အခန်း(၃၀)
Viewers 12k

အခန်း(၃၀)《 ဦးနှောက်ပျက်နေတာကိုတော့ ကယ်တင်လို့မရနိုင် 》


Author: Drunken Light Song

Source: Chrysanthemum Garden

Translator: オタク


သို့သော်လည်း သူတို့ ကားပါကင်ထိုးထားတဲ့ဆီသို့လျှောက်လာကြသောအခါ သူတို့ကားတံခါးများသည် မမျှော်လင့်ဘဲ ပွင့်နေကြောင်းတွေ့လိုက်ကြသည်။ ဂရုတစိုက်ကြည့်လိုသာအခါ ပုံသဏ္ဍာန်နှစ်ခုသည် သူတို့ကားထဲသို့ ခိုး‌ကြောင်ခိုးဝှက် လုပ်နေကြသည်ကို တွေ့လိုက်ကြသည်။


ကျန့်ယွင်သည် မျက်မှောင်ကျုံ့ပြီး ကားဘက်သို့ နင်းလျှောက်သွားလိုက်သည်။လူနှစ်ယောက်သည် တစ်စုံတစ်ယောက်လာနေကြောင်း မြင်သောအခါ သူတို့သည် သူတို့၏လှုပ်ရှားမှုများကို အလျှင်အမြန် အရှိန်မြှင့်လိုက်ကြ၏။


ကား၏ ဘွန်း ဟူသောအသံနားထောင်လိုက်ရသည်နှင့် ကားစက်နှိုးခြင်းသည် အောင်မြင်သွားခဲ့သည်။ လူနှစ်ယောက်သည် ကားတံခါးကို အမြန်ပိတ်ကာ Accelerator ကိုနင်းပြီး မောင်းပြေးသွားကြလေသည်။


ကားအခိုးခံလိုက်ရပြီ...အခုမှ ပြဿနာ....


“အဲ့ဒီကားက မင်းတို့ဟာ မဟုတ်ဘူးလား ”


သက်လတ်ပိုင်းလူသည် မေးလာ၏။။

  

သူပြောသည်အား ကြားပြီးနောက် ကျန့်ယွင်၏ မျက်ခုံးများ တွန့်ချိုးသွားကြသည်။ သူ ဒီလူကို တော်တော် သည်းခံနေရတယ်။


“မင်းတို့ တံခါး လော့ချမထားခဲ့ဘူးလား။ အခု ကမ္ဘာကြီးကို ကြည့်ပါအုံး မင်းတို့ဘာလုပ်ကြမှန်းတောင် မသိကြဘူးလား။ အခုတော့ မင်းတို့ဘယ်လိုလုပ်ကြမလဲ။ ကားတစ်စီးမရှိဘဲ ဒီနေရာကနေ ဘယ်လိုထွက်သွားနိုင်မှာလဲ ”


သက်လတ်ပိုင်းလူသည် စိတ်ရှုပ်ပြီး စောဒကတက်နေခဲ့သည်။


“တော်လောက်ပြီ ”


စုရွေ့ကျယ် အေးစက်စွာ တံတွေး ထွေးပစ်လိုက်၏။ 


“အခု ဖုတ်ကောင်တွေလည်းမရှိတော့ဘူး၊ ခင်ဗျား ခင်ဗျားကြိုက်တဲ့နေရာကို သွားနိုင်တယ်။ ဒီနေရာမှာပဲ လမ်းခွဲကြစို့ ”


စုရွေ့ကျယ်၏စကားကို သက်လတ်ပိုင်းလူသည် ဘာကိုနားလည်ခဲ့သလဲ။ ထိုအသံသည် မကြင်နာနေခဲ့ချေ။ သူ့မျက်လုံးများသည် ပုတ်ခတ်သွားကာ သူ့အမူအရာကို အလျင်အမြန်ပြင်ဆင်လိုက်သည်။ သူသည် စပ်ဖြဲဖြဲနှင့် ပြောလာ၏။ 


“ညီအစ်ကို အခုလေးတင် ငါပြောလိုက်တာ မှားသွားပါတယ်။ စိတ်ထဲမထားပါနဲ့။ ငါတို့က ဘယ်လိုများ တခြားနေရာကို သွားနိုင်မှာလဲ ”

  

အိုး မင်းက သူတို့အပေါ်ကို မှီခိုနေချင်သေးတယ်ပေါ့လေ။ 


“ငါတို့ဆိုတာမရှိဘူး ၊ မင်းကမင်း၊ ငါတို့က ငါတို့ပဲ”


ကျန့်ယွင် အေးစက်စက်ဖြင့် ပြောပြီးသွားသောအခါ လမ်း၏တစ်ခြားတစ်ဖက်သို့ လျှောက်သွားခဲ့၏။ သူ တခြားကားတစ်စီးကိုရဖို့ နည်းလမ်းတစ်ခုရှာရမည် သို့မဟုတ် စုရွေ့ကျယ်၏နေရာလွတ်ထဲမှ ဂျစ်ကားကိုထုတ်ဖို့ ဘယ်သူမှ မမြင်နိုင်တဲ့နေရာတစ်ခုကို ရှာရမညိ။ တစ်နည်းနည်းဖြင့် သူ ထို၀န်ထုပ်၀န်ပိုးသုံးယောက်ကို သူနှင့်အတူခေါ်သွားရန် ဆန္ဒမရှိပေ။ 


“အာ ခဏလောက်စောင့်ပါအုံး ”


သက်လတ်ပိုင်းလူသည် သူတို့လေးယောက် အဝေးသို့လျှောက်သွားသည်ကို မြင်ပြီး သူတို့အလျင်အမြန် အမှီလိုက်လေ၏။


“ငါတို့နောက်ကို လိုက်မလာနဲ့၊ မဟုတ်ရင် ရိုင်းစိုင်းလို့ငါ့ကို အပြစ်မတင်နဲ့ ”


စုန့်ချန်ရှုသည် သူ့လက်ထဲရှိဓားကို ရက်စက်စွာ မြှောက်လိုက်၏။ ထို သက်လတ်ပိုင်းလူသည် အတော်လေးစိတ်ရှုပ်စရာကောင်းကြောင်း သူလည်း ခံစားရသည်။ ဘာပဲဖြစ်ဖြစ် သူတို့အား အင်တာနက်ကဖေးထဲမှ ကယ်ပေးခဲ့ပြီး အဲ့ဒါကတော့ သူတတ်နိုင်တဲ့ အကြင်နာဆုံးအပြုအမူပဲဖြစ်လိမ့်မည်။


သက်လတ်ပိုင်းလူသည် အခြေအနေအားတွေ့သောအခါ သူ့နောက်သို့ နောက်ထပ် မလိုက်ရဲတော့ပေ။ သူသည် တွန့်ဆုတ်စွာဖြင့် ဆံပင်ရှည်အမျိုးသမီးနှင့် သန်မာသောလူဆီသို့ ပြန်လျှောက်သွားလေသည်။


ဆံပင်ရှည်အမျိုးသမီးသည် သူ့အား မျက်လုံးလှန်လိုက်သည်။ ထို့နောက် ကျန့်ယွင်နောက် အမှီလိုက်သွားကာ သူ့အား တစ်စုံတစ်ခုကို တိုးတိုးလေးပြောလိုက်၏။

  

ကျန့်ယွင် သူ့မျက်ခုံးများ အသာပင့်လိုက်ပြီး စုရွေ့ကျယ်နှင့် သူ့ သူသယ်ချင်းများကို ကြည့်လိုက်၏။ သူတို့ကန့်ကွက်ခြင်းမရှိသည်ကိုတွေ့သောအခါ သူခေါင်းညိတ်လိုက်၏။


အမျိုးသမီးသည် စိတ်သက်သာရာရသော သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ဆုံး၌ သူမ၏နှုတ်ခမ်းများတွင် အပြုံးလေးတစ်ခုပေါ်လာ၏။ သူမသည် သန်မာသည့်လူတစ်ယောက်တည်းကိုသာ သူမနှင့်အတူ အလျင်အမြန် ဆွဲခေါ်သွားလိုက်သည်။  


သက်လတ်ပိုင်းလူသည် သူတစ်ယောက်တည်းကျန်ခဲ့သည်ကို တွေ့ပြီး သူတို့အားအမှီလိုက်ချင်ခဲ့သည်။ သို့သော် စုန့်ချန်ရှု၏ခြိမ်းခြောက်မှုကို ကြောက်နေခဲ့သည်။ သူသည် အလွန်စိတ်စော ဒေါသထွက်နေပြီး လမ်းဘေးရှိ ပျက်စီးနေသောကားကို ပြင်းပြင်းထန်ထန်ကန်လိုက်၏။


ကျယ်လောင်သော ကားအချက်ပေးသံသည် ညကောင်းကင်ကိုဖြတ်ကျော်ကာ ထွက်ပေါ်လာလေသည်...


“ပြေး ‌”


ဘာတစ်ခုမှ ထပ်မပြောတော့ဘဲ ကျန့်ယွင်သည် စုရွေ့ကျယ်အား လမ်း၏တစ်ဖက်ရှိ စားသောက်ဆိုင်ဆီသို့ ဆွဲခေါ်သွားလေသည်။


ထိုကဲ့သို့သော အသံကြီးသည် သေချာပေါက်ကို ကြီးမားလှသော ဖုတ်ကောင်များကို ဆွဲဆောင်ပေလိမ့်မည်။ ကားမရှိဘဲ သူတို့ မလွတ်မြောက်နိုင်ပေ။ ထို့အပြင် ကျန့်ကျားဟယ်၏ခြေထောက်သည် ဒဏ်ရာရနေကာ သူသည် အမြန်မပြေးနိုင်ပေ။ ကျန့်ယွင်သည် ကားကိုထုတ်ယူရန် စုရွေ့ကျယ်၏ နေရာလွတ်ကိုဖော်ထုတ်ပြီး မစွန်စားချင်ပေ။ သူအနီးအနားတွင် ပုန်းပြီး သူတို့ပြန်ထွက်မလာခင် ဖုတ်ကောင်များပျောက်ကွယ်သွားသည်အထိ စောင့်ရန် အနီးအနားရှိ နေရာတစ်ခုကို ရှာရန် ဆုံးဖြတ်လိုက်သည်။


သူတို့ ရွေးချယ်လိုက်သည့် ဟော််တယ်သည် ပိတ်ထားသောတံခါးများနှင့် နှစ်ထပ်တိုက်တစ်ခုဖြစ်ကာ စားသောက်ဆိုင်အပေါ်ဘက်ဖြစ်သည်။ သို့သော်လည်း ဒုတိယထပ်တွင် ပွင့်နေသောပြတင်းပေါက်တစ်ခုရှိသော်လည်း ပိတ်ထားလုနီးပါးဖြစ်နေသည့် လသာဆောင်တစ်ခုရှိသည်။ သူတို့ ဒုတိယထပ်သို့တက်ပြီး ဟော်တယ်ထဲသို့၀င်နိုင်သ၍ သူတို့ လုံခြုံလိမ့်မည်။


ဖုတ်ကောင်များသည် အရိုးအဆစ်များတောင့်တင်းနေကြပြီး နံရံများအသာထား လှေကားများကိုပင် မတက်နိုင်ကြပေ။ 


လူများသည် ဟော််တံခါးဆီသို့ ပြေးလွှားသွားကြစဉ် ကျန့်ယွင်သည် ရေပိုက်တစ်ခုကိုနင်းပြီး လသာဆောင်ပေါ်သို့ရောက်သွားသည်။ ထို့နောက် စုရွေ့ကျယ်အား အပေါ်သို့ရောက်သည်အထိ ဆွဲတင်လိုက်သည်။


စုရွေ့ကျယ်သည် လသာဆောင်ပေါ်သို့ရောက်သွားပြီး မြေပေါ်သို့ ကြိုးတစ်‌ချောင်းကောက်ယူလိုက်ဟန် ဟန်ဆောင်လိုက်ပြီး အမှန်တော့ သူ့နေရာလွတ်ထဲမှ ဆွဲထုတ်လိုက်ခြင်းဖြစ်သည်။


ကြိုးကို အောက်သို့ချပေးပြီးသောအခါ သူတို့သည် ပထမဆုံး စုန့်ချန်ရှုနှင့် ကျန့်ကျားဟယ်အား ဆွဲတင်လိုက်သည်။ အချိန်ချွေတာရန်အတွက် သန်မာသောလူသည် ကျန့်ယွင်၏နည်းအတိုင်း တွယ်တက်လိုက်ပြီး ထို့နောက် ဆံပင်ရှည်အမျိုးသမီးအား ကူညီရန် ပြန်လှည့်လိုက်သည်။


သန်မာသောလူနှင့် ကျန့်ကျားဟယ်၏ အကူအညီဖြင့် အမျိုးသမီးအား ကြိုးဖြင့် ဖြည်းညှင်းစွာ ဆွဲတင်လိုက်၏။


သူမသည် ကြိုးကို လွှတ်ပြီး ၀ရံတာပေါ်သို့ လှမ်းတက်ခါနီးတွင်သူမ၏ခြေထောက်အား ရုတ်တရက်တစ်စုံတစ်ယောက်မှ ဆွဲလိုက်၏။ သူမသည် ဟန်ချက်ပျက်သွားကာ တစ်ကိုယ်လုံးနောက်သို့ လန်ကျသွားပြီး ပြုတ်ကျလုနီးပါးပင်။ ကံကောင်းစွာဖြင့် သန်မာသောလူသည် အလျင်အမြန် တုံ့ပြန်လိုက်၏။ သူသည် သူ့ကိုယ်တစ်၀က်ကို ၀ရံတာ၏လုံခြုံသောနေရာမှ အပြင်ဘက်သို့ထုတ်ပြီး သူမ၏ လက်ကောက်၀တ်ကို လှမ်းဆွဲလိုက်၏။  


သူတို့နှစ်ယောက်စလုံးသည် တစ်ချိန်တည်းမှာပင် ခပ်တိုးတိုးညီးညူလိုက်ကြ၏။ အမျိုးသား၏နံရိုးသည် လသာဆောင်ကျောက်တုံး၏အစွန်းနှင့် တိုက်မိပြီး ပြင်းပြင်းထန်ထန်နာကျင်သွားစေသည်။ ဆံပင်ရှည်အမျိုးသမီး၏ လက်ကောက်၀တ်သည် အဆွဲခံလိုက်ရပြီး အနည်းငယ် ဆုတ်ပြဲသွားသည်။ ၎င်းသည် အဆစ်လွဲသွားသလား ကျိုးသွားသလား သူမ မသိတော့ပေ။ နာကျင်မှုကြောင့် သူမ ဖြူဖျော့သွားလေသည်။ သို့သော် သူမ၏နှုတ်ခမ်းကို ကိုက်ကာ အသံမထွက်စေခဲ့ပေ။ 


အခြေအနေအား ကျန့်ကျားဟယ် မြင်လိုက်သောအခါ ကူညီရန် အပြေးသွားလိုက်ပြီး တခြားလူတစ်ယောက် တွယ်တက်ရန် ကြိုးစားနေသည်ကို ‌တွေ့လိုက်ရသည်။


ဆံပင်ရှည်အမျိုးသမီးအား ဆွဲချသူမှာ ဖုတ်ကောင်တစ်ကောင်မဟုတ်ပေ။ သက်လတ်ပိုင်းလူသာဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကပ်ဆိုးထဲကျနေသည်ကိုတွေ့ပြီး သူသည် ချက်ချင်းသူတို့နောက်သို့ ပြေးသွားကာ ဖုတ်ကောင်အများကြီးသည် သူ့နောက်မှ လိုက်လာနေကြသည်။ အလျင်စလိုထြင့် သူသည် ဆံပင်ရှည်အမျိုးသမီးအားအောက်သို့ဆွဲချပြီး သူ့ကိုယ်သူ လသာဆောင်ပေါ်သို့ တွယ်တက်လေသည်။


“ ကူညီပါ၊ ဖုတ်ကောင်တွေ ငါ့နောက်မှာ၊ မြန်မြန် ငါ့ကို ဆွဲတင်ပေးပါ ”


သက်လတ်ပိုင်းလူသည် ကျယ်လောင်စွာ အော်‌ဟစ်လေသည်။ ဆံပင်ရှည်အမျိုးသမီးအားဆွဲချပြီးနောက် သူသည် ခုန်ပြီး ကြိုးကို ဖမ်းဆုပ်လိုက်ကာ ဖားတစ်ကောင်ကဲ့သို့ ကားယားကားယားဖြင့် လသာဆောင်ပေါ်သို့ တွယ်တက်ရန် ကြိုးစားလေသည်။


Adrenaline များ၏တွန်းအားကြောင့်ဖြစ်နိုင်သည် သူတကယ်ကို သူ့ကိုသူဆွဲတင်နိုင်ခဲ့သည်။ သူသည် လသာဆောင်အစွန်းသို့ ခိုင်ခိုင်မာမာ ကိုင်လိုက်မိပြီး သူ့ညာခြေထောက်ကို အောက်ထစ်သို့ ဆွဲကန်တက်လေသည်။ သူ လသာဆောင်ပေါ်သို့ လှိမ့်၀င်လိုက်သည့်နှင့် သူ့ခေါင်းအား အေးစက်စက် မာကျောသောအရာတစ်ခုထိနေခဲ့သည်။


သူသည် ခေါင်းကိုလှည့်ပြီး တုန်တုန်ယင်ယင်ဖြင့် ကြည့်လိုက်၏။ လရောင်အောက်တွင် ကျန့်ယွင်သည် သူ့အရှေ့တွင်ရပ်နေပြီး သူ့လက်ထဲတွင် ပစ္စတိုတစ်လက်ကိုင်ထားလေသည်။ ပြောင်း၀သည် သူနားထင်ကို ချိန်ထားလေသည်။


“ဆင်းသွား”


သက်လတ်ပိုင်းလူ၏ နဖူးသည် ချွေးအေးများဖြင့် ဖုံးသွားကာ သူသည် အလျင်အမြန် ရုပ်ဆိုးသောအပြုံးတစ်ခုဆွဲထုတ်ပြီး 


“ တကော...စကားနဲ့ပြောကြရအောင်၊ စကားနဲ့ပြောကြရအောင် ”


“ ဆင်းသွား ငါ့ကို နောက်တစ်ခေါက် မပြောရစေနဲ့ ”


ကျန့်ယွင် သေနတ်၏လုံခြုံရေးကိုဖယ်လိုက်ကာ မောင်းပေါ်တွင် သူ့လက်ကို ထားလိုက်၏။ သူ့စကားများထဲတွင် ခြိမ်းခြောက်မှုများ စီးဆင်းနေလေသည်။


သက်လတ်ပိုင်းလူ၏ ခြေထောက်များသည် အနည်းငယ် တုန်ယင်နေလေသည်။ သူ့အောက်သို့ ကြည့်လိုက်သောအခါ အောက်ခြေ စားသောက်ဆိုင်ရှေ့တွင် ဖုတ်ကောင် လေးကောင် ငါးကောင်ခန့် စုဝေးနေကြလေသည်။ ၎င်းတို့သည် လက်များကို ဆန့်ထုတ်ကာ အစား အစာကိုဖမ်းရန် လေထဲသို့ ဆန့်တန်းနေကြသည်။


လမ်းမရှည်ကြီးပေါ်တွင်လည်း ဤဘက်သို့ လျှောက်လာနေသောအရိပ်များစွာ ရှိနေသည်။ သူခုန်ဆင်းပါက သူသေချာပေါက်ကို မရှုမလှဖြင့် သေဆုံးလိမ့်မည်။ 


သူသည် သူ့ကိုယ်သူ နှစ်သိမ့်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပြီး သေနတ်အား အတုဟု တွေးလိုက်သည်။သေနတ်ကိုင်ဆောင်ခြင်းကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားချိန်မှာ သာမာန်လူတစ်ယောက်ရဲ့လက်ထဲမှာ ဘယ်လိုများ သေနတ်အစစ်ရှိနိုင်ပါ့မလဲ။ လူထွားကြီးက သူ့ကို သေနတ်အတုနဲ့ ခြောက်လှန့်ချင်နေတာပဲဖြစ်ရမယ်။ 


‌နှုတ်ခမ်းများ ပေါ်တွင်‌အေးစက်စက်အပြုံးတစ်ခုနှင့် ကျန့်ယွင်သည် ဆံပင်ရှည်အမျိုးသမီးအား ဖမ်းမိလုနီးပါးဖြစ်နေသည့် ဖုတ်ကောင်အားချိန်လိုက်ပြီး မောင်းအားဆွဲလိုက်လေသည်။


ဘန်းဟူသောအသံနှင့်အတူ ဖုတ်ကောင်သည် ၎င်း၏ခေါင်းအလယ်တွင် သွေးလွှမ်းနေသောအပေါက်တစ်ခု ဖြစ်သွားလေသည်။ နောက်ထပ် အသံတစ်ခုမှ ထွက်မလာတော့ဘဲ ၎င်းသည် တိုက်ရိုက် လဲကျသွားလေသည်။


“ ဆင်းသွား ”


ကျန့်ယွင်သည် သေနတ်အားပြန်လှည့်ကာ သူ့အား တတိယအကြိမ်ပြောလိုက်၏။ 


သက်လတ်ပိုင်းလူသည် ‌သူ့ခြေလက်များ ထုံကျင်သွားပြီး ခုန်ချကာ တုန်တုန်ယင်ယင်ဖြင့် သူမြန်နိုင်သမျှ မြန်မြန်ပြေးသွားလေ၏။ 


ဒုတိယထပ်ရှိ လသာ‌ဆောင်၏ ပြတင်းပေါက်သည် အလွန်ကျဉ်းမြောင်းကာ တစ်ကြိမ်လျှင် ‌တစ်ယောက်သာ၀င်ဆံ့နိုင်သည်။ ယခုလေးတင် သက်လတ်ပိုင်းလူသည် နေရာအများစုကို သိမ်းပိုက်ထားသောကြောင့် ဆံပင်ရှည်အမျိုးသမီးနှင့် သန်မာသောလူသည် အဝေးထောင့်လေးတွင် ဖျစ်ညစ်နေခဲ့ကြရသည်။ သန်မာသောလူ၏ အလွန်သန်မာသောလက်မောင်းခွန်အားကြောင့်သာမဟုတ်ပါက ဆံပင်ရှည်အမျိုးသမီးသည် ယခုအချိန်ထိ ရပ်တည်နေဖို့ နည်းလမ်းရှိမည်မဟုတ်ချေ။ 


သက်လတ်ပိုင်းလူ ဆင်းသွားပြီးနောက် ဆံပင်ရှည်အမျိုးသမီးသည် လသာဆောင်ပေါ်သို့ ကျန့်ကျားဟယ်၏အကူအညီဖြင့် တွယ်တက်နိုင်သွားသည်။


ပြတင်းပေါက်ကို ပိတ်ပြီးနောက် လသာဆောင်၏တံခါးကို ဖွင့်ကာ အခန်းထဲသို့လျှောက်သွားလိုက်ကြသည်။


သို့သော်လည်း တံခါးဖွင့်လိုက်သည်နှင့် သူတို့မြင်လိုက်ရသည့်အရာကြောင့် လူတိုင်းထိတ်လန့်သွားကြသည်။ အခန်းထဲတွင် ကောင်ငယ်လေးတစ်ယောက်သည် အနက်ရောင်ကြောင်လေးတစ်ကောင်အား ပိုက်ထားပြီး အခန်း၏ထောင့်ရှိ စားပွဲအောက်တွင် ပုန်းနေကာ ကြီးမားသော မျက်လုံးနက်နက်လေး နှစ်စုံသာလျှင် ပြထားလေသည်။


“အမ်၊ ကလေး မင်းရဲ့မိဘတွေ ဘယ်မှာလဲ ”

  

ကျန့်ကျားဟယ်သည် တိတ်ဆိတ်နေသည်ကို ဦးဆောင်ချိုးဖျက်လိုက်ပြီး သူ့မျက်နှာတွင် အပြုံးတစ်ခုနှင့် ကောင်းလေးဆီသို့ လျှောက်သွားလေ၏။ 


ကလေးသည် ထောင့်တွင် ကျုံ့နေပြီး ခေါင်းကို ညင်ညင်သာသာခါလိုက်၏။


“အစ်ကိုတို့နဲ့ အစ်မက ဒီမှာ နားချင်လို့၊ မင်းအဆင်ပြေတယ်လို့ထင်လားဟင် ”

  

ကလေးသည် ခေါင်းလေးငုံ့ကာ စဉ်းစားလိုက်ပြီး နူးနူးညံ့ညံ့လေး ခေါင်းညိတ်လာ၏။


ထို့နောက် သူတို့သည် အခန်းထဲသို့ အတူတကွသွားလိုက်ကြကာ လသာဆောင်တံခါးကို ပိတ်လိုက်၏။


ကျန့်ယွင်သည် အခန်းအား လှည့်ပတ်ကြည့်လိုက်သောအခါ အိပ်ယာတစ်ခု၊ ဆိုဖာတစ်ခု၊ TVတစ်လုံး၊ အ၀တ်ဘီရိုတစ်ခုနှင့် စားပွဲတစ်လုံးရှိနေသည်။ သိသိသာသာပင် အိပ်ခန်းတစ်ခုဖြစ်လေသည်။ ဟော်တယ်၏ပိုင်ရှင်သည် ဤနေရာတွင် နေခဲ့ခြင်းဖြစ်ပုံရသည်။


ထိုအချိန်တွင် အခန်းတံခါး၏ အပြင်ဘက်မှ အသံတစ်ခု ရုတ်တရက်ထွက်လာ၏။


ကျန့်ကျားဟယ် တစ်ခဏမှ တုံ့ဆိုင်းသွားပြီး အခြေအနေအား သွားပြီးစစ်ဆေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သို့သော် သူ့လှည့်လိုက်သောအခါ သူ့ဘောင်းဘီခြေထောက်သည် ရုတ်တရက် အဆွဲခံလိုက်ရသည်။ သူငုံ့ကြည့်လိုက်သောအခါ မမျှော်လင့်ဘဲ ကောင်ငယ်လေးဖြစ်နေ၏။


ကောင်ငယ်လေးသည် သူ့အား ခေါင်းခါပြကာ တံခါးနှင့်အဝေးမှာနေစေချင်သည့်ပုံပေါ်သည်။


အပြင်ဘက်ရှိ ပြေးလွှားပြီး မညီမညာဖြစ်နေသောအသံများကို နားထောင်ပြီး ဖုတ်ကောင်တစ်ကောင် တံခါးအား ထုနေသည်ဖြစ်ကြောင်း ကျန့်ကျားဟယ် ထင်လိုက်သည်။ 


“မေမေ...အိပ်ပျော်တယ်...မေမေ ငိုတယ်...မေမေနိုးလာပြီး...ကိုက်တယ် ဖေဖေ...ဖေဖေသားကိုစောင့်ဖို့ပြောတယ်...ထွက်လို့မရဘူး...”


ကောင်ငယ်လေးသည် သုံးနှစ်ခန့်သာရှိသေးပြီး စကားကို သွက်အောင်မပြောနိုင်သေးပေ။ သို့သော် ကျန့်ယွင်သည် သူ၏စကားအပိုင်းအစများကို စုစည်းကာ ယေဘုယျကောက်ချက်တစ်ခုဆွဲလိုက်၏။ 

  

ကောင်လေး၏ မိဘများသည် စားသောက်ဆိုင်၏ပိုင်ရှင်များ ဖြစ်နိုင်သည်။ သူ့အမေသည် သွေးလွှမ်းလ၏ ည၌ ပြင်းထန်‌သော အဖျားဖြင့် သေဆုံးသွားခဲ့သည်ဖြစ်နိုင်သည်။ ထို့နောက် ခန္ဓာကိုယ်သည် ပြောင်းလဲသွားပြီး သူ့ယောက်ျားကို ကိုက်ခဲ့သည်။ သူမသေခင် ကောင်လေး၏အဖေသည် သူ့အတွက် အစားအစာတချို့ထားခဲ့ပြီး တံခါးကို သူ့အနောက်တွင် သော့ခတ်ထားခဲ့သည်ဖြစ်မည်။


ယခု တံခါးအပြင်ဘက်တွင် ‌ကောင်လေး၏ ဖုတ်ကောင်ဖြစ်သွားသောမိဘများ အလွန်ဖြစ်ဖို့ များသည်။

  

ကျန့်ယွင်သည် တံခါးဖွင့်ပြီး ဖုတ်ကောင်များကို သတ်မည့်အကြံအား ဖယ်ရှားလိုက်၏။ အောက်ထပ်ရှိ ဖုတ်ကောင်များ လူစုခွဲသွားပြီးနောက် သူတို့လာခဲ့သည့်လမ်းအတိုင်း သူတို့ ထွက်သွားနိုင်ဆဲဖြစ်သည်။ ကောင်လေး၏မိဘများ ဤနေရာတွင် ဆက်ပိတ်ထားစေလိုက်မည်။


“မြောင်”


ကြောင်လေးသည် အသံသေးသေးလေးပြုလာ၏။ 


ကောင်ငယ်လေးသည် သူ့အိတ်ကပ်ထဲမှ အမဲသားတောက်တောက်အပိုင်းအစလေးအားထုတ်လိုက်ပြီး ကြောင်လေးအား ၎င်း၏လက်သည်း လေးများထဲတွင်ကိုင်ထားစေလိုက်ပြီး သူ့ကလေးသွားလေးများဖြင့် တတိတိကိုက်စား နေလိုက်၏။



ဘာသာပြန်သူမှာပြောစရာရှိပါတယ်။ 


ရူးကြောင်ကြောင် အဖွဲ့လေးရဲ့ အဖွဲ့၀င်အသစ်လေးတွေပေါ်လာပါပြီ *\0/*