အခန်း ၁၈၀
Viewers 38k

အခန်း (၁၈၀) - သာမန်လူများအမြင်နှင့်ကွဲနေ


လင်းချင်းဟယ်သည် ထိုကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမှ မကြားခဲ့ဖူးပေ။ ယင်းက သူမ၏ အောက်ခြေ အကန့်အသတ်ကို ကျော်လွန်သွားခဲ့၏။


ဒီအဖြစ်အပျက်က တကယ်ကြီး ဒီအတိုင်း ဖိနှိပ်ခံလိုက်ရတာပဲ။ ဆယ်မိုင်တစ်ဝိုက် ဒီသတင်းက ပျံ့နှံ့နေပြီး ဆိုပေမယ့် ဘယ်သူမှလာမဖမ်းကြဘူး။ ဘာကို ဖမ်းနေရဦးမှာလဲ။ စန်းမားက သားတစ်ယောက်ရဖို့အတွက် လူကြီးတွေက ဝမ်လင်းကို မတ်ဆီကနေ ငှားခိုင်းလိုက်တာပဲ။


သို့သော် ထိုအဖြစ်အပျက်သည် လင်းချင်းဟယ်ကို နယ်စပ်ရှိ တချို့သော ဓလေ့ထုံးစံများက အမှန်တကယ် ခေတ်နောက်ကျနေတယ် ဆိုတာကို သိခွင့်ပေးလိုက်လေ၏။


ထိုအရေးကိစ္စအဖို့ အားလုံး၏ သည်းခံနိုင်စွမ်းက တော်တော်လေး ကောင်းနေသည်။ ရွာဖက်ရှိလူများက သန့်စင်ပြီး ရိုးရှင်းရုံထက် ပိုနေလေ၏။


လင်းချင်းဟယ်က ထိုကိစ္စကို အာရုံမစိုက်တော့ပေ။ လက်ရှိတွင် သူမက မနက်တိုင်း၌ ကျောင်းကို စက်ဘီးဖြင့် စီးသွားရ၏။ ယင်းက အရိုးထဲထိအောင်အေးစိမ့်သည်။


မည်သူမှ သတိမပြုမိဘဲ ကျိုးချင်းပိုင်က မြို့ကနေ သူမအတွက် အနွေးအိတ်လေး ဝယ်လာပေးသည်။ 


ရေနွေးပူပူကို အထဲထည့်ထားသရွေ့ထိုအနွေးအိတ်က အချိန်အတော်ကြာနွေးနေပေလိမ့်မည်။ လက်ထဲ၌ ကိုင်ထားလျှင် လက်နွေးစေ၏။


ကျိုးချင်းပိုင်က ယခုအချိန်၌ အလုပ်သွားရန်မလိုအပ်ချေ။ သူက မနက်တိုင်း လင်းချင်းဟယ်ကို လိုက်ပို့ပေး၏။ လင်းချင်းဟယ်က သူ့ကို ပို့ခွင့်မပြုပေ။ လူတစ်ယောက် ပိုလာဖို့ မလိုအပ်သောကြောင့် သို့သော်ငြား သူက ခေါင်းမာနေသောကြောင့် သူမက ခွင့်ပြုထားလိုက်ရ၏။


“ဆရာမလင်း ရှင့်ရဲ့ခင်ပွန်းက ရှင့်ကို တကယ်ချစ်တာပဲ” လင်းချင်းဟယ်နှင့် ဆက်ဆံရေးကောင်းသည့် ဆရာရွှီက ကျိုးချင်းပိုင်ထွက်သွားပြီးနောက်ပြုံးပြီး မှတ်ချက်ချလိုက်၏။


ဆရာမရွှီက လင်းချင်းဟယ်သည် ပညာတတ်လူငယ်ကို ဖိနှိပ်သည့်အချိန်၌ ရှိနေခဲ့သည့် ဆရာမဖြစ်၏။ 


သူမသည်လည်း ပညာတတ်လူငယ်တစ်ဦး ဖြစ်၏။ ထိုထက်ပိုသည်က အသက်အကြီးဆုံးလည်း ဖြစ်သည်။ သို့သော် ယခုအချိန်၌ သူမအိမ်ထောင်ကျပြီးပြီဖြစ်ကာ ရွာရှိ အတော်လေးကောင်းမွန်သည့် စစ်သားတစ်ယောက်နှင့် လက်ထပ်ခဲ့သည်။


လင်းချင်းဟယ်က ပြုံးလိုက်၏။ "သူ့မှာ ဘာမှလုပ်စရာမရှိလို့ ပျင်းနေရုံပါပဲ”


သူမက ထိုအကြောင်းကို များများမပြောတော့ပေ။ “ဒီနှစ်အားလပ်ရက် ဘယ်အချိန်ရောက်မှာလဲ။ ရာသီဥတုက အေးလွန်းတယ်။ ကလေးတွေ စာလေ့လာဖို့မလွယ်ဘူးနော်”


အစိုးရအဖွဲ့သို့ လာရန်အတွက် အဝေးဆုံးရွာသည် နှစ်နာရီကျော်ကြာ အချိန်ယူရမည်။ “သိပ်မကြာခင်မှာ” ဆရာမရွှီကဖြေလိုက်၏။


ဤအေးခဲသောရာသီဥတု၌ သူတို့ရွေးချယ်စရာမရှိပေ။ ဘယ်သူမှ အပြင်မထွက်ချင်ကြပေ။ သို့သော် အလုပ်မှတ်နှင့် လစာအတွက် သူတို့လာရမည်။


စာသင်ခန်းထဲ၌ မီးလင်းဖိုရှိသော်ငြားအေးနေသေး၏။ လင်းချင်းဟယ်သည် ကျောင်းသားအချို့ကို စစ်ဆေးခဲ့သည်။ သူတို့မျက်နှာက အအေးဒဏ်ကြောင့်ပြာနေပြီဖြစ်သည်။ နေ့လယ်၌ အိမ်မပြန်သည့် ကျောင်းသားများက ပန်ကိတ်များ သို့မဟုတ် ကျန်သည့်အရာများကို စားရမည်။ လင်းချင်းဟယ်က ခံနိုင်ရည် မရှိတော့သောကြောင့် ရေနွေးတစ်အိုး တည်လိုက်၏။ သည်တော့မှ ခွက်မရှိကြောင်း သိလိုက်၏။


ယခုအချိန်တွင် ကလေးများ အမှန်တကယ် ဗိုက်ဆာနေပြီ ဖြစ်သည်။ နောက်ပိုင်းမျိုးဆက်ရှိ ကလေးများက ဤကာလ မည်မျှ ခက်ခဲကြောင်း မမှန်းဆနိုင်ပေ။


ကျိုးချင်းပိုင်က နေ့လယ်တွင် သူမကို လာကြို၏။ လင်းချင်းဟယ်က အိမ်ပြန်လမ်းတစ်လျှောက် နောက်တွင် ထိုင်ပြီး ပြောလိုက်တော့၏။


“အိမ်မှာ ကျွန်မတို့တွေ မလိုအပ်တဲ့ ကြွေခွက်တစ်ခွက် ရှိလား”


“အမ်း” ကျိုးချင်းပိုင်က ပြန်ပြောလိုက်၏။


“နေ့လယ်ကျ အဲ့တာကို ကျွန်မယူသွားမလို့။ ဒါမှ အဲ့တာကို ကျွန်မရဲ့ ကျောင်းသားတွေ သုံးနိုင်မှာ” လင်းချင်းဟယ်ကရှင်းပြလိုက်သည်။


“ရတယ်လေ” ကျိုးချင်းပိုင်က မငြင်းပေ။


နေ့လယ်၌ လင်းချင်းဟယ်က စာသင်ခန်းထဲရောက်သည့်အချိန်တွင် သူမနှင့်အတူ ကြွေရေခွက်ကို သယ်လာတော့သည်။ ရေနွေးပူပူကိုလည်း အလှည့်ကျသောက်၏။ အမှန်အတိုင်းဆိုရလျှင် နွေးထွေးသည့်ရေက လူတိုင်း၏ အသားရောင်ကို တိုးတက်လာစေ၏။


“မနက်ဖြန်ကျရင် အိမ်ကနေ ချင်းသယ်လာခဲ့ကြ။ အားလုံးအလှည့်ကျ ယူလာရမယ်။ တစ်ယောက်ကို တစ်ကြိမ်ပဲ ယူရမယ်။ အများကြီးယူဖို့ မလိုဘူး။ တစ်ခုဆို ရပြီ။ ကလေးတို့သော က်ဖို့အတွက် ချင်းပြုတ်ရည် လုပ်ပေးမယ်” လင်းချင်းဟယ်က သူတို့ကို ပြောလိုက်၏။


ချင်းက ဈေးမကြီးပေ။ အိမ်တိုင်းရှိပေ၏။


ကျောင်းသားများက လက်ခံသည်။ သူမအပေါ် သူတို့၏အကြည့်က အနည်းငယ် တောက်ပလာလေ၏။

ရုံးခန်းထဲသို့ ရောက်သည့်အချိန်တွင် ဒုတိယနှစ်၏ဆရာမက သူမကို ထိုအကြောင်းမေးသည်။


“တခြားနည်းလမ်းမရှိဘူးလေ။ ကလေးတွေ စားတဲ့ ပန်ကိတ်တွေက ကျောက်တုံးတွေလိုပဲ။ ဘာမှ မှမရှိတာ။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်မ သူတို့ကို တစ်ငုံလောက် တိုက်လို့ရတယ်” လင်းချင်းဟယ်က ပြောလိုက်သည်။


“ပြောတာမှန်တယ်။" အလယ်တန်း ဒုတိယနှစ်ကို သင်ကြားပေးသော ဆရာမဝမ်က ခေါင်းညိတ်သည်။


“ကျောင်းက ပိုက်ဆံရစရာရှိသေးလားမသိဘူး။ ကျောင်းက ဆရာမတွေအတွက် အကျိုးအမြတ် ရအောင် လုပ်ပေးနိုင်တယ်လား” ပြောလိုက်သူက လင်းချင်းဟယ် သဘောမကျသည့် ချန်ရှန်းဖြစ်၏။


“ဘာအကျိုးခံစားခွင့်လဲ” လင်းချင်းဟယ်က တစ်ပါးသူ၏ ထောင့်ကို တူးထုတ်ရန် ကြိုးစားနေသော ချန်ရှန်းကို အမြင်ကောင်း မရှိပေ။ ကျန်သည့်ဆရာမများက သူ့ကို နတ်ဘုရား အရိပ်ပမာ မြင်ကြသည်။ ဆရာမရွှီနှင့် ဆရာမဝမ်အပါအဝင်ဖြစ်၏။ ရေနွေးဘူးတချို့ ဝယ်နိုင်တာပဲ။ တစ်ခန်းကို တစ်ခုဆီ အခန်းတိုင်းမှာ တစ်ခွက်စီပေါ့။ ဒီလိုဆိုရင် ကျောင်းသားတွေ သောက်ချင်တဲ့ အချိန်သောက်လို့ရပြီ” ချန်ရှန်းက အကြံပြုလိုက်၏။


“ဆရာချန်ပြောတာကတော့ ပေါ့ပေါ့လေးပဲ။ လုပ်ရမှာက တကယ်ပဲ အဲ့လောက် လွယ်တယ်လို့ ထင်လား” လင်းချင်းဟယ်က ထူးမခြားနား ပြောလိုက်၏။


နည်းလမ်းက ကောင်းပါရဲ့ ဒါပေမဲ့ ‌ဒီအချိန်ကြီးမှာ ရေနွေးဘူးတစ်ဘူးရဖို့ ဆိုတာ လွယ်လို့လား။

ပြီးတော့ တစ်ခန်းကို တစ်ဘူးလေ။ အလယ်တန်းကျောင်း တစ်ခုလုံးအတွက် ရေနွေးဓာတ်ဘူး ဘယ်လောက်များ လိုအပ်မလဲ။


“ဒါဆိုဘာလုပ်မလဲ” ချန်ရှန်းက လင်းချင်းဟယ်ဖက် လှည့်လိုက်၏။


လင်းချင်းဟယ်က သူ့ကို လျစ်လျူရှုထားပြီးနောက် ဆရာမရွှီနှင့် ဆရာမဝမ်တို့ကို ပြောလိုက်သည်။


“ကျောင်းသားတွေကို သူတို့ဖာသာ ပန်းကန်လုံးတစ်လုံးစီ ယူလာခိုင်းလိုက်ရင်ကော ကျောင်းကတော့ ရေနွေးပူတချို့ တည်ပေးပေါ့။ သောက်ချင်တဲ့သူတွေက သူတို့ပန်းကန်လုံးလေးတွေ ယူလာပြီး ထည့်သောက်ရုံပဲ။ ပန်းကန်လုံးတစ်လုံးပဲကို ပြဿနာမှမများတာ”


ကျောင်းတတ်နိုင်သည့် သူတိုင်းက အိမ်အခြေအနေက မဆိုးရွားပေ။ ထို့ထက်ပိုသည်က သူတို့၏ ကလေးများကို ချစ်မြတ်နိုးသည့်သူများပဲ ဖြစ်ရမည်။ ထို့ကြောင့် ရေနွေးပူပူသောက်ရန် အတွက် ပန်းကန်လုံးတစ်လုံး ယူလာခြင်းက အရေးကြီးသည့်ကိစ္စ မဟုတ်ပေ။


အလယ်တန်းကျောင်းကလည်း ကန်တင်းမရှိသေးပေ။ နိုင်ငံ၏အထက်တန်းကျောင်းတွင်သာ ရှိသည်။


ကျောင်းသားများက စားသောက်ရန်အတွက် သူတို့စားစရာများ သယ်လာရသည်။ သို့သော် ဤရာသီဥတု၌ ကျောင်းက ရေနွေးပူပူတချို့ ထောက်ပံ့ပေးရမည်။ မဟုတ်လျှင် စားဖို့မဖြစ်နိုင်ပေ။

ပန်းကန်လုံးတစ်လုံး သယ်လာခြင်းက အခန်းတိုင်း၌ ရေနွေးဓာတ်ဘူးတစ်ဘူး ဝယ်ရန် ချန်ရှန်း၏ အကြံပြုချက်ထက် ပိုပြီးလက်တွေ့ကျသည်။


၎င်းကို ဆွေးနွေးပြီးနောက် သူတို့သည် အလယ်တန်းကျောင်း၏ ကျောင်းအုပ်ကို တင်ပြလိုက်၏။ ကျောင်းအုပ်က သူတို့ကိုမတားဘဲ ခွင့်ပြုလိုက်၏။ ပြီးနောက် ဆရာမတိုင်းက အတန်းတိုင်းကို ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။


“ဆရာမလင်းရဲ့အကြံဉာဏ်က ကောင်းတာပဲ” ချန်ရှန်းက သူမကို တွေ့သည့်အချိန်တွင် ပြုံးပြီးချီးကျူးလိုက်၏။


ထိုလူသည် မျက်နှာအစစ်အမှန်ကို ဖုံးကွယ်ထားသည့်တိုင် လင်းချင်းဟယ်ကမူ သူနှင့်အဓိပ္ပာယ်မရှိတဲ့ စကားများကို ဘယ်တော့မှ ပြောမှာမဟုတ်ပေ။


“ဆရာချန် ကျောင်းသားတွေကို ကောင်းကောင်း သင်ပေးသင့်တယ်။ ပြောရရင် ဒီအလုပ်က ခဲရာခဲဆစ် ရလာတာလေ” လင်းချင်းဟယ်က ပြောင်ပဲပြောလိုက်၏။


“ဆရာမလင်းရဲ့ ကျောင်းတွင်းလုပ်ဆောင်ချက်က သိပ်ကောင်းတာပဲ။ အစီအစဉ်များရှိလား”

ချန်ရှန်းက ရုတ်တရက်မေးလိုက်သည်။


လင်းချင်းဟယ်က သူ့ကို တိတ်တဆိတ် လေ့လာနေသည်။


“ဆရာမလင်း နိုင်ငံက အခုဆို ပညာရေးကို ပိုပိုပြီး ဂရုစိုက်လာပြီ။ ခက်ခက်ခဲခဲ လေ့လာရမယ်နော်။ နောင်ကျ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတွေ ပိုပြီး ရလာနိုင်တယ်” ချန်ရှန်းက အသံတိုးတိုးဖြင့် ပြောလိုက်၏။


လင်းချင်းဟယ်က သူ့ကို တည်ငြိမ်စွာကြည့်လိုက်သည်။ သူ၏မျက်လုံးထဲ၌ တခြား အရိပ်အယောင် မရှိပေ။ လင်းချင်းဟယ်က စိတ်ထဲ သက်ပြင်းချပြီးနောက် ပြောလိုက်တော့၏။ “ရှင် ဘာအကြောင်း ပြောနေလဲဆိုတာ ကျွန်မ မသိဘူး။ ကျွန်မရဲ့ လက်ရှိဘဝကို သိပ်ကျေနပ်တယ်”

ထိုသို့ပြောပြီးနောက် သူမက ထွက်လာတော့၏။


လင်းချင်းဟယ်သည် ချန်ရှန်းပြောသည့်အကြောင်းကို ကောင်းကောင်းသိသည်။ ဆယ်မိုင်အတွင်း ကောလိပ်ဝင်ခွင့် စာမေးပွဲ ကျင်းပပြီးနောက် ပထမဆုံး ကောလိပ်ကျောင်းသား ဖြစ်လာနိုင်သည်။ သူက ထင်သည့်အတိုင်းပင် သူ၏အမြင်က သာမန်လူများနှင့် ကွဲပြားခြားနားသည်။


သူက လက်ရှိပညာရေးက ပိုမိုအာရုံစိုက်ခြင်းခံနေရတာကိုလည်းသိလိုက်သည်။ ယင်းက အလုပ်သမားများ၊ လယ်သမားများနှင့် စစ်သားများ တက္ကသိုလ်က သူ့ကို သဲလွန်စ ပေးထားတာပဲဖြစ်ရမည်။


လင်းချင်းဟယ်က သူမ၏နောက်ကျောကို ကြည့်နေသော ချန်ရှန်း၏အကြည့်တွေက မည်မျှ ပူလောင်ကြောင်းသတိမပြုမိပေ။


သူမကို သူသည် သာမန်အမျိုးသမီးတစ်ဦးဟုသာ သူထင်ခဲ့တာ ဖြစ်သည်။ နေရာတိုင်း၌ မြို့နေလူတန်းစားများကို တုပနေပြီး ငါးလည်းမဟုတ် ငှက်လည်း မဟုတ်ပေ။


သို့သော် ထိုအမျိုးသမီးသည် မည်သည့်အချိန်မှ စပြီး အလင်းတို့ ပြည့်၀သွားသည် မသိပေ။ သူမ အပြင်ထွက်ချိန်တွင် သူမကို မြို့သူတစ်ဦးဟု ပြောလျှင် မည်သူမျှ သံသယဝင်မှာ မဟုတ်ပေ။ သူမ၏ အပြောအဆို၊ အပြုအမူ၊ ဝတ်စားပုံတို့က သာမန်မြို့သူလေး ယှဉ်နိုင်ခြင်း မရှိသည့်အရာ ဖြစ်သည်။