အခန်း(၂၆)
Viewers 12k

အခန်း(၂၆)《အမြု‌တေ》


Author: Drunken Light Song

Source: Chrysanthemum Garden

Translator: オタク


ကျန့်ကျားဟယ်၏ခြေထောက်သည် ဒဏ်ရာရ‌ထားပြီး ရေချိုးရန်မလွယ်ကူချေ။ ထို့ကြောင့် အချိန်အနည်းငယ် ယူလိုက်ရသည်။ သူထွက်လာသည့်အချိန်တွင် စုန့်ချန်ရှုသည် အပေါ်ထပ်တွင် ရေချိုးပြီးခဲ့ပြီးဖြစ်သည်။ 


စုန့်ချန်ရှုသည် ကျန့်ကျားဟယ်အား ဆိုဖာပေါ်တွင် ထိုင်စေပြီး သူပတ်ထားပေးခဲ့သော ပလပ်စတစ်အပတ်ကို ဖယ်ပေးလိုက်ပြီး သူ့ဆေးသေတ္တာကိုယူထုတ်လိုက်ကာ ထို့နောက် ကျန့်ကျားဟယ်၏အနာအားဂရုတစိုက်သန့်ရှင်းပေးပြီး ချုပ်ပေးလိုက်သည်။ ဤအကြိမ်တွင် စုန့်ချန်ရှုသည် ကျန့်ကျားဟယ်အား ထုံဆေးပေးခဲ့ပြီး နာကျင်မှုမှ သက်သာစေခဲ့သည်။ 


သူထိုကိစ္စနှင့်အလုပ်များနေချိန်တွင် စုရွေ့ကျယ်သည် မီးဖိုခန်းထဲမှ အစားအစာများနှင့် ထွက်လာခဲ့သည်။ သူသည် အရိုးရှင်းဆုံးသော ကြက်ဥပါ၀င်သော ယာဂုကိုပြုတ်ခဲ့ပြီး ကြက်ဥရှစ်လုံးကြော်လိုက်သည်။ ယာဂုသည် အလွန် ပျစ်ပျစ်နှစ်နှစ် နှင့် အရသာရှိလှသည်။ ထပ်ပေါင်းရလျှင် အသားနှင့် ကြက်ဥပါ၀င်သော အရသာသည် ပြီးပြည့်စုံသောပေါင်းစပ်မှုပင်။ အမှန်တကယ်ကို အရသာရှိလှသည်။ ကြော်ဖို့အတွက်အသုံးပြုထားသော ကြက်ဥများသည် နေရာလွတ်ထဲမှ ကြက်မများဥထားသောဥများဖြစ်သည်။ သူတို့သည် ညှီသောအရသာမရှိပဲ နူးညံ့ပြီး မွှေးကြိုင်လှသည်။ သူတို့အား ပဲငံပြာရည်အနည်းငယ်နှင့် ရောနယ်ထားသည်။ အရသာရှိသောကြက်ဥများသည် လူအများအား သူ့တို့၏လျှာကိုပင် မြိုချချင်လောက်အောင်ဖြစ်စေသည်။


ကျန့်ကျားဟယ်သည် ကမ္ဘာကြီးတွင် ဤကဲ့သို့သောကြောက်မက်ဖွယ်ပြောင်းလဲမှုကြီးဖြစ်ပြီးနောက် ဤကဲ့သို့ အရသာရှိသောအစားအစာကိုစားရန်အခွင့်အရေးရလိမ့်မည်ဟု စိတ်ကူးမထားဖူးခဲ့ပေ။ သူသည် စားသောက်နေစဉ် မျက်လုံးများ နီရဲလာခဲ့လေသည်။


“ဘာမှားနေလို့လဲ၊ အနာက နာနေလို့လား ” 


သူ့ပုံကိုမြင်ပြီး စုန့်ချန်ရှု စိုရိမ်မကင်းစိတ်နှင့်မေးလိုက်၏။


“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”


ကျန့်ကျားဟယ်သည် သူ့တစ်လုပ်ကိုမြိုချလိုက်ပြီး ပြောလာ၏။


“ကျွန်တော့်မိဘတွေအကြောင်းတွေးမိလို့ပါ...မနေ့ညက ကျွန်တော် အင်တာနက်ကဖေးကနေလွတ်မြောက်လာတော့ သူတို့ကိုဖုန်းခေါ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့ဖုန်းမှာ ဘာအချက်ပြမှုမှ မရှိတော့ဘူး။ ဒါကြောင့် သူတို့နဲ့လုံး၀ဆက်သွယ်လို့မရတော့ဘူး” 


“မင်းမိဘတွေက ဘယ်မှာလဲ၊ မင်းရဲ့အိမ်က Sမြို့မှာလား ” 


“မဟုတ်ဘူး...သူတို့က ပြည်ပမှာ” 


ကျန့်ကျားဟယ် သူ့ဆံပင်ကို နာကျင်စွာ ဆုပ်ကိုင်လိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံးသည် ညတွင်းချင်းပြောင်းလဲသွားပြီး သူကြည့်ခဲ့ဖူးသောရုပ်ရှင်များထဲကလို အမှန်တကယ်ဖြစ်လာခဲ့ပြီး သူတောင်မှ မကောင်းဆိုးဝါးများ၏ပါးစပ်ထဲတွင် သေလုနီးပါးဖြစ်ခဲ့သည်။ အိမ်နှင့်အဝေးမှာရှိနေသော သူ့မိဘများ ဘာတွေကြုံရပြီး ဘယ်လိုအခြေအနေရှိနေမှန်း သူမတွေးနိုင်တော့ချေ။ 


ကျန့်ကျားဟယ်၏ ၀မ်းနည်းနေသောအမူအရာကိုကြည့်ပြီး သူတို့အားလုံး သူတို့စိတ်ထဲမှာ အနည်းငယ်လှုပ်ခတ်သွားကြရသည်။ ကံမကောင်းစွာပင် ဤအခြေအနေမျိုးတွင် လေယာဉ်နှင့် တခြားအရာများသည် အတော်ကြာကတည်းက ပြေးဆွဲမှုများရပ်တန့်သွားခဲ့ပြီဖြစ်ပြီး သူတို့အကြောင်း ဘာကိုမှ ရှာဖွေဖို့နည်းလမ်းမရှိတော့ချေ။


“ပြည်ပမှာ သေနတ်တွေကိုင်ဆောင်ခွင့်ပြုထားတယ်။ သူတို့ အဆင်ပြေနိုင်ပါလိမ့်မယ်” 


စုန့်ချန်ရှုသည် သူ့ပုခုံးအားပုတ်ကာ သူ့အား အားပေးလိုက်ပြီး 


“မင်း ကောင်းကောင်းရှင်သန်ဖို့ပဲလိုပြီးတော့ အနာဂါတ်မှာ ဆက်သွယ်ရေးတွေပြန်ကောင်းသွားဖို့အတွက်စောင့်လိုက်ပါ။ မင်း သူတို့ကိုနောက်တစ်ကြိမ်ပြန်ဆုံနိုင်ဖို့ တစ်နေ့ရှိလာမှာပါ။”

  

ကျန့်ကျားဟယ် ‌ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်ပြီး ဆက်လက်စားသောက်လေသည်။


ညစာစားသောက်ကြပြီးနောက် စုန့်ချန်ရှုသည် ပန်းကန်များနှင့်တူများကို သန့်ရှင်းရန် စုရွေ့ကျယ်အားကူညီပေးပြီး ဆေးကြောရန် မီးဖိုခန်းထဲသို့ သွားလိုက်ကြသည်။


ကျန့်ယွင် ကျန့်ကျားဟယ်အားကြည့်ပြီး ပြောလိုက်၏။


“နောက်ပိုင်း မင်းဘာဆက်လုပ်မလဲ ” 


“ကျွန်တော်မသိဘူး...”


ကျန့်ကျားဟယ် ခေါင်းခါလိုက်ပြီး ကျန့်ယွင်အာ တုံ့ဆိုင်းမှုတချို့နှင့်ကြည့်လိုက်၏။ 


“ကျွန်တော် ခင်ဗျားတို့နောက်လိုက်လို့ရနိုင်မလား။ကျွန်တော် ဖုတ်ကောင်တွေကို သတ်ဖို့ကြိုးစားပါ့မယ် ပြီးတော့ ရိက္ခာတွေစုဆောင်းဖို့လည်း ကြိုးစားပါ့မယ်”


ကျန့်ကျားဟယ် များများပိုပြောလာလေလေ သူ့အသံလည်းတိုးသွားလေသည်။ နောက်ဆုံးမှာတော့ သူတို့က အခွင့်အရေးတစ်ခုကြောင့် ဆုံခဲ့ရတဲ့ သူစိမ်းတွေပါပဲလေ။ တစ်ဖက်လူသည် သူ့အသက်ကို ကယ်တင်ပေးခဲ့ပြီး ထိုကဲ့သို့သော အရသာရှိသည့်အစားတစ်နပ်စားဖို့ သူ့အား ပြန်ခေါ်လာပေးခဲ့သည်။ ပိုပြီး တောင်းဆိုဖို့သူဘယ်လိုများအရှက်မဲ့နိုင်ရပါ့မလဲ။ 


ဤကဲ့သို့သော ကမ္ဘာကြီးတွင် အစားအစာသည် အရေးအကြီးဆုံးသောအရာဖြစ်သည်ကို လူတိုင်းသိကြသည်။ အစားအစာမရှိလျှင် အသက်မရှင်နိုင်ပေ။ အကယ်၍ သူတို့ သူ့ကိုခေါ်သွားဖို့သဘောတူခဲ့လျှင် သူတို့အနေဖြင့် လူတစ်ယောက်စာပိုပြီး ဖြုန်းတီးရလိမ့်မည်။


“ကောင်းပြီ” 


ကျန့်ယွင်သည် သူက သူတို့အားဆွဲချသွားနိုင်သည်ကိုသိပါသော်လည်း ရိုးရိုးရှင်းရှင်းပင် သဘောတူလိုက်သည်။ မည်သို့ပင်ဖြစ်စေ စူးစမ်းလေ့လာပြီးနောက် ကျန့်ကျားဟယ်သည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု သူထင်သည်။ ထို့ပြင် သူ့ကိုသူတို့နှင့် နေထိုင်ပါက အထောက်အကူဖြစ်ချေလိမ့်မည်။


ကျန့်ကျားဟယ်သည် မျက်နှာတွင် မယုံကြည်နိုင်မှုအပြည့်နှင့် ငုံ့ထားခဲ့‌သောသူ့ခေါင်းကို အလျင်အမြန်မော့လာ၏။ 


“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ကြိုးစားပါ့မယ်၊ ကျွန်တော်...”


ကျန့်ယွင် ရယ်မြူးလျက် လက်ခါပြလိုက်ကာ စိတ်လှုပ်ရှားနေသောကျန့်ကျားဟယ်အားပြောလိုက်၏။ 


“အောက်ထပ်မှာ နောက်အခန်းတစ်ခုရှိသေးတယ်။ မင်းအဲ့မှာနေလို့ရတယ်။ မင်း အကုန်လုံးသက်သာသွားဖို့စောင့်သင့်တယ်”


“ကောင်းပြီ ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်...”


ကျန့်ကျားဟယ်သည် တကယ့်ကိုပျော်ရွှင်နေ၏။ သူတို့သုံးယောက်စလုံးသည် လူကောင်းများဖြစ်ကာ ကောင်းမွန်သောကျွမ်းကျင်မှုများရှိကြသည်။ သူတို့နောက်သို့လိုက်ရန် အတော့်ကိုကောင်းလှသည်။ 


မနေ့ညက သူတို့တစ်ညလုံး နေခဲ့ကြရသည်။ လူတိုင်းသည် ပင်ပန်းနေကြပြီး မကြာခင်မှာပင် အနားယူရန် သူတို့အခန်းအသီးသီးသို့ပြန်သွားကြသည်။ဗီလာဧရိယာတွင် အိမ်ထောင်စုအများကြီးမရှိပေ။ ထို့ကြောင့် ဖုတ်ကောင်အများကြီး စုစည်းခြင်းမျိုးလည်းမရှိပေ။ ၎င်းသည် သူတို့အား အချိန်တစ်ခုအထိ လုံခြုံစေသည်။ 


******


လူတိုင်းသည် နေ့လည်ခင်းအထိ တချိုးတည်း အိပ်ပျော်ခဲ့ကြသည်။ စုရွေ့ကျယ်သည် ရေခဲသေတ္တာထဲမှ မတ်ပဲစွတ်ပြုတ်အေးကို ယူလာခဲ့ပြီး တခြားသူများအားထွက်လာပြီးသောက်ရန်ပြောလိုက်၏။ ထိုရက်များအတောအတွင်းတွင် အပူချိန်သည် အလွန်ပူပြင်းလှသည်။လေအေးပေးစက်ကိုဖွင့်ထားပြီး လိုက်ကာများကို ချထားခဲ့သည်။ သို့သော် အလွန်ပူနေသည်ကို ခံစားရနေဆဲပင်။ ရက်အနည်းငယ်အတွင်း ရေနှင့် လျှပ်စစ်ဓာတ်အားသည် ပြတ်တောက်သွားလိမ့်မည်ဖြစ်နိုင်သည်။ နေ့ရက်များ အဆိုးဆုံးတောင် ဖြစ်လာမည်ကိုစိုးရိမ်ရသည်။


“ရှောင်ကျယ် မင်းအရင်ကယူလာခဲ့တဲ့ အမြုတေပုံဆောင်ခဲရဲ့ အသုံးပြုပုံက ဘာလဲ ” 


ချိုချိုအေးအေး မတ်ပဲစွတ်ပြုတ်ကိုသောက်ပြီးနောက် စုရွေ့ကျယ် ဖုတ်ကောင်ခွေး၏ ခေါင်းထဲမှ တူးယူလာခဲ့သော တောက်ပသောအမြုတေပုံဆောင်ခဲကို ကျန့်ယွင် ရုတ်တရက်သတိရသွားပြီး မေးလိုက်သည်။ 


“အဲ့ဒါက အရမ်းအသုံး၀င်တယ်”


စုရွေ့ကျယ် ပြောလိုက်ပြီး အမြုတေကိုထုတ်လိုက်၏။ 


ထိုအမြုတွေကို စုရွေ့ကျယ် ရေနှင့် ဆေးကြောထားခဲ့ပြီး အနီဖျော့ဖျော့နှင့် တောက်ပသောပုံပန်းသွင်ပြင်ကို ပြသနေသည်။ အကယ်၍ ဘယ်နေရာက တူးယူလာသည်ကိုသာ မသိလျှင် အလွန်ကို ကြည်နူးစရာကောင်းလိမ့်မည်။


“ဖုတ်ကောင်ကုတ်ခြစ်ခံရတာ နဲ့ကိုက်ခံရတာတွေကသာ စွမ်းရည်တွေကို လှုံဆော်ပေးနိုင်တာမဟုတ်ပဲ အမြုတေ‌တွေ ကလည်း လှုံ့ဆော်ပေးနိုင်တယ်” 


စုရွေ့ကျယ်သည် အမြုတေအား ကျန့်ယွင်အရှေ့သို့တင်လိုက်ပြီး ထို့ကြောင့် ပို၍ရှင်းရှင်းလင်းလင်းမြင်နိုင်သွားသည်။ 


အချိန်ကြာလာည်နှင့်အမျှ ဖုတ်ကောင်၏ဦးနှောက်ထဲတွင် အမြုတေဖွဲ့စည်းလာပြီး သူ့အထဲတွင် ဖုတ်ကောင်ရောဂါပိုးပါ၀င်သည်။ ဒါပေမယ့် စွမ်းအင်အများကြီးလည်း ပါ၀င်သည်။


အရင်ဘ၀တုန်းက အမြုတေများကို ကမ္ဘာပျက်ကပ်ကြီးစတင်ပြီးတစ်လလောက်တွင် တဖြည်းဖြည်း ရှာဖွေသိရှိလာကြပြီး အချိန်တစ်ခုကြာပြီးနောက် အမြုတေများ၏အသုံးပြုပုံကို လေ့လာခဲ့ကြသည်။ စွမ်းရည်အသုံးပြုသူများသည် အမြုတေပုံဆောင်ခဲကို စားသုံးခြင်းဖြင့် ၎င်းတို့၏စွမ်းအားကိုအားဖြည့်‌ပေးနိုင်စဉ် သာမာန်လူများသည် အမြုတေပုံဆောင်ခဲကိုမြိုချပြီးနောက် စွမ်းအားအသက်၀င်လာနိုင်သည်။ ဖုတ်ကောင်တစ်ကောင်အကိုက်ခံရခြင်းသည် စွမ်းအားများကို လှုံ့ဆော်ပေးနိုင်သော်လည်း နောက်ဆုံးမှာတော့ ဒဏ်ရာရဖို့ရန် လိုအပ်သေးသည်။ အကယ်၍ သတိမမူမိပါက ဖုတ်ကောင်တစ်ကောင်ကြောင့် သေသည်အထိ အကိုက်ခံရလိမ့်မည်။ ဘယ်လိုများ အမြုတေပုံဆောင်ခဲထက်ပိုပြီး သင့်လျော်အဆင်ပြေနိုင်ပါ့မလဲ။


ထို့ကြောင့် အမြုတေများ၏ အသုံး၀င်ပုံများကိုရှာဖွေတွေ့ရှိမှုပြီးနောက် လူသားများအတွက် အမြုတွေလိုအပ်မှုသည်လည်း တိုးလာခဲ့သည်။ နောက်ပိုင်း၌ အမြုတေများသည် အစားအစာအပြင် နောက်ထပ် အစားထိုးငွေကြေးအသုံးပြုမှုဖြစ်လာခဲ့သည်။


ဒါပေါ့၊ အရာတိုင်းတွင် အစွန်းနှစ်ဖက်ရှိပြီး အမြုတေများတွင် ဖုတ်ကောင် ရောဂါပိုးလည်းပါ၀င်သည်။ အမြုတေအသုံးပြုခြင်းသည်လည်း အလွန် ကူးစက်ခံရနိုင်ချေရှိပြီး ဖုတ်ကောင်များဖြစ်လာနိုင်သည်။ သို့သော် ကမ္ဘာပျက်ကပ်ကြီးထဲတွင် အသက်ရှင်ရပ်တည်ရန်အတွက် မရေမတွက်နိုင်သောလူအများအပြားသည် စွန့်စွားပြီး ကြိုးစားချင်သောဆန္ဒရှိကြသည်။ 


“ခင်ဗျား ကြိုးစားကြည့်ချင်လား ”


စုရွေ့ကျယ် ကျန့်ယွင်အားကြည့်လိုက်၏။ 


ကျန့်ယွင်သည် စုရွေ့ကျယ်အားကြည့်လိုက်ပြီး တုံ့ဆိုင်းမှုမရှိဘဲ အမြုတေပုံဆောင်ခဲကိုကောက်ယူလိုက်ပြီး သူ့ပါးစပ်ထဲကို ပစ်ထည့်လိုက်သည်။ 


ငါးစက္ကန့်မျှကြာပြီးနောက် ကျန့်ယွင်သည် နောက်ပြန်လဲကျကာ မေ့မျောသွားလေသည်။


စုန့်ချန်ရှုသည် ထိတ်လန့်သွား၏။ ထို့ကြောင့် သူ အလျင်အမြန် ကျန့်ယွင်အား ကူညီလိုက်ပြီး ထို့နောက် စုရွေ့ကျယ်အား စိတ်အားထက်သန်စွာ ကြည့်လိုက်၏။ 


“သူ...သူအဆင်ပြေမှာပါနော် ဟုတ်တယ်မလား ” 


“အဆင်ပြေမှာပါ” 


စုရွေ့ကျယ်သည် စုန်ချန်ရှုနှင့်အတူ ကျန့်ယွင်အား ဆိုဖာပေါ်သို့လှဲချပေးဖို့ ကူညီရန် အရှေ့သို့သွားလိုက်၏။


စုရွေ့ကျယ်သည် ကျန့်ယွင်အားပေါ့ပေါ့ဆဆဖြင့် အခွင့်အရေးတစ်ခု ဘယ်တော့မှ မယူနိုင်ပေ။ သူ့အတိတ်ဘ၀တွင် ကျန့်ယွင်၏စွမ်းအားသည် ဖုတ်ကောင်တစ်ကောင်ထံမှ ကုတ်ခြစ်ခံရသောမတော်တဆမှုမှ ရရှိခဲ့ခြင်းဖြစ်သည်။၎င်းသည် သူ့ခန္ဓာကိုယ်ထဲတွင် ပဋိပစ္စည်း(antibodies)ရှိသည်ကိုပြနေသည်။ ထို့ကြောင့်သူအမြုတေကိုယူလိုက်လျှင် ပြဿနာရှိလိမ့်မည်မဟုတ်ပေ။


ယခုအချိန်သည် ကမ္ဘာပျက်ကပ်အစောပိုင်းသာရှိနေသေးပြီး အနှေးနဲ့အမြန်ပင် စွမ်းရည်သည် နှိုးစွခံရမည်ဖြစ်ပြီး အနှေးနဲ့အမြန်ပင် ခွန်အားသည် တိုးမြင့်လာလိမ့်မည်ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီးထဲတွင် ခွန်အားနှင့်သာလျှင် အသက်ရှင်ရပ်တည်နိုင်လိမ့်မည်။ 


စာရေးသူမှာပြောစရာရှိပါတယ်။


【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】


စုန့်ချန်ရှု : အခန်းတွေအများကြီးရှိပြီ၊ နောက်ဆုံးနေ့ရက်တွေရဲ့ ပထမဆုံးနေ့က တကယ့်ကို အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်။ ငါ အနာဂါတ်မှာ အဲ့ဒါကိုလုပ်သင့်တယ်။ ငါက ဆရာ၀န်ငယ်လေးတစ်ယောက်ပါပဲ။ ငါနာကျင်အောင်လုပ်ဖို့မကြိုးစားနိုင်ဘူး။


ကျန့်ရှောင်ယွင် : ဇနီးလေးက ရေချိုးနေတယ် ~ ဇနီးလေးကရေချိုးနေတယ်လို့~ ငါချောင်းကြည့်ချင် မဟုတ်ဘူး သူသန့်ရှင်းရဲ့လားလို့ငါကြည့်ချင်တယ်


စုန့်ချန်ရှု : .........


ကျန်ကျားဟယ် (အိပ်ထမတင်လုပ်နေ) : အော်ဟစ်.....


စုန့်ချန်ရှု : ကျန့်ကျားဟယ်နဲ့ မင်းတို့ကောင်တွေ ဘာတွေလုပ်နေကြတာလဲ။


ကျန့်ကျားဟယ် : အို့ ကျွန်တော်စွမ်းရည်ရတာ ပထမဆုံးအကြိမ်လေ၊ ကျွန်တော် ခွန်အားပြည့်နေတယ်လို့ ခံစားရတယ်၊ မဟုတ်ဘူး ကျွန်တော် ဖုတ်ကောင်တစ်ကောင်ကို လှဲချဖို့သွားရမယ်။


စုန့်ချန်ရှု : ......


စုရှောင်ကျယ် : ကျန့်ရှောင်ယွင် ရေသွားချိုး 


ကျန့်‌ရှောင်ယွင် : မွှေးကြိုင်နေတဲ့ ဇနီးလေး (づ ̄ ³ ̄)づ


စုရှောင်ကျယ် : o(*////▽////*)o


စုန့်ချန်ရှု : ....ဆိုတော့ ငါ့တည်ရှိမှုက ဘာအဓိပ္ပါယ်လဲ။ ဆရာ၀န်လေးတစ်ယောက်ကို ဒီလိုဆက်ဆံတာ ကောင်းကြသေးရဲ့လား။