အခန်း(၂၈)
Viewers 12k

အခန်း(၂၈)《 Otaku တစ်ယောက်၏ အလားအလာ 》


Author: Drunken Light Song

Source: Chrysanthemum Garden

Translator: オタク


စုန့်ချန်ရှုသည် မကြာခင်မှာပင် ပြင်းထန်သောအဖျားကြောင့် မေ့မျောသွားလေသည်။ စုရွေ့ကျယ်သည် သူ့ကိုလည်း အသီးအရွက်နှင့် သစ်သီး၀လံဖျော်ရည်တစ်ခွက် တိုက်လိုက်၏။ ထို့ကြောင့် ဖုတ်ကောင်ရောဂါပိုးကို တိုက်ထုတ်ပြီး ဖိနှိပ်နိုင်ရန် ကူညီလိုက်သည်။ 


ခြောက်နာရီလောက် ကြာပြီးနောက် စုန့်ချန်ရှုနိုးလာခဲ့သည်။ 


“စုန့်ကော၊ မင်းနောက်ဆုံးတော့ နိုးလာပြီလား။ အဲ့ဒါက ဘယ်လိုလဲ။ အဲ့ဒါကဘယ်လိုလဲ။ မင်းဘယ်လိုခံစားရလဲ” 


အနီးအနားတွင်စောင့်ကြည့်နေခဲ့သော ကျန့်ကျားဟယ်သည် စိုးရိမ်စွာမေးလာ၏။ 


စုန့်ချန်ရှုသည် သူ့လက်ထဲတွင် စွမ်းအားကို ခံစားမိပြီး သူ့လက်ကို မြှောက်လိုက်သည်နှင့် သူ့လက်ဖဝါးထဲတွင် ရေစီးကြောင်းတစ်ခု ပေါ်လာလေသည်။


“ဝိုးးး ရေစွမ်းရည်ပဲ ” 


“အို့ ”


ကျန့်ယွင်သည် လှုပ်ရှားနေသောအသံများကိုကြားပြီး အပေါ်ထပ်မှ ဆင်းလာခဲ့သည်။ 


“ကောင်းတယ်၊ အနာဂါတ်မှာ သောက်ဖို့ရေမရှိမှာ စိုးရိမ်စရာမလိုတော့ဘူး ”


စုန့်ချန်ရှုသည် ထိုစကားများကို ကြားလိုက်ရသောအခါ အနည်းငယ် စိတ်ပျက်သွားသည်။ သူကတစ်ခုတည်းရနေချိန်မှာ အဲ့ကောင်ယွင်က မြေဆွဲအားကိုထိန်းချုပ်တဲ့နေရာမှာတော်ပြီး တိုက်ခိုက်နိုင်တဲ့ တိုက်စားခြင်းစွမ်းရည်တစ်ခုပါရှိနေရတာလဲ။ သူကကော ဘယ်လိုတောင် ရေစွမ်းရည်လေးတစ်ခုတည်းနဲ့ အမှိုက်တစ်ခုဖြစ်လာနိုင်ရတာလဲလို့။ 


“မင်း တိုက်ခိုက်ဖို့ ရေကို မြှားတွေအဖြစ်ပြောင်းနိုင်တာလည်း ဖြစ်နိုင်မလား ”


စုရွေ့ကျယ်သည် စကားပြောရင်း နေ့လည်စာနှင့်အတူ မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။ သူ ယခင်က ထိုရေစွမ်းရည်တစ်ခုကို တွေ့ဖူးခဲ့သည်။ 


စုန့်ချန်ရှုသည် တောက်ပနေသော မျက်လုံးများနှင့် ရေကို ရေမြှားလေးတစ်ခုအဖြစ် ပေါင်းစပ်ရန်ကြိုးစားလိုက်ပြီး ‌နံရံဘက်ဆီသို့ ပစ်လိုက်၏။


သို့သော် မြှားသည် နံရံကိုထိသွားချိန်တွင် ချက်ချင်းပြိုကွဲသွားခဲ့ကာ နံရံပေါ်တွင် ရေအိုင်ကွက်ငယ်လေးတစ်ခုသာကျန်ခဲ့လေသည်။ 


သက်ရောက်မှုမှာ သူတို့ငယ်စဉ်က ကစားခဲ့ကြဖူးသော လူတွေအသုံးပြုသည့် ရေဘောလုံး နှင့် ကွာခြားမှုမရှိချေ။ လုံး၀ကို သေစေနိုင်စွမ်းမရှိချေ။ 


“ဟား ဟား ဟား စိတ်ဓာတ်မကျပါနဲ့၊ အရင်ဆုံးစားရအောင်၊ ငါဗိုက်ဆာနေပြီ ”


ကျန့်ယွင် ရယ်မောရင်း စားပွဲဆီသို့လျှောက်လာခဲ့သည်။


“စား စား စား၊ မင်းသိတာအကုန်လုံးက ဘယ်လိုစားမလဲဆိုတာပဲ ”


စုန့်ချန်ရှုသည် မကျေမနပ်နှင့် ကျန့်ယွင်ဆီသို့ ရေဘောလုံးတစ်ခု စုစည်းလိုက်ပြီး ပစ်လိုက်လေ၏။ 


မည်သို့ပင်ဖြစ်စေ၊ စုန့်ချန်ရှု၏စွမ်းရည်သည် သေစေနိုင်စွမ်းရှိသည်မဟုတ်၍ ကျန့်ယွင် ၎င်းကို မရှောင်လိုက်ဘဲ သူ့ကိုယ်နှင့် တိုက်ရိုက် ကာလိုက်၏။ 


“ဟစ်စ်စ် ...”


ရေဘောလုံးသည် ကျန့်ယွင်ပေါ်တွင် ပေါက်ကွဲသွားသောအခါ လူတိုင်းသည် အများဆုံး ရေစိုသွားရုံသာဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ကျန့်ယွင်ထံမှ ညီးတွားသံတစ်ခုကြားရမည်ဟု မမျှော်လင့်ခဲ့ကြချေ။ 


“ဘာမှားလို့လဲ ”


စုရွေ့ကျယ်သည် ကျန့်ယွင်၏အခြေအနေကို စစ်ဆေးရန် အလောတကြီး ရောက်လာလေသည်။ သူ့ကော်လာကိုဆွဲလိုက်ပြီးနောက် သူ့အရေပြားသည် အနီရောင်ပြောင်းနေသည်ကို ရှာတွေ့လိုက်သည်။ သူသည် သူ့အင်္ကျီပေါ်တွင် ကျန်နေသောရေကို ထပ်ထိကြည့်လိုက်ပြီး ရေက ပူနေကြောင်း မမျှော်လင့်ပဲတွေ့လိုက်ရသည်။ 


“ဘာဖြစ်သွားတာလဲ ” 


စုန့်ချန်ရှုသည် သူ့ကိုယ်သူ စိတ်ရှုပ်ထွေးမှုအပြည့် သူ့မျက်နှာပေါ်တွင် ရှိ‌နေလေသည်။ 


“မင်း ရေအပူချိန်ကို ထိန်းချုပ်နိုင်တာလား ”


ကျန့်ကျားဟယ်သည် အဓိကအချက်ကို အလျင်အမြန်ရှာတွေ့သွားသူဖြစ်သည်။ 


စုန့်ချန်ရှုသည် နောက်တစ်ကြိမ် အပြေးအလွှား ကြိုးစားလိုက်သော်လည်း ‌သူစုစည်းလိုက်သောရေဘောလုံးသည် အေးနေဆဲဖြစ်လေသည်။ 


“အဲ့ဒါက အလုပ်မဖြစ်ဘူး...”


“ဒါဆို ခုဏက မင်းခံစားချက်ကိုပြန်ခေါ်ဖို့ ကြိုးစားကြည့်ရင်ကော ဘယ်လိုလဲ၊ မင်းနည်းနည်းစိတ်ဆိုးနေတာမလား ”


ကျန့်ကျားဟယ်၏ သတိပေးမှုပြီးနောက် စုန့်ချန်ရှုသည် ထိုသို့အမှန်တကယ်ဖြစ်ခဲ့သည်ကို တွေ့လိုက်ပြီး အလျင်အမြန်ပင် သူအလွန်မုန်းသောလူကိုတွေးလိုက်ပြီးနောက် ရေဘောလုံးတစ်ခုကို စုစည်းလိုက်သည်။ 


ဤအခါတွင်တော့ ထိကြည့်ရန်မလိုတော့ဘဲ လူတိုင်းသည် ရေ၏အပူချိန်မနိမ့်လှကြောင်းသိလိုက်ကြသည်။ အထူးသဖြင့် ၎င်းမှထွက်လာသော အဖြူရောင် အငွေ့များကို ကြည့်လိုက်လေ။


“ဟား ဟား ဟား ၊ ဘုရားသခင်က ငါ့ကိုလည်း ကူညီသားပဲ ”


စုန့်ချန်ရှုသည် သူ့စွမ်းရည်သည် အနည်းဆုံးတော့ အသုံး၀င်နေသဖြင့် အလွန်ပျော်နေခဲ့သည်။ 


“ကောင်းပြီ၊ အဲ့ဒါကကောင်းတယ်။ ငါတို့ ရေကို ကျိုဖို့ နောက်ထပ်မလိုအပ်တော့ဘူး။ ရေပူက တန်းရတယ်”


ကျန့်ယွင်သည် ရှင်းရှင်းလင်းလင်း မှတ်မှတ်ရရဖြင့် မကောင်းသော သူငယ်ချင်းတစ်ယောက်၏နေရာမှ သရုပ်ဆောင်နေလေသည်။ 


“ဟေး၊ ငါ့မျက်နှာကိုကြည့်ပြီး ထပ်ပြောလိုက်စမ်း ”


စုန့်ချန်ရှုသည် သူ့အား အကြည့်စူးစူး တစ်ချက်ပေးလိုက်၏။


“ကောင်းပါပြီ၊ အရင်ဆုံးစားကြရအောင်။ အစားအစာတွေက တစ်ခဏတွင်း အေးသွားလိမ့်မယ်။ ”


ယနေ့တွင် စုရွေ့ကျယ်သည် အသားထမင်း‌ အိုးကြီးတစ်အိုး နှင့် အမဲသားနီကိုပြုလုပ်ခဲ့ပြီး ယခုလူတိုင်းတွင် စွမ်းရည်တစ်ခုရှိနေကြပြီ။ ဒါပေါ့ သူတို့ ပိုစားဖို့ လိုအပ်သည်။ 


စုရွေ့ကျယ်၏ အချက်အပြုတ်လက်ရာသည် အပြင်ဘက်စားသောက်ဆိုင်များ၏ လက်ရာကဲ့သို့ မကောင်းသော်လည်း အိမ်ချက်ဟင်းပွဲများကဲ့သို့ အလွန်ကောင်းနေဆဲဖြစ်သည်။ သူတို့သည် ထမင်းတစ်အိုးနှင့် နံရိုးနီပေါင်းပန်းကန်လုံးကြီးတစ်လုံးကို ခေါင်းမဖော်တမ်း စားလိုက်ကြသည်။ 


ညစာစားပြီးနောက် စုန့်ချန်ရှုသည် ထိုနေရာတွင် ထိုင်နေရင်း သူ့ကိုယ်ပိုင်စွမ်းရည်ကို လေ့လာနေခဲ့သည်။ ကျန့်ကျားဟယ်နှင့် ကျန့်ယွင်တို့သည်လည်း လုပ်စရာမရှိသဖြင့် အကြံပြုချက်များပေးပြီး ကူညီခဲ့ကြသည်။ 


“မင်းဒေါသထွက်နေတဲ့အခါ ရေရဲ့ အပူချိန်ကို မြှင့်နိုင်တယ် ဆိုကတည်းက မင်း၀မ်းနည်းတဲ့အခါ ရေရဲ့အပူချိန်ကို လျှော့ချနိုင်ဖို့လည်း ဖြစ်နိုင်တယ်။ ရေက ရေခဲဖြစ်လာတဲ့အခါ မာကျောမှုကလည်း တိုးလာနိုင်ပြီးတော့ သေဆုံးနိုင်စွမ်းကလည်း တိုးလာလိမ့်မယ်။ မှန်တယ်မလား ”


စုန့်ချန်ရှုသည် သူ့စကားများအတိုင်းကြိုးစားခဲ့ပြီး အမှန်တကယ်ကို အောင်မြင်ခဲ့သည်။ 


“ကျားဟယ်၊ မင်းက ဘယ်လိုတောင် အံ့ဩစရာလဲ ”


စုန့်ချန်ရှုသည် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး သူသည် ကျန့်ကျဟယ်အား ဖက်ကာ သူ့အား နမ်းချင်ခဲ့သည်။ 


“စုန်ကော ကျွန်တော့်ကို ချီးမွမ်းလွန်းနေတာပါ ”


ကျန့်ကျားဟယ်သည် လက်ယမ်းပြလိုက်ကာ ထို့နောက်ပြောလိုက်၏။ 


“တကယ်တော့ ရေစနစ်က အရမ်းသန်မာတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် အဲ့လိုသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ကြည့်ဖူးတယ်။ အဲ့မှာ ရေကိုထိန်းချုပ်နိုင်တဲ့ လူတွေလည်း ပါတယ်လေ။ သူတို့က ရေအဆိပ်၊ ရေဒိုင်းကာတွေ၊ ရေသေနတ်တွေ အဲ့လိုမျိုးတွေ လုပ်နိုင်ကြတယ်။ စုန့်ကောက ရေရဲ့အပူချိန်ကို ထိန်းညှိနိုင်သလို ရေရဲ့ ပုံသဏ္ဍာန်ကိုလည်း ပြောင်းနိုင်တယ်။ သူက အနာဂါတ်မှာ ပိုပြီး စွမ်းအားပြည့်လာမှာ ဖြစ်နိုင်မလားပဲ ”


စုန့်ချန်ရှုသည် ရေစွမ်းရည်၏ စွမ်းအားကို ပိုစွမ်းအားပြည့်သည့်အသုံးပြုမှုများကို အမှန်တကယ် မတွေးခဲ့မိပေ။ ရေအလျင်ကိုထိန်ချုပ်နိုင်တယ်၊ ခုခံကာကွယ်ဖို့ ရေဒိုင်းကာကိုအသုံးပြုနိုင်တယ်၊ တိုက်ခိုက်ရန် အေးခဲနေသောရေ နှင့် ဆူပွက်နေသောရေ ပါ၀င်ခြင်းမျိုးကဲ့သို့ ရေသေနတ်...သက်ရောက်မှုက သေချာပေါက်ကို ပိုကောင်းလိမ့်မယ်! 


“တော်လိုက်တဲ့ကောင်လေး၊ မင်းမှာ ကောင်းမွန်တဲ့ ဦးနှောက်တစ်ခုရှိနေတာပဲ ”


စုန့်ချန်ရှုသည် ရယ်မောရင်း သူ့ပုခုံးပေါ်ကို ပုတ်လိုက်သည်။ 


“ဟေး ဟေး ဟေး ကျွန်တော့်မှာ ရုပ်ရှင်ကြည့်တာမျိုးနဲ့ အသင်းအဖွဲ့နဂိမ်းကစားတာမျိုးလိုပါပဲ၊ တခြားဝါသနာတွေမရှိပါဘူး။ ဒါကြောင့် အမြင်ရှုထောင့်မျိုးတွေပဲ ပိုရှိတယ်။ ”


တကယ်တော့ ထိုလူမျိုးကို တခြားစကားဖြင့် အိုတာကုတစ်ယောက်လို့ခေါ်တယ်...


ဒါပေမယ့် အိုတာကုတစ်ယောက်မှာလည်း အသိပညာ ဗဟုသုတ အသုံးပြုမှုတွေရှိတယ်လို့ ငါထင်တယ်။ 


“ဟေး၊ အားကျန့်ရဲ့ စွမ်းအားတွေအကြောင်းကို မင်းဘယ်လိုပြောမလဲ ”


စုန့်ချန်ရှုသည် ကျန့်ယွင်ဘက်သို့ မေးငေါ့ပြလိုက်၏။ 


ကျန့်ကျားဟယ်သည် ကျန့်ယွင်အား ဒုက္ခရောက်နေသောအကြည့်ဖြင့် တစ်ချက်ကြည့်ပြီး တစ်ဖက်လူသည် သူ့အား အလွန်စိတ်၀င်တစားနှင့် ကြည့်နေသည်ကိုမြင်သောအခါ သူပိုပြီးစိတ်ကျဉ်းကြပ်လာသည်။ 


‌သူစူပါမားကတ်၏ ဂိုထောင်ထဲတွင် ရှိနေစဉ်က သူ့ကိုကယ်ခဲ့သူမှာ ကျန့်ယွင်ဖြစ်သည်။ ထို့နောက် ကျန့်ကျားဟယ်သည် သူ့ကို အလွန်ကျေးဇူးတင်နေခဲ့သည်။ သို့သော် ဘာကြောင့်မှန်းမသိ ကျန့်ယွင်တွင် နားမလည်နိုင်သော အရှိန်အဟုန်တစ်ခုရှိနေကြောင်းအမြဲတမ်းခံစားရသည်။ ထို့ကြောင့် သူတစ်ခြားသူကိုမြင်သည့်အချိန်တိုင်း သူ့လည်ပင်းကို ကျုံ့ထားချင်ခဲ့သည်။ 


သို့သော် မြေဆွဲအားနှင့် ပတ်သတ်လျှင် ကျန့်ကျားဟယ်သည် S တက္ကသိုလ်၌ သူ့ majorသည် Aerodynamics ဖြစ်သဖြင့် အမှန်တကယ်ကို အများကြီး သိသည်။ 


【T/N : Aerodynamics က ရူပဗေဒရဲ့အခွဲတစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် လေခွင်းအားလိုမျိုးကို လေ့လာတာမျိုးပါ။ သူကတော့ လေယာဉ်တွေ ဒုံးကျည်တွေ ပျံသန်းတဲ့ အခြေခံကို စူးစမ်းလေ့လာတာမျိုးပေါ့။ ပိုပြီးသိလိုပါက Googleကနေ လေ့လာနိုင်ပါတယ်။】 


“ကျွန်တော် ....ကျွန်တော် ထင်တာ...”


ကျန့်ကျားဟယ်သည် သူ့စကားများကို စုစည်းလိုက်ပြီး ပြောလိုက်၏။ 


“မြေဆွဲအားစွမ်းရည်က ဖွံဖြိုးတိုးတက်ဖို့ အခန်းတွေအများကြီးရှိတယ်လို့ထင်တယ်။ မြေဆွဲအားဆန့်ကျင်တာ၊ မြေဆွဲအားမရှိတာ၊ ဖိအား၊ တွန်းကန်ခြင်း၊ သာမာန်မြေဆွဲအား စတာမျိုးတွေ မှန်မှန်ကန်ကန်အသုံးပြုသ၍ အဲ့ဒါက အရမ်းအသုံး၀င်တဲ့စွမ်းရည်တစ်ခု ဖြစ်သင့်တယ်”


ကျန့်ယွင်သည် သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ကျန့်ကျားဟယ်စကားများ၏ ဖြစ်နိုင်ချေအကြောင်း စတင်တွေးတောလိုက်သည်။ 


“မြေဆွဲအားကိုမြှင့်တင်လိုက်ပြီး ဆွဲအားမြင့်တဲ့ဧရိယာတစ်ခုကိုဖွဲ့စည်းလိုက် ဒါဆို အဲ့ဒိဧရိယာမှာဆို ရန်သူက လွတ်လွတ်လပ်လပ် မရွေ့လျားနိုင်တော့ဘူး။ တခြားဥပမာတစ်ခုက မြေဆွဲအားကိုဆန့်ကျင်တာ။ အဲ့ဒါက ခင်ဗျားရဲ့ကိုယ်ပိုင်အလေးချိန်ကို ဆန့်ကျင်ဘက်ပြန်လှန်နိုင်ပြီး ခင်ဗျားလေထဲမှာ လွတ်သွားနိုင်တာမျိုးဖြစ်နိုင်လိမ့်မယ်။ အဲ့ဒါက ပစ္စည်းတွေကို မြေဆွဲအားဆုံးရှုံးအောင်လုပ်ပြီး လေထဲမှာ လွင့်မျောသွားနိုင်လိမ့်မယ်။ နောက်ထပ် တွန်းကန်ခြင်း က ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို လှည့်ပြောင်းပြီးလည်း အသုံးပြုနိုင်တယ်။”


သူ့ အထူးပြုကို ပြောပြီး ကျန့်ကျားဟယ် ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့ကာ မြေဆွဲအားကို အသုံးပြုခြင်း၏ တိုက်ခိုက်ခြင်းနှင့် ခုခံကာကွယ်ရေးနည်းလမ်းအတွဲလိုက်ကြီး ထွက်ပေါ်လာလေသည်။ 


ပြောစရာရှိတာက ကျန့်ကျားဟယ်၏ စကားများသည် စုန့်ချန်ရှု နှင့် ကျန့်ယွင်အတွက် ကမ္ဘာသစ်၏တံခါးပေါက်ကို အမှန်တကယ် ဖွင့်ပေးလိုက်သည်။ 


“တိုက်စားခြင်းစွမ်းရည်ကကော ”


“တိုက်စားခြင်းစွမ်းရည်က နည်းလမ်းတစ်ခုတည်းနဲ့တိုက်ခိုက်နိုင်တယ်။ ဒါပေမယ့် ခင်ဗျားက နှစ်မျိုးတွဲစွမ်းရည် အသုံးပြုသူလေ။ ခင်ဗျား အဲ့ဒီစွမ်းအားကို အပြင်ဘက်ကမ္ဘာကနေဝှက်ထားပြီး အဲ့ဒါကို သတ်ဖြတ်သူ လှုပ်ရှားမှုအဖြစ် သုံးနိုင်တယ်။ ”


ကျန့်ယွင် ခေါင်းညိတ်လိုက်ပြီး နက်နက်နဲနဲ ထောက်ခံလိုက်သည်။ 


စုရွေ့ကျယ် သည်လည်း နားထောင်ရသည်ကို ပျော်ရွှင်ကျေနပ်နေခဲ့သည်။ သူ့စွမ်းရည်များကို တွေးမိသောအခါ မတတ်နိုင်ဘဲ ကျန့်ယွင်၏ အင်္ကျီအား ဖြည်းဖြည်းလေး ဆွဲလိုက်မိသည်။ သူ့စွမ်းရည်များတွင်ရှိသည့် အသုံး၀င်သည့် နည်းလမ်းများကိုလည်း သိချင်ခဲ့သည်။ 


ကျန့်ယွင်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် စုရွေ့ကျယ်၏အတွေးသေးသေးလေးကို မြင်လိုက်ကာ ခပ်ဖျော့ဖျော့လေးပြုံးရင်း ခေါင်းညိတ်လိုက်သည်။ 


“ကျွန်တော့်ရဲ့ သစ်သားစွမ်းရည်ကကော ဘယ်လိုလဲ။ အဲ့ဒါကိုအသုံးပြုနိုင်တဲ့ စွမ်းအားပြည့်တဲ့နည်းလမ်းတစ်ခုခုရှိလား ”


စုရွေ့ကျယ်သည် သူ့ပါးစပ်ကို အလျင်အမြန်ဖွင့်ကာ မေးလိုက်၏။


“အာ ” 


ကျန့်ကျားဟယ်သည် တစ်ခဏမျှ ကြက်သေ သေသွား၏။ 


“မင်းမှာ စွမ်းရည်တစ်ခုရှိတာလား ” 


“ဟုတ်တယ်၊ သူက ငါတို့ထဲမှာ သူ့စွမ်းရည်နိုးထလာတဲ့ ပထမဆုံးသူပဲ”


ကျန့်ယွင် ပြုံးလျက် စုရွေ့ကျယ်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ 


“ရှောင်ကျယ်၊ သူ့ကို မင်းရဲ့စွမ်းရည်ကြည့်ခိုင်းလိုက်ပါ”


စုရွေ့ကျယ်သည် လက်ဖဝါးထဲတွင် ပဲစေ့အစိမ်းလက်တစ်ဆုပ်နှင့် သူ့ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ ကျန့်ကျားဟယ်၏ ရှုပ်ထွေးနေသောအကြည့်အောက်တွင် သူ့ဘယ်ဘက်လက်ကို လှုပ်ခါလိုက်ပြီး တစ်စက္ကန့်ကြာပြီးနောက် တဖန်ဖြန့်ပြလိုက်၏။ မူလကလုံး၀ိုင်း‌သော အစိမ်းရောင်ပဲစေ့လုံးများသည် အစိမ်းရောင် ကျည်ဆန်များအဖြစ်သို့ပြောင်းသွားလေသည်။


“အဲ့ဒါက သစ်သားစွမ်းရည်လား ” 


စုရွေ့ကျယ်၏သစ်သားစွမ်းရည်သည် သူစိတ်ကူးထားသည်နှင့် ခြားနားနေကြောင်း ကျန့်ကျားဟယ်သည် တွေးလိုက်သည်။ 


“ကျွန်တော် ကျည်ဆန်တွေကို ကြည့်လို့ရမလား ” 


“ဒါပေါ့”


ကျန့်ကျားဟယ်သည် စုရွေ့ကျယ်၏လက်ထဲမှ မြစိမ်းရောင် ကျည်ဆန်ကို ယူလိုက်သည်။ကျည်ဆန်၏ ထူးဆန်းသောသွင်ပြင်ကို လျစ်လျူရှုလိုက်လျှင် ထိုအရာသည် လက်ကိုင်၏ ပုံစံအချက်များနှင့် မာကျောမှုအရ ကျည်ဆန်အစစ်ဟုထင်လိမ့်မည်။


“အဲ့ဒါက တကယ်အလုပ်ဖြစ်နိုင်လား ”


“မင်း အကျိုးသက်ရောက်မှုကို မမြင်ဖူးဘူးလား ”


ကျန့်ယွင်သည် သူ့နောက်ကျောတွင်ထိုးထားသော သေနတ်ကိုထုတ်ယူလိုက်ပြီး ကျည်ကတ်ကို ကျန့်ကျားဟယ်အား ပြလိုက်၏။ အသေအချာပင် ထိုအထဲတွင် အစိမ်းရောင်ကျည်ဆန်များ စီစီရီရီရှိနေ၏။ 


ကျန့်ကျားဟယ်သည် စုရွေ့ကျယ်အား ငါအံဩတယ် ဟူသည့် အမူအရာဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် သူ့ပါးစပ်ကို ဖွင့်ကာ မေးလာ၏။ 


“ရှောင်ကျယ် မင်း Plant vs Zombies ဂိမ်းကို ကစားဖူးလား...”


စုရွေ့ကျယ်သည် ရှက်သွေးဖြာသွားပြီး ရှက်ကိုးရှက်ကန်းနှင့် ခေါင်းညိတ်လိုက်၏။ ကျောင်းတက်တုန်းက ထိုဂိမ်းလေးသည် ကျောင်းသားများကြားတွင် အလွန်ရေပန်းစားလေသည်။ စုရွေ့ကျယ်သည် သူ့ထိုင်ခုံဖော်၏ဖုန်းဖြင့် ထိုဂိမ်းကို အကြိမ်များစွာကစားခဲ့ဖူးပြီး ၎င်းသည် သူ့ဘ၀၌ ကစားခဲ့ဖူးသော တစ်ခုတည်းသောဂိမ်းဖြစ်နိုင်သည်။ 


“မင်း ဒီမှာ ဂိမ်းထဲက ဘာအပင်တွေရှိလဲ ”


စုရွေ့ကျယ်သည် ထိုအကြောင်းကိုတွေးလိုက်ပြီး ချယ်ရီသီးအချို့ကို ထုတ်ယူလိုက်သည်။ 


စုရွေ့ကျယ်သည် ဘယ်နေရာကမှန်းမသိသော သန့်ရှင်းလတ်ဆတ်သော အနီရောင်ချယ်ရီသီးများထုတ်ယူလိုက်သည်ကိုမြင်ပြီး ကျန့်ကျားဟယ် နောက်တစ်ကြိမ်ထိတ်လန့်သွားသည်။ အဲ့ဒါက သူထင်နေတဲ့အရာလား။


“ဟေး၊ ဟေး ရှောင်ကျယ်ကလည်း နှစ်မျိုးတွဲစွမ်းရည် အသုံးပြုသူတစ်ယောက်ပဲ။ သူက သစ်သားနဲ့ နေရာလွတ်စွမ်းရည် အသုံးပြုသူ။ ငါတို့ စုဆောင်းထားတဲ့ပစ္စည်းအကုန်လုံး သူ့နေရာလွတ်ထဲမှာ”


“ဘုရားရေ ”


ကျန့်ယွင်သတ်တာခံရမှာကိုသာမကြောက်လျှင် ကျန့်ကျားဟယ် တကယ့်ကိုပြေးသွားပြီး စုရွေ့ကျယ်၏ပေါင်ကို ဖက်ထားလိုက်ချင်သည်။ ဒီလို လူတစ်ယောက်နဲ့သာဆို အနာဂါတ်မှာ သူ ဗိုက်ဆာမှာကို ဘယ်တော့မှ စိုးရိမ်စရာမလိုတော့ပေ။ 


ကျန့်ကျားဟယ်သည် သူ ကံကောင်းခြင်းများစွာကို ဖြတ်သန်းခဲ့ရသည်ဟု ခံစားရသည်။ ပထမဆုံး သူ့အသက်ဆယ့်ကိုးနှစ်သားဘ၀မှာ ကျန့်ယွင်ကယ်တင်သည်ကိုခံရပြီး မမျှော်လင့်ပဲ စွမ်းရည်တစ်ခု ရရှိခဲ့သည်။ သူတို့၏အဖွဲ့အား ပူးပေါင်းရန်မေးသောအခါ သူတို့၏ ကိုယ်ရည်ကိုယ်သွေးကို အသိအမှတ်ပြုသော်ငြား သူ၏ကျေးဇူးတရားကို ပြန်ပေးဆပ်ချင်ခဲ့သည်။ ယခုတော့ သူ့မူလဆုံးဖြတ်ချက်ကို အလွန်အမင်းကျေးဇူးတင်နေမိပြီး ရိုးရိုးရှင်းရှင်းပင် ဤလူသုံးယောက်သည် လက်တွဲထားဖို့ ထိုက်တန်လှသော တည်ရှိမှုတစ်ခုပဲ။


ကျန့်ယွင်သည် ကျန့်ကျားဟယ်၏ပုခုံးကိုပုတ်လိုက်ပြီး


“အရမ်းစိတ်လှုပ်ရှားမနေပါနဲ့။ ရှောင်ကျယ်ရဲ့စွမ်းရည်ကို ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတဲ့အကြောင်းပြောတော့ ”


စုရွေ့ကျယ်သည် သူ့စွမ်းရည်အဆင့်မြှင့်ခြင်း မတိုင်ခင်က သစ်သားစွမ်းရည်သည် လယ်ယာစိုက်ပျိုးခြင်းအတွက်သုံးနိုင်ခဲ့ပြီး နေရာလွတ်စွမ်းရည်သည် သယ်ဆောင်ခြင်းနှင့် ယာယီဂိုထောင်တစ်ခုအဖြစ်သာသုံးနိုင်ခဲ့သည်။ စွမ်းရည် နှစ်ခုစလုံးသည် တိုက်ခိုက်နိုင်သည့်စွမ်းအားမရှိပေ။ 


နောက်ပိုင်း၌ သူသည် ခက်ခက်ခဲခဲနှင့် ပိုမြင့်သောအဆင့်တစ်ခုအထိ မြှင့်တင်ခံခဲ့ရ၏။ သူသည် ပဲစေ့များကို ကျည်ဆန်များအဖြစ်ပြောင်းနိုင်သည့် စွမ်းရည်ကို ရှာဖွေတွေ့ရှိခဲ့သည်နှင့် သုတေသနအဖွဲ့အစည်းရှိ လူများဆီသို့ ချန်ဟွေ့ကျန်း ရောင်းသည်ကိုခံလိုက်ရသည်။ သုတေသနအဖွဲ့အစည်းသည်လည်း စုရွေ့ကျယ် စိုက်ပျိုးနိုင်သော နေရာလွတ်ကိုသာ အာရုံစိုက်ပြီး သူ့သစ်သားစွမ်းရည်နှင့် အပင်များကို လက်နက်အဖြစ်ထုတ်နိုင်သောစွမ်းရည်ကို အများကြီး ဂရုမစိုက်ခဲ့ကြချေ။ 


စုရွေ့ကျယ်၏ ပြန်လည်မွေးဖွားလာမှုနောက်ပိုင်းတွင် သူသည် အပင်ပိုများများကို လက်နက်အဖြစ်ထုတ်ရန် ကြိုးစားချင်ခဲ့သည်။ သို့သော် ပဲစေ့များကိုသာ ကျည်ဆန်များအဖြစ် ပြောင်းနိုင်သည့်ပုံသာရှိသည်။ 


ကျန့်ကျားဟယ်ကြောင့်သာ မဟုတ်လျှင် သူသာသည် ဂိမ်းနှင့်ဆက်စပ်သည့် ထိုဖြစ်နိုင်ချေများကို တွေးမိလိမ့်မည်မဟုတ်ချေ။ 


ရှောင်ကျယ် ချယ်ရီသီးတွေကို လက်နက်အဖြစ်ပြောင်းဖို့ကြိုးစားကြည့်။ 


စုရွေ့ကျယ်သည် ချယ်ရီသီးကို သူ့ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ဂိမ်းထဲက ပေါက်ကွဲမှုမျိုးအဖြစ်ပြောင်းရန်ကြိုးစားခဲ့သည်။ သို့သော် ချယ်ရီသီးသည် တုံ့ပြန်မှုမရှိခဲ့ချေ။ 


သူသည် ချယ်ရီသီးကို စိတ်ပျက်မှုတချို့နှင့် ချထားလိုက်ပြီး သူ့စွမ်းရည်ကို စတင်သံသယ၀င်လာခဲ့သည်။ 


သို့သော် ကျန့်ယွင် ဘာတွေးမိသွားသည်မသိ။ သူသည် သူ့အခန်းထဲသို့ပြေးသွားကာ စာအုပ်တစ်အုပ်ကိုယူချလာသည်။ ထိုစာအုပ်သည် လက်နက်များအကြောင်းစာအုပ်တစ်အုပ်ဖြစ်ကာ ထိုအထဲတွင် ပုံများစွာ ပါနေသည်။ ကျန့်ယွင်သည် တချို့ဖောက်ခွဲရေးပစ္စည်းများနှင့် ဗုံး ဓာတ်ပုံများပါသည့် စာမျက်နှာကိုလှန်လိုက်ကာ စုရွေ့ကျယ်ရှေ့သို့ ချပေးလိုက်သည်။ 


“မင်း နောက်‌တစ်ခေါက် ကြိုးစားကြည့် ”


ဤအကြိမ်တွင် စုရွေ့ကျယ် အောင်မြင်သွားသည်။ မူလက ကြက်ဥတစ်လုံးအရွယ်သာရှိသော ချယ်ရီသီးသည် စု‌ရွေ့ကျယ်၏လက်ထဲတွင် ဘိုလင်းဘောလုံးအရွယ် အနီရောင်ဗုံးတစ်လုံးအဖြစ်ပြောင်းသွားလေသည်။ 


“အောင်မြင်သွားပြီ။ ဟား ဟား ဟား ဟား၊ ရှောင်ကျယ် မင်းက အရမ်းအံ့ဩစရာကောင်းလိုက်တာ ”


စုန့်ချန်ရှုသည် ပြေးသွားကာ စာအုပ်ကို လက်ဗစ်ဗုံးစာမျက်နှာသို့လှန်လိုက်ပြီး “မြန်မြန်, ငရုပ်သီးကို ကြိုးစားကြည့် ”


စုရွေ့ကျယ်သည် ထို့နောက် နေရာလွတ်ထဲမှ ငရုပ်ပွတောင့်ကိုထုတ်ယူလိုက်ကာ ကြီးမားသောအနီရောင်လက်ပစ်ဗုံးတစ်ခုအဖြစ်သို့ အောင်အောင်မြင်မြင်ပြောင်းလိုက်နိုင်လေသည်။ 


အို ဟိုး, စုရွေ့ကျယ်ရဲ့ ဂိုထောင်လိုနေရာလွတ်က ဘယ်မှာလဲ။ အဲ့ဒါက လက်နက်တိုက်တစ်ခုလိုပဲ။ 


နိုင်ငံတော်မှ လက်နက်များစီမံခန့်ခွဲမှုနှင့်ပတ်သတ်ပြီး အတော်လေးကို တင်းတင်းကြပ်ကြပ်ရှိသည့် အချက်ကို မဆိုထားနှင့် နိုင်ငံခြားတိုင်းပြည်များ၌ပင် ဗုံးများ၊ လက်ဗစ်ဗုံးများ၊ နှင့်တခြားသော‌ ဖောက်ခွဲရေးပစ္စည်းများကို ရရန် လွယ်ကူသည့်နည်းလမ်းမရှိပေ။ ကျန့်ကျားဟယ်သည် ဒူးထောက်ပြီး ကိုးကွယ်ချင်ရန် တွန်းအားတစ်ခုတောင် ရှိနေသည်။ 


နောက်တစ်ခဏ၌ သူ့အားထိတ်လန့်သွားစေသည့်တခြားပစ္စည်းတစ်ခုကို လုပ်လိုက်သည်။ သူ့ညာလက်ထဲတွင် ဆုပ်ကိုင်ထားသောဗုံးကို အနီရောင်ချယ်ရီသီးတစ်လုံးအဖြစ် ပြန်ပြောင်းလိုက်လေသည်။


“ဗုံးတစ်လုံးရှိဖို့ကျ နည်းနည်း အန္တရာယ်ရှိတယ်လို့ထင်တယ်။မတော်တဆပေါက်ကွဲသွားတာမျိုးဖြစ်ရင် ဗုံးတစ်လုံးရှိနေတာက မကောင်းဘူးလေ။ အဲ့ဒါကို လိုအပ်တဲ့အခါမှ ကျွန်တော်လုပ်နိုင်တယ်”


ထိုသို့ပြောပြီး သူ့လက်ထဲရှိ ချယ်ရီသီးကို စားလိုက်၏။ 


စားလိုက်တယ်၊ အဲ့ဒါ အကုန်လုံးကို အခုလေ။


ထိုချယ်ရီသည် ယခုလေးတင် ပေါက်ကွဲနိုင်သော .....ဗုံး။


ကျန့်ယွင်သည် အကုအညီမဲ့စွာဖြင့် သူ့နဖူးကိုထောက်ထားလိုက်ရသည်။ ဒီကောင်ငယ်လေးကတော့ တကယ့်ကို အပြစ်ကင်းနေတာပဲ။ သို့သော် စုရွေ့ကျယ်၏ စိတ်ကူးကို သူလည်းပဲသဘောတူသည်။ ဗုံးတစ်လုံး ကိုင်ထားဖို့ကျ တကယ်မကောင်းပေ။ သိမ်းထားလိုက်တာက ပိုကောင်းပါသည်။ 


ကျန့်ကျားဟယ်၏ အကူအညီဖြင့် ကျန့်ယွင်၊ စုရွေ့ကျယ်နှင့် စုန့်ချန်ရှုတို့အကုန်လုံး သူတို့၏စွမ်းရည်များကို တိုးတက်စေရန် ယေဘုယျဦးတည်ချက်တစ်ခု ရှိလာကြလေပြီ။ 


“ဒါဆို မင်းရဲ့စွမ်းရည်...”


စုန့်ချန်ရှုသည် ကျန့်ကျားဟယ်ကို အကဲခတ်လိုက်၏။ သို့သော် ကျန့်ကျားဟယ်၏စွမ်းရည်သည် သာမန်အဖြစ်ဆုံးတစ်ခုဖြစ်ပုံရသည်။ 


“ဟား ဟား ကျွန်တော့်စွမ်းရည်က အရမ်းကောင်းတယ် ”


ကျန့်ကျားဟယ်သည် တောက်ပစွာ ပြုံးလျက် 


“Hulk လို့ခေါ်တဲ့ ရုပ်ရှင်ကို ကြည့်ဖူးကြလား။ အဲ့ဒါက မင်းရဲ့ခွန်အားနဲ့ ကောင်းကင်ကို မှုတ်ထုတ်လိုက်သလိုပဲ။ အနာဂါတ်မှာ ကျွန်တော့်စွမ်းရည်က ပိုပြီး သန်မာလာလိမ့်မယ်။ ပြီးတော့ ကျွန်တော်က အကန့်အသတ်မဲ့ ခွန်အားပြည့်လာမှာ သေချာတယ်။ အဲ့ဒိဖုတ်ကောင်လေးတွေကို ကျွန်တော်က ကြောက်ရမှာလား။ အနာဂါတ်မှာ ပစ္စည်းတွေကို စုဆောင်းတဲ့အခါ သောခတ်ထားတဲ့တံခါးတစ်ချပ်နဲ့ကြုံရင် ခင်ဗျားတို့ အဲ့အကြောင်း စိုးရိမ်စရာမလိုတော့ဘူ။း ပြီးတော့ ကျွန်တော် အဲ့ဒီကမ္ဘာပျက်ကပ်ရုပ်ရှင်တွေနဲ့ ၀တ္ထုတွေကိုမြင်ဖူးတယ်။ အထူးသဖြင့် လူတွေရဲ့နှလုံးသားက ခန့်မှန်းလို့မရနိုင်ဘူး။ ခင်ဗျားတို့ ကျွန်တော့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကိုမြင်ပါတယ်။ ကျွန်တော်က စွမ်းရည်အသုံးပြုသူ စွမ်းအားရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သေချာပေါက် မမျှော်လင့်ထားခဲ့ဘူး ”


သုံးယောက်စလုံးသည် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ ကျန့်ကျားဟယ်နှင့် အချိန်ပိုကြာကြာ အတူရှိလာလေလေ သူတို့ပိုပိုပြီး သက်တောင့်သက်သာရှိလာလေလေပင်။ သူ၏ ဒဲ့တိုးကိုယ်ရည်ကိုယ်သွေးသည် အထူးသဖြင့်ကျေနပ်စရာပင်။ အဓိကသော့ချက်မှာ သူ့ဦးနှောက်သည် ကောင်းကောင်း အလုပ်လုပ်နေဆဲဖြစ်သည်ပင်။ 


နေ့ဘက်၌ အပြင်ဘက်ရှိ နေရောင်သည် မသေနိုင်သောအကောင်တွေကတောင် လမ်းပေါ်တွင် လမ်းသလားနေမည့်အစား အရိပ်ရသည့်နေရာတွင် ပုန်းခိုရန်သိသည်အထိကို အလွန်ပူပြင်းလှသည်။ 


လေအေးပေးစက်ကို အမြင့်ဆုံးအထိဖွင့်လိုက်ပြီး လူအချို့သည် ရိုးရှင်းစွာပင် အိပ်ယာထဲသို့သွားလိုက်ကြသည်။ သူတို့၏ စိတ်ဓာတ်ခွန်အားကို မြှင်တင်ထားပြီး ထို့နောက် ညနေပိုင်းတွင် လမ်းလျှောက်ဖို့ အပြင်ထွက်ကြမည်။ 


သူတို့သည် စုရွေ့ကျယ်၏ နေရာလွတ်ထဲရှိ ပစ္စည်းများအပေါ်မှီခိုပြီး သူတို့၏ ဗီလာများထဲတွင် လုံလုံခြုံခြုံ ပုန်းနေနိုင်ကြသည်။ ထို့ကြောင့် သူတို့သည် အစားအစာအစပ်များကို အချိန်အတော်ကြာအထိ စားသောက်နိုင်ကြသည်။ 


သို့သော် ယခုအချိန်သည် ကမ္ဘာကြီး အဆုံးသတ်ဖြစ်ပြီး သူတို့သည် မသေနိုင်သောအကောင်များဖြစ်စေ လူသားများဖြစ်စေ ပိုပိုပြီး သန်မာပြီးရင်း သန်မာလာကြလိမ့်မည်။ သူတို့ တိုက်ခိုက်ဖို့အပြင်မထွက်ဘဲ အမြုတေများကို မစုဆောင်းဘဲ နေလျှင် သူတို့၏ခွန်အားသည် မကြာခင်မှာပင် လူများ၏နောက်တွင် ကျန်ခဲ့လိမ့်မည်။ ဘာတွေဖြစ်လာနိုင်သည်ကို ပြောစရာမလိုတော့ပေ။ 


ဆင်းရဲခြင်းမှမွေးဖွားပြီး ပျော်ရွှင်မှု၌သေဆုံးသည် ဆိုသည့် တစ်ခုသည် ယုတ္တိမရှိချေ။ 


တစ်ညလုံး အိပ်ပျော်နေရမည့်အစား လူတိုင်းသည် အပူကြောင့် နိုးလာခဲ့ကြသည်။ 


သူတို့သည် လေအေးပေးစက်နှင့် တခြားလျှပ်စစ်ပစ္စည်းများကို စစ်ဆေးရန် ဆင်လာခဲ့ကြပြီး ဓာတ်အား ပြတ်တောက်သွားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


ဤကဲ့သို့ မြင့်မားလှသောအပူချိန်သည် လျှပ်စစ်ဓာတ်အား ဗဟိုချုပ်ကိုင်အသုံးပြုမှုသို့ သေချာပေါက် ဦးတည်စေလိမ့်မည်။ ဤ အခြေအနေတွင် လှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများသည် ပုံမှန်အတိုင်း ဆက်လက်အလုပ်လုပ်ရန် လုံး၀မဖြစ်နိုင်ချေ။ အလုပ်သမားများ၏ ကွပ်ကဲထိန်းသိမ်းမှုမရှိဘဲ မြို့ပြဓာတ်အားထောက်ပံ့မှုသည် ခက်ခဲလိမ့်မည်။ အချိန်တစ်ခုသာရှိတော့သည်။ 


သူတို့သည် အချိန်တိုလေးတစ်ခုအတွင်းမှာပင် ရေထောက်ပံ့မှုတောင် ရပ်တန့်သွားလိမ့်မည်ဟု ယုံကြည်ကြပြီး လူသားများ၏ဘ၀သည် ပိုပြီး ခက်ခဲလာနိုင်လိမ့်မည်။


ကံကောင်းစွာပင် သူတို့တွင် ရေစွမ်းရည်ကိုအသုံးပြုပြီး ရေခဲပြုလုပ်နိုင်သော စုန့်ချန်ရှုရှိပြီး အပူဒဏ်ကို အချိန်အကြာကြီး ခံရလိမ့်မည်မဟုတ်တော့ချေ။ 


စုန့်ချန်ရှုသည် မောဟိုက်စွာဖြင့် ရေခဲဇလုံ လေးခုကိုဖန်တီးပြီး ရေခဲဇလုံတစ်ခုကို အခန်းတစ်ခုဆီတွင်ထားလိုက်သဖြင့် အခန်းအပူချိန်သည် ကျဆင်းသွားသည်။ သို့သော်သူသည် လုံး၀မောဟိုက်လုနီးပါးဖြစ်ကာ အိပ်ရန် အိပ်ယာထဲသို့ပြန်သွားခဲ့လေသည်။ 


သူတို့အိပ်ယာနိုးလာကြသည့်အချိန်တွင် ည ကိုးနာရီဖြစ်ကာ တစ်မြို့လုံးသည် အမှောင်ထုထဲကျနေပြီး လရောင်အပေါ်မှီခိုပြီး အပြင်ဘက်လမ်းမများပေါ်တွင် တောင့်တောင့်တင်းတင်းလမ်း လျှောက်နေကြသော ဖုတ်ကောင်များကို မှုန်ဝါးဝါးမြင်နိုင်လေသည်။ 


“နောက်ပိုင်း အပြင်ထွက်တဲ့အချိန်မှာ ဂရုစိုက်ကြ ”


ကျန့်ယွင်သည် လူတိုင်းအား မီး ဝေပေးပြီး တချိန်တည်းမှာပဲ သတိ‌တစ်ခုပေးလိုက်၏။ 


မီးပျက်ပြီးနောက် အသက်ရှင်ကျန်သူများသည် မကြာမှီမှာပင် ရေပြတ်တောက်မှုနှင့် အစားအစာပြတ်လပ်မှုအတွက် စတင် စိုးရိမ်လာကြသည်။ အသက်ရှင်သန်နိုင်ရေး အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ထို လူသားစားသော အလောင်းကောင်များနှင့် ရင်ဆိုင်ရန် သူတို့ကိုယ်သူတို့ တွန်းအားပေးကြရလိမ့်မည်။ 


ဤညနေပိုင်းတွင် ပစ္စည်းများစုဆောင်းရန်ထွက်လာကြသောလူများသည် အသေချာကို ပိုပိုပြီး များလာကြပြီး လူပိုများလာသောအခါ ပြဿနာအမျိုးစုံသည် မြင့်တက်လာလိမ့်မည်။ 


ဥပမာအားဖြင့် လူတွေကြား ပဋိပက္ခများဖြစ်နိုင်သကဲ့သို့ အသက်ရှင်ကျန်နေသောလူများ၏ အသွေးအသားများကြောင့် ဖုတ်ကောင်ပိုများများကို ဆွဲဆောင်မိလိမ့်မည်။ 


တစ်ခွန်းတည်းဆိုရလျှင် ယနေ့ညသည် အသေအချာကို တိတ်ဆိတ်နေတော့မည်မဟုတ်ချေ။ 

လူတိုင်းသည် BMW ကို အနီးအနားရှိ ဈေးလမ်းတစ်ခုသို့ မောင်းသွားကြမည်။ လမ်းတလျှောက်၌ သူတို့သည် ကုန်စုံဆိုင်တစ်ခုကို ဖြတ်သွားပြီး ကုန်စုံဆိုင်သို့ တချို့ဟင်းချက်ပစ္စည်းများဖြစ်သည့် ဆီ၊ ဆား၊ ငံပြာရည်နှင့် ရှာလကာရည် များကို စုဆောင်းရန် သွားလိမ့်မည်။ ထို့ပြင် တဆက်တည်းနှင့် ဖယောင်းတိုင်များနှင့် ဘက်ထရီများရှိမရှိကိုလည်း ရှာဖွေကြမည်။ 


အစပိုင်း၌ ပစ္စည်းအများအပြားသည် စုဆောင်းထားခဲ့သော်လည်း သူတို့သည် အဓိကအားဖြင့် အစားအစာနှင့် အ၀တ်အထည်များသာဖြစ်ပြီး ပါ၀င်ပစ္စည်းများကဲ့သို့သော ပစ္စည်းများကို ဂရုတစိုက်ဖြင့် မစုဆောင်းခဲ့ကြချေ။ တနေ့က စူပါမားကတ်ကို သွားခဲ့သောအချိန်က သူတို့သည် ထိုပစ္စည်းအချို့အား စုဆောင်းခဲ့သည်။ သို့‌သော် အဆုံးမှာတော့ ပမာဏက သိပ်မများပေ။ ၎င်းသည် အချိန်အတော်ကြာ ထောက်ပံ့နိုင်လိမ့်မည်မဟုတ်ပေ။ သူတို့ တချို့ကို ပိုပြီး စုဆောင်းရန် လိုအပ်သည်။ 


အသေအချာပင် သူတို့လေးယောက် ထွက်လာကြပြီးနောက် မကြာခင် သူတို့သည် လမ်းပေါ်တွင် လူအများအပြားကို တွေ့လိုက်ကြရသည် အကုန်လုံးသည် အဖွဲ့များဖြစ်ကာ သူတို့လက်များထဲတွင် လက်နက်အမျိုးအစားမျိုးစုံနှင့်ဖြစ်ကြသည်။ 


သူတို့ ကုန်စုံဆိုင်သို့ ရောက်လာကြချိန်တွင် တခြားလူများသည်၎င်းအားဖြတ်၍ ရှာဖွေကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် မိသားစုသုံးယောက်ဖြစ်သည်။ သတ်လတ်ပိုင်းအမျိုးသားသည် တံခါးကို ဆွဲထားသည်။ တခြား သတ်လတ်ပိုင်းအမျိုးသမီးသည် သူမ၏ ဘယ်ဘက်လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်ချောင်းနှင့် ညာဘက်လက်တွင် ကလေးတစ်ယောက်ကို ဆွဲထားကာ ရပ်လျက်စောင့်ကြပ်နေလေသည်။ 


ကျန့်ယွင် ကားရပ်လိုက်ပြီးနောက် သတ်လတ်ပိုင်းအရွယ်အမျိုးသမီးသည် သူတို့အား သတိပြုမိသွားသည်။ 


“ငါတို့ အရင်ဆုံးရောက်လာတာ ”


အမျိုးသမီးသည် သူတို့ဆီသို့ ရက်စက်စွာ သူမဓားဖြင့် ဝှေ့ယမ်းလိုက်၏။ 


ကျန့်ယွင် သူမကို လက်ခါပြလိုက်ကာ ဂီယာပေါ်သို့နင်းပြီး အ‌ဝေးသို့ မောင်းထွက်လာခဲ့သည်။ 


ကမ္ဘာပျက်ကပ်ကြီးတွင် မင်းနှင့်အတူကလေးတစ်ယောက်ကို ခေါ်ဆောင်ရန် မလွယ်ကူချေ။ ကျန့်ယွင်သည် အမျိုးသမီး၏ မျက်လုံးများထဲမှ စိတ်ပျက်မှုနှင့် ကလေး၏မျက်နှာရှိ ကြောက်ရွံ့မှုကိုမြင်ခဲ့သည်။ ထို့ကြောင့် ရိုးရှင်းစွာပင် သူထွက်လာခဲ့သည်။ သူတို့အနေဖြင့် ထိုဆိုင်တစ်ခုကို ရွေးစရာမလိုပဲ တခြားဆိုင်အများကြီး ‌ရှိနေပါ သေးသည်။ 


“အာ အဲ့ဒီ အင်တာနက်ကဖေး...”


ကားသည် လမ်းဆုံတစ်ခုကို ဖြတ်သွားသောအခါ ကျန့်ကျားဟယ်သည် လမ်းတစ်ဖက်ရှိ အင်တာနက်ကဖေးတစ်ခုကို ရုတ်တရက် ညွှန်ပြလိုက်သည်။ 


“အင်တာနက်ကဖေးမှာ ဘာတွေဖြစ်ခဲ့လို့လဲ ”


စုန့်ချန်ရှုသည် ထူးဆန်းစွာမေးလာ၏။။


“ကျွန်တော် အရင်က အဲ့ဒိအင်တာနက်ကဖေးကို သွားဖူးတယ်။ အင်တာနက်ကဖေးရဲ့ အနောက်ဖက်တံခါး နောက်မှာ စူပါမားကတ်အသေးလေးတစ်ခုရှိတယ်။ အဲ့နေရာမှာ ပစ္စည်းတွေအများကြီးရှိတယ်။ အဲ့မှာ ဆား၊ ငံပြာရည်၊ ဆော့၊ ရှာလကာရည်နဲ့ တခြားဟာတွေ ရှိရမယ်... ဘာလို့ကျွန်တော်တို့ သွားပြီးတော့ တစ်‌ချက်လောက် မကြည့်ရမှာလဲ ”


“ဒါပေမယ့် အင်တာနက်ကဖေးတွေက...”


ညနေပိုင်းတွင် အင်တာနက်ကဖေးများသို့ လူအများအပြားသွားကြသည်။ ကမ္ဘာကြီးအဆုံးသတ်၏ ည၌ ထိုအင်တာနက်ကဖေးတွင် လူဘယ်လောက်များများရှိနေမလဲကို ဘယ်သူသိပါ့မလဲ။ နောက်ကျမှ ဖုတ်ကောင်အပြည့်အင်တာနက်ကဖေးထဲကနေ သူတို့ အပြေးအလွှားထွက်ပြေးရရင် ဘယ်လိုလုပ်ရမလဲ။


“ စိတ်ချပါ။ ကျွန်တော်တို့ ‌အနောက်ကို ပတ်သွားနိုင်တယ်။ အင်တာနက်ကဖေးရဲ့ အနောက်ဖက်တံခါးက အမြဲတမ်း သော့ခတ်ထားတာ။ ဖုတ်ကောင်တစ်ကောင်ရှိနေခဲ့ရင်တောင် တစ်ခဏလောက် ထွက်လာလိမ့်မှာမဟုတ်ဘူး။ ”


“အားကျန့် မင်းဘယ်လိုထင်လဲ ”


“သွားပြီး တစ်ချက်လောက်ကြည့်ကြစို့ ”


ကျန့်ယွင် အလွန်ရိုးရှင်းသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေ၏။