အခန်း ၁၈၁
Viewers 43k

အခန်း (၁၈၁) - မင်းက လင်းချင်းဟယ်လား


ထိုကဲ့သို့ အမျိုးသမီးတစ်ဦးက ကျေးလက်ဒေသတွင် ဆက်လက်နေထိုင်တာ နှမြောစရာ ကောင်းလှပေ၏။ မည်ကဲ့သို့ ဆက်ဖြစ်မည်မှန်း မည်သူက သိမည်နည်း။ သူသည် သူမကို ယခင်က သတိပြုမိခဲ့ပြီး သူမနှင့်ကျိုးချင်းပိုင်က ဆက်ဆံရေးတစ်ခုတည်ဆောက်ပြီးသားဖြစ်သည်။ ကလေးသုံးဦးရှိနေသော်ငြား သူတို့၌ ခံစားချက်သိပ်မရှိကြပေ။


သို့သော် ကျိုးချင်းပိုင် အငြိမ်းစားယူပြီးနောက် အလုပ်လုပ်ရန် ပြန်လာစဉ် သူမက အလုပ်လုပ်ပေး၏။ သူမက သူနှင့်အမြဲတမ်း လမ်းလျှောက်ကြသည်။ အလွန်အကျွံ အပြုအမူ မရှိသော်ငြား သူမနှင့် ကျိုးချင်းပိုင်က လက်ထပ်ထားပြီး အံ့ဩဖွယ်ကောင်းသည့် ဆက်ဆံရေးရှိသည့် လင်မယားဆိုတာ လက်ခံနိုင်ပေ၏။


သူမ၏ ပြောင်းလဲမှုသည် ကျိုးချင်းပိုင် ပြန်ရောက်လာပြီးမှ စတင်ပုံပေါ်၏။ သူမသည် ကျိုးချင်းပိုင်ကြောင့် အဆင်ပြေလာခဲ့သောကြောင့် ပြောင်းလဲသွားသည်လော။


ချန်ရှန်းက ဇဝေဇဝါဖြစ်နေသည်။ သူ့ဦးနှောက်ကို ခွဲဖွင့်ပြီးကြည့်ခဲ့လျှင်တောင် လင်းချင်းဟယ်၏ အဓိကစိတ်ဝိညာဥ်က ပြောင်းလဲသွားတာကို သူသိနိုင်မှာမဟုတ်ပေ။


ကျောင်းက ဒီဇင်ဘာလကုန်အထိဖွင့်နေခဲ့သည်။ နှင်းများသည်းထဲစွာကျဆင်းမှုကြောင့် အားလပ်ရက်တို့ စတင်ရတော့သည်။


အားလပ်ရက် စတင်ပြီးသည်နှင့် အလုပ်မှတ်နဲ့ လုပ်ခလစာ မရရှိသော်ငြား ကျောင်းက အားလပ်ရက် မတိုင်မီ သူတို့ကို ဝါဂွမ်းချည်လက်မှတ် နှစ်ကျင်းစာတန်ဖိုးရှိသည့် ဝါဂွမ်းချည်လက်မှတ် ပေးသေး၏။ ယင်းသည် ကျောင်းအုပ်က မြို့သို့သွားသည့်အချိန်၌ ကျောင်းရှိဆရာ၊ ဆရာမများအတွက် အရယူလာပေးသည့်အရာ ဖြစ်သည်။


“ကောင်တီက အထက်တန်းကျောင်းဆို အားလပ်ရက်မှာ လုပ်ခလစာ ရနေတုန်းပဲလို့ကြားတယ်”

ဆရာမရွှီက ပြောသည်။


“ကျွန်မတို့ကျေးလက်ဒေသက သူတို့နဲ့မယှဉ်နိုင်ဘူးလေ” လင်းချင်းဟယ်ကပြောလိုက်၏။

ဆရာမရွှီကမေးတော့သည်။ “ညီမမှာကော ဝါဂွမ်း လုံလုံလောက်လောက်ရှိလား”


လင်းချင်းဟယ်က ကောင်းမွန်သည့် အမြင်ရှိသည့်သူမအကြည့်အရပြောနိုင်ပေ၏။ သူမက တီးတိုးပြောလိုက်တော့သည်။ “ဆရာမရွှီ အဲ့ဒါကို ကျွန်မနဲ့လဲချင်လို့လား”


“ငါတို့အိမ်မှာလည်း ဒါ မချို့တဲ့ပါဘူး” ဆရာမရွှီကပြုံးလိုက်၏။


ထို့အပြင် သူမက အိမ်သို့ ဝါဂွမ်းနှစ်ကျင်းလက်ဆောင်ကို ပြန်ယူသွားခဲ့လျှင် အများသုံးငွေထဲ အပ်ရဦးမည်ဖြစ်သည်။ သိုသိုသိပ်သိပ် ရောင်းတာက ကောင်းပေမည်။


“ဒါဆို ဆရာမရွှီက အဲ့တာကို ဘာနဲ့လဲချင်လဲ” လင်းချင်းဟယ်က မေးလိုက်၏။ “စက်မှုလက်မှတ် နှစ်စောင်နဲ့ လဲချင်တာ။ ညီမမှာ ရှိလားမသိဘူး” ဆရာမရွှီကပြန်မေး၏။


လူအများစုသည် စက်မှုလက်မှတ် မရှိလောက်သော်ငြား ဆရာမရွှီကမူ လင်းချင်းဟယ်က တချို့တစ်ဝက် သိမ်းထားလိမ့်မည်ဟု ယုံကြည်သည်။ ဆိုရလျှင် ကျိုးချင်းပိုင်သည် ယခင်တုန်းက တပ်ထဲ၌ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်သည်။ သူက လက်မှတ်မျိုးစုံရနိုင်၏။ ထို့ထက်ပိုသည်က နိုင်ငံတော်က ပေးအပ်သည့်အရာသည် ရက်လွန်သွားခြင်းရှိမှာ မဟုတ်ပေ။


“ဆရာမရွှီက လူမှန်ကို ရှာတွေ့တာပဲ” လင်းချင်းဟယ်က ပြုံးလိုက်၏။ သူမက အိတ်ထဲကနေ စက်ရုံလက်မှတ်နှစ်စောင်ကို ထုတ်လိုက်၏။ တကယ်တော့ယင်းက သိုလှောင်နေရာထဲမှ ထုတ်လိုက်တာဖြစ်သည်။


“ညီမ သွားတဲ့နေရာတိုင်း အဲ့ဒါကို ယူသွားတာလား” ဆရာမရွှီက တအံ့တဩမေးလိုက်၏။


“မဟုတ်ဘူး။ ကျွန်မ ဝယ်စရာလေးရှိနေလို့၊ ဆရာမရွှီ အဲ့တာကို လိုချင်တယ်ဆိုမှတော့ ကျွန်မပေးတာပေါ့” လင်းချင်းဟယ်ကပြန်ပြောလိုက်သည်။


ဆရာမရွှီက ခေါင်းညိတ်ပြီးနောက် နှစ်ယောက်သား လဲလှယ်လိုက်၏။


လင်းချင်းဟယ်သည် စုစုပေါင်း ဝါဂွမ်းလေးကျင်းခန့် တန်ဖိုးရှိသည့် လက်မှတ်ကိုရသွားသည်။ ယင်းက အတော်များသည်ဟု ဆိုနိုင်ပေ၏။ အိမ်တွင် ဝါဂွမ်းမပြတ်လပ်ပေ။ ပြီးခဲ့နှစ်က ဂျာကင်ချုပ်ခဲ့သည်။ သူတို့ကကောင်းမွန်နေသေးကြောင့် ထပ်ချုပ်ရန်မလိုအပ်ချေ။ 


ထိုအကြောင်းအရင်းကြောင့် လင်းချင်းဟယ်သည် တတိယမောင်လေးလင်းဆီ ၎င်းကို သယ်သွားပေးတာဖြစ်၏။


ဝါဂွမ်းလေးကျင်းလက်မှတ်ကို တတိယမောင်လေးက ဝါဂွမ်းအချို့ ဝယ်လိုက်ပြီ ဖြစ်ကာ ဂွမ်းအနွေးထည်နှင့် ဂွမ်းစောင်တချို့ ချုပ်လုပ်နေပြီဖြစ်သည်။


“စက်ဘီးသုံးချင်တယ်ဆိုရင် အိမ်လာပြီးယူလှည့်။ လက်ရှိမှာ အလုပ်မရှိသေးလို့ ငါသုံးစရာ မရှိသေးဘူး” လင်းချင်းဟယ်က တတိယမောင်လေးလင်းကိုပြောလိုက်သည်။


“ဒါဆိုကျွန်တော် မနက်ဖြန်လာလို့ရလား” တတိယမောင်လေးလင်းက မေး၏။


“ရတာပေါ့” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။


နောက်တစ်နေ့တွင် တတိယမောင်လေးလင်းက စက်ဘီးလာယူ၏။ ဝါဂွမ်းလက်မှတ်များဖြင့် သူက ဝါဂွမ်းဝယ်ရန်အတွက် ရောင်းလိုအားနှင့် ဝယ်လိုအားသမဝါယမအသင်းဆီသို့ သွားနိုင်သည်။ သို့သော် သူက တတိယမောင်လေးလင်းက ကောင်တီမြို့သို့ တန်းသွားလိုက်၏။


သူက အဝတ်စနှင့် ဝါဂွမ်းကျင်းအနည်းငယ်ခန့်ပြန်သယ်လာသည်။


အပြန်လမ်း၌ သူက လောင်တနှင့်ကလေးများအတွက် နို့သကြားလုံးတစ်အိတ်လည်းသယ်လာ၏။ လင်းချင်းဟယ်က မငြင်းပေ။ အပြန်လမ်း၌ ပိုဂရုစိုက်ရန်သာ သတိပေးလိုက်၏။


လင်းချင်းဟယ်က ယခုဆို အလုပ်သွားစရာမလိုသောကြောင့် ပျင်းရိနေလေသည်။ သူမက ကျိုးချင်းပိုင်နှင့်အတူ အနွေးခုတင်ပေါ်တွင် နေနေ၏။ အင်္ဂလိပ်စာအုပ်များ လေ့လာခြင်းအပြင် ကျန်သည့်အရာများ ပြုလုပ်ရန်မလိုပေ။


အစက ကျိုးချင်းပိုင်ကို သိခွင့်ပေးရန်မရည်ရွယ်ထားပေ။ သို့သော် အကြောင်းအရင်းအချို့ကြောင့် သူမ သူ့ကို ယုံကြည်မိသည်။ သူ့ကို အမှန်တကယ်ကို ယုံကြည်နေတာဖြစ်သည်။ ထို့ကြောင့် သူက ထုတ်ပြယူသည်။


ကျိုးချင်းပိုင်က သူမ အင်္ဂလိပ်စာအုပ် ဖတ်နေသည်ကို မြင်တွေ့သည့်အချိန်၌ သူ၏အကြည့်က အတော်လေးထူးဆန်းသွား၏။


သို့သော် သူက ထိန်းထားနိုင်သေးသည်။ သူမကို ဘာမှမမေးခဲ့ပေ။ သူမ ထိုစကားလုံးများကို ဖတ်နိုင်ရဲ့လား ဟူ၍တောင် မမေးခဲ့ချေ။ ထိုည၌ မထိန်းထားနိုင်သည့်လူက လင်းချင်းဟယ်သာ ဖြစ်သည်။ သူမက မေးလိုက်၏။


“ချင်းပိုင် ကျွန်မ တိုင်းတစ်ပါး ဘာသာစကားနဲ့ စာအုပ်တွေ ဖတ်နေတာကို ဘယ်လို ဖတ်တတ်တာလဲလို့ ရှင် ဘာကြောင့် မမေးတာလဲ”


သူမက သူ့ကို ပြောပြရန်အတွက် သူမက ကောင်းကောင်းမွန်မွန် တွေးတောထားပြီးနောက် သူ့ကို သူမ၏ကတ်ကို ပြသတာက ပိုကောင်းလိမ့်မည်ဟု ခံစားမိသည်။ သူတို့က တူညီသည့်အနွေးခုတင် တစ်ခုတည်းတွင် နေထိုင်သောကြောင့် သူ့ကို ဘာမှကွယ်ဝှက်မထားချင်ပေ။ အထူးသဖြင့် သူက သူမနှင့် နီးကပ်လွန်းနေသောကြောင့်ဖြစ်သည်။


သူမက အင်္ဂလိပ်စာကို မည်သို့သိခဲ့သနည်း။ သူမက အလျော့အတင်းမရှိသည့်အချိန်၌ အစွမ်းအထက်ဆုံး အုပ်စု၏တစ်စိတ်တစ်ပိုင်း ဖြစ်လာရန်အခွင့်အရေးကို မည်သို့ဖမ်းဆုပ်မိသနည်း။


နောင်ကျ အင်္ဂလိပ်စကားပြောနိုင်ခြင်းက ဘာမှကောင်းမနေပေ။ သို့သော်ငြား ကန့်သတ်မှု လျှော့ချခြင်း၏ အစတွင် ၎င်းကိုဖမ်းဆုပ်နိုင်လျှင် အင်မတန် အံ့ဩဖွယ်ကောင်းသည်ဟု ဆိုရမှာပဲ ဖြစ်သည်။


သူမသည် သန်မာလာစေရန်အင်္ဂလိပ်စာကို လိုအပ်၏။ ထို့ကြောင့် ယခုအချိန်မှစကာ သူမဖာသာ လေ့လာရမည်။ ကောလိပ်တွင် သင်ယူခဲ့သည့် အင်္ဂလိပ်စာ တော်တော်များများကို သူမမေ့သွားပြီ ဖြစ်၏။ သူမ ပြန်ပြီးနွေးရပေမည်။


ယင်းက စာတတ်ခြင်းနှင့် သင်္ချာပညာရပ်မဟုတ်ပေ။ သူ့ထံမှ သူမ မည်ကဲ့သို့ ဖုံးကွယ်ထားနိုင်မည်နည်း။

“မင်းပြောဖို့မလိုဘူး။" ကျိုးချင်းပိုင်က သူမကိုကြည့်လိုက်သည်။


မမေးချင်တာ မဟုတ်ပေ။ ထိုအစား သူမကိုယ်တိုင် ပြောလာမှာကို စောင့်စားနေတာ ဖြစ်သည်။

လင်းချင်းဟယ်က ရယ်မောလိုက်သည်။ ထိုမြုံစိစိနေတတ်သည့်သူက ဤရက်ပိုင်းအတွင်း အတော်လေး စိုးရိမ်ပူပန်နေတာ ဖြစ်ရမည်။ သူကောင်းကောင်းမွန်အိပ်ရရဲ့လားဆိုတာ သူမမသိပေ။


“ရှင့်မှာ မေးစရာရှိရင် မေးလိုက်” လင်းချင်းဟယ်က သူ၏လည်ပင်းကို ဖက်ထားလျက် ရယ်မောလိုက်သည်။


ကျိုးချင်းပိုင်က အတော်ကြာ တွေဝေနေပြီးနောက် ပြောလိုက်၏။ “မင်းက လင်းချင်းဟယ်လား”


ကုန်လွန်ခဲ့သည့် ညအချို့၌ သူသည် အိပ်မပျော်ခဲ့ပေ။ အမှန်တကယ်တွင် သူ့ရင်ထဲ၌ ဝေဝေဝါးဝါး ခံစားချက် ယခင်ကရှိခဲ့ဖူးသည်။ သို့သော် ထိုမျှ လေးလေးနက်နက် မခံစားရဖူးပေ။ ထို့ကြောင့် သူက သူမ အင်္ဂလိပ်စာအုပ်များ နားလည်တာကို တွေးမိသည့်အချိန်၌ အစစ်အမှန်ဆန်ပြီး တခါမှ မခံစားရဖူးပေ။


သူမသည် ထိုစကားလုံးများကို နားမလည်ဘဲ ဤအတိုင်း လှန်ဖတ်နေခြင်းဟုသာ သူ့ကို ပြောရန် မလိုအပ်ပေ။ သူမ ဖတ်နိုင်ကြောင်း သူသိသည်။


ထို့အပြင် သူမက ကိုယ်တိုင်လေ့လာတာဟု ဆိုနေသည်။ သူမက အလွန်ထက်မြတ်လွန်း၏။ သူ့ကိုယ်သူတောင် လှည့်စားနိုင်သည်။ သူမက တိုင်းပြည်အတွက် ထိခိုက်စေတာ ဘာမှ မလုပ်သရွေ့ သူက မျက်လုံးမှိတ်ထားရန် ရွေးချယ်နိုင်၏။ သို့သော် ဆရာမရှိဘဲ အင်္ဂလိပ်စာကို သင်နိုင်မည်လော။ 


မဖြစ်နိုင်ပေ။ 


သူမက အင်္ဂလိပ်စာကို ထုတ်ယူပြီးသူ့ရှေ့တွင်လေ့လာချိန်မှစပြီး သူ့ရင်ထဲဘယ်တော့မှ မအေးခဲ့ပေ။


သူက သူမသည် သူ့ကို ဝန်ခံရန် ဆန္ဒရှိနေသောကြောင့် မေးရန် ဆုံးဖြတ်လိုက်တော့သည်။ အဆိုးဆုံးအထိတောင် ပြင်ဆင်ထားသည်။


လင်းချင်းဟယ်က သူ့လည်ပင်းကို ဖက်လျက် သိမ်မွေ့စွာ ရယ်မောလိုက်သည်။ “ဘယ်အချိန်ကစပြီး ကျွန်မ မဟုတ်တော့ဘူးလို့ သံသယဝင်နေတာလဲ”


“သူက လင်းမိသားစုဟောင်းနဲ့ ဆက်ဆံရေးကို ဖြတ်တောက်မှာ မဟုတ်ဘူး။ ပြီးတော့ မိသားစုကိုလည်း ဂရုမစိုက်ဘူး” ကျိုးချင်းပိုင်က သူမကို ကြည့်နေစဉ် မျက်လုံးက အပြင်သို့ ခုန်ထွက်တော့သယောင် ခံစားမိနေသည်။


“ကျွန်မက လင်းချင်းဟယ်ပဲ” လင်းချင်းဟယ်က သူ့မေးစေ့ကို နမ်းလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “မကြောက်ပါနဲ့” 


ကျိုးချင်းပိုင်က ထိုအမျိုးသမီး၏ မျက်လုံးထဲ နူးညံ့မှုများကို တွေ့နေရ၏။ သူမကလည်း သူ့ကို နှစ်သက်ကြောင်း သူသိ၏။ ထို့ကြောင့် ကျိုးချင်းပိုင်က တစ်ခွန်းမှမပြောပေ။ သူက သူမကို ကြည့်ရုံသာကြည့်နေပြီး ဆက်ပြောမှာကို စောင့်နေလိုက်သည်။


“တကယ်တော့ ရှင်က ကျွန်မကို ဘာဖြစ်နေတာလဲဆိုတာ ရှင်းပြစေချင်ရင်တောင် ကျွန်မ ဘယ်လိုပြောရမလဲ မသိဘူး။ အရင်ဆုံး ကျွန်မ ရှင်တို့မိသားစုကို အိမ်မက်မက်ခဲ့တယ်” လင်းချင်းဟယ်က ပြောလိုက်သည်။


သူမသည် သုံးရက်တိုင်တိုင် အိမ်မက်မက်သည့်ကိစ္စကို ပြောပြပြီး သုံးရက်မြောက်ပြီးနောက် သိုလှောင်ရုံနေရာပေါ်လာပုံကို ပြောပြခဲ့၏။ ထိုအကြောင်းအရင်းကြောင့် သူမ တစ်ခုခု ထူးဆန်းတာ ဖြစ်တော့မည် ဖြစ်ကြောင်း သူမက ယုံကြည်တာဖြစ်သည်။


လင်းချင်းဟယ်က ကူးပြောင်းလာသည့် ဇာတ်ကြောင်းကို ပြောပြတာ ဖြစ်သော်ငြား ဤလောကက စာအုပ်တစ်အုပ်ဆိုတာ ဖုံးကွယ်ထားသည်။ အစတည်းက ထိုကဲ့သို့သော ကိစ္စများက လွန်ကျူးရာ ဖြစ်နေပြီးသားဖြစ်သည်။