အခန်း ၁၈၂
Viewers 38k

အခန်း (၁၈၂) - မင်းက ကိုယ့်ဇနီး


သူမသည် ဤလောကက စာအုပ်ကမ္ဘာဟု ဆိုလိုက်ပါက ထိုရှေးရိုးစွဲအမျိုးသားက လက်ခံပါမည်လော။

ထို့ကြောင့် လင်းချင်းဟယ်က မပြောပေ။ သူမသည် အနာဂတ်နှစ်၄၀မှ လာခဲ့သည်ဟုသာ ရှင်းပြနိုင်ပေသည်။


သို့တိုင်အောင် ၁၉၄၀ခုနှစ်များတွင် မွေးဖွားခဲ့သော ကျိုးချင်းပိုင်အဖို့ မှင်တက်မိသွားရသေးသည်။


သူသည် သူမကို တခြားနေရာမှ စေလွှတ်ခဲ့သည့် လျှို့ဝှက်သူလျှိုဟု တွေးထင်နေသည်။ ယခုရက်ပိုင်းအတွင်း သူ့ခေါင်းကို မူးနောက်အောင် တွေးခဲ့သည့်တိုင် သူက ဤအခြေအနေသို့ ရောက်နေပြီးချိန်၌ ထိုကဲ့သို့ နယ်ရုပ်တစ်ရုပ်ကို ထိုလူများ ပို့ပေးရသည်အထိ မည့်သည့်အရာက တန်ကြေးက ရှိမှန်း သူ မသိပေ။  


ယင်းက လုံး၀ မလိုအပ်ချေ။


အကယ်၍ သူက အလွန်အရေးပါသော အဆင့်အတန်း ရှိပါက သူ့အား ရှုပ်ထွေးမှုများ ဖြစ်စေရန် တိုင်းပြည်ကို ဖျက်ဆီးနိုင်သော အမျိုးသမီးကို ပို့ခြင်းအကြောင်း အဖြေရှာနိုင်သည်။ သို့ရာတွင် သူသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိမနေပေ။


သို့သော်ငြား ယခင်က တပ်ဖွဲ့အကြောင်း သူ အနည်းအကျဉ်းသိသော်ငြား သူမက မည်သည့်အခါကမျှ မမေးမြန်းခဲ့ပေ။ ထိုအစား သူမသည် သူနှင့်သူ့သားများကို သေသေချာချာ စောင့်ရှောက်ခဲ့၏။ ထိုသို့သော သူလျှို ရှိနိုင်ပါသလော။


သိပ်ကို ဦးနှောက်ခြောက်ဖို့ ကောင်းသည်။ ကျိုးချင်းပိုင် အမှန်ပင် နားမလည်နိုင်တော့ချေ။


စစ်မှန်သည့် အကြောင်းပြချက်က ထိုသို့ ဖြစ်မည်မှန်း သူ လုံးဝကို မတွေးထင်ထားပေ။


သူမသည် အနာဂတ် နှစ်လေးဆယ်က လာခဲ့သည်လား။


ကျိုးချင်းပိုင်အတွက်မူ ယင်းက သူမက သူလျှိုဆိုသည်ထက် လက်ခံရန် ပိုခက်ခဲလေသည်။


“ဘာလဲ ကြောက်သွားတာလား” လင်းချင်းဟယ်က သူ့မျက်နှာကို အသာအယာ ထိတွေ့လိုက်ပြီး သူ့ဝိညာဉ် ပြန်ရောက်လာစေရန် ကြိုးစားလိုက်သည်။


ကျိုးချင်းပိုင်၏အာရုံက ပြန်လည်ရောက်ရှိလာသည်။ သူ မျက်မှောင်ကြုတ်လိုက်၏။ လင်းချင်းဟယ်က သူထိုသို့ ပြုလုပ်လိုက်သည်ကို ပြုံးလျက်ဖြင့် “မင်္ဂလာပါ ခေတ်နောက်ကျသူကြီးရေ ကျွန်မတို့ မျိုးဆက်သစ်တွေအတွက်ဆို ရှင်က ကျွန်မအဘိုးလောက် ရှိတယ်ရှင့်”


ထိုစကားကို ပြောပြီးနောက် လင်းချင်းဟယ်က အသောမသတ်နိုင်အောင် ရယ်လေတော့သည်။


ယင်းက မမှားပေ။ အနာဂတ်နှစ်၄၀၊ ဘိုးဘေးမျိုးဆက် မဟုတ်ပါလော။


ကျိုးချင်းပိုင် လှည့်ကြည့်လာသည်။


“ဘာလို့ မျက်နှာမည်းကြီး ဖြစ်နေတာလဲ။ အဲဒါက ရှင့်က နွားအိုမြက်နုကြိုက်တာ မဟုတ်လား။ သိပ်ကို နုနယ်တဲ့မြက်လေးပေါ့” လင်းချင်းဟယ်က ဆိုသည်။


အကြင်နာကင်းမဲ့သော အကြည့်ကို မြင်ပြီးနောက် ကျိုးချင်းပိုင်၏ ဘဝင်မကျသော နှလုံးသားက အတန်ငယ် ငြိမ်သက်သွားလေသည်။ သူက သူမကို ကြည့်ပြီး ပြောလာသည်။ “အဲဒီနှစ်လေးဆယ်မှာ ဘယ်လိုလဲ”


“နောင်အနှစ်လေးဆယ်မှာ... ကျွန်မဘယ်လို ရှင်းပြသင့်လဲ။ အရာအားလုံးက ကောင်းကောင်း တိုးတက်လာတယ်။ ဆန်နဲ့ မန်ထိုတွေက အခြေခံပစ္စည်းတွေပဲ။ အဲဒီမှာ တီဗီ၊ ဖုန်းတွေ အဲလိုမျိုး... လမ်းတွေမှာ ဓာတ်ဆီသုံးကားတွေ ပြည့်နေလိမ့်မယ်” လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။


ကျိုးချင်းပိုင်သည် တီဗီနှင့်ကားကို သိလေသည်။ သို့သော် ဖုန်းဆိုတာက ဘာလဲ။


“ဒီဟာ...” လင်းချင်းဟယ်သည် သူ့ကို ဝန်ခံပြီးဖြစ်၍ သူ့အား နေရာလွတ်ထဲမှ ဖုန်းကို ပြသလိုက်သည်။


ဘတ်ထရီအားက မရှိတော့သောကြောင့် သုံး၍ မရတော့ပေ။ သို့တိုင် ကျိုးချင်းပိုင်မှာ ထိုပစ္စည်းကို မြင်ပြီးနောက် ရှော့ခ်ရသွားလေသည်။


ယခင်က သူမပြောသည့် နေရာလွတ်ကို သူ အမှန်တကယ် မသိခဲ့ချေ။ ယခုတွင်မူ သူသည် ယင်းအား နားလည်သဘောပေါက်သွားချေပြီ။ ယင်းမှာ ပစ္စည်းများကို သိုလှောင်၍ ရဟန်တူသည်။ ယင်းကို မမြင်ရသလို ကိုင်တွယ်၍လည်း မရပေ။


အကြောင်းမှာ သူသည် ဖုန်းကို လေထုအလွှာထဲမှ ထွက်ပေါ်လာသည်ကို သူရှင်းလင်းစွာ သိလိုက်ပြီဖြစ်သည်။


“တခြားမေးချင်တာ ရှိသေးလား” လင်းချင်းဟယ်က သူမဖုန်းကို ထပ်ခါထပ်ခါ အပြန်အလှန် စစ်ဆေးနေသော သူ့ကို ကြည့်ပြီး မေးလိုက်လေသည်။


ကျိုးချင်းပိုင်က ဖုန်းကို သူမထံ ပြန်ပေးလာ၏။ သူက သူမလက်ထဲပျောက်ကွယ်သွားသော ဖုန်းကို ကြည့်ပြီးနောက် ပြန်ဖြေလာသည်။ “မရှိဘူး”


လင်းချင်းဟယ်က သူ့ကို အမှုမထားဟန်ဖြင့် ပြုံးရယ်လိုက်ပြီး။ “ကျိုးချင်းပိုင် ဒီည ကျွန်မကြောင့် တုန်လှုပ်သွားတာလား”


“တုန်လှုပ်သွားတယ်” ကျိုးချင်းပိုင်က အမှန်တရားကို ဆိုလာသည်။


သူ့ဇနီးသည် အနာဂတ်နှစ်၄၀မှ ရောက်လာသည်။ သူက ဘာလို့ မတုန်လှုပ်မှာလဲ။


“လောင်တရဲ့အမေက နှစ်လေးဆယ်အလွန်ကို သွားလိုက်တာလား” ကျိုးချင်းပိုင်က မေးသည်။


“ဟုတ်တယ်” လင်းချင်းဟယ်သည် မူလကိုယ် ဘယ်ကို သွားလိုက်မှန်းကို သေချာပေါက် မသိသော်လည်း သူမသည် ထိုသို့ဖြေရန်သာ တတ်နိုင်ပေသည်။


ကျိုးချင်းပိုင်က တိတ်ဆိတ်သွား၏။


“ရှင့်မူလဇနီးရဲ့ကိုယ်ကို ကျွန်မယူလိုက်လို့ ရှင် အပြစ်တင်ချင်နေတာလား၊ ရှင်နဲ့ ရှင့်သားတွေကို လိမ်ညာလို့လား” လင်းချင်းဟယ်က မေးလိုက်သည်။


ကျိုးချင်းပိုင်က သူမကို သူ့လက်မောင်းထဲသို့ ဆွဲသွင်းလိုက်၏။


သူသည် ဘာပြောရမည်ကို မသိသော်လည်း သူမအား အပြစ်မတင်ကြောင်းကို သူ့အပြုအမူအားဖြင့် သက်သေပြလိုက်လေသည်။


ပြီးလျှင် သူ့နှလုံးသားကို သူ သေသေချာချာ သိသည်။


သူမ ဝန်မခံမီက သူ ဆုံးဖြတ်ထားပြီးသား ဖြစ်ကာ... အကယ်၍ သူမသည် တခြားနိုင်ငံမှ လာခဲ့လျှင်ပင် သူသည် သူမကို ဆက်လက်ရှိစေချင်၏။


သူတို့မိသားစုသည် သူမ မရှိဘဲ ရှေ့မဆက်နိုင်ချေ။ တကယ့်ကိုပင် သူမ မရှိဘဲ မရှင်သန်နိုင်ချေ။ သူသည် သူမ မရှိတော့သည့် သူ့မိသားစုအကြောင်းကို တွေးပင်မတွေးနိုင်ချေ။


“ကိုယ်တို့ မိသားစုကို ချန်မထားခဲ့ပါနဲ့” ကျိုးချင်းပိုင်က ထိုမျှသာ ထုတ်ဖော်ပြောခဲ့သည်။


လင်းချင်းဟယ်က အမှန်တရားကို ထုတ်ပြောလိုက်သည်။ “အဲဒါကတော့ ရှင့်အပြုအမူနဲ့ သက်ဆိုင်တယ်၊ ရှင် ကျွန်မကို ဆိုးဆိုးဝါးဝါး ဆက်ဆံရင် ကျွန်မက သေချာပေါက် မနေတော့ဘူး”


အမှန်တကယ်တော့ သူမသည် အစတည်းက အစီအစဉ်ကို ချမှတ်ထားပြီးဖြစ်သည်။ ကလေးများ ကြီးပြင်းလာသည်အထိ သူနှင့် ဝေးဝေးနေရန် ဖြစ်ပြီး နောင်တွင် လူတိုင်းက လက်ခုပ်ပမာ ခွဲခွာကြရန်ဖြစ်သည်။


သို့သော် မည်သူသိမည်နည်း။ သူပြန်ရောက်လာပြီးနောက်တွင် အချင်းချင်း သိကျွမ်းကြပြီး ထိုအမျိုးသားသည် အတော်လေး မဆိုးကြောင်း သူမ တွေးတောခဲ့မိသည်။


လွယ်လွယ် ဆိုရလျှင် သူမသည် သူ့ဇနီး ဖြစ်လာတော့၏။


သူမသည် အနာဂတ်နှစ်၄၀မှ လာခဲ့သည်။ သူမသည် ရှေးရိုးစွဲသူ မဟုတ်သလို ပြုပြင်ပြောင်းလဲလွယ်သူ မဟုတ်ချေ။ သူ၏ ကောင်းမွန်သော ဆက်ဆံခြင်းကြောင့်သာလျှင် သူမသည် သူ့မိသားစုကို ဂရုစိုက်ခြင်း ဖြစ်လေသည်။


အကယ်၍ သူသာ သူမကို ဆိုးဝါးစွာ ဆက်ဆံခဲ့ပါက သူမကိုယ်သူမ ခက်ခဲအောင် ပြုလုပ်မည် မဟုတ်သည်မှာ ပြောရန်ပင် မလိုချေ။


“မင်း မဝေခွဲနိုင်ဘူးလား” ကျိုးချင်းပိုင်သည် သူမစကားကို ကြားပြီးနောက် ချက်ချင်း စောဒက တက်တော့သည်။ သူပြောနေစဉ်တွင် သူမမျက်လုံးများထဲသို့ စိုက်ကြည့်နေလေ၏။


လင်းချင်းဟယ်က သူ့ပါးပြင်ကို အသာဖွဖွ ပွတ်သပ်လိုက်ပြီး၊ “ကျွန်မနဲ့ ရှင့်ဇနီးကြားက အများဆုံး တူညီတဲ့အရာက အသိတရားပဲ။ ကျွန်မတို့ တစ်ယောက်မှာမှ မရှိဘူး၊ အဲဒါကို ထည့်တွက်လို့ မရတော့ဘူး”


ပြောသင့်သမျှကို သူ့အား ရှင်းလင်းစွာ ပြောလိုက်သည်။ သူမအပေါ် အမြဲတမ်း ကောင်းပေးရမည်။ သို့မဟုတ်ပါက သူ့အတွက် မိသားစုကို ဂရုစိုက်ဖို့ တွေးမထားနေသင့်ပေ။ ထမင်းအေးသာ သွားစားပေတော့။


ကျိုးချင်းပိုင်က သူမကို ပွေ့ဖက်ထား၏။ သူသည် သူမအား မည်သို့ ကောင်းကောင်းဆက်ဆံရမည် တွေးနေလေသည်။


သူမသည် အနာဂတ်နှစ်လေးဆယ်မှ လာခဲ့ခြင်း ဖြစ်သည်။ သူမ မတွေ့ဖူးသည့် ပစ္စည်းကောင်းများ မရှိပေ။ သူထံတွင်လည်း ထုတ်ပြရန် ပစ္စည်းကောင်းများ မရှိချေ။


“ကိုယ့်မှာ ရှိလာခဲ့ရင် မင်းကို ပေးမှာပါ” ကျိုးချင်းပိုင်က အတန်ကြာတွေးဆနေသော်ငြား ယင်းကိုသာ ဖွင့်ဟလာသည်။


သူ့မှာသာ ရှိရင် သူမက ရနိုင်သည်။


လင်းချင်းဟယ်က ပြုံးလိုက်ပြီး ပြောသည်။ “စိတ်မပူပါနဲ့ အဲဒါတွေက အနာဂတ်မှာ အခွင့်အရေး ရှိလာလိမ့်မယ် ရှင့်လုပ်ဆောင်ချက်တွေအပေါ် မူတည်တယ်”


ထို့နောက် ကျိုးချင်းပိုင်က မေးသည်။ “မင်းပြောတာ ကောလိပ်ဝင်ခွင့်စာမေးပွဲက လာတော့မှာဆို အဲဒါ အမှန်ပဲလား”


လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။ “၁၉၇၇မှာလေ နှစ်နည်းနည်း လိုသေးတယ်”


“အဲဒါက အင်္ဂလိပ်စာမေးပွဲ ပြီးရင်လား” ကျိုးချင်းဟယ်က မေးသည်။


“မဟုတ်ဘူး အင်္ဂလိပ်စာမေးပွဲက ပြန်လည်ပြဋ္ဌာန်ပြီး ပထမနှစ်မှာပဲ။ မဖြစ်မနေ လုပ်မှာက ဒုတိယနှစ်မှာ။ ကျွန်မ အတိအကျ မမှတ်မိဘူး။ ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စာ သိထားတာက အနာဂတ်မှာ သေချာပေါက် အသုံးဝင်မှာပဲ။ ဒါကြောင့် ကျွန်မက ကိုယ့်ဘာသာ လေ့လာနေတာ။ ကျွန်မ အားလုံးကို မေ့လုနီးပါးပဲ” လင်းချင်းဟယ်က ရှင်းပြသည်။


ကျိုးချင်းပိုင်က တွန်းလဲချလိုက်ပြီး အပေါ်တွင်နေရာယူလိုက်သည်။


လင်းချင်းဟယ် တစ်ခဏ အေးခဲသွား၏။ သူမက ရွှင်မြူးစွာ ပြောလိုက်တော့သည်။ “ခံစားချက် ကောင်းလာပြီလား”


“မင်းက ကိုယ့်ဇနီး” ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်ပြီး ကြေညာသည်။


သည်လူက သူ့ဇနီးဖြစ်သည်။ သူ့ကလေးများ၏ မိခင်ဖြစ်၏။ တခြားအမျိုးသမီး မဟုတ်ချေ။ ယနေ့ သူမ ပြောသမျှအတွက်မူ သူက မသိသလိုသာ ပြုမူလိုက်ပေမည်။


လင်းချင်းဟယ်အား သည်အမျိုးသားက စွဲလမ်းပြီး ဖြစ်လေသည်။ အသက်ရှုလိုက်ပြီးနောက် သူမက ပြောလိုက်သည်။ “မနက်ဖြန် မနက်စာကို ရှင် ပြင်ဆင်ရမယ်”


စကားပြောပြီးနောက် သူ့လက်မောင်းထဲတွင် သက်တောင့်သက်သာ အနေအထားကို ရှာတွေ့ပြီးနောက် အိပ်မောကျသွားတော့သည်။


ဒီနှစ်ကျသောရက်များအတွင်း နွားကဲ့သို့ သည်အမျိုးသားသည် လယ်ထွန်၍ မရသဖြင့် သူမလယ်ကို ထွန်ယက်ခဲ့သည်။ မနက်ဖြန်တွင် သူ၏အင်အားများက များပြားလွန်း၍ မုန်လာဥသာ စားခိုင်းပေမည်။

ကျိုးချင်းပိုင် သူ့ဇနီးအား တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ သူ့လက်ထဲတွင် သူ့ဇနီးသည်က အမှန်တကယ်ဟု အနည်းငယ် ခံစားရပေသည်။


အမှန်တရားကို သိရှိပြီးနောက် သူမ၏ အပြုအမူ နည်းလမ်းများသည် ယနေ့ခေတ်လူများနှင့် လုံးဝ ကွာခြားနေသည့်အကြောင်းအရင်းကို သူ နားလည်သွားပြီဖြစ်သည်။


သို့သော် ကိစ္စမရှိ၊ ယင်းက သူ့အပိုင်၊ ကျိုးချင်းပိုင်၏ဇနီးဖြစ်၏။ ဤဘဝတွင်တော့ လွတ်မြောက်ခွင့် မပြုနိုင်။


“ဖက်ထားတာ တင်းလွန်းတယ်” လင်းချင်းဟယ်က သူ့ကို တွန်းလိုက်သော်လည်း တုတ်တုတ်မျှ မလှုပ်ချေ။


“အိပ်တော့...” ကျိုးချင်းပိုင်က သူမနဖူးကို နမ်းလိုက်ပြီးနောက် တီးတိုးပြောလိုက်သည်။


လင်းချင်းဟယ်က ညည်းညူရင်း သူ့ခါးကို ဖက်လိုက်ကာ သူမမျက်နှာကို သူ့လက်မောင်းထဲသို့ တိုးဝှေ့လိုက်၏။ သူမက သူ့အနံ့အသက်များ ထုံမွှမ်းလျက် အိပ်မောကျသွားတော့၏။