အခန်း(၂၉)
Viewers 12k

အခန်း(၂၉)《 ကယ်တင်မှာလား မကယ်တင်ဘူးလား 》


Author: Drunken Light Song

Source: Chrysanthemum Garden

Translator: オタク


လမ်းတစ်ဖက်၌ ကားထိုးပြီး လူအချို့သည် ကားထဲမှဆင်းလာကာ အင်တာနက်ကဖေးအနောက်ဖက်သို့သွားကြ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့သည် အစိမ်းရောင်ဆိုင်းဘုတ်နှင့် စူပါမားကတ်အသေးလေးကိုတွေ့လိုက်ကြသည်။ တံခါး ကန့်လန့်ကာကို နှိမ့်ချထားပြီး တံခါးကန့်လန့်ကာတွင် သော့ကြီးတစ်ခုဖြင့် ခတ်ထားလေသည်။ သံကြိုးပေါ်တွင် ထင်ရှားသော ဓားရာများရှိနေသည်။ စူပါမားကတ်ကို မျက်စိကျနေသူသည် သူတို့သာလျှင် မဟုတ်ပုံရသည်။ သို့သော် သံကြိုးသည် အတော်လေးထူ၏။ ထိုလူများသည် ဆူဆူညံညံလုပ်မိပြီး ဖုတ်ကောင်များ သူတို့ကို သတိပြုမိသွားမည်ကို ကြောက်နေ၍ဖြစ်မည်။ ထို့ကြောင့် သူတို့ မဖြေရှင်း နိုင်ခဲ့ခြင်းဖြစ်မည်။


【T/N : တံခါးပုံစံ တချို့ဆိုင်တန်းတွေကလို အပေါ်ကနေ အောက်ကို ဆွဲချပြီး ပိတ်ရတဲ့ သံတံခါးမျိုးပါ။ 】


“လာခဲ့၊ ကျားဟယ် မင်းကစားဖို့အချိန်ပဲ ”


စုန်ချန့်ရှု ကျန့်ကျားဟယ်အား လက်ဝှေ့ယမ်းပြလိုက်၏။ 

  

ကျန့်ကျားဟယ်သည်လည်း နောက်ထပ် ‌ဆော့မကစားတော့ပေ။ သူသည် သူကြုံရာကောက်ယူလာသော သံမဏိပိုက်လုံးဖြင့် ချိန်းကြိုးကို ဖြတ်လိုက်ပြီး နောက်ထပ်အားတစ်ခုဖြင့် ပိတ်ထားသောတံခါးကို ဆွဲတင်လိုက်သည်။ 


တံခါးရွက်ကို ဖွင့်လိုက်သည့် အခိုက်မှာပင် အရိပ်မဲတစ်ခုသည် လေတိုးသံတစ်ခုနှင့် သူတို့ဆီသို့ ပြေးလာလေ၏။ ကျန့်ယွင်သည် ထိုအကြောင်းကို မတွေးချင်ခဲ့ပေ။ သူသည် မြေဆွဲအား စွမ်းအားကို တိုက်ရိုက် အားထုတ်လိုက်ပြီး အမည်မသိ‌ရသော အရာအား မြေမြင်ပေါ်တွင် ဖိထားလိုက်သည်။ 


စုရွေ့ကျယ်သည် မီးထိုးကြည့်လိုက်ပြီး အနက်ရောင်ကြက်တူရွေးတစ်ကောင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကြက်တူရွေး၏ ခြောက်သွေ့နေသောကိုယ်နှင့် အနီရောင်မျက်လုံးများကို ကြည့်ခြင်းအားဖြင့် ၎င်းသည် ဖုတ်ကောင်ပြောင်းသွားသည်ပဲဖြစ်ရမည်။ 


ဖုတ်ကောင်ငှက်များ မည်မျှ အားကြီးကြောင်း သူသိသည်။ ထိုသတ္တဝါများသည် အလွန်လျင်မြန်စွာ ပျံနိုင်ပြီး လေထဲတွင် တိုက်ခိုက်နိုင်ကြကာ ၎င်းတို့သည် ခုခံကာကွယ်မှုလည်း အလွန်ကောင်း၏။ ဖုတ်ကောင်ကြက်တူရွေးသည် ဖုတ်ကောင်ဖြစ်ပြီးနောက် သူ့လက်သည်းများသည် အလွန့်အလွန် ထက်မြလာပြီး ၎င်း၏ထက်မြသော နှုတ်သီးသည် ချိတ်ကောက်တစ်ခုလိုပင်။ သို့မဟုတ်လျှင် တံခါးနှင့်အနီးဆုံးတွင်ရှိနေသော ကျန့်ကျားဟယ်သည် ကျန့်ယွင်သာ လျင်လျင်မြန်မြန် မတုံ့ပြန်လိုက်ပါက ဒဏ်ရာ ရသွားပေလိမ့်မည်။ 


ကျန့်ကျားဟယ်သည် ပိုက်နှင့် ဖုတ်ကောင် ကြက်တူရွေး၏ခေါင်းကို ရိုက်ခွဲလိုက်ပြီး ထိုအထဲမှ အလွန်သေးငယ်သော အမြုတေခဲလေးကိုထုတ်ယူလိုက်သည်။ စုန့်ချန်ရှုသည် တစ်ခုခုရတာက ဘာမှမရတာထက်စာရင် ကောင်းသည်ဟူသော အကြံဖြင့် အမြုတေခဲကို ရေဖြင့်ဆေးကြောကာ စုဆောင်းထားလိုက်၏။ 


ယခုလေးတင် တံခါးကိုဖွင့်လိုက်သည့်အခါ အတော်လေးဆူညံသွားလေပြီး ဖုတ်ကောင်အချို့သည် သူတို့ဘက်သို့ စတင် စုစည်းလာကြသည်။ ကျန့်ယွင်နှင့် ကျန်ကျားဟယ်သည် ဆိုင်၏၀င်ပေါက်တွင် ဖုတ်ကောင်များကိုဖြေရှင်းရန် တာ၀န်ယူကြရပြီး ထိုအချိန်တွင် စုရွေ့ကျယ်နှင့် စုန့်ချန်ရှုတို့သည် ပစ္စည်းများကို စုဆောင်းရန် တာ၀န်ယူကြရမည်ဖြစ်သည်။

  

ဤ စူပါမားကတ်လေးသည် ကျန့်ကျားဟယ်ပြောခဲ့သလိုနှင့် အမှန်တကယ်ကို တူညီ၏။ စာငှက်များသည် သေးသွယ်ကြသော်လည်း ၎င်းတို့တွင် ကိုယ်တွင်းအင်္ဂါများရှိအစုံရှိကြသည်။ အိမ်ယာရှိလူများအတွက်ကြောင့် ရောင်းချသောပစ္စည်းများအားလုံးသည် နေ့စဉ်ဘ၀တွင် အသုံးပြုကြသော လိုအပ်သည့် ပစ္စည်းများသာဖြစ်သည်။ ထို့ကြောင့် စုရွေ့ကျယ်သည်လည်း သာမာန်အမှာများဖြစ်သည့် သူတို့လိုချင်ကြ‌သော အရသာမှုန့်များ၊ ဘက်ထရီများအပါအ၀င်၊ ဖယောင်းတိုင်များ၊ မီးခြစ်များ စသည်တို့ကို ယူခဲ့လိုက်သည်။ 


သူတို့ပစ္စည်းများကို ထည့်လျှိုကြပြီး‌ စူပါမားကတ်အသေးလေးထဲမှ ထွက်လာခဲ့ကြသည့်အချိန်တွင် မြေပြင်ပေါ်တွင် အကုန်လုံး ခေါင်းများ ကွဲကြေလျက် သေနေသော ခန္ဓာကိုယ် ခုနစ်ခု ရှစ်ခုလောက်ရှိနေသည်။ ကျန့်ကျားဟယ်၏ စွမ်းအားနှင့် စွမ်းရည် နှင့် ကျန့်ယွင်၏စွမ်းအားနှင့် စွမ်းရည်သည် ချောချောမွေ့မွေ့လိုက်ဖက်နေခဲ့သည်။ ထိုအသေကောင်များသည် သူတို့အား လုံး၀ဒဏ်ရာမရစေခဲ့ပေ။ သို့သော် ကျန့်ကျားဟယ်သည် အမြုတေအခဲတစ်ခုသာစုဆောင်းနိုင်ခဲ့သည်။


သူတို့လေးယောက်သားသည် အင်တာနက်ကဖေး၏အနောက်ဖက်တံခါးမှတဆင့် လျှောက်လာကြချိန်တွင် မှန်ကွဲသံကို ရုတ်တရက်ကြားလိုက်ကြရသည်။ သူတို့သည် မသိစိတ်ကြောင့် အင်တာနက်ကဖေးထဲသို့ကြည့်လိုက်ကြပြီး မမျှော်လင့်စွာဖြင့် အင်တာနက်ကဖေးထဲတွင် မီးများလင်းနေဆဲဖြစ်သည်ကို တွေ့လိုက်ကြရသည်။


ကျန့်ယွင်သည် အင်တာနက်ကဖေးထဲ၌ အရံဓာတ်အားမီးစက်တစ်ခု ရှိရမည်ဖြစ်ကြောင်း ချက်ချင်းနားလည်လုနီးပါးဖြစ်သည်။ သူစိတ်သည် လှုပ်ရှားသွားခဲ့ပြီး သူတို့တွင် အရံမီးစက်တစ်ခုကိုသာရနိုင်ပါက သူတို့သေချာပေါက် အကူအညီဖြစ်လိမ့်မည်ကို တွေးမိသည်။


အင်တာနက်ကဖေးထဲတွင် ဖုတ်ကောင်အများအပြားရှိနေမည် တစ်ခုပဲရှိသည်။


“ကူညီပါ၊ ကူညီပါ၊ ငါတို့ကို ကယ်ပေးပါ ”


အင်တာနက်ကဖေး၏ တစ်ဖက်ရှိ လေ၀င်ပြတင်းပေါက်၏မှန်သည် အခွဲလိုက်ရပြီး အကူအညီအတွက် အော်သံတစ်ခုထွက်လာသည်။ 


“အိမ်သာကပဲ။ အိမ်သာထဲမှာ တစ်ယောက်ယောက်ပုန်းနေတယ် ”


ကျန့်ကျားဟယ်သည် အင်တာနက်ကဖေး၏တစ်ဖက်တွင် အမျိုးသားအမျိုးသမီးမျှသုံးရသည့် တစ်ခုတည်းသော အိမ်သာတစ်လုံးရှိကြောင်း သတိရသွားသည်။ ထိုနေရာသည် သိပ်မကြီးဘဲ သုံး လေး စတုရန်းမီတာလောက်သာရှိကြောင်းမှတ်မိသည်။ မမျှော်လင့်စွာပင် ထိုအထဲ၌ လူအများကြီး ပုန်းနေခဲ့သည်။

  

“သွားပြီး ကြည့်လိုက်မယ် ”


ကျန့်ယွင်သည် ပြတင်းပေါက်ဆီသို့သွားကာ အထဲသို့ကြည့်လိုက်၏။ အိမ်သာရှိ မီးသည် ပွင့်နေပြီး အင်တာနက်ကဖေးထဲရှိ ဖုတ်ကောင်များ ရှာတွေ့သွားမည်ကို ကြောက်သဖြင့် တမင်ပိတ်လိုက်ခြင်းဖြစ်နိုင်သည်။ 


သူသည် အထဲသို့ မီးတစ်ချက်ထိုးလိုက်ပြီး ထိုနေရာတွင် လူငါးယောက်ရှိနေပြီး အမျိုးသားသုံးယောက်နှင့် အမျိုးသမီးနှစ်ယောက်ဖြစ်ကာ အကုန်လုံးသည်ရှုပ်ထွေးမှုကြီးနှင့်ရင်ဆိုင်နေရပြီး သူတို့ကိုယ်များပေါ်တွင် သွေးစက်များနှင့် ညစ်ပေနေကြသည်။


“ကူညီပါ....ငါတို့ကို ကယ်ပေးပါ....”


ဆံပင်ရှည်နှင့်အမျိုးသမီးသည် မျက်ရည်အပြည့်မျက်နှာနှင့် မော့ကြည့်ပြီး ‌ငိုနေ၏။ သူမ၏ မျက်လုံး makeup သည် အရောင်ကျွတ်နေပြီး သူမ၏မျက်နှာသည် အတော်လေးညစ်ပေနေသော်လည်း သူမ၏ မျက်နှာသွင်ပြင်၏ သိမ်မွေ့သောအသွင်အပြင်ကို မြင်ရဆဲဖြစ်သည်။


အိမ်သာတံခါးမှ ခေါက်သံများ အဆက်မပြတ်ထွက်ပေါ်နေပြီး တံမြက်စည်းများနှင့် ကြမ်းတိုက်တံများဖြင့် ကလန့်မထားပါက အပြင်ဘက်ရှိ ဖုတ်ကောင်များ ပြေး၀င်လာကြပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အိမ်သာ၏ တံခါးရွက်များသည် သိပ်ကြာကြာခံတော့မည်မဟုတ်ပေ။ ဓာတ်မီးအလင်းရောင်အောက်တွင် တံခါးပေါ်တွင် အက်ကွဲကြောင်းများစွာပေါ်လာပြီး တံခါးဘောင်သည်လည်း ပုံပျက်ပန်းပျက် ဖြစ်နေပြီဖြစ်သည်။တံခါးအက်ကြောင်းများမှတဆင့် အပြင်ဘက်ရှိ ဖုတ်ကောင်များ၏ ဆိုးရွားသောမျက်နှာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။


“အား ”


သေးငယ်သော အမျိုးသားတစ်ယောက်သည် ဖုတ်ကောင်၏ ကြောက်မက်ဖွယ်မျက်နှာကိုမြင်သောအခါ အော်ဟစ်လေ၏။


ယောက်ျားတစ်ယောက်က ဘယ်လိုတောင် မိန်းမတစ်ယောက်ထက်ကျယ်အောင် အော်နိုင်မှန်း မသိတော့ချေ။ 

  

ကျန့်ယွင်သည် သူ့စိတ်ထဲမှ သူ့အား အရူး ဟု ဆဲလိုက်၏။ 


အသေအချာပင် နောက်တစ်ခဏ၌ အပြင်ဘက်ရှိဖုတ်ကောင်များသည် ပို၍ စိတ်လှုပ်ရှားလာကြကာ တံခါးရွက်များအား ပိုပြီး အားကြိုးမာန်တက်ဖြင့် ရိုက်ပုတ်ကြကာ တခြားဖုတ်ကောင်များသည်ပင် တံခါးအား စတင်ထုနှက်ကြတော့သည်။


“ကူညီပါ၊ ငါတို့ကို အပြင်ထုတ်ပေးပါ ”


သေးငယ်သည့်အမျိုးသားသည် သေလုနီးပါး ‌ထိတ်လန့်နေ‌လေသည်။


ကျန့်ယွင်သည် ဆံပင်ရှည်အမျိုးသမီး၏မျက်နှာသွင်ပြင်သည် တွန့်လိမ်နေပြီဖြစ်ကြောင်းတွေ့လိုက်ရကာ သူ ခုန်ပြီး ထိုလူ၏ပါးစပ်အား ပိတ်ရန် စိတ်စောနေပြီဖြစ်သည်။


ထိုအချိန်၌ တခြားလူများသည်လည်း တုံ့ပြန်လာကြကာ သူတို့ထဲရှိ အသန်မာဆုံးလူသည် ထိုလူအား ပြင်းထန်သောရိုက်ချက်တစ်ခုပေးလိုက်ပြီး အားကြီးဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ သူသည် နေ့တစ်၀က်လောက် ပြန်မထနိုင်တော့ပေ။ သို့သော် သူသည် နောက်ဆုံး၌ သူ့ပါးစပ်ပိတ်သွားလေသည်။


“ ကျေးဇူးပြုပြီး ငါတို့ကိုကယ်ပေးပါ ”


အသန်မာဆုံးလူကတောင် ဂရုဏာသက်စရာကြည့်နေခဲ့သည်။ ယခုသူတို့သည် ထောင်ချောက်ထဲကျနေသော တိရိစ္ဆာန်လေးများကဲ့သို့ပင်။ သူတို့အား တစ်ယောက်မှ မကယ်လျှင် သူတို့ သေသွားလိမ့်မည်။


ဤအခြေအနေတွင် သူတို့ သူတို့အားကယ်သင့်သလား မကယ်သင့်ဘူးလား။ 


ကျန့်ယွင်သည် အင်တာနက်ကဖေး၏အနောက်တံခါးကိုဖွင့်ပြီး ဖုတ်ကောင်များကို သူ့ဆီသို့ဖျားယောင်းလိုက်လျှင် သူ သူတို့အား ကင်တင်နိုင်ဆဲဖြစ်မည်ဟု ထင်သည်။ နောက်ဆုံးတော့ သူ့တွင် ထိုအဆင့်နိမ့်ဖုတ်ကောင်များကို ခုခံနိုင်သည့်သန်မာသောစွမ်းရည်ဖြစ်သည့် မြေဆွဲအားစွမ်းရည်ရှိသည်။ အန္တရာယ်ကင်းကင်းလွတ်မြောက်ရန် လွယ်ကူနိုင်သည်။

  

လူလေးယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကာ လျင်မြန်သောဆုံးဖြတ်ချက်တစ်ခုချလိုက်ကြသည်။


ကျန့်ယွင်သည် ရဲသင်တန်းကျောင်းမှ ဘွဲ့ရထားသော လျှို့ဝှက်ရဲတစ်ဦးဖြစ်သော်လည်း သူ့ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်သည် မည်မျှမြင့်မြတ်လှကြောင်းပြောရန်မဖြစ်နိုင်ပေ။ သူ ရဲသင်တန်းကျောင်းကို သွားရန်ရွေးချယ်ခဲ့သည်မှာ သေခါနီးလူအိုကြီးအား ဆန့်ကျင်တိုက်ခိုက်ချင်၍ဖြစ်သည်။ သို့သော် သူလိုချင်သည့် မီးစက်ကို လက်လွှတ်ထားပြီး သူ့လက်ကို ငှားပေးရန် ဖြစ်နိုင်သည်ဟု ခံစားရသည်။ ဆရာ၀န်တစ်ယောက်ဖြစ်သည့် စုန့်ချန်ရှုနှင့် စိတ်ထားနူးညံ့သောဖြတ်သွားဖြတ်လာကျန့်ကျားဟယ်သည် လူများကို ကယ်ရန် ရွေးချယ်လိမ့်မည်။ သို့‌သော် စုရွေ့ကျယ်သည် သူ့အရင်ဘ၀၏အတွေ့အကြုံ လွှမ်းမိုးမှုကြောင့် လူများကို ကယ်တင်ခြင်းအကြောင်း ကြိုတင်မှာထားသော်လည်း သူ့အဖော်များအာလုံးက သူတို့အားကယ်ချင်နေသဖြင့် ကယ်ခွင့်ပြုလိုက်သည်။


သို့သော်လည်း အန္တရာယ်ကင်းစေရန်အတွက် စုရွေ့ကျယ်သည် ငရုပ်သီးတစ်တောင့်ကို လက်ပစ်ဗုံးတစ်ခုအဖြစ်ပြောင်းလိုက်ပြီး အရေးပေါ်အတွက် ကျန့်ယွင်ဆီသို့ပေးလိုက်သည်။


“အနောက်ဘက်တံခါးကိုဖွင်ကြစို့၊ ပြီးရင် အဲ့အခါကျ ငါတို့ဖုတ်ကောင်တွေကို မျှားခေါ်ဖို့လမ်းတစ်ခုရှာလိုက်မယ်။ ပြီးရင် မင်းတို့က အပြင်ဘက်ကို တန်းပြေးသွားရမယ်”

  

မျက်နှာကြက်နားရှိ ပြတင်းပေါက်‌လေးမှ တွယ်ထွက်ရန်မဖြစ်နိုင်ချေ။ အနောက်ဘက်တံခါးမှတဆင့် လျှောက်ရန်သည်က ပိုအန္တရာယ်ကင်းသည်။


“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် "


လူလေးယောက်သည် အင်တာနက်ကဖေးက အနောက်တံခါးသို့ရောက်လာကြသည်။ ကျန့်ကျားဟယ်သည် သူ့လုပ်ခဲ့သလို သံမဏိပိုက်ဖြင့် တံခါးပေါ်ရှိသော့ကို ရိုက်ချိုးလိုက်၏။ အလောင်းကောင်များသည် ဤနေရာရှိ လှုပ်ရှားမှုများကြောင့်ဆွဲဆောင်ခံလိုက်ရပြီး တစ်ကောင်ပြီးတစ်ကောင် တံခါးဆီသို့ ပြေးလာကြသည်။


ကျန့်ယွင်သည် သူမှလွဲ၍ တခြားသုံးယောက်အား ပုန်းရန်နေရာတစ်ခုရှာခိုင်းလိုက်ပြီး သူတစ်ယောက်တည်း ပြေးထွက်လာသောဖုတ်ကောင်များကို ဦးဆောင်ကာ တခြားဦးတည်ရာဘက်သို့ပြေးသွားခဲ့၏။ 


အိမ်သာထဲတွင် ပုန်းနေသောလူများသည် အလောင်းကောင်များ အော်ဟစ်ပြီး တခြားသူနောက်လိုက်သွားသည်ကိုစောင့်နေခဲ့ကြပြီး ထို့နောက်မှသာ သူတို့သည် တုန်လှုပ်ခြောက်ခြားစွာပြေးထွက်လာကြ၏။ အင်တာနက်ကဖေးထဲရှိ ဖုတ်ကောင်အကုန်လုံး ထွက်ပြေးသွားကြခြင်းမဟုတ်ကြောင်း သူတို့မမျှော်လင့်ထားခဲ့ကြချေ။ ဖုတ်ကောင်နှစ်ကောင်သည် ဘယ်ထောင့်ကပေါ်လာမှန်းမသိရောက်လာကာ သူတို့အားလုံးသည် နောက်ဆုံးရှိ အနည်းငယ်၀သောမိန်းကလေးဘက်သို့ ရုတ်တရက်ထွက်ပြေးသွားကြသည်။ 


“အား အား အား...”


‌ထိတ်လန့်ဖွယ်အော်ဟစ်သံကြီးပြီးနောက် မိန်းကလေး၏အသံသည် လုံး၀ပျောက်သွားလေသည်။


သူမ၏လည်မြိုသည် ဖုတ်ကောင်တစ်ကောင်ကိုက်တာခံလိုက်ရပြီး နောက်တစ်ကောင်သည် သူမ၏လက်မောင်အား ကိုက်ဖြဲလေပြီး နေရာအနှံ့သွေးများထွက်လာလေတော့သည်။


ကျန်သည့်လူများသည် အခွင့်အရေးကိုယူပြီး အပြင်ဘက်သို့ ထွက်ပြေးကြလေသည်။ သူတို့သည် သွေးလွှမ်းနေသော မြင်ကွင်းအား ပြန်လှည့်ကြည့်လိုက်သောအခါ သူတို့အလွန်ပင် ထိတ်လန့်ကြောက်ရွံ့သွားကြပြီး သူတို့မျက်နှာများ ဖြူဖျော့သွားကာ သူတို့ခြေထောက်များ ပျော့ခွေသွားကြပြီး ဆံပင်ရှည် အမျိုးသမီးသည် တိုက်ရိုက်ပင် အန်ထွက်သွားလေသည်။


သို့သော် သူမသည် အိမ်သာထဲတွင် နှစ်ရက်လောက် အစားအစာမရှိဘဲ ပုန်းနေခဲ့ရသည်။ သူမသည် ရေပိုက်ခေါင်းမှရေနှင့် လက်ဆေးကန်မှဆပ်ပြာကို မှီခိုခဲ့ရသည်။ ထို့ကြောင့် အက်စစ်ရေများမှတပါး ဘာမှ ထွက်မလာခဲ့ချေ။


ကျန့်ကျားဟယ်သည် မျက်မှောင်ကျုံ့ကာ သံမဏိပိုက်ကိုယူပြီး အထဲသို့၀င်သွားကာ အလျင်အမြန်စားသောက်နေသော ဖုတ်ကောင်နှစ်ကောင်ကို သတ်လိုက်သည်။


အန္တရာယ်မရှိတော့ကြောင်းမြင်မှ ထိုအချိန်တွင် သေခြင်းတရားမှ လွတ်မြောက်လာခဲ့သော လူအနည်းငယ်သည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြသည်။ အရပ်ပုပုလူသည် တစ်ချက်ကြည့်လိုက်ပြီး သိပ်မဝေးသောနေရာရှိ စူပါမားကတ်ကိုတွေ့သွားပြီး ချက်ချင်းထကာ စူပါမားကတ်ဆီသို့ပြေးသွားလေ၏။

  

စူပါမားကတ်သည် ထိုလူ၏ စိတ်ကူးနှင့် လုံး၀ခြားနားနေခဲ့သည်။ စင်အားလုံးသည် ပြောင်ရှင်းနေအောင် ရှာဖွေခံထားရ၏။ စင်အများစုသည် ဘာမှမရှိတော့ဘဲ ပြန့်ကျဲနေသော အစားအစာများနှင့် ဘီစကစ်နှစ်ထုပ်သုံးထုပ်သာ ကျန်ခဲ့သည်။


သူဆဲလိုက်ရင်း အစားအစာများကို သူ့လက်ထဲတွင် ထည့်ယူလိုက်ကာ ပြေးထွက်သွားသည်။

  

ထိုလူများသည် အိမ်သာထဲတွင် နှစ်‌ရက်လောက်ပုန်းနေခဲ့ရသည်။ သူတို့သည် အလွန် ဆာလောင်နေကြပြီး ထိုအမျိုးသား ဘီစကစ်များ မုန့်ထုပ်များ အထုပ်မျိုးစုံနှင့်ပြန်ထွက်လာသည်ကို မြင်သောအခါ သူတို့သည် ချက်ချင်း မတ်တပ်ရပ်ကာ သူအား အစားအစာတချို့တောင်းချင်ခဲ့ကြသည်။


မမျှော်လင့်စွာပင် ထိုလူသေးသေးလေးသည် ပစ္စည်းများကိုသူ့လက်ထဲတွင် တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး ပြန်လှည့်ကာ တခြားဘက်သို့ထွက်ပြေးသွားလေသည်။ 

  

“သေစမ်း ”


သန်မာသောလူသည် ချက်ချင်းနောက်ကလိုက်ချင်ခဲ့သည် သို့သော် စုန့်ချန်ရှု၏ ရိုးရှင်းသောစကားတစ်ခွန်းဖြင့်တားခြင်းခံလိုက်ရသည်။

  

“အဲ့ဘက်မှာ ဖုတ်ကောင်တစ်ကောင်ရှိနေတယ်”


ထိုလူသေးသေးလေး ထွက်ပြေးသွားသောဘက်သည် ကျန့်ယွင် ဖုတ်ကောင်များကို မျှားခေါ်သွားသောဘက်ဖြစ်နေသည်။


ကျန့်ယွင်၏ အသိပညာနှင့်ဆိုလျှင် သူသည် သေချာပေါက် ဖုတ်ကောင်အများကြီးနှင့် ခက်ခက်ခဲခဲဖြစ်လိမ့်မည်မဟုတ်ပေ။ ခန့်မှန်းရလျှင် သူသည် ၎င်းတို့အား နေရာတချို့သို့ ဦးဆောင်သွားပြီးနောက် သူ့စွမ်းအားကိုသုံးကာ ၎င်းတို့အား ဖိနှိပ်ပြီး ထို့နောက် လွတ်မြောက်ရန် အခွင့်အရေးယူလိမ့်မည်။


ကောင်လေး ရူးသွပ်စွာ ပြေးသွားပြီး ဖုတ်ကောင်များထဲသို့ တိုး၀င်သွားနိုင်သည်။


အကွာအဝေးတစ်ခုမှ ကြောက်မက်ဖွယ်အော်သံကြီးထွက်လာဖို့ သိပ်မကြာလိုက်ချေ။ ထိုအသံသည် လူသေးလေး၏အော်သံနှင့် အတူတူပင်ဖြစ်လေသည်။

  

လူများသည် တစ်ခဏမျှ စောင့်နေခဲ့ကြပြီး ကျန့်ယွင်သည် ချွေးရွှဲပြီး ပြန်ရောက်လာခဲ့သည်။ 


“ရှောင်ကျယ် ကိုယ်နဲ့လာခဲ့၊ လောင်စုန့်၊ မင်းနဲ့ ရှောင်ကျန့် သူတို့ကို ကာကွယ်ဖို့နေခဲ့ ”


“ကောင်းပြီ ”


စုန့်ချန်ရှုသည် ထိုလူများအားကာကွယ်ရန်နေခြင်းသည် အပေါ်ယံသာဖြစ်ကြောင်းနားလည်ပြီး တကယ်တော့ သူတို့အားစောင့်ကြည့်ပြီး သူတို့ပတ်‌ပြေးပြီး သူတို့အတွက် ပြဿနာဖြစ်လာမည်အား စိုးရိမ်၍ဖြစ်သည်။



“နေပါအုံး၊ မင်းတို့က ဘာလို့အထဲကိုသွားတာလဲ။ ငါတို့ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားရမယ်၊ အဲ့မှာ အရမ်းအန္တရာယ်များတယ် ”


မျက်မှန်တပ်ထား‌သော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်သည် စိုးရိမ်စွာပြောလာ၏။


“မင်းအရင်ဆုံးထွက်သွားလို့ရတယ် ”


ကျန့်ယွင်သည် ထိုစကားတစ်ခွန်းအား ပစ်ချလိုက်ပြီး စုရွေ့ကျယ်နှင့်အတူ အင်တာနက်ကဖေးထဲသို့ တိုက်ရိုက်သွားလေသည်။ 


အင်တာနက်ကဖေးထဲတွင် မီးများပွင့်နေ၏။ ထို့ကြောင့် သူတို့ ကွန်ပျူတာခန်းကို လွယ်လွယ်ကူကူရှာနိုင်ကာ ထိုနေရာမှ ပြောင်းရွှေ့နိုင်သော မီးစက်တစ်ခုကိုဖယ်ထုတ်ပြီး ထိုအရာကို စုရွေ့ကျယ်၏နေရာလွတ်ထဲသို့ ထည့်လိုက်၏။ 


သက်လတ်ပိုင်းလူသည် ကျန့်ယွင်၏စကားကြောင့် နင်သွားကာ သူ့မျက်နှာသည် နီရဲလာ၏။ သို့သော် တစ်ယောက်တည်းထွက်သွားရန် တကယ်ကို မရဲပေ။ သို့သော် ကြက်တစ်ကောင်ကိုတောင် ဖမ်းပြီးမတုပ်နှောင်နိုင်သည့်ပုံရသည့် သိမ့်မွေ့သော စုန့်ချန်ရှုနှင့် ကျန့်ကျားဟယ်အားကြည့်ပြီး သူလုံခြုံသည့် ခံစားချက် တကယ်ကို မရှိပေ။ 


“သူတို့ဘာများလုပ်နိုင်မှာလဲ။ သူတို့ ဒီပျက်စီးနေတဲ့ အင်တာနက်ကဖေးထဲမှာ ဘာကိုရှာနိုင်မှာလဲ။ ဒီနေရာက အရမ်းအန္တရာယ်များတယ်။ မကောင်းဆိုးဝါးတွေ ပြန်လာပြီး နောက်တစ်ခါ အဝိုင်းခံရရင် ဘယ်လိုလုပ်ရပါ့မလဲ ”


သက်လတ်ပိုင်းလူသည် အသံတိုးတိုးနှင့် ဆံပင်ရှည်အမျိုးသမီးနှင့် သန်မာသည့်လူအား အထွန့်တက်နေလေပြီး ကြောက်လန့်နေသောယုန်များကဲ့သို့ ဘေးပတ်လည်ကို ကြည့်နေကြပြီး သူတို့သည် ဖုတ်ကောင်များ ဘယ်နေရာကမှန်းမသိဘဲ ပြေးထွက်လာမည်ကို စိုးရိမ်နေခဲ့ကြသည်။

  

“ပါးစပ်ကို ပိတ်ထားစမ်း ”


ဆံပင်ရှည်အမျိုးသမီးသည် သူ့အား အကြည့်ပြင်းပြင်းတစ်ချက်ပေးလိုက်၏။ ဘာလို့များ ဒီလူတွေက အကုန်လုံး ဦးနှောက်မရှိနေရတာလဲ။


ထိုလူများသည် သူတို့အားကယ်ရန် ဤကဲ့သို့သော အန္တရယ်ကြီးကို စွန့်စားရန် ဆန္ဒရှိကြပြီး သူတို့တွင် စွမ်းဆောင်ရည်တချို့ရှိရမည်။ အဲ့ဒိအရပ်ရှည်ရှည်နဲ့ ချောမောခန့်ငြားတဲ့လူက တစ်ယောက်တည်း အင်တာနက်ကဖေးထဲ ဖုတ်ကောင်တွေကို ဦးဆောင်သွားပြီး နဂိုအတိုင်းလွတ်မြောက်လာနိုင်တယ်ဆိုတာ မင်းတို့မမြင်ကြဘူးလား။


ကြက်တစ်ကောင်ကဲ့သို့ အားနည်းသည့် ဆယ်ကျော်သက်ကလေးသည် ပိန်ပါးပုံရသော်လည်း ယခုလေးတင် အလောင်းကောင်များကို သံမဏိပိုက်ဖြင့် ရိုက်ခွဲခဲ့သည်မှာ အလွန်ကို ရှင်းရှင်းလင်းလင်းပင်။ ရှင်းရှင်းလင်းလင်းပင် ထိုအရာမျိုးလုပ်သည်မှာ ပထမဆုံးမဖြစ်နိုင်ပေ။ ဤ သိမ်မွေ့သောလူငယ်လေးသည် အလွန်တည်ငြိမ်နေခဲ့ပြီး ဖုတ်ကောင်များ လူများကိုစားနေသောသွေးလွှမ်းသည့်မြင်ကွင်းကိုမြင်ပြီး သူသည် အလွန် ထိတ်လန့်မနေခဲ့ချေ။ ထို့ကြောင့် သူသည် ရိုးရှင်းသည့်လူတစ်ယောက်မဟုတ်ချေ။ ဆယ်ကျော်သက်လေးသည် စိုးရိမ်နေသလောက် သူ့အသက်နှင့် လုံး၀မတူညီနေပေ။ 


သူတို့အဖွဲ့က ....မရိုးရှင်းဘူး။ 


သက်လတ်ပိုင်းလူသည် ဆံပင်ရှည်အမျိုးသမီးအော်သည်ကို ခံလိုက်ရ၏။ သူပိုခံစားရလေ သူ ဘာတစ်ခုမှ ပြန်မပြောနိုင်လေပင်။ သူတိုက်ခိုက်ချင်သည့်အချိန်မှာပင် အင်တာနက်ကဖေးထဲရှိမီးများသည် ရုတ်တရက် အကုန်လုံး မှိန်ကျသွားသည်ကို တွေ့လိုက်ရသည်။ သက်လတ်ပိုင်းလူသည် ပိုပိုပြီးတောင် အထိတ်တလန့်ဖြစ်လာလေသည်။ သူသည် လမ်းပေါ်သို့ လုံး၀ကို စိတ်အားထက်သန်စွာဖြင့် ထွက်ပြေးသွားလေသည်။


သို့သော်လည်း ကျန့်ယွင်နှင့် စုရွေ့ကျယ်သည် မကြာခင်မှာပင် အင်တာနက်ကဖေးထဲမှ ပြန်ထွက်လာကြကာ လူတစ်စုသည် ထိုနေရာကို ချန်ထားခဲ့ကာ အရင်က သူတို့ကားပါကင်ထိုးထားခဲ့သော နေရာသို့ ပြေးသွားကြလေသည်။