အခန်း ၁၈၃
Viewers 38k

အခန်း (၁၈၃) - သူမက အရင်ဘဝမှာ ထက်မြက်သူ ဖြစ်ရမည်


နောက်နေ့တွင် ကျိုးချင်းပိုင်က ယာဂု ချက်ပြီးသား ဖြစ်သည်။


ယနေ့တွင် သူတို့သည် ကြက်ဥဆားစိမ်နှင့် ပြောင်းယာဂုကို စားသောက်ခဲ့ကြသည်။ ကြက်ဥဆားစိမ်တွေက လင်းချင်းဟယ်၏ အထူးဟင်းချက်နည်းဖြစ်သည်။ အဆီပါဝင်မှုက မြင့်မားလေသည်။

မိသားစုဝင်အားလုံးက ပျော်ရွှင်နေကြသည်။


“အဖေ ဒီရက်ပိုင်း တောင်ပေါ်မှာ ရစ်ငှက်တွေဖမ်းဖို့ အမဲလိုက် မသွားချင်ဘူးလား” လောင်တက သူ့အဖေကို ဖိတ်ခေါ်လိုက်သည်။


လောင်အာ့နှင့် လောင်စန်းတို့၏ မျက်လုံးများက တောက်ပလာသည်။


စုချန်ပေါက်စလေး၏ မျက်လုံးကလည်း တလက်လက် တောက်ပနေသည်။ သို့သော်လည်း သူက အလွ

န် ငယ်သေးလေသည်။ ပြီးနောက် သူ့အဘိုးနှင့်အဘွားကို ကြည့်လိုက်လေသည်။


ကျိုးချင်းပိုင်က သူ့ဇနီးကို စိုက်ကြည့်ပြီးနောက် ဖြေလိုက်သည်။ “သွားမယ်”


လင်းချင်းဟယ် မနေ့ညက ပြောခဲ့သည်ကို သူက ဤနေ့တွင် အလေးအနက်မထားတော့ပေ။ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို နားလည်၏။ သူမက သူ့ကို အစာကြေစေဖို့ အချိန်ပေးရမည်လေ။ ဟုတ်တယ် မဟုတ်လား။


သူက သူမကို အနွေးကုတင်ပေါ်မှာ သန့်သန့်ရှင်းရှင်းနှင့် စားသင့်သည့်အခါ စားလိမ့်မည်။ ဆိုရလျှင် သူသည် စီးစီးပိုးပိုးဖြင့် သူမက သူ့ဇနီးဟု ဆိုထားသည်။


သို့တိုင် သူ့နှလုံးသားအတွင်း ထူးထူးဆန်းဆန်း ခံစားရမည် မဟုတ်လော။


စားသောက်ပြီးနောက် ကျိုးချင်းပိုင်က ရစ်ငှက်ဖမ်းဖို့ ညီအစ်ကိုသုံးယောက်ကို တောင်ပေါ် ခေါ်သွားသည်။


ငှက်ဖမ်းခြင်း၏ နောက်ထပ် ဆိုစကားတစ်ခုမှာ ငှက်ကောက်ခြင်း ဖြစ်၏။


နှင်းကျသော နေ့များတွင် ရစ်ငှက်များသည် အေးခဲနေပြီး လိုက်ဖမ်းခံရတာအတွက် မောပန်းနေပြီး ဖြစ်သည်။ ထိုအချိန်တွင် ယင်းက အဖမ်းခံရန် ရပ်တန့်လိုက်လိမ့်မည်။ ၎င်းက ကောက်ရခြင်းနှင့် တူညီပေသည်။ (ရစ်ငှက်က အရမ်းအေးလို့ မပြေးနိုင်တော့ဘူးလို့ ဆိုလိုတာပါ)


လင်းချင်းဟယ်က သူတို့ကို အဲဒီအတွက် ခွင့်ပြုလိုက်သည်။ အဖေနှင့်သားများကို နွေးနွေးထွေးထွေး ဝတ်စေပြီးနောက် သူမက အပြင်ထွက်ဖို့ကို ခွင့်ပြုလိုက်သည်။


သူတို့ ထွက်သွားခါနီးမှာ ကျိုးချင်းပိုင်က သူမကို ဖက်နမ်းလိုက်တာက သူမကို မျက်နှာနီလာစေပြီး နှလုံးခုန်မြန်လာစေသည်။


သူတို့ ထွက်သွားပြီးတဲ့နောက် လင်းချင်းဟယ်က အင်္ဂလိပ်စာလေ့လာဖို့ တစ်ကိုယ်တည်းနေခဲ့သည်။ စုချန်ပေါက်စလေးက အမေကျိုး၏နေအိမ်သို့ ခေါ်ဆောင်သွားခံလိုက်ရသည်။


သူမသည် အင်္ဂလိပ်စာအတော်များများကို မေ့သွားပြီ ဖြစ်သော်ငြား သူမက အခြေခံတော့ ရှိဖူးပြီး ဖြစ်သည်။ သူမက အသံထွက်ကို သိနေသရွေ့တော့ အဆင်ပြေနိုင်သေး၏။


လင်းချင်းဟယ်သည် စာလုံး၂၀နှင့် စာကြောင်း၁၀ကြောင်းကို ကျက်မှတ်ပြီးနောက် အလုပ်ပြန်လုပ်ရန် မီးဖိုချောင်သို့ ဝင်လိုက်သည်။


အရင်ဘဝတွင် သူမသည် ဇနီးကောင်းနှင့် မိခင်ကောင်းဖြစ်ရန် လုံးဝ မတွေးဖူးပေ။


အဖေနှင့်သားများသည် အိမ်ကနေ ထွက်သွားသည့်အတွက် သူမသည် စားကောင်းသောက်ဖွယ်တွေကို သူတို့ပြန်သည့်အခါ စားရအောင် စတင်ပြင်ဆင်တော့သည်။ ပင်ပင်ပန်းပန်း လုပ်ရခြင်းက ဘဝပေးကံတရားအလားပင်။


လင်းချင်းဟယ်သည် ပဲနီကို ပြုတ်လိုက်သည်။ သူမက ပဲလိပ်အဆာသွပ် တစ်အိုး လုပ်ချင်ပြီး သူတို့ကို အရံသိမ်းထား၍ ရပေသည်။


ပဲလိပ်အဆာသွပ်၏အရသာက အလွန်ကောင်းသည်။ မိသားစုတစ်ခုလုံး ကြိုက်ပေသည်။


သူမ ပဲလိပ်အဆာသွပ် လုပ်သည့်အခါ အကြီးဆုံးမရီးက ရပ်နေခဲ့သည်။ စတုတ္တလေး၏ဇနီးက အစားသောက်ချက်နေသည်ကို မြင်ပြီးနောက် အကြီးဆုံးမရီးက သဘောတကျ ကြည့်ရှုနေလေသည်။


“ယန်ယန်နဲ့ ကလေးတွေက စတုတ္ထဒေါ်လေးက ချက်ပြုတ်တာ တော်တယ်လို့ ပြောတာ မအံ့ဩတော့ဘူး။ သူတို့က မင်းရဲ့ကလေးတွေ ဖြစ်ချင်နေကြတာ” အကြီးဆုံးမရီးက ကျယ်လောင်စွာ ရယ်လိုက်သည်။


လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။ “ဒါက ထူးထူးခြားခြား မဟုတ်ပါဘူး အကြီးဆုံးမရီး ရှင်သာအလုပ်မလုပ်ရင် အိမ်မှာ လုပ်စားလို့ ရပါတယ်”


“အရမ်းကြိုးစားတာပဲ” အကြီးဆုံးမရီးက ပြန်ပြောသည်။


“ရှင်အားတဲ့အချိန် ဘာမှလုပ်စရာ မရှိဘူးလေ။ အကြီးဆုံးအစ်ကိုနဲ့ ကလေးတွေအတွက် အစားသောက် ပိုလုပ်တာက ကောင်းပါတယ်။ ရှင်တစ်နှစ်လုံး အနားယူလို့ ရတယ်လေ။ အရသာရှိတဲ့ အစားအသောက်တွေ ပိုလုပ်ပြီး အာဟာရပြည့်ဝစေတာက မကောင်းဘူးလား။ နောက်နှစ်တစ်နှစ်လုံးအတွက် အလုပ်တွေကို ဘယ်လို လုပ်နိုင်မှာလဲ” လင်းချင်းဟယ်က သူမလက်ခံလာစေရန် သိမ်းသွင်းလိုက်သည်။


အကြီးဆုံးမရီးက ဂရုမထားဘဲ။ “ဒါက အမြဲတမ်း ဒီလိုပဲလား..”


“ရှင့်လူကို ရှင့်ဘာသာ ချစ်တာ ပိုကောင်းပါတယ်” လင်းချင်းဟယ်က ဆက်လက်ကြိုးစားသည်။


ဘယ်သူ ဘာပြောပြော သူမက ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူမနေရာတွင် ကျိုးချင်းပိုင် အာဟာရပြည့်ဝဖို့ တစ်ရက်သုံးနပ်ကို သေချာဂရုစိုက်မည်သာ။


သည်ကာလမှာက အားဖြစ်စေသော ထုတ်ကုန်များ မရှိပေ။ တကယ်လို့ သူတို့သာ အနာဂတ်မှ ဆိုပါက သူမသည် ငါးကြီးဆီနှင့် ငှက်သိုက်ကို ဝယ်ပြီး သူ့အတွက် ထောက်ပံ့ပေးအုံးမည် ဖြစ်သည်။ လက်ရှိမှာတော့ ပစ္စည်းကောင်းတွေက မရှိချေ။ သူမစိတ်ထဲတွင် တစ်ရက်သုံးနပ်သာ မကျွေးရပါက သိပ်ကို လွန်သွားပေလိမ့်မည်။


အကြီးဆုံးမရီးက သဘောတူညီလိုက်သည်။ “ငါ ပြန်ပြီးတော့ ကောင်းကောင်းချက် လိုက်အုံးမယ်”


လင်းချင်းဟယ်က သူမအမြင်ကို ထုတ်ဖော်ပြသခြင်းသာ ဖြစ်သည်။ သူမက ရယ်မောလိုက်ပြီး၊ “မအံ့ဩပါနဲ့ အကြီးဆုံးမရီး.. ငါက ချင်းပိုင်ရဲ့ခန္ဓာကိုယ်ကို စိတ်ပူလို့ပါ၊ အကြီးဆုံးအစ်မ သူ ဘာလို့ အငြိမ်းစား ယူခဲ့လဲ သိသားနဲ့ သူ့ခန္ဓာကိုယ်က သန်မာတယ်လို့ မြင်ရပေမဲ့ အကြီးဆုံးအစ်ကိုရယ် ကျန်တဲ့သူတွေနဲ့ နှိုင်းယှဉ်လို့ မရဘူးလေ”


အကြီးဆုံးမရီးက ချောင်းဟန့်လိုက်ပြီးနောက် ပြောသည်။ “သူ့ကိုယ်က ဒဏ်ရာရခဲ့တယ် ဆိုရင်တောင် ပြန်သက်သာသင့်တာ ကြာပြီပဲလေ”


သူမသည် စတုတ္ထမတ်လေး၏ ခန္ဓာကိုယ်ကို မြင်ဖူး၏။ တခြားသူတွေထက် ညံ့တယ်လား။ ပြောင်းပြန်တောင် ဆိုနိုင်ပေသည်။


အိမ်ထဲမှာပဲ နေပြီးတော့ အစားအသောက်တွေချက်ပြီး တခြားသူတွေကို ဂရုစိုက်ပေးတတ်တဲ့လူ ဖြစ်နေတာ အံ့ဩဖို့တောင် မလိုပေ။ ကျိုးချင်းပိုင်က ကောင်းကောင်း ထောက်ပံ့ပေးသင့်သည်။


လင်းချင်းဟယ်က ထိုအကြောင်းနှင့်ပတ်သတ်၍ မည်သည်ကိုမျှ ထပ်မဆိုတော့သဖြင့် အကြီးဆုံးမရီးက မီးမွှေးဖို့ ဒါမှမဟုတ် တခြားအရာတွေအတွက် ကူညီပေးခဲ့သည်။ ပဲလိပ်အဆာသွပ်လုပ်တာက လွယ်ကူသည်။ သို့သော် သူမက အများကြီး မလုပ်ခဲ့ဘဲ အကြီးဆုံးမရီး ပြန်သည့်အခါ နှစ်ခုသာ ပေးခဲ့သည်။


အကြီးဆုံးမရီးက ငြင်းချင်ခဲ့၏။ သူမက ပျင်း၍ ထိုင်ဖို့ရန်သာ ရောက်လာခြင်း ဖြစ်သည်။ သူမရှိနေ၍သာ ကူညီခဲ့ခြင်းဖြစ်၏။ ပင်လည်းမပင်ပန်းပေ။


သူမ ငြင်း၍ မရသောကြောင့် လက်ခံလိုက်သည်။


သူမက ယူသွားပြီးနောက် ကလေးများကို မျှဝေပေးလိုက်သည်။ သူမကလေးများ နှစ်သက်သည်ကို တွေ့မြင်ပြီးနောက် အကြီးဆုံးမရီးက စိတ်လှုပ်ရှားသွားသည်။ သူမက ပဲနီများကို ရေစိမ်ရန် ယူလိုက်တော့သည်။ ညနေပိုင်းတွင် သူမတို့ မိသားစုကလည်း ပဲလိပ်အဆာသွပ်ကို လုပ်စားခဲ့ကြလေ၏။


လင်းချင်းဟယ်က ပဲလိပ်အဆာသွပ်များ ပြုလုပ်ပြီးနောက် အိုးထဲတွင် ထည့်ထားလိုက်၏။ ၎င်းတို့သည် ရိုးရှင်းသည့် နေလည်စာအတွက် ကောင်းမွန်လှသည်။ သူမက အင်္ဂလိပ်ဖတ်စာအုပ်ဆီ‌ လေ့လာရန် သွားလိုက်တော့သည်။


အဖေနှင့်သားများသည် မွန်းတည့်ချိန်၌ ပြန်ရောက်လာ၏။ သူတို့က လက်ဗလာဖြင့် ပြန်လာခြင်းမဟုတ်။ သူတို့သည် မီးခိုးရောင်ရစ်ငှက်ကို ယူလာကြသည်။


ကောင်ကလေးများသည် ပါးများ နီရဲနေသည့်တိုင် မျက်လုံးများကတော့ တောက်ပနေလေသည်။ သူတို့က သိသိသာသာကို အားရကျေနပ်နေလေသည်။


“ဒီရစ်ငှက်ကို တစ်ဝက်ကို ကြော်ပြီး တစ်ဝက်ကို ပြုတ်လိုက်ကြမလား” လင်းချင်းဟယ်ကလည်း အပြုံးများဖြင့် ကျေနပ်နေလေသည်။


အိမ်တွင် ကြက်လေးကောင် ရှိပြီး ကြက်ဥအတွက် ချန်ထားရမည်။ သူတို့ကို ထိလို့ မရပေ။ ဟင်းစား တစ်ပန်းကန် ထပ်တိုးလာဖို့ ရစ်ငှက်ကို ဖမ်းမိလာတာက ကောင်းမွန်လှသည်။


“မင်းပဲ ဆုံးဖြတ်ပါ” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။


နေ့လည်စာအတွက် လင်းချင်းဟယ်၏ နှမ်းမြေပဲလက်ဖက်ရည်နှင့် ပဲလိပ်အဆာသွပ်များ စားလိုက်ကြသည်။


နှမ်းမြေပဲလက်ဖက်ရည်သည် အမှန်တကယ် လက်ဖက်ရည်မဟုတ်ပေ။ သူမသည် နှမ်းနှင့် မြေပဲကို ကော်ရည်ဖြင့် ရောနှယ်ပြီးနောက် အပေါ်မှ ရေနွေးကို လောင်းထည့်လိုက်ခြင်း ဖြစ်သည်။

ပြီးနောက် ဟင်းရည်အနည်းငယ် ထည့်လိုက်သည်။ ယင်းမှာ အလွန်အရသာရှိသည့် မူလပထမ နှမ်းမြေပဲလက်ဖက်ရည် ဖြစ်လေသည်။


၎င်းက ပဲလိပ်အဆာသွပ်ဖြင့် အလွန်လိုက်ဖက်ညီလှသည်။


စားသောက်ပြီးနောက် လောင်တ၊ လောင်အာ့၊ လောင်စန်းတို့က ထွက်သွားကြသည်။ သေချာသည်မှာ သူတို့အမေ သရေစာ လုပ်ထားပေးသော မြေပဲလက်တစ်ဆုပ်ကို အိတ်ထဲ ထည့်ဖို့ မမေ့သွားကြချေ။

ရာသီဥတု အလွန်အေး၍ အဖေကျိုးနှင့် အမေကျိုးက စားဖို့ မရောက်လာချေ။ ယင်းက စုချန်လေး တစ်ခုခု ဖြစ်မည်ကို ရှောင်ရန် ဖြစ်၏။ ကျိုးချင်းပိုင်က သူတို့ကို သွားပို့ပေးလိမ့်မည်။


ထို့ကြောင့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်သာ မိသားစုအိမ်အတွင်း ကျန်ရစ်ခဲ့တော့သည်။


ကျိုးချင်းပိုင်က ရစ်ငှက်ကို သတိရှိရှိ ကိုင်တွယ် ခုတ်ထစ်လိုက်သည်။ ပြီးနောက် သန့်ရှင်းသောလက်ဖြင့် ပြန်လာခဲ့၏။


ထုတ်ပြောပြီးထားပြီးသော လင်းချင်းဟယ်သည် ကျိုးချင်းပိုင်အနားတွင် ကြောက်ရွံ့ခြင်းမရှိပေ။ အင်္ဂလိပ်စာ တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာသည်။


အပြင်မှ တစ်ယောက်ယောက် ဝင်လာမည်ကိုလည်း မစိုးရိမ်ပေ။ တစ်ယောက်ယောက်သာ ဝင်လာပါက သူမတို့မိသားစု၏ ဖေးယင်က ဟောင်လိမ့်မည်။ အမေကျိုးဆိုလျှင်ပင် အချက်ပြလိမ့်မည်။


ကျိုးချင်းပိုင်က သူ့ဇနီးကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။


“မင်း ဒါကို ကြည့်နေတာ ကြာပြီ အခုထိ ကြည့်နေသေးတုန်းလား” လင်းချင်းဟယ်က သူ့လို စိတ်မရှည်ပေ။ ငါးမိနစ်လောက် စိုက်ကြည့်ခံရပြီးနောက် သူမက မော့လျက် သူ့ကို စူးစိုက်ကြည့်လာသည်။


ကျိုးချင်းပိုင်က သူမကို ပွေ့ဖက်လိုက်သည်။ သူမက သူ့လက်မောင်းကိုကိုင်လိုက်မှသာ သူ စိတ်သက်သာရာ ရသွား၏။


သူ တွေးမိသည်မှာ သူမအရင်ဘဝတွင် အလွန်ထက်မြက်သူ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါလော။


သူမက သူနှင့်အခုလို နေချင်ပါမည်လော။ သူသည် သူရှိသမျှအားလုံး ပေးမည်ဟု သူမကို ပြောခဲ့သည်။ အမှန်တကယ်တွင် သူ့ထံ၌ ထုတ်ပေးစရာ ဘာမှမရှိချေ။