အခန်း ၁၇၅
Viewers 43k

အခန်း (၁၇၅) - ကောင်းကင်ဘုံက သူ့ကို ဂရုစိုက်လိမ့်မယ်


ကျိုးချင်းပိုင်က သူ့ဇနီး ထိုကဲ့သို့ ပြုမူတာကို မြင်တွေ့သည့်အချိန်၌ ဘာမှမပြောခဲ့ပေ။


လောင်မား၏မိသားစုက သူတို့အိမ်တော်ထဲတွင် လူအတော်များ၏။ ထိုကဲ့သို့ကိစ္စက အမှန်တကယ် အကျင့်ပျက်တာဖြစ်ပြီး ယင်းက လောင်မားမိသားစုကိစ္စသာ ဖြစ်သည်။ သူတို့ကို ဝင်မစွက်ဖက်တာက ပိုကောင်းပေမည်။ အနှေးနှင့်အမြန် ဤကိစ္စက မီးကိုကာရန် ကြိုးစားနေသည့်စာရွက်ပမာ ဖြစ်နေလိမ့်မည်။


ယင်းက ပထမဆုံးအကြိမ် မဟုတ်လေရာ နောက်ဆုံးအကြိမ်လည်း မဟုတ်လောက်ပေ။


သူတို့လင်မယားက အိမ်သို့ ပြန်ရောက်သည့်အချိန်၌ လင်းချင်းဟယ်က အဝတ်ရေစိမ်ပြီးနောက် ချိတ်ထားလိုက်သည်။


ကျိုးချင်းပိုင်က ဘောင်းဘီလဲရန်သာ လိုအပ်၏။


သူ ဝက်စာကျွေးပြီးသည်နှင့် အိပ်ရာထဲသွားလိုက်၏။ နောက်နေ့တွင် လင်းချင်းဟယ်က ပိတ်ရက်ရသည်။ ထို့ကြောင့် လောင်စန်းနှင့် စုချန်လေးကိုခေါ်ပြီး အသားယူရန်အတွက် အစ်မမိန်ဆီသို့ သွားလိုက်၏။ ပြီးနောက် သူတို့ မြို့ပေါ်တက်သွားသည်။


လောင်စန်းက အသက်ငါးနှစ်ရောက်နေပြီဖြစ်ကာ စုချန်လေးသည် နှစ်နှစ်သာရှိသေးသော်ငြား ယင်းက ပြဿနာမဟုတ်ပေ။


ထို့အပြင်သူမက စာသင်ပေးနေရသောကြောင့် ကလေးများနှင့် အချိန်ကုန်တာသိပ်မရှိခဲ့ပေ။ ထို့ကြောင့် အခွင့်ရသည့်အခါ သူတို့ကို တစ်ပါတည်းခေါ်သွားတာပဲဖြစ်သည်။


သူမက နှစ်ယောက်လုံးအတွက် ရေခဲမုန့်တစ်ခုဆီဝယ်ပေးလိုက်သည်။ စားသောက်ပြီးနောက် သူတို့က ဝယ်လိုအားနှင့် ရောင်းလိုအား သမဝါယမအသင်းရှိ ခုံပေါ်၌ သူမကို ထိုင်စောင့်နေကြသည်။ လင်းချင်းဟယ်ကလည်း ရှန်ယွီဆီ သွားအပ်ထား၏။ ရှန်ယွီကလည်း စောင့်ကြည့်နေမည်ဟု ချက်ချင်းသဘောတူလိုက်သည်။


လောင်စန်းဖြစ်စေ စုချန်လေးဖြစ်စေ နှစ်ယောက်လုံးက အလွန်ချစ်စဖွယ်ကောင်းသည်။ ရှန်ယွီက လက်ရှိတွင် ကိုယ်ဝန်ဆောင်နေတာဖြစ်ပြီး မွေးဖွားရန်လကလည်း အတော်လိုသေး၏။ ခဏကြာပြီးနောက် သူမက ကလေးပို့ရန် အချိန်ယူသင့်သည်။ ယခုကာလသည် မိခင်မေတ္တာများ ပေါက်ဖွားသည့်ကာလဖြစ်ရာ ထိုကဲ့သို့ ကလေးများကို သူမ မည်ကဲ့သို့ သဘောမကျဘဲ ရှိမည်နည်း။


လင်းချင်းဟယ်က ကျန်ရှိသည့်ဝက်သားများကို သွားရောင်းတော့သည်။ ပြီးနောက် ပဲဆီတစ်ပုလင်းဝယ်ရန် မှောင်ခိုဈေးသို့သွားတော့၏။ ပဲဆီဈေးက ဈေးမပေါချေ။ ကျင်းတစ်ဝက်ပါသည့် ပုလင်း၏ တန်ကြေးက နှစ်ယွမ်ဖြစ်သည်။


သို့သော် လင်းချင်းဟယ်က စစ်စစ်စီစီလုပ်မနေတော့ပေ။ သူမက ပဲဆီနှစ်ပုလင်း ဝယ်လာခဲ့သည်။


ကျန်သည့်ပစ္စည်းများအတွက်မူ ကြက်ဥသာဝယ်ရန်လိုအပ်၏။ ကြက်ဥနှစ်ခြင်းလည်းဝယ်လာခဲ့၏။ လက်ရှိတွင် သူမ၏သိုလှောင်နေရာ၌ ပစ္စည်းများများစားစား မရှိချေ။ ကြက်ဥနှစ်ခြင်းကို အသုံးပြုရန်အတွက် အဆင်ပြေပေ၏။


မှောင်ခိုဈေးတွင် လမုန့်များ ရောင်းသေး၏။ ရှန်ယွီက သူမအတွက် တစ်ကျင်းဖယ်ထားသောကြောင့် မှောင်ခိုဈေး၌ ဝယ်ရန်မလိုအပ်ချေ။


မှောင်ခိုဈေးက လေးဆယ်ရာခိုင်နှုန်း ပိုမြင့်၏။ ယင်းက တန်ဖိုးကြီးသည်။


ဆီနှစ်ပုလင်းနှင့် ကြက်ဥနှစ်ခြင်းဝယ်ပြီးနောက် လင်းချင်းဟယ်က ဆီပုလင်းကို ကိုင်ထားပြီးနောက် ကျန်သည့်များကို သူမ၏သိုလှောင်နေရာထဲထည့်လိုက်သည်။


ပြီးနောက် ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းဆီသို့ လာလိုက်၏။ သူမက လမုန့် တစ်ကျင်းနှင့် နို့သကြားလုံးနှစ်ထုပ်လည်းဝယ်လာသည်။ အိမ်တွင် ကလေးများက နေ့တိုင်း တစ်ရက်တစ်လုံး စားကြ၏။ လင်းချင်းဟယ်က သူတို့တစ်ရက်နှစ်ကြိမ်သွားတိုက်သရွေ့ သူတို့ကိုစားခွင့်ပေးထားသည်။


ရှန်ယွီနှင့် ခဏတာစကားပြောပြီးနောက် လောင်စန်းနှင့်စုချန်လေးကို အိမ်ပြန်ခေါ်သွားလိုက်သည်။


ကလေးနှစ်ယောက်က လမ်းတောက်လျှောက် အလွန်ပျော်ရွှင်နေလေ၏။ ဆော့ကစားရန်အတွက် ဝေးကွာသည့် ခရီးတိုလေးသွားရခြင်းက ပျော်ရွှင်စရာကောင်းသည့် ကိစ္စရပ်ဖြစ်သည်။


အိမ်သို့ပြန်ရောက်သည့်အချိန်၌ စုချန်လေးက ပင်ပန်းနေပြီဖြစ်သည်။ အဆုံးတွင်မူ သူက အသက်ငယ်သေး၏။ လင်းချင်းဟယ်က သူ့ကိုသိပ်ရန် သယ်သွားတော့၏။ လောင်စန်းကလည်း သူနှင့်အတူ တစ်ရေးအိပ်သည်။ နေ့လယ်စာ စားချိန်ကြမှ သူတို့နိုးလာလိမ့်မည်။


လင်းချင်းဟယ်က ဆီတစ်ပုလင်းကို ထုတ်လိုက်၏။ ကျန်သည်ကို အခန်းထဲ၌ထားလိုက်သည်။ ဤနည်းဖြင့် အမေကျိုးက သူမ မည်မျှဝယ်ခဲ့မှန်း မသိပေ။ သူမ မည်သည့်အရာကို ဝယ်ခဲ့မှန်းလည်း သိတော့မှာမဟုတ်။ ထို့ကြောင့် လင်းချင်းဟယ်ရံဖန်ရံခါအပြင်ထွက်ပြီး ဝယ်လာသည့်အချိန်တိုင်း၌ အမေကျိုးက ဘာမှမပြောတာပဲ ဖြစ်သည်။


လင်းချင်းဟယ် အစ်မမိန်ဆီမှ ရလာသည့် ဝက်ဗိုက်သားနှစ်ကျင်းကို နှစ်နှပ်စာခွဲလိုက်၏။ တစ်ကျင်းက ယနေ့အတွက် နောက်တစ်ကျင်းက နောက်တစ်နေ့အတွက် ဖြစ်သည်။


နေ့လယ်စာက ဝက်သားမွနှင့် ခေါက်ဆွဲဖြစ်ပြီး ညစာက ဝက်သားနှပ်နှင့် သခွားသီး ဖြစ်သည်။ နောက်တစ်နေ့အတွက်မူ ဝက်ဗိုက်သားနှင့် သခွားသီးကို ကြော်မှာပဲဖြစ်သည်။


တခြားနည်းလမ်းမရှိချေ။ ယခုအချိန်၌ ဝက်ဗိုက်သားများရရန်မလွယ်ကူချေ။ လင်းချင်းဟယ်က အစ်မမိန်ကို နောက်တစ်ခေါက် နံရိုးများချန်ထားပေးရန် မှာကြားခဲ့၏။


လင်းချင်းဟယ်၏ အလုပ်နှင့်အိမ်တွင် နေထိုင်သည့်ဘဝ နေ့ရက်များက လျင်မြန်စွာ ကုန်ဆုံးသွား၏။


မျက်တောင်တစ်ခတ်အတွင်း စက်တင်ဘာလကုန် ရောက်လာ၏။ လင်းချင်းဟယ်က တစ်လနီးပါး သင်ကြားပေးခဲ့ပြီး အတော်လေး လိုက်လျောညီထွေ ဖြစ်လာသည်။ တစ်လတာ သင်ကြားပေးသော်ငြား သူမ စာသင်တာကို ယခင်က တစ်ခါမှမတွေ့သည့်သူများက သူမကို ဝါရင့်စီနီယာဆရာမတစ်ဦးအဖြစ် ယုံကြည်နေကြသည်။


ပထမလပတ်စာမေးပွဲတွင် သူမ သင်ပေးသော အတန်းလေးတန်း၏ သင်္ချာရမှတ်များက အတော်ကောင်း၏။ သူတို့ထဲမှ ငါးယောက်က သင်္ချာတွင် အမှတ်ပြည့်ရကြပြီး အောင်ချက်ကလည်းမြင့်မားသည်။


ထူးချွန်သည့်ဆရာအဆင့်သတ်မှတ်ချက်ရှိမည်ဆိုလျှင် လင်းချင်းဟယ်က နံပါတ်တစ်ဖြစ်လိမ့်မည်။ ထိုအကြောင်းအရင်းကြောင့် သူမအတန်းထဲရှိကျောင်းသားများက သူမကို အထင်ကြီးနေကြ၏။ သို့သော် ယခုကာလတွင် ဆရာအကဲဖြတ်မှုမရှိပေ။


ဆောင်းရာသီရိတ်သိမ်းမှု ခရာသံ ထွက်ပေါ်လာသည်နှင့် ကျောင်းများကလည်း နေ့ဝက်စနစ်ကို စတင်တော့သည်။ သို့သော် ၎င်းကနေ့ဝက်စနစ်ဖြစ်သောကြောင့် လစာနှင့်အလုပ်မှတ်ကလည်း တစ်ဝက်ဖြစ်သွား၏။


လင်းချင်းဟယ်က မှိုင်တွေငေးငိုင်သွားတော့သည်။ နောက်ပိုင်းမျိုးဆက်အတွက် အားလပ်ရက်ပေးလာတာက ပိုကောင်းလာ၏။


တစ်ဝက်အနှုတ်ခံရသော်ငြား အချိန်ရလာသည့်အခါ စားစရာအချို့လုပ်နိုင်သေး၏။ လူတစ်ယောက်ဆီအတွက် သိပ်မများဘဲ ကျင်းတစ်ဒါဇင်ခန့်ရှိ၏။ ယင်းက ဘာမှမရှိတာထက် ပိုကောင်းသည်။


နွေဦးရိတ်သိမ်းသည့် ခရာသံ ပေါ်ထွက်လာသည်နှင့် လင်းချင်းဟယ်က ဘာမှမခံစားရပေ။ သူမက အသားကျနေပြီ ဖြစ်သည်။ ယခင်က သူမသည် ငါးရှဉ့်ဝတုတ်တုတ်များစွာကို ချန်ထားပြီး လယ်ငါးများကိုလည်း သိမ်းထား၏။ ကျိုးချင်းပိုင်၏ အစာခြေဖျက်မှုကိုတိုးစေရန် ပြီးပြည့်စုံသည့်နည်းဖြစ်သည်။


သူမက နံနက်ခင်းတွင်သာ စာသင်ပေးရသောကြောင့် လင်းချင်းဟယ်က နေ့လယ်စာပြင်ပေးပြီး ပို့ပေးမှာပဲဖြစ်သည်။


ဤခေတ်ကာလရှိလူများနှင့် လင်းချင်းဟယ်က ဝေးကွာသည်။ လူတိုင်းက သူတို့အစာအိမ် ဖြည့်နိုင်သလောက်သာ စားသောက်ကြပြီး လင်းချင်းဟယ်ကမူ ကျိုးချင်းပိုင်ကို အစာအိမ် ပြည့်မောက်သည်အထိ စားစေချင်၏။ ယင်းက အကြီးမားဆုံးကွာဟချက်ဖြစ်သည်။


သို့သော် လင်းချင်းဟယ်က သူမအတွက် သူမထိန်းထားသည်။ နေ့လယ်စာအတွက်မူ ဗိုက်ပြည့်ရုံမျှသာ စား၏။ ပဲစွပ်ပြုတ်တစ်ပန်းကန်လည်းရှိနေသေးသည်။


နံနက်ခင်းနှင့်ညနေခင်းတွင် သူမက သူ့အတွက် စားသောက်ရန်စားစရာများပိုမိုချက်ပြုတ်ပေးမည်။


“ဆရာမလင်း နောက်ပြီးကျဆရာမရဲ့စက်ဘီးနောက်ကနေလိုက်လို့ရမလား” ထမင်းလာပို့သည့် ဝမ်လင်းကလည်း ရောက်လာ၏။


လင်းချင်းဟယ်က သူမကို တစ်ချက်ကြည့်လိုက်သည်။ အတိတ်တုန်းက သူမနှင့်မကောင်းသည့် ဆက်ဆံရေးတစ်ခု ရှိခဲ့၏။ ကွယ်ရာတွင်လည်း မတ်ဖြစ်သူနှင့် မသင့်တော်သည့် ဆက်ဆံရေး ရှိနေကြောင်း သိပြီးနောက် ပိုတောင်ဝေးဝေးနေလာ၏။ ထိုကဲ့သို့သူက မျက်နှာပြောင်တိုက်ပြီး ရောက်လာရဲလိမ့်မည်ဟု သူမတစ်ခါမှ မထင်ခဲ့ဘူးချေ။


“နင် ငါ့စက်ဘီးနောက်မှ ထိုင်နိုင်လို့လား” လင်းချင်းဟယ်က တစ်ချက်ကြည့်လိုက်၏။ ထိုသို့ပြောလိုက်ချိန်၌ သူမ၏ရိုင်းပျမှုက အမြင့်ဆုံးရောက်သွားသည်။ ထို့ထက်ပိုသည်က သူမက လူအများကို ရန်စမိမှာမကြောက်ပေ။


ဝမ်လင်းက နှုတ်ခမ်းတွန့်ကွေးလျက် ပြောလိုက်တော့သည်။


“အလယ်တန်းကျောင်းရဲ့ ဆရာမတစ်ယောက်အနေနဲ့ ဆရာမလင်းက စည်းလုံးညီညွတ်မှုနဲ့ ခင်မင်ရင်းနှီးမှု စိတ်ဓာတ် မရှိဘူးပဲ”


“မကောင်းတာတွေကိုပဲ ပြောနေတတ်တဲ့သူအတွက် စည်းလုံးညီညွတ်မှုနဲ့ ခင်မင်ရင်းနှီးမှု ဆိုတာ မရှိဘူး။ နင့်ရဲ့ဦးနှောက်ထဲမှာ အပေါက်တစ်ပေါက် ရှိနေလားဆိုတာ ငါမသိဘူးဟယ်” လင်းချင်းဟယ်က ပြန်ပက်လိုက်၏။


ထိုစကားကို ကျန်သည့်အမျိုးသမီးများ ကြားသောအခါ မရယ်ဘဲမနေနိုင်ကြတော့ချေ။


လင်းချင်းဟယ် ဆရာမဖြစ်လာချိန်မှစပြီး ရွာထဲရှိလူများက သူမ လက်ထပ်ပြီးနောက် လယ်ကွင်းထဲ အလုပ်မဆင်းရသည့် အကြောင်းအရင်းအတွက် စကားလုံးတစ်သောင်း ပြင်ဆင်ပြီးသားဖြစ်၏။ သူမအပေါ်အမြင်ကပြောင်းသွား၏။ သို့သော်ဝမ်လင်းအတွက်မူ သူမ၏ ဆက်ဆံပုံကတူညီနေသေးသည်။


ထို့အပြင် ဝမ်လင်းက ဆရာမလင်းအကြောင်း မကောင်းသည့်စကားများ ပြောဆိုခဲ့ဖူး၏။ လူတိုင်းက သိကြပေသည်။ ထို့ကြောင့် လင်းချင်းဟယ်၏စကားများကို မှားယွင်းနေသည်ဟု မထင်ကြပေ။


ထို့ကြောင့် လင်းချင်းဟယ်က သူမကိုဂရုမစိုက် ကျိုးချင်းပိုင်နှင့် ကလေးများကို ဂရုစိုက်ပြီးနောက် ပစ္စည်းများကို အိမ်သယ်သွား၏။


ဝမ်လင်းက လင်းချင်းဟယ်အကြောင်း မကောင်းတာကို ဒုတိယမရီးကို ပြောခဲ့၏။


သို့သော် ဒုတိယမရီးက အလွန်ပင်ပန်းနေပြီးဖြစ်သည်။ သူမ၌အားချိန်မရှိပေ။ ထို့ထက်ပိုသည်က ယခုအချိန်တွင် ၎င်းကိုတွေးနေမိ၏။ ယခုဘဝ၌ စတုတ္ထ၏ဇနီးကို အနိုင်မယူနိုင်လျှင် အဘယ်ကြောင့်သူမကိုယ်သူမ အရူးအဖြစ်ခံမည်နည်း။


လင်းချင်းဟယ်ကလည်း အိမ်ပြန်ရောက်လာသည်။ ဝက်ခြံနှင့်ကြက်ခြံကို သန့်ရှင်းရေး လုပ်လိုက်သည်။ ပြီးနောက် ညစာပြင်တော့၏။ ဝမ်လင်းကို စိတ်ထဲ မထားတော့ပေ။ သို့သော် မိုးကောင်းကင်က တစ်နေ့ကျ သူမကိုဖြေရှင်းလိမ့်မည်။