အခန်း ၁၇၇
Viewers 38k

အခန်း (၁၇၇) - ပိုအေးလာခြင်း


လင်းချင်းဟယ်က သူမ၏မိသားစုအတွက် ဂျုံကျင်းသုံးဆယ်ကို သိမ်းထားရန် ရည်ရွယ်လိုက်၏။ ယခုနှစ်အတွက်မူ သူမက တတိယမောင်လေးလင်းကို သီးနှံများစုဆောင်းရန် အကူအညီတောင်းဖို့ မစီစဉ်ထားချေ။ ယခုနှစ်တွင် သူမက တရားဝင်အလုပ်တစ်ခုရထားပြီး လင်းမိသားစုက လူများကလည်း သူမကိုစောင့်ကြည့်နေလေ၏။


ထို့ကြောင့် လင်းချင်းဟယ်သည် တတိယမောင်လေးလင်းကို ပိုမိုစုဆောင်းခိုင်းလိုက်တာပဲဖြစ်သည်။ သူမဖက်ခြမ်း၌ အနည်းငယ်ပိုရနိုင်၏။ တတိယမောင်လေးလင်းက ဂျုံများပို့ပေးခိုင်းခြင်းဖြင့် အမေကျိုး၏ ပါးစပ်ကိုလည်း ပိတ်ထားနိုင်၏။


အချိန်ရောက်လာလျှင် ယင်းက သူမမောင်လေး၏လက်ဆောင်ဟု ပြောလိုက်ရုံပင်ဖြစ်သည်။


ယခုနှစ် ဆောင်းဦးရိတ်သိမ်းမှုက အမှန်တကယ်ပင်ပန်း၏။ ရက်လေးဆယ်ကြာ ဆောင်းဦး ရိတ်သိမ်းမှုပြီးနောက် ကျိုးချင်းပိုင်က နေလောင်လာတော့သည်။


အဖေကျိုးကလည်း အားအင်ကုန်ခမ်းလာ၏။ ဆိုရလျှင် သူက အသက်ပိုကြီးလာပြီး မနှစ်ကလောက် ခန္ဓာကိုယ်ကလည်း မမာတော့ချေ။ ငယ်ရွယ်စဉ်ကနှင့်မတူနိုင်တော့ချေ။ ထို့အပြင် အဖေကျိုးက အလုပ်မှတ်ဆယ်မှတ် ရနေကြဖြစ်၏။ သို့သော် ယခုမူ အလုပ်မှတ်ရှစ်မှတ်သာရသည်။


ထိုလူကြီးအကြောင်းကို မည်သူကမှ ဘာမှမပြောပေ။


အမေကျိုးအတွက်မူ သူမက ယခုအချိန်တွင် လယ်ကွင်းထဲသွားစရာမလိုတော့ချေ။ သို့သော် စပါးလှေ့ခြင်းကဲ့သို့ ကိစ္စများတွင်မူ ပါဝင်သည်။


သူမက လောင်စန်းလေးနှင့် ကျန်သည့်သူများကိုလည်း ခေါ်လာ၏။ စပါးခြွေပြီးနောက် သူတို့က အလုပ်မှတ်များ ရပေမည်။ စုရွှင်းလေးအတွက်မူ လင်းချင်းဟယ်က မွန်းတည့်ချိန်တွင် အိမ်တွင် ရှိနေသောကြောင့် သူမက သူ့ကို ဂရုစိုက်လိမ့်မည်။


သူ့အစ်ကိုကြီးကဲ့သို့ပင် စုရွှင်းလေးကလည်း ထိန်းကျောင်းရတာ အလွန်လွယ်ကူ၏။ သူက ဗိုက်ပြည့်နေပြီး သူ့သေးခံကို အချိန်မှန် လဲပေးနေသရွေ့ ဘာမှဖြစ်လာမှာ မဟုတ်ပေ။ သူ့ကို တစ်ယောက်တည်း ထားလျှင် ပျော်ရွှင်စွာ ဆော့နေသေး၏။ ဆော့ပြီး သိပ်မကြာမီ၌ သူက အိပ်ပျော်သွားလိမ့်မည်။


ဆောင်းဦးရိတ်သိမ်းမှု၏ နောက်ဆုံးရက်တွင်အားလုံးက စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တော့သည်။


နောက်တစ်ဆင့်က သီးနှံများကို အခြောက်ခံရန်ဖြစ်ပြီးနောက် အများပြည်သူခွဲဝေမှုထဲသို့ ပို့ရမှာပဲဖြစ်သည်။


ဤကာလအတွင်း နေရောင်ကလည်း ဘယ်တော့မှ မပြတ်လပ်ပေ။ မနှစ်ကကဲ့သို့ပင် ယခုနှစ်ကလည်း ကောင်းမွန်သည့် ရိတ်သိမ်းမှုဖြစ်ခဲ့သည်။ ထို့ကြောင့် ရွာထဲရှိအမျိုးသမီးများက သူတို့မိသားစုများအတွက် အဝတ်စားနှစ်စုံ ချုပ်ရန် မြို့ကနေ ချည်ထည်များ ဝယ်မည့်အကြောင်း ပြောနေကြ၏။


ဒုတိယမရီးသည် လင်းချင်းဟယ်နှင့် ဆက်ဆံရေးကို ပြင်ဆင်ချင်တာ ဖြစ်ကောင်းဖြစ်နိုင်၏။ လင်းချင်းဟယ်နှင့် တွေ့မိသည့်အချိန်တွင် ယခုနှစ်၌ အဝတ်အစားများ ဝယ်မည်လားဟုမေးခဲ့သည်။ လင်းချင်းဟယ် ဝယ်မည်ဆိုလျှင် ဒုတိယမရီးကလည်း ၎င်းကို အတူတကွ သယ်လာနိုင်၏။


ဒုတိယမရီးက သူမနှင့်စကားစမြည်ပြောလိုစိတ် ရှိသေးကြောင်း မြင်သောအခါ သူမက မလိုအပ်သေးကြောင်း ပြောလိုက်၏။ ယခုနှစ်အတွက် အိမ်တွင် အဝတ်အစားအသစ်ကျန်သည်။ ထို့ထက်ပိုသည်က ယခုနှစ်တွင် လောင်အာ့အတွက် အဝတ်သစ်ချုပ်ပေးခြင်းမှအပ အိမ်တွင် အဝတ်ချုပ်ရန် မလိုအပ်သေးချေ။ သူနှင့် လောင်တအတွက် ဘောင်းဘီ နောက်တစ်ထည် ချုပ်ပေးရန်သာလိုအပ်သည်။ လောင်စန်းအတွက်မူ မလိုချေ။ သူက အရွယ်ရောက်ခါစဖြစ်၏။


ထိုနေ့တွင် လင်းချင်းဟယ်က ကျောင်းမှ အိမ်သို့ပြန်လာချိန်၌ နှံပြောင်းတစ်အိတ် သယ်လာ၏။


ယင်းက ယခုနှစ်ရိတ်သိမ်းမှုအတွက် ဆရာမများကို ထောက်ပံ့ပေးတာဖြစ်ပြီး လူတစ်ယောက်လျှင် ပြောင်းဆန်ကျင်းသုံးဆယ် ရရှိသည်။ စားစရာအလကားရသည့်အချိန်တွင် မည်သူက မလိုချင်ဘဲရှိမည်နည်း။ ဤလစာတစ်ဝက်နှင့် အလုပ်မှတ်များ ထက်ဝက်လျှော့ခံရတာကပင် နှမြောစရာ ကောင်းလှပေ၏။


ရိက္ခာများ ပေးပြီးနောက် ရွာသားများက သီးနှံများကို လျင်မြန်စွာခွဲဝေတော့၏။


အိမ်တိုင်းက သူတို့မိသားစုအတွက် စားစရာများစွာ သယ်နိုင်သည်။ ယနေ့ခေတ်တွင် လူအများက ဆာလောင်မှာကို အမှန်တကယ် ကြောက်ရွံ့ကြ၏။ သူတို့က ၁၉၅၀ခုနှစ်ကကဲ့သို့ တူညီသည့်စားစရာမျိုး မရှိတော့ပေ။ သူတို့အိမ်အတွက် စားစရာများ မည်သူက ပိုမလိုချင်ဘဲ ရှိမည်နည်း။ သူတို့၏ အိမ်က ကျိုးတုံဆီမှ မြင်းလှည်းကိုငှားခဲ့ပြီး ကျိုးရှိကမူ သူတို့ကိုပြန်ပို့ပေး၏။ ယခုနှစ်တွင် လင်းချင်းဟယ်ကြောင့် သူတို့လည်း အလုပ်မှတ်များ ပိုရလာသည်။ သူတို့က ဝေစုပိုရလာ၏။ ထိုသို့တိုင် လင်းချင်းဟယ်က သူမအတွက် စားစရာများစွာ ဝယ်ပေးသေး၏။


ထို့အပြင် သူမက ထုတ်လုပ်ရေးအဖွဲ့ကို ကလေးများက နေ့စဉ်နှင့်အမျှ ကြီးပြင်းလာပြီဖြစ်ကြောင်း စောဒက တက်ခဲ့၏။ သူတို့မိသားစု မွဲတေသွားအောင် အမှန်တကယ် စားနိုင်ကြသည်။ သူမ၏လက်ရှိ တိုးမြင့်လာသော ဂုဏ်သတင်းကြောင့် အနည်းငယ်ရှင်းပြရတော့သည်။


တစ်စုံတစ်ယောက်က တစ်နပ်စီကို နည်းနည်းလျော့စားရန်အကြံပေးခဲ့၏။


လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။


"ကလေးတွေက လက်ရှိမှာဖွံ့ဖြိုးနေတုန်းလေ။ သူတို့လျော့စားလို့မရဘူး။ ကိုးဆယ်ရာခိုင်နှုန်းပြည့်အောင် စားရမယ်။ သူတို့အခု ဗိုက်ဆာနေခဲ့မယ်ဆိုရင် နောင်ကျ ဘယ်လိုလုပ် လူကောင်ထွားတော့မှာလဲ”


ထို့ကြောင့် သူတို့ပိုစားရန်လိုအပ်နေသေးဆဲဖြစ်သည်။ ထို့ကြောင့် လင်းချင်းဟယ်သည် ဂျုံ၊ နှံပြောင်းနှင့် မိသားစုအတွက်ကန်စွန်းဥ စသည့်သီးနှံများကို သယ်လာပေး၏။


ပြီးနောက် တစ်စုံတစ်ယောက်က သူမမြို့ဆီသို့သယ်သွားတာတွေ့လိုက်ရ၏။ လင်းချင်းဟယ်က ထိုသီးနှံများကို သူမ၏ယောက်မအားစားရန်ပို့ပေးခြင်းဟုဆိုလိမ့်မည်။ ယင်းကို မည်သူက သံသယ ဝင်မည်နည်း။


လင်းချင်းဟယ်နှင့်ကျိုးရှောင်မိန်က ကောင်းမွန်သည့်ဆက်ဆံရေးရှိကြောင်း လူတိုင်းသိကြသည်။ ကျိုးရှောင်မိန်က မြို့တွင် အိမ်ထောင်ကျပြီး ဂရုစိုက်ရန် ကလေးနှစ်ယောက် ရှိသေးသည်။ လင်းချင်းဟယ်အိမ်တွင် မရှိသည့်အချိန်၌ တတိယမောင်လေးလင်းက ဂျုံကျင်းသုံးဆယ်ကို လာပို့၏။ ကျိုးချင်းပိုင်ကလည်း အိမ်တွင်ရှိနေပြီး ၎င်းကို လက်ခံလိုက်သည်။


သူ့ဇနီးက ယူခွင့်ပေးတာကိုကြားသောအခါ ကျိုးချင်းပိုင်က မငြင်းခဲ့ပေ။


“ယောက်ဖ ဒါက ယွမ်တစ်ရာပါ။ ကျွန်တော့်အစ်မဆီက ချေးထားတာ ယူလိုက်ပါ” တတိယမောင်လေးလင်းက ယွမ်တစ်ရာလည်းထုတ်ယူလိုက်သည်။


နည်းနည်းစီစုပြီး ယွမ်တစ်ရာ ရလာခဲ့သည်။ တတိယမောင်လေးလင်းသည် အိမ်တစ်လုံးဆောက်စဉ်က လင်းချင်းဟယ်က သူ့ကို ချေးပေးခဲ့တာပဲ ဖြစ်၏။ ယွမ်တစ်ရာကို အမှန်တကယ် အများကြီးမသုံးလိုက်ရပေ။ သူက အုတ်အိမ်လေးတစ်အိမ် တည်ဆောက်တာကြောင့် ထိုမျှ များပြားသည့်ပိုက်ဆံ မလိုအပ်ချေ။ ပြီးနောက် သူမမိသားစုခွဲဝေသည့်အချိန် ပိုက်ဆံအချို့ရလာခဲ့သည်။


လွန်ခဲ့သည့်နှစ်နှစ်အတွင်း ခြိုးခြံစီစစ်ခဲ့ပြီး ချွေချွေတာတာ စုဆောင်းခဲ့တာပါ ထပ်ပေါင်းပြီးနောက် တတိယမောင်လေးလင်းက ယခုဆိုလုံလောက်သွားပြီးဖြစ်သည်။


တတိယမောင်လေးလင်းက ယခုနှစ်စားစရာများစွာ ခွဲဝေရရှိခဲ့သောကြောင့် မိသားစုကို ကျွေးမွေးရန် လုံလောက်နေပြီ ဖြစ်သောကြောင့် ပိုက်ဆံများ သယ်လာတော့သည်။


“နောက်တစ်ခေါက် မင်းလာတဲ့အခါ မင်းရဲ့အစ်မကိုပြောလိုက်။ မင်းအစ်မရဲ့ကိစ္စတွေ ငါဝင်မပါဘူး” ကျိုးချင်းပိုင်က ပြောလိုက်၏။


သူက ပိုက်ဆံကို သူ့ဇနီးကိုယ်စား လက်ခံမှာ မဟုတ်ပေ။ သူ့ဇနီး လက်ခံမခံက သူ့ဘာသာသူ ဆုံးဖြတ်ခွင့်ပေးထား၏။


တတိယမောင်လေးလင်းက သူ့ယောက်ဖ၏အကျင့်စရိုက်ကို နားလည်သည်။ ထို့ကြောင့် သူက မတိုက်တွန်းတော့ပေ။ ဆောင်းဦးဂျုံများရိတ်သိမ်းပြီးနောက် သူက ရစ်ငှက်နှင့်အတူ ပိုက်ဆံများ ထပ်သယ်လာ၏။


ယခုအခေါက်တွင် လင်းချင်းဟယ်က အိမ်တွင်ရှိနေသည်။ သူမ၏ သီးနှံများအားလုံးကို ရောင်းချခဲ့ပြီးဖြစ်၏။ ယခုနှစ်တွင် သူမက အကျိုးအမြတ်အကြီးကြီးရခဲ့သည်။ ပြန်လည်ရောင်းချပြီးနောက် ယွမ်တစ်ရာရလာ၏။


“ဘယ်လိုလုပ်ယွမ်တစ်ရာဖြစ်မှာတုန်း။ အရင်အခေါက်တုန်းက သီးနှံတွေစုဆောင်းဖို့ ပိုက်ဆံမပေးခဲ့ဘူးလေ” လင်းချင်းဟယ်က ပြောပြီးတစ်ဝက်ပြန်ပေးလိုက်၏။


“အစ်မ” တတိယမောင်လေးလင်းက ပြောလိုက်၏။


“တော်လောက်ပြီ။ ပိုက်ဆံပြန်ယူသွား။ နင့်ရဲ့မိန်းမကို အဝတ်အစားလက်မှတ်နှစ်ခုပေးထားတာ ဒီနှစ် နင်လည်း ပိုက်ဆံပိုရှာလာနိုင်ပြီလေ။ အဆင်ပြေလာတာပဲ။ နင့်သမီးကြီးနဲ့ ဒုတိယသမီးအတွက် အဝတ်အစားသစ်လေး လုပ်ပေးလိုက်ဦး” လင်းချင်းဟယ်က တိုက်တွန်းလိုက်၏။


လင်းချင်းဟယ်က ရစ်ငှက်ကို သိမ်းထားလိုက်သည်။ တတိယမောင်လေးလင်း ထွက်သွားချိန်၌ သူက တရုတ်ဆီးသီးနီ တစ်ကျင်းခန့် ပေးလိုက်သည်။


“ဒီနှစ်ရက်အတွင်း ဝက်ပေါ်တော့မှာ။ ဒါကြောင့် မင်းကို အသားမပေးတော့ဘူး။ ဒီတရုတ်ဆီးသီးနီတစ်ကျင်း ပြန်ယူသွားပြီး သားအမိတွေကို စားခိုင်းလိုက်” လင်းချင်းဟယ်ကပြောလိုက်သည်။


တတိယမောင်လေးလင်းက အလျော့ပေးသွား၏။ သူရောက်လာချိန်တိုင်း၌ သူ့အစ်မက သူ့ကို တစ်စုံတစ်ခု အမြဲတမ်းပေးချင်သည်။


သူပြန်သွားပြီးနောက် လင်းချင်းဟယ်က ရေနွေးတည်ကာ ငှက်မွှေးနှုတ်တော့သည်။


“ဟမ် ဒီရစ်ငှက်က ဘယ်ကရောက်လာတာလဲ” အမေကျိုးက စုရွှင်းနှင့်အတူရောက်လာချိန်တွင် မေးလိုက်၏။


“ကျွန်မမောင်လေးယူလာတာလေ။ ပြီးခဲ့တဲ့အခေါက် ကျွန်မယောက်မက မီးဖွားတော့ ကျွန်မ ပစ္စည်းလေး နည်းနည်း ယူသွားပေးတာလေ။ သူက ရစ်ငှက်တစ်ကောင်ပေးချင်နေတာ ကြာပြီနဲ့ တူပါရဲ့။ သူ့မိသားစုကို မကျွေးဘဲ ဒီကိုသယ်လာတော့တာပဲ” လင်းချင်းဟယ်က ရှင်းပြလိုက်၏။


အမေကျိုးက ဝေဖန်မှာမဟုတ်ပေ။ လင်းမိသားစုဟောင်းမှ တတိယကလေးသည် ကျန်သည့်သူများနှင့် မတူညီပေ။ သူတို့က သူနှင့်အဆက်အဆံပြုနိုင်သေး၏။ ရစ်ငှက်တစ်ဝက်ကို လင်းချင်းဟယ်က ကြော်၏။ တစ်ဝက်ကို နှပ်ထားလိုက်သည်။


မိသားစုများတွင် ထိုမျှများပြားသည့်လူများဖြင့် ရစ်ငှက်တစ်ကောင်က ကြာရှည်မခံပေ။ တစ်ရက်အတွင်း ကုန်သွား၏။


ယခုဆောင်းဂျုံများ စိုက်ပျိုးပြီးဖြစ်ရာ ရာသီဥတုက အမှန်တကယ် အေးလာသည်။ မကြာမီ၌ နှင်းနှင့်မိုးတို့ ကျလာနိုင်သောကြောင့် ကျိုးချင်းပိုင်က ထင်းများစုဆောင်းရန် မနက်စောစော ထွက်သွားလေ့ရှိ၏။