အခန်း(၂၄)
Viewers 12k

အခန်း(၂၄)《 ထွက်ခွာလာကြခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


“ကိုယ်ကော အဲ့ကျည်ဆန်မျိုးသုံးလို့ရလား ”


ကျန့်ယွင်သည် ရုတ်တရက် အကြံတစ်ခုကြောင့် စိတ်အားထက်သန်စွာမေးလာ၏။


အကယ်၍ အဲ့လိုသာဆို ကျည်ဆန်တွေ ပြတ်လပ်သွားမည့်အကြောင်း မလိုအပ်ပဲစိုးရိမ်နေသည်ကို ရပ်လိုက်လို့ရပြီဖြစ်သည်။


“သေချာ‌တာပေါ့ ”


စုရွေ့ကျယ်ခေါင်းညိတ်လိုက်၏။ 


“ဒါပေမယ့် ကျွန်တော် ခင်ဗျားရဲ့သေနတ်ကိုအရင်ကြည့်ဖို့လိုတယ်။ မဟုတ်ရင် အတိမကျတူတဲ့ကျည်ဆန်မျိုး မလုပ်နိုင်ဘူး။”


ကျန့်ယွင်သည် သူ့နောက်ကျောတွင်ထိုးထားသော သေနတ်ကို ဆွဲထုတ်ကာ စုရွေ့ကျယ်ဆီသို့ကမ်းပေးလိုက်၏။ သူသည် semi-automatic ပစ္စတိုကိုအသုံးပြုနေပြီး ကျည်ကတ်ထဲတွင် ကျည်ဆန်ဆယ်တောင့်ထည့်နိုင်သည့် ကျည်ဆန်သည် 9mm သံမဏိကျည်ထိပ်ဖူး နှင့်ဖြစ်သည်။


စုရွေ့ကျယ်သည် သူ့နေရာလွတ်ထဲမှ အစိမ်းရောင် ပဲစေ့တစ်စေ့ကို အလျင်အမြန်ထုတ်ယူလိုက်ကာ ဘယ်ဘက်လက်ထဲတွင် စက္ကန့်အနည်းငယ်ဆုပ်ကိုင်ထားလိုက်၏။ တစ်ခဏအကြာတွင် ၎င်းသည် အစိမ်းရောင်ကျည်ဆန်တစ်ခုအဖြစ် ပြောင်းသွားလေသည်။


အရိုးသားဆုံးဆိုရလျှင် စုရွေ့ကျယ်သည် သူ့စွမ်းရည်၏ အသုံး၀င်မှုအသစ်များ‌ကို ရှာဖွေတွေ့ရှိသွားကြပြီး သုတေသနအဖွဲ့အစည်းသို့ ပို့ခံလိုက်ရသည်။ နောက်ပိုင်း၌ သုတေသနပညာရှင်များ၏ စကားပြောနေသည်များကို ကြားလိုက်ရပြီး သူ့ပဲစေ့ကျည်ဆန်များသည် ဖုတ်ကောင်များအား ထူးခြားသည့် ပျက်စီးမှုမျိုးဖြစ်စေနိုင်ကြောင်း သဘောပေါက်ခဲ့ရသည်။ 


၎င်းသည် သုတေသနပညာရှင်များမှ သူ့အား သာမာန်ရည်ရွယ်ချက်များဖြင့် ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိရခြင်းဖြစ်ကာ သူတို့သည် သူ့စွမ်းရည်များ၏လျို့ဝှက်ချက်ကို ထဲထဲ၀င်၀င် သိချင်ကြ၍သာဖြစ်သည်။ သူသည် ထိုငရဲတမျှနေ့ရက်များကို ပြန်မှတ်မိဖို့ရန် တွန့်ဆုတ်နေပြီး ယခုတွင်မူ သူ့အနေဖြင့် ကျန့်ယွင် နှင့်အတူ ကောင်းကောင်းမွန်မွန်သာနေထိုင်သွားလိုသည်။ 


ကျန့်ယွင်သည် သေနတ်ထဲရှိ ကျည်ဆန်အကုန်လုံးကိုထုတ်လိုက်ကာ ဂရုတစိုက်နှင့် အိတ်သေးသေးလေးထဲသို့ထည့်ပြီး ထုပ်သိမ်းထားလိုက်ပြီး စုရွေ့ကျယ်အား နေရာလွတ်ထဲသို့ ထည့်ထားလိုက်စေ၏။ သူသည် သူကိုယ်တိုင် ပစ္စတိုအား ပဲစေ့ကျည်ဆန်များနှင့် ဖြည့်လိုက်၏။ 


ထိုဖုတ်ကောင်များအား အနီးကပ်အကွာအဝေးမှတိုက်ခိုက်ရန် အလွန်အန္တရာယ်များ၏။ ‌ဝေးသောအကွာမှ သူတို့အားပစ်သည်က အန္တရာယ်ကင်းပေသည်။ သူ ရဲအကယ်ဒမီတက်နေချိန်က သေနတ်ပစ်လေ့ကျင့်ကေးတွင် အမှတ်ပြည့်များရခဲ့သည်။ ယခုတွင် သူ့၌ အကန့်သတ်မဲ့ကျည်ဆန်အထောက်အပံ့ရှိနေပြီဖြစ်ကာ သူအတော်လေးယုံကြည်ချက်ရှိနေပြီဖြစ်သည်။


“သွားကြစို့ ”


ကျန့်ယွင်ပြောလိုက်ပြီး တံခါးဆီသို့ စတင်လျှောက်သွားလေတော့သည်။


“တစ်မိနစ်လောက်စောင့်အုံး ”


စုရွေ့ကျယ်သည် ဖုတ်ကောင်ခွေး၏ အလောင်းဆီသို့သွားကာ ၎င်း၏ဦးခေါင်းခွံထဲတွင်ညပ်နေသော မီးဖိုချောင်သုံးဓားကို ဆွဲထုတ်လိုက်သည်။ 


ကျန့်ယွင်သည် သူမီးဖိုချောင်သုံးဓားကို သိမ်းချင်ခဲ့သည့်အတွက်ဟူ၍သာ တွေးခဲ့သည်။ နောက်ဆုံးတော့ အဲ့ဒါက ချွန်ထက်တဲ့လက်နက်တစ်ခုပဲလေ။ ဘယ်သူသိနိုင်မှာလဲ နောက်တစ်ခဏအကြာမှာပဲ စုရွေ့ကျယ်သည် သူ့မီးဖိုချောင်သုံးထားကိုမြှောက်ကာ ခွေး၏ခေါင်းအား နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန်ဖြင့် ထိုးခွဲလိုက်လေ၏။ သူသည် ခွေး၏ခေါင်းတစ်၀က်လောက်ကို ဖြတ်ထုတ်လိုက်သည်။ ထို့နောက် ဓားကိုယူကာ ခွေးသေ၏ခေါင်းထဲမှ ငုံးဥအရွယ်လောက်ရှိသည့် ပုံမှန်မဟုတ်သော ထွင်းဖောက်မြင်နိုင်သည့် ပုံဆောင်ခဲတစ်ခုကိုတူးထုတ်လိုက်လေသည်။ 


“ရှောင်ကျယ်, အဲ့ဒါက ဘာလဲ ”


“ဒါက အမြုတေလို့ခေါ်တယ်။ အဲ့ဒါက စွမ်းအင်ပုံဆောင်ခဲတစ်ခုပဲ။ အဲ့ဒါက ကောင်းတဲ့အရာတစ်ခုလေ ”


စုရွေ့ကျယ် ကျန့်ယွင်အား မျက်စိမှိတ်ပြလိုက်၏။


“ကျွန်တော်တို့ လုံခြုံတဲ့နေရာတစ်ခုကိုရှာပြီးတဲ့အခါ အဲ့ဒါရဲ့ လုပ်ဆောင်ပုံကို သေသေချာချာပြောပြမယ် ”


“ကောင်းပြီ”


သူ့စကားများကို နားထောင်ပြီးနောက် ကျန့်ယွင်နှင့် စုန့်ချန်ရှုတို့သည် သူတို့စူးစမ်းလိုသည့်မေးခွန်းများကို ‌ဆက်မမေးကြတော့ချေ။


စုရွေ့ကျယ်သည် အမြုတေအားသိမ်းထားလိုက်ပြီး လူလေးယောက်သည် ကုန်တိုက်ထဲမှ လျှောက်ထွက်လာခဲ့ကြလေသည်။


ထိုအချိန်၌ ပိုလင်းချင်းလာပြီး ဘေးပတ်လည်အား ဓာတ်မီးမပါပဲ မြင်နိုင်နေပြီဖြစ်သည်။


သို့သော်လည်း မြေပြင်ပေါ်ရှိသွေးများသည် နှိုင်းစရာမရှိလောက်စွာ ထိတ်လန့်ဖွယ်ဖြစ်နေလေသည်။


သိပ်မဝေးသောနေရာတွင် လမ်းဘေး၌ ထိခိုက်ပျက်စီးနေသည့် အလောင်းကောင်တစ်ခု လဲလျောင်းနေသည်ကိုတွေ့လိုက်ကြရ၏။ အလောင်း‌၏ လည်ပင်းသည် ကိုက်ဖွင့်ခံထားရကာ မျက်နှာသည်လည်း ပျက်လုနီးပါးအထိ ကိုက်ဖွင့်ခံထားရလေပြီး ခန္ဓာကိုယ်သည်လည်း ကျိုးပဲ့နေကာ အလွန်၀မ်းနည်းဖွယ်ပင်။ 


သို့သော် ခန္ဓာကိုယ်၏ ကျန်သည့်မျက်နှာတစ်ခြမ်းနှင့် အ၀တ်အစားများမှတဆင့် မတိုင်ခင်က သူတို့နှင့်ရှိခဲ့သော ၀တ်စုံပြည့်နှင့်အမျိုးသားဖြစ်သည်ကို သတိပြုမိသွားကြသည်။ 


ကျန့်ယွင် သူ့သေနတ်ကို တိတ်တဆိတ်မြှောက်လိုက်စဉ်မှာပဲ စုန့်ချန်ရှုသည် ထိုနေရာသို့ ကြည့်ရန် မရဲတော့ချေ။ ယခုလေးတင် အလောင်းကောင်သည် ဖြည်းညှင်းစွာ တွန့်လှုပ်လာသည်ကိုတွေ့လိုက်ရသည်။ ၎င်းသည် ဖုတ်ကောင်တစ်ကောင်ဖြစ်လာခဲ့သည်ပဲဖြစ်ရမည်။ 


ကျန့်ယွင်သည် သေနတ်မောင်းခလုတ်ကိုဆွဲလိုက်ကာ ထိုခန္ဓာကိုယ်၏ ခေါင်းအားတစ်ချက်တည်းနှင့်ပစ်လိုက်လေသည်။ထို့နောက် ခန္ဓာကိုယ်သည် လှုပ်ရှားမှုရပ်တန့်သွားလေတော့သည်။ ပဲစေ့ကျည်‌ဆန်များသည် အမှန်တကယ်ကို အသုံး၀င်ကာ သူတို့အားစွမ်းရည်တစ်ခုနှင့် အဆင့်မြှင့်ထား၍ဖြစ်နိုင်သည်။သေနတ်တစ်လက်မပါလျှင်တောင် သူတို့သည် အလွန်အမင်းကို သေစေနိုင်စွမ်းရှိကာ အသံသေးသေးတစ်ခုကိုသာပြုလုပ်သဖြင့် တခြားဖုတ်ကောင်များ၏အာရုံကိုဆွဲဆောင်ရန် မလွယ်ကူတော့ချေ။ 


【T/N : ယမ်းနဲ့ကျည်က ပေါက်ကွဲအားကြောင့် အသံကပိုကျယ်ပြီး ပဲစေ့ကျည်ဆန်ကျ ယမ်းလိုမပေါက်ကွဲတော့ အသံသိပ်မထွက်ဘူးလို့ပြော ‌ချင်တာ 】


“သူ့ခေါင်းထဲမှာ အမြုတေပုံဆောင်ခဲရှိလား ”


ကျန့်ယွင် စုရွေ့ကျယ်အား ကြည့်လိုက်၏။ 


စုရွေ့ကျယ်ခေါင်းခါလိုက်ကာ “အဲ့တစ်ခုလို ဖုတ်ကောင်လိုမျိုး အခုမှ အသွင်ပြောင်းထားတဲ့ဖုတ်ကောင်တွေမှာ စွမ်းအင်ပုံဆောင်ခဲမရှိနိုင်ဘူး။ သူတို့မှာ အဲ့ဒါရဖို့ဆိုရင် အချိန်အနည်းငယ်လောက်ကြာလိမ့်မယ် ”


ကျန့်ယွင်သည် ခေါင်းညိတ်လိုက်ကာ သွေးစက်များ၏တည်နေရာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။ 


“အဲ့လူတွေထဲကတချို့ ဒဏ်ရာရသွားကြမှာကို စိုးရိမ်နေတယ်။ သွေးစက်တွေကိုကြည့်ရရင် သူတို့အနောက်ဘက်တံခါးဆီကို ပြေးသွားကြတာဖြစ်မယ်လို့ ကိုယ်ထင်တယ်။ ကိုယ်တို့ အရှေ့ဘက်တံခါးဆီသွားကြမလား ”


အနောက်ဘက်တံခါးသည် အ‌လွန်ကိုအန္တရာယ်မကင်းနိုင်ကြောင်း ကျန့်ယွင် ခံစားမိသည်။


ထိုအချိန်၌ စုန့်ချန်ရှုသယ်ထားပေးသော လူငယ်လေးသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လာလေသည်။ သူသည် အဖျားအနည်းငယ် ခံစားနေရဆဲဖြစ်သော်လည်း သူ့မျက်နှာသည် ပိုကောင်းလာပုံရလေသည်။ 


“မသွား ...အရှေ့ဘက်တံခါးဆီမသွားနဲ့..”


လူငယ်လေးသည် အားနည်းစွာပြောလာ၏။


“ဘာလို့လဲ ”


“အရမ်းများတယ်”


“ဘာအရမ်းများတာလဲ”


“မကောင်းဆိုးဝါးတွေ..လူသားစားတဲ့မကောင်းဆိုးဝါးတွေ ”


ကျန့်ယွင်သည် မတိုင်ခင်က အရှေ့ဘက်တံခါးမှန်အားခွဲလိုက်သောလူများအား သတိရသွားကာ ချက်ချင်းနားလည်သွားလေသည်။ ထိုလူများသည် ဆူညံသံအတော်များများလုပ်ပြီး ဖုတ်ကောင်အများအပြားအား ဆွဲဆောင်လိုက်သည်ဖြစ်ရမည်။ အကယ်၍ ထိုလူများ အဲ့နေရာမှာ သေသွားပါက ထို့နောက် ဖုတ်ကောင်အရေအတွက်သည်လည်း အများအပြားကို တိုးလာမည်မှာ အမှန်ပါပဲ....


“ကျစ်၊ အနောက်ဘက်တံခါးကနေပဲ သွားကြစို့ ”


တခြားလမ်းမရှိတော့ချေ။ သူတို့ အနောက်ဘက်တံခါးမှဖြတ်သွားကာ သူတို့ကားထုတ်မယူခင် လုံခြုံသည်အထိစောင့်ရန်လိုအပ်ပေသည်။


သူတို့ အနောက်ဘက်ထွက်ပေါက်သို့ရောက်သောအခါ သူတို့သည်။ အလောင်းကောင်တစ်ကောင်ကို ထပ်တွေ့လိုက်ကြသည်။ ၎င်းသည် ခေါင်းခွဲခံထားရသော အသွင်ပြောင်းသွားသည့်အလောင်းကောင်တစ်ကောင်သာဖြစ်သည်။ လူလေးယောက်သည် ရပ်တန့်ခြင်းမရှိပဲ ဆက်လျှောက်သွားကြသည်။ 


မနက်စောစော လမ်းများပေါ်တွင် လူအနည်းငယ် ၊ ဖြည်းညှင်းစွာရွေ့လျားနေကြသော တောင့်တင်းနေသည့် ခန္ဓာကိုယ်များသာရှိလေသည်။


သို့သော်လည်း သူတို့၀င်ပေါက်သို့ရောက်သည်နှင့် ဦးတည်ရာမဲ့ လျှောက်သွားနေကြသော ဖုတ်ကောင်များသည် သူတို့ရှိရာဘက်သို့ ဖြည်းညှင်းစွာလှည့်လာကြလေသည်။


“အရမ်းနီးနေလို့.....”


ထိုအနံ့ခံအာရုံသည် အလွန်ထိရှလွယ်နေသည်လား။


စုရွေ့ကျယ်သည် လုံး၀ အံ့ဩသွားခြင်းမရှိပေ။အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဗီဇဆန္ဒသည် အသွေးအသားကို အလိုရှိနေကြသောကြောင့် ၎င်းတို့၏အနံ့ခံအာရုံနှင့် အကြားအာရုံသည် အလွန်ထက်မြတ်ကြသည်။ ၎င်းတို့ပတ်၀န်းကျင်တွင် အသက်ရှင်နေသည့်လူများ ရှိနေသ၍ ရှာမတွေ့သွားဖို့ဆိုသည်မှာ ခက်လှသည်။


“ပြေး ”


ကျန့်ယွင်သည် စုန့်ချန်ရှုနှင့်အတူ တစ်ခြားတစ်ဖက်စီမှ လူငယ်လေးကိုတွဲထားပြီး ပြေးကြကာ စုရွေ့ကျယ်သည် နီးကပ်စွာ လိုက်လာလေသည်။


“ဘန်း ဘန်း ဘန်း ”


သူ့ကောင်းမွန်သောလက်ရည်နှင့် ကျန့်ယွင်သည် ပစ်ခတ်နေရင်း လမ်းတလျှောက်ပြေးလွှားသွားကာ ရလဒ်အနေဖြင့် ဖုတ်ကောင်စုစုပေါင်း ခုနစ်ကောင် ရှစ်ကောင်လောက် ကိုသတ်လိုက်၏။ ထို့နောက် ဆေးဆိုင်တစ်ခုသို့ ပြေးလွှားသွားလိုက်ကြသည်။


ကျန့်ယွင် ဆိုင်ထဲသို့၀င်သွားသည်နှင့် ကြိတ်ဝါးနေသောအသံတစ်ခုကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ ဆေးဆိုင်ကောင်တာ၏အနောက်ဘက် သိပ်မ‌ဝေးသောနေရာတွင် ခြုံလွှာနှင့် အမျိုးသမီးတစ်ယာက်သည် ဒူးတုပ်ထိုင်နေပြီး ခေါင်းကိုမြှုပ်ထားကာ တစ်ခုခုစားနေပုံရ၏။ 


ကျန့်ယွင် အနီးကပ်ကြည့်လိုက်သောအခါ အမျိုးသမီးသည် သူ့လက်ထဲတွင် ခြေထောက်အရိုးတစ်ခုကိုင်းထားသည်ကို တွေ့လိုက်ရ၏။ တစ်ဖက်မြေပြင်ပေါ်တွင် ကိုက်ချိုးခံထားရသည့် အဖြူရောင်ကုတ်နှင့်ခန္ဓာကိုယ်တစ်ခု ရှိနေလေသည်။ 


ကျန့်ယွင်သည် တုန့်ဆိုင်းခြင်းမရှိဘဲ အမျိုးသမီး၏ဦးခေါင်းအား တိုက်ရိုက်ပစ်လိုက်ပြီးနောက် ဆိုင်၏တံခါးကို အလျင်အမြန်သော့ခတ်လိုက်ကာ ကုလားကာများနှင့် လိုက်ကာများကို ဆွဲချလိုက်သည်။ ထို့နောက် ဗီရိုကိုရွှေ့လိုက်ကာ တံခါးအားအခိုင်အမာပိတ်ဆို့ထားလိုက်သည်။


ထိုသို့သောအခန်းကဏ္ဍသည် နောက်ဆုံးအချိန်၌ အသုံး၀င်ကာ အလောင်းကောင်များသည် ပြန်မလာကြတော့ဘဲ လှည့်ပတ်သွားကြလေသည်။


“ရှောင်ကျယ် ဆိုင်ထဲက ဆေးတွေကိုသိမ်းလိုက်။ ကိုယ်တခြားထွက်ပေါက်တွေ သွားရှာလိုက်မယ် ”


“ကောင်းပြီ ”


အပြင်လူရှိနေသောကြောင့် စုရွေ့ကျယ်သည် မြွေရေခွံအိတ်ကြီးတစ်အိတ်ကိုရှာလိုက်ကာ မြွေရေခွံအိတ်ကို အကာအနေနှင့်သုံးပြီး စင်ပေါ်ရှိဆေးဝါးများအားလုံးကို နေရာလွတ်ထဲသို့ယူထည့်လိုက်သည်။ ကမ္ဘာပျက်ကပ်ကြီးထဲတွင် ဆေးများသည် အလွန်‌ရှားပါးကာ တခါတရံ အအေးမိပျောက်ဆေးသည်ပင် မြင့်မားသောဈေးနှုန်းနှင့် ရောင်းချနိုင်လေသည်။


“သူ့ကို အဖျားပျောက်ဆေးပေးလို့ အသုံး၀င်ပါ့မလား ”


စုန်ချန်ရှုသည် လူငယ်လေးအား ကောင်တာဘေးရှိထိုင်ခုံပေါ်သို့တင်လိုက်ကာ ထိုင်စေလိုက်သည်။


“အသုံးမ၀င်ဘူး။ အဲ့ဒါက သာမာန်အအေးမိတာမျိုးမဟုတ်ဘူး”


စုရွေ့ကျယ် ခေါင်းခါလိုက်ကာ ထို့နောက် အပူကျကပ်ခွာတစ်ထုပ်ကို ရှာတွေ့လိုက်ပြီး သူ့ထံပစ်ချပေးလိုက်၏။ 


“အဲ့ဒါကိုယူပြီး သူ့အတွက်သုံးလိုက်။ အနည်ဆုံးတော့ သူ့ခေါင်း နည်းနည်းလေးအေးသွားတာပေါ့”


စုန့်ချန်ရှုခေါင်းညိတ်လိုက်ကာ အပူကျကပ်ခွာထုပ်ကိုဖောက်ရန် ရန်ဖြဲလိုက်ပြီး လူငယ်လေး၏ နဖူးပေါ်သို့ တိုက်ရိုက်ကပ်ထားပေးလိုက်သည်။


အေးမြသောခံစားချက်သည် လူငယ်လေးအား သူ့ဦးနှောက်ထဲမှဖြစ်နေသည့် နာကျင်နေမှုကို ပိုကောင်းလာသလိုခံစားရပြီး သူ့အသိစိတ်သည် အမှန်တကယ်ကို ပိုပြီးရှင်းလင်းလာလေသည်။ သို့သော် သူ့ခန္ဓာကိုယ်သည် အနည်းငယ်‌အားနည်းနေဆဲဖြစ်လေသည်။


“ကျွန်တော့်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”


“ရပါတယ်၊ အချင်းချင်းကူညီတာပါပဲ ”


စုန့်ချန်ရှုသည် ကောင်တာအောက်တွင် မဖွင့်ရသေးသော တွင်းထွက်ရေသန့်ဗူးများစွာကို တွေ့လိုက်သည်။ ထို့ကြောင့် တစ်ဗူးကိုတိုက်ရိုက်ဖွင့်ကာ သူ့(လူငယ်လေး)အားကမ်းပေးလိုက်၏။ 


ကျေးဇူးတင်စကားဆိုပြီးနောက် လူငယ်လေးသည် ရေဗူးကိုဖွင့်ကာ နှစ်ငုံလောက်သောက်လိုက်ပြီး ထို့နောက် စုန်ရှန်ရှုအား သူ့ကိုယ်သူမိတ်ဆက်လာ၏။ 


“ကျွန်တော့နာမည်က ကျန့်ကျားဟယ်၊ S တက္ကသိုလ်ကကျောင်းသားတစ်ယောက်ပါ”


【T/N : ကျန့်ကျားဟယ် ၏ ကျန့် သည် ကျန့်ယွင်မှ ကျန့် နှင့်မတူပါ ။ ဒီ၀တ္ထုတစ်ပုဒ်လုံးမှာ ကျန့် နဲ့ ကျန်း မျိုးနွယ်နာမည်တွေ အပြုံလိုက်ပါလာပါလာမှာဖြစ်ပါတယ်။ ဒါပေမယ့် စာလုံးပေါင်း စုတ်ချက်တွေ မတူကြပါ။】


“S တက္ကသိုလ်၊ မင်းကဘာလို့ဒီကို ရောက်နေတာလဲ၊ အဲ့ဒါက ကြီးမားတဲ့ S ကျောင်း၀င်းကနေဝေးတဲ့ ဆင်ခြေဖုံးနေရာလေ”


“ပိတ်ရက်တွေမှာ ကျွန်တော် ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကစားဖို့ထွက်လာတာ။ ကျွန်တော် အင်တာနက်ကဖေးမှာ ဂိမ်းဆော့နေတုန်း ကျွန်တော့်ဘေးပတ်လည်ကလူတွေက ရုတ်တရက် မကောင်းဆိုးဝါးတွေဖြစ်လာတာ။”


ထိုအကြောင်းပြောပြီးနောက် ကျန့်ကျားဟယ် တုန်လှုပ်ခြောက်ခြားသွားရသည်။ 


“ကျွန်တော်တို့ အင်တာနက်ကဖေးကနေထွက်ပြေးလာကြပြီး မောပန်းပြီး ဗိုက်ဆာနေကြပြီးတော့ ဘယ်ကိုသွားရမှန်းမသိကြတော့ဘူး။ ကျွန်တော်တို့ အစားအစာရှာဖို့ စူပါမားကတ်ကိုလာတဲ့ လူတချို့နဲ့ဆုံပြီး ကျွန်တော်တို့ သူတို့နဲ့သွားခဲ့ကြတာ...”


သူစကားပြောသည်နှင့် ရင်တွေဆို့တက်လာရသည်။ အကယ်၍ သူတို့(လူငယ်လေးတွေ)သာ သူတို့(အစားအစာလာရှာတဲ့အဖွဲ့)နောက်လိုက်မလာခဲ့ကြရင် သူ့ သူငယ်ချင်းတွေလည်း သေရမှာမဟုတ်ဘူး။ 


“ကောင်းပြီ ကောင်းတာတွေပဲတွေးပါ။ စိုင့်၀မ် သူ့မြင်းပျောက်သွားတာကိုသိသွားပြီး ပြောခဲ့တာတစ်ခုရှိတယ်။ သူကကောင်းချီးပေးခံရတဲ့သူတစ်ယောက်မဟုတ်ဘူးတဲ့။ မင်းမှာ စွမ်းရည်တစ်ခုရှိနိုင်ပါသေးတယ် ”


စုန့်ချန်ရှု သူ့ပုခုံးကို ပုတ်ပေးလိုက်၏။ 


“စွမ်းရည်၊ အဲ့ဒါဘာလဲ ”


ကျန့်ကျားဟယ် စုန့်ချန်ရှုအား ဗလာဖြစ်စွာ ကြည့်လိုက်၏။ 


စုန့်ချန်ရှုသည် ကြက်သေ သေသွားပြီး အကူအညီရလို့ရငြား စုရွေ့ကျယ်အားကြည့်လိုက်၏။ 


စုရွေ့ကျယ် ရယ်လိုက်ပြီး ပြောလိုက်၏။ 


“မင်းအဖျားကျသွားတဲ့အခါ သိလိမ့်မယ် ”


တစ်ခဏကြာပြီးနောက် ဆေးဆိုင်အနောက်ဘက်သို့သွားသော ကျန့်ယွင်ပြန်ရောက်လာပြီး စုရွေ့ကျယ်အား အကြည့်တစ်ချက်ပေးလိုက်၏။ 


“အနောက်ဘက်မှာ ဂိုထောင်အသေးလေးတစ်ခုနဲ့ အိမ်သာတစ်ခုရှိတယ်။ ဂိုထောင်ထဲမှာ ဘာမှမရှိဘူး။ ဒါပေမယ့် အိမ်သာထဲမှာတော့ ပြတင်းပေါက်တွေအများကြီးရှိတယ်။ ငါတို့ အဲ့ကနေ တွယ်ဆင်းလို့ရနိုင်တယ်။”


“ကျွန်တော် စစ်ကြည့်လိုက်မယ်။”


စုရွေ့ကျယ်သည် သူဘာကိုဆိုလိုချင်သလဲဆိုသည်ကို သဘောပေါက်သွားပြီး ဘာမှမရှိသည့် ဂိုထောင်သို့ တိုက်ရိုက်သွားလိုက်ကာ ထိုအထဲရှိဆေးဝါးများကို စုဆောင်းလိုက်၏။ 


“မင်းဘယ်လိုခံစားရလဲ ”


ကျန့်ယွင် ကျန့်ကျားဟယ်ကို ကြည့်လိုက်၏။ 


“ပိုကောင်းလာပါပြီ။ ကျွန်တော့်ကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ်။”


ကျန့်ကျားဟယ်သည် လူသုံးယောက်ကြားတွင် ဆုံးဖြတ်ချက်များချသည့် အရပ်ရှည်ရှည်ထိုလူအားတွေ့လိုက်၏။ သူထိုင်ချလိုက်ကာ သူ့အားနောက်တစ်ကြိမ် ကျေးဇူးတင်လိုက်သည်။


“ပြဿနာမရှိပါဘူး ”


ကျန့်ယွင်သည် လက်ခါလိုက်ကာ သူ့အားငုံ့ကြည့်လိုက်၏။ 


“မင်းရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုကွဲပြားနေတာမျိုး ခံစားရလား ”


မသေမချာခံစားနေရစဉ်မှာပဲ ကျန့်ကျားဟယ် ခေါင်းခါလိုက်၏။


သူ စကားပြောနေစဉ် မြေပြင်ပေါ်တွင်လဲကျနေသော အဖြူရောင်ကုတ်နှင့် ခန္ဓာကိုယ်သည် ရုတ်တရက်ထထိုင်လာကာ စုတ်ပြဲနေသော၀မ်းဗိုက်အတွင်းရှိအရာများသည် မြေပေါ်သို့ ပြုတ်ကျကုန်၏။ 


စုန့်ချန်ရှုသည် ပျို့အန်လုနီးပါးပင်။ ကျန့်ယွင်သည် သူ့သေနတ်အားဆွဲထုတ်ရန်ပြင်နေ၏။ ကျန့်ကျားဟယ်သည် မတ်တပ်ရပ်ကာ သူတိုင်နေသောခုံအားဆွဲကာ ဖုတ်ကောင်ကား ပြင်းပြင်းထန်ထန်လွှဲရိုက်လိုက်သည်ကို တွေ့လိုက်ရ၏။


ထို့နောက်... သူသည် ရွှံ့ကန်တစ်ခုသို့ တိုက်ရိုက် ပစ်ခံလိုက်လေသည်။ 


စာရေးသူမှာပြောစရာရှိပါတယ်။


【①အသီးခွဲပြဇာတ်ငယ်လေး】


တကော : ဟားဟား ဇာတ်ဆောင်ရဲ့ ဥပဒေသကို မင်းသိလား။


လူတစ်စု : ဝါး, ပြေး၊ ဖုတ်ကောင်တွေလာနေပြီ။


၀တ်စုံပြည့်၀တ်ထားသောလူ : အဲ့ဖုတ်ကောင်တွေ သူတို့တစ်ခုခုပြောချင်နေပုံရတယ်။ ဟေး ဘာကိစ္စနေနေ ထွက်ပြေး။ 


သုံးယောက်အုပ်စု+ လူငယ်လေး : ....အခု ငါတို့ဒီ‌နေရာမှာတော့ ဘာဖုတ်ကောင်မှ မရှိဘူး။ အဓိကဇာတ်ကောင်တွေရဲ့ ရောင်ဝါက အရမ်းကိုသန်မာနေတုန်းပဲ။ 


ဒေါက်တာစုန့်+လူငယ်လေး : ဇာတ်ဆောင်တွေရဲ့ပေါင်ကို တင်းတင်းဖက်ထား။


ဒေါက်တာစုန့် : ကောင်းပြီ၊ ဒီလူငယ်လေးက ငါ့အပေါ်အမြင်ကောင်းတစ်ခုရှိတယ်။


လူငယ်လေး : ဟီး ဟီး ‌ဒေါက်တာစုန့်က ငါ့နှလုံးသားလေး‌အတွက် အရမ်းကောင်းပုံပေါ်တယ်။


ဒါဖြင့်, ဇာတ်ဆောင်နှစ်ယောက် : ရှင်းရှင်းလင်းလင်းကို ငါတို့ကဇာတ်ဆောင်တွေပါ။ ဆိုတော့ ဘာလို့ခွေးစာတွေနဲ့ ပြည့်နှက်နေတယ်လို့ထင်နေရတာလဲ။


【②လမ်းမပေါ်ရှိပြဇာတ်ငယ်လေး 】


လူများ : အဲ့လူက ပုံစံသိပ်မကောင်းဘူး။


၀တ်စုံပြည့်လူ : ကောင်းပြီ , လူသုံးယောက်က ပါတနာကောင်းတွေဖြစ်ဖို့ဆို အရမ်းကို နှလုံးသားနူးညံ့လွန်းတယ်။ လမ်းခွဲကြစို့။


နှလုံးသားနူးညံ့သောလူသုံးယောက် : ...မင်းတို့ ဇာတ်ဆောင်ရဲ့ရောင်ဝါမရှိဘဲ အဝေးကြီးသွားနိုင်မှာ သေချာလား။ 


လူငယ် : အရူးစုန့်၊ မင်းငါ့ကို စွမ်းရည်တစ်ခုပေးချင်လား။


၀တ်စုံပြည့်လူ : တောင်းပန်ပါတယ်။ ငါ ဇာတ်ဆောင်တွေကိုတော့ မေးခွန်းမထုတ်ရဲပါဘူး။ ‌ကျေးဇူးပြုပြီး မင်းအသက်ကိုနှမျောပါ။ 


【③လမ်းမပေါ်ရှိပြဇာတ်ငယ်လေး 】


ကျန့်ရှောင်ယွင် : ဖုတ်ကောင်ခွေး၊ ငါထိုးလိုက်တယ်၊ ညှပ်သွားတယ်၊


စုရှောင်ကျယ် : မစိုးရိမ်နဲ့၊ အချိန်ကျပြီ.....


စုန့်ချန်ရှု : မင်းဘာလိုချင်လို့လဲ၊ လှည့်ကွက်အကြီးကြီးများရှိနေလို့လား။


စုရှောင်ကျယ် : ဖုတ်ကောင်တွေနဲ့ ရုက္ခဗေဒစစ်ပွဲတစ်ခု ဆင်နွှဲရတော့မယ်။ 


စုန့်ချန်ရှု : မင်း ငါ့ကို ရယ်ရအောင်လုပ်နေပုံရတယ်...


ကျန့်ရှောင်ယွင် : ဇနီ

းလေး မင်းငါ့ကိုမချစ်ဘူးလား (T_T)


စုရှောင်ကျယ် : ဟမ့်၊ ကြည့်လိုက်၊ ပြီးပြည့်စုံတယ်။ 


ကျန်ရှောင်ယွင် : ပဲစေ့ သေနတ်သမား၊ အရမ်းမိုက်တယ်။


စုန့်ချန်ရှု : ဟေး၊ လူငယ်လေး၊ လာပြီး နတ်ဘုရားကိုကြည့်လိုက်။


လူငယ်လေး : ငါ့ကိုမခေါ်နဲ့၊ ငါကုသမှုကို စွန့်လွှတ်လိုက်ပြီ။