အခန်း ၁၅၃
Viewers 38k

အခန်း (၁၅၃) – တောင်းပန်လိုက်ပါ


ကျိုးရှားသည် လောင်တထက် ငယ်ပြီး လောင်အာ့နှင့် သက်တူရွယ်တူလောက် ဖြစ်သည်။ သို့သော် သူသည် လောင်အာ့ထက် ပိုပုပြီး လောင်အာ့ထက် ပိုပိန်သည်။


“အရသာရှိပြီး မွှေးနေတာပဲ။” လောင်တ့က ရိုးရိုးသားသား ပြောသည်။


“အဲ့တာက အရမ်းအရသာရှိပြီး အရသာက အရမ်း အရမ်း...” လောင်အာ့သည် လောင်စန်းလိုပင် ခံစားရသော်လည်း သူက ဒါကို သောက်နိုင်သေးသည်၊ မတူတာက လောင်စန်းကတော့ သူတို့အမေ အတင်းအကြပ် သောက်ခိုင်းခဲ့ရတာ ဖြစ်သည်။


“နွားနို့ သေချာပေါက် အရသာရှိမှာပေါ့၊ ကျွန်တော်ကြားတာ နွားနို့က အရမ်းစျေးကြီးတယ်တဲ့။” ကျိုးရှားက ပြောသည်။


“အဲ့တာက စျေးကြီးတယ်လား။” လောင်အာ့က မေးသည်။


“ဒါပေါ့၊ အဲ့တာက အရမ်းစျေးကြီးတယ်၊ တစ်ပုလင်းကို ဆယ်ပြားကျော် ကုန်ကျတယ်လေ။” ကျိုးရှားက ပြန်ဖြေသည်။


မနေ့က သူ့စတုတ္ထအဒေါ် နို့ပို့သမားနဲ့ စကားပြောနေချိန်မှာ သူ အားလုံး ကြားခဲ့သည်။ သူ့အဖွားလည်း ဒါကို ကြားခဲ့တာကို တွေ့ခဲ့ရသည်။


“အဲ့တာက စျေးမပေါဖူးပေါ့။” လောင်အာ့က ပြောသည်။


“ဒါက စျေးမကြီးပါဘူး၊ အရသာရှိတယ်။” လောင်တ ပြောသည်။


“ဒါက ငွေဆယ်ပြားနော်၊ ဒါက စျေးမကြီးတာ ဘယ်ဟုတ်ပါ့မလဲ။ အစ်ကိုကြီး၊ အခုအချိန်အထိ ကျွန်တော်တို့ရဲ့ စုဆောင်းငွေက ငွေပြား ၃၀ပဲ ရှိသေးတယ်လေ။” လောင်အာ့က တန်ပြန်ပြောသည်။


သူတို့ရဲ့ မိသားစုက သွားတိုက်ဆေး အသုံးပြုကြပြီး သူတို့က သွားတိုက်ဆေးဘူးခွံကို ပိုက်ဆံနဲ့ လဲလှယ်ခဲ့ကြသည်။ အိုး... ဟုတ်သားပဲ၊ သတင်းစာ စက္ကူစုတ်တွေလည်း ပါသေးသည်။


သူတို့အမေ မြို့ပေါ်ကနေ သတင်းစာစောင်တွေကို စျေးပေါပေါနဲ့ ပြန်ဝယ်လာခဲ့ပြီး သူတို့က အဲ့အပေါ်မှာ စာတွေ ရေးပြီးတာနဲ့ ဒါတွေကို ပြန်ရောင်းလို့ ရတယ်။ သူတို့အမေက ဒါတွေ ရောင်းရငွေကို သူတို့ယူလို့ရကြောင်း ပြောခဲ့သည်။


“အဲ့တာတော့ အမှန်ပဲ။” ဒါကို ကြားတော့ လောင်တက ခေါင်းညိတ်ထောက်ခံသည်။

 

သူတို့ စုဆောင်းထားတဲ့ငွေနဲ့ နှိုင်းယှဥ်ရင်တော့ ဒါက တကယ် စျေးကြီးတာပဲ။ သူတို့ရဲ့ပိုက်ဆံက နွားနို့ ၃ပုလင်းဝယ်ဖို့သာ လုံလောက်သည်။


ကျိုးရှားသည် ဒါကို ကြားတော့ ပိုလို့တောင် မနာလိုဖြစ်မိသည်၊ လောင်တနှင့် လောင်အာ့မှာ စုဆောင်းငွေ ရှိကြသည်။


နောက်ရက်တွေမှာ ဘာမှ မပြောတော့ပဲ နွားနို့ကို လိမ်လိမ်မာမာ သောက်ကြသည်။ အစပိုင်းတွင် ကျိုးရှားရွာမှာ လင်းချင်းဟယ်တို့ရဲ့ မိသားစုသာ နွားနို့မှာယူခဲ့ကြသည်။


ဒါပေမယ့် နောက်ပိုင်းတွင် ရပ်ရွာအတွင်းရေးမှုးရဲ့ ချွေးမကပင် တစ်နေ့ကို နွားနို့တစ်ဗူး မှာယူခဲ့သည်။


ဘာဖြစ်လို့လဲ ဆိုတော့ ကလေးက အရမ်းငယ်သေးပေမယ့် မိခင်ဖြစ်သူရဲ့ နို့ကို အလုံအလောက် မရရှိသောကြောင့် ဖြစ်သည်။ သူတို့တွေက နွားနို့ကိုသာ မှာတိုက်နိုင်ကြသည်။


ဒါပေမယ့် တကယ်တမ်းပြောရရင် ဒီနွားနို့က အရမ်းအာဟာရပြည့်သည်။ တစ်လလောက်ကြာတော့ လောင်တရဲ့ စိတ်အားတက်ကြွမှု တစ်ခုလုံး လုံးဝ ကွဲပြားခြားနားပုံရသည်။


လောင်အာ့က မသောက်ချင်ပေမယ့် ဘာမှမကျန်‌တော့အောင် အကုန်အစင် သောက်နေတုန်းပါပဲ။ အခြားတစ်ဖက်တွင်မူ လောင်စန်းလေးကတော့ လင်းချင်းဟယ်ရဲ့ ဖိအားပေး သောက်ခိုင်းခြင်းကို ခံရသည်။


ဒီကောင်စုတ်လေးက အပြင်မှာ သောက်လေ့ရှိပေမယ့် လင်းချင်းဟယ်က သူ့ကို ဘာမှ မပြောပဲ သတိတရ သောက်သုံးဖို့ကိုသာ ညွှန်ကြားခဲ့သည်။


တစ်နေ့မှာ‌တော့ လင်းချင်းဟယ်က ဒီကောင်စုတ်လေး အပြင်မှာ ထွက်ပြီး နွားနို့သောက်တာကို မသင်္ကာ၍ နောက်မှ လိုက်ချောင်းကြည့်ခဲ့သည်။ 


နောက်တော့ ဒီကောင်စုတ်လေးက ဒုတိယအိမ်ထောင်ခွဲမှ ကျိုးရှားကို သူ့ဝေစု နွားနို့အကုန်လုံးကို ပေးလိုက်တာကို မြင်တွေ့ခဲ့ရသည်။


လင်းချင်းဟယ်တစ်ယောက် အရမ်းဒေါသထွက်သွားသည်။


သူမရဲ့ အပြုအမူ ထူးဆန်းနေသဖြင့် နောက်ကနေ လိုက်ပါလာသည့် လောင်တနှင့် လောင်အာ့တို့ပါ ဤမြင်ကွင်းကို တွေ့လိုက်ရသည်။


ညီအစ်ကိုနှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။


“အိမ်ကို ပြန်သွား၊ ဒီအကြောင်း လောင်စန်းကို ဘယ်သူမှ ပြောပြခွင့် မရှိဘူး။” လင်းချင်းဟယ်က သူတို့ကို ပြန်လွှတ်လိုက်ပြီး သတိပေးခဲ့သည်။


သူမသည် ဒီကောင်စုတ်လေးရဲ့ လုပ်ရပ်ကို မဖော်ထုတ်ခဲ့ပေ။ ဒီကောင်စုတ်လေးက ဒီလိုမျိုး ဘယ်အချိန်ကတည်းက စလုပ်နေလဲ ဆိုတာကို သူမ မသိဘူး။


“အမေ၊ သားတို့ တကယ် မသိဘူး။” လောင်တက ချက်ချင်း ပြန်ဖြေသည်။


“အရင်က သူ နွားနို့ကို လုံးဝ မသောက်ဖူးဘူးလို့ လောင်စန်းကို ကျိုးရှားက ပြောလိုက်တာပဲ ဖြစ်ရမယ်။ လောင်စန်းကလည်း နွားနို့ကို မသောက်ချင်နေတာနဲ့ သူ့ကို ပေးလိုက်တာ ဖြစ်မယ်။” လောင်အာ့က ပြောသည်။


သူက ကျိုးရှားက တကယ် ကြောက်ဖို့ကောင်းပြီး နွားနို့သောက်ချင်သဖြင့် သူ့ညီလေးကို လိမ်လည်လှည့်ဖြားခဲ့တယ်လို့ သူ ခံစားခဲ့ရသည်။ ဒီနွားနို့က အရမ်းစျေးကြီးသည်။


လောင်အာ့က ဒါကို စျေးကြီးမှန်း သိပြီး ဒါကို သောက်တာ အကျိုးရှိတယ် ဆိုတာကိုလည်း သူ သိသည်။ ဒါ့ကြောင့် သူ နွားနို့သောက်ရတာ မကြိုက်ရင်တောင်မှ သူ ဆက်သောက်နေတာ ဖြစ်သည်။ ဒါက ဘယ်လောက် စျေးကြီးလိုက်သလဲ၊ ဘယ်လိုလုပ်ပြီး ဒါကို ဖြုန်းတီးနိုင်ပါ့မလဲ။


ဒါပေမယ့် သူ့ညီငယ်လေးက သူ့ဝေစုကို ကျိုးရှားကို ပေးလိုက်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။


လင်းချင်းဟယ်ကတော့ သူတို့နှစ်ယောက်ကို အပြစ်မတင်ခဲ့ပါဘူး။ သို့ရာတွင် နောက်တစ်နေ့မှစ၍ လင်းချင်းဟယ်သည် သူ့အမေက သူ့ကို ပေးမည့် နွားနို့ဝေစုကို စားပွဲတွင် ထိုင်စောင့်နေသည့် လောင်စန်းကို မပေးခဲ့တော့ပေ။


လင်းချင်းဟယ်က လောင်စန်းရဲ့ နွားနို့ဝေစုကို ကျိုးချင်းပိုင်ကို တန်းပေးလိုက်သည်၊ “လောင်စန်းက ဒီနွားနို့ကို သောက်ရတာ မကြိုက်ဘူး၊ ဒါ့ကြောင့် သူ့ကို နွားနို့ ထပ်မပေးတော့ဘူး၊။ ချင်းပိုင်၊ ရှင်က အဖေတစ်ယောက်အနေနဲ့၊ ရှင်က သူ့ဝေစုကို ကူသောက်ပေးသင့်တယ်။”


“အမေ၊ သား ဒီနွားနို့ကို သောက်ရတာ တကယ်ကြိုက်ပါတယ်။” လောင်စန်းက အပြင်ကင်းစင်သည့် အသွင်လေးဖြင့် မျက်တောင် တဖျတ်ဖျတ်ခပ်ကာ ပြောလိုက်သည်။


“ဟန်ဆောင်နေလိုက်။” လောင်တနှင့် လောင်အာ့တို့က သူ့ကို အမြင်ကတ်သွားသည်။ သူတို့ အဲ့ဒီမြင်ကွင်းကို မြင်ခဲ့ကြသည်။

 

ကျိုးချင်းပိုင်က သူ့ဇနီးကို တစ်ချက်ကြည့်ကာ နွားနို့ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။


တစ်မနက်မှာတော့ လင်းချင်းဟယ်က အိပ်ရာ စောစောနိုးလာသည်။ နွားနို့ပို့သူ ရောက်လာတော့ လင်းချင်းဟယ်သည် သူ့ထံမှ နောက်ထပ် နွားနို့နှစ်ပုလင်းလောက် ထပ်ဝယ်လိုက်သည်။


ဒါက ဘာအတွက်လဲ ဆိုတော့ နွားနို့အရသာ မန်ထို ပြုလုပ်ဖို့အတွက်ပင် ဖြစ်သည်။


နွားနို့မန်ထို ပြုလုပ်ပြီးတာနဲ့ ထွက်လာသည့် မွှေးရနံ့လေးက တကယ်ချစ်ဖို့ကောင်းသည်။


တောက်ပသော မျက်လုံးတွေဖြင့် လောင်စန်းသည် နွားနို့မန်ထိုကို စိုက်ကြည့်ရင်း ထိကိုင်ချင်လာခဲ့သည်။ လင်းချင်းဟယ်က သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး “နင် ဘာလုပ်တာလဲ။ ဒါကို နွားနို့ထည့်ပြီး လုပ်ထားတာ။ နင် နွားနို့သောက်ရတာ မကြိုက်ဘူးမလား။ ငါ နင့်ကို နွားနို့မပါတဲ့ တခြားမန်ထိုပေးမယ်။ အဲ့တာပဲ စား။”


သူမသည် လောင်စန်းကို ပြောင်းမှုန့်မန်ထိုတစ်လုံး ပေးလိုက်သည်။


လောင်စန်းသည် စားပွဲဝိုင်းတစ်ဝိုက် နွားနို့မန်ထို စားနေသော လူတိုင်းကို ဗလာအကြည့်တွေ စိုက်ကြည့်နေခဲ့သော်လည်း သူက ပြောင်းမှုန့်မန်ထိုကိုသာ စားနိုင်သည်။


“အမေ၊ အမေက အနိုင်ကျင့်နေတာပဲ။” လောင်စန်းက ဒေါသတကြီး ပြောလိုက်သည်။


“ငါက အနိုင်ကျင့်နေတာ ဆိုရင်ရော နင် ဘာလုပ်နိုင်မှာလဲ။” လင်းချင်းဟယ်က နှာမှုတ်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။


ကျိုးချင်းပိုင်ကတော့ သူ့ဖာသာသူ တိတ်တဆိတ် စားနေခဲ့သည်။ သူ့ဇနီးကတော့ စားသောက်ပြီးစီးသွားပြီ။ ဒါက ကိစ္စကြီးကြီးမားမား မဟုတ်ပေမယ့် ကလေးတွေကို ပညာပေး သင်ကြားပြသတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ဘယ်တုန်းကမှ ဝင်မပြောခဲ့ဘူး။ သူ့ဇနီးရဲ့ ပြောစကားကသာ နောက်ဆုံးဆုံးဖြတ်ချက် ဖြစ်သည်။


အဖေကျိုးနှင့် အမေကျိုးတို့ကတော့ အံ့အားသင့်သွားသည်။


“အဖေ၊ အမေ၊ စားစရာ ရှိတာ စားပါ။ သူ့ကို စိတ်ထဲ မထားနဲ့။” လင်းချင်းဟယ်က ပြောသည်။


“တကယ်တမ်း ဒီမှာ နွားနို့မန်ထိုတွေ အများကြီး ရှိနေတာပဲ။” အမေကျိုးက ထောက်ပြသည်။


“သူ့ကို စိတ်ပူ မနေနဲ့၊ သူက ဒါကို စားရတာ မကြိုက်ဘူး။” လင်းချင်းဟယ်က ရှင်းပြသည်။


ဒါကို ကြည့်ပြီး လင်းချင်းဟယ်က သူမ သားဖြစ်သူကို သင်ကြားပြသနေတာမှန်း အမေကျိုး သိသည်။ လောင်စန်းက ဘာအမှား လုပ်မိမှန်းကို သူမ မသိသည့်အပြင် ပြောင်းမှုန့်မန်ထိုကလည်း သိပ်မဆိုးရွားတာကြောင့် အမေကျိုးလည်း ဝင်မပြောတော့ဘူး။

 

ကျိုးချင်းပိုင်နှင့် အဖေကျိုးက စားသောက်ပြီးတာနဲ့ အလုပ်သွားသည်။


လောင်တက စားပြီးသွားသည့် ပန်းကန်လုံးတွေနှင့် ထမင်းစားတူတွေကို ဆေးကြောသန့်စင်နေစဥ် လောင်အာ့က အိမ်ခြံဝန်းကို သန့်ရှင်းရေးလုပ်သည်။ ပြီးနောက် နှစ်ယောက်သား ကျောင်းသွားကြသည်။

 

ဒါပေမယ့် သူတို့ ကျောင်းမသွားခင် လောင်အာ့က လောင်စန်းကို တိတ်တဆိတ် ပြောပြခဲ့သည်၊ “မင်း ရှားရှားကို နွားနို့ ခိုးတိုက်တဲ့ကိစ္စ အမေ ရှာတွေ့သွားတယ်။”


လောင်စန်းရဲ့ မျက်လုံး ပြူးကျယ်သွားသည်။ သူ ဘာမှ ထပ်မပြောနိုင်ခင်မှာ သူ့အမေ ပြောလိုက်သံကို ကြားလိုက်ရသည်၊ “လောင်အာ့၊ နင် ကျောင်းမသွားသေးဘူးလား။”


“သား သွားမှာပါ။ သား အခုပဲ သွားပြီနော်။” လောင်အာ့က ပြန်ဖြေပြီးနောက် အပြေးအလွှား ပြေးထွက်သွားခဲ့သည်။


လင်းချင်းဟယ်က လောင်စန်းကို စိုက်ကြည့်ပြီး ဟမ့်ဟု အသံပြုပြီးနောက် လှည့်ထွက်သွားသည်။


“အဖွား၊ သား အမေ စိတ်ဆိုးအောင် လုပ်လိုက်မိတယ်။” လောင်စန်းက သူ့အဖွားကို သွားရှာပြီး ဝမ်းနည်းပူဆွေးစွာ ပြောလိုက်သည်။


“ဒါဆိုရင် နင့်အမေကို သွားရှာပြီး တောင်းပန်ချေ။ တောင်းပန်ပြီးရင် အဆင်ပြေသွားလိမ့်မယ်။” အမေကျိုးက ‌ပေါ့ပေါ့ပါးပါး တုံ့ပြန်သည်။


“သားအမေက သေချာပေါက် စိတ်ဆိုးနေဦးမှာပဲ။” လောင်စန်းက ဆက်ပြောသည်။


“နင့်အမေကို စိတ်ဆိုးအောင် နင် ဘာလုပ်လိုက်တာလဲ။” အမေကျိုးက မေးသည်။


လောင်စန်းက ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် ကျိုးရှားကို သူ့ဝေစု နွားနို့အကုန်လုံး ခိုးတိုက်လိုက်ကြောင်းကို ပြောပြခဲ့သည်။


အမေကျိုးသည်လည်း နားလည်သဘောပေါက်သွားသည်။ စတုတ္ထရဲ့ ဇနီးသည်က လောင်စန်းကို နွားနို့ မပေးတော့တာ၊ နွားနို့မန်ထို မကျွေးတာ အံ့သြစရာ မဟုတ်ဘူး။ 


“နင့်အမေ ဒေါသထွက်နေသေးရင်လည်း နင့်အမှားကို ဝန်ခံပြီး တောင်းပန်ရင် နင့်အမေက နင့်ကို ခွင့်လွှတ်ပေးမှာပါ” အမေကျိုးက ပြောသည်။


“တကယ်လား။” လောင်စန်းက တုံ့ဆိုင်းနေသည်။


“တကယ်ပေါ့။ နင် ငါ့ကို မယုံရင်၊ နင့်အမေကို သွား‌ပြောချေ။” အမေကျိုးက ခေါင်းညိတ်သည်။

 

လောင်စန်း အိမ်ပြန်သွားသည်။ သူက အရင်ဆုံး သူတို့အိမ်က ဖေးယင်းကို ပွေ့ဖက်အားယူပြီးနောက် သူ့မိခင်ကို ရှာရန် ရဲဝင့်စွာ ဝင်သွားခဲ့သည်။


“အမေ” လောင်စန်းက တံခါးကို တွန်းဖွင့်ဝင်သွားပြီးနောက် ခေါ်လိုက်သည်။


လင်းချင်းဟယ်က စာ လေ့လာနေတာ ဖြစ်သည်၊ “ငါ ဒီမှာ။ ဘာကိစ္စ ရှိလို့လဲ။”


သူ့မိခင်ရဲ့ လေသံအရ၊ ကြည့်ရတာ အဆင်ပြေပုံပဲ။ လောင်စန်းက သတ္တိရှိရှိ သူမအနားသို့ လျှောက်သွားသည်။


“အမေ၊ စိတ်မဆိုးပါနဲ့။ သားမှားတာ သား သိပါပြီ။” လောင်စန်းက သူ့မိခင်ကို ကြည့်ပြီး တိုးတိုး‌လေး ပြောသည်။


“နင် ဘယ်နေရာက မှားတာလဲ။” ထိုသို့‌မေးသည့်အခါမှာ လင်းချင်းဟယ်က သူ့ကို ကြည့်နေခဲ့သည်။


“သား အမေ့ကို မပြောပဲ တခြားသူကို နွားနို့ ခိုးတိုက်တာက မှားတာပါ။” လောင်စန်းက ဝန်ခံခဲ့သည်။


“နင့်အမှားကို နင် ဝန်ခံလိုက်တာနဲ့ လုံလောက်ပြီ။ ငါ နင့်ကို ခွင့်လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် နောက်တစ်ခါ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံ ဖြစ်ပွားခဲ့မယ်ဆိုရင်၊ နင် နွားနို့ သောက်ရတာ တကယ် မကြိုက်ဘူးဆိုရင် နင် ငါ့ကို တိုက်ရိုက် ပြောလို့ ရတယ်။ ဒါပေါ့၊ ဒီကိစ္စမှာ အမေ့ အမှားလည်း ပါတယ်။ နင် ဒါကို သောက်ရတာ မကြိုက်တာကို သိရဲ့သားနဲ့ အမေက နင့်ကို ဖိအားပေး သောက်ခိုင်းခဲ့မိတယ်။ အမေလည်း သားကို တောင်းပန်ပါတယ်။ သားလည်း အမေ့ကို ခွင့်လွှတ်ပေးမယ်လို့ အမေ မျှော်လင့်တယ်။” လင်းချင်းဟယ်က ပြောသည်။