အခန်း(၁၇)
Viewers 12k

အခန်း(၁၇)《 မင်းလုပ်ရဲတယ်‌ပေါ့လေ 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


ကျန်ရှိနေသည့်အချိန်များသည်လည်း အလျင်အမြန်ကုန်ဆုံးသွားကြသည်။ ကျန့်ယွင်သည် သူ့ဈေး၀ယ်ရေးအစီအစဉ်အား စတင်ခဲ့သည်။ သူသည် စုရွေ့ကျယ်ကဲ့သို့ ပစ္စည်းများအား ခဏခဏ မ၀ယ်ခဲ့ပေ။ သူသည် လျှို့ဝှက်ရဲတစ်ယောက်သာဖြစ်သော်လည်း သူ့မိသားစုအခြေအနေသည် အမှန်တကယ်တော့ အတော်လေးကောင်းမွန်လှ၏။ ဘဏ်အပ်ငွေတွင် ဂဏန်းခုနစ်လုံးအထိရှိနေပြီဖြစ်သည်။ 


သူသည် အွန်လိုင်းဈေး၀ယ်ကုန်တိုက်တွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းအ‌ကြောင်းမှတဆင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်မှုမှ နေ့စဉ်လိုအပ်သည့် ကြီးမားသည့်ပမာဏ လက်ကားဈေးနှုန်းအကြောင်းပြောဆိုနေကြကာ သူ့၀ယ်ယူမှုပမာဏသည် စူပါမားကတ်အသေးတစ်ခုဖွင့်နိုင်လောက်သည်အထိဖြစ်သည်ကို ရှာတွေ့ခဲ့သည်။ 


ကျန့်ယွင်သည် စုရွေ့ကျယ်၏ ပိုက်ဆံနည်းနည်းလေးကိုသဘောမကျပေ။ ထို့ကြောင့် သူ့အပြင်ထွက်ကာ ဆိုင်ဖွင့်ရန်ခွင့်မပြုနိုင်ချေ။ စုရွေ့ကျယ်သည် ဈေးဆိုင်နောက်ဆုံးရက်ကိုခင်းခဲ့ပြီး သူ့မိသားစုတွင် သူစိုက်ပျိုးထားသည်များ အကုန်ရောင်းကုန်လုနီးပါဖြစ်နေကာ အနာဂါတ်တွင်ဆိုင်ဖွင့်နိုင်လိမ့်မည်မဟုတ်ကြောင်း မကြာခဏဆိုသလို သူ့စီးပွားရေးအား ထောက်ပံ့အားပေးကြသော အဒေါ်များနှင့် အမေများကို ပြောပြခဲ့ရသည်။ တချိန်တည်းမှာပင် သူတို့အား သဲလွန်စမချန်ထားပဲ မိုးလေ၀သဗျူရိုရှိ သူ့သူငယ်ချင်းထံမှရ‌ခဲ့သော သတင်းဆိုကာ သတိပေးခဲ့လိုက်သည်။ ရက်အနည်းငယ်အတွင်းမှာပင် မြင့်မားသော အပူချိန်သည် 40 ဒီဂရီကျော်အထိရှိလာနိုင်ပြီး ထို့ကြောင့် သူတို့အိမ်တွင် အစားအစာများကြိုတင်ပြင်ဆင်ထားနိုင်ပြီး နွေရာသီနေ‌ပူပူထဲတွင် ထွက်၀ယ်စရာမလိုတော့ပေ။ 


【T/N : သဘောမကျဘူးဆိုတာ မမက်တာကိုပြောတာ။ ပိုက်ဆံနည်းနည်းလေးအတွက် ရှောင်ကျယ်ကိုအလုပ်ပင်ပင်ပန်းပန်းမလုပ်စေချင်တဲ့သဘောပါ။ 】


အဒေါ်များနှင့် အမေများသည် ချစ်စရာကောင်းပြီး ချစ်စဖွယ်ဆယ်ကျော်သက်ကလေး စုရွေ့ကျယ်အားအလွန်သဘောကျကြလေသည်။ သူတို့သည် ခေါင်းငြိတ်လိုက်ကြပြီး သူတို့အများကြီး၀ယ်ထားလိုက်မည်ဟုပြောခဲ့ကြသည်။ ထိုကြောင့် စုရွေ့ကျယ်သည် အတော်လေးခံစားချက်ကောင်းလာခဲ့သည်။ သူတို့ အစားအစာလုံလုံလောက်လောက်၀ယ်ထားပြီး စစ်တပ်မှလူများ လာရောက်ရှာဖွေကယ်ဆယ်သည်အထိ သူတို့အားထောက်ပံ့နိုင်ရန် မျှော်လင့်ရမှာပင်။ 


ဝူချီနှင့် ရွှီကျိစားသောက်ဆိုင်အတွက်မူ စုရွေ့ကျယ်သည် သူတို့ကိုလည်း နှုတ်ဆက်ရန်အတွက်သွားခဲ့ကာ သူတို့အား နှစ်ရက်စာလောက်ဧည့်သည်များလိုအပ်သည်ကိုလောက်ငှနိုင်ရန် အသီးအရွက်နှင့် သစ်သီး၀လံများ အလုံအလောက်ပေးခဲ့ကာ အလားတူအကြောင်းပြချက်ဖြင့်ပင် မြင့်မားသောအပူချိန်သည် ပိုဆိုးရွားလာမည့်အကြောင်း ထို့ကြောင့် သူတို့အနေဖြင့် အစားအသောက်နှင့် ရေအလုံအလောက်ပြင်ဆင်ထားကြရမည့်အကြောင်း၊ ဖြစ်နိုင်လျှင် နေ့စဉ်သုံးလိုအပ်သည့်ပစ္စည်းများပါ ပိုပြင်ဆင်ထားရမည့်အကြောင်း ပြောခဲ့လိုက်သည်။ 


ဝူချီနှင့် ရွှီအမေနှင့်သား တို့သည် စုရွေ့ကျယ်၏စကားများကို အလွန်အလေးထားခဲ့ကြသည်။ သူတို့စုရွေ့ကျယ်နှင့်တွေ့ဆုံခဲ့သည့်အတောအတွင်း သူသည် အလွန်ကောင်းမွန်သောကလေးလေးဖြစ်ကြောင်းထင်ခဲ့ကြသည်ပင်။ သူ‌သည် သေချာပေါက် သူတို့အားလိမ်ပြောပြီး လှည့်‌ဖြားလိမ့်မည်မဟုတ်ပေ။ နောက်ထပ်အနေနှင့် သူတို့သည် ဖန်လုံအိမ်အာနိသင်အကြောင်း ကြားသိခဲ့ရပြီး ကြိုတင်ပြင်ဆင်မှုများ ကောင်းကောင်းပြုလုပ်ရမည်မှာ ပုံမှန်ပင်ဖြစ်လေသည်။


ရွှီမင်သည်လည်း စုရွေ့ကျယ်နှင့် အလွန်စိတ်အားထက်သန်ဖွယ် ညစာတစ်နပ်စားခဲ့ရပြီး ထို့ကြောင့်ပင် သူသည် သူမ၏လက်ရာအား မြည်းစမ်းကြည့်နိုင်ခဲ့သည်။ ရွှီကျယ်သည်ပင် အထူးဟင်းနှစ်ပွဲချက်ခဲ့သဖြင့် စုရွေ့ကျယ်အား စိတ်ကျေနပ်ဖွယ် ချော့မောနိုင်ခဲ့လေသည်။ အကယ်၍ ရွှီအမေနှင့်သားတို့သည် အရောင်းအ၀ယ်လုပ်ရန် လျှို့ဝှက်ချက်ကလေးများ*မရှိခဲ့လျှင် သူတို့ဆိုင်တစ်ဆိုင်ဖွင့်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။ သူတို့ရောင်းချသောဟင်းပွဲများသည် အရောင်အသွေး၊ အနံ့ အရသာပြည့်စုံလှသည်။ သူတို့သည် မူလလက်ရာများပင်ဖြစ်လေသည်။ သူတို့သည် အနံ့လညကောင်းမွန်လှသည်။ စုရွေ့ကျယ်သည် အိမ်တွင်ကျန်နေခဲ့သော ကျန့်ယွင်အား သတိရလိုက်သဖြင့် ထမင်းတစ်ပန်းကန်လောက်သာစားပြီး ပြန်သွားခဲ့လေသည်။ 


【T/N : အလုပ်တစ်ခုလုပ်ဖို့ဆိုရင် သာလွန်ကျွမ်းကျင်မှု‌ဆိုတာမျိုးကိုပြောချင်တာပေါ့။ သူတို့ဆိုင်ဖွင့်တဲ့အခါ ဟင်းချက်လက်ရာကောင်းရှိမှလည်း ဆိုင်ဖွင့်နိုင်မယ်လို့ပြောချင်တာပါ】


ရွှီအမေနှင့်သားသည် သူ့အား ဟင်းပွဲအချို့အားထုပ်ပေးလိုက်ကာ ကျန့်ယွင်လည်းပဲ ရွှီအမေနှင့်သား၏ ကောင်းမွန်သောလက်ရာအား စားနိုင်ရန် ပြန်ယူသွားစေခဲ့သည်။ 


ပြောင်းရွှေ့သောအခါ ကျန့်ယွင်သည် ကောင်းမွန်သော အပြောင်းအရွှေ့ကုမ္ပဏီအားရှာတွေ့ခဲ့ပြီး စုရွေ့ကျယ်၏အိမ်ဟောင်းရှိ အရာအားလုံးကို ဗီလာဧရိယာသို့ပြောင်းရွှေ့ခဲ့သည်။ 


ကျန့်ယွင်သည် အနီးအနားတွင် သိုလှောင်ရုံတစ်ခုအားလည်းငှားရမ်းခဲ့သည်။ စုရွေ့ကျယ်အိမ်ပြန်ရောက်လာသောအခါ သူသည် သိုလှောင်ရုံဆီသို့ကားမောင်းသွားခဲ့ပြီး စုရွေ့ကျယ်အား သိုလှောင်ရုံဆီသို့ခေါ်ဆောင်သွားခဲ့သည်။ စုရွေ့ကျယ်သည် ထိုနေရာရှိအရာအားလုံးကို သူ့နေရာလွတ်ထဲသို့ထည့်လိုက်ပြီး ‌ချို့ဝှမ်းအနောက်ဘက်ရှိနေရာအလွတ်အားဖြည့်တင်းလိုက်သည်။ ဒီရက်အတောအတွင်း၌ စုရွေ့ကျယ်သည် အခန်းထဲသို့သွားကာ ထိုပစ္စည်းများအားနေရာချနေခဲ့ပြီး အမျိုးအစားမျိုးစုံအားထည့်ထားခဲ့ကာ အမှတ်အသားဘောပင်ဖြင့် သေတ္တာများအား မှတ်ထားခဲ့လေသည်။ ထို့ကြောင့် သူတို့အားအသုံးပြုလိုပါက ရှာတွေ့နိုင်လိမ့်မည်ဖြစ်သည်။ 


နေ့စဉ်နေ့တိုင်းအသုံးပြုရန်လိုအပ်သည့် နေ့စဉ်သုံးပစ္စည်းများကိုလည်း ထပ်ထည့်ထားခဲ့ကာ ဆေးဝါးများကိုလည်း သိုလှောင်ရန်လိုအပ်သည်။ ကျန့်ယွင်သည် စုန့်ချန်ရှုအား ဖုန်းခေါ်လိုက်ပြီး အသုံးများသည့် ဆေးများအား၀ယ်ရန် ကူညီခိုင်းလိုက်သဖြင့် စုန့်ချန်ရှုအား ထိတ်လန့်သွားစေခဲ့ပြီး သူဘာလုပ်ချင်နေတာလဲဆိုသည်ကို မေးလာခဲ့သည်။ ကျန့်ယွင်သည် ဘာမှမပြောပဲ တောင့်ခံနေခဲ့ကာ သုံးရက်အတွင်းပစ္စည်းအား ဗီလာသို့ယူလာခဲ့ပါက ထိုအခါ သူ့အား ထုံးစံအတိုင်းပြောပြလိုက်မည်။ 


ချန်ဟွေ့ကျန်း၏ ယွမ်ခြောက်သိန်းအတွက်မူ စုရွေ့ကျယ်သည် အချိန်တိုင်းထိုအကြောင်းအား တွေးနေခဲ့ပြီး သူတို့အားပိုက်ဆံများပေးလိုက်မည်ဖြစ်ပြီး ထို့ကြောင့်နှစ်ဖက်စလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားကာ အနာဂါတ်တွင် သူတို့မိသားစုနှင့်ဘာမှလုပ်စရာလိုလိမ့်မည်မဟုတ်ကြောင်း ပြောနေသဖြင့် ကျန့်ယွင်သည်နောက်ဆုံးတော့ သူမအားခေါ်လိုက်ရသည်။ ကျန့်ယွင်သည် ရွေးစရာမရှိတော့ပဲ သူ့အားပိုက်ဆံများပေးလိုက်ရသည်။ 


တစ်ရက်ပြီးတစ်ရက် ကျော်လွန်သွားခဲ့သည်။ ပျက်ကပ်ကြီးမစခင် သုံးရက်အလိုတွင် ဘယ်သူသိပါ့မလဲ ကျန့်ယွင်ရုတ်တရက်ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ 


သူ့အထက်လူကြီးတစ်ယောက်ထံမှ ဖုန်းခေါ်မှုတစ်ခုဖြစ်ကာ ရဲစခန်းတွင်တစ်စုံတစ်ဦးမှ လူတစ်ယောက်အား တိုင်ကြားလာခဲ့ကြောင်းဖြစ်လေ၏။ ထိုသူသည် ကျန့်ယွင်မတိုင်ခင်က ခေါ်သွားသောကလေးအားဖြစ်သည်။ ထို့ကြောင့် အခြေအနေအားမေးရန် သူ့အား ဖုန်းခေါ်လာခြင်းဖြစ်သည်။ အကြောင်းမှာ သူမသည် ငွေလက်ခံရပြီးပြီးချင်း ချက်ချင်းရဲစခန်းသို့သွားခဲ့ခြင်းဖြစ်သည်။ စုရွေ့ကျယ်သည် ကျန်သည့်ဖြိုဖျက်ကြေးအားလုံးကိုယူကာ ထွက်ပြေးသွားကြောင်း၊ သူတို့မိသားစုသည် 900,000 ရမည်ဖြစ်သော်လည်း စုရွေ့ကျယ်သည် ခြောက်သိန်းသာပေးခဲ့ပြီး ယခုသူ သူတို့ သူ့အားဘယ်နေရာမှ ရှာမတွေ့ကြောင်းပြောခဲ့လေသည်။ 


သူမသည် ဖြိုဖျက်ကြေး လျော်ကြေးငွေအား စုရွေ့ကျယ်နှင့်အတူ ခွဲဝေရန်သူမ၏ မူလအဆိုပြုချက်အား ချန်လှပ်ထားခဲ့လေသည်။ သူမသည် ယွမ်သုံးသိန်းအား ပြန်ရဖို့ ကူညီပေးရန် ရဲအားပြောခဲ့သည်။ သူမသည် ငိုယိုကာ စုရွေ့ကျယ်အား ကျိန်ဆဲနေပြီး သူမသည် သူ့အားတရားစွဲချင်ကြောင်းပြောခဲ့သည်။ ပူလောင်လှသော နေ့တစ်နေ့တွင် ရဲစခန်းရှိရဲများသည် သူမကြောင့် ပြာယာခတ်နေခဲ့ကြသည်။ ကျန့်ယွင်၏ အထက်လူကြီးလည်း သတင်းရရှိခဲ့သဖြင့် သူ့အားခေါ်လိုက်ခြင်းဖြစ်လေသည်။ 


ကျန့်ယွင်သည် ‌ချန်ဟွေ့ကျန်းအား ရယ်လိုက်လေသည်။ ထိုမိန်းမသည် အမှန်တကယ်ကိုအရှက်မရှိချေ။ ဖြိုဖျက်ကြေးငွေသည် သူတို့မိသားစုနှင့်မသက်ဆိုင်သည့်အကြောင်းမဆိုထားနှင့် သူတို့အား အိမ်ထောင်စုစာရင်းထဲ၀င်ရန်ခွင့်ပြုခြင်းပင် စုရွေ့ကျယ်၏ ကြင်နာမှုဖြစ်သည်။ သူမသည် ယွမ်ခြောက်သိန်းအကြောင်းပြောပြီး သူတို့အနေဖြင့် ယွမ်ကိုးသိန်းရသင့်ကြောင်း ပြောလာခြင်းသည် ကျန့်ယွင်အား သူတို့မိသားစုအပေါ် ပို၍တောင် စက်ဆုပ်လာစေခဲ့သည်။ ထိုမိန်းမသည် အချိန်အကြာကြီးစီစဉ်ထားခဲ့မည်ကို စိုးရိမ်မိပါ၏။ အဆုံးမှာတော့ မူလသဘောတူညီချက်သည် နှုတ်စကားတစ်ခုသာဖြစ်လေသည်။ အကယ်၍ ထိုမိန်းမသည် တရားစွဲရန် တရားရုံးသို့သွားခဲ့ပါက စုရွေ့ကျယ်သည် ယွမ်သုံးသိန်းအား အမှန်တကယ်ပင် ထုတ်ပေးရမည်ဖြစ်သည်။ 


“သူမကိုလွှတ်ထားလိုက်ပါ။ တရားစွဲချင် စွဲပါစေ ”


ကျန့်ယွင်သည် အေးစက်စွာပြောလိုက်သည်။


“အေးဆေး‌သာ စိတ်ချနေပါ။ ကျွန်တော့်မှာ အစီအစဉ်ရှိပါတယ်”


ပျက်ကပ်ကြီးသည် အကြာခင်မှာပင် ရောက်လာတော့မည်။ ထို့အပြင် တရားစွဲဆိုမှုအားလက်ခံလိုက်လျှင်တောင် ထိုမိန်းမအနေဖြင့် တရားရုံးတွင်ထိုင်နိုင်တော့မည်မဟုတ်ပေ။



စာရေးသူတွင်ပြောစရာရှိပါတယ်။ 


【လမ်းပေါ်ရှိ ပြဇာတ်ငယ်လေး】


ကျန့်ရှောင်ယွင် : ကြည့်၊ ကိုယ့်မှာ အိမ်တစ်လုံးနဲ့ ကားတစ်စီးရှိတယ်။ လက်ထပ်ဖို့ထိုက်တန်သူပဲ။


စုရှောင်ကျယ် : အိမ်နဲ့ကားက ပြည်သူတွေပိုင်တာ →_→


ကျန့်ရှောင်ယွင် : ကိုယ့်စားပွဲကိုမှောက်ပစ်တယ်ပေါ့ ဟုတ်လား။ ကိုယ့်ကို ကတ်ပေး။ 


စုရှောင်ကျယ် : မဟုတ်ဘူးလေ၊ ခင်ဗျားပြောခဲ့တာ ခင်ဗျားကတ်ကကျွန်တော့်နဲ့အတူရှိနေတာဆို၊ ဒါကြောင့် ကျွန်တော့်ကတ်က ကျွန်တော့ဟာပဲ။


ကျန့်ရှောင်ယွင် : အရူးလေး။ ကိုယ်က မင်းရဲ့စည်းစိမ်တွေကို ထိန်းသိမ်းဖို့ကူညီပေးချင်လို့ပါ။ တစ်ပတ်ရစ်ဈေးကိုသွားတာက အမြဲကောင်းတဲ့နည်းလမ်းတစ်ခုမဟုတ်ဘူးလေ။ ကိုယ့်ကိုယ်ယုံ။


စုရှောင်ကျယ် : ဟမ့်၊ ကျွန်တော် ခင်ဗျားကို ဒီတစ်ကြိမ်တော့ ယုံပေးလိုက်မယ်။



အကြီးဆုံးအဒေါ် : ဒါက ...တစ်ယောက်ယောက် ငါ့ကို ဂရုစိုက်သေးရဲ့လား။