အခန်း(၁၉)
Viewers 12k

အခမ်း(၁၉)《 ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


သွေးစွန်းနေသောလ၏ အသွင်အပြင်သည် သွေးမုန်တိုင်းတစ်ခု၏အစကို ဆိုလိုချင်နေပုံရသည်။ ကမ္ဘာတစ်ဝှန်းလုံးရှိ အပူရှပ်ခံနေရသောလူများနှင့်ဖျားနာနေသောလူများအားလုံးသည် တစ်ချိန်တည်းမှာပင် သေဆုံးသွားကြပြီး နေရာတိုင်းတွင် လူများငိုယိုနေသံများ ကြားနေရသည်။ 


ရုတ်တရက်ကြီး ဆေးရုံ၌ တစ်ချိန်းတည်းမှာပင် လူနာအရေအတွက်များပြားစွာ သေဆုံးသွားပြီး ဆေးဝန်ထမ်းများကို သူတို့၏ခြေလက်များဆုံးရှုံးသွား(ထိတ်လန့်တုန်လှုပ်)စေတော့သည်။ လူနာများ၏ ဆွေမျိုးများသည် ဘာတွေဖြစ်သွားမှန်းမသိလိုက်ကြပေ။ သူတို့သိတာ တစ်ခုတည်းမှာ သူတို့၏ဆွေမျိုးများ သေဆုံးသွားသည်ကိုပင်။ သူတို့သည် ဆေးရုံ၌ လှံများထိုးချိန်ကာ ပဋိပက္ခများဖြစ်အံဆဲဆဲပင်။ 


တချို့လူများမှာလည်း သူတို့၏ မသက်မသာဖြစ်နေသော ဆွေမျိုးများနှင့် သူငယ်ချင်းများကို ဆေးရုံသို့ကမောင်းပို့လာကြသည်။ သူတို့သည် ရုတ်တရက်ပင် တစ်ဖက်လူသည် အသက်ရှိသည့်လက္ခဏာမပြတော့သည်ကိုရှာတွေ့လိုက်ကြပြီး အံဩကြီးစွာ ငိုယိုကြတော့သည်။ 


မိသားစုများစွာတွင် တချို့သည် အဖျားရှိကြသော်လည်း ဆေးရံသို့သွားရန် တွန့်ဆုတ်နေကြပြီး အပူရှပ်ရုံလေးသာဖြစ်သဖြင့် ဆေးနှင့် ရေ အချို့သောက်ပြီး ကောင်းကောင်းအိပ်လိုက်လျှင် ပိုကောင်းလာလိမ့်မည်ဟုသာ တွေးနေခဲ့ကြသည်။ မထင်မှတ်ထားသည်မှာ ရုတ်တရက်ကြီး အသက်မရှူကြတော့သဖြင့် သူတို့၏ဆွေမျိုးများသည် ကြက်သေ သေသွားကြတော့သည်။ 


လမ်းမပေါ်တွင်လည်း လမ်းလျှောက်နေသော လူအများအပြားသည် ရုတ်တရက်လဲကျသွားပြီး လှုပ်ရှားမှုများ ရပ်တန့်သွားကြသည်။ သူတို့တွင် အဖျားရှိနေ၍လည်းဖြစ်မည်။ လမ်းသွားလမ်းလာများသည် ထို့နောက် သတိပြုမိသွားကြပြီး အကူအညီပေးရန် ပြေးလွှားသွားကြ၏....


ထိုရုတ်တရက်သေဆုံးမှုအလုံးအရင်းသည် အရာအားလုံး၏ အဆုံးသတ်မဟုတ်ကြောင်း လူတိုင်းမသိခဲ့ကြချေ...သို့သော်လည်း အဆုံးသတ်၏ အစသာလျှင်ဖြစ်လေသည်။ 


TVတွင်လည်း သတင်းထောက်များသည် ဆေးရုံများ၌ ရုတ်တရက်သေဆုံးမှုများအကြောင်း မေးမြန်းနေကြသည်။ ကင်မရာသည် ဆေးရုံကုတင်ပေါ်တွင်လဲလျောင်းနေသော မီခိုးရောင်မျက်နှာနှင့်လူအားတိုက်ရိုက်ချိန်ထားလေသည်။ သူ့အရေပြားသည် အလွန်ခြောက်သွေ့သောအနေအထားတွင်ရှိနေလေသည်။


"ဒီလူနာအားလုံး ဘာကြောင့်ရေဓာတ်ခမ်းခြောက်မှုကြောင့် သေဆုံးသွားကြတာလဲဆိုတာကို ကျွန်တော်လည်းမသိပါဘူး။ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ရေတွေ ခမ်းခြောက်သွားပုံရပြီးတော့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေထပ်လုပ်ဖို့လိုနေပါသေးတယ်..."


အဖြူရောင်ကုတ်၀တ်ထားသောဆရာ၀န်သည် ကင်မရာသို့ ဆေးပညာရှုထောင့်မှရှင်းပြနေလေပြီး နောက်ခဏအကြာတွင် သေးဆုံးသွားပြီဖြစ်ကြောင်းအတည်ပြုထားသောလူနာသည် ရုတ်တရက်မျက်လုံးများပွင့်လာခဲ့သည်။ သူ့မျက်လုံးများသည် ပုံမှန်မဟုတ် သွေးများပြည့်နေပြီး ထူးဆန်းသောသွေးနီနီများကိုပြနေကာ မျက်လုံးတစ်ခုလုံးရှိသွေးကြောများပေါက်ထွက်သွားသကဲ့သို့ဖြစ်နေ၏။ ၎င်းသည် အလွန်သွေးစွန်းနေပြီး အလွန်ကိုထိတ်လန့်ဖွယ်ဖြစ်နေ၏။ 


ဘေးနားရှိအမျိုးသမီးသည် သူ့ယောက်ျားနိုးလာသည်ကိုတွေ့လိုက်သောအခါ သူ့ပုံစံသည် ဘယ်လိုမှားယွင်နေပါစေ သူမသည် သူ့အားပွေ့ဖက်ကာငိုယိုနေပြီး စကားပြောဖို့သူမပါးစပ်ကိုဖွင့်ရန်ကြိုးစားခဲ့၏။ သို့သော်လည်း သူမ၏ယောက်ျားသည် သူ့မလည်ပင်းကိုဖမ်းဆွဲလိုက်ကာ သူမခေါင်းနားသို့နှိမ့်လာပြီး သူမ၏လည်မြိုသို့ ပြင်းပြင်းထန်ထန်ကိုက်လိုက်လေသည်။ 


အမျိုးသမီးသည် အော်ဟစ်လေသော်လည်း အမျိုးသားသည် အလွန် အပြင်းအထန်ကိုက်ခဲထားပြီး သူမ၏လည်မြိုရှိအသားစကြီးတစ်ခုကိုဆွဲဆုတ်လိုက်ကာ သူ့အစာအိမ်ထဲသို့တိုက်ရိုက်မြိုချလိုက်လေတော့သည်။ သွေး များသည် နေရာအနှံ့ဖြန်းပက်သွားလေပြီး အမျိုးသားသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ပါးစပ်အားအပ်လိုက်ကာ သူမ၏ သွေးများကို တစ်လုပ်ကြီး မျိုချလိုက်လေတော့သည်။ 


သူတို့ဘေးပတ်လည်ရှိလူများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ကြောင်အ နေကြတော့သည်။ သူတို့မတားနိုင်ခင်မှာပင် တခြားနေရာတစ်ခုပြီးတစ်ခုမှ အော်ဟစ်သံများ ကြားလိုက်ရတော့သည်။ အရင်ကသေဆုံးသွားသူအားလုံးသည် ပြန်ရှင်လာကြပြီး အနီးဆုံးရှိအသက်ရှင်နေသော လူအား တိုက်ရိုက်တိုက်ခိုက်ကြလေတော့သည်။ သူတို့သည် လူယောက်ကိုဖမ်းလိုက်ကာ သူတို့၏ပါးစပ်ကိုဖွင်ပြီး ကိုက်လေတော့သည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးရုံသည် ကမ္ဘာမြေပေါ်ရှိ ငရဲတစ်ခုသို့ သက်ဆင်းသွားပုံရနေပြီး လူသားစားသူများနှင့် သွေးများပြည့်နေတော့သည်။ လူအများသည်လည်း အော်ဟစ်ရင်း အလျင်အမြန်ပြေးလွှားနေခဲ့ကြလေသည်။ 


ထိုအရာအားလုံးသည် သတင်းထောက်၏ ကင်မရာမှ မှတ်တမ်းတင်နေပြီး TVတွင် တိုက်ရိုက်ထုတ်လွှင့်နေလေတော့သည်။ 


TVရှေ့တွင် ကျန့်ယွင်နှင့် စုန့်ချန်ရှုတို့သည် တစ်ယောက်နှင့်တစ်ယောက် ငြိမ်သက်စွာ ကြည့်နေခဲ့ကြသည်။ သူတို့၏မျက်နှာများသည် ရုပ်ဆိုးအကျည်းတန်နေလေပြီ။ သူတို့စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ခဲ့ကြသော်လည်း သူတို့ရှေ့မှောက်တွင် ထိုအရာအားလုံး ဖြစ်ပျက်လာကြသောအခါ သူတို့လက်မခံနိုင်ကြဆဲပင်။ 


စုရှေ့ကျယ်သည် အတည်ငြိမ်ဆုံးဖြစ်လေသည်။ သူသည် မီးဖိုထဲသို့သွားကာ ဖရဲသီးခွဲသည့်ဓားတစ်ချောင်းကိုယူလိုက်သည်။ 


“သွားကြမလား ”


စုရွေ့ကျယ်သည် အမှန်တကယ်ပင် အချိန်အကြာကြီးကတည်းက အစီအစဉ်တစ်ခု ပြုလုပ်ထားခဲ့သည်။ ဖုတ်ကောင်များထွက်ပေါ်လာပြီးသည့်နောက် ကမ္ဘာကြီးတစ်ခုလုံးသည် ရှုပ်ထွေးနေတော့မည်ဖြစ်သည်။ ဥပဒေနှင့် အမိန့်များသည် ဖျက်သိမ်းခံရလိမ့်မည်။ မကြာခင်မှာပင် ခုတ်ထစ်ခြင်း လူယပ်ခြင်းများရှိလာလိမ့်မည်။ သူသည် ထိုအရာများကို လူတိုင်းမတုန့်ပြန်နိုင်ခင်မှာပင် အနီးအနားရှိ ဓာတ်ငွေ့ဆိုင်တစ်ဆိုင်နှင့် စူပါမားကတ်ကြီးတစ်ခုသို့သွားရမည်။ 


ကျန့်ယွင်သည် မကြာခင်မှာပင် စုရွေ့ကျယ်၏အစီအစဉ်အား နားလည်သွားပြီး တုန့်ဆိုင်းနေပြီး မီးဖိုထဲသို့သွားကာ ဓားတစ်ချောင်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သေနတ်တစ်လက်ကို သူဘောင်းဘီနောက်တွင် ထိုးခဲ့လိုက်ရန်လည်း မမေ့ချေ။


စုန့်ချန်ရှုသည် ထိတ်လန့်နေဆဲဖြစ်ကာ ကျန့်ယွင်ဆွဲခေါ်ခြင်းခံလိုက်ရပြီး ကားမောင်းသူဖြစ်လာကာ အနီးအနားရှိ ဓာတ်ဆီဆိုင်တစ်ခုသို့မောင်းသွားခဲ့ကြသည်။


စုန့်ချန်ရှုသည် ကားအားရန်သူများဆီသို့မောင်းချသွားခဲ့ပြီး ဓာတ်ဆီဆိုင်ရှိသွေးများကိုကြည့်ကာ သူ့ခြေလက်များ အနည်းငယ်အေးစက်လာခဲ့တော့သည်။ 


“ကျွန်တော်သွားပြီး တစ်ချက်စစ်ကြည့်လိုက်မယ် ”


ထိုစကားများပြောပြီးနောက် စုရွေ့ကျယ်ကားပေါ်မှဆင်းကာ ဓာတ်ဆီဆိုင်ထဲသို့ လျှောက်၀င်သွားလေတော့သည်။ 


“ဂရုစိုက်ပြီး တံခါးနဲ့ပြတင်းပေါက်တွေကိုလော့ချထား ”


ကျန့်ယွင်သည် စုန်ချန်ရှုအားမှာကြားပြီး ချက်ချင်းကားပေါ်မှဆင်းကာ စုရွေ့ကျယ်နောက်လိုက်သွားလေသည်။ 


စုရွေ့ကျယ်လှမ်း၀င်သွားသည်နှင့် အရိပ်မဲတစ်ခုသည်သူ့ဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်သည်။ စုရွေ့ကျယ်သည် ထိတ်လန်တုန်လှုပ်မသွားချေ။ သူ့လက်ကိုမြှောက်ပြီး ဓားကိုပင့်လိုက်ကာ ဖုတ်ကောင်၏ခေါင်းအား ထိုးခွဲလိုက်ပြီး သူ့ခေါင်းအားအပိုင်းပိုင်းအစစ ဖြတ်လိုက်လေသည်။ 


ဖုတ်ကောင်သည် မြေပေါ်သို့တိတ်ဆိတ်စွာလဲကျသွားပြီး ဓာတ်ဆီဆိုင်၀န်ထမ်း၀တ်စုံ ၀တ်ဆင်ထားဆဲဖြစ်ကာ ဖျားနာနေလျက်နှင့် အလုပ်လာပြီး ထို့နောက်ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းသွားခြင်းဖြစ်သည်။ 


စုရွေ့ကျယ်သည် ဖုတ်ကောင်ခန္ဓာကိုယ်နားတွင် အချိန်အများကြီး မဖြုန်းခဲ့ပေ။ အချိန်မရွေး ဖုတ်ကောင်အသစ်တစ်ကောင် ရောက်လာနိုင်သည်။ အချိန်ကို ချွေတာရမည်။ 


စုရွေ့ကျယ်သည် ဓာတ်ဆီဆိုင်သိုလှောင်ရုံသို့ပြေးသွားလိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် မြေပြင်ပေါ်တွင်လဲကျနေသော အသားစများနှင့် သွေးစွန်းနေသော ခန္ဓာကိုယ်တစ်ခုအား တွေ့လိုက်သည်။ ပျို့အန်ချင်နေသော်လည်း သူသည် ဖရဲသီးခွဲဓားကို အလောင်းကောင်၏ခေါင်းထဲသို့ နှစ်ကြိမ်ထိုးသွင်းလိုက်ပြီး ခန္ဓာကိုယ်မှ ဦးနှောက်အားဖြတ်တောက်လိုက်ပြီး ထို့နောက် သိုလှောင်ရုံထဲသို့၀င်သွားခဲ့သည်။ 


ကျန့်ယွင်သူ့နောက်သို့ လိုက်သွားပြီး အခြေအနေအားမြင်လိုက်ရကာ လေအေးတစ်ရှိုက်မရှူပဲ မနေနိုင်တော့ချေ။ စုရွေ့ကျယ်သည် ခန္ဓာကိုယ်အား ဖုတ်ကောင်အဖြစ်သို့ပြောင်းလဲပြီး အသွင်ပြောင်းသွားခြင်းမှကာကွယ်ရန် လုပ်သည်ကို သူသိသည်။ ရှင်းရှင်းလင်းလင်းသိနေပါသော်လည်း စိတ်ပိုင်းဆိုင်ရာအရ လျင်မြန်စွာ လက်သင့်မခံနိုင်သေးချေ။ 


ထိုအချိန်မှာပဲ စုရွေ့ကျယ်သည် သိုလှောင်ရုံထဲသို့၀င်သွားပြီး ခွဲထည့်ထားသော ဓာတ်ဆီပုံးအချို့ကို နေရာလွတ်ထဲသို့ထည့်လိုက်သည်။ ကျန့်ယွင်သည် ငွေသိမ်းသူ၏စားပွဲသို့သွားကာ အကြွေး၀ယ်ကတ်များစွာကို ထုတ်ယူလိုက်ပြီး ဓာတ်ဆီတိုင်ကီထဲမှ နှစ်စည်လောက်လောင်းထည့်လိုက်သည်။ ကျန်သည်များကို ကျန့်ယွင် မသွန်ပစ်ခဲ့ပဲ တခြားသူများအတွက်ချန်ခဲ့လိုက်သည်။ 


ကျန့်ယွင်သည် စုရွေ့ကျယ်အား ဓာတ်ဆီဆိုင်အနောက်ဘက်သို့သွားကြည့်ပြီး ဓာတ်ဆီလှောင်ကန်များစုရန်ပြောလိုက်သည်။ သူသည် ဓာတ်ဆီသယ် ထရပ်ကားတစ်စီးရှာတွေ့လိုက်သည်။ ဓာတ်ဆီဆိုင်သို့ လောင်စာဆီဖြည့်ရန်လာခဲ့ခြင်းဖြစ်ပုံရသည်။ တိုင်ကီအပေါ်ဆုံးရှိအပေါက်မှကြည့်လိုက်ပြီး အတိုင်းအတာသည် တိုင်ကီအပြည့်နီးပါးရှိကြောင်းပြနေသည်။ 


ဘုရားကသူတို့ကို ကူညီလိုက်တာပဲ။ 


သို့သော်လည်း ဓာတ်ဆီသယ်ထရပ်ကားအရှေ့တွင် သေသည် ရှင်သည် မသိရသောလူတစ်ယောက်ရှိနေသည်။ သူသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ထရပ်ကားနှင့်အတူ နေရာလွတ်ထဲသို့ ထည့်လိုက်ရင် မဖြစ်ပေ။ ကျန့်ယွင်သည် ကားတံခါးကိုဖွင့်ပြီး အထဲရှိလူအားဆွဲထုတ်ရန် ရည်ရွယ်လိုက်သည်။ 


ကားတံခါးသည် အတွင်းဘက်မှ လော့ချထား၏။ ကျန့်ယွင် ဓားနှင့်ပြတင်းပေါက်အား ခွဲလိုက်သည်။ အထဲမှတံခါးဖွင်ရန် အဆင်သင့်ဖြစ်သည်နှင့် အထဲရှိလူသည် ခုန်ထွက်ကာ ပါးစပ်ကျယ်ကျယ်ဖွင့်ကာ ကျန့်ယွင်၏လက်မောင်းဆီသို့ဦးတည်ပြီး သူ့အားကိုက်ရန် ကြိုးပမ်းလေတော့သည်။ 


ကံကောင်းစွာပင် ကျန့်ယွင် အလျင်အမြန်တုန့်ပြန်ပြီး အချိန်မှီသူ့လက်အားနောက်သို့ ဆွဲလိုက်သော်လည်း ဟန်ချက်ပျက်ပြီး မြေပေါ်သို့ရုတ်တရက်လဲကျသွားတော့သည်။ လှုပ်ရှားမှုသည် အတော်လေးကြီးသဖြင့် သူ့ဗိုက်ရှိဒဏ်ရာအားဆွဲလိုက်သကဲ့သို့ဖြစ်သွားပြီး ကျန့်ယွင် သူ့သွားများတင်းတင်းကြပ်ကြပ်စေ့သွားစေလေသည်။ 


ဖုတ်ကောင်သည် ကွဲသွားသောပြတင်းပေါက်တွင် ကိုယ်တစ်၀က်ညှပ်နေပြီး သွားများဖြဲကာ လက်သည်းများကို ကျန့်ယွင်ဆီသို့လှမ်းကုတ်နေလေသည်။ ထိုအကောင်၏မျက်လုံးများသည် နီရဲနေပြီး အလွန် ကြောက်ရွံ့သွေးပျက်ဖွယ်ပင်ဖြစ်နေသည်။ 


ကျန့်ယွင်သည် မြေပေါ်သို့ကျသွားသောဓားအားကောက်လိုက်ကာ ဖုတ်ကောင်၏ခေါင်းသို့ ခပ်ပြင်းပြင်းထိုးသွင်းလိုက်သည်။ ဖုတ်ကောင်၏အပေါ်ပိုင်းကိုယ်သည် ကားအပြင်ဘက်သို့ထွက်နေပြီး လူးလွန့်နေသဖြင့် ကျန့်ယွင် ဓားဖြင့် သူ့လည်ပင်းအားတိုက်ရိုက်ထိုးလိုက်ကာ ခေါင်းကိုဖြတ်ပစ်လိုက်ရသည်။


ဖုတ်ကောင်၏ခေါင်းသည် မြေပေါ်သို့လိမ့်သွားပြီး ကျန်သည့်ဖုတ်ကောင်သည် ပြတင်းပေါက်မှတဆင့် တွဲလောင်းကျနေဆဲဖြစ်သည်။ မြသ်ကွင်းသည် အလွန်ကို လှုံ့ဆော်မှုဖြစ်နေစေသည်။ ကျန့်ယွင်ကဲ့သို့ ရဲသင်တန်းကျောင်းမှ ဘွဲ့ရတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာစွမ်းရည်နှင့်တောင် မခံရပ်နိုင်ချေ။ 


“ကျန့်ကော, ခင်ဗျားအဆင်ပြေရဲ့လား ”


စုရွေ့ကျယ်အရှေ့ဘက်မှ ပြေးလာပြီး စိတ်ညစ်စရာကိုတွေ့လိုက်ရသည်။ သူ ကျန့်ယွင်အားဆွဲကာ စိုးရိမ်စိတ်ဖြင့် ချက်ချင်းမေးလိုက်သည်။ 


ကျန့်ယွင်ခေါင်းခါလိုက်ကာ တုန်ယင်နေသောညာလက်အား သူနောက်တွင်ထားလိုက်ကာ စုရွေ့ကျယ်အား တတ်နိုင်သမျှအေးအေးဆေးဆေးပြောလိုက်၏။ 


“ကိုယ် ဆီသယ်ယာဉ်တစ်စီးရှာတွေ့ထားတယ်။ အလောင်းကောင်ကို အပြင်ကိုထုတ်ပြီး ယာဉ်ကိုနေရာလွတ်ထဲကိုထည့်လိုက်လို့ရတယ်။ ”


“ကောင်းပြီ ”


စုရွေ့ကျယ်သည် အလောင်းကောင်၏အ၀တ်များအားဆွဲကာ အလောင်းကောင်၏ကျန်တစ်၀က်အားတိုက်ရိုက်ဆွဲထုတ်လိုက်ပြီး မြေပေါ်သို့ပစ်ချလိုက်သည်။ ထို့နောက်ဆီသယ်ယာဉ်တစ်ခုလုံးကိုသူ့နေရာလွတ်ထဲသို့ ထည့်လိုက်လေသည်။ ဆီသယ်ယာဉ်နဲ့သာဆို သူတို့အနာဂါတ်တွင် ဓာတ်ဆီအကြောင်း စိုးရိမ်စရာမလိုတော့ပေ။။


စုရွေ့ကျယ်သည် ဓာတ်ဆီဆိုင်ကုန်စုံဆိုင်ရှိ မည်သည့်အရာကိုမှ အလေအလွင့်မဖြစ်စေခဲ့ချေ။ ထုပ်ပိုးထားခြင်းမရှိသည့် အရာအားလုံးကို နေရာလွတ်ထဲသို့ ထည့်လိုက်သော်လည်း စင်ပေါ်ရှိမည်သည့်အရာကိုမှ မပြောင်းရွှေ့ခဲ့လိုက်ချေ။ နောက်ရောက်လာမည့် လူများအတွက်လည်း ဘ၀ရောင်ခြည်တစ်ခု ထားခဲ့ချင်သေးသည်။ 


ဤအချိန်တွင် စုရွေ့ကျယ်၏နေရာလွတ်သည် အလွန်အဆင်ပြေလှသဖြင့် ကျန့်ယွင်မလေးစားပဲမနေနိုင်ချေ။ 


စာရေးသူတွင် ပြောစရာရှိပါတယ်။


【လမ်းမပေါ်ရှိပြဇာတ်ငယ်လေး】


ကျန့်ရှောင်ယွင် : အဆုံးသတ်ရောက်လာနေပြီ။ ငါ့သူငယ်ချင်းလေးဘယ်မှာလဲ။ 


စုန့်ချန်ရှု : ငါဒီမှာ။ 


ချန်းချီ : တောင်းပန်ပါတယ်၊ ငါအဲ့မှာမရှိဘူး (T_T)


ကျန့်ရှောင်ယွင် : အိုး၊ အဆင်ပြေပါတယ်။ မင်းက အရေးမကြီးဘူး၊ စုရှောင်ကျယ်ကော။


စုရှောင်ကျယ် : ကျွန်တော်ဒီမှာ။ ဘာမှားနေလို့လဲ။ 


ကျန့်ရှောင်ယွင် : ဘာမှမဟုတ်ပါဘူး။ ကိုယ်မင်းကိုလွမ်းနေရုံပါ။


စုရှောင်ကျယ်(ရှက်ရွံ့နေ) : ခင်ဗျားကိုတော့ မကူညီနိုင်တော့ဘူး (づ ̄ ³ ̄)づ


ချန်းချီ : ဒီမှင်စာက ဘယ်ကရောက်လာပြီး ငါ့လောင်တကိုယူသွားတာလဲကွ။ 


အကြီးဆုံးအဒေါ် : တရားစွဲ၊ လျော်ကြေးငွေယူ၊ ၀ယ်၊၀ယ်၊ ထိုအကြောင်းတွေးပြီး အရမ်းပျော်ရွှင် ဝေါင်း, လကဘာလို့အရမ်းနီရဲနေရတ

ာလဲ။ မင်းငါ့ကိုမနာလိုဖြစ်နေတာလား။


သွေးစွန်းနေသောလ : မဟုတ်ဘူး၊ ငါမင်းကိုပြောချင်တာက အိပ်မက် မက်မနေနဲ့၊ နိုးထလိုက်တော့။