အခန်း ၁၈၄
Viewers 43k

အခန်း (၁၈၄) - အငယ်ဆုံးသားလေးက အလိုလိုက်ခံချင်။


လင်းချင်းဟယ်သည် သူမယောက်ျား၏ ကိုယ်ကိုယ်ကိုယ် တန်ဖိုးထားမှု လျော့နည်းလာကြောင်းကို မသိလိုက်ပေ။


သူ့လက်မောင်းထဲတွင်နေရင်း သူမသည် သူမ၏အင်္ဂလိပ်စာလုံးများကိုသာ ဆက်၍ အလွတ်ရွတ်ပြနေခဲ့သည်။ သူမက အများကြီး ရွတ်ဆိုနေခဲ့ခြင်းတော့ မဟုတ်ဘဲ တစ်ရက်လျှင် အလုံး၂၀သာ ရွတ်ပြခဲ့ခြင်းဖြစ်သည်။


သူမသည် မနက်ခင်းတွင် ကျက်မှတ်ခဲ့ပြီး ယခုတွင် မှတ်ဉာဏ်ထဲ ရိုက်သွင်းနေခြင်း ဖြစ်သည်။


စာပိုဒ်များကိုလည်း မနက်ခင်းတွင် ကျက်မှတ်ခဲ့သည်။ ထို့အပြင် ယင်းတို့မှာ သူမ ယခင်က သင်ယူခဲ့ဖူးပြီး ဖြစ်၏။ သို့သော် ပြန်လည်လေ့ကျင့်ခဲ့ပေသည်။


ကလေးများသည် ခွန်အားပြည့်ဝတက်ကြွကြပေသည်။ တစ်နေ့တာလုံး ကစားပြီးနောက်တွင်ပင် မမောပန်းကြချေ။ သို့သော် လင်းချင်းဟယ်ကတော့ မတူပေ။ သူမသည် နေ့လယ်၁နာရီတွင် အမြဲတမ်း အိပ်ချင်နေလေသည်။


 “ရှင် မအိပ်ချင်ဘူးလား” လင်းချင်းဟယ်က အင်္ဂလိပ်ဖတ်စာအုပ်ကို နေရာလွတ်ထဲသို့ သိမ်းလိုက်ပြီးနောက် ကျိုးချင်းပိုင်ကို မေးလိုက်သည်။


ကျိုးချင်းပိုင်က သူမလက်ထဲမှ စာအုပ်ပျောက်ကွယ်သွားသည်ကို မျက်မြင်တွေ့လိုက်ရသည်။ ထိုအံ့ဩဖွယ်ကို သူ တွေ့ရှိခဲ့၏။ သူသည် မနေ့ညက မီးအိမ်အလင်းအောက်တွင့် တွေ့ခဲ့ခြင်း ဖြစ်ပြီး ယခုတွင်မူ နေ့ခင်းတွင် တွေ့ရခြင်း ဖြစ်သည်။


လင်းချင်းဟယ်က မျက်ခုံးပင့်ရင်း သူ့ကို ကြည့်လိုက်သည်။


ကျိုးချင်းပိုင်က ပြောသည်။ “ခဏလောက် အိပ်လိုက်ပါလား”


ထို့ကြောင့် လင်မယားနှစ်ယောက်လုံးသည် ခဏမျှ အိပ်စက်အနားယူချိန်တွင် ကျိုးချင်းပိုင်သည် အပေါ်မှ ဖိချလိုခဲ့သည်။ သို့သော် လင်းချင်းဟယ်က ငြင်းဆိုလိုက်ပြီး၊ “ရှင် ကောင်းကောင်း အနားယူတာ ပိုကောင်းမယ်”


ထိုအမျိုးသားသည် ဘယ်အချိန်ရပ်ရမည်ကို မသိချေ။ သူက အဲလိုနဲ့ သေမှာကို မကြောက်ဖူးလား။

ကျိုးချင်းပိုင်က သူမကို ဖက်ရုံဖက်ပြီး အိပ်ဖို့သာ တတ်နိုင်ခဲ့သည်။


လင်းချင်းဟယ်က အအိပ်မက်သူ ဖြစ်ပြီး မကြာမီ အိပ်မောကျသွား၏။


ကျိုးချင်းပိုင်က မအိပ်ပျော်ပေ။ သူက သူ့ဇနီးကို ကြည့်နေသည်။ အဆုံးတွင် သူ့ဇနီးက သူ့လက်မောင်းထဲမှာ ရှိနေပြီး သူ့ကို စိတ်သက်သာစေသည်။ သိပ်မကြာခင်တွင် သူသည်လည်း အိပ်ပျော်သွားတော့သည်။


လင်မယားက တစ်နာရီထက်မနည်း အနားယူလိုက်သည်။ ဆောင်းရက်များအတွင်း အိပ်ရာအတွင်းနေခြင်းက နွေးထွေးပြီး သက်တောင့်သက်သာ ရှိလေသည်။ ထို့ကြောင့် လင်းချင်းဟယ်သည် နိုးလာသောအခါ ပျင်းရိနေလေ၏။ သူမတစ်ကိုယ်လုံးက ပျားရည်မက်မွန်သီးကဲ့သို့ ဖြစ်နေပြီး သူမပါးပြင်ကလည်း အနီရောင်သန်းလျက် ချစ်စရာကောင်းနေသည်။ သူမသည် အလွန်ဆွဲဆောင်မှုရှိနေ၏။


“ဇနီးလေး” ကျိုးချင်းပိုင်က နိုးလာပြီးနောက် အင်အားများ အလွန်ပြည့်ဝနေ၏။ သူ့လက်များက သူမခါးအား ရစ်ဝဲနေလေသည်။


လင်းချင်းဟယ်က သူ၏ ပြုစုယုယမှုကို အလွန်စိတ်ကျေနပ်လေသည်။ သူမ မျက်ဝန်းများက မှေးကျဉ်းလျက် ဆိုသည်။ “အခုကနေ စလို့ သုံးရက်မှာ တစ်ကြိမ်ပဲ၊ ရှင်မနေ့ညက စားပြီးပြီ ဒီနေ့ကစပြီး နောက်နှစ်ရက်အတွင်း ကျွန်မတို့ အဲဒီအကြောင်း မပြောဘူး”


“အလုပ်သွားဖို့ မလိုဘူးလေ” ကျိုးချင်းပိုင်က ဆက်လက်ကြိုးပမ်းနေသည်။


သူက အလုပ်မရှိလို့ မပင်ပန်းပေ။ သူ မပင်ပန်းလို့ အကြိမ်များများ လုပ်နိုင်သည်ဟု ဆိုလိုပေသည်။


ထိုအမျိုးသား ဘာတွေးနေသည်ကို လင်းချင်းဟယ်က မသိပေ။ သူမက သူ့မျက်နှာကို အပြုံးလေးဖြင့် ထိတွေ့လိုက်ပြီး။ “ကောင်းကောင်းနေ အဓိပ္ပာယ်မရှိတာတွေ မတွေးနဲ့ ကောင်းကောင်းသာနှိပ်”


ထို့နောက် သူမက ကျောပေးလိုက်ပြီး သူက သူမကို ဆက်လက်နှိပ်နယ်ပေးလေသည်။


ထိုအမျိုးသားတွင် ကြမ်းတမ်းပြီး အသားမာများ ပြည့်နေသော လက်ဖဝါးရှိပြီး အင်အားပြည့်အဝ ရှိလေသည်။ အနည်းဆုံးတော့ လင်းချင်းဟယ်က ယင်းကို နှစ်သက်လေသည်။


သူမသည် လတ်ဆတ်သော အသားများကို အရသာမခံနိုင်ပေ။ သူမက သူရဲကောင်းဆန်ဆန် ကြွက်သားအပြည့်ဖြစ်နေခြင်းကို ပိုနှစ်သက်သူ ဖြစ်သည်။


ကျိုးချင်းပိုင်က ထိုကိစ္စကို အငြင်းမပွားခဲ့ချေ။ သူသည် ည၌ သူမအား သဘာဝကျကျ ကိုင်တွယ်ရန် နည်းလမ်းများ ရှိလေသည်။ ယခုတွင်တော့ သူက သူမကို နာနာခံခံဖြင့် နှိပ်ပေးနေသည်။


လင်းချင်းဟယ်သည် ထိုအမျိုးသားက သူမအား ဆွဲဆောင်နေသည်ဟု ခံစားမိနေသည်။ သူက သူမကို အဆင်ပြေပြေ နှိပ်နယ်ပေးနေသော်လည်း သူက တိုဖူးကို စားဖို့ မမေ့ပေ။ ထို့အပြင် သူ့ထံတွင် တည်ကြည်သော မျက်နှာထားနှင့် အလွန်အပြစ်ကင်းသလို ဖြစ်နေသည်။


ကောင်လေးတွေ အပြင်ကနေ မပြန်လာခင်အထိ လင်မယားနှစ်ယောက်လုံးက အနွေးခုတင်ပေါ်မှာ ရှိနေခဲ့သည်။


ညီအစ်ကိုတွေက ပြန်လာပြီးနောက်မှာ သူတို့မိဘများ၏အခန်းတံခါး ပိတ်ထားတာကို တွေ့လိုက်ရတော့ ခေါင်းငုံ့ပြီးတော့ အနှောင့်အယှက်မပေးမိဖို့ သတိထားလိုက်ကြသည်။ သူတို့က သူတို့အခန်းထဲကို ပြန်သွားလိုက်ကြသည်။


ဤနှစ်စတင်ကတည်းက သားငယ်လေးလောင်စန်းအပါ သူတို့အားလုံး တစ်ဖက်ခန်းမှာ အိပ်ကြသည်။


“ကျွန်မတို့သားသုံးယောက်က တကယ် အရှုပ်လေးတွေပဲ” လင်းချင်းဟယ်က တစ်ဖက်ခန်းမှ ညီအစ်ကိုများ၏ ရယ်မောသံကို ကြားပြီးနောက် ကူကယ်ရာမဲ့ သွားသည်။


“သူတို့က မင်းစကားဆိုရင် နားထောင်ပါတယ်” ကျိုးချင်းပိုင်က ဆိုသည်။


လင်းချင်းဟယ်က ခပ်သာသာ ရယ်မောလိုက်၏။ အသက်ရှင်လိုစိတ် ပြင်းပြသော စိတ်ဆန္ဒကို သူမက ဘာလို့ ကြားလိုက်မိပါလိမ့်။


“သူတို့ ကျွန်မစကားကို နားထောင်တာ မှန်တယ်။ ကျွန်မ သူတို့ကို ကောင်းကောင်းဆင် ကောင်းကောင်းကျွေးထားတာ သူတို့သာ ကျွန်မ စကားကို နားမထောင်ဘူးဆိုရင် တုတ်ပဲပေးလိုက်မယ်” လင်းချင်းဟယ်က သူ့ကို ချိုသာစွာ စိုက်ကြည့်လိုက်သည်။


“မင်း အဲလို လုပ်ဖို့ မလိုပါဘူး၊ ကိုယ် လုပ်ပေးမှာပေါ့” ကျိုးချင်းပိုင်က ပြန်ပြောသည်။


လင်းချင်းဟယ်က သည်အချိန်တွင် ကူကယ်ရာမဲ့သွား၏။ သူမက ရယ်မောလျက် သူ့အား ကြည့်လိုက်သည်။ “မင်းမှာ မိထွေးရှိရင် ပထွေးလည်း ရှိတယ်လို့ လူတွေပြောကြတာ မထူးဆန်းတော့ဘူး”


ကျိုးချင်းပိုင်က တစ်ခုခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသော်ငြား သူက တည်ကြည်စွာ အမှန်ပြင်ပေးလိုက်သည်။


“မင်းက သူတို့ရဲ့အမေအရင်းပဲ”


သူ့နှလုံးသားထဲတွင် သူမသည် သူနှင့် သူ့သားသုံးယောက်ကို ဘယ်လို ဆက်ဆံမှန်း သိသည်။ သူမသည် သူ့ဇနီးဖြစ်သလို သူ့သားများ၏ မိခင်လည်း ဖြစ်၏။


လင်းချင်းဟယ်က ပြန်မငြင်းခဲ့ချေ။ သူမသည် သူမကိုယ်သူမ ကလေးများအတွက် မြှုပ်နှံထားပြီး ဖြစ်သည်။ အကယ်၍ သူတို့သာ သားသမီးကောင်းမပီသခြင်း၊ နာခံမှုမရှိခြင်း၊ သို့မဟုတ် စာရိတ္တပျက်ပြားခြင်းများ ဖြစ်လာပါ သူမသည် ရိုက်နှက်ဖို့အတွက် သနားကြင်နာမည် မဟုတ်ချေ။


အချိန်ရောက်သောအခါ လင်းချင်းဟယ်က စွပ်ပြုတ်အတွက် အသားအချို့ကို ရွေးယူလိုက်သည်။ ညအတွက် မှိုနှင့်မွှေကြော်ရန် အချို့ကို ချန်ထားလိုက်သည်။


“အမေ သားခြေအိတ်မှာ အပေါက်တစ်ခု ရှိတယ်” လောင်စန်းက ထွက်လာပြီး သူမကို ကြည့်ရင်း ပြောသည်။


“အပေါက်... ငါ မင်းအတွက် ချုပ်ပေးပြီးပြီ မဟုတ်လား” လင်းချင်းဟယ်က ကြက်သားခေါက်ဆွဲကို ချက်ပြီးနောက် သူ့နောက်ကို လိုက်သွားလိုက်သည်။


လောင်စန်း၏ ခြေအိတ်တွင် အမှန်ပင် အပေါက်တစ်ခု တိုးလာလေသည်။ လင်းချင်းဟယ်က မှတ်ထားလိုက်ပြီးနောက်။


“ဘာလို့ ဒီလောက်မြန်မြန် ပျက်စီးရတာလဲ၊ အမေ ပြန်ပြင်ပေးထားတာ ရက်နည်းနည်းလေးပဲ ရှိသေးတာလေ”


“သားမသိဘူး သား ဒါကို ဝတ်တော့မှ ဘာလို့မှန်းမသိဘဲ ပေါက်နေတာ” လောင်စန်းက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောသည်။


လင်းချင်းဟယ်က နေရာချလိုက်သည်။ “အရင်ဆုံး အနွေးခုတင်ပေါ်ကို သွားလိုက် အမေ မင်းခြေအိတ်ကို အရင်ပြင်ပေးမယ်”


ညီအစ်ကိုသုံးယောက်သည် ခြေအိတ်နှစ်စုံစီ ရှိကြသည်။ သို့သော် တစ်စုံကိုမူ မနေ့က လျှော်ထားခဲ့ပြီး ဖြစ်၏။ သူတို့ကို အနွေးခုတင်ပေါ်တွင် လှမ်းထားသည်။ သူတို့ မခြောက်ရင် ဝတ်၍ ရမည် မဟုတ်ပေ။ ထို့ကြောင့် သည်တစ်ခုကို သူ့အတွက် ချုပ်ပေးရုံသာ ရှိတော့သည်။


လောင်စန်းက အနွေးခုတင်ပေါ်တွင် မျှော်လင့်နေသည်။ လင်းချင်းဟယ်က ခြေအိတ်ကို ဖာပေးရန် ယူလာသည်။ သူမက သတင်းစာဖတ်နေသော ကျိုးချင်းပိုင်ကို ပြောလိုက်သည်။ “ကျွန်မ လောင်စန်းကို မသင်္ကာဘူး ကောင်စုတ်လေးက ကျွန်မကို သူ့အတွက် ခြေအိတ်အသစ် ဝယ်ခိုင်းစေချင်တာ ဒါကြောင့် သူက ကျွန်မကို တမင်သက်သက် အလုပ်ရှုပ်အောင် လုပ်နေတာ”


“ဟမ်...” ကျိုးချင်းပိုင်က သူမကို လှည့်ကြည့်လာသည်။


“အရင်ရက် မတိုင်မီကပဲ ဒီကောင်လေးရဲ့ခြေအိတ်တွေကို ကျွန်မ ပြုပြင်ပေးခဲ့တာ အခုကျတော့ အပေါက်ကြီး ဖြစ်နေပြန်တယ်” လင်းချင်းဟယ်က သူ့ကို ကြည့်လိုက်သည်။


ကျိုးချင်းပိုင်က ပြောသည်။ “သူ့ကို တစ်ယောက်တည်း လွတ်ထားလိုက် အဲဒါကို သူ့ဖာသာ ဆက်ဝတ်နေပါစေ”


“ခြေအိတ်မပါဘဲ ဖိနပ်စီးရင် အနံ့နံလိမ့်မယ်” လင်းချင်းဟယ်က အပ်နှင့် ချည်ကို ဆွဲထုတ်လိုက်ပြီး စချုပ်တော့သည်။ “ဒီကလေး နောက်တစ်ခါ ပျက်စီးအောင်လုပ်ရဲရင် ငါ သူ့ကို ခြေထောက်နံနံနဲ့ ထားမယ်”


ခြေအိတ်များက အတန်ငယ် ဟောင်းနေလေပြီ။ ဆိုရလျှင် သူတို့က နှစ်ကြိမ်တိုင်တိုင် ဝတ်ဆင်ခဲ့ပြီး ဖြစ်၏။ သို့တိုင် သူတို့သည် ဆက်လက်ဝတ်ဆင်၍ ရနေဆဲ ဖြစ်၏။ အသစ်ဝယ်ရန် မလိုသေးပေ။


ကျိုးချင်းပိုင်က သူမ ခြေအိတ်များကို လျင်မြန်စွာ ဖာထေးလိုက်သည်ကို ကြည့်နေခဲ့သည်။


လင်းချင်းဟယ်က လောင်စန်းကို အော်ခေါ်လိုက်၏။ ပြီးနောက် သူမက သူ့အား ခြေအိတ်များ ပေးလိုက်သည်။ သူ့မျက်လုံးကို စိုက်ကြည့်ပြီးနောက် သူမက ပြောလိုက်သည်။ “လောင်စန်း ဒီခြေအိတ်တွေကိုကောင်းကောင်းသုံးဖို့ လိုတယ် နောက်တစ်ခါ ပျက်စီးသွားရင် မင်း ဝတ်ဖို့ ခြေအိတ်တွေ ရှိတော့မှာ မဟုတ်ဘူး”


“ဒါပျက်စီးသွားရင် အသစ်ဝယ်ပေး” လောင်စန်းက တောက်ပနေသော မျက်ဝန်းများဖြင့် ပြောသည်။


ယင်းကို နားထောင်ကြည့်ခြင်းအားဖြင့် ထိုကလေးက တမင်ပျက်စီးအောင် လုပ်သည်ကို သူမ နားလည်လိုက်သည်။ သူမသည် ကျိုးချင်းပိုင်ကို ‘ဒါက ရှင့်ရဲ့သား’ ဟု အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။


“ငါတို့ မိသားစုက ဒီနှစ်မှာ ဝင်ငွေနည်းနည်းပဲ ရတာ ဒါပေမဲ့ မင်း မင်းတို့သုံးယောက်လုံး ပိုပိုပြီး ကြီးလာတယ် ငွေတွေအားလုံးကို စားစရာတွေ ဝယ်လိုက်ပြီ ပိုလျှံတဲ့ငွေဆိုတာ မရှိဘူး” လင်းချင်းဟယ်က ရှင်းပြသည်။


“သားတို့ မိသားစုက နို့သောက်နိုင်တာပဲ” လောင်စန်းက ထောက်ပြသည်။


“ဒါက ဘာလို့လဲ ဆိုတော့ မင်းတို့ ကြီးလာဖို့ပဲ မင်းနို့သောက်ရမယ်။ မင်းအစ်ကိုကြီးကို ကြည့် ဒီနှစ်မှာ သူ ဘယ်လောက်တောင် အရပ်မြင့်လာလဲ ၅စင်တီမီတာလောက် ရှိမယ် သူ့အဝတ်အစားတွေက နောက်နှစ်ဆောင်းတွင်းမှာ မတော်လောက်တော့ဘူး အသစ်လုပ်ပေးဖို့ လိုတယ်” လင်းချင်းဟယ်က ထိုအချက်ကို ထောက်ပြပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။


လောင်တသည် ကောင်းစွာကြီးထွားဖွံ့ဖြိုးသည့် ကာလအပိုင်းအခြားသို့ မရောက်သေးသော်ငြား လျင်မြန်စွာ ကြီးထွားနေသည်။


ဤနှစ်ပြီးလျှင်တောင် သူက ဆယ်နှစ်သာ ရှိပေအုံးမည်။ သူသည် ၁.၅မီတာ ရှည်နေပြီဖြစ်၏။ သူမ ခန့်မှန်းချက်အရ နောက်နှစ်တွင် သူသည် ၁.၅၅မီတာအထိ ရောက်လာနိုင်ပေမည်။


သို့သော် လောင်စန်းမှာ ယင်းကို ဂရုမစိုက်ပေ။ သူသည် ခြေအိတ်အသစ်သာ လိုချင်ပေ၏။


“အမေ သားခြေအိတ်တွေက သိပ်ဟောင်းနေပြီ အသစ်လေးနဲ့ လဲပေးလို့ ရမလား” လောင်စန်းက ခြေအိတ်ကို မည်မျှ ကောင်းကောင်း ချုပ်ထားသည်ကို သတိပြုမိပြီး ထပ်မံပျက်စီးစေ၍ မရတော့မည်ကို သိနားလည်လေသည်။ ထို့ကြောင့် သူက အလိုလိုက်ပေးဖို့ တောင်းဆိုရုံပဲ တတ်နိုင်တော့သည်။