အခန်း ၁၇၃
Viewers 38k

အခန်း (၁၇၃) - ပိုကောင်းပြီးရင်း ပိုကောင်းလာခြင်း


သို့သော် အမှန်တကယ်တွင် လင်းချင်းဟယ်၏ သင်ကြားမှုက ပြဿနာမရှိချေ။ ကျေးရွာ၏ အလယ်တန်းကျောင်းက သူမ စာကို စတင်သင်ပြသည်နှင့် သူမကို ယုံကြည်ခဲ့တာမဟုတ်ပေ။ သူတို့က သူမကို စစ်ဆေးခဲ့၏။ ကျောင်းအုပ်က တံခါးအပြင်ဖက်တွင် နားထောင်နေသည်။ ကျောင်းအုပ်သာမက အကူဆရာ ချန်ရှန်းကလည်း နားထောင်နေ၏။ ကျောင်းအုပ်ဖြစ်စေ၊ ချန်ရှန်းဖြစ်စေ နှစ်ယောက်လုံးက ပြစ်ချက်တစ်ချက်ကိုမှ ရှာမတွေ့ခဲ့ဘူးဆိုရမှာပဲဖြစ်သည်။


ထို့အပြင် သင်ကြားသည့်အရည်အသွေးက အတော်လေးပြစ်ချက်ကင်းသည်ဟုထင်ရသည်။ လင်းချင်းဟယ်က ထိန်းထားနိုင်၏။


ယင်းက အဆင့်မြင့်ကျောင်းသားများ၏ အတန်းဖြစ်သည်။ ယခုအခေါက်တွင်မူ အလယ်တန်း ကျောင်းကလည်း ဝင်ခွင့်စာမေးပွဲရှိ၏။ ဝင်ခွင့်ရသည့်သူများက အဆင့်များ လက်ခံရရှိမှာပဲဖြစ်သည်။


အလယ်တန်းကျောင်းတစ်ခုလုံး၌ ကျောင်းသားများများစားစားမရှိပေ။ အလယ်တန်းကျောင်း၌ ပထမနှစ်နှင့် ဒုတိယနှစ်သာပါဝင်ပြီး တတိယနှစ်ကမရှိသေးပေ။ ပထမနှစ်တွင် လေးတန်း၊ စတုတ္ထနှစ်တွင် လေးခန်းရှိ၏။ 


အလယ်တန်းကျောင်းကို တက်ရောက်သည့်သူများက ကျေးရွာတွင်းရှိ ကလေးများ အားလုံးသာဖြစ်သည်။ 


အဖွဲ့အစည်းတစ်ခုလုံး၌ ထုတ်လုပ်ရေးအသင်း ဆယ့်ကိုးဖွဲ့ရှိပြီး ထုတ်လုပ်ရေးအသင်း၌ အိမ်ထောင်စု နှစ်ဆယ်နီးပါးရှိသည်။


ထိုအိမ်ထောင်စုကို မည်ကဲ့သို့ ရေတွက်နိုင်မည်နည်း။ ကျိုးမိသားစုက မခွဲရသေးသည့်အချိန်တွင် ကျိုးမိသားစုတစ်စုလုံးကို အဖေကျိုးက ဦးဆောင်သည့် မိသားစုတစ်စုဟူ၍ သတ်မှတ်နိုင်သည်။


ရေတွက်သည့်နည်းလမ်းကမူမတူညီပေ။ သို့သော် လူအရေအတွက်က များသေး၏။ ယခု ကာလတွင် လူများက ကလေးမွေးသည့်စက်များပမာဖြစ်နေ၏။ အသင်းအဖွဲ့တစ်ခုလုံး၌ ကလေးများစွာရှိနေပြီး သို့သော် အလယ်တန်းကျောင်းကို တက်ရောက်သည့်သူက နည်း၏။ အဆုံးတွင်မူ ပညာရေးအပေါ်အာရုံစိုက်မှုသိပ်မရှိချေ။


ဆရာမတစ်ယောက်အနေဖြင့် လင်းချင်းဟယ်ကအရည်အချင်းအကောင်းဆုံးဖြင့် သူမ၏ တာဝန်ယူ မှုကို ထိန်းထားသည်။ သင်ခန်းစာတိုင်းရှိအကြောင်းအရာများကို လက်ဆင့်ကမ်းကာ သူတို့ကို ရှင်းပြခဲ့၏။ သူတို့နားမလည်ခဲ့လျှင် သင်ခန်းစာပြီးပါက လာမေးနိုင်၏။ ကျန်သည့်ကိစ္စများအတွက်မူ သူတို့ စာလေ့လာရမည်။ ကျန်သည့်အရာမရှိ။ ယခုကာလတွင် ပတ်ဝန်းကျင်က အတော်လေးတင်းကြပ်နေ၏။ အတိတ်တုန်းက ဆရာမများသည် ဝေဖန်ခံရသည်။


လင်းချင်းဟယ်သည် အောက်ခြေမှ စတင်ခဲ့တာဖြစ်သော်ငြား အငြိမ်းစား စစ်တပ်မိသားစုဝင်အနေဖြင့် သူမက ဝေဖန်မခံရပေ။ လင်းချင်းဟယ်က ကလေးများကို ကြမ်းတမ်းသူများသဖွယ် မဆက်ဆံပေ။


သင်ခန်းစာ ပို့ချပြီး ကျောင်းသားများအတန်းပြီးနောက် လာမေးသည့်မေးခွန်းအားလုံးကိုဖြေရှင်းပေး ပြီးနောက် သူမ၏တာဝန်ကပြီးသွားပြီဖြစ်သည်။


လင်းချင်းဟယ်က သူမမည်သို့ သင်ပြပြောဆိုရမည်မှန်းသိသည်။


သူမနှင့် ကျောင်းဆရာသစ် ချန်ရှန်းအပါအဝင် အလယ်တန်းကျောင်းတစ်ခုလုံး၌ ဆရာငါးယောက်ရှိသည်။ ကျောင်းအုပ်တော့ ထည့်မတွက်ထားပေ။

 

ကျောင်းအုပ်ကလည်းအလွန်အလုပ်များ၏။ တစ်ခါတစ်ရံတွင် အစည်းအဝေးများသွားရပြီး တစ်ခါတစ်ရံတွင် တိုးတက်မှုထုတ်ပြန်ချက်များကို သွားရောက်နားထောင်ရ၏။ ပုံမှန်ဆိုသူက စာသင်လေ့မရှိပေ။ ဆရာများမရှိသည့်အချိန်တွင် သူက အကူလုပ်ပေးမည်။ 


လင်းချင်းဟယ်ကလည်း လုပ်ဖော်ကိုင်ဖက်များနှင့်အတော်အဆင်ပြေ၏။ သူမက ဆန်ကုန်မြေလေး ချန်ရှန်းနှင့်ဝေးဝေးနေဖို့ကတော့ ပြောရန်မလိုပေ။ 


ယခုအချိန်တွင် စက်ဘီးစီးပြီး အိမ်ပြန်နေကြဖြစ်၏။ သူမက နံနက်ခင်း၌ စက်ဘီးစီးလာပြီး မွန်းတည့်ချိန်၌ပြန်လာသည်။ ပြီးနောက် မွန်းတည့်ချိန်၌ ပြန်ထွက်လာပြီး ညနေစောင်းတွင် အိမ်ပြန်လာ၏။ ယင်းကတစ်နေ့တာအတွက် သူမ၏ အလုပ်အချိန်ဇယားပင်ဖြစ်သည်။ သူမက မီးဖိုချောင်ထဲမဝင်နိုင်ပေ။ 


သူမက နေ့စဉ်နေ့တိုင်း မီးဖိုချောင်နားကပ်မနေနိုင်ပေ။ နေ့စဉ်နေ့တိုင်းဟင်းလျာများ ချက်ပြုတ်ရန်အတွက် အိမ်ပြန်သွားသည့်တာဝန်ကို ယူထားဆဲဖြစ်သည်။ အမေကျိုးကလည်း ကျန်သည့်အိမ်မှုကိစ္စများကို ကူညီပေး၏။ တစ်နေ့လုံးအိမ်တွင် နေနေသည်။ နို့တိုက်ရမည့် အချိန်ရောက်မှသာ သူမက စုချန်လေးကို တတိယချွေးမ၏ နေရာဆီသို့ခေါ်သွားပြီး နို့ချို့တိုက်ကျွေး၏။


လင်းချင်းဟယ်သည် ထိုနေ့က အလုပ်မှ ပြန်လာပြီးနောက် စတင်ချက်ပြုတ်တော့သည်။ သူမက “မနက်ဖြန် အလုပ်သွားစရာမလိုဘူး။ ပဲဆီနည်းနည်း ဝယ်လို့ရမလားလို့ မြို့တက်ကြည့်ဦးမယ်”


သူမ၏ သိုလှောင်နေရာထဲတွင် ပဲဆီတစ်ပုလင်းရှိနေသေး၏။ မှောင်ခိုဈေးမှ ပစ္စည်းများကို စုဆောင်းရန်စိတ်ထဲထားနေသေးဆဲဖြစ်သည်။ 


ကြက်ဥ၊ အသား၊ ဆီ မည်သည့်အရာဖြစ်စေကာမူ သူက ၎င်းတို့ကိုဝယ်ပြီး သူတို့ကို မြင်သည်နှင့် သိုလှောင်ရုံထဲတွင် သိမ်းထား၏။ 


သူမသည် ဝက်သားများသီးသန့်ရောင်းချသည့်တိုင် အားလုံးကအကျန်များဖြစ်နေ၏။ ကောင်းမွန်သည့်အသားက နည်းပါး၏။ ယေဘုယျအားဖြင့် သူမက အသားကောင်းများကို မိသားစုအတွက်သာထားသည်။ 


အမေကျိုးက ပြော၏။ “သမီးအလုပ်ပင်ပန်းနေပြီပဲ။ ရှားရှားပါးပါးနားဖို့အခွင့်အရေးလေ”


လင်းချင်းဟယ်က ပြန်ပြောလိုက်၏။ "ရပါသေးတယ်”


အမှန်တကယ်တွင် အလုပ်တစ်ခုရှိတာက အလွန်ကောင်းသည်။ လင်းချင်းဟယ်က ကြက်ဥနှင့် ခရမ်းချဉ်သီးများကို အမြန်မွှေကြော်ပြီး အရိုးစွပ်ပြုတ်တစ်ပန်းကန်ချက်လိုက်၏။ သူတို့က ယနေ့တွင် ထမင်းစားကြသည်။ အမေကျိုးကလည်း စိမ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူမက ပေါင်းခံရုံသာရှိသည်။ လောင်စန်းသည် မကြာခင်၌ ပြန်လာ၏။ သူက ဆော့ကစားပြီးနောက် ညစ်ပတ်နေသော ကြောင်လေးတစ်ကောင်ဖြစ်သွား၏။ သူ့နောက်တွင် ပါလာသည်က စုချန်လေးဖြစ်သည်။ 


ယခုဆို စုချန်လေးက သူ၏အစ်ကို လောင်စန်းနားတစ်နေကုန်လိုက်နေ၏။ ညအိပ်သည့်အချိန်တွင်လည်း တူနေပေ၏။ သူက အစ်ကိုလောင်စန်းနှင့်အတူအိပ်သည်။ 


“သားတို့နှစ်ယောက်အမြန် ဆေးကြောလိုက်ဦး” လင်းချင်းဟယ်သည် ထိုနှစ်ယောက်ကို ကြည့်ပြီးခေါင်းကိုက်သွားကာ မျက်စောင်းထိုးပြီးအမိန့်ပေးလိုက်၏။


“ဆေး ဆေး”


စုချန်လေးက လောင်စန်းနောက်လိုက်လာပြီး ဆေးကြောရန်ပြင်ဆင်လိုက်၏။ သို့သော် သူ့ကိုယ်သူ မည်ကဲ့သို့ သန့်စင်နိုင်ဦးမည်နည်း။ လင်းချင်းဟယ်က သူတို့နှစ်ယောက်လုံးကိုဆေးကြောပြီး ပြောလိုက်၏။ “ဒီနေ့ ဘာတွေဆော့ခဲ့တာလဲ”


“တီကောင်တွေ တူးတာ” လောင်စန်းက ပြန်ဖြေလိုက်၏။


“တီကောင်တွေ” စုချန်လေးက လိုက်ပြောသည်။


“တီကောင်တွေက ဘယ်ရောက်သွားတာလဲ။ ကြက်စာကျွေးဖို့အတွက်ယူလာလား” လင်းချင်းဟယ်က ပြန်ပြော၏။


“အမ်း တီကောင်တွေကို ချိုက်ချိုက်ဆီပေးလိုက်ပြီ” လောင်စန်းက ပြန်ဖြေသည်။


ချိုက်ချိုက်က ရွာထဲရှိ ကလေးမလေးဖြစ်သည်။ သူမ၏ မိသားစုက အတော်သင့်တင့်လျောက်ပတ် မှုတော့ရှိသည်။ ဤအရွယ်ရှိကလေးများက အတူဆော့ကစားပြီး ခုနစ်နှစ်မတိုင်ခင်အထိ ခွဲဆော့တာမျိုးမရှိပေ။ 


ကပ်စေးနဲသည့်လောင်စန်းက မိန်းကလေးများကို ကောင်းကောင်းမွန်မွန်ဆက်ဆံရမှန်း သိလိမ့်မည်ဟု လင်းချင်းဟယ် တစ်ခါမှမတွေးခဲ့မိပေ။


မူလစာအုပ်၏ ဇာတ်လိုက်က သူ့ဆီရောက်လာတာ အံ့ဩစရာမရှိပေ။ အဆုံးတွင်မူ သူသည်လည်း အရံဇာတ်ကောင်၏ ဆိုးရွားသည့်ကံကြမ္မာမှ မလွတ်မြောက်နိုင်သေးပေ။ သူက ဒီအရွယ်သာရှိသေး၏။ လင်းချင်းဟယ်က သူ့ကို ပြောမှာမဟုတ်ပေ။ သူမကပြောလိုက်၏။ 


“နောက်တစ်ခေါက်ကျ အိမ်သယ်လာပြီး ကြက်စာကောင်းကောင်းကျွေးကြတာပေါ့။ အိမ်မှာဆိုရင် တစ်ရက်ကို ကြက်ဥတစ်လုံးပဲရတာ” 


“ဟုတ်” လောင်စန်းက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်၏။


စုချန်နှင့် စုရွှင်း၏ အိမ်ထောင်စုစာရင်းက ဤနေရာတွင် မရှိပေ။ ထို့ကြောင့် သူတို့ကို ထည့်မတွက်ချေ။ သူတို့မိသားစု၌ အဖေကျိုးနှင့် အမေကျိုးအပါအဝင် စုစုပေါင်း လူခုနစ်ယောက်ရှိ၏။ 


ယနေ့ခေတ်တွင် ပေါ်လစီက တင်းကြပ်သော်ငြား ကျိုးချင်းပိုင် ဤနေရာတွင် ရှိနေလေရာ လူခုနစ်ယောက်အဖို့ ကြက်လေးကောင်မွေးထားတာကမများပေ။ 


ကြက်မလေးကောင်က ဥအထွက်ကောင်းသည်။ တစ်ရက်လျှင် ဥနှစ်လုံး သုံးလုံးရ၏။


တစ်ခါတစ်ရံတွင် ကြက်လေးကောင်လုံးတပြိုင်နက်တည်း ဥ ဥကြ၏။ ထို့ကြောင့် တစ်ရက်လျှင် ကြက်ဥလေးလုံးရသည်။


ယင်းက အစာကြောင့်လည်းဖြစ်သည်။ ဝက်စာချက်ပြုတ်သည့်အချိန်တွင် ထိုကြက်များကိုလည်း ဘယ်တော့မှ မမေ့ထားပေ။ သူတို့က ကျန်သည့်မိသားစုများမှ လွတ်လွတ်လပ်လပ်ပျိုးထောင် ထားသည့် ကြက်များနှင့်ပုံစံမတူပေ။ ထို့ကြောင့်သူမ၏ ကြက်များက ဆူဖြိုး၏။ တစ်ကောင်ကို လေးငါးကျင်းခန့်လေးသည်။ 


သို့သော် နေ့စဉ်နေ့တိုင်းကြက်ဥ ဥနေသော်ငြား သူတို့၏စားနှုန်းကလည်းကြီးမားသည်။ ရံဖန်ရံခါ၌ လင်းချင်းဟယ်သည် အပြင်ကနေ အချို့သယ်လာရန်လိုအပ်သေး၏။


မကြာမီ၌ လောင်တနှင့်လောင်အာ့က ကျောင်းမှပြန်လာသည်။ ညီအစ်ကိုနှစ်ယောက် သွားတက်သည့် မူလတန်းကျောင်းက ကျေးရွာ၏ အလယ်တန်းကျောင်းနှင့် လမ်းမတူချေ။ လမ်းမတူသောကြောင့် သူတို့ဖာသာသွားရသည်။ 


ညီအစ်ကိုနှစ်ယောက်ပြန်လာချိန်၌ သူတို့က ချက်ချင်းပင် ဝက်စာများ သွားစုတော့သည်။ ယခုအချိန်တွင် ယင်းက သူတို့ညီအစ်ကိုနှစ်ယောက်၏ တာဝန်ဖြစ်နေသည်။ ကျောင်းပြန်ရောက်သည်နှင့် ဝက်စာများသွားရွေးရ၏။ ကျောင်းမတက်ရသည့်အချိန်တွင် သူတို့က နောက်ချေးများသွားကောက်ရ၏။ ယင်းက သူတို့တာဝန်ပင်ဖြစ်သည်။ ယခုအချိန်တွင် သူမမိသားစုတွင်းရှိ အခြေအနေက ပိုကောင်းမွန်လာ၏။


ကျိုးချင်းပိုင်က အလုပ်မှတ်ဆယ်မှတ်ရသည်။ အိမ်ရှိဝက်နှစ်ကောင်ကို အလုပ်မှတ်များစွာဖြင့် လဲလှယ်နိုင်မည်ဖြစ်သည်။ ဝက်များကိုပျိုးထောင်ပေးခြင်းသည် သူတို့၏အိမ်၌ ဓာတ်မြေဩဇာများ ရနိုင်သည်ဟု ဆိုလိုတာဖြစ်ပြီး လဲလှယ်ရန်မလိုပေ။ သူတို့က ထိုအရာကို အသုံးမပြုလျှင် အလုပ်မှတ်များနှင့် လဲလှယ်ရန်ရွေးချယ်နိုင်၏။


လောင်တနှင့်လောင်အာ့ကလည်း အကောင်ကြီးလာပြီဖြစ်သည်။ သူတို့က လစာမရသော်ငြား ရံဖန်ရံခါ၌ ညီအစ်ကိုနှစ်ယောက်ပေါင်းလျှင် အလုပ်မှတ်နှစ်မှတ်ရနိုင်သေး၏။