံရှာပေးမယ်။” လောင်စန်းက ပြောသည်။
“ဒါဆိုရင်လည်း အမေ စောင့်နေပါ့မယ်။” လင်းချင်းဟယ်က အပြုံးဖြင့် စကားဆိုသည်။
“အမေ၊ ကြည့်ပါဦး၊ အဲ့တာ ရစ်ငှက် မဟုတ်လား။” လောင်စန်းက ခေါင်းမော့ကြည့်ရင်း မေးသည်။
လင်းချင်းဟယ်က သူ့အကြည့်လားရာဆီသို့ လှမ်းကြည့်လိုက်သည်။ ကောင်းပြီ၊ အဲ့တာက ရစ်ငှက်တစ်ကောင် မဟုတ်ပါလား။
ဒါပေမယ့် သူမ လှုပ်ရှားလိုက်သည့်အချိန်တွင် ရစ်ငှက်က တောင်ပေါ်သို့ ပျံပြေးသွားသည်။
“အမေ၊ အမေ အရမ်းမိုက်မဲတာပဲ။ အမေက ရစ်ငှက်ကို ခြောက်လွှတ်လိုက်တယ်။” လောင်စန်းက ပြောသည်၊ “အဖေသာ ဒီမှာရှိရင်၊ အဲ့ဒီရစ်ငှက်က အဝေး ပျံပြေးနိုင်မှာ မဟုတ်ဘူး။”
လင်းချင်းဟယ် “...”
ကောင်းပြီ၊ သူမ အမျိုးသားသာ ဒီမှာ ရှိရင်၊ သူက ဒီရစ်ငှက်ကို မိအောင် ဖမ်းဆီးနိုင်လိမ့်မည်။ သူမကတော့၊ ဒီလိုမျိုး မလုပ်နိုင်ဘူး။
ဟင်းရွက်ရိုင်းတွေနှင့် စားလို့ရမည့် မှိုအချို့ကိုပါ ရှာဖွေခဲ့ပြီး အမေနှင့်သားဟာ အိမ်ပြန်လာကြသည်။
လောင်တနှင့် လောင်အာ့တို့ ကျောင်းကနေ ပြန်ရောက်သည်နှင့် တပြိုင်နက် လောင်စန်းသည် တောင်ပေါ်မှာ ရစ်ငှက်တစ်ကောင် တွေ့ခဲ့သော်လည်း အမေက ခြောက်လွှတ်လိုက်မိကြောင်း အပြေးပြောပြခဲ့သည်။
လင်းချင်းဟယ်သည် ညီအစ်ကိုနှစ်ယောက်ထံမှ အကြည့်စူးစူးတွေကို လက်ခံရရှိပြီး သူမ လက်ဖဝါးတွေ ယားယံလာကာ “နင်တို့တွေ နည်းနည်းလောက် အရိုက်ခံချင်နေတယ်လို့ ငါထင်တယ်။” သူတို့တွေက သူမကို အထင်သလေး ကြည့်ဝံ့သည်။
“အမေ၊ အဖေ့ကို သွားရှာခိုင်းလိုက်ပါလား။ တောင်ပေါ်မှာ ရစ်ငှက်တွေ ရှိလိမ့်မယ်။” လောင်အာ့က ပြောသည်။
သူသည်လည်း အသားစားချင်သည့် အာသီသ ရှိသည်။
“မင်းအဖေမှာ အချိန်အားရှိရင်ပဲ ထူးဆန်းနေဦးမယ်။ နင်တို့စားသောက်ဖို့အတွက် အလုပ်မှတ်တွေ ရှာဖွေဖို့ ငါ့ယောကျာ်းက လယ်ထဲ မဆင်းရတော့ဘူးလား။” လင်းချင်းဟယ်က ပြောသည်။
ထို့နောက် ညီအစ်ကိုတွေကို မီးမွှေးပေးဖို့ ခိုင်းစေကာ သူမက ကြက်ဥနှင့် ဟင်းရွက်ရိုင်း ဖက်ထုပ်လုပ်ဖို့ ပြင်ဆင်ခဲ့သည်။
အသား မပါဝင်သော်လည်း ကြက်ဥနှင့် ဟင်းရွက်ရိုင်း ဖက်ထုပ်တွေက အလွန်မွှေးကြိုင်ပြီး လတ်ဆတ်နေသောကြောင့် တစ်မိသားစုလုံး စိတ်ကျေနပ်စွာ စားသောက်ကြသည်။
အသားမစားရတာ အချိန်အတော်ကြာမြင့်ခဲ့ပြီ။ အိမ်က ကလေးတွေက အသားစားချင်စိတ် အာသီသ ပြင်းပြနေသောကြောင့် လင်းချင်းဟယ်သည် နောက်တစ်နေ့တွင် အစ်မမိန်ထံသို့ သွားရောက်ခဲ့ပြီး အသားသွားယူခဲ့ကြသည်။ သူမသည် နံရိုးတစ်ချောင်း အပိုရရှိလာခဲ့သည်။
နံရိုးတစ်ချောင်းတွင် အသားများစွာ ကျန်ရှိနေသေးပြီး သူမ နေရာလွတ်ထဲမှ နံရိုးထက် နှစ်ကျင်းလောက် အလေးချိန် ပိုစီးသည်။
လင်းချင်းဟယ်သည် အသားတွေကို အတုံးသေးသေးလေးတွေ တုံးပြီး ဆော့စ်ပုံစံ ချက်ပြုတ်ကာ နွေဦးပန်ကိတ်တွေနှင့် တွဲဖက်စားသုံးဖို့ ပြင်ဆင်ခဲ့သည်။ ကျန်ရှိသည့် နံရိုးတွေကိုတော့ ရေညှိဖြင့် စွပ်ပြုတ် ချက်လိုက်သည်။
ဒီလိုနဲ့၊ တစ်မိသားစုလုံးရဲ့ အသားစားချင်စိတ် အာသီသကို ဖြေရှင်းခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ မေလသို့ ရောက်ရှိခဲ့ပြီ။
ဒီလထဲမှာတော့ စားသောက်လို့ရမည့် ဟင်းသီးဟင်းရွက်တွေ တဖြည်းဖြည်း တိုးများလာသည်။ အပြင်ဖက်မှာ ဟင်းရွက်ရိုင်းတွေကလည်း အများကြီး ရှိနေခဲ့ပြီ။ အိမ်မှာ စိုက်ပျိုးထားသည့် ဂေါ်ဖီထုတ်တွေကလည်း ခူးဆွတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီး အရမ်းချိုသည်။
ဒီနေ့မနက်ခင်းစောစောမှာပင် ကျိုးချင်းပိုင်က ပိုးသတ်ဆေးတွေ ဝယ်ယူရန် မြို့ပေါ်သို့ တက်သွားခဲ့ပြီး ညနေခင်းအထိ ပြန်မရောက်လာသေးပေ။
သူ အိမ်ပြန်ရောက်သည့်အခါတွင် လင်းချင်းဟယ်ကို သူ နောက်တစ်ခါ သွားသည့်အခါကျရင် အိုးကိစ္စ အကြောင်းထူးလိမ့်မည်ဟု ပြောခဲ့သည်။
“အဲ့တာရဖို့ ဘယ်လောက်ကြာမှာလဲ။” လင်းချင်းဟယ်က တောက်ပသော မျက်လုံးတွေဖြင့် မေးလိုက်သည်။
“တစ်လခွဲလောက် ကြာလိမ့်မယ်။” ကျိုးချင်းပိုင် ပြန်ဖြေသည်။
ဒါက ပြဿနာ မရှိဘူး။ လင်းချင်းဟယ်က တတိမောင်လေးလင်း လာရောက်လည်ပတ်ချိန်တွင် သူ့ကို ထိုသတင်းကောင်းအား ပြောပြခဲ့သည်။
တတိယယောင်းမလင်းသည် လွန်ခဲ့သော ဆယ်ရက်ဝန်းကျင်က ကလေးမွေးဖွားခဲ့သည်။ သူတို့တွေဟာ ဒီကိစ္စကြောင့် အလုပ်ရှုပ်နေတာကြောင့် ဒီသတင်းကို အခု သူ လာလည်သည့်အချိန်မှ သိခဲ့ရသည်။
တတိယယောင်းမလင်းသည် အခုတစ်ခေါက် ကလေးသည်လည်း မိန်းကလေးပင် ဖြစ်နေသောကြောင့် အလွန်စိတ်မကောင်း ဖြစ်နေခဲ့သည်။ ပြောရရင် သူမမှာ သမီး သုံးယောက် ရှိနှင့်နေပြီးသား ဖြစ်လေသည်။
လင်းအိမ်ဟောင်းတွင် သူမသည် ဟိုနေရာ ဒီနေရာမှာ မျက်စောင်းထိုး အပြစ်တင်ပြောဆိုတာတွေကို ရရှိခဲ့သည်။ အကြီးဆုံးယောင်းမလင်းနှင့် ဒုတိယယောင်းမလင်းတို့က သူမကို မထီမဲ့မြင်ပြုကြပြီး အဖေလင်းနှင့် အမေလင်းတို့သည်လည်း သူမအပေါ် သဘောမကျဟန်များ ပြသခဲ့သည်။
သားတစ်ယောက်တောင် မမွေးနိုင်ရင် သူမက ဘာအကျိုးရှိမှာလဲ။
တတိယယောင်းမလင်းရဲ့ အခြေအနေက ဘယ်လိုဘဝမျိုး ကြုံတွေ့နေရမလဲ ဆိုတာ တွေးကြည့်နိုင်သည်။
အစတုန်းကတော့ တတိယမောင်လေးလင်းသည် လင်းချင်းဟယ်ရဲ့ အိမ်ပြောင်းဖို့ ပြောသည့် ကိစ္စကို သိပ်ပြီး အရေးမစိုက်ခဲ့ပေ။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ သူ တကယ် အိမ်ပြောင်းနေချင်ခဲသည်။
လင်းချင်းဟယ်က ဒီအကြောင်းတွေကို မသိပေမယ့် နောက်ထပ် ကလေးကလည်း သမီးမိန်းကလေး ဖြစ်မှန်း သိသောအခါတွင် လင်းချင်းဟယ်သည် မေးစရာမလိုလောက်အောင်ပင် နားလည်သွားခဲ့သည်။
လင်းချင်းဟယ်က ပြောသည်၊ “နင့်ယောက်ဖက အိုးတစ်လုံး ဝယ်ဖို့ လုပ်ထားတယ်။ အဲ့တာကို ဘယ်အချိန်ရမယ်မှန်း ငါတို့မသိဘူး။ ဒါပေမယ့် နင် အိမ်ပြောင်းမယ်ဆိုရင် ငါတို့အိမ်က အိုးကို နင့်ကို ပေးလိုက်မယ်။” အိမ်ထောင်တစ်ခုကို ထမင်းဟင်းချက်ပြုတ်စားဖို့ အိုးတစ်လုံးမပါပဲ မပြောင်းရွှေ့နိုင်ပေ။
တတိယမောင်လေးရဲ့ မျက်လုံးတွေက တောက်ပသွားသည်၊ “အစ်မ၊ ငါ ဖြစ်နိုင်ပါ့မလား။”
“အင်း... ဘာကို မဖြစ်နိုင်စရာ ရှိလဲ။ ငါ နင့်ကို ယွမ်တစ်ရာတောင် ချေးပေးလိုက်ဦးမယ်။ အဲ့တာက သိပ်အများကြီး မဟုတ်ပေမယ့် သင့်တော်တဲ့ အိမ်တစ်လုံး ဆောက်ဖို့ လုံလောက်ပါလိမ့်မယ်။ နင် နှစ်ပေါင်းများစွာ နေထိုင်ရမှာဖြစ်လို့၊ အိမ်ဆောက်တဲ့အခါ မတွန့်တိုနဲ့။” လင်းချင်းဟယ်က ပြောသည်။
တတိယမောင်လေးလင်းက သူ့နှုတ်ခမ်းကို တင်းတင်းစေ့ကာ “အစ်မ၊ စိတ်မပူပါနဲ့။ ကျွန်တော် ပိုက်ဆံစုပြီးရင် အစ်မကို ပြန်ဆပ်ပေးပါ့မယ်။”
လင်းချင်းဟယ်က အသိအမှတ်ပြုဟန် ခေါင်းညိတ်လိုက်သည်။ သူ ပြန်သွားသောအခါတွင် လင်းချင်းဟယ်က ကြက်ဥ တစ်ကျင်း ထည့်ပေးလိုက်သည်။ သူမသည် ဒီကြက်ဥတွေကို ခက်ခက်ခဲခဲ ညှစ်ထုတ်ပြီး ပေးလိုက်ရတာ ဖြစ်သည်။ သူမရဲ့ နေရာလွတ်ထဲတွင် ကြက်ဥ အများကြီး မကျန်တော့ဘူး။
နောက်တစ်ခါ မြို့ပေါ်မှာ အသားမှောင်ခိုသွားရောင်းချသည့်အခါတွင် ကြက်ဥများများ ပြန်ဝယ်လာရမည်။
တတိယမောင်လေးလင်းက သူ့ဇနီးသည်က အာဟာရများစွာ လိုအပ်နေချိန်ဖြစ်လို့ ဒီတစ်ခါမှာတော့ သူက ဒီကြက်ဥတွေကို မငြင်းပယ်တော့ဘူး။
နောက်တစ်ခါ ကျိုးချင်းပိုင်တစ်ယောက် ပိုသတ်ဆေး သွားဝယ်သည့်အချိန်တွင် အိုးတစ်လုံးကိုပါ ပြန်ယူဆောင်လာခဲ့သည်။
အဖေကျိုးနှင့် အမေကျိုးက ဒီအခြေအနေကို မသိသေးဘူး။ လင်းချင်းဟယ်က သူမ မိခင်ဖက်မိသားစုမှ တတိယမောင်လေးလင်းက ပိုက်ဆံပေးပြီး ဝယ်ခိုင်းခဲ့တာလို့ ပြောလိုက်သည်။