အခန်း (၁၇၂) - အိမ်မှာစောင့်နေမယ်
“ရှောင်မိန်က မကြာခင် ကလေးမွေးဖွားတော့မှာ။ အဲဒီအချိန်ကျရင် အမေအလုပ်များလိမ့်မယ်။ အချိန်ကျလာတော့မှ ဟင်းချက်ဖို့ ကူညီပြင်ဆင်ပေးပေါ့။ ဟင်းတွေအတွက်ကတော့ သမီးပြန်လာပြီး ချက်ပြုတ်ကြော်လှော်မှာကိုပဲ စောင့်နေလိုက်ပါ။” လင်းချင်းဟယ်ကပြောသည်။
အိမ်ထောင်ကျပြီးသည့်အမျိုးသမီးတစ်ဦးအတွက် အလုပ်ကအရေးကြီးသည်ဟု သူမခံစားမိသည်။ ကြည့်လေ အမေကျိုးရဲ့သဘောထားတွေက ဒီရက်တွေမှာ ပြောင်းလဲသွားလိုက်တာ။ အရင်တုန်းက ဆိုးတယ်လို့မပြောပေမဲ့ ဒီအဆင့်လောက် မရောက်သေးဘူးလေ။ အခုတော့ တန်ဖိုးထားခံရတဲ့ ခံစားချက် ရလာတာပဲ။
ယင်းက လင်းချင်းဟယ်ကို အနည်းငယ်ရှက်စေပြီး စိတ်ခံစားချက်ဖြစ်စေ၏။
အမေကျိုး ဟင်းချက်ပြုတ်တာကအဆင်ပြေသည်။ သို့သော် အရံဟင်းလျာများ ချက်ပြုတ်ချိန်တွင် မိသားစုက ၎င်းနှင့်အသားမကျမှာ သေချာ၏။ ထို့ထက်ပိုသည်ကား ကျိုးရှောင်မိန်သည် ယခုဆို ကိုယ်ဝန်လရင့်လာပြီဖြစ်သည်။ ကလေးမီးဖွားပြီးနောက် သူမက မီးနေချိန်ရှိမည်ဖြစ်ကာ ကလေးကို ဤနေရာသို့ခေါ်လာမှာပဲဖြစ်သည်။
အမေကျိုးက သူမ၏ ချွေးမဆိုလိုတာကိုနားလည်၏။ ထို့ကြောင့် ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
“ဒါဆိုအမေ ဟင်းသီးဟင်းရွက်တွေအားလုံးပြင်ဆင်ပေးထားမယ်။ ညည်းပြန်ရောက်လာတဲ့အချိန် ချက်ရုံပဲပေါ့” လင်းချင်းဟယ်က လက်ခံလိုက်၏။
လောင်တနှင့် လောင်အာ့တို့က ဝက်စာရွက်များနှုတ်ပြီးပြန်ရောက်လာသည်နှင့် ကျိုးချင်းပိုင်နှင့် အဖေကျိုးတို့ကလည်း အလုပ်ကနေပြန်လာ၏။ လင်းချင်းဟယ်က အထဲဝင်ပြီး ဖက်ထုပ်များ ချက်ပြုတ်တော့သည်။
လက်ရှိက ဩဂုတ်လဖြစ်သည်။ ရာသီဥတုက အလွန်ထိုင်းမှိုင်းနေသေးသည်။ ဖက်ထုပ်အပြင် လင်းချင်းဟယ်က ပဲဟင်းချိုကိုလည်း ချက်ခဲ့၏။
ခုနစ်နာရီဝန်းကျင်တွင် သောက်သည့်အခါအကောင်းဆုံးဖြစ်သည်။ အပူအားလုံးကို အပြည့်အဝ ငြိမ်းပေးနိုင်၏။
အားလုံးပြီးနောက် အနွေးခုတင်ပေါ်တွင် လှဲပြီး လင်းချင်းဟယ်က ထိုကိစ္စကို ကျိုးချင်းပိုင်ကို ပြောပြလိုက်၏။ “အပြင်ကလူတွေက ကျွန်မကို ကောင်းကင်ကြီးလိုမျိုး ချီးကျူးနေတာ။ ကျောင်းသားတွေကို ကောင်းကောင်းမသင်ပေးနိုင်ရင် ဘယ်လိုလုပ်မလဲ”
“အဲ့လိုဖြစ်မှာမဟုတ်ဘူး” ကျိုးချင်းပိုင်က ပြုံးလိုက်၏။
“ရှင် ကျွန်မကို ဒီလောက်တောင်ယုံတာလား” လင်းချင်းဟယ်က အားရပါးရပြုံးလိုက်တော့သည်။
“မင်းက လောင်တနဲ့လောင်အာ့တို့ကို အံ့ဩစရာကောင်းအောင် သင်ပေးခဲ့တာပဲ” ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။ သူမသည် သူတို့၏သားနှစ်ယောက်လုံးကို သင်ပေးနိုင်သောကြောင့် ကျောင်းသားများနှင့် မည်ကဲ့သို့အခြေအနေဆိုးနိုင်မည်နည်း။ ထိုသို့ဖြစ်မှာမဟုတ်ပေ။
“ကျွန်မကို ကံဆိုးတယ်လို့ပြောတဲ့လူတွေ အပြင်မှာရှိသေးလား” လင်းချင်းဟယ်က သူ့ကို စနောက်လိုက်သည်။
ကျိုးချင်းပိုင်က မျက်ခုံးပင့်လျက်ညင်သာစွာပြောလိုက်တော့သည်။ “သူတို့အားလုံးက ကိုယ့်ကို အားကျနေကြတာ”
မှန်ပေ၏။ သူ၏ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုကတောင် သူ့ကို အားကျနေသည်။ သူတို့သည် သူမိဘများ ချစ်မြတ်နိုးတာ ခံရတာကို အားကျနေကျဖြစ်၏။ သူတို့ထက်သူ့တွင် ဘာမှမရှိသည့်တိုင်ဖြစ်သည်။ အိမ်ခွဲနေပြီးဤအိမ်ဆောက်သည့်အချိန်တွင်တောင် သူရထားသည့် အခကြေးစရိတ်မှသာ ဖြစ်သည်။ နောက်ပိုင်း၌ သူတို့က သူတို့သားသုံးယောက်နှင့် သူ့ဇနီး၏ချက်ပြုတ်သည့် အရည်အချင်းကို အားကျနေပြီးဖြစ်သည်။ ယခုမူ သူမအရည်အချင်းကို အားကျနေကြ၏။
“သူတို့က ကျွန်မကို ဘယ်လိုချီးကျူးလဲ” လင်းချင်းဟယ်က မျက်ခုံးပင့်လိုက်သည်။
ကျိုးချင်းပိုင်က ရယ်မောလျက် သူ၏ ဇနီးသည်ကို ပွေ့ဖက်လိုက်တော့၏။
လင်းချင်းဟယ်က သူ၏နှလုံးခုန်သံကိုနားထောင်နေသည်။ ယင်းက တည်ငြိမ်သည့်အာနိသင်ရှိသည်။
သူမကိုစိတ်ပျော်စေမည့်တစ်စုံတစ်ခုပြောရန် ထိုလူကို မေးခြင်းက နေရာမှာတွင် သူ့ကို အမှန်တကယ် ဆွဲတင်လိုက်၏။ သူ၏ခွန်အားများက ဘယ်တော့ကုန်မှာမဟုတ်ပေ။
သို့သော်သူက သူမကို အလွန်ချစ်မြတ်နိုး၏။ သူမအပေါ်သည်းခံမှုကို အမြဲတမ်းပြသခဲ့သည်။ မကြာခဏ သူမကိုယ်သူမတထစ်ချမှတ်ယူလွန်းသည့်အချိန်တွင်တောင် သူက သူမကို ငဲ့ညှာပေးရန်အတွက် စိတ်နှလုံးကို ကျယ်ကျယ်ဖွင့်ထားနေကြဖြစ်သည်။
လင်းချင်းဟယ်က ယနေ့ညတွင် သူမ၏ကံကြမ္မာကြောင့် သူနှင့်ဆုံတွေ့ရတာဟု ခံစားမိလိုက်၏။ သူမှလွဲ၍ နောက်တစ်ယောက်ကိုလက်ထပ်ဖို့က မှန်းဆကြည့်ဖူးသည့် အမှန်တကယ် ခက်ခဲလွန်းလှသည်။
“ချင်းပိုင် နောက်ကျ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေခွင့်ရမယ်ဆိုရင် ကျွန်မဖြေမှာ။ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီးရင် စာလေ့လာဖို့ကောလိပ်ကိုသွားမှာ။ တနှစ်မှာအကြိမ်ရေ အနည်းငယ်ပဲ ပြန်လာနိုင်မှာ” လင်းချင်းဟယ်က ပွေ့ဖက်မှုအတွင်းနေလျက် ကြင်နာစွာပြုံးလိုက်တော့သည်။
“ကို မင်းကို အိမ်မှာစောင့်နေမယ်” ကျိုးချင်းပိုင်က ပြောလိုက်၏။
လင်းချင်းဟယ်က သူ့ကိုမော့ကြည့်လိုက်သည်။ “ရှင် ကျွန်မဆိုလိုတာကို သိပါတယ်”
သူမက သူမနှင့်အတူ သူ့ကို ကောလိပ်တက်စေချင်တာဖြစ်၏။ အပြင်တွင် အိမ်ငှားရမည်ဆိုလျှင်တောင် သူမနှင့်အတူ ကောလိပ်တက်စေချင်တာဖြစ်သည်။
“အပြင်ကနေ ဝင်ဖို့အခွင့်အရေးမရှိဘူး။ ဝန်ထုပ်ဝန်ပိုးက လေးလိမ့်မယ်” ကျိုးချင်းပိုင်က သူမကို ကြည့်ပြီးအချို့ကို ထောက်ပြလိုက်သည်။ အချို့သောအကြောင်းပြချက်အတွက် သူက သူမ၏စကားကို ခြွင်းချက်မရှိယုံကြည်သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲများ ကျင်းပမည့်အကြောင်း သူမမည်ကဲ့သို့ကြားလာကြောင်း မသိသော်ငြား အလိုလိုပင် သူမ၏စကားများကို ယုံကြည်မိသည်။ နောင်ကျ ကောလိပ်ဝင်ခွင့်စာမေးပွဲများဖြေခွင့်ရလောက်သည်။
သို့သော် သူမနှင့်အတူသွားရန် တစ်ခါမှမတွေးဖူးပေ။ သူသွားခဲ့လျှင် သူတို့ရှင်သန်နေထိုင်ဖို့အတွက် ပြဿနာတစ်ရပ်ဖြစ်လာလိမ့်မည်။
“ဘာတွေ ဝန်ထုပ်ဝန်ပိုးများမှာလဲ။ ကျွန်မတို့မှာ ပိုက်ဆံတွေအများကြီးနဲ့ ကူပွန်တွေ အများကြီးရှိသေးတယ်။ ပြီးတော့ တက္ကသိုလ်တက်ဖို့အတွက်က စရိတ်လည်းလျော့လာပြီ။ တပြားမှ မလိုဘူး။ စိုးရိမ်နေစရာမလိုဘူး” လင်းချင်းဟယ်က ပြန်ပြောလိုက်၏။
“ကိုယ် မင်းကို အိမ်မှာစောင့်နေမယ်” ကျိုးချင်းပိုင်က ခေါင်းခါလိုက်တော့သည်။
သူ့ပုံစံကို မြင်ပြီး လင်းချင်းဟယ်က မတိုက်တွန်းတော့ချေ။ ထိုလူကို သူမကောင်းကောင်းသိ၏။ ထို့ထက်ပိုသည်က နှစ်အနည်းငယ်ကြာပြီးမှ ဖြစ်လာမယ့်ကိစ္စဖြစ်၏။ ယခုချိန်တွင် ဆွေးနွေးရန်မလိုအပ်ချေ။ အကြောင်းအရာက အဆုံးသတ်သွားတော့သည်။
လပြက္ခဒိန်ရှိ ဩဂုတ်လထဲတွင် တတိယမရီးက မီးဖွားတော့သည်။ ယင်းက သန်းခေါင်ယံကျော်တွင်ဖွားမြင်ခဲ့၏။
လင်းချင်းဟယ်က ထိုအကြောင်းသိသည့်အချိန်တွင် သကြားညိုတစ်ကျင်းပေးခဲ့သည်။ ထို့အပြင် ဝက်ခြေထောက်သားလည်းပါ၏။ လင်းချင်းဟယ်က ထိုအလေ့အထကို အမြဲတမ်းထိန်းထား၏။
ဒုတိယမရီးအပ အကြီးဆုံးမရီးနှင့် တတိယမရီးတို့ မွေးဖွားချိန်တိုင်းတွင် သူတို့က ဝက်ခြေထောက်၊ ဝက်လက်ကိုရကြသည်။
ကလေးနှစ်ယောက်သည် ကြိုတင်ပြင်ဆင်ထား၍လားမသိ။ တတိယမရီးမွေးဖွားမကြာမီ၌ ကျိုးရှောင်မိန်ကလည်း မွေးဖွားတော့သည်။ ဒုတိယကလေးကလည်း သားတစ်ယောက်ဖြစ်၏။ သားနှစ်ယောက်ကလည်း အလွန်အံ့ဩဖွယ်ကောင်းသည်။
စုတာ့လင်း ပျော်ရွှင်နေသေးသည်။ ကျိုးရှောင်မိန်ကမူ စိတ်ပျက်သွား၏။ သူမက ဤကလေးကို သမီးဖြစ်ချင်နေတာပင်။ မထင်ထားဘဲ နောက်ထပ်သားတစ်ယောက်ဖြစ်လာတော့သည်။
စုတာ့လင်းသည် လိုအပ်သည့်အသုံးအဆောင်များကို ဈေးဝယ်ထွက်ချိန်၌ နှစ်ယောက်လုံးအတွက် ဝယ်လာခဲ့သည်။ တတိယမရီးက ကြက်တစ်ကောင်၊ ကြက်ဥတစ်ခြင်းနှင့် ငါးကြီးနှစ်ကောင်ရခဲ့ပြီး အားလုံးကို စုတာ့လင်းက ပို့ခဲ့သည်။
ထိုကဲ့သို့လက်ဆောင်မျိုးက အင်မတန်ခမ်းနားသည်ဟုဆိုရမည်။ တတိယမရီးက အင်မတန်ပျော်ရွှင်နေ၏။ ထို့အပြင် ယခုအခေါက်တွင် တတိယမရီးကလည်း နောက်ထပ်သားတစ်ယောက်ကို မွေးဖွားခဲ့တာဖြစ်သည်။ ထိုနည်းဖြင့်သားနှစ်ယောက်၊ သမီးနှစ်ယောက် ဖြစ်လာတော့သည်။ ထိုမျှများပြားသောကိစ္စများဖြင့် မွေးဖွားမှုက အတော်လေးခမ်းနားကြီးကျယ်လာတော့သည်။
ယနေ့ခေတ်တွင် ငါးဖမ်းရန် ရာသီတစ်ခုလည်းရှိ၏။ အလုပ်များနေသည့်အချိန်ဇယားပြီးနောက် တတိယအစ်ကိုကို ငါးသွားဖမ်းခိုင်းသည်။ ရံဖန်ရံခါ ငါးတစ်ကောင်၊ နှစ်ကောင်သယ်လာပြီး နှပ်ပေးသည်။ မီးဖွားပြီး တစ်လကြာပြီးနောက် ကျိုးရှောင်မိန်နဲ့ စုတာ့လင်းတို့က ဒုတိယကလေး စုရွှင်းကို သယ်လာတော့၏။
သားကြီးကို စုချန်ဟုခေါ်ပြီး ဒုတိယကလေးက စုရွှင်းဖြစ်သည်။ စုတာ့လင်းက နာမည် မည်ကဲ့သို့ရွေးချယ်ရမည်ဆိုတာ သိသည်။
နောက်ထပ်ကြက်ဥတစ်ခြင်းနှင့် ကြက်တစ်ကောင်ကိုလည်းသယ်လာ၏။ အားလုံးက စုတာ့လင်း၏ ဒေါ်လေးအကူအညီဖြင့်ရလာခဲ့တာဖြစ်သည်။ သူမကြောင့်သာမဟုတ်လျှင် ၎င်းတို့ကိုရရန်ခက်ခဲ လိမ့်မည်။
ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့က ကလေးများကို ပြန်ပို့ချိန်၌ လင်းချင်းဟယ်က အိမ်တွင်မရှိပေ။ သူမက ကျောင်း၌ သင်ခန်းစာများပို့ချနေ၏။ နောက်ဆုံးအခေါက် စုတာ့လင်းပြန်လာချိန်တွင် အလျင်လိုနေခဲ့သည်။ အလယ်တန်းကျောင်း၌ လင်းချင်းဟယ် ဆရာမဖြစ်နေပြီဆိုတာ သူမသိချေ။ ထို့ကြောင့် ထိုအကြောင်းကို နှစ်ယောက်သားပြောသည့်အချိန်၌ အံ့ဩဆွံ့သည့်အမူအရာရှိ၏။ အထူးသဖြင့် ကျိုးရှောင်မိန်ဖြစ်ကာ သူမက လေးစားလွန်းနေသည်။ “ကျွန်မရဲ့ စတုတ္ထယောင်းမက တကယ်အံ့ဩဖို့ကောင်းတာပဲ။ ယောင်းမတွေကြားထဲမှာ ဘယ်သူ့ဦးနှောက်ကမှ သူ့လောက်မမြန်ဘူး”
အစတွင် အနောက်တံခါးကို သုံးရန်ပြောခဲ့သည့်ယောင်းမကြောင့် ဤအလုပ်ကို ရခဲ့တာဖြစ်သည်။ မဟုတ်လျှင် သူမအလှည့်ရောက်လာမှာမဟုတ်ပေ။ စုတာ့လင်းကလည်း သူမကို လေးစားသည်။
နှစ်ယောက်သားက အသက်ကြီးမှစာလေ့လာပြီး အလယ်တန်းကျောင်း၏ ကျောင်းသားများကို ဖြေရှင်းနိုင်သည့်ဆရာမတစ်ယောက်ဖြစ်လာလိမ့်မည်ဟု တစ်ခါမှမတွေးဖူးပေ။ မဟုတ်လျှင် နောက်ဆုတ်ရန်တောင်ဖျောင်းဖျခံရမည်တောင် မဟုတ်ပါလော။ ဤအသိုင်းအဝိုင်းရှိ စိတ်များက တစ်ပုံစံတည်းဖြစ်ပုံရသည်။ ကျောင်းက အသိအမှတ်ပြုသရွေ့ သူတို့က သင်ကြားနိုင်သည့်အရည်အချင်းရှိသည်။