အပိုင်း ၁၆
Viewers 14k

Chapter 16

ဓားသမား၀မ်ထန်း




သူ့ရဲ့ ရှည်လျားသော အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ကာ သဲသောင်ခုံစားပွဲကြီးပေါ်မှ သဲမှုန်များကို တညီတညာတည်းဖြစ်သွားအောင် ဖြန့်ကျက်လိုက်သည်။ 


လင်းရုဖေးက အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။ 


“ဆရာဝမ် ကျွန်တော့်ရဲ့ ကံကြမ္မာကို ထပ်ဟောဦးမလို့လား”


ဝမ်ယောင်က ပေါ့ပေါ့ပါးပါးပြုံးကာပြောလညသည်။ 


“ဆိုပါတော့”


လင်းရုဖေးက သဘောတူညီလိုက်ပြီး သဲခုံစားပွဲဆီသို့ သူ့အကြည့်များကို ပို့လိုက်သည်။ ဖြည်းညင်းစွာနှင့် သဲသောင်ခုံစားပွဲပေါ်ရှိ ရွှေရောင်သဲမှုန်များသည် သူတို့မှာ အသက်၀ိညာဥ်တစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ တွန့်လိမ်လှုပ်ရှားလာသည်။ ပန်းချီပုံစံကဲသို့ ပုံရိပ်တစ်ချို့ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာပြီး ထိုပုံရိပ်တွေကို လင်းရုဖေးက အနည်းငယ်စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း အချိန်ကုန်လာသည်နှင့်အမျှ ပုံရိပ်တွေက ပို၍ ကြည်လင်ထင်ရှားလာသည်။ လင်းရုဖေးက သဲခုံစားပွဲကြီးပေါ်တွင် ငါးနှစ်ကောင်ပုံစံကို တွေ့လိုက်ရ၏။


ရုန်းကန်နေကြသည့် ငါးနှစ်ကောင်က ရေငတ်ပြီး သေခါနီးနီးဆဲဆဲပုံစံဖြစ်နေသည်။ မိုးရေကြောင့် ရေအနည်းငယ် အိုင်ထွန်းနေသော ရေကွက်လေးထဲမှာရှိနေကြပြီး ခန္ဓာကိုယ်များ တွန့်လိမ်ကာ တစ်ကောင်နဲ့တစ်ကောင် စိုစွတ်စေရန် အမြုပ်များထုတ်၍ လျှာဖြင့် လျက်ဖို့ကြိုးစားနေကြသည်။ 


လင်းရုဖေးက ရုတ်တရက် အနည်းငယ် မူးဝေသွားရကာ ထောက်ကန်ထားသည့် အကူညီအနေဖြင့် သဲစားပွဲ၏ ဘောင်ကို လှမ်းကိုင်လိုက်သည်။ ထို့နောက်တွင် ပုံရိပ်တွေက ပြောင်းလဲသွားပြန်သည်။ ငါးနှစ်ကောင်ထဲမှ တစ်ကောင်က ရေအိုင်ထဲကနေ ခုန်ထွက်ကာ ကျယ်ပြန့်တဲ့သမုဒ္ဒရာပြင်ကြီးထဲတွင် ကူးခတ်နေသည့်ပုံပေါ်လာသည်။ မကြာမီမှာပင် အဝေးတစ်နေရာကို ရောက်သွားပြီး ဖြည်းဖြည်းချင်း ပိုပို၍ ဝေးကွာသွားလေတော့သည်။


သဲခုံစားပွဲကြီးက နဂိုအခြအနေတိုင်းပြန်ဖြစ်သွားတော့သည်။


လင်းရုဖေးရဲ့မျက်နှာက ဖြူရော်လွန်းနေပြီး ဝမ်ယောင်က သူ့ကိုထိုင်ဖို့ ကပျာကယာ ကူညီပေးလိုက်ရသည်။


“ရှောင်ကျို့” လင်းရုဖေးရဲ့ နာမည်ကို စိုးရိမ်ပူပန်မှုများနှင့် ခေါ်လိုက်သည်။


လင်းရုဖေးက အားတင်း၍ပြုံးလိုက်ကာ “ဆရာဝမ် ကျွန်တော်သိပ်နားမလည်ဘူး” 


“မင်းဘာမြင်ခဲ့လဲ” ဝမ်ယောင်က မေးလိုက်သည်။


လင်းရုဖေးက ဝမ်ယောင်ထံသို့ သူမြင်တွေ့ခဲ့သည်များကို အသေးစိတ်ပြောပြလိုက်သည်။ ဝမ်ယောင် နားထောင်လေလေ‌ ပို၍ နားလည်လာလေလေဖြစ်သည်။ 


လင်းရုဖေး ပြောပြီးသွားချိန်မှာ သူ့မျက်လုံးများက ဝမ်းနည်းမှုကြောင့် အနည်းငယ်မှိန်ဖျော့သွားသည်။ 


“တစ်ကောင်နဲ့တစ်ကောင် စိုစွတ်အောင်လျှာနဲ့လျက်နေကြတာ...မေ့ပျောက်နေတဲ့ ကျန်းဟူ ရှောင်ကျို့ မင်းဘာကိုရွေးမလဲ” 

[မြစ်နဲ့ရေကန် - သိုင်းလောက စကားပုံ]


ထိုသည်က ကျွမ်းဇီ ရဲ့ပုံပြင်လေးပင်။

[ကျွမ်းဇီ = Daoist author (369-286 BC) - ငါး၂ကောင်ရဲ့ပုံပြင်ကိုရေးသားသူ]


လူတွေက နိမ့်ကျနေတဲ့အချိန်တွင် သူတို့အချင်းချင်း ဖေးမကူညီကြပြီး တူညီတဲ့အခြေနေအရပ်ရပ်တွေမှာ ချီးမွမ်းထောပနာပြုကြသည်။ လှည်းလမ်းကြောင်းကရေကွက်လေးမှာပိတ်မိနေသည့်ငါးများက သူတို့ခန္ဓာကိုယ်ရှင်သန်နိုင်ဖို့အတွက် အမြုပ်များဖြင့် အချင်းချင်း အရည်ဆွတ်ကြရုံသာတတ်နိုင်သည်။ သို့သော် “နှိမ့်ကျနေတဲ့အခြေအနေမှာ အချင်းချင်းအပြန်အလှန်ကူညီခြင်း” ဆိုသည့်စကားလုံးမှာ ကျန်းဟူတစ်ခွင်တွင် မေ့ပျောက်နေခဲ့သည်မှာ အတော်ကြာညောင်းနေခဲ့ချေပြီ။


ပင်လယ်ကြီးက ငါးများအတွက် ခုန်ပေါက်ကူးလူးဖို့ရာ ကျယ်ဝန်းလွန်းလှသည်။ တွယ်တာမှုကို လက်လျှော့လိုက်မည်ဆိုရင် ပင်လယ်ကိုလည်း တွေ့မြင်နိုင်သည့်အပြင် သေးငယ်လှသည့်လှည်းဘီးသွားရာချိုင့်ခွက်လေးထဲမှာပဲ ပိတ်မိနေတော့မည်မဟုတ်ချေ။


လင်းရုဖေးက ကျွမ်းဇီရဲ့စာပေတွေကိုဖတ်ပြီးနောက် ထိုအမှန်တရားကို သဘာဝအလျောက် ကောင်းကောင်းနားလည်သွားခဲ့ပေ၏။


“ကျွန်တော်မသိဘူး” လင်းရုဖေးက ဖျော့တော့စွာပြုံးလိုက်ပြီး “ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဆရာဝမ် ကျွန်တော့်ရဲ့ ကံကြမ္မာကို ဟောပေးခဲ့ဖူးတယ်မလား…….” 


ဝမ်ယောင်ကပြောသည်။


 “ဘဝနဲ့ အသက် ဘဝတွေအားလုံးရဲ့ ပေါင်းစပ်ခြင်း တစ်ချို့လူတွေရဲ့ဘဝက ကြိုတင်တွက်ချက်ပြီး မမြင်နိုင်ဘူး”


လင်းရုဖေးရဲ့မျက်လုံးက ရုတ်တရက် ဝင်းလက်သွားရသည်။


ဝမ်ယောင်က ပြောသည်။ “အိုး ကောင်းပြီ ငါအခုမင်းကိုမေးရင်လည်း မင်းနားလည်နိုင်သေးမှာမဟုတ်ဘူး” 


သူ့မှာ ဖြူစွတ်နေသည့် ဦးခေါင်းရှိနေတာကြောင့် ဘုန်းကြီးကျောင်းမှာရှိသည့် ဗုဒ္ဓကဲ့သို့ ကရုဏာတရားကြီးမားပုံပေါ်နေသည်။ 


“ပြန်သွား.. ဖြည်းဖြည်းချင်းစဉ်းစားတာက အကောင်းဆုံးဖြစ်လိမ့်မယ် ပြီးတော့ ချယ်ရီပင်ကလည်း သေချာပေါက် မင်းရဲ့ ကံကြမ္မာပဲ ကောင်းချီးပေးခြင်းနဲ့ ဘေးဒုက္ခတွေကို ခန့်မှန်းလို့မရလည်း ရေသေရေပုပ်ကန်ထဲက ဘဝထက်စာရင်တော့ ကောင်းပါသေးတယ်လေ ဟုတ်တယ်မလား” 


လင်းရုဖေးက သူ့ရဲ့လက်ကို လက်သီးဆုပ်အဖြစ်ပြောင်းကာဂါ၀ရပြုလိုက်သည်။ 


အိမ်အပြင်ဘက်က ငှက်တစ်ကောင်၏အသံ ပဲ့တင်ထပ်လာတဲ့အချိန်ထိ သူတို့နှစ်ယောက်သား စကားပြောနေခဲ့ကြသည်။ လင်းရုဖေးက ပြတင်းပေါက်အစွန်မှာ ခိုနားနေသော အစိမ်းရောင်ငှက်မွေးများရှိသည့် လင်းယုန်ငှက်ကြီးရဲ့အလှကို ရှုစားနိုင်ရန်အတွက် မျက်ခုံးပင့်ကြည့်လိုက်သည်။


ထိုလင်းယုန်ငှက်က လင်းပျန့်ယွီ၏ စာပို့ငှက်ဖြစ်ကြောင်းမှတ်မိသွားသည်။ သို့သော် ယခုရက်ပိုင်းအတွင်းမှာ တစ်ခုခုဖြစ်ခဲ့လျှင် လင်းပျန့်ယွီက သူ့ကို လူကိုယ်တိုင်လာပြောမည်ဖြစ်ပြီး ထိုလင်းယုန်ငှက်ကို တော်ရုံတန်ရုံကိစ္စလောက်ဖြင့်အသုံးပြုလိမ့်မည်မဟုတ်ချေ။


“ရို...ရှောင်ချင်းလွမ် ဘာလို့ရောက်လာတာလဲ” 


ဝမ်ယောင်က ပြုံးကာ ချင်းလွမ်ဆီသို့လျှောက်သွားလိုက်အခါ ချင်းလွမ်က အိမ်ထဲသို့ပျံသန်းလာကာ သူ့လက်မောင်းပေါ်တွင် ခိုနားလာ၏။


ဝမ်ယောင်က ပြောသည်။ “ထျန်းကြွယ်မှာ တစ်ခုခုအလျင်လိုတာရှိလို့လား”


ချင်းလွမ်က ပါးစပ်ဟလိုက်ပြီး လင်းပျန့်ယွီနှင့်တစ်သံတည်းတူညီတဲ့အသံမျိုးဖြင့်ဆိုလာသည်။ 


ထိုအသံက ပိုပြီးဝမ်းနည်းပူဆွေးသနားချင်စရာကောင်းနေတာလေးကလွဲလျှင်အကုန်အဆင်ပြေပေသည်။


“အစ်ကိုကြီးကို တောင်ပေါ်ကိုအခုချက်ချင်း ပြန်လာဖို့ အကြောင်းကြားလိုက် ချုံဟွားအမိန့်တော်နဲ့အတူ တစ်ယောက်ယောက်ရောက်လာတယ်” 


ဝမ်ယောင်နှင့် လင်းရုဖေးက ဤသည်ကိုကြားသည်နှင့် သူတို့၏မျက်နှာအမူအရာများက အနည်းငယ်ပြောင်းလဲသွားကြသည်။


ချုံဟွားအမိန့်တော်ဆိုသည်မှာ ခွန်းလွန်ဂိုဏ်းက ဆရာသခင်၊ အကြီးအကဲများသာ ဆွေးနွေးနိုင်သည့်ကိစ္စဖြစ်သည်။ ထိုအမိန့်ကိုဆုပ်ကိုင်ထားတဲ့သူအား မည်သည့် မူလအရင်းအမြစ် သို့မဟုတ် အထောက်အထားများကို ဂရုမစိုက်ဘဲ ခွန်းလွန်ဂိုဏ်းဘက်ကနေ သူတို့၏ မည်သည့်တောင်းဆိုမှုမျိုးကိုမဆို ဖြည့်ဆည်းပေးရမည်သာဖြစ်သည်။


ချုံဟွားအမိန့်တော်ကို မမြင်တွေ့ခဲ့ရသည်မှာ နှစ်ပေါင်းရာကျော်နေခဲ့ချေပြီ။ ယခု ရုတ်တရက်ကြီးပေါ်လာတာကြာင့် အနည်းငယ်စိတ်မသက်မသာဖြစ်မိသွားကြသည်။ 



__ __ __


ခွန်းလွန်ဂိုဏ်းအနေဖြင့် ချုံဟွားအမိန့်တော်ကို မတွေ့ရသည်မှာ နှစ်ပေါင်းတစ်ရာခန့်ရှိနေပြီဖြစ်သည်။ ယခု ရုတ်တရက် ပေါ်လာသဖြင့် အနည်းငယ်နမိတ်မကောင်းသည့် ခံစားချက်တစ်ခုကိုခံစားမိသွားစေ၏။


ချုံဟွားအမိန့်တော် ထွက်ပေါ်လာသည်နှင့် ကြီးကြီးမားမား ကိစ္စတစ်ခုခု ဖြစ်တော့မည်ဆိုတာသေချာပေါက်ပင်။ 


၀မ်ယောင်က တည်ကြည်လေးနက်သောအကြည့်ဖြင့် လင်းမင်ကျစ်ကိုကြည့်လိုက်ပြီးနောက် ထိုကိစ္စကို ပြောပြလိုက်သည်။


လင်းမင်ကျစ်ကနားထောင်လို့ပြီးသည်နှင့် ချက်ချင်းပင်ထရပ်ကာနူတ်ဆက်စကားဆိုလိုက်ပြီးနောက် လင်းရုဖေးကိုလှမ်းကြည့်လိုက်သည်။


"ရှောင်ကျို့...အစ်ကိုကြီး မင်းကို ခြံထဲအရင်ပြန်ပို့ပေးမယ်လေ အဆင်ပြေတယ်မလား"


"ကျွန်တော် အစ်ကိုကြီးနဲ့လိုက်ခဲ့မယ်"


ယခုကိစ္စက အရေးတကြီးဖြစ်နေတဲ့အပြင် နှောင့်နှေးလို့ မရဘူးဆိုတာ လင်းရုဖေးက သိနေသဖြင့် ထိုသို့ဆိုလိုက်ခြင်းပင်။


“ဒါဆို အချိန်နှောင့်နှေးမှာမဟုတ်တော့ဘူး” 


လင်းမင်ကျစ်က ခဏလောက်စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။  


ဤကိစ္စက အမှန်တကယ်ကို အရေးတကြီးကိစ္စဖြစ်သဖြင့် အမှားအယွင်းရှိလို့မဖြစ်ချေ။


ထို့ကြောင့် သူက လင်းရူဖေးကို တွန်းပြီး တောင်၏အရှေ့ဘက်ခြမ်းသို့ တန်းတန်းမတ်မတ်သွားလိုက်တော့၏။


ထိုအချိန်တွင် အရှေ့ဘက်ခြမ်းပင်မခန်းမဆောင်တွင် လင်းမျိုးနွယ်ကလေးများနှင့် တပည့်အများအပြား စုဝေးနေကြပြီဖြစ်ပြီး လင်းရုဖေးနှင့် လင်းမင်ကျစ်တို့ကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် အားလုံးက တစ်ညီတစ်ညွှတ်တည်းဂါ၀ရပြုလိုက်ကြသည်။ သို့သော် ဂါ၀ရပြုပြီးနောက်တွင် လူများစွာ၏ မျက်လုံးများက လင်းရုဖေးအပေါ်သိို့တိတ်တဆိတ် ကျဆင်းသွားကြသည်။


ခွန်းလွန်ဂိုဏ်းတွင် လင်းမျိုးနွယ်မှတိုက်ရိုက်ဆင်းသက်လာသူအဓိကမျိုးနွယ်၀င်အဖြစ် လင်းချုံးလော့တစ်ဦးတည်းသာရှိသော်လည်း မိသားစု၌ မရေမတွက်နိုင်အောင်များပြားသော မိသားစုအခွဲလေးများရှိသေးသည်။ လင်းမိသားစုတွင် ကလေးလေးယောက်ရှိသည်ဆိုတာ ယခုတပည့်တွေက သိကြပေမယ့် လင်းရုဖေးက သူ့မျက်နှာကို သိပ်မပြသည့်အတွက် သူ့ကို လူတော်တော်များများက မမြင်ဘူးကြပေ။ ထို့ကြောင့် လင်းမင်ကျစ်က ဖြူဖျော့ဖျော့ မျက်နှာအသွးနှင့် မြေခွေးမွှေး၀တ်ရုံခြုံထားသော လူချောလေးအား တွန်းလာနေသည်ကို တွေ့လိုက်ရချိန်တွင်သူတို့အားလုံးက စူးစမ်းလိုသည့် အကြည့်ဖြင့် သေချာကြည့်ရှုမိလိုက်ကြ၏။


လင်းရုဖေးသည် ထိုကဲ့သို့ စိုက်ကြည့်ခံရခြင်းကို မကြာခဏကြုံဖူးသောကြောင့် ၎င်းတို့ကို မမြင်မကြားရသကဲ့သို့ လျစ်လျူရှုထားလိုက်သည်။


"ရုဖေးက ဘာလို့ ဒီကို ရောက်လာတာလဲ"  


သူစိမ်းလူတွေအရှေ့မှာဆိုလျှင် လင်းပျန့်ယွီက လင်းရုဖေး၏ နာမည်ပြောင်ကိုမခေါ်ပေ။ သူက လူအုပ်ထဲမှ ဖြည်းညှင်းစွာ လျှောက်လာပြီး သူ့မျက်လုံးတွေက အနည်းငယ်အုံ့မှိုင်းနေကာ တစ်ချက်ကြည့်ရုံဖြင့်မပျော်မရွှင်ဖြစ်နေမှန်းသိသာလွန်းလှသည်။


"ကျွန်တော်က လာကြည့်ချင်လို့တောင်းဆိုလိုက်တဲ့သူပါ"  


လင်းမင်ကျစ် ပြန်မဖြေရသေးခင်မှာ လင်းရုဖေးက ဦးစွာပြောလိုက်သည်။


"ကျွန်တော်ကကျွန်တော်ရဲ့ ဒုတိယအစ်ကိုအတွက် နည်းနည်းပါးပါးစိတ်ပူလို့လေ" 


လင်းပျန့်ယွီက မကျေနပ်ဖြစ်မှုတွေက လေတိုက်သလို ဖယ်ရှားခံလိုက်ရပြီး ချက်ချင်းပင်နူးနူးညံ့ပြုံးလိုက်ကာ "ဒုတိယအစ်ကိုက အဆင်ပြေပါတယ် ဒါကြောင့် ရုဖေး စိတ်ပူနေစရာ မလိုတော့ဘူးနော်"


လင်းမင်ကျစ်က ကူကယ်ရာမဲ့နေဟန်ဖြင့်၀င်ပြောလိုက်သည်။ 


"အရင်ဆုံး လာရင်းကိစ္စအကြောင်းပြောရအောင် ချုံဟွားအမိန့်တော်က အစစ်အမှန်လား"


"ဆိုပါတော့" ချက်ချင်းဆိုသလို လင်းပျန့်ယွီ၏အသံက အေးစက်သွားပြီး "လူတစ်ယောက်က သေလမ်းရှာဖို့အတွက်နဲ့ ခွန်းလွန်တောင်ကို ချုံဟွားအမိန့်တော်အတုနဲ့လာရဲမှာတဲ့လား"


"လူက ဘယ်မှာလဲ" လင်းမင်ကျစ်ကမေးလိုက်သည်။


“လဘ္ကက်ရည်ခန်းမဆောင်မှာ”  


လင်းပျန့်ယွီက အရှေ့ကိုတိုး၍ လင်းရုဖေး၏ ဘီးတပ်ကုလားထိုင်နောက်သို့ လျှောက်သွားလိုက်ပြီး "ကျွန်တော် လုပ်လိုက်ပါ့မယ်"


လင်းမင်ကျစ်က သက်ပြင်းသာချလိုက်မိပြီး သူ၏ညီဖြစ်သူနှင့် ငြင်းခုံမနေတော့ချေ။


လဘ္ကက်ရည်ခန်းမဆောင်ထဲတွင် အမွှေးနံ့သာတိုင်ကိုထွန်းထားသည်။ ပုတီးစေ့ခန်းစီလိုက်ကာကို တွန်းဖယ်လိုက်သည်နှင့် လင်းရုဖေးသည် ခွန်းလွန်ဂိုဏ်း၏ ရန်သူကြီးဟု သတ်မှတ်လို့ရသည့် ချုံဟွားအမိန့်တော် ကိုင်ဆောင်ထားသူကို တွေ့လိုက်ရသည်။  


ထိုလူကိုတွေ့လိုက်ရချိန်တွင် သူ မထိန်းနိုင်ဘဲ တုန်လှုပ်ခြောက်ခြားသွားမိ၏။ လင်းမင်ကျစ်ကလည်း သူ့ညီငယ်လေး၏တုံ့ပြန်မှုကို သတိထားမိသည်။


"ရုဖေး ဒီလူကို မြင်ဖူးလို့လား" လင်းမင်ကျစ်က အသံတိုးတိုးဖြင့် မေးလာသည်။


“ဖူဟွားနဲ့အတူ တောင်ပေါ်ကဆင်းတုန်းက တံတားဘေးမှာ သူ့ကို တစ်ခါတွေ့ခဲ့ဖူးတယ်" လင်းရုဖေးက ဖြေသည်။


ထိုနေ့က မိုးတွေတဖွဲဖွဲရွာနေခဲ့သည်။ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားသည့်ဓားသမားက တံတားလက်ရန်းကိုမှီ၍ ပုလွေမှုတ်နေခဲ့သည်။ သူပင် ဓားသွားလိုအေးမြပြီးထက်ရှသည့်မိုးရေအောက်တွင်ကဗျာတစ်ချို့ကိုရွတ်ဆိုခဲ့သေးသည်။


ထိုလူနှင့်ပတ်သတ်ပြီး အထင်ကြီးစရာအကောင်းဆုံးအရာမှာ အကောင်းမွန်ဆုံး ကျောက်စိမ်း၏ရေထဲတွင် နှစ်မြှုပ်သွားသကဲ့သို့ ဝါးဦးထုပ်မှတဆင့်မြင်လိုက်ရသည့် ထိုသူ၏ ရေထဲသို့နစ်မြုပ်သွားတော့မတတ်နက်ရှိုင်းလှသောအရည်အသွေးအကောင်းမွန်ဆုံးကျောက်စိမ်းတုံးလေးကဲ့သို့ဖြစ်နေသော စိမ်းပြာရောင်မျက်၀န်းတစ်စုံပင်ဖြစ်သည်။  


ယင်းက အေးစက်စက်နိူင်ပေမယ့် အရမ်းလည်းလှပလွန်း၏။


ထိုအချိန်က တံတားပေါ်မှာရှိနေခဲ့သည့် ဓားသမားက ယခုအချိန်တွင် ခွန်းလွန်ဂိုဏ်း၏ လဘ္ကက်ရည်ခန်းမဆောင်၌ ထိုင်နေပေသည်။ သူက အနက်ရောင်ပု၀ါစဖြင့်ကာထားသည့် ဝါးဦးထုပ်ကို ၀တ်ထားဆဲဖြစ်ပြီး သူ့ခါးထက်တွင်မူဓားတစ်ချောင်းချိတ်ဆွဲထားသည်။


သူ့အရှေ့ စားပွဲပေါ်တွင် ကျောက်စိမ်းအခံပေါ်ကိုမှရွှေဖြင့်ရေးထိုးထားသောသင်္ကေတပါရှိသည့် တံဆိတ်ပြားတစ်ခုရှိနေပေသည်။ ဤသည်မှာ လင်းရုဖေးတစ်ယောက် တစ်ကြိမ်မျှမမြင်ဖူးသော ချုံဟွားအမိန့်တော်ဖြစ်ပေ၏။


လင်းမင်ကျစ်က ဓားသမားထံသို့လျှောက်သွားလိုက်ပြီး "ဒီကဂုဏ်သရေရှိလူကြီးမင်းကို ဘယ်လိုခေါ်ရမလဲ"


ဓားသမားကပြန်ဖြေလိုက်ချိန်တွင်သူ့အသံကအနည်းငယ်ကြမ်းရှရှဖြစ်နေသည်- "၀မ်ထန်း[1]"။


လင်းမင်ကျစ် : "လူကြီးမင်၀မ်က ချုံဟွားအမိန့်တော်နဲ့ခွန်းလွန်တောင်ကို ရောက်လာတာက ကျုပ်တို့ခွန်းလွန်ဂိုဏ်းအတွက် ဂုဏ်ယူစရာပါပဲ ဒါပေမယ့် ကံအကြောင်းမတိုက်ချင်တော့ ကျုပ်ဖခင်က တံခါးပိတ်ကျင့်ကြံနေခဲ့တယ်လေ ဒါကြောင့် လူကြီးမင်းဘက်ကများ ကျုပ်အစွမ်းအစထက် ကျော်လွန်တဲ့ကိစ္စမျိုးကို တောင်းဆိုလာခဲ့ရင် ကျုပ်ဖခင်က သူ့ကတိကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် တံခါးပိတ်ကျင့်ကြံတာကထွက်လာတဲ့အထိစောင့်ရလိမ့်မယ်"  


ယခုအချိန်တွင် သူကခွန်းလွန်ဂိုဏ်း၏အမှုအခင်းကိစ္စတစ်စိတ်တစ်ပိုင်းကိုသာ လွှဲပြောင်းယူထားတာဖြစ်ပြီး၊ သူဆုံးဖြတ်လို့မရသည့် အရာများစွာလည်း ရှိသေး၏။


၀မ်ထန်း : "သူ့ကို မလိုဘူး မင်းကကျုပ်ရဲ့လိုအပ်ချက်တွေကို အခုချက်ချင်းဖြည့်ဆည်းပေးနိုင်တယ်"


ထိုစကားကြောင့် အခန်းတွင်းရှိလေထုက ချက်ချင်းပင်အေးခဲသွားသည်။


လင်းမင်ကျစ် နှင့် လင်းပျန့်ယွီတို့သည် အချင်းချင်းအနည်းငယ်ရှုပ်ထွေးနေသောအကြည့်တို့ဖြင့်ကြည့်မိလိုက်ကြသည်။ သူတို့က ၀မ်ထန်းကို သေသေချာချာ စိုက်ကြည့်လိုက်ကြပြီး ၀မ်ထန်းရဲ့ တောင်းဆိုချက်က သူပြောသလောက် မလွယ်ကူဘူးလို့ ယောင်ဝါးဝါး ခံစားနေရသည်။


"ကျုပ် ဓားသိုင်းပြိုင်ချချင်တယ်" ၀မ်ထန်းရဲ့ လေသံက အလွန်တည်ငြိမ်နေပြီး ခံစားချက်မဲ့စွာဖြင့်ဆိုလာ၏။ 


"ဒီခွန်းလွန်တောင်ရဲ့အားအကောင်းဆုံးဓားသမားနဲ့"


လင်းမင်ကျစ်နှင့် လင်းပျန့်ယွီတို့ နှစ်ယောက်စလုံး စိတ်သက်သာရာရသွားကြသည်။ ဤတောင်းဆိုမှုက ခက်ခဲသည့်တောင်းဆိုမှုတစ်ခုမဟုတ်ပေ။ ခွန်းလွန်ဂိုဏ်းက ဓားသိုင်းပညာတွင်လူသိများပြီး ဓားသိုင်းပြုင်ခြင်းက ဤနေရာတွင်မူ အရက်သေရည်သောက်စားခြင်းသကဲ့သို့ သာမန်သာဖြစ်၏။


သို့သော်လည်း ၀မ်ထန်းကဆက်ပြောလာသည်။


“ဒီဓားသိုင်းပြိုင်ပွဲမှာ ကျုပ်ရဲ့ ခွန်အားအားလုံးကို အသုံးပြုမှာ ဒါကြောင့် အသက်အန္တရယ်ရှိသည်ဖြစ်စေ သေသည်ဖြစ်စေ ဘယ်သူကမှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူး”


လင်းပျန့်ယွီက သူ့နှလုံးသားထဲတွင် မကောင်းတဲ့ခံစားချက် တစ်ခုခုကို ခံစားလိုက်ရသဖြင့် ပြုံး၍မေးလိုက်သည်။


“ဒါဆို လူကြီးမင်းဝမ်က ဘယ်သူနဲ့များ ဓားသိုင်းယှဥ်ပြိုက်ချင်သလဲဗျ ကျုပ်ရဲ့ဓားသိုင်းပညာက ဒီတောင်မှာနံပါတ်နှစ်လို့ဆိုရင် တခါးပိတ်ကျင့်ကြံနေတဲ့ ကျုပ်ဖခင်ကလွဲရင် ဘယ်သူကမှ နံပါတ်တစ်လို့မပြောရဲဘူး”


"လင်းပျန့်ယွီ!" 


လင်းမင်ကျစ်က ဒေါသတကြီးဖြင့် သူ့နာမည်ကိုခေါ်၍ တိုးညှင်းစွာဆူသည်။ 


"မင်းကို ဘယ်သူက နှောက်ယှက်ခွင့်ပေးလိုက်လို့လဲ"


လင်းပျန့်ယွီက ပြုံးလိုက်ပြီး "အစ်ကိုကြီး ကျွန်တော်ရဲ့စကားတွေက မမှန်လို့လား"



........

1] Wang Teng - ၀မ်ထန်း ၏ အဓိပ္ပါယ်မှာ နဂါးဘုရင်ဖြစ်သည်။ ↩



စာရေးသူမှာပြောစရာရှိတယ်...


အစ်ကိုကြီးနှစ်ယောက်က ရှစ်ခေါက်ချိုးမျက်နှာဖြင့် : ညီလေးက ကြီးလာတော့ သူ့ကိုဖက်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုတော့ဘူး...Q~Q


လင်းရုဖေး : ……….. ကျွန်တော်က အခု အသက်နှစ်ဆယ်နီးပါးရှိနေပြီ !


အစ်ကိုနှစ်ယောက် : အသက်နှစ်ဆယ်နီးပါးဖြစ်နေလည်း မင်းက ငါတို့အတွက် အမြဲတမ်း ညီငယ်လေးပဲ

အမြဲတမ်း ငါတို့ရဲ့ ညီငယ်လေးပဲဖြစ်နေမှာ


လင်းရုဖေး : ဘာလို့ သူတို့က ငါ့ကို ဆဲနေတယ်လို့ ခံစားနေရတာလဲ ?


__ _ ____


[ T/N - သိတယ်မလား ဗန်းစကားမှာ ညီငယ်လေးဆိုတာ မွေးရာပါဖွားဖက်တော်ကို ပြောချင်မှန်း XD ]