အခန်း(၁၆)
Viewers 12k

အခန်း(၁၆)《 အိမ်ပိုင်ကားပိုင်ရှိတဲ့ဘဲကြီး 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


စာချုပ်လက်မှတ်ထိုးပြီးသောအခါ ကျန့်ယွင်နှင့် စုရွေ့ကျယ်သည် ချန်ဟွေ့ကျန်း၊ သူ့ချွေးမနှင့်သားတို့၏အမူအရာများကို ဂရုမစိုက်တော့ပဲ ဖြိုဖျက်ရေးရုံးမှ ထွက်သွားခဲ့ကြသည်။ 


အတော်ဝေးဝေးသို့ရောက်သောအခါ စုရွေ့ကျယ် မရယ်ပဲမနေနိုင်တော့ပေ။ 


ချန်ဟွေ့ကျန်း၏အမူအရာကို ကြည့်ခြင်းအားဖြင့် စုရွေ့ကျယ်သိလိုက်၏။ ချန်ဟွေ့ကျန်း၏ မူလရည်ရွယ်ချက်မှာ ထိုအကြောင်းပြချက်အားအသုံးပြုပြီး ပိုက်ဆံများကို သူမသား၏ဘဏ်ကတ်ထဲသို့‌ လွှဲပြောင်းနိုင်ရန်ဖြစ်မည်ကို သူစိုးရိမ်မိသည်။ ထို့နောက်မှာတော့ ပိုက်ဆံများသူမလက်ထဲသို့ရောက်သွားလိမ့်မည်။ အစပိုင်း၌ သူမပြောခဲ့သလို ယွမ်သုံးသိန်းကို ပေးလိမ့်တော့မည်မဟုတ်ပေ။ နောက်ထပ်အနေနှင့် စုရွေ့ကျယ်ပိုင်ဆိုင်သောပိုက်ဆံများကိုပင်ယူထားပြီး သူ့အတွက် သိမ်းထားပေးရန် အတွက်ဆိုကာ အကြောင်းပြချက်မျိုးစုံရှာလိမ့်မည်။ 


ယခုတော့ ကျန့်ယွင်၏အကူအညီကြောင့် သူမ၏အစီအစဉ်များသည် အပိုင်းပိုင်းပျက်စီးသွားလေပြီ။ စုရွေ့ကျယ်သည် သူမ၏မကျေမနပ်ဖြစ်ပြီး ရုပ်ဆိုးသောအမူအရာအား မြင်လိုက်သောအခါ သူ့နှလုံးသားအောက်ခြေမှပင် အနည်းငယ်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ 


ကျန့်ယွင်သည် စုရွေ့ကျယ်မျက်နှာပေါ်ရှိ ပျော်ရွှင်နေသောအပြုံးကိုကြည့်လိုက်ပြီး မရယ်မိပဲ မနေနိုင်တော့ချေ။ သူ စုရွေ့ကျယ်၏အပြုံးကို ထာ၀ရထိန်းသိမ်းပေးနိုင်ရန်သာမျှော်လင့်ပြီး သူ့အရင်ဘ၀မှ စိတ်ပျက်အားငယ်မှုနှင့် အကူအညီမဲ့မှုများကို ထပ်ဖြစ်စေခွင့်မပြုတော့ပေ။ 


ကျန့်ယွင်သည် စုရွေ့ကျယ်အား ဆင်ခြေဖုံးရှိ ဗီလာဧရိယာအသေးတစ်ခုရှိ သူ့အိမ်သို့ခေါ်သွားလေသည်။ ထိုနေရာသည် ယခုမှဆောက်လုပ်ပြီးစဖြစ်ကာ လက်ရှိတွင် ရောင်းနေဆဲဖြစ်သည်။ ဗီလာဧရိယာသည် နယ်စွန်ဘက်နှင့်ဆက်စပ်နေသဖြင့် အဓိကရောင်းချသည့်အချက်မှာ ကောင်းမွန်စွာ ပြင်ဆင်တည်ဆောက်ထားခြင်းနှင့် ဘယ်အချိန်မဆို သူတို့အနေဖြင့်အိတ်များကိုသယ်သွားနိုင်သည်ပင်ဖြစ်သည်။ 


【T/N : ရေမီးအစုံလေထီးခုန်ရုံ ဆိုသလို ပြည့်ပြည့်စုံစုံအကုန် အကုန်လုပ်ထားပြီးသားမို့ ကြိုက်တဲ့အချိန်အထုပ်ဆွဲပြီး တက်နေရုံပဲလို့ပြောချင်တာ။】


ကျန့်ယွင်၏ လုံခြုံသောအိမ်သည် ကြိုးအချို့ကို ဆွဲပြီးနောက် အထက်အရာရှိများကို ငှားထားခဲ့လေသည်။ ယခုလက်ရှိတွင် ဗီလာဧရိယာတစ်ခုလုံးတွင် နေထိုင်သူများ မနေကြသေးသဖြင့် အထူးသဖြင့် ဘာမှမရှိသလိုဖြစ်နေသည်။


ကျန့်ယွင်၏ လုံခြုံသောအိမ်သည် အစွန်အဖျား၏ အ‌တော်လေး အနီးနားတွင် တည်ရှိသဖြင့် သိပ်ကောင်းလှသည်တော့မဟုတ်ပေ။ သို့သော် မူလအားနည်းချက်သည် အားသာချက်တစ်ခုဖြစ်လာလေသည်။ ဤဘက်တွင် လုံခြုံလောက်သည်ဟု သူခံစားရလေသည်။ 


ပုန်းခိုရန် နေရာတစ်ခုဖြစ်သောကြောင့် အချို့ပြင်ဆင်မွမ်းမံမှုများကိုလည်း ပြုလုပ်ခဲ့သည်။ သူခိုကာကွယ်နိုင်သောပြတင်းပေါက်များနှင့် တံခါးများသည် လုံး၀ခံနိုင်ရည်ရှိသည်။ အတွင်းပိုင်းတွယ် အရေးမကြီးသောပြင်ဆင်မှုအချို့လည်း ရှိသည်။ အရေးအကြီးဆုံးမှာ ဗီလာ၏တစ်နေရာရာတွင် အခြားမှတ်ပုံတင်ကတ်များ၊ ပတ်စပို့များ၊ ဘဏ်ကတ်များနှင့် ငွေသားအချို့အပြင် သေနတ်တစ်လက်ရှိသော လုံခြုံရေးသေတ္တာတစ်ခုရှိ‌သည်။ 


ထိုလုံခြုံရေးအိမ်သည် အထူးသဖြင့် သူတို့၏အထောက်အထားများ ဖော်ထုတ်ခံလိုက်ရပြီး ယာယီတိမ်းရှောင်ရန်လိုအပ်သည့် လျို့ဝှက်ရဲများ အသုံးပြုရန်ဖြစ်သည်။ ကျန့်ယွင်သည် ယခုသူ့အနေဖြင့် လုံခြုံရေးအိမ်တွင်နေရန် အရည်အချင်းမှီနေပြီဟု ခံစားရသည်။ ထို့ကြောင့် သူ့အထက်လူကြီးများကိုဖုန်းခေါ်ပြီး သူ့ဒဏ်ရာများပြန်လည်သက်သာလာကြောင်းပြသရင်း ပြောင်းရွေ့ရန်တောင်းဆိုမှုအချို့ ပြုလုပ်ခဲ့သည်။ အထက်လူကြီးများကလည်း သူတို့အနေဖြင့် အရပ်သားများအားနှောက်ယှက်ရန်မသင့်ဟု ခံစားရသဖြင့် ကျန်ယွင်၏ ဒဏ်ရာများပျောက်ကင်းသည်အထိ ကုသရန် လုံခြုံရေးအိမ်သို့သွားရန် တောင်းဆိုချက်အား ခွင့်ပြုလိုက်ပြီးဖြစ်သည်။ 


လုံခြုံရေးအိမ်၏ အတွင်း‌ပိုင်းပြင်ဆင်မှုသည် အတော်လေးဖက်ရှင်ကျသည်။ တည်ဆောက်သူများသည် ဥရောပစတိုင်အတိုင်း ဒီဇိုင်းဆွဲပြီး ပြင်ဆင်မွမ်းမံထားခဲ့ကြသည်။ အချို့တည်ဆောက်မှုများနှင့် ပရိဘောဂများသည် လိုက်ဖက်လှသည်။ ထိုအရာက အလွန်ကို သက်တောင့်သက်သာနှင့် နွေးထွေးနေသည်။ လုံး၀ကို ပြောင်းရွှေ့ရလွယ်ပေသည်။ 


 စုရွေ့ကျယ်သည်လည်း ဗီလာအားသဘောကျသည်။ ထိုနေရာတွင် အထပ်နှစ်ထပ်နှင့် ထပ်ခိုးတစ်ခုရှိကာ အိပ်ခန်းသုံးခန်း၊ လသာဆောင်နှစ်ခု၊ ရေချိုးခန်းနှစ်ခန်း၊ ကားဂိုထောင်တစ်ခုနှင့် မြေအောက်ခန်းတစ်ခု အပြင်ဘက်တွင် နံရံများနှင့် သံတံခါးများနှင့်ဖြစ်သည်။ ပျက်ကပ်ကြီးရောက်လာမည့်အချိန်အတွက် အမှန်တကယ်ကိုလုံခြုံလေသည်။ 


ကျန့်ယွင် စုရွေ့ကျယ်အား ကားဂိုထောင်ဆီသို့ခေါ်သွားသောအခါ ကားဂိုထောင်ထဲတွင် စစ်တပ်သုံး အစိမ်းရောင်ဂျစ်ကားတစ်စီးအားတွေ့လိုက်သည်။ 


“အဲ့ဒီကားက ကိုယ်တို့ ထွက်ပြေးရတဲ့အခါအတွက်လေ။ နောက်ယောင်ခံလိုက်ခံရတာတွေ၊ တိုက်မိတဲ့ ဖြစ်နိုင်ခြေတွေကိုထည့်စဉ်းစားပြီး အထူးသဖြင့် ကိုယ်တို့ ပိုကြာရှည်ခံမယ့် အမျိုးအစားကိုရွေးထားခဲ့တာ။”


ကျန့်ယွင်သည် စုရွေ့ကျယ်အား ဂုဏ်ယူစွာ ပြောလိုက်၏။ 


“မင်းကြည့် ကိုယ်က အိမ်တစ်လုံးနဲ့ကားတစ်စီးနဲ့ လူတစ်ယောက်လေ၊ မှန်တယ်မလား ”


စုရွေ့ကျယ်မျက်တောင်ခတ်လိုက်ပြီး ရိုးသားစွာမေးလိုက်၏။ 


“ဒါပေမယ့်...ဒီအိမ်နဲ့ကားက ခင်ဗျားပိုင်တာလား ”


ကျန့်ယွင် : “....”


ကျန့်ယွင် လက်ဆန့်ကာ စုရွေ့ကျယ်၏နူးညံသည့်ပါးလေးအားဖျစ်ညစ်လိုက်သည်။ သူဒေါသတကြီးနှင့် တိတ်တိတ်လေးပြောလိုက်၏။ 


“ဒါက ကိုယ့်ကိုပြည်သူလူထုကပေးထား‌တာ”


စုရွေ့ကျယ်၏ မျက်နှာသေးသေးလေးသည် ကျန့်ယွင် ဖျစ်ညစ်ထားသဖြင့် ပုံပျက်လာလေသည်။ ထို့ကြောင့် မကျေမနပ်နှင့် ခွင့်လွှတ်ပေးရန်သာတောင်းဆိုနိုင်တော့သည်။ စိတ်ဆင်းရဲနေပုံပေါက်နေသော်လည်း တကယ်တော့ ကျန့်ယွင်နှင့် နီးစပ်လာသဖြင့် သူ့နှလုံးသားလေး အလွန်ပျော်ရွှင်နေလေသည်။ 


လူနှစ်ယောက်သည် အချင်းချင်း အီစီကလီရိုက်နေကြပြီး ဘေးနားတဝိုက်တွင် မည်သူမှမရှိသောကြောင့်ပင် မဟုတ်ပါက မင်းကတော့ ခွေးစာအပြည့်စားရလိမ့်မည်။[1]


အိမ်ကိုမြင်ရပြီးနောက် သိပ်မကြာခင်ဖြစ်နိုင်သမျှ ရွှေ့ပြောင်းရန်ဆုံးဖြတ်ခဲ့ကြသည်။ ဘာဖြစ်ဖြစ် ပြောင်းရွှေ့ရန် တစ်စုံတစ်ယောက်ကိုရှာရန် ခက်ခဲနေသည်မှမဟုတ်တာ။ 


ဤနေရာတွင် နေထိုင်သူများမရှိပေ။ ထို့အပြင် ပတ်၀န်းကျင်ရှိ နေထိုင်နေသည့် ဧရိယာများနှင့် တစ်ခုနှင့်တစ်ခု အတော်လေးဝေးသည်။ လူပိုနည်းလေ ဇွန်ဘီနည်းလေပင်။ ထို့အပြင် လူနေထူထပ်သော မြို့ပြဧရိယာများထက် ဤနေရာတွင်ပို၍လုံခြုံပေသည်။ သို့သော်လည်း အနီးအနားတွင် နေထိုင်နေသည်မှာ ကြာပြီဖြစ်သော ဧရိယာများရှိကာ ထို့ကြောင့်ပင် ထောက်ပံ့ရေး၀န်ဆောင်မှုများတည်ဆောင်ထားပြီးဖြစ်ကာ ဗီလာဧရိယာမှသိပ်မဝေးသောနေရာတွင် စူပါမားကတ်အကြီးတစ်ခုနှင့် ဂတ်စ်ဆိုင်တစ်ခုရှိလေသည်။ ကျန့်ယွင်သည် ဤနေရာနှစ်ခုအား အလေးပေးမှတ်သားထားခဲ့သည်မှာ ထင်ရှားသည်။ 


“ကိုယ့်ကိုကတ်ပေး။ ကိုယ့်ဘာသာဈေး၀ယ်ဖို့သွားလိုက်မယ်။ မင်း ဒီနေရာကနေသာ ပြေစာကိုစောင့်နေလိုက်”


ကျန့်ယွင် စုရွေ့ကျယ်ထက်ထဲမှ ဘဏ်ကတ်ကိုယူသွားလိုက်သည်။ ဤကလေးက ဘာတစ်ခုမှကို၀ယ်နိုင်မှာမဟုတ်ဘူး။ အင်တာနက်ဈေးဆိုင်ကသာ အဆင်ပြေဆုံးဆိုသာသိသာလှသည်။ သူကိုယ်တိုင်အပြင်ထွက်ဖို့ ကြိုးစားနေစရာမလိုအပ်ပေ။ နေပူကြီးထဲတွင် သူ တစ်ပတ်ရစ်ဈေးသို့သွားစရာမလိုသလို လက်ကားဈေးသို့လည်းသွားစရာမလိုပေ။ အကယ်၍ စုရွေ့ကျယ်သာ နေရာလွတ်ကဲ့သို့ အထူးကတ်တစ်ခုရှိမနေခဲ့ပါလျှင် သူပိုပြီး ပင်ပန်းနေရလိမ့်မည်။ 


သို့သော်လည်း ထိုအကြောင်းတွေးလိုက်လျှင် စုရွေ့ကျယ်နှင့် သူ့အဖိုးသည် ဆင်းရဲမွဲတေမှုမျဉ်းပေါ်တွင် အတူတကွ ရုန်းကန်ခဲ့ကြရလေသည်။ သူတို့ဗိုက်များအားဖြည့်နိုင်ရန် ထိန်းထားနိုင်ရုံနှင့်ပင် ကောင်းမွန်နေပြီဖြစ်သည်။ သူတို့တွင် ဖုန်းများ၊ ကွန်ပျူတာတစ်လုံးမပြောနှင့် အင်တာနက်ပင်မရှိခဲ့ကြပေ။ အဖိုးဆုံးပါးသွားပြီးနောက် သူ သူ့ဦးလေး၏အိမ်တွင်နေခဲ့သော်လည်း ဖုန်းတစ်လုံးနှင့် ကွန်ပျူတာတစ်လုံး၀ယ်ခိုင်းဖို့ရန် သေချာပေါက်မတောင်းဆိုနိုင်ခဲ့ပေ။ ပျက်ကပ်ကြီးရောက်လာခဲ့ပြီးနောက် သူတို့အားထိတွေ့ရန် သူ့တွင်အခွင့်အရေးမရှိခဲ့ပေ။ 


သေချာတာပေါ့။ ကျန့်ယွင်တွင် လျို့ဝှက်အစီအစဉ်တစ်ခုရှိသည်။ သူ ကျန်သည့် ယွမ်ခြောက်သိန်းကိုပါ ချန်ဟွေ့ကျန်းအားပေးရန် ဆန္ဒမရှိပေ။ ထိုမိန်းမသည် ယခင်ဘ၀တွင် စုရွေ့ကျယ်၏သေဆုံးမှု၏ လက်သည်တရားခံဖြစ်သည်ဟု ပြောခဲ့သည်လေ။ သူမသည် စုရွေ့ကျယ်၏ ယုံကြည်မှုကို အသုံးချခဲ့ပြီး သူ့အားအပြည့်အ၀အသုံးချရန်ပြုလုပ်ခဲ့သည့်အပြင် နောက်ပိုင်း၌ သူ့အား တက္ကသိုလ်သို့ရောင်းခဲ့လေသည်။ ရလဒ်အနေဖြင့် အချိန်အကြာကြီး ခံစားခဲ့ရသည့်အပြင် သေဆုံးခဲ့ရလေသည်။ ထိုအမုန်းတရားကို သူမှတ်ထားသည်။ 


စုရွေ့ကျယ် ပြောသလိုဆို ပိုက်ဆံများသည် သုံးရက်နေလျှင်ရောက်လာမည်ဖြစ်သည်။ သူရက်အနည်းငယ်လောက် ထားလိုက်အုံးမည်။ ထိုအမျိုးသမီး ဖြိုဖျက်မည့်အကြောင်းမေးဖို့မစောင့်နိုင်တော့ချိန်မှာ သူတို့ထွက်သွားမည်။ ထိုအမျိုးသမီးဘယ်သူ့ကိုမှ ရှာနိုင်တော့မည်မဟုတ်ပေ။ သူမ ရူးသွားနိုင်လိမ့်မည်။ [2]


သူမ ရဲခေါ်ဖို့လုပ်မည်ကိုသူမစိုးရိမ်ပေ။ ဤနေရာသည် လုံခြုံရေးအိမ်တစ်ခုဖြစ်သည်ကိုမဆိုထားနှင့် သူတို့ဤနေရာတွင်ရှိနေမည်ကို မည်သူမှမသိနိုင်ပေ။ ထိုအချိန်တွင် ပျက်ကပ်ကြီးလည်း စတင်လိမ့်မည်ဖြစ်ကာ ရှာတွေ့မည်ကို စိုးရိမ်စရာမလိုတော့ပေ။ 


သို့သော်လည်း သူ့တွင် ညီအစ်ကိုနှစ်ယောက်ရှိကာ သူတို့အား ပျက်ကပ်မရောက်လာခင်မှာ ခေါ်ရန် အကြောင်းပြချက်တစ်ခုရှာရမည်။ နောက်ထပ် လူအနည်းငယ်ကိုတော့ သတိပေးချက်အနည်းလောက်ပေးရမည်။ 


Author:


[1] ခွေးစာဆိုသည်မှာ PDA(‌ Public Displays of Affection )နှင့် အခြားသူများမြင်နိုင်စေရန် ပွင့်လင်းမြင်သာသော ပြုလုပ်ခြင်းဖြစ်သည်။ 


[2]သူ သူ့အစွမ်းအစကိုသုံးပြီး ကြိုးအချို့ကိုဆွဲထားလိုက်လျှင် သူမမေးလျှင်တောင် နောက်ပိုက်တွင် သူတို့အားသူမရှာတွေ့နိုင်မည်မဟုတ်ပေ။ စာရေးသူကသေချာမရှင်းပြထားပေ။


【T/N : အာဏာကိုသုံးပြီး ဖုံးထားခိုင်းတာကိုပြောချင်တာနေမယ် 】


အဲ့ဒီအကောင်းဆိုးဝါးမိန်းမနဲ့ သူ့မိသားစုက ငါတို့MC ကလေးလေးကို နာကျင်စရာတွေအများကြီးပေးထားခဲ့တဲ့အဖိုးအခကို ကျန့်ယွင်မှတ်ထားတာကို ငါအရမ်း၀မ်းသာတာပဲ။ အဲ့မိန်းမ ဒုက္ခရောက်ပါလေ့စေ။ 


ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။ 


ခုအပိုင်းတွေမှာ ပြဇာတ်တိုလေးမရှိဘူး ဝူး ဝူး 

ကိုယ်လည်း ပြဇာတ်တိုလေးဖတ်ချင်တာ ဒီအပိုင်းက စကားပြောလည်းသိပ်မပါဘူး။ 


ဒီအပိုင်းမှာ ကျန့်တကောက အသက်မပြည့်သေးတဲ့ စုတိတိလေးကို ဖလစ်နေပါတယ် သူ့မှာ အိမ်နဲ့ကားရှိ

ပါတယ်ဆိုပြီး အရိပ်ပြနေပါတယ်။ 


ဘာသာပြန်သူကတော့ FBIကို ဆက်သွယ်လိုက်ပါဘီ (ノT_T)ノ ^┻━┻