အခန်း (၁၆၅) - ကောင်းကျိုးများကို ရည်မှန်းပြီး ဆိုးကျိုးများကို ရှောင်ရှားမည်
ဤခေတ်၌ အင်္ဂလိပ်ဖတ်စာအုပ်များကို ရှာရခက်သည်။
၎င်းတို့အားလုံးကို ပိုမိုသတိထားဆင်ခြင်ရမည့် အကြောင်းအရာများအဖြစ် ခွဲခြားသတ်မှတ်ထားသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ ပထမဆုံးနှစ်တွင် အင်္ဂလိပ်စာကို ဖြေဆိုရန် မလိုအပ်ပေ။ ဒုတိယနှစ်မှ အင်္ဂလိပ်စာကို ဖြေဆိုရန် ထည့်သွင်းထားပုံရသည်။
လင်းချင်းဟယ်က ဒါကို မှတ်မိနေပေမယ့် အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိပါဘူး။
သို့သော် ယခုအချိန်တွင် သူမ၏ ကိုယ်တိုင်စာလေ့လာခြင်းသည် အထက်တန်းပထမနှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် အလုပ်မရှိ အားလပ်နေသဖြင့် စကားလုံးများကို အလွတ်ကျက်မှတ်ထားရန် အင်္ဂလိပ်ဖတ်စာအုပ်များအား ရှာဖွေရန် ကြိုးစားကြည့်ခြင်းက အကြံကောင်းတစ်ခုပင်။
လင်းချင်းဟယ်သည် မှောင်ခိုဈေး၌ အဆက်အသွယ်အချို့ ရှိထားသည်။
တိကျသင့်တော်သော ဈေးနှုန်းကို သူမ ပေးနိုင်သရွေ့ ၎င်းက အလွန် သတိထားရမည့် ထုတ်ကုန်တစ်ခု ဖြစ်ခဲ့လျှင်ပင် ၎င်းကို သူမအတွက် လျင်မြန်စွာ ရရှိနိုင်လိမ့်မည် ဖြစ်သည်။
အင်္ဂလိပ်ဖတ်စာအုပ်ကောင်းကောင်းတွေ ရှိသည်။ ၎င်းတို့ကို လိုက်ရှာပေးသောသူတွေက နားမလည်သည့်အတွက် ၎င်းတို့ထဲက နှစ်အုပ်သည် ရုရှားဘာသာနှင့် ရေးသားထားသည်။ လင်းချင်းဟယ်သည် ၎င်းတို့ကို မလိုအပ်သလို ရုရှားဘာသာကိုလည်း သူမ နားမလည်ပါဘူး။
သူမသည် အင်္ဂလိပ်စာကို နားလည်သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက် တော်တော်များများကို မေ့သွားခဲ့ပြီ။ သူမ ပြန်လေ့လာရန် လိုအပ်သည်။
အခြေခံအင်္ဂလိပ်စာ ကျောင်းသုံးစာအုပ်သည် လင်းချင်းဟယ်ကို ဆယ်ယွမ် ကုန်ကျစေသည်။
ဒါက မိုးထိအောင် ခေါင်ခိုက်နေသော ဈေးနှုန်းနီးနီးပင် ဖြစ်နေပြီ။
ဒါပေမယ့် ဒီဈေးနှုန်းဆိုသောသူက မှန်ပေသည်။ ၎င်းကို သူမအတွက် ရရှိရန် သူတို့က စွန့်စွန့်စားစား ကြိုးစားရှာဖွေပေးထားသဖြင့် ဒီဈေးနှုန်းကို လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။
လင်းချင်းဟယ်သည် အင်္ဂလိပ်ဖတ်စာအုပ်များကို နေရာလွတ်ထဲသို့ ချက်ချင်း ထည့်လိုက်သည်။
ဒီလိုအရာများကို ကောင်လေးတွေကို ပြလို့မဖြစ်ဘူး။ မဟုတ်ပါက ကလေးတွေ အပြင်သွားကစားရင်း တခုခုမှားပြောမိလျှင် မလိုလားတာ တစ်ခုခု အလွယ်တကူ ဖြစ်ပျက်လာနိုင်သည်။
အင်္ဂလိပ်ဖတ်စာအုပ်ကိစ္စကို ဖြေရှင်းပြီးနောက် လင်းချင်းဟယ်သည် ဝက်သားရောင်းရန် အငြိမ်းစား အမျိုးသမီးအလုပ်သမားတစ်ဦးကို ရှာဖွေခဲ့သည်။
“မိန်းကလေး… နင့်ဝက်သားက အသားကောင်းတယ်။” အငြိမ်းစားအမျိုးသမီးက ကျေနပ်စွာ အပြုံးလေးဖြင့် ပြောလာသည်။
“ကျွန်မက မဒမ်အတွက် အထူးတလည် ဂရုစိုက်ပေးတာပါ။ ကျွန်မရတဲ့ ပစ္စည်းကောင်းအားလုံးကို မဒမ်အတွက်ပဲ ချန်ထားပေးတာ။” လင်းချင်းဟယ်က ပြောသည်။
အငြိမ်းစားမဒမ်က ရယ်မောလိုက်ပြီး အရောင်းအဝယ်ပြီးသွားသောအခါ တိုးတိုးလေး ကပ်ပြောသည်။ “ဒီအရောင်းအဝယ်က နောက်ဆုံးအကြိမ်ပဲ။ နောက်တစ်ခါ မလာနဲ့ဦး။ မနက်ဖြန်ကစပြီး မှောင်ခိုဈေးကို မသွားနဲ့။ အပြင်မှာ ပြဿနာတစ်ချို့ ရှိနေတယ်။”
သူမသည် လင်းချင်းဟယ်ကို ဒီသတင်းအား ပြောပြရန် ဆန္ဒရှိခဲ့သည်။ တကယ်တော့ လင်းချင်းဟယ်၏ ကျေးဇူးကြောင့် သူမ၏အသားနှင့် အစားအစာများ တိုးလာပြီး သူမတို့မိသားစုလည်း ပိုမို စားသောက်နိုင်လာသည်။
ဥပမာအားဖြင့် ပြီးခဲ့သော ဆောင်းရာသီတွင် လင်းချင်းဟယ်သည် ကျင်းဒါဇင်များစွာရှိသော ဂျုံ နှင့် ကန်စွန်းဥ ကျင်းငါးဆယ်ကျော်ကို ယူဆောင်လာခဲ့သည်။ ဒါက အလွန်ခက်ခဲပေသည်။
ပြီးလျှင် မျှတသော ကုန်သွယ်မှု ဖြစ်သဖြင့် အငြိမ်းစားမဒမ်က အရောင်းအဝယ် ဆက်လုပ်ရန် မျှော်လင့်သည်။
“ကျွန်မကို သတိပေးလို့ ကျေးဇူးတင်ပါတယ်။” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် ပိုက်ဆံစုသိမ်းပြီး ထွက်သွားခဲ့သည်။
တခြား ဘာမှရောင်းစရာ မရှိသောအခါ လင်းချင်းဟယ်သည် စက်ဘီးစီးကာ အိမ်ပြန်လာခဲ့သည်။
လမ်းတွင် သူမသည် ရပ်ရွာအနီး၌ ရပ်ကာ ကြည့်ရှုခဲ့သည်။ သူမသည် ကြက်ဥခြင်းတစ်ဝက်စာကို ဝယ်လိုက်သည်။ ထို့နောက် အိမ်သို့ သယ်ပြန်လာခဲ့သည်။
သူမ အိမ်ပြန်ရောက်မှသာ နောက်ထပ်အချို့ကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်မည်။
သူမ ယူလာသမျှအားလုံးကို အသုံးပြုပြီးသွားပြီ။ ထိုကြက်ဥများအားလုံးကို ခရိုင်မြို့ရှိ မှောင်ခိုဈေးကွက်မှ ဝယ်ယူသိုလှောင်ထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သူမသည် ခဏတာ လျော့သုံးပြီး အတိုင်းအချင့်နှင့် သုံးစွဲရလိမ့်မည်။ နွေဦးရာသီအစတွင် သူမ ကြက်ဥများကို သိုလှောင်နိုင်ပြီ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ကြက်မများ ဥ,ဥကြလိမ့်မည်။
လင်းချင်းဟယ်သည် ကြက်ဥတစ်လုံးကို ခွဲကာ နှစ်ပိုင်းခွဲပြီး ကြက်ဥနို့ပေါင်းအဖြစ် ပေါင်းလိုက်သည်။ ထို့နောက် တံခါးဆီသွားကာ အော်လိုက်သည်။
မကြာမီ လောင်စန်း ပြန်ရောက်လာသည်။
“အမေ… ပြန်လာပြီလား။ အမေ ဒီခရီးမှာ ပင်ပန်းသွားရပြီ။” လောင်စန်းလေးက မျက်နှာချိုသွေးကာ အပြုံးလေးဖြင့် ပြောသည်။
လင်းချင်းဟယ်က သူ့ကို အစားအသောက်ပဲ သတိရပြီး သူမကို ဂရုမစိုက်တဲ့အကြောင်းအား နောက်ဆုံးတစ်ခေါက်က ညည်းညူပြောထားသဖြင့် သူက ပြုပြင်ခဲ့သည်။ သူမ ပြန်ရောက်လာသောအခါ သူ ပထမဆုံးလုပ်သည့်အရာမှာ တန်ဖိုးထား ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းပင် ဖြစ်သည်။
“ဒါက တော်တော် အလုပ်ဖြစ်ခဲ့တယ်။” လင်းချင်းဟယ်က ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။
လောင်စန်းက ပြုံးပြီး “အမေ… ဘာလို့ သားကို ခေါ်တာလဲ။”
“သကြားလုံးတော့ မရှိဘူး။ ဒါပေမယ့် ကြက်ဥနို့ပေါင်း လုပ်ထားတယ်။ စားချင်လား။” လင်းချင်းဟယ်က မေးသည်။
“စားချင်တယ်။” လောင်စန်းသည် အပြင်ထွက်ကစားပြီးနောက် အနည်းငယ် ဗိုက်ဆာလာသည်။
“ချန်းချန်းလေးကို ခေါ်လာဖို့ နင့်အဖွားကို သွားခေါ်လိုက်ဦး။ အမေ သူ့အတွက်လည်း လုပ်ထားတယ်။” လင်းချင်းဟယ်က ခိုင်းလိုက်သည်။
“မလိုဘူး။ ညီလေးက အကြီးဆုံးအဒေါ်လုပ်ပေးတဲ့ ကန်စွန်းဥယာဂုကို စားထားတယ်။ သူ နောက်ထပ် စားနိုင်တော့မှာ မဟုတ်ဘူး။” လောင်စန်းက ပြန်ဖြေသည်။
“ဘယ်အချိန်က စားထားတာလဲ။” လင်းချင်းဟယ်က ပြန်မေးသည်။
“သားနဲ့ အတူတူလောက်ပဲ။” လောင်စန်းက ပြန်ဖြေသည်။
လင်းချင်းဟယ်သည် သူမ ထွက်သွားသည့်အချိန်ဝန်းကျင်လောက် ဖြစ်မည်ကို ခန့်မှန်းမိလိုက်ပြီး ပြောလိုက်သည်။ “တော်တော်ကြာသွားပြီ။ အဆင်ပြေပါတယ်၊ ဒါပေမယ့် သူ စားနိုင်သေးလားလို့ နင့်အဖွားကို သွားမေးလိုက်ဦး။”
လောင်စန်းက သွားမေးလိုက်သည်။ သူ ပြန်လာသောအခါ အမေကျိုးနှင့် စုချန်းလေးကို ခေါ်လာခဲ့သည်။
စုချန်းလေးသည် သရေစာ စားရန် အသင့်ဖြစ်နေပြီ။ လင်းချင်းဟယ်က အမေကျိုးကို ကျွေးခိုင်းလိုက်သည်။
“အိမ်မှာ ကြက်ဥ သိပ်မကျန်တော့ဘူး။” အမေကျိုးက ထောက်ပြသည်။
“အဆင်ပြေပါတယ်။ ကျွန်မ ပြန်လာတော့ ကြက်ဥတစ်ခြင်း ဝယ်လာခဲ့တယ်။” လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
ထို့နောက် လင်းချင်းဟယ်သည် ဂျုံမုန့်ညက်ကို စတင်ပြုလုပ်သည်။ နောက်ကျနေပြီ။ နေ့လည်စာအတွက် ပြင်ဆင်ချိန် ရောက်နေပြီ။
နေ့လည်စာအတွက် ခေါက်ဆွဲစားကြမည်။
ကြက်ဥနှင့် ပဲပိစပ်အနှစ်ကို ခေါက်ဆွဲနှင့်ရောကာ စားနိုင်သည်။
“ချင်းဟယ်… လောင်တက ကိုးနှစ်ပဲ ရှိသေးတာ သူက ငါးတန်းတက်နေတယ်။ အဲဒါ မမြန်လွန်းဘူးလား။” အမေကျိုးသည် စုချန်းလေးကို ကျွေးမွေးပြီးနောက် သူ့ကို လောင်စန်းနှင့်အတူ ကစားခိုင်းထားသည်။ သူမသည် ကူညီပေးရန် မီးဖိုချောင်သို့ ရောက်လာပြီး မေးမြန်းသည်။
“အဲဒါက နောက်နှစ်စာသင်ချိန်မှပါ။ သိပ်မမြန်ပါဘူး။” ယခုစာသင်နှစ်သည် စတုတ္ထတန်း၏ ဒုတိယမြောက် စာသင်နှစ်ဝက် ဖြစ်နေပြီ ဖြစ်သည်။
အခုက ၁၉၇၃ ခုနှစ်သို့ ရောက်နေပြီ။ ဒီနှစ်ကို ထည့်မတွက်လျှင် လေးနှစ် ကျန်သေးသည်။ ဒီနှစ်ကို ထည့်တွက်ကြည့်လျှင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် ငါးနှစ်တောင် လိုနေသေးသည်။
အလယ်တန်းကျောင်း နှစ်နှစ်၊ အထက်တန်းကျောင်း နှစ်နှစ်နှင့် ပဉ္စမတန်း တစ်နှစ်လည်း ရှိသေးသည်။
ပေါင်းတွက်လိုက်လျှင် ပထမအသုတ် ကောလိပ်စာမေးပွဲ ဖြေဆိုရမည့် အချိန်နှင့် အတူတူပင် ဖြစ်နိုင်သည်။
လင်းချင်းဟယ်သည် လောင်တ၏ စာလေ့လာမှုကို အသေးစိတ် အာရုံစိုက်ခဲ့သည်။ ဆောင်းရာသီ အားလပ်ချိန်အတွင်း လုပ်စရာ အများကြီး မရှိသဖြင့် တစ်ခါတစ်ရံတွင် အပြင်ထွက် ကစားတာတောင်မှ သူ၏စာလေ့လာမှုသည် ဘယ်တော့အခါမှ ကျဆင်းသွားခြင်း မရှိပေ။
လင်းချင်းဟယ်သည် လောင်တကို နောက်ထပ် အတန်းတစ်တန်းကျော်တက်ရန်လည်း စီစဉ်ခဲ့သေးသည်။ သို့သော် သူက ငယ်သေးသည်ဟူသော အတွေးတစ်ချက် ဝင်လာသဖြင့် သူ့ကို အလွန်အကျွံတော့ တိုက်တွန်းမည် မဟုတ်ပေ။ ထိုအချိန်တွင် အဆင်ပြေမည် ဖြစ်သောကြောင့် သူမသည် အလွန်အကျူး ဝင်စွက်ဖက်မည် မဟုတ်ပေ။ အရေးအကြီးဆုံးကတော့ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်ကျင်းပခြင်း၏ ပထမနှစ်တွင် မူဝါဒသည် တကယ့်ကို လျော့ရိလျော့ရဲဖြစ်နေမည်။
သူမနှင့် လောင်တသည် အတူတူ ကောလိပ်တက်နိုင်မည်လား မသိနိုင်သေးဘူး။
နောက်ထပ် လေးငါးနှစ် ကြာရင်တောင် လောင်တသည် 13 နှစ် သို့မဟုတ် 14 နှစ်သာ ရှိလိမ့်ဦးမည်။ လောင်တ၏ ပင်ကိုစရိုက်အရ သူ အပြင်မှာနေရင်တောင် ဆုံးရှုံးပျက်စီးခြင်းကို ခံစားရမည် မဟုတ်ပေ။ ဒါပေမယ့် အမေတစ်ယောက်အနေဖြင့် ဒီလိုငယ်ရွယ်တဲ့ကလေးငယ်ကို သူ့ဘာသာသူ ကောလိပ်တက်ခွင့်ပေးရန် ဘယ်လိုလုပ် ဆန္ဒရှိနိုင်မည်နည်း။
ပထမအသုတ် စာစစ်သူတို့၏ သားများသည်လည်း သူ့အသက်အရွယ်လောက်ပင် ရှိပေမည်။
“ငါးတန်းကျောင်းသားတွေအားလုံးက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်လောက် ရှိမယ်ထင်တယ်။” အမေဖြစ်သူ ကျိုးမုက ပြောသည်။
ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ ဤအချိန်၌ ပညာရေးကို အာရုစိုက်မှု အားနည်းလှသည်။ အကြီးဆုံးမရီး၏ သမီးများကဲ့သို့ အသက်ဆယ်နှစ်အရွယ်မှ စတင်ကျောင်းတက်သူ အများအပြား ရှိကြသည်။
ဒါပေမယ့် အခုတော့ သူတို့ ကျောင်းမတက်ကြတော့ဘူး။ တစ်နှစ်ကျော်ကြာအောင် စာလေ့လာပြီးနောက် အခြေခံဗဟုသုတများကို ရရှိသွားခဲ့ပြီ။ စကားလုံးများကို မှတ်မိရန် လုံလောက်သွားပြီ။ အဆုံးတော့ မိသားစုထဲက လူအများကြီးဖြစ်သဖြင့် ဝန်ထုပ်ဝန်ပိုးက တော်တော်ကြီးသည်။ စာလေ့လာချင်သည့် စိတ်ဆန္ဒရှိရင်တောင်မှ စာဆက်လေ့လာနိုင်သည့် အခြေအနေ မရှိချေ။
“လောင်တရဲ့ ပင်ကိုစရိုက်ကြောင့် စိတ်ပူစရာ မလိုပါဘူး အမေ။ သူ ဘယ်သွားသွား ထိခိုက်ခံစားရမှာ မဟုတ်ဘူး။” လင်းချင်းဟယ်သည် သူမကိုယ်တိုင် ဘယ်လောက်ပဲ စိတ်ပူနေပါစေ လူကြီးမိဘတွေကိုတော့ နှစ်သိမ့်ပေးရမည်။
အမေကျိုးသည် ထိုစကားကို ကြားသောအခါ သူမ၏မျက်နှာတွင် အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာပြီး “ငါက သူ ခရိုင်အထက်တန်းကျောင်းကို သူ့ဘာသာ အဝေးကြီးသွားတက်ရမယ့်အကြောင်း တွေးမိပြီး စိတ်ပူရုံပါ။”
“ဘာတွေ စိတ်ပူစရာ ရှိလို့လဲ။ ကောင်လေးတစ်ယောက်က လေ့ကျင့်ခန်း လုပ်သင့်တယ်။ ချင်းပိုင်ပြောတာ ကြားဖူးတယ်… သူ အဲအရွယ်တုန်းက လူကြီးတွေလို ခွန်အားဗလ ကြီးမားကြံ့ခိုင်တယ်တဲ့။” လင်းချင်းဟယ်သည် သူ့ယောကျ်ားအကြောင်းကို ပြောသောအခါ သူမမျက်နှာက ပြုံးရွှင်နေခဲ့သည်။
အပြင်ပန်းအားဖြင့် သူမသည် ကိစ္စများကို အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားစေပုံ ပေါ်စေသည်။ သူကတော့ သူမနှင့် မတူပေ။ သူ့မှာ အသင်းအဖွဲ့စိတ်ဓာတ်နှင့် အဖွဲ့အလိုက် စွမ်းဆောင်ရည် ရှိသည်။ အကြင်နာမဲ့သော သူမကဲ့သို့ မဟုတ်ပေ။ အကောင်းကို လက်ခံပြီး အဆိုးကို ရှောင်ရှားသည်။ ကောင်းကျိုးအတွက် ရည်မှန်းပြီး ဆိုးကျိုးကို ရှောင်ရှားမည့် ပင်ကိုစရိုက်ရှိသော ဇာတိဖွားပင် ဖြစ်သည်။