အခန်း ၁၇၈
Viewers 38k

အခန်း (၁၇၈) - နောက်မီးလင်းခြင်း


သူ စီးလာသည့်စက်ဘီးက ကျိုးရှောင်မိန် အိမ်ထောင်ကျစဉ်၌ ထားခဲ့သောစက်ဘီးဖြစ်သည်။ ထိုစဉ်က စုတာ့လင်းသည် တင်တောင်းပစ္စည်းလေးမျိုးကို လက်ဆောင်များပေးချိန်၌ အမေကျိုးက ထိုစက်ဘီးကို သိမ်းထားခဲ့သည်။


ယင်းကို လောင်ကျိုးတို့ဖက်တွင် အမြဲတမ်း ထား၏။ ၎င်းကိုအသုံးပြုရန် လိုအပ်ပါက ညီအစ်ကိုအားလုံး ယူသုံးနိုင်သည်။


ယခုအခေါက်တွင် ကျိုးချင်းပိုင်က စက်ဘီးသုံးလိုက်၏။ လင်းချင်းဟယ်က အလုပ်သွားရန်အတွက် မိသားစု၏စက်ဘီးကို လိုအပ်သည်။


ဝက်သားဖြန့်ဝေပေးသည့်နေ့၌ လင်းချင်းဟယ်က ခွင့်တင်ခဲ့သည်။ အကူအဖြစ် ချန်ရှန်း ရှိနေသေးသည် မဟုတ်ပါလော။ ထိုအတိုင်း ထိုင်နေရုံဖြင့် သူ၏လစာကို ရခွင့်မပေးနိုင်ပေ။


ချန်ရှန်းက အကူအနေဖြင့် ရှိနေ၏။ လင်းချင်းဟယ်က တစ်လလျှင် နှစ်ရက် ခွင့်ယူနိုင်သည်။ သူမသည် ယခင်က တစ်ခါမှ ခွင့်မတောင်းခဲ့ဘူးပေ။ ထို့ကြောင့် တစ်ရက်ခွင့်ယူခြင်းက ရေးကြီးခွင်ကျယ် မဟုတ်ပေ။


ထင်သည့်အတိုင်းပင် ယခင်နှစ်ကကဲ့သို့ပင် ဝက်သားခွဲဝေမှုက ပြောရန်မလိုတော့ပေ။ လင်းချင်းဟယ်၏ မိသားစုက ယခုနှစ်တွင် အတော်များများရလိုက်သည်။


ယခုနှစ်တွင်မူ သူမ၏သင်ကြားရေးရာထူးကြောင့် ဝက်သွေးအပိုဆောင်းကိုလည်းရလာခဲ့သည်။ 


ဝက်သွေးများရခြင်းက အဆုတ်ထဲရှိမြေဖြူမှုန့်များကိုလည်း ရံဖန်ရံခါဆေးပေးနိုင်သည်။

ကျန်သည့်အရာများအတွက်မူ လင်းချင်းဟယ်က သူမ၏သားသုံးယောက်၊ အမေကျိုးနှင့် ကျိုးရှောင်မိန်၏ ကလေးများနှင့်အတူ ပြန်သယ်လာတော့သည်။


စုချန်လေးက စိတ်လှုပ်ရှားနေ၏။ “အသားစားမယ်။ အသားစားမယ်”


“ဝက်အူနဲ့ အသီးအရွက်ဆားရည်စိမ်ကို ရောကြော်တာက တကယ်အရသာရှိတာ” လောင်စန်းက ခေါင်းညိတ်လိုက်၏။


စုချန်လေးက သရေယိုလာတော့သည်။


လောင်တနှင့် လောင်အာ့ကလည်း ပျော်ရွှင်နေကြသည်။ သူတို့ညီအစ်ကိုနှစ်ယောက်က ယနေ့စာလုပ်ရန် မလိုအပ်ချေ။ ထုတ်လုပ်ရေးအဖွဲ့သည် ယနေ့ဝက်ပေါ်မည်ဖြစ်သောကြောင့် ကျောင်းတစ်ရက်ပိတ်ပေးသည်။


ဒါကိုပြောလျှင် ယင်းက အင်မတန်လျော့တိလျော့ရဲဖြစ်နေ၏။ 


ပုံမှန်အတိုင်း လင်းချင်းဟယ်နှင့်အမေကျိုးက သူတို့အိမ်ပြန်ရောက်သည်နှင့်အလုပ်များ စလုပ်တော့၏။


ဝက်အူမကြီးနှင့် ဝက်ဗိုက်သားကို အမေကျိုးအား လွှဲပေးလိုက်၏။ လင်းချင်းဟယ်ကမူ အဆီကိုဖြတ်တောက်ပြီး ဆီထုတ်ယူလိုက်၏။ အိမ်ရှိဆီက လျှင်မြန်စွာ ကုန်ဆုံးနေ၏။ သူမ ပြီးခဲ့တဲ့အခေါက်က ဝယ်ယူလာခဲ့သော ဆီနှစ်ပုလင်းက ကုန်သွားပြီဖြစ်သည်။ နေရာလွတ်ထဲကနေ ထုတ်ယူလာသည့်ပုလင်းကလည်း ကုန်ခါနီးဖြစ်နေပြီဖြစ်၏။


ထို့ကြောင့် ယခုအခေါက်တွင် သူမက အဆီပါသည့်အသားတော်တော်များများ ရအောင်ယူခဲ့သည်။ အသုံးပြုရန်အတွက် ဆီနှစ်ကရားခန့်ကျိုခဲ့သည်။ ခဏအကြာတွင် နှစ်ကူးကာလ ရောက်တော့မည်ဖြစ်ကာ ဆီကုန်ရမည့် နေရာ ဒီထက် ပိုများလာမှာဖြစ်သည်။


ဆီထုတ်ပြီးနောက် ဆီကျန်များကိုလည်း ထုတ်လိုက်၏။ ကလေးများအတွက်တစ်ပန်းကန်ခပ်ပြီး ကျန်သည်က ချက်ပြုတ်ရန်အတွက်ဖြစ်သည်။ ဂေါ်ဖီကြော်နှင့် တရုတ်ဂေါ်ဖီကို ရောမွှေထားသည်မှာ အလွန်အရသာရှိပြီး မွှေးပျံ့လှ၏။


ကြွင်းကျန်သည့် ဆီတစ်ပန်းကန်ကို ကလေးများကြားမျှဝေပေးလိုက်သည်။ သူတို့က ပါးစပ်တွင် ဆီကွက်နေလျက် စိတ်ကျေနပ်သည့်အကြည့်များရှိနေ၏။ စုချန်လေးလည်းပါဝင်သည်။


စုချန်လေးနှင့် စုရွှင်းလေးတို့ ညီအစ်ကိုကို ဤနေရာ၌ ကောင်းစွာပျိုးထောင်ထား၏။ လင်းချင်းဟယ်က သူတို့ဝလာမှာကိုမပူရပေ။ သို့သော် လက်ရှိ ကျန်းမာရေး ရှုထောင့်အမြင်အရ မျက်လုံးရှိသည့် လူတိုင်းက လင်းချင်းဟယ်သည် ညီအစ်ကိုနှစ်ယောက်ကို အလွန် ကောင်းကောင်းမွန်မွန် ဆက်ဆံကြောင်းတွေ့နိုင်ပေ၏။


ထို့အပြင် ဆရာမလင်း၏ အကျင့်စရိုက်က အလွန် မှန်ကန်ဖြောင့်မတ်၏။ တစ်က တစ်ဖြစ်ပြီး။ နှစ်က နှစ်ဖြစ်သည်။ သူမသည် သူမယောင်းမ၏ ကလေးများကို အရိပ်ထဲ၌ ဘယ်တော့မှ မမျှမတ ဆက်ဆံမှာ မဟုတ်ပေ။


ယခုနှစ်အသားခွဲဝေပြီးနောက် သူတို့က ဟင်းရွက်ချဉ်နှင့် ဝက်အူကိုကြော်စားကြသည်။


ဝက်ဗိုက်သားအတွက်မူ လင်းချင်းဟယ်က နှပ်ထားလိုက်သည်။ ညနေစောင်းမှသာ စားမှာဖြစ်၏။

နေ့လယ်စာ၌ ကျိုးချင်းပိုင်ပြန်လာသည့်အခါ ဝက်အူနှင့် ဟင်းရွက်ချဉ်တစ်ပန်းကန်ကျန်နေသေး၏။ အားလုံးစားပြီးသည်နှင့် သူမက သူ့အတွက် တစ်ပန်းကန်ထားပေးတာပဲဖြစ်သည်။


“ရှင် မနက်ဖြန်သွားရဦးမှာလား” လင်းချင်းဟယ်က မေးလိုက်သည်။


မန်ထိုက မပူတော့သော်ငြား မအေးပေ။ သူမက အိုးထဲတွင် နွှေးပေးထားတာ ဖြစ်၏။


“နောက်ရက်နည်းနည်းတော့ သွားဖို့လိုသေးတယ်” ကျိုးချင်းပိုင်က ပြန်ပြော၏။


သူတို့ရထားသည်က မီးလှုံ၍ ရသည်။ သို့သော် မိသားစုက ထင်းများသုံးစွဲမှု များပြားလွန်းနေသည်။

သူတို့သည် သုံးရက်ကနေ ငါးရက်တစ်ကြိမ် ခြေထောက်များ ဆေးကြော၏။ လင်းချင်းဟယ်ကမူ နေ့တိုင်း ခြေထောက်ဆေးသည်။ ထိုထက်ပိုသည်က ချင်းပြုတ်ရည်လည်း လုပ်သေး၏။


ထို့အပြင် ကလေးများအတွက်သာ ဖြစ်သည်။ သူမအတွက်မူ ရေနွေးကျိုပြီး နောက်ရက်မှတိုက်၏။ သူမက ကျိုးချင်းပိုင်ကိုလည်းဆေးကြောရန်ပြောထားသည်။ သူမက အသန့်ကြိုက်သောကြောင့် မည်ကဲ့သို့ ထင်းမကုန်ဘဲ နေမည်နည်း။


သို့သော် ကျိုးချင်းပိုင်က ၎င်းကို ငြင်းပယ်ခြင်းမရှိပေ။ သူ၏ဇနီးက သူတို့ထိုအရာကို မလုပ်ခင် သန့်ရှင်းရေး မလုပ်ထားပါက အလွယ်တကူ နာမကျန်းဖြစ်လိမ့်မည်ဟုပြော၏။ သူက ဆရာဝန်ကို မေးခဲ့သည်။


ဆောင်းရာသီတွင် သူ့ဇနီးကို ကပ်နိုင်ရန်အလို့ငှာ ကျိုးချင်းပိုင်က ယခုအခေါက်တွင် ထင်းများ စတင်ပြင်ဆင်ထားမည်ဆိုတာ ပြောရန်မလိုအပ်ပေ။


သူက စားသောက်ပြီး မနက်စောစောထွက်သွားပြီး ယခုမှပြန်လာတာဖြစ်၏။ ကျိုးချင်းပိုင်က ဗိုက်ဆာနေပြီ ဖြစ်သည်။


ဟင်းနှင့်အတူ မန်ထိုလေးလုံးကိုလည်း သူက အားရပါးရ လွေးလိုက်တော့၏။


“သွားနားတော့လေ” လင်းချင်းဟယ်က ရှင်းလင်းလိုက်တော့သည်။ သူမက ခဏနားရန် စီစဉ်လိုက်ပြီးနောက် အလုပ်လုပ်ရန်ပြင်၏။ ကျိုးချင်းပိုင်ကမူ ထင်းအချို့ကို အခြောက်ခံရန် ဖြန့်ထားပြီးနောက် အနားယူလိုက်၏။


အသားခွဲဝေမှုကြောင့် နောက်ရက်အတွက် စားစရာများကကောင်းမွန်သည်။


ဝက်ခေါင်း၊ ဝက်လက် စသည်ဖြင့် ဟင်းမျိုးစုံချက်ပြုတ်ထားသည်။


စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့က နားရက်ရပြီးပြန်လာတဲ့အချိန် စုချန်လေး ပိုဝလာတာကို သတိပြုမိလိုက်သည်။


ကျိုးရှောင်မိန်က သူမ၏သားကို ချီရန် ကြိုးစားသော်ငြား မချီနိုင်ပေ။ ထို့ကြောင့် ကလေးအဖေကိုသာ ချီခိုင်းလိုက်သည်။


တစ်ဖက်တွင်မူ စုတာ့လင်းက သူ့သားကိုမလွှတ်တမ်းချီထားလေ၏။ သူက ကောင်းစွာ ကျွေးမွေးခံထားရပုံကို မြင်သောအခါ သူ့မျက်နှာပေါ်ရှိအပြုံးက ဘယ်တော့မှ မပျောက်တော့ပေ။


“သားဘာတွေစားတာလဲ” ကျိုးရှောင်မိန်က မေးလိုက်၏။


“အသားစားတာ” စုချန်လေးက ဖြေသည်။


“သားညီလေးကလည်း အသားစားရတာ ကြိုက်တယ်။ အဆီပါတဲ့ အသားလေ။ ထမင်းတစ်နပ်မှာကို အများကြီးစားတာ။ ဒါကြောင့် သူဝလာတာပဲ” လောင်စန်းကပြော၏။


“လောင်စန်းကော အများကြီးစားလား” ကျိုးရှောင်မိန်က ရယ်လိုက်သည်။


“စားတာပေါ့ဗျ” လောင်စန်းက ခေါင်းညိတ်လိုက်၏။


“ဒေါ်လေး သားတို့အတွက် သကြားလုံးထပ်ဝယ်လာပြန်ပြီ”


ကျိုးရှောင်မိန်က နို့သကြားလုံးတစ်ထုပ် သယ်လာ၏။ ကြက်ဥနှစ်ကျင်းလည်းပါလာသည်။ အစက ကြက်ဥငါးကျင်းဖြစ်၏။ သူတို့က တတိယမရီးဖက်ကိုလည်း ပို့လိုက်၏။ သူမ ကလေးနှစ်ယောက်စလုံးကို သူမက နို့တိုက်ပေးထားရတာ ဖြစ်သည်။ စုရွှင်းလေးက နို့သောက်ရမည်။


သို့သော်ငြား သူတို့ဖက်ကိုလည်း စားစရာထောက်ပံ့ထား၏။ ဂျုံဆယ်ကျင်းကိုလည်း ပြန်သယ်လာသည်။


“ချန်ချန်ရဲ့ ပါးစပ်လေးက နင်တို့နှစ်ယောက် ဒီလောက်စားစရာတွေ အများကြီးသယ်လာဖို့ မလိုပါဘူး” လင်းချင်းဟယ်က ပြောလိုက်တယ်။


“ဒီကလေးအကြောင်း ညီမသိတယ်။ သူက လူကောင် မထွားပေမဲ့ စားချင်စိတ်ကကြီးသေးတာ။ ဒီအရွယ်ထိ ရောက်အောင်ပျိုးထောင်ဖို့ဆိုရင် သူအများကြီးစားမှပဲရမယ်” ကျိုးရှောင်မိန်က ပြုံးလိုက်၏။ ပြီးနောက် စတုတ္ထယောင်းမ၏ သင်ကြားရေးနည်းလမ်းကို မေးလိုက်တော့သည်။


“ပညာတတ်လူငယ်တွေတောင် ယောင်းမကို အနိုင်မယူနိုင်လောက်တဲ့အထိ စတုတ္ထယောင်းမ သိုသိုသိပ်သိပ် စာလေ့လာနေမှန်းမသိခဲ့ဘူး”


လင်းချင်းဟယ်က ခြောက်ကပ်ကပ်ဖြင့် ချောင်းဆိုးလိုက်သည်။ ဤအရေးကိစ္စတွင် သူမပိုပြောလေ အမှားပိုများလေဖြစ်မှာပင်။ ထို့ကြောင့် လင်းချင်းဟယ်က ထပ်ပြောရန်မရည်ရွယ်တော့ပေ။ သူမက ဝေဝါးဝါးစကားလုံးအချို့ဖြင့်ရှောင်ရှားလိုက်၏။


ယခုအချိန်ထိ ကျိုးချင်းပိုင်က သူမကို သေသေချာချာမမေးခဲ့ပေ။


ဆိုရလျှင် တစ်မိုးအောက်၌ အတူနေပြီးနောက် သူမစာစတင်လေ့လာသည့်အချိန်ကို သူအတိအကျ သိသည်။ သူမ မရောက်လာခင်တည်းကစာလေ့လာခြင်းအတွက်ကမူ ယင်းက ဘယ်တော့မှ မဖြစ်နိုင်ပေ။


စုတာ့လင်းနှင့်ကျိုးရှောင်မိန်က မနက်စောစောရောက်လာ၏။ သူတို့က ညဖက်မနေဘဲ ညနေစောင်းတွင် ပြန်သွားရမည်။ ညစာစားပြီးမှ ပြန်သွားကြတာ ဖြစ်သည်။


စုချန်လေးက တွန့်ဆုတ်မနေဘဲ ဤနေရာတွင် နေထိုင်ရတာပျော်ရွှင်နေ၏။ သူက သူ၏မိဘများကို အားလပ်ချိန်၌ သကြားလုံးများ သေချာပေါက် သယ်လာရန်သာ မှာလိုက်တော့သည်။


အငယ်ဆုံးသားလေး စုရွှင်းကလည်း ကောင်းစွာ ပျိုးထောင်ပေးတာ ခံထားရသည်။ သူက တတိယမရီးဆီမှ နို့သောက်နေရဆဲဖြစ်သည်။ သူ၏စားချင်စိတ်ကလည်း ကြီးလာလေရာ တတိယမရီးကလည်း လုံလောက်အောင် မတိုက်နိုင်တော့ပေ။


တတိယအစ်ကိုက ရံဖန်ရံခါ ငါးဖမ်းထွက်၏။ ကျိုးတုံက ငါးနှင့်ပုစွန်များ ဖမ်းမိလာသည့်အချိန်တွင် လင်းချင်းဟယ်ကလည်း တတိယယောင်းမဆီ ပို့ပေး၏။ မဟုတ်လျှင် လုံလောက်မှာမဟုတ်ပေ။

ကလေးများ၏ စားစရာနို့က နောက်ပိုင်းမျိုးဆက်ရှိ အမျိုးသမီးများနှင့် မယှဉ်နိုင်ချေ။ အကြောင်းမှာ စားစရာကွာဟချက်က အလွန်ကြီးမားသောကြောင့်ဖြစ်သည်။


စုတာ့လင်းနှင့်ကျိုးရှောင်မိန်က ပြန်ရောက်လာ၏။ ကျိုးချင်းပိုင်ကမူ ဆယ်ရက်တာစုဆောင်း ပြီးနောက် မိသားစုအတွက် ထင်းများလုံလုံလောက်လောက်စုဆောင်းပြီးဖြစ်သည်။


ထို့အပြင် သူ ထင်းများ ထပ်မရှာတော့သည့်အချိန်တွင် ထိုည၌ နှင်းစကျလာတော့၏။


ထို့အပြင် ဝမ်လင်းနှင့် သူ၏မတ်တို့ နောက်မီးလင်းသည့်ကိစ္စက ကျိုးကျားတစ်ရွာလုံး ပျံ့နှံ့သွားတော့သည်။