အခန်း(၂၁)
Viewers 12k

အခန်း(၂၁)《 မမျှော်လင့်ထားသော 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


လူသုံးယောက်သည် အနောက်ဘက်အခြမ်းရှိပြတင်းပေါက်ဆီသို့ လာခဲ့ကြသည်။ ကျန့်ယွင်သည် စုရွေ့ကျယ်ပေးထားသောကြိုးကို ကျွမ်းကျင်စွာချည်နှောင်လိုက်၏။ ထို့နောက် စုရွေ့ကျယ်နှင့် စုန့်ချန်ရှုတို့ကို အရင်ဆုံးဆင်းစေကာ ပြီးမှ သူဖြည်းဖြည်းချင်းဆင်းလာပြီး နောက်ဆုံး၌ကြိုးကို သူတို့ဆီသို့ဖြတ်ယူလိုက်ကာ ချောချောမွေ့မွေ့ရောက်သွားလေသည်။ 


သို့သော်လည်း ထွက်ပေါက်နားတွင် တစ်စုံတစ်ယောက်ရှိနေ၏။ သေချာတာပေါ့၊ သူတို့နေရာလွတ်ထဲမှကားကို ထုတ်မောင်းလို့မဖြစ်တော့ချေ။ ထို့ကြောင့် နောက်ကလှည့်ပတ်ပြီး သွားဖို့ဆုံးဖြတ်လိုက်သည်။ သူတို့လမ်းလျှောက်နေစဉ်မှာပဲ အုပ်စုတစ်ခုထဲပြေး၀င်သွားမှန်း ဘယ်သူသိမှာလဲ။ 


ထိုလူများတွင် အမျိုးသားခြောက်ယောက်နှင့် အမျိုးသမီးသုံးယောက် စုစုပေါင်းကိုးယောက်ရှိလေသည်။သူတို့အားလုံးတွင် ဘေ့စ်ဘောရိုက်တုတ်များ၊ ဂေါ့ဖ်ရိုက်တံများ၊ ထိုင်ခုံခြေထောက်များ နှင့်တခြားကိရိယာများရှိကြပြီး သူတို့သည် အနီးအနားတွင်နေထိုင်ကြသူများဖြစ်နိုင်ကာ စူပါမားကတ်သို့ အစားအသောက်ရှာဖွေရန်အတွက် လာခဲ့ကြခြင်းဖြစ်ပုံရသည်။ ကျန့်ယွင်ဦးဆောင်လာသောလူသုံးယောက်အုပ်စုကိုမြင်ပြီးနောက် သူတို့၏မျက်လုံးများတောက်ပသွားကြလေသည်။ ကြည့်လိုက်ရုံဖြင့်ပင် ကျန့်ယွင်၏ခန္ဓာကိုယ်သည် တိုက်ခိုက်ခြင်းအတွက် အလွန်စွမ်းရည်ရှိနိုင်သည်။ တစ်ခြားနှစ်ယောက်သည် အားနည်းကြ‌သော်လည်း သူတို့လက်များထဲတွင် ဓားများရှိနေကြပြီး အားကောင်းသောတိုက်ခိုက်ရေးအဖွဲ့တစ်ခုလည်းဖြစ်နိုင်သည်။ 


၀တ်စုံပြည့်၀တ်ထားသောလူတစ်ယောက်သည် ချက်ချင်းရှေ့သို့ထွက်လာကာပြောလာ၏။ 


“မင်းတို့သုံးယောက်လည်း ဒီကို အစားအသောက်စုဆောင်းဖို့လာခဲ့တာလား” 


ကျန့်ယွင် မငြင်းဆန်နိုင်တော့ပဲ ခေါင်းငြိတ်လိုက်သည်။။


“ဘာလို့ငါတို့အတူမသွားရမှာလဲ။ ရှောင်၀မ်က ဒီကုန်တိုက်ရဲ့ ငွေသိမ်းတစ်ယောက်ပဲ။ သူမရဲ့အမျိုးသားက ဒီမှာ လုံခြုံရေးတစ်ယောက်လေ။ သူမက ဒီကုန်တိုက်နဲ့ အရမ်းအကျွမ်းတ၀င်ရှိတယ်။ ငါတို့အစားအစာအတူရှာလို့ရတယ်”


၀တ်စုံပြည့်၀တ်ဆင်ထားသောအမျိုးသားက သူတို့ထဲမှတစ်ယောက်အားညွှန်ပြလာ၏။ 


သူတို့ ကုန်တိုက်ကို အပြောင်ရှင်းလုနီးပါးပြီးသွားခဲ့ပြီမို့ သူတို့ပြန်မသွားလိုကြတော့ချေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က ကုန်တိုက်၏မှန်ကိုခွဲလိုက်ပြီး သူတို့ကုန်တိုက်အရှေ့ဘက်မှ ၀င်လာခဲ့ကြသည် ဆိုသောဇာတ်လမ်းအား ပြောပြလိုက်သည်။ 


“အဲ့ဒါက အဆင်ပြေပါတယ်။ ကုန်တိုက်က အရမ်းကြီးတာမို့ သူတို့အရာတိုင်းကိုယူမသွားနိုင်ပါဘူး ဟုတ်တယ်မလား ”


၀တ်စုံပြည့်၀တ်ထားသောလူသည် ရှုံ့ချစွာပြောလိုက်ပြီး 


“ဒါ့အပြင် ကောင်းတဲ့ပစ္စည်းတွေက ‌အနောက်ဘက်သိုလှောင်ရုံထဲမှာရှိတယ်။ ရှောင်၀မ်မှာသော့တွေရှိတယ်။ အနောက်ဘက်ကနေအထဲကိုသွားကြစို့ ပြီးရင် သူတို့နဲ့မဆုံတော့ဘူးပေါ့ ”


ပြောဆိုကြပြီးနောက် အကယ်၍သူတို့နောက်တစ်ကြိမ်ငြင်းလိုက်ပါက ထူးဆန်းနေပုံပေါက်နေလိမ့်မည်။ နောက်ဆုံးမှာတော့ သူတို့အားလုံးကအစားအသောက်လာရှာကြသူတွေလေ။ ဤကဲ့သို့သောအခွင့်အရေးကောင်းတစ်ခုကို မယူဘူးဆိုလျှင် သံသယ၀င်စရာပင်။ ပိုအရေးကြီးသည်မှာ စုရွေ့ကျယ်သည် စူပါမားကတ်သိုလှောင်ရုံထဲမှ ပစ္စည်းများကိုလက်လွတ်မခံချင်ပေ။ အခုမှ ကမ္ဘာပျက်ကပ်အဆုံးသတ်ကြီး၏ အစပင်ရှိသေးသည်။ လူအများစုသည် ထိတ်လန့်တုန်လှုပ်ပြီး ပြာယာခတ်နေကြတုန်းပဲရှိသေးသည်။ သို့သော်လည်း မကြာခင်မှာပင် သူတို့အစားအသောက်ပြတ်လပ်မှုကို သတိပြုမိလာပြီး နေရာတိုင်းတွင် ပစ္စည်းများစတင်ရှာဖွေကြတော့မည်။ အနာဂါတ်တွင် ပစ္စည်းများစုဆောင်းရန် ဤမျှလောက်ကြီးမားသော အခွင့်အရေးမျိုးများရနိုင်လိမ့်အုံးမလားဆိုသည်ကို သူမသိချေ။ သူ့ယခင်ဘ၀သည် အလွန်ဆင်းရဲမွဲတေသဖြင့် ဤဘ၀တွင် စုရွေ့ကျယ်၌ ပစ္စည်းများနှင့် အခြားအရာများကိုစုဆောင်းရသည်ကို အလွန်အမင်းစွဲလမ်းနေလေသည်။ 


ကျန့်ယွင်သည် ဖုတ်ကောင်များစုစည်းသောအချိန်ကိုခန့်မှန်းလိုက်၏။ သူတို့မြန်မြန်လှုပ်ရှားမည်ဆိုလျှင် သူတို့ထွက်ခွာဖို့အချိန်အလုံအလောက်ရနိုင်သည်။ 


ထို့ကြောင့် လူသုံးယောက်သည် သူတို့၏အဖွဲ့နှင့်ပေါင်းလိုက်ပြီး သူတို့နောက် ကုန်တိုက်၏အနောက်ဘက်တံခါးဆီသို့ပတ်လိုက်သွားလိုက်ကြသည်။ သန်မာပြီးသေးကွေးသောလူတစ်ယောက်မှလာပြီး သော့ကိုထုတ်လိုက်ကာ ‌အနောက်ဘက်တံခါးကိုဖွင့်လိုက်သည်။ သူက လုံခြုံရေးအစောင့်ဖြစ်ခဲ့ပုံရသည်။ 


အနောက်ဘက်တံခါးသည် အလျင်အမြန်ပွင့်သွားပြီး သို့သော်လည်း အထဲတွင် မှောင်မဲနေဆဲဖြစ်သည်။ ၀တ်စုံပြည့်၀တ်ထားသောအမျိုးသားသည် သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ဓာတ်မီးတစ်လက်ကိုထုတ်ယူလိုက်ကာ လျှောက်လမ်းများကြားသို့ထိုးလိုက်၏။ သူ့ခေါင်းဆောင်မှုအောက်တွင် လူအုပ်စုသည် တိတ်တဆိတ်လျှောက်သွားလိုက်ကြပြီး အနောက်ဘက်လှေကားများမှတဆင့် ဒုတိယထပ်ရှိ သိုလှောင်ရုံထဲသို့ ၀င်သွားလိုက်ကြသည်။ 


လုံခြုံရေးအစောင့်တွင်ရှိသော သိုလှောင်ရုံသော့ဖြင့် လေးလံသောသော့ခလောက်အား အလျင်အမြန်ဖွင့်လိုက်ပြီး အထဲသို့၀င်လိုက်ကြသည်။ 


၀တ်စုံနှင့်အမျိုးသားသည် သိုလှောင်ရုံပတ်လည်ကို ဓာတ်မီးနှင့်ပတ်ထိုးလိုက်ပြီး သူတို့ရှေ့တွင် သပ်သပ်ရပ်ရပ်စီထားသော ပစ္စည်းအမျိုးစားအားလုံးကို တွေ့လိုက်ရသည်။ ၀တ်စုံပြည့်နှင့်အမျိုးသားသည် သေတ္တာတစ်လုံးကိုဖွင့်လိုက်ကာ ကျောပိုးအိတ်တစ်ဒါဇင်ကျော်ကိုထုတ်ယူလိုက်ပြီး လူတိုင်းကိုတစ်အိတ်စီပေးလိုက်သည်။ လုံခြုံရေးအစောင့်ကလည်း စွမ်းအားမြင့်ဓာတ်မီးတစ်လက်ကို ထုတ်လိုက်ပြီး သေတ္တာပေါ်တွင်တင်လိုက်သည်။ ဓာတ်မီးအလင်းရောင်အောက်တွင် မင်းတို့ရှေ့မှာရှိတဲ့ပစ္စည်းတွေကို ရှင်းရှင်းလင်းလင်းမြင်ရတယ်လေ။ 


“အဆာခံနိုင်လောက်မယ့်အစားအစာတွေကို မင်းတို့နိုင်သလောက်ယူ၊ သွားရေစာမဟုတ်ပဲ ကျန်တာမင်းတို့ကြိုက်တာယူ”


လူအုပ်သည် ခေါင်းငြိတ်လိုက်ပြီး လူစုခွဲလိုက်ကြသည်။ 


စုရွေ့ကျယ်သည် အသင့်စားခေါက်ဆွဲခြောက်များ၊ သကြားလုံးများနှင့် ဘီစကစ်များ သေတ္တာများစွာကိုတိတ်တဆိတ်စု‌လိုက်ပြီး ထို့နောက် သူ့ကျောပိုအိတ်ထဲသို့ ၀က်အူချောင်းများနှင့်ရေတို့ကိုထည့်လိုက်သည်။ ကျန့်ယွင်နှင့်စုန့်ချန်ရှုတို့လည်း ထိုသို့အတူတူပင်။ သူ့ကျောပိုးအိတ်ထဲသို့ ပစ္စည်းများကိုအာရုံစိုက်ကာထည့်နေလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူထည့်သွားရမည်။ လက်ဗလာနှင့်တော့ ပြန်မထွက်ချင်ပေ။ 


သို့သော်လည်း ထိုလူများအနေဖြင့် သိုလှောင်ရုံကို အပြောင်ရှင်းချင်လျှင်တောင် သူတို့၏ကျောပိုးအိတ်များသည် ထိုလောက်မကြီးနေပေ။ ထို့ကြောင့် ၀တ်စုံပြည့်အမျိုးသားသည် သူ့ကျောပိုးအိတ်ကိုထုတ်ပိုးကာ သူ့နောက်တွင်သယ်လိုက်ပြီး အသားနှင့် နေ့လည်စာထမင်းဘူးကိုဖွင့်ကာ တစ်ကျိုက်လောက်စားလိုက်ပြီး သူ့လက်ထဲတွင် ဆန်နှစ်အိတ်ကိုသယ်ထားလိုက်သည်။ 


ထိုခဏတွင် အလွန်ကြေကွဲဖွယ် အော်သံတစ်ခု စူပါမားကတ်တလျှောက်ပျံ့နှံ့သွားပြီး ပစ္စည်းများစုဆောင်းနေသောလူများစွာကို ထိတ်လန့်သွားစေသည်။ 


“အဲ့ဒါဘာကြီးလဲ ”


တစ်ယောက်ယောက်သည် တုန်လှုပ်နေသောအသံဖြင့်မေးလာ၏။ 


၀တ်စုံပြည့်အမျိုးသားသည် ခက်ခက်ခဲခဲတံတွေးမျိုချလိုက်ပြီး တစ်ခန်းလုံး မည်သည့်အသံမှမထွက်ရဲကြချေ။ 


သို့သော်ငြားလည်း အော်ဟစ်သံကြီးသည် ချက်ချင်းလက်ငင်း ခလုတ်တစ်ခုကိုဖွင့်လိုက်သလိုပင်။ နာနာကျင်ကျင်အော်ဟစ်သံနှင့် အကူအညီအတွက် အရေးတကြီးငိုသံသည် သွားလိုက်လာလိုက်ထွက်ပေါ်လာသည်။ 


ကြည့်ရတာ, အရှေ့ဘက်က၀င်လာတဲ့အုပ်စုမှာ ဖုတ်ကောင်တစ်ကောင်ရှိနေပုံပဲ....


ဘယ်လောက်ကြာသွားမှန်းမသိလိုက်ပဲ အော်ဟစ်သံများနောက်ဆုံး၌ ရပ်တန့်သွားလေပြီး အလျင်လိုနေသောခြေသံများအဝေးမှ သူတို့ဆီသို့လာနေလေသည်။ 


“တံခါးသော့ခတ်လိုက် ”


၀တ်စုံပြည့်အမျိုးသားသည် ရုတ်တရက်ပြောလိုက်၏။ 



“ဘာ..”


တစ်စုံတစ်ယောက်သည် သူ့အားထိတ်လန့်စွာကြည့်လိုက်သည်။ အသက်ရှင်နေသေးတဲ့တစ်စုံတစ်ယောက်က သူတို့ဆီဦးတည်ပြေးလာချင်နေတာလေ။


“အဲ့လူကိုဖုတ်ကောင်တစ်ကောင်ကိုက်လိုက်သလားဆိုတာ ဘယ်သူသိနိုင်မလဲ။ အကိုက်မခံခဲ့ရဘူးဆိုရင်တောင် သူ့နောက်မှာ ဖုတ်ကောင်အများကြီးရှိနေရင် ဘယ်လိုလုပ်မလဲ။ ငါတို့ မစွန့်စားနိုင်ဘူး ”


အမျိုးသား၏အသံ တိတ်ကျသွားသောအခါ ရှောင်၀မ်အမည်ရသော အမျိုးသမီး၏လက်များတုန်နေပြီး သိုလှောင်ရုံ၏တံခါးကို သော့ခတ်လိုက်သည်။ 


ဖရိုဖရဲအလျင်လိုနေသောခြေသံများ မကြာခင်မှာပင် တံခါးဆီသို့ရောက်လာလေသည်။ ထိုလူသည် သိုလှောင်ရုံ၏တံခါးအားဖွင့်ရန် ကြိုးစားသော်လည်း တံခါးသည် သော့ပြန်ခတ်ထားလေပြီ။ သူဘယ်လောက်ပြင်းပြင်းထန်ထန်ကြိုးစားပါသော်လည်း ဖွင့်လို့မရချေ။ 


အမျိုးသားသည် တံခါးကို စတင်ပြင်းပြင်းထန်ထန်ရိုက်ပုတ်ပြီး အလျင်အမြန်ပြောလာ၏။ 


“အထဲမှာဘယ်သူရှိလဲ။ တစ်ယာက်ယောက်အထဲမှာရှိလား။ တံခါးဖွင့်ပေးပါ။ ကူညီပါ ”


အသံအရ လူငယ်လေးတစ်ယောက်ဖြစ်ပုံရသည်။ သို့သော်လည်း သိုလှောင်ရုံထဲရှိ လူတိုင်းသည် အသံတိတ်နေကြကာ သူ့အကူအညီအတွက်ခေါ်သည်ကို ဘယ်သူကမှပြန်မဖြေကြပေ။ 


ထို့‌နောက် လျှောက်လမ်းတစ်ဖက်အဆုံးမှ လေးလံသောခြေသံများထွက်ပေါ်လာ‌ပြီး ကောင်လေး၏ အကူအညီအတွက်‌အော်ဟစ်သံသည် ဆတ်ခနဲတိတ်ကျသွားပြီး တိတ်ဆိတ်နေသောနေရာ၌ ကြည်လင်ပြတ်သားသော အသက်ရှူသံတစ်ခုသာလျှင် အစားထိုးသွားသည်။


“အား ”


ကောင်လေးသည် တံခါးကိုပြင်းပြင်းထန်ထန်ကန်လိုက်ကာ အော်သံကြီးတစ်ခုထွက်ပေါ်လာလေသည်။။


ထို့နောက် ဖုတ်ကောင်များ၏ညည်းညူသံများနှင့်အတူ ပြင်းထန်သောပျက်စီးမှုတစ်ခု ဖြစ်သွားလေသည်။


အချိန်သည် အဆတစ်သောင်းလောက်နှေးသွားပုံရပြီး စက္ကန့်တိုင်းသည် အလွန်နှေးကွေးစွာသွား‌လေသည်။ အပြင်ဘက်တွင် တံခါးထုသံနောက်တစ်ကြိမ်ထွက်ပေါ်လာသောအခါ တံခါးနားတွင်ရပ်နေသော ရှောင်၀မ်သည် တုန်ယင်နေပြီး သူမခြေထောက်များပျော့သွာကာ မြေပေါ်သို့လဲကျသွားလေသည်။


“တံခါးဖွင့်ပါ...ကျေးဇူးပြုပြီး...တံခါးဖွင့်ပေးပါ...”


တံခါးအောက်ခြေကိုရိုက်နှက်နေလေပြီး ကောင်လေးသည် ထိုခဏ၌ ကြမ်းပေါ်တွင် ထိုင်နေခဲ့ပုံပေါ်သည်။ သူ့အသံတွင် စိတ်ပျက်အားငယ်မှုနှင့် နာကျင်မှုတို့ ပေါ်နေလေသည်။


လူတိုင်းသည် ၀တ်စုံပြည့်၀တ်ထားသောအမျိုးသားအား ရိုကျိုးစွာကြည့်လိုက်ကြ၏။ ၀တ်စုံပြည့်အမျိုးသား၏မျက်နှာသည် ပြာသွားသော်လည်း စကားတစ်ခွန်းမှမပြောဘဲ သူ့သွားများကိုသာကြိတ်ထားလေသည်။။


နောက်ဆုံး၌ ကျန့်ယွင်သည် တံခါးဆီသို့သွားကာ အာမခံသော့ကိုဖွင့်လိုက်ပြီး တံခါးကိုနည်းနည်းလေးဟကာ အပြင်ဘက်ရှိလူ၏လက်မောင်းကိုလျင်မြန်စွာဖမ်းဆွဲလိုက်ပြီး သူ့ကိုအထဲသိုဆွဲသွင်းလိုက်ကာ တံခါးကိုအလျင်အမြန် ပြန်ပိတ်လိုက်လေသည်။ ကျန့်ယွင်၏အသည်းနှလုံးသည် မမာကြောနိုင်သေးပေ။ တစ်ဖက်သားက အလွန်စိတ်အားထက်သန်နေသောအခါတွင် သူထိန်းမထားနိုင်တော့ချေ။ 


အခန်းထဲသို့ဆွဲသွင်းခံလိုက်ရသော လူငယ်လေးသည် အနည်းငယ် ကြက်သေ သေနေဆဲဖြစ်လေသည်။ သူကြမ်းပေါ်‌တွင် ထိုင်နေဆဲပြီး ‌သွေးများနီပြီးခြောက်သွားသော ရှပ်အင်္ကျီကို ၀တ်ထားဆဲဖြစ်သည်။ မူလအရောင်ကိုပင်မမြင်နိုင်တော့ချေ။ သူ့ဆံပင်များသည် ရှုပ်ပွနေပြီး သူ့ပုံစံကြည့်ရသည်မှာ ကောလိပ်ကျောင်းသားလူငယ်လေးတစ်ယောက်ဖြစ်ပုံရသည်။ 


“သူဒဏ်ရာရထားတယ် ”


ရုတ်တရက် တစ်စုံတစ်ယောက်သည် ကောင်လေး၏ခြေထောက်ရှိဒဏ်ရာအားညွှန်ပြလိုက်ပြီး ထိတ်လန့်တကြားအော်လိုက်သည်။ 


စာရေးသူတွင်ပြောစရာရှိပါတယ်။


【လမ်းမပေါ်ရှိ ပြဇာတ်ငယ်လေး 】


စုရှောင်ကျယ် : စူပါမားကတ်၊ လူတိုင်း အာရုံစိုက်ပါ! ထုရိုက် တွန်းထိုး မီးရှို့တာတွေမလုပ်ပဲ ပစ္စည်းတွေကို နိုင်ငံကြီးသားပီပီသသ ယူဆောင်ပါ။ နားလည်ကြလား။ 


ကျန့်ရှောင်ယွင် : ဇနီးလေးပြောတာနားထောင်ကြ။


စုန့်ချန်ရှု : ငါ့အမြင်ကိုဖော်ပြရဲပါ့မလား။ ငါလုပ်ရဲပါ့မလား။


စုရွေ့ကျယ် : အသင့်စားခေါက်ဆွဲခြောက်တွေ ဟုတ်ပါတယ် ကျေးဇူးပြုပြီး၊ ဘီစကစ်တွေ ယူကြပါ။ ရေ ယူပါ...ကောင်းပါပြီ ဒါပါပဲ (^_^)


ကျန့်ရှောင်ယွင် : မဟုတ်ဘူး တစ်ခုခုရှိနေသေးတယ်။ အရမ်းအရေးကြီးတယ်။


စုရှောင်ကျယ် : ဘာလဲ။


ကျန့်ရှောင်ယွင်: ထီးသေးသေးလေးနဲ့ chrysanthemum ဘရန်း ချောဆီ။ ဒါက ငါတို့ရဲ့ပျော်ရွှင်တဲ့ဘ၀နဲ့သက်ဆိုင်နေတယ်၊ မရှိမဖြစ်ပဲ။


စုရှောင်ကျယ် : →_→


စုန့်ချန်ရှု : ငါ အသင့်စားခေါက်ဆွဲတွေနဲ့ ဘီစကစ်တွေစားဖို့ လိုတော့မယ်မထင်ဘူး။ ဒီခွေးစာပန်းကန်လုံးက သုံးရက်စာလောက်ခံနိုင်တယ်။ 


ဘာသာပြန်သူမှာပြောစရာရှိပါတယ်။ 


ဒီအပိုင်းမှာ လူတွေရဲ့စိတ်နေသဘောထားတွေမြင်ရတယ်။ လူ့သဘောသဘာ၀ဒီလိုပါပဲ။ အယောက်တစ်ရာရှိရင်တောင် တစ်ယောက်လောက်ကပဲ ကိုယ့်အသက်ရှင်သန်ရဖို့ရုန်းကန်နေရချိန်မှာ တခြားလူကိုတွေးပေးနိုင်တာ။ လူတိုင်းကတော့ အသည်းမမာကြပါဘူး ဒါပေမယ့်သေမှာတော့ကြောက်ကြတယ်။ ရှောင်ကျယ်က အရင်ဘ၀က ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် လူတိုင်းကိုစေတနာမထားနိုင်သေးပါဘူး။ သူက MCဆိုပေမယ့် ကလေးစိတ်ပဲရှိသေးတာပါ။ ကျန့်ကောကကျတော့ ရဲတစ်ယောက်မို့ ကာကွယ်လိုစိတ်ရှိတာပုံမှန်ပါပဲ။ ကိုယ်တွေသာဆိုလည်း ၀တ်စုံပြည့်လူနဲ့အဖွဲ့ကို အပြစ်ပြောနိုင်မှာမဟုတ်ဘူး။ ဘာလို့ဆို

ကိုယ်တွေသာဆိုလည်း တကယ့်အရကြုံရင် ဒီလိုမဖြစ်နိုင်ဘူးမပြောနိုင်လို့ပါ။ ဒီ၀တ္ထုက အရမ်း heavyမဖြစ်ပါဘူး။ ဒါပေမယ့် ဖတ်ရတာ ကောင်းပါတယ်။