အခန်း ၁၈၈
Viewers 38k

အခန်း (၁၈၈) - ပိုက်ဆံချေးငှားခြင်း


လင်းချင်းဟယ် ယနေ့ခေတ်မှ စုဆောင်းထားသော ပစ္စည်းများအကြောင်း စဥ်းစားကြည့်ပါ။


ကြက်ဥ၊ ဝက်သားနှင့် မြေပဲဆီတွေ အားလုံးကို စားသုံးခဲ့သည်။ ဒါတွေကို ပြင်ပမှ ပြန်လည်သိုလှောင်ရန် လိုအပ်နေပြီ ဖြစ်သည်။


ဒါပေမယ့် ဆန်တို့ ဂျုံတို့နှင့် ပတ်သက်ရင် အများကြီး ကျန်ရှိနေ‌သေးသည်။


အဲ့ဒီအချိန်တုန်းက သူမ ဆန်အိတ် ၅၀ ဝယ်ယူလာခဲ့ပြီး တစ်အိတ်လျှင် ကျင်း ၂၀ အလေးချိန် ရှိသည်။


ဒါမေပယ့် အိမ်မှာ မကြာခဏ ဆိုသလို ထမင်း မစားဖြစ်ကြဘူး။ ဂျုံ့မှုန့်ကိုသာ အဓိကထားပြီး စားသုံးသည်။ ဒါ့ကြောင့် ယခုထက်ထိတိုင် ဆန်အိတ် ၃၀ခန့် ကျန်သေးသည်။


အထူးသဖြင့် ကျိုးချင်းပိုင် အိမ်ပြန်ရောက်ပြီးနောက် သူ့ကို ဒီအကြောင်းအား မပြောပြရသေးသည့်အချိန်တွင် သူမသည် သူ အတွေးများမှာ စိုးသဖြင့် ဘာမှ အလွန်အကျူး မလုပ်ဝံ့ပေ။ ဒါ့ကြောင့် သူမသည် နေရာလွတ်မှ ပစ္စည်းတွေကို အလွန်အကျွံ့ ထုတ်ယူ မသုံးစွဲဝံ့ဘူး။


သူမသည် ထိုအချိန်က ဂျုံအိတ် ၅၀ကိုလည်း မှာယူခဲ့သည်။ ထိုဂျုံမှုန့်များသည် လက်ရှိ နာမည်ကြီး ရိက္ခာများပ်င ဖြစ်သည်။ အရည်အသွေးမြင့် ဂျုံမှုန့်တွေ ဖြစ်လေသည်။


အိမ်မှာလည်း ရိက္ခာတွေ ရှိနေတာကြောင့် သူမသည် အခုအချိန်အထိ ဒါတွေ အကုန်လုံးကို မသုံးစွဲရသေးပါဘူး။


ပြီးတော့ သူမသည် ဆယ်ရက်တွင် နှစ်ရက်သာ ဂျုံသီးသန့် အသုံးပြုထားသည့် မန်ထိုတွေကို ပြုလုပ်တာ ဖြစ်သည်။ အခြားမည်သည့်ပါဝင်ပစ္စည်းများကို ရောနှောသုံးစွဲထားခြင်း မရှိပေ။


အများဆုံး စားသုံးတာကတော့ ဂျုံမှုန့် ပြောင်းမှုန့်တွေနှင့် ရောနှော အသုံးပြုတာပဲ ဖြစ်သည်။


အစေ့အဆန်တွေ များများ စားသုံးတာက ခန္ဓာကိုယ်အတွက် ကောင်းမွန်သည်။


သို့တိုင် သူတို့သည် ရံဖန်ရံခါ ဆိုသလို ဖက်ထုပ်တွေနှင့် ခေါက်ဆွဲတွေကို စားသုံးကြသည်။ ဒါ့ကြောင့် စားသုံးမှုက အနည်းငယ် အကုန်မြန်သည်။ ဒါတောင် ဂျုံအိတ် ၁၀အိတ် ကျန်သေးသည်။


ဂျုံအိတ် ၁၀ အိတ်က သိပ်မများပါဘူး။ အဆုံး၌ တစ်အိတ်တွင် ကျင်း ၂၀သာ ပါဝင်သည်။


ဒီနှစ်မှာတော့ သူမသည် ဂျုံအချို့ ခွဲဝေရရှိခဲ့သည်။ တတိယမောင်လေးလင်းသည်လည်း ကျင်း ၃၀ခန့် ရရှိခဲ့သည်။ တစ်မိသားစုအတွက် အသားဘန်းမုန့်လုပ်စားဖို့က ပြဿနာတစ်ရပ် မဟုတ်ပေ။


သူတို့ ဘန်းမုန့်တွေ အများကြီး ပြုလုပ်ထားသည်။ သူတို့ အကုန် မစားနိုင်ရင် ခြင်းထဲတွင် သိမ်းထားနိုင်သည်။ သူတို့ စားသောက်ခါနီးမှ ရေနွေးငွေ့ဖြင့် ပေါင်းစားနိုင်သည်။ ဒါကို ပြုလုပ်ရ လွယ်ကူမြန်ဆန်သည်။


အသားခွဲဝေပြီးချိန်မှစ၍ နှစ်သစ်ကူးအကြိုနေ့အထိ မိသားစုရဲ့ စားသောက်ဝိုင်းတွင် အဆီများများ ပါဝင်ပြီး အရသာကောင်းမွန်သော ဟင်းလျာများ အမြဲပါရှိခဲ့သည်။


ဝက်အူမကြီး၊ ဝက်အစာအိမ်နှင့် ဝက်ခေါင်းတို့ကို စားသောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။


ဝက်ဗိုက်သား၊ အဆီနည်းအသားနှင့် အပိုချန်ထားသည့် ဝက်နံရိုးတွေသာ ကျန်တော့သည်။


ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့သည် နှစ်သစ်ကူး အကြိုနေ့မှသာ ရောက်လာကြသည်။


ဒီနှစ်မှာတော့ သူတို့လင်မယားနှစ်ယောက်ဟာ ကျေးလက်ဒေသတွင် လည်ပတ်ခဲ့ကြသည်။ သူတို့နှင့်အတူ စားနပ်ရိက္ခာတွေပါ ယူလာခဲ့ကြသည်။ အဲ့ဒီအပြင် ကြက်တစ်ကောင်၊ ကြက်ဥ တစ်ခြင်းနှင့် ငါးပိုက်ကွန်တစ်ခုလည်း ပါလာခဲ့သည်။


ကြက်ဥတစ်ဝက်နှင့် ငါးတွေကို တတိယမရီးကို ပေးခဲ့သည်။ ကျန်တာတွေကတော့ လင်းချင်းဟယ်တို့အိမ်အတွက်ပင်။


အခုလောလောဆယ် စုရွှင်းလေးသည် နွားနို့ကို ဆက်သောက်နေဆဲ ဖြစ်သည်။ သူ့ရဲ့ အစာစားချင်စိတ်က မသေးငယ်လှပေ။ တတိယမရီးသည် 


စုရွှင်းလေးသည်လည်း အခုဆို တဖြည်းဖြည်း အသက်ကြီးလာလေပြီ။ သူလေးက ထမင်းကိုပင် စတင် စားသောက်နေလေပြီ။


“စတုတ္ထယောင်းမ၊ နင် ဒီနှစ် ကြိုတင် ပြင်ဆင်သင့်တယ်။ ငါ့ဒုတိယအစ်မက ပိုက်ဆံချေးနိုင်တယ်။” ကျိုးရှောင်မိန်က သူမရဲ့ စတုတ္ထယောင်းမအား တိုးတိုးတိတ်တိတ် ပြောခဲ့သည်။


လင်းချင်းဟယ် အံ့သြသွားကာ “ဘာလို့ ပိုက်ဆံချေးမှာလဲ။”


“ငါ့ဒုတိယအစ်မ မိသားစုက သူ့ယောင်းမတွေနဲ့ ရန်ဖြစ်ခဲ့တယ်။ ဒုတိယခဲအိုက သူ့အစ်ကိုအကြီးဆုံးကို ခေါင်းကွဲသွားအောင် လုပ်ခဲ့တယ်။” ကျိုးရှောင်မိန်က ရှင်းပြသည်။


“ဟမ်” လင်းချင်းဟယ် အံ့သြထိတ်လန့်သွားသည်။


ကျိုးမိသားစုဟောင်းသည် မည်သည့် သတင်းမျှ မကြားရသောကြောင့် သူမသည် ကျိုးရှောင်မိန်အား ဒီအကြောင်းကို ဘယ်လို သိတာလဲလို့ မေးမြန်းခဲ့သည်။


ကျိုးရှောင်မိန်က အနည်းငယ် ရှက်ရွံ့သွားပြီး တီးတိုးပြောသည်၊ “ငါ ဆေးရုံကို ကွန်ဒုံးအချို့ သွားယူတုန်းက ဒုတိယအစ်မကို တွေ့လိုက်ရပြီး ဒီအကြောင်းကို သိခဲ့ရတာ။”


ထို့နောက် သူမသည် ဒုတိယအစ်မက အိမ်ခွဲနေမည့် သူတို့ရဲ့ အစီအစဥ်အကြောင်းကို ပြောပြခဲ့သည်။ ဒါပေမယ့် သူတို့လက်ထဲတွင် စုထားဆောင်းထားသည့် ငွေကြေးက မလုံလောက်ပါဘူး။ ဒါကြောင့် သူမကို နည်းနည်းလောက် ချေးငှားပေးလို့ ရနိုင်မလားလို့ မေးမြန်းခဲ့ခြင်း ဖြစ်သည်။


ကျိုးရှောင်မိန်က သူမကို ယွမ် ၃၀လောက် ချေးပေးနိုင်မယ်လို့ ပြောလိုက်သည်။


ယွမ် ၃၀နဲ့ ဘယ်လုံလောက်ပါ့မလဲ။ အဆုံး၌ ဒုတိယအစ်မတွင် သားသမီး ၅ယောက်ရှိပြီး သူတို့အသက်တွေက သိပ်မငယ်တော့ဘူး။ တတိယမောင်လေးလင်းရဲ့ အခြေအနေနှင့် သိပ်မတူဘူး။ တတိယမောင်လေးလင်းမှာ ကလေး ၄ယောက် ရှိပေမယ့် သူတို့က ငယ်သေးသည်။ စတုရန်း တစ်ဒါဇင်လောက် အကျယ်အဝန်းဆို သူတို့ နေထိုင်ရန် နေရာလုံလောက်သည်။


“အဲ့ဒီအချိန်ကျ သူမ ပိုက်ဆံ ဘယ်လောက် လိုမလဲ တစ်ချက် ကြည့်တာပေါ့။ ငါ သူမကို နည်းနည်းလောက် ချေးငှားပေးနိုင်ပါတယ်။” လင်းချင်းဟယ်က စကားကို မယုတ်မလွန်သာ ပြောထားခဲ့သည်။


တကယ်တော့ ကျိုးမိသားစုရဲ့ အကြီးဆုံး သမီးနှစ်ယောက်နှင့် သူမရဲ့ ဆက်ဆံရေးသည် သာမာန်မျှသာ ဖြစ်သည်။ သူတို့သည် အကြီးဆုံးမရီးနှင့် ဒုတိယမရီးတို့နှင့် ဆက်ဆံရေး ပိုကောင်းသည်။


သို့ရာတွင် မိသားစုကြား ကိုယ် တတ်နိုင်သည့်အခါမျိုးမှာ ချေးငှားပေးသင့်သည်။ သူမမောင်လေးတုန်းက ချေးငှားပေးခဲ့သည်။ ကျိုးချင်းပိုင်ဖက်မှာ အကူအညီလိုတဲ့အခါ မချေးငှားပေးရင် တရားမျှတမှာ မဟုတ်ဘူး။


ကျိုးရှောင်မိန် ပြောသည့်စကားကြောင့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် မနှစ်တုန်းကကဲ့သို့ နှစ်သစ်ကူး ဒုတိယနေ့တွင် အလည်အပတ်ခရီး မထွက်ခဲ့ကြပေ။


ဒီနေ့အစား မနက်ဖြန် နှစ်သစ်ကူးပြီး သုံးရက်မြောက်နေ့မှာ သွားလို့ ရပါသည်။ ဒီနေ့တော့ သူတို့အိမ်မှာပဲ နေပြီး အလည်အပတ် ရောက်လာမည့် အကြီးဆုံးအစ်မနှစ်ယောက်ကို စောင့်ဆိုင်းနေကြသည်။


ကျိုးရှောင်မိန်ပြောတာ မှန်တယ်။ ဒုတိယအစ်မသည် သူမရဲ့ ယောက္ခမတွေက ပထမအိမ်ဖက်ကို မျက်နှာသာပေးတဲ့အတွက် သူ့မိခင်ဖက်မိသားစုဆီကနေ ပိုက်ဆံနည်းနည်းလောက် ချေးငှားပြီး သူတို့ဖာသာ အိမ်ခွဲနေချင်နေကြတာ ဖြစ်သည်။ ယောက္ခမတွေက နောင်အနာဂတ်တွင် ပထမအိမ်နောက်သို့ လိုက်ပါနေထိုင်မည်ဖြစ်ရာ လူကြီးတွေက ဒီရန်ပွဲတွင် ပထမအိမ်ဖက်ကို ဘက်လိုက်ခဲ့ကြသည်။


ဒီတစ်ခါမှာတော့ ဒုတိယအစ်မက အိမ်ခွဲနေထိုင်ဖို့ အဆိုပြုခဲ့သည်။ လူကြီးနှစ်ယောက်ရဲ့ တုံ့ပြန်မှုကတော့ သူတို့ အိမ်ခွဲနေချင်လို့ရတယ်၊ နောင်အနာဂတ်မှာ သူတို့ကို ကြည့်ရှုထောက်ပံ့ဖို့ ဝတ္တရားကိုတော့ မပျက်ကွက်ရဘူးဟုပင်။ အိမ်ခွဲဖို့ ပြင်ဆင်ပြီးနောက် သူတို့သည် ရိက္ခာဝေစု အနည်းငယ်နှင့် ယွမ် တစ်ဒါဇင်လောက်သာ ရနိုင်သည်။ ထို့ထက်ပို၍ ရဖို့ရာ မဖြစ်နိုင်ပေ။


ဒီအခြေအနေများအောက်တွင်ပင် ဒုတိယအစ်မသည် အိမ်ခွဲနေထိုင်ရန် ဆက်လက် လုပ်ဆောင်ခဲ့သည်။


သူမ ဒီအိမ်မှာ လုံးဝ ဆက်မနေချင်တော့ဘူး။


နောက်အနာဂတ်မှာ ကြည့်ရှုစောင့်‌ရှောက်ရမည့် ဝတ္တရားအတွက်ကတော့ သူမ ဒီလူအိုကြီးနှစ်ယောက်ကို ဘယ်လို ဂုဏ်ပြုပေးမလဲ ဆိုတာကို စောင့်ကြည့်လိုက်ပါ။


အစ်မအကြီးဆုံးနှင့် ဒုတိယအစ်မသည် တကယ့်ကို သဘောကောင်း မနောကောင်း စရိုက်လက္ခဏာများ ရှိကြသည်။ အငယ်ဆုံးညီမလေး ကျိုးရှောင်မိန်နှင့် လုံးဝ မတူပေ။ ကျိုးရှောင်မိန်သည် အနည်းငယ် ရဲရင့်သည်။


ဒါပေပယ့် အကြီးနှစ်‌ယောက်မှာ အနည်းငယ် စိတ်ဓာတ် ပျော့ညံ့သောကြောင့် လင်းချင်းဟယ်က ဒီလိုလူကောင်းတွေကို သိပ်မကြိုက်ဘူး၊ ခံနိုင်ရည်ရှိဖို့ ခက်ခဲသည်။


ထို့ကြောင့် သူမသည် သူတို့နှင့် ဆက်ဆံရေးကို အတော်အသင့်သာ ထားရှိခဲ့သည်။ ထိုမတိုင်ခင် သူမနှင့် ကျိုးချင်းပိုင်သည် ကလေးတွေကို မြို့ထဲတွင် ဆော့ကစားဖို့ ခေါ်သွားခဲ့သည်။ သူတို့က အဖေကျိုးနှင့် အမေကျိုးတို့ကို ကျွေးမွေးဧည့်ခံနိုင်ရန် ဟင်းပွဲတွေကို ကျိုးအိမ်ဟောင်းဖက်သို့ ပေးထားခဲ့သည်။


ဒါပေမယ့် ဒုတိယအစ်မ ပြန်ရောက်လာသောအခါတွင် လင်းချင်းဟယ်က သူမ စိတ်ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားကြောင်း သိလိုက်ရသည်။ ဝိုး... ဒီလိုမျိုး သဘောကောင်း မနောကောင်းလူမျိုးတွေကို ဒီလိုမျိုး စိတ်ပိုင်းဖြတ်ထားသည့်အထိ ဖြစ်စေခဲ့တာလား။


ဒုတိယအစ်မ တစ်ဦးတည်း အိမ်ပြန်လာခဲ့သည်။ သူမမှတပါး အခြား တစ်ယောက်မှ မပါလာခဲ့ဘူး။


လင်းချင်းဟယ်က သူမကို ယွမ် ၅၀ ချေးငှားခဲ့ပြီး “ဒုတိယအစ်မနဲ့ ဒုတိယခဲအိုတို့ အိမ်ပြောင်းတဲ့အခါ ချင်းပိုင်ကို လာရှာပြီး ကူညီခိုင်းလို့ရတယ်။ သူက အုတ်နဲ့ အုတ်ကြွပ်တွေ ရနိုင်မလားလို့ အစ်မကို ကူညီပေးနိုင်လိမ့်မယ်။”


ဒုတိယအစ်မက သဘောတူလိုက်သည်။


ဒီတစ်ကြိမ် ပြဿနာတက်တာ မကြီးမားလျှင် သူမ မိခင်အိမ်ဖက်သို့ ပြန်လာပြီး ချေးငှားတာမျိုးကို မလုပ်ချင်ပါဘူး။ လူကြီးတွေက ဂရုမစိုက်ပေမယ့် သူမတို့မှာ စဥ်းစားစရာ ကလေးငါးယောက် ရှိတယ်။


ဒီတစ်ခါမှာတော့ သူမ အိမ်ခွဲနေထိုင်သည့်အခါ အုတ်အိမ်လေး ဆောက်ဖို့ စိတ်ကူးထားသည်။ သူမမိခင်ဖက် မိသားစုရဲ့ ပံ့ပိုးကူညီပေးမှု မရှားပါးတာကို သူမ ယောက္ခမနှင့် တခြားသူတွေ သိအောင် ပြသချင်‌သေးသည်။ သူတို့က အိမ်ခွဲနေဖို့ ပိုက်ဆံတွေ အများကြီး မပေးရင်တောင် သူမမိသားစုက ကောင်းကောင်း နေထိုင်နိုင်သေးကြောင်း ပြသချင်သည်။

 

မဟုတ်ရင်၊ သူမ အိမ်ပြန်လာပြီး ပိုက်ဆံ အများကြီး ချေးငှားခဲ့မှာ မဟုတ်ပါဘူး။


ဒီတစ်ခါ ကျိုးရှောက်မိန်က ယွမ် ၃၀၊ လင်းချင်းဟယ်က ယွမ် ၅၀၊ အကြီးဆုံးမရီးနှင့် ဒုတိယမရီးတို့က ယွမ် ၂၀စီ၊ တတိယမရီးက ၁၀ယွမ်ဆီ ချေးငှားပေးခဲ့သည်။ အကြီးဆုံးအစ်မသည်လည်း ၁၀ယွမ် ချေးငှားပေးခဲ့သည်။ သူမရဲ့ အခြေအနေကလည်း သာမာန်မျှသာ ဖြစ်တာကြောင့် ၁၀ယွမ် ချေးပေးနိုင်တာကပင် တော်တော်ကောင်းနေပါပြီ။

 

အမေကျိုးကလည်း သူမကို နည်းနည်း ပေးလိုက်သေးသည်။ ဘယ်လောက် ပေးသလဲ ဆိုတာကိုတော့ ဘယ်သူမှ မမေးခဲ့ကြဘူး။


တကယ်တော့ အမေကျိုးကလည်း အများကြီး မပေးခဲ့ပါဘူး။ သူမက ယွမ် ၂၀ကို ချေးငှားခဲ့တာ ဖြစ်ပြီး ပေးခဲ့တာ မဟုတ်ပေ။


အမေကျိုးက သူမနှင့် အဖေကျိုးတို့ အိုစာမင်းစာအတွက် စုဆောင်းထားတဲ့ငွေ ဖြစ်သည့်အတွက် အဆင်ပြေတဲ့အခါ ပြန်ရလိုကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ တကယ်တမ်းကျတော့ သူတို့က လောင်တတို့ညီအစ်ကိုတွေ နောင်အခါ လက်ထပ်ထိမ်းမြားသည့်အခါ သတို့သမီးတင်တောင်းငွေအဖြစ် ပေးဖို့ စီစဥ်ထားတာ ဖြစ်သည်။


လင်းချင်းဟယ်က အဲ့ဒီကိစ္စအတွက် ငွေစုထားဖို့ မလိုအပ်ဘူးလို့ ပြောခဲ့တာတောင် နောင်လိုအပ်တဲ့အခါ သုံးဖို့ ငွေစုထားချင်ကြသည်။ ဒါ့ကြောင့် သူတို့က အလောတကြီး မလိုအပ်သေးတာ မဟုတ်ပါလား။


အသက်ကြီးတဲ့ မျိုးဆက်တွေက အရမ်း ဆက်ဆံရ ခက်ခဲသည်။ ဒီနေ့ မူးအောင် သောက်ဖို့ တွေးထားရင် ဒီနေ့ပဲ မူးအောင် သောက်ပါ။


ဒါပေမယ့် ပိုက်ဆံအများကြီး ချေးငှားရရှိပေမယ့် မလုံလောက်သေးပါဘူး။ သူ့မိခင်ဖက်မိသားစုကနေ အများကြီး ချေးငှားနိုင်တာ အရမ်းကောင်းသည်။


ကျန်တာကိုတော့ သူမရွာထဲမှ ရင်းနှီးတဲ့သူတွေဆီကနေ ချေးငှားလို့ ရရှိခဲ့သည်။


ဒါပေမယ့် ဒီခေတ်ဒီအခါမှာ ချေးငှားလို့ ရရှိတယ် ဆိုတာက ရွာမှာ သူတို့ရဲ့ လူမှုဆက်ဆံရေး ဘယ်လောက်ကောင်းတယ် ဆိုတာကို ပြသနေသည်။ အရေးကြီးတာ တစ်ခုခု ဖြစ်ခဲ့ရင် အိမ်နီးချင်းတွေက ပံ့ပိုးကူညီပေးဖို့ အဆင်သင့် ရှိနေတဲ့