အခန်း(၂၇)《စွမ်းရည်နှစ်မျိုးတွဲ》
Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク
ကျန့်ယွင် မူးမေ့သွားပြီးနောက် မကြာမီတွင် သူပြင်းထန်သောအဖျားတစ်ခု စဖြစ်လာခဲ့သည်။ စုရွေ့ကျယ်သည် အပူကျကပ်ခွာကို သူ့နဖူးပေါ်သို့ ကပ်ပေးလိုက်ပြီး ရေစိုပုဝါတစ်ခုနှင့် သူ့ခန္ဓာကိုယ်ရှိ ချွေးများကို သုတ်ပေးလိုက်သည်
ထိုအချိန်တွင်းမှာပဲ စုရွေ့ကျယ်သည် မီးဖိုခန်းထဲသို့၀င်သွားကာ သခွာသီး သစ်တော်ဖျော်ရည်တစ်ခွက်ညှစ်လိုက်ကာ ဖျော်ရည်အား ကျန့်ယွင်ကိုတိုက်လိုက်သည်။
【T/N : Cucumber Sydney juice တဲ့ ရှာကြည့်တော့ သခွားသီးရယ် သစ်တော်သီးလည်းပါတယ် အရည်ညှစ်ထားတဲ့ဖျော်ရည်လို့တွေ့မိတာနဲ့ သခွားသီးသစ်တော်ဖျော်ရည်လို့ ရေးလိုက်တာ။ သိတဲ့သူရှိရင် ပြောပြလို့ရပါတယ်။ မသောက်ဖူးဘူး (*_*)】
ထူးဆန်းစွာပင် ဖျော်ရည်တစ်ခွက်သောက်ပြီးနောက် ကျန့်ယွင်၏မျက်နှာသည် အနည်းငယ် ပိုကောင်းလာပြီး သူ့ခန္ဓာကိုယ်သည် နောက်ထပ်တုန်ယင်မနေတော့ချေ။
စုန့်ချန်ရှု၏ မျက်လုံးများ ရုတ်တရက်တောက်ပသွားကာ ဖျော်ရည်ထဲတွင်ဆန်းကြယ်သောတစ်ခုခုရှိသလားဆိုသည်ကို စုရွေ့ကျယ်အားမေးမြန်းရန် ဘေးသို့တိတ်တဆိတ် ဆွဲလိုက်၏။
“ဘာ လျို့ဝှက်ချက်လဲ။ အဲ့ဒါက ရိုးရိုးဖျော်ရည်ပါပဲ”
စုရွေ့ကျယ်ပြုံးကာ ခေါင်းခါလိုက်၏။
သူ့အတိတ်ဘ၀တွင် သူသည် သုတေသနအဖွဲ့အစည်းတွင် အချိန်အကြာကြီး ကုန်ဆုံးခဲ့ရသည်။ အသီးအရွက်များနှင့် သစ်သီး၀လံများထဲတွင်ပါ၀င်သော ကလိုရိုဖီးလ်နှင့် ဗီတာမင်ဓာတ်တချို့သည် ဖုတ်ကောင်ရောဂါပိုးကို တားဆီးနိုင်သောတချို့သက်ရောက်မှုများရှိကြောင်း သုတေသနပညာရှင်များပြောခဲ့သည်အား ကြားဖူးသည်ကိုသတိရလိုက်သည်။ စွမ်းအားများနိုးထလာခြင်းနှင့် တိုးမြှင့်ခြင်းများလုပ်ဆောင်သောအခါ အချို့ အသီးအရွက်များနှင့် သစ်သီး၀လံများကိုစားခြင်းက အလွန်အထောက်အကူပြုနိုင်လေသည်။
ပူပြင်းသောနွေရာသီနှင့် အေးသောဆောင်းရာသီကဲ့သို့ ပြင်းထန်သောရာသီဥတုကြောင့် သစ်သီး၀လံများနှင့် ဟင်းသီးဟင်းရွက်များရှားပါးလာခြင်းမှာ သနားစရာပင်။ အသီးအရွက်များနှင့် သစ်သီး၀လံများသည် ဇိမ်ခံပစ္စည်းများဖြစ်လာကြသည်။ ကမ္ဘာပျက်ကပ်ကြီးစတင်ခဲ့ပြီးနောက် နှစ်အတော်များများအကြာတွင် ထိုအကြောင်းကို ရှာဖွေတွေ့ရှိလာနိုင်ကြသည်။ ထိုသုတေသနပညာရှင်များသည်လည်း ၀မ်းနည်းကြေကွဲခဲ့ကြကာ အကယ်၍ သူတို့သာထိုအကြောင်းကို စောစီးစွာ ရှာဖွေသိရှိခဲ့ကြပါက ပိုများသော စွမ်းရည်အသုံးပြုသူများကို မွေးထုတ်ပေးနိုင်ခဲ့လိမ့်မည်။
စုရွေ့ကျယ်၏ ရှင်းပြမှုကိုနားထောင်ပြီးနောက် စုန့်ချန်ရှုသည် ကျန့်ယွင်၏ကံကောင်းမှုအား သက်ပြင်းချလိုက်သည်။ သူကတော့ တကယ့်ကို ရှစ်ဘ၀တိုင်တိုင်စုဆောင်းထားတဲ့ ကုသိုလ်ရှိတဲ့ ရတနာကြီးတစ်ခုနဲ့ဆုံခဲ့တာပဲ။
ကျန့်ယွင်၏ခန္ဓာကိုယ်ကို စိုးရိမ်နေသဖြင့် စုရွေ့ကျယ်သည် ထိုည၌ချက်ပြုတ်ရန်စိတ်မပါချေ။ ထို့ကြောင့် သူသည် အလွယ်တကူပင် အသီးအရွက်ခေါက်ဆွဲစွတ်ပြုတ်တစ်အိုးသာချက်ကာ လူသုံးယောက် ခွဲဝေစားသောက်လိုက်ကြသည်။
သို့သော်ငြား ခေါက်ဆွဲနှစ်ပန်းကန်ကိုစားပြီးနောက် ကျန့်ကျားဟယ်သည် ဗိုက်ဆာနေဆဲဖြစ်သည်။ သို့သော် အစားအစာထပ်တောင်းရန်အတွက် အလွန်ရှက်ရွံ့နေခဲ့သည်။ ထို့ကြောင့် ဆာလောင်နေသောဗိုက်ဖြင့်သာ သူ့အခန်းထဲသို့သာ ပြန်သွားလိုက်ရသည်။
ကျန့်ကျားဟယ် တစ်ခုခုလွဲနေသည်ကို ဂရုတစိုက်နှင့် ရှာတွေ့လိုက်သူမှာ စုန့်ချန်ရှုဖြစ်ကာ ထို့ကြောင့် သူ စုရွေ့ကျယ်အား စကားပြောလိုက်၏။ စုရွေ့ကျယ်သူ သူ့ခေါင်းသူပုတ်လိုက်သည်။ စွမ်းရည်များနိုးထလာပြီးနောက် စားသောက်သောအစားအစာပမာဏသည် ပိုကြီးလာခဲ့ကြောင်း သူမေ့သွားလုနီးပါးပင်။ နေ့လည်၌ သူတို့သည် မတ်ပဲစွတ်ပြုတ်အချို့ကိုစားခဲ့ကြပြီး ည၌ ခေါက်ဆွဲအချို့ကိုစားခဲ့ကြသည်မှာ ဆာလောင်မှုကို ဖြည့်ရန်မလုံလောက်နိုင်ပေ။ ကျန့်ကျားဟယ်သည် ဗိုက်မ၀သည်မှာ ဖြစ်နိုင်သည်။
စုရွေ့ကျယ်သည် မီးဖိုခန်းသို့သွားကာ မန်ထို(အစာလွတ်ပေါက်စီ)တချို့ကိုအပူပေးလိုက်ပြီးနောက် ၀က်ပေါင်ခြောက်တချို့ကိုလည်းယူကာ သူတို့နားတွင်ထားလိုက်သည်။ စုန့်ချန်ရှုအား ကျန့်ကျားဟယ်ဆီသို့ ယူသွားပေးရန်ပြောလိုက်၏။
ကျန့်ကျားဟယ်သည် အလွန်ထိသွားကာ ကျေးဇူးတင်ကြောင်းထပ်ခါတလဲလဲဆိုပြီးနောက် သူသည် ဖုတ်ကောင်များအား ကောင်းကောင်းတိုက်ခိုက်ပြီး အစားအစာများ စုဆောင်းပေးမည်ဖြစ်ပြီး သူ့အားကျွေးမွေးခဲ့သည်ကို အချည်းအနှီးမဖြစ်စေရပါဟု အာမခံခဲ့သည်။ ထိုအပြုအမူသည် သူ့နှလုံးသားထဲမှ အမှန်တကယ်လာသည်ပင်ဖြစ်သည်။
ကျန့်ယွင်သည် ည ဆယ်နာရီမတိုင်ခင်အထိ သူနိုးမလာခဲ့ပေ။ သူနိုးလာသောအခါ ဗိုက်ဆာကြောင်း အော်လာသည်။ စုရွေ့ကျယ်သည် ချက်ချင်းပင် သူစားဖို့ အမဲသားစွတ်ပြုတ်နှင့် မန်ထိုကိုထုတ်လိုက်ကာ ကြက်ဥရေညှိစွတ်ပြုတ်တစ်ပန်းကန်ကို အမြန်ချက်လိုက်သည်။ သူတို့သည် သူ့စွမ်းရည်များသည် မည်သည့်စွမ်းရည်များဖြစ်ကြောင်း မမေးခင် ကျန့်ယွင် အလုံအလောက် စားသောက်ပြီးသည်အထိ စောင့်နေခဲ့ကြသည်။
ထူးဆန်းသောအပြုံးနှင့် ကျန့်ယွင်သည် စုန့်ချန်ရှုဆီသို့ကြည့်လိုက်သည်။
စုန့်ချန်ရှုသည် သူ့ထိုင်ခုံပေါ်တွင် ကောင်းကောင်းမွန်မွန်ထိုင်နေခဲ့သည်။ ကျန့်ယွင်ထံမှ အကြည့်ခံရပြီးနောက် သူရုတ်တရက် သူ့ခန္ဓာကိုယ်နစ်၀င်သွားသည်ကို ခံစားလိုက်ရသည်။ လူတစ်ကိုယ်လုံးသည် တစ်ကြိမ်တည်းမှာပင် အစိုင်အခဲဖြစ်လာကာ ကီလိုထောင်ပေါင်းများစွာ လေးလံလာပုံရသည်။ သူ့တင်ပါးအောက်ရှိ ထိုင်ခုံသည် ဆတ်ခနဲ ဆတ်ခနဲ အက်ကွဲသွားသည်။ စုန့်ချန်ရှုသည် မျက်စိမျက်နှာပျက်နှင့် ကြမ်းပေါ်တွင်လဲလျောင်းနေပြီး လက်ကလေးတစ်ချောင်းတောင် မလှုပ်နိုင်ခဲ့ပေ။
သို့သော် နောက်တစ်ခဏတွင် စုန့်ချန်ရှုသည် သူ့ကိုယ်တွင်းအင်္ဂါများ အန်ထုတ်လုနီးပါးဖိအားပေးထားသော ဖိအားသည် ပျောက်ကွယ်သွားကြောင်းခံစားလိုက်ရသည်။
စုန့်ချန်ရှုသည် ကြောက်လန့်စွာ မတ်တပ်ထရပ်လိုက်ပြီး ကျန့်ယွင်နှင့် အဝေးမှ မေးလိုက်၏။
“ဒီစွမ်းရည်က ကမ္ဘာပေါ်က ဘာစွမ်းရည်လဲဟ ”
“ကမ္ဘာ့ဆွဲအားကို ခြယ်လှယ်နိုင်တဲ့စွမ်းရည်လား ”
ကျန့်ကျားဟယ်၏ မျက်လုံးများသည် ကျန့်ယွင်ဆီသို့ တဖျတ်ဖျတ်တောက်ပနေကာ ထိုစွမ်းရည်မျိုးသည် အမှန်တကယ်ကို လွှမ်းမိုးနိုင်စွမ်းရှိကြောင်း ခံစားလိုက်ရသည်။
ကျန့်ယွင်၏မျက်နှာသည် ထူးဆန်းသောအပြုံးရှိနေဆဲဖြစ်ကာ သူသည် ကုလားထိုင်အပိုင်းအစတစ်ခုကိုကောက်လိုက်ကာ မျက်နှာပြင်ပေါ်တွင် သူ့လက်ချောင်းထိပ်များ တင်ထားလိုက်သည်။ သူသည် ထိုအပေါ်တွင် အပေါက်ကြီးတစ်ခုတိုက်ရိုက်ပျော်ကျသွားစေခဲ့လေသည်။
“တိုက်စားခြင်းစွမ်းရည် ”
စုရွေ့ကျယ်သည် တစ်ချက်ကြည့်ရုံနှင့် ထိုစွမ်းအားကို သိသွားပြီး ၎င်းသည် သူ့အရင်ဘ၀၌ ကျန့်ယွင်ရခဲ့သော စွမ်းရည်ဖြစ်သည်။
“ကျန့်တကော က တကယ့်ကို အံ့ဖွယ်ပဲ ”
ကျန့်ကျားဟယ်၏ မျက်နှာသည် လေးစားကိုးကွယ်မှုအပြည့်ဖြစ်နေသည်။ အဲ့ဒါက စွမ်းရည်နှစ်မျိုးတွဲလေ။
သို့သော်ငြား စုန့်ချန်ရှုသည် ထိုင်တောင် မထိုင်နိုင်ဖြစ်ကာ အံ့ဖွယ်အခန်းတွင် တစ်ယောက်ထက်တစ်ယောက် စွမ်းအားကြီးနေကာ သာမာန်လူတစ်ယောက်သာဖြစ်တဲ့ သူပဲကျန်ခဲ့တယ်လေ။ သူသည် သူတို့အားအပြင်ထွက်ပြီး တခြားအမြုတေယူဖို့တိုက်တွန်းလိုက်သည်။ သူလည်းပဲ စွမ်းအားတွေ လိုချင်တယ်လို့။
အနည်းငယ်တွေးတောပြီးနောက် ကျန့်ယွင် အပြင်ထွက်ဖို့ ကတိပေးလိုက်သည်။ တစ်ချက်တည်းနှင့် အမြုတေရှာရန်ထွက်ပြီး သူ့စွမ်းရည်များလှုံ့ဆော်ပေးရန်အတွက် စုန့်ချန်ရှုအားကူညီခြင်းသည် သူ့ကိုယ်ပိုင်စွမ်းရည်များကို လေ့ကျင့်ဖို့အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်သည်။ သူ့စွမ်းရည်ကို မည်သို့ ပိုကောင်းကောင်းထိန်းချုပ်နိုင်ဖို့ နားလည်ရန်နှင့် သူ့ကိုယ်ပိုင်စွမ်းရည်များအသုံးပြုဖို့ တိုက်ခိုက်ရန်လိုအပ်သည်။ ထို့အပြင် ရိက္ခာများ သို့မဟုတ် တစ်ခုခု ရှာဖွေပြီးနောက် လူအများကြီးမရှိတော့ဘူးလား ရှိနေမလား။
သူတို့သည် သူတို့ကောက်ယူခဲ့သည်နှင့် တူညီသည့် Buick စီးပွားရေးသုံးကားကို မောင်းသွားခဲ့ကြသည်။ ကား၏မူလပိုင်ရှင်သည် ဖုတ်ကောင်တစ်ကောင်အဖြစ်ပြောင်းသွားခဲ့သည်။ ကားသော့သည် ကားတွင်ထိုးထားဆဲဖြစ်သည်။ ကျန့်ယွင် သူတို့အားပစ်ခတ်ပြီးနောက် ကားသည် သူ့တို့အပိုင်ဖြစ်သွားသည်။
မောင်းထွက်လာခဲ့ပြီးနောက် ကားအများအပြားသည် မြို့အပြင်သို့အပြိုင်မောင်းသွားနေကြသည်ကိုတွေ့လိုက်ရသည်။ ထိုလူများသည် တခြားစီရင်စုများတွင် သူတို့၏ကံကောင်းမှုကို ကြိုးစားချင်ကြသည့်ပုံရသည်။
တကယ်တော့ ထိုလူမျိုးအစားသည် တုံးအသည်ဟု ထင်မိသည်။ ကမ္ဘာပျက်ကပ်ကြီးသည် ကမ္ဘာနှင့်ချီသည့် ကပ်ဘေးတစ်ခုဖြစ်သည်။ တကယ်တော့ နေရာတိုင်းတွင် အတူတူပင်ဖြစ်သည်။ ယခုအချိန်တွင် ထိုကမ္ဘာ့အဆုံးသတ်သည် ပေါက်ကွဲထွက်လာခဲ့ပြီး အစိုးရနှင့် စစ်တပ်သည် တုံ့ပြန်ရန် အချိန်မရသေးပေ။ မလုပ်ဆောင်ကြခင် အစိုးရမှ အသက်ရှင်ကျန်ရစ်သူအခြေစိုက်စခန်းတစ်ခုတည်ထောင်သည်အထိ စောင့်ဆိုင်းခြင်းသည် ဉာဏ်ရှိမှုတစ်ခုဖြစ်သည်။
ထို့နောက် တချို့လူများသည် အနီးအနားရှိ ဆိုင်အချို့၏တံခါးများကိုချိုးဖျက်ကာ အထဲသို့၀င်ပြီး တချို့အရာများကိုယူကာ အလျင်အမြန်ထွက်သွားကြောင်း တွေ့လိုက်ရသည်။ လူအများအပြားသည် လသာဆောင်တွင်လှဲပြီး ငုံ့ကြည့်နေခဲ့ကြသည်။ သူတို့သည် သေလုနီးပါး ငတ်ပြတ်နေကြသည် သို့သော် ရှက်ရွံ့နေခဲ့ကြသည်။ အနာဂါတ်တွင် ပစ္စည်းများစုဆောင်းရန် လူများ ပို၍ ပို၍ ထွက်လာကြလိမ့်မည်ဖြစ်သည်။
ကျန့်ယွင်သည် လှည့်ပတ်မောင်းပြီးနောက် 24 နာရီကုန်စုံဆိုင်တစ်ခု၏တံခါးရှေ့တွင် ရပ်လိုက်သည်။ ကုန်စုံဆိုင်သည် ရှင်းလင်းပြီး တောက်ပနေပုံရသည်။ စင်ပေါ်ရှိ ပစ္စည်းအများစုသည် စီစီရီရီနှင့် မရွှေ့ရသေးပေ။ အကြောင်းပြချက်မှာရှင်းပါသည်။ ဆိုင်အကူ၀တ်စုံနှင့် ဆိုးဆိုးရွားရွားမျက်နှာနှင့် ဖုတ်ကောင်နှစ်ကောင် နှင့် တံခါးနားတွင် လုံး၀အရိုးများသာကျန်သည်အထိ အကိုက်ခံထားရသောအလောင်းကြောင့်ဖြစ်သည်။
ထိုမြင်ကွင်းသည် သွေးသံရဲရဲနှင့် ကြောက်မက်ဖွယ်ပင်။ သို့သော် သူတို့သည် ထိုအကြောင်း သိပ်မခံစားခဲ့ရပေ။ ကားထဲမှ ထွက်လာကြပြီးနောက် သူတို့သည် ကုန်စုံဆိုင်ထဲသို့ တန်းတန်းမတ်မတ် သွားခဲ့ကြသည်။
ကျန့်ယွင်၏ မြေဆွဲအားစွမ်းရည်သည် တကယ့်ကို အလွန်အသုံး၀င်လှသည်။ အသစ်စက်စက်နိုးထလာသော အခြေခံစွမ်းရည်တစ်ခုသာ ဖြစ်နေဆဲဖြစ်သော်လည်း အတော်အသင့်သေးငယ်သည့် အကွာအဝေးမှ ဆွဲအားကိုထိန်းချုပ်နိုင်သည်။ သို့သော် ၎င်းထိန်းချုပ်မှုသည် အလွန်သန်မာသည်။ သူတို့မထနိုင်သေးခင်မှာပင် ဖုတ်ကောင်နှစ်ကောင်သည် သူခြယ်လှယ်ထားသောမြေဆွဲအားကြောင့် မြေပေါ်တွင် ဖိခြေခံလိုက်ရသည်။ ထို့နောက် ကျန့်ကျားဟယ်မှ ခေါင်းကို တုတ်နှင့် ရိုက်ခွဲလိုက်သည်။
စုန့်ချန်ရှုသည် ပျို့အန်ချင်သည့်ခံစားချက်ကို တားထားလိုက်ပြီး သူ့ဓားနှင့် ဖုတ်ကောင်ခေါင်းအား နေ့တ၀က်လောက်မွှေနှောက်လိုက်ပြီး အမြုတေပုံဆောင်ခဲကို ရှာရန်ကြိုးစားနေသည်။ သို့သော် ကံမကောင်းစွာပင် ဖုတ်ကောင်နှစ်ကောင်စလုံး၏ခေါင်းများထဲတွင် ဘာတစ်ခုမှမရှိချေ။
မကြာခင်မှာပင် အပြင်၌ပြန့်ကျဲနေသော ဖုတ်ကောင်များသည် ဤနေရာမှထွက်လာသော အနံ့ကို အနံ့ခံပြီးနောက် စုရုံးလာကြသည်။စုန့်ချန်ရှုသည် စုရွေ့ကျယ်ကိုကူပြီး ပစ္စည်းများအတူတကွစုစည်းရန်အထဲ၌နေစဉ် ကျန့်ယွင်နှင့် ကျန့်ကျားဟယ်သည် ဆိုင်အပြင်ဘက်တွင် ဖုတ်ကောင်များကို တားဆီးရန် နေခဲ့ကြသည်။
ကျန့်ယွင်နှင့် ကျန့်ကျားဟယ်သည် ဖုတ်ကောင် ခြောက်ကောင်တန်းကို ဖြေရှင်းပြီးနောက် နောက်ဆုံး၌ ကြည်လင်တောက်ပသော အမြုတေပုံဆောင်ခဲတစ်ခုကိုရလိုက်ကြသည်။ ကျန့်ယွင်သည် စက္ကူပုဝါနှင့် အမြုတေကို ပတ်လိုက်ကာ သူ့ဘောင်းဘီအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။
စုရွေ့ကျယ်နှင့် စုန်ချန်ရှုတို့လည်း လျင်လျင်မြန်မြန်ထွက်လာခဲ့ကြသည်။ သူတို့သည် လူများ၏ မျက်စိနှင့် နားများကို ဖုံးကွယ်ရန် တောင်တက်အိတ်ကြီးနှစ်လုံးကို အပြည့်ဖြည့်ကာ သယ်လာခဲ့ကြသည်။ ကျန့်ကျားဟယ်ထံမှ ကာကွယ်ရန်မဟုတ်သော်လည်း ဤနေရာသည် လူနေရက်ကွက်ဖြစ်နေသောကြောင့်ပင်။ လူဘယ်လောက်များများသည် ပုန်းအောင်းကာ အပြင်ဘက်ရှိလှုပ်ရှားမှုများကိုစောင့်ကြည့်နေကြမည်ကို သူတို့မသိနိုင်ပေ။ နေရာလွတ်သာ ဖော်ထုတ်ခံလိုက်ရလျှင် ဒုက္ခများလိမ့်မည်။
လူတိုင်းသည် ကားပေါ်သို့ချက်ချင်းတက်ကာ အဝေးသို့ မောင်းသွားခဲ့ကြသည်။ နောက်ကြည့်မှန်မှတဆင့် သူတို့သည် အနီးအနားရှိ လူနေအဆောင်အအုံမှ တစ်စုံတစ်ယောက်သည် ပြေးထွက်လာကာ သူတို့လုယက်ထားခဲ့သော ကုန်စုံဆိုင်ထဲသို့ ပြေး၀င်သွားကြောင်း တွေ့လိုက်ရသည်။
ကံမကောင်းစွာပင် ထိုနေရာတွင် စင်များပေါ်၌ စုရွေ့ကျယ်ရည်ရွယ်ချက်ရှိရှိထားခဲ့သော တချို့ပစ္စည်းများနှင့် သူတို့အစာအိမ်ကို မဖြည့်နိုင်သော ရိုးရှင်းသောအစားအစာတချို့သာရှိသည်။ ကျန်သည့်ပစ္စည်းများသည် အခြေခံအားဖြင့် စုရွေ့ကျယ် ထံမှ သုတ်သင်ခံခဲ့သည်ပင်။
ဗီလာအနောက်ဘက်တွင် စုန်ချန်ရှုသည် သူ့စွမ်းရည်ကို လှုံ့ဆော်ပေးရန် အမြုတေကိုမေးရန် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ကျန့်ယွင်သည် ပထမဆုံး ရေချိုးရန် တိုက်တွန်းလိုက်သည်။
စုန့်ချန်ရှု သည် ရေချိုးပြီးနောက် ထွက်လာသောအခါ ကျန့်ယွင်သည် သန့်ရှင်းသောအမြုတေကို သူ့ရှေ့သို့ ချပေးလိုက်သည်။
စုန့်ချန်ရှုသည် ငုံးဥအရွယ် ထိုအမြုတေပုံဆောင်ခဲကို ယူကာ မိနစ်၀က်လောက် ဂရုတစိုက်ကြည့်နေကာ “ဒီလောက်ကြီးတဲ့ဟာကို တကယ်ပဲ မြိုချလို့ရနိုင်ပါ့မလား။ ဒါမှမဟုတ် ငါ ရေတစ်ခွက်လောက် ထည့်လိုက်မယ်...”
“အဓိပ္ပါယ်မရှိတာတွေ ရပ်လိုက် ”
ကျန့်ယွင်သည် မျက်လုံးလှန်လိုက်ကာ အမြုတေကို သူ့ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။
ထူးဆန်းစွာပင် ၎င်းသည် အလွန်မာကြောသောအမြုတေဖြစ်သည်။ သူ့ပါးစပ်ထဲရှိ သွားရည်နှင့် ထိပြီးနောက် အရည်အဖြစ်သို့ချက်ချင်းပြောင်းသွားလေသည်။ သူမြိုချရန် မစောင့်နိုင်တော့ပဲ သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ၀င်သွားလေတော့သည်။ နောက်တစ်ခဏတွင် သူ့ဗိုက်ထဲတွင် မီးတောက်လောင်နေပြီး သူ့တစ်ကိုယ်လုံးအလျင်အမြန် ပျံ့နှံ့သွားလေသည်။
စာရေးသူတွင် ပြောစရာရှိပါတယ် ။
【လမ်းမပေါ်က ပြဇာတ်ငယ်လေး】
ကျန့်ကျားဟယ် (မျက်လုံးတလက်လက်) : ကျွန်တော် ခင်ဗျားတို့နောက် လိုက်လို့ရနိုင်မလား။ ကျွန်တော် လုပ်နိုင်ပါတယ်။
ကျန့်ရှောင်ယွင် : မင်းဘာပြောတာလဲ။ မဟုတ်ဘူး ငါမင်းကိုပဲလိုတာ။ ငါအရာအားလုံး လုပ်နိုင်တယ်။
စုရှောင်ကျယ် : Bah၊ ခင်ဗျား ဘာပြောတာလဲ။ ဝေးဝေးသွားစမ်းပါ၊ မင်းနေနိုင်တယ်၊ ဒီရူးကြောင်ကြောင် အဖွဲ့ငယ်လေးကနေ လာပေါင်းဖို့ ကြိုဆိုပါတယ်။
ကျန့်ကျားဟယ် : ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ကျွန်တော် ကောင်းကောင်း လုပ်မှာပါ မဟုတ်ဘူး ပြီးပြည့်စုံအောင် လုပ်မှာပါ။ အမ်...အသေကောင်တွေကို သတ်တာ။ သန့်ရှင်းရေး၊ ချက်ပြုတ်ရေး၊အကုန်လုံးအပါအ၀င်။ ကော ကျွန်တော်မှားပါပြီ။ ကျွန်တော် အဓိပ္ပါယ်မရှိတာတွေ မပြောသင့်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို စိုက်ကြည့်မနေပါနဲ့ဗျာ။။
စုရှောင်ကျယ် : ကောင်းပြီး တကယ်တော့ မင်းအနေနဲ့ ကောင်းကောင်းလုပ်ဖို့ တစ်ခုတည်းပဲရှိတယ်။
ကျန့်ကျားဟယ် : ဘာကိစ္စကိုလဲ၊ ကောင်းပါပြီ၊ သွားခွင့်ပြုပါ။
စုရှောင်ကျယ် : အဲ့ဒါက မင်း ဖရဲသီးကို ပစ်ပေါက်နိုင်သ၍ အရမ်းရိုးရှင်းပါတယ်။
ကျန့်ကျားဟယ် : ????