အခန်း ၁၇၁
Viewers 38k

အခန်း (၁၇၁) - နောက်ဆက်တွဲဖြစ်ရပ်များ


တစ်ရွာလုံးက လက်ညှိုးထိုးပြီး သူမနောက်ကွယ်၌ သူမကိုကြိမ်းမောင်းနေကြလျှင်တောင် သူမသည် စကားတစ်ခွန်းမှ မရှင်းပြခဲ့ပေ။ ပြီးနောက် ရုတ်တရက် ကျေးရွာ၏ အလယ်တန်းကျောင်း၌ ဆရာမတစ်ဦးဖြစ်လာခဲ့သည်။ နောင်၌ သူမသည် အလုပ်မှတ်ငါးမှတ်ရရုံသာမက လစာက ဆယ်ယွမ်ကျော် ရရှိမှာပဲဖြစ်၏။ ယင်းက လောင်စစ်၏လခထက်ပိုများသည်။


ထိုကဲ့သို့ သံမဏိထမင်းပန်းကန်ဖြင့် မည်သူကများ စတုတ္ထဇနီး၏ ချွတ်ယွင်းချက်ကို ပြောရဲတော့မည်နည်း။ 


ဆိုရိုးစကားဟောင်းအတိုင်း စတုတ္ထ၏ဇနီးသည်အခက်အခဲများကို တောင့်ခံခဲ့တာပဲဖြစ်၏။ ထိုထက် ပိုသည်ကား စတုတ္ထလေးသည် အမှန်တကယ်အားကျစေ၏။ သူသည် ယခင်က ပိုက်ဆံရှာနိုင် ခဲ့သည်။ သို့သော် သူယခုပိုက်ဆံမရှာနိုင်တော့ဘဲ လယ်ထဲဆင်းရ၏။ သို့သော် သူ့ဇနီးကပိုက်ဆံရှာနိုင် သည်။


တစ်လလျှင် ဆယ့်သုံးယွမ်သာရရှိပြီးယခင်က လောင်စစ် ရသည်နှင့်ဝေးနေသော်ငြား လုပ်မှတ်က ရှိနေသေးသည်။ အလုပ်မှတ်ငါးမှတ်ပေါင်းထည့်ပြီးနောက် ယင်းက မည်မျှဖြစ်သွားမည်နည်း။


ထို့အပြင် လောင်စစ်၏ဘဝက အတော်ကောင်းမွန်လှသည်။ သူသည် ချက်နိုင်ပြုတ်နိုင် မိသားစုကို ဂရုစိုက်နိုင်ပြီး ပိုက်ဆံရှာနိုင်သည့်ဇနီးသည်ကို လက်ထပ်ခဲ့သည်။ ဘယ်သူမှမယှဉ်နိုင်ပေ။


ဒုတိယအစ်ကို ထိုစကားကို ကြားသည့်အချိန်၌ စိတ်ထဲခံစားသွားရသည်။ ဒုတိယမရီးကလည်း ဝမ်းနည်းတကြီးငိုကြွေးနေလေ၏။ သူမက လင်းချင်းဟယ်နှင့်ယှဉ်ချင်သော်ငြား ဤဘဝတွင် ဘယ်တော့မှယှဉ်နိုင်မှာမဟုတ်ပေ။


ဒုတိယအစ်ကိုကလည်း သူမ၏အတွေးများကိုဖမ်းဆုပ်နိုင်ပြီး စိတ်ထဲမထားတော့ချေ။ သူမငိုပြီးသည်နှင့် ၎င်းကိုထပ်တွေးလိမ့်မည်။ အမှန်တကယ်တွင် ရွာထဲရှိလူအများစုက ဒုတိယအစ်ကိုနှင့် ခံစားချက်တူနေ၏။ 


ရွာရှိလူများက လင်းချင်းဟယ်၏နောက်ကွယ်တွင် သူမသုံးဖြုန်းသည့်အကျင့်စရိုက်နှင့် လယ်ကွင်းထဲ ဘယ်တော့မှမဝင်သည့်အကြောင်းကိုသာ အမြဲတမ်းပြောဆိုနေခဲ့သည်။ မည်သို့ရှင်သန်နေထိုင်ရမည် မသိသူကို မတွေ့ခဲ့ဖူးသော်ငြား ထိုပမာဏထိမဖြစ်ခဲ့ဘူးပေ။ ပြီးပြည့်စုံအောင် ကောင်းမွန်သည့်လူတစ်ယောက်သည် သူတို့ကိုယ်သူတို့ ထောက်ပံ့ရန် အမှန်တကယ် အလုပ်မလုပ်ခဲ့ပေ။ ယင်းကို ယုံနိုင်မည်လော။ 


လူအများကို တံတွေးပင်လယ်၌ မျောနိုင်စေသော်ငြား လင်းချင်းဟယ်သည် ယခင်က တံတွေးခွက်၌ အကြိမ်မည်မျှ မျောခဲ့မှန်း မည်သူက သိမည်နည်း။ လင်းချင်းဟယ်သည် သူမဖာသာ စာလေ့လာလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ ထို့အပြင် မည်သည့်နေရာကမှန်းမသိ သူမသည် ထိုကဲ့သို့ အံ့ဩသင့်စရာကို ဆောင်ယူလာခဲ့သည်။ တစ်ချက်တည်းဖြင့် ပညာတတ်လူငယ်များ အားလုံးဖိနှိပ်ခံလိုက်ရ၏။ သူတို့တစ်ခွန်းမှ ပြန်မပက်နိုင်ခဲ့ချေ။ 


သူမက ကျေးရွာ၏ အလယ်တန်းကျောင်း၏ တရားဝင် ဝန်ထမ်းဖြစ်လာခဲ့သည်။ ယင်းက အမှန်တကယ် အံ့ဩစရာကောင်းလှပေ၏။


သူတို့က လင်းချယ်ဟယ်ကို မြို့နေပုံစံဝတ်စားသည်မှာ ထင်ပေါ်ဝါကြွားလွန်းသည်ဟု ထင်နေခဲ့တာ ဖြစ်သည်။ သို့သော် ယခုကြည့်လေလေ ယင်းက ဆရာတစ်ယောက်ရှိသင့်သည့်ပုံစံဟု ခံစားမိလေလေဖြစ်သည်။ သူမက စာလေ့လာခဲ့၏။ ထို့ကြောင့် ဤကဲ့သို့ စရိုက်သဘာဝ ရှိနေတာဖြစ်သည်။ အမှတ်ပြည့်နှစ်လွှာသည် အဖွဲ့အစည်းတွင်းရှိ ထုတ်လုပ်ရေးအသင်းထဲ၌ ပျံ့နေ၏။ အမှားတစ်ချက်မှ မပါပေ။


ဆိုရလျှင် ဆယ်မိုင်အကျယ်အဝန်းနှင့်ရွာရှစ်ရွာက လင်းချင်းဟယ်၏ဂုဏ်သတင်းကို သိရှိကြသည်။ သူမက လယ်ကွင်းထဲကို မသွားသည့်အတွက် ထူးဆန်းနေသည့်သူဖြစ်သည်။


ယခုမူ ယင်းက သတင်းပျံ့သွားချိန်၌ ဒဏ္ဍာရီတစ်ခုဖြစ်လာတော့၏။ လင်းချင်းဟယ်သည် အညွှန်းပေးရန်တောင် မလိုဘဲ အပြင်ဖက်ရှိစော်ကားပြောဆိုမှုများကို ဂရုမစိုက်ဘဲ ဤနှစ်များအတွင်း ခက်ခက်ခဲခဲ စာလေ့လာခဲ့သည့် ပုံရိပ်ကိုတည်ဆောက်နိုင်ခဲ့သည်။


သူမအပြင်ထွက်သည့်အချိန်၌ အားလုံး၏အကြည့်က လေးစားမှုများနှင့်ပြည့်နေ၏။ ထို့အပြင် သူတို့က သူမကိုမြင်ချိန်၌ နှုတ်ဆက်ရန်ဆန္ဒရှိလာကြသည်။


လင်းချင်းဟယ်သည် အေးတိအေးစက်နိုင်ပြီး လူမှုဆက်ဆံရေးအကြောင်းမသိသူမဟုတ်ပေ။ လူအများက သူမကို နှုတ်ဆက်သည့်အချိန်တွင် သူမကလည်းပြန်ပြောကာမရိုင်းပျခဲ့ပေ။ 


မျိုးဆက်ကွာဟချက်ရှိနေရုံသာ ဖြစ်၏။ ဆက်သွယ်ရုံက အမှန်တကယ် မဖြစ်နိုင်လျှင် သူမက များများစားစား မပြောပေ။ 


သူမ၏ဘွဲ့အမည်က လောင်တ၏အမေမှ ဆရာမလင်းဟူ၍ ချက်ချင်းပြောင်းလဲသွားသည်။ 


လင်းချင်းဟယ်က သူမနောက်ကျော၌ ဟင်းရွက်ရိုင်းများကို သယ်ပြီးအိမ်ပြန်လာသည်။ နောက်ဆုံးတွင် အသက်ရှူနိုင်ပြီဖြစ်၏။ ကျေးရွာ၏ အလယ်တန်းကျောင်း၌ဆရာမတစ်ယောက် ဖြစ်ရတာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းသည်။ သို့သော်ရက်ပေါင်းများစွာကြာပြီးနောက် မထင်ထား ဘဲ ထိုအပူအပြင်းဆွေးနွေးမှုက အရှိန်မလျော့သေးပေ။ ထို့ထက်ပိုသည်က ချီးကျူးခံရသည့် အချိန်တွင် ရှက်လာတာပဲဖြစ်သည်။ သူမက ဘာလဲ။ အဲလောက်တောင် ခက်ခဲလို့လား။


ထို့သို့တိုင် လင်းချင်းဟယ်သည် ဆရာမလင်းဟူသောအမည်ကို သဘောကျနေလေ၏။ မကြာမီ၌ လောင်စန်းပြန်လာသည်။ လင်းချင်းဟယ်သည် မီးဖိုချောင်ထဲ၌မုန့်နှစ်နယ်နေပြီး ပြတင်းပေါက် အပြင်ဖက်တွင်ရှိနေသော လောင်စန်းကို ပြောလိုက်၏။ "လောင်စန်း ဟင်းရွက်တွေကို ဆေးလိုက်ဦး။ ဒီနေ့ည သားတို့အတွက် ဟင်းရွက်ဖက်ထုပ်လုပ်ပေးမယ်” 


“ဟုတ်ကဲ့” လောင်စန်းက ဖြေလိုက်ပြီးနောက် ဟင်းသီးဟင်းရွက်များကို သွားဆေးတော့သည်။


ထိုကဲ့သို့အလုပ်မျိုးက သူနှင့်အလွန်ကျွမ်းဝင်နေပြီးသားဖြစ်၏။ လင်းချင်းဟယ်သည် သူ့ကိုမကြာ ခဏ အိမ်မှုကိစ္စများခိုင်းနေကြဖြစ်၏။ မိသားစု၏အငယ်ဆုံးသားဖြစ်သည့်တိုင် လုပ်သင့်သည်ကို တော့လုပ်ရပေမည်။


ဆိုလျှင် လင်းချင်းဟယ်ကသူ့ကို အလွန်ဦးစားပေးသည်။ ဥပမာအနေဖြင့် သူက နို့မန်ထိုစားချင်သည့် အချိန်တွင် လင်းချင်းဟယ်က အခက်အခဲရှိလျှင်တောင် သူ့အတွက် မန်ထိုလုပ်ပေးသည်။


“မေမေ အပြင်မှာ အမေ့အကြောင်း ချီးကျူးနေတဲ့သူတွေ ရှိနေသေးတုန်းပဲ” လောင်စန်းက ဟင်းရွက်များ ဆေးကြောလျက် ပြောလိုက်သည်။


ယခုအချိန်တွင် သူ၏မိခင်ဂုဏ်သတင်းကြီးနေမှုဖြင့် သူမ၏သားများအနေဖြင့် အပြင်ထွက်သည့်အချိန်တိုင်း မျက်နှာပွင့်လှသည်။


သူတို့အားလုံးက ဆရာမလင်း၏ အငယ်ဆုံးသားလေးပါလားဟု သိပ်ကြည့်လို့ကောင်းတာပဲ။ ချောလိုက်တာ။ မျက်လုံးလေးတွေလှလိုက်တာစသဖြင့်ပြောကြသည်။ သူတို့ပြောသမျှက အမှန်တကယ် စိတ်ကျေနပ်စရာကောင်း၏။ လင်းချင်းဟယ်က ရယ်မောလိုက်၏။ “တခြားသူတွေက သားကို ချီးကျူးလို့လား”


“ချီးကျူးတာပေါ့။ ဆရာမလင်းရဲ့အငယ်ဆုံးသားက ဆရာမလင်းလိုပဲလို့ပြောတယ်။ သူက နောင်ကျ ဉာဏ်ကောင်းမှာပဲတဲ့” လောင်စန်းကပြောပြသည်။


“မဟုတ်ဘူးလား။ အမေ့ရဲ့လောင်စန်းက ဉာဏ်ကောင်းတာပဲ” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူမက အနည်းငယ်ကူကယ်ရာမဲ့သွားသည်။ 


တကယ်တော့ ရွာထဲရှိ လူများက ထိုအကြောင်းကို တစ်ခါမှမတွေးခဲ့ဖူးပေ။ သူမသည် ဆရာ တစ်ယောက်အနေဖြင့် စာမေးပွဲကောင်းကောင်း ဖြေခဲ့သော်ငြား ကျောင်းသားများကို သင်ကြားနိုင်မည်ဟု မဆိုလိုပေ။ သူတို့စိတ်ထဲတွင် သူမက စာမေးပွဲ၌ အမှတ်နှစ်ရာရနိုင်လျှင် သေချာပေါက် စာသင်နိုင်မည်ဟု တွေးထင်နေပုံရ၏။ အတွေ့အကြုံမရှိသည့်သူသာဆိုလျှင် အနည်းငယ်စိတ်ရှုပ် ထွေးလောက်သည်။ သို့သော် လင်းချင်းဟယ်က အတွေ့အကြုံမရှိသည့် သူမဟုတ်။ ယခင်က နည်းပြအဖြစ်တောင် အလုပ်လုပ်ခဲ့ဖူးသည်။ သူမသင်ပေးသည့် ကျောင်းသားများ၏ အဆင့်များကလည်းတိုးတက်လာ၏။


ကောလိပ်တက်ခဲ့စဉ်က သူက အချိန်ပိုင်းအလုပ်လုပ်ခဲ့သည်။ သူမကိုယ်သူမ ထောက်ပံ့ရန်အတွက် သူမကိုယ်သူမ အားကိုးနေရသည့်အချိန်၌ မည်ကဲ့သို့အနားယူနိုင်မည်နည်း။ ထို့ကြောင့် ကျောင်းသားများကို သင်ကြားပေးရာ၌ အမှန်တကယ်အတွေ့အကြုံရှိသည်။


ထိုထက်ပိုသည်က ယခုသည် အလယ်တန်းကျောင်း၏ ပထမနှစ်ဖြစ်၏။ သူမရင်ထဲ၌ ၎င်းကိုအလွန်မှတ်သားပြီးသားဖြစ်ရာ ပြဿနာတစ်ရပ်မဟုတ်ပေ။ ယင်းက လိမ်ညာနေတာမဟုတ်ပေ။ လောင်အာ့နှင့် လောင်တတို့က မကြာမီကျောင်းဆင်းလာကြမည်။ နှစ်ယောက်လုံးက ယခုနှစ်များအတွင်း အလွန်စိတ်အားတက်ကြွနေကြ၏။ လင်းချင်းဟယ်က သူတို့ကို သိပ်မကြွားဝါရန် ရံဖန်ရံခါဆုံးမခဲ့ရသည်။


“အမေ သားတို့ဒီညဘာစားမှာလဲ” လောင်တကမေးလိုက်၏။


“ဟင်းရွက်နဲ့ဝက်သားဖက်ထုပ်” လင်းချင်းဟယ်က ဖြေလိုက်သည်။


လောင်တက လက်ခံလိုက်ပြီးနောက် လောင်အာ့နှင့်အတူ သကြားလုံးသွားယူ၏။ တစ်ယောက်တစ်လုံးဆီယူသည်။ သူတို့စားလိုက်ပြီးနောက် ဝက်စာခြင်းကို ဆွဲကိုင်ကာ ထွက်သွားတော့၏။ ညီအစ်ကိုနှစ်ယောက်လုံးကဝက်စာများသွားစုဆောင်းတော့သည်။ ယခုအချိန်သည် လေးနာရီထိုးပြီဖြစ်၏။ ငါးနာရီမတ်တင်းအထိ သူတို့ပြန်မလာခဲ့ပေ။


လင်းချင်းဟယ်က သူတို့ကို လွှတ်ထား၏။ သူမက လောင်စန်းနှင့် အလုပ်ဆက်လုပ်နေသည်။ ဖက်ထုပ်များကို စီသွားချိန်၌ ပြီးသွားတော့၏။ ကလေးများပြန်ရောက်လာသည်နှင့် ချက်ပြုတ်လိုက်မှာပဲဖြစ်သည်။


လင်းချင်းဟယ်က ဖိနပ်အောက်ခံပြားများကို သွားယူလေ၏။ အမေကျိုးက စုချန်လေးကိုသယ်လာပြီး သူမဖိနပ်ချုပ်နေတာကိုမြင်သည့်အချိန်၌ ပြုံးလိုက်၏။ 


“ခဏတစ်ဖြုတ်နားပါဦးလား။ တစ်နေကုန်နားတာမတွေ့ရသေးဘူး”


အမေကျိုးက ထိုသို့ပြောသောအခါ သူမရှက်သွားသည်။ 


စတုတ္ထလေး၏ဇနီးအတွက် မလွယ်ကူချေ။ တစ်မိသားစုလုံးကို သက်တောင့်သက်သာနေခိုင်းပြီး စာလေ့လာကာ ပညာတတ်လူငယ်များကို ဖိနှိပ်ရန် အဆင့်ကောင်းအောင် ကြိုးစားခဲ့သည်။ သူမယခင်ကများ ငဲ့ညှာရန် အဘယ်ကြောင့် မတွေးခဲ့မိသနည်း။


လင်းချင်းဟယ်က သူမ၏ယောက္ခမတွေးနေတာကို မသိပေ။ မဟုတ်လျှင် ဆွံ့အနေလောက်၏။


“အဆင်ပြေပါတယ်။ အချိန်ပိုလေးမှာ ချင်းပိုင်အတွက် ဖိနပ်နှစ်စုံလုပ်ပေးဖို့ ဆုံးဖြတ်ထားလို့။” လင်းချင်းဟယ်ကပြောလိုက်သည်။


ကျောင်းဖွင့်သည်နှင့်အမှန်တကယ်အလုပ်များတော့မည်။ “ယခုကစပြီး အချုပ်အလုပ်ကို အမေ့ဆီအပ်ထားလိုက်။ သမီးက သင်ကြားဖို့ပဲအာရုံစိုက်လေ။ အမေက ဟင်းချက်ဖို့အားပါတယ်” အမေကျိုးက ပြုံးလိုက်သည်။