အခန်း(၃၁) 《သူတို့က စုံတွဲတစ်တွဲ 》
Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク
အစားအစာကိုကြည့်ပြီး တခြားသူများသည် တစ်ခါတည်းဗိုက်ဆာလာကြတော့သည်။ အထူးသဖြင့် အားလုံးက စွမ်းရည်အသုံးပြုသူများဖြစ်သည့် ကျန့်ယွင်၏အဖွဲ့ဖြစ်သည်။ သူတို့သည် သူတို့၏စွမ်းရည်များကို အလွန်အကျူးသုံးခဲ့ကြရသည်။ ယခု သူတို့အစားအစာကိုမြင်သောအခါ သူတို့အစာအိမ်များထဲမှ နာကျင်လာတဲ့အထိ ဗိုက်ဆာလာကြတော့သည်။
ကလေးလေးသည် အစ်ကိုကြီးများနှင့် အစ်မတို့ ဒုက္ခရောက်နေသည်ကို သတိထားမိပြီး သူ့ခေါင်းလေးကို ငုံ့ကာ သူ့အိတ်ကပ်ထဲမှ အမဲသားတောက်တောက်အနည်းငယ်ကို ထုတ်ယူလိုက်သည်။ သူသည် သူ့လက်သေးသေးနှင့် သူတို့အား ကမ်းပေးလာခဲ့ပြီး
“ကောကော....မင်းစားချင်လားဟင် ”
သူတို့ ဘယ်လိုများ ကလေးတစ်ယောက်ရဲ့ဝေစုကိုစားနိုင်မှာလဲ, အထူးသဖြင့် ရွေ့လျားနိုင်သော ဂိုထောင်ကြီးတစ်ခုဖြစ်သည့် စုရွေ့ကျယ်ပင်ဖြစ်သည်။
“မဟုတ်ပါဘူး၊ မင်းဘာသာမင်း စားနိုင်ပါတယ် ”
စုရွေ့ကျယ်ရယ်မောကာ ကလေး၏လက်ကလေးအား ပြန်တွန်းလိုက်၏။ သူ သူ့အိတ်ကိုပုတ်ပြလိုက်ပြီး “ကောကော မှာလည်း တချို့ရှိပါတယ်”
စုရွေ့ကျယ်သည် ကလေးများနှင့်ရင်ဆိုင်ရချိန်တွင် အလွန်နူးညံ့သိမ်မွေ့၏။ ဤ ချစ်စရာကလေးလေးသည် ချစ်စရာ စုချန်ကွမ်းလေးကို သူ့အား ပြန်မှတ်မိစေသည်။
ကလေးသည် မျက်မှောင်ကျုံ့ကာ သူ့လက်ကလေးအား ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပြီး အတော်လေးစိတ်ဆိုးသွားသလို ခံစားနေရ၏။
စုရွေ့ကျယ်သက်ပြင်းချကာ သူ့အိတ်ကပ်ထဲသို့နှိုက်ပြီး ချောကလက် အပိုင်းလေးတစ်ခုကိုဆွဲထုတ်လိုက်ပြီး “ဒါဆို ကောကောက မင်းကို ဒါနဲ့ အလဲအလှယ်လုပ်လို့ရမလား ”
ကောင်ငယ်လေး၏ မျက်လုံးများတောက်ပလာကာ တစ်ခါတည်းခေါင်းညိတ်ပြလိုက်ပြီး ချောကလက်အတွက် အမဲသားတောက်တောက်နှင့် အလဲအလှယ်လုပ်လိုက်၏။
ထိုအမဲသားတောက်တောက်အခြောက်များသည် အစားအိမ်အား လုံး၀ဖြည့်ရန်မလုံလောက်ပေ။ သို့သော်လည်း သူ၎င်းကိုမစွန့်လွှတ်လိုက်နိုင်ပေ။ သူ တိုက်ရိုက်ပင် သူ့ပါးစပ်ထဲသို့ပစ်ထည့်လိုက်ကာ နှစ်ကြိမ်မျှ ဝါးစားလိုက်၏။ ၎င်းသည် အတော်လေးအရသာရှိ၏။
ထို့နောက်သူ ချောကလက်ချောင်းအနည်းငယ်ကို သူ့အိတ်ကပ်ထဲမှ ထုတ်ယူလိုက်ကာ ကျန့်ယွင်အားပေးလိုက်၏။ သူ့အင်္ကျီအိတ်ကပ်များသည် အလွန်သေးငယ်ကြသည်။ သူ့တိတ်ကပ်ထဲမှ တခြားအရာများပိုထုတ်လိုက်ပါက မေးခွန်းများအလွန်မြင့်တက်လာနိုင်သည်။ နောက်ဆုံးမှာတော့ အပြင်လူများရှိနေသေးသည်လေ။
ထို့ကြောင့် စုရွေ့ကျယ်သည် စားစရာအချို့နှင့် ခင်းဖို့ဖျာတစ်ခု သူတို့အထွက်ထားခဲ့ဖို့ ရည်ရွယ်လိုက်သည်။ အပြင်ဘက်ရှိ ဖုတ်ကောင်များ အစုခွဲသွားကြပြီးနောက် သူတို့ထွက်သွားနိုင်ပြီး သူတို့ပြန်ရောက်သည့်အခါ စားချင်သည့်အရာများကို သူတို့စားနိုင်သည်။
သူ့အဖွဲ့သည် မည်သည့်အမြင်မှ မရှိကြပေ။ သူတို့သည် ချောကလက်ချောင်းများကိုယူလိုက်ပြီး တိုက်ရိုက်ပင် စားလိုက်ကြ၏။
စုရွေ့ကျယ် ချောကလက်တစ်ချောင်းကိုသာ ဆံပင်ရှည်အမျိုးသမီးနှင့် သန်မာသာလူအားကမ်းပေးလိုက်သောအခါ ဆံပင်ရှည်အမျိုးသမီးသည် ငြင်းဆန်လိုက်၏။
“ငါ့အတွက် အစားအစာကို မဖြုန်းတီးပါနဲ့....”
အမျိုးသမီးသည် သန်မာသောအမျိုးသား၏လက်များကြားတွင်ထိုင်နေပြီး ၀မ်းနည်းစွာရယ်ရင်း စုရွေ့ကျယ်အားခေါင်းခါပြလိုက်၏။ သူမသည် သူမဘောင်းဘီ ခြေထောက်ကို သူမအားနေသောလက်ဖြင့်လှန်တင်လိုက်ပြီး သူမ၏ခြေထောက်ဖြူဖြူတွင် ကုတ်ခြစ်ရာသုံးခုရှိနေ၏။ ၎င်းသည် သူမလေထဲတွင် တွဲလောင်းဖြစ်နေစဉ် ဖုတ်ကောင်တစ်ကောင်ဆွဲမိခြင်းကြောင့် ဖြစ်ခဲ့ခြင်းဖြစ်သည်။
“အရင်က ကျွန်မတို့ပြောခဲ့တာကို လုပ်နိုင်တော့မယ်မထင်ဘူး။ အားလျန်က အဲ့အကြောင်းကိုသိပါတယ်။ သူရှင်တို့ကို အဲ့ဒီကိုခေါ်သွားပေးလိမ့်မယ်”
သူမသည် သူမ နောက်ရှိလူ၏လက်မောင်းအားပုတ်လိုက်၏။ သူသည် သူမပြောခဲ့သည့်အကြောင်းအရ အားလျန် ဖြစ်နိုင်သည်။
အမျိုးသမီး၏ မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ဖြူလာပြီး သူမ၏နဖူးမှ ချွေးများစီးကျလာခဲ့သည်။ သူမ၏ကိုယ်ထဲသို့ ရောဂါပိုး၀င်သွားသည်မှာ ရှင်းလင်းနေပြီး စတင်ပျံ့နှံနေပြီးဖြစ်သည်။
“ရှောင်ကျင်း....”
ကျန်းရှို့လျန် ပထမဆုံးအကြိမ်အဖြစ် သူ့ပါးစပ်ကိုဖွင့်လာ၏။ သူ့အသံသည် အလွန်နက်နဲပြီး ဩရှနေကာ သူမျက်လုံးများသည် အတော်လေးနီရဲနေ၏။
“အသက်ရှင်ပါ၊ ငါ့ကိုကတိပေး၊ အသက်ရှင်ပါ”
ဝူကျင်းသည် လက်ဆန့်ကာ နက်နဲသောခံစားချက်များကိုပြနေသည့် ကျန်းရှို့လျန်၏မျက်နှာအားထိလိုက်၏။
သူတို့သည် စုံတွဲတစ်တွဲဖြစ်ကြောင်းပေါ်လာလေသည်။ သူ ထိုအန္တရာယ်များလှသောအခြေအနေမှာ သူဒဏ်ရာရသွားနိုင်လျှင်တောင် အမျိုးသားသည် သူမအားကယ်တင်ရန်ကြိုးစားသည်မှာ အံ့ဩစရာမရှိတော့ချေ။
ကျန်းရှို့လျန် သည် အသံတိတ်နေသော်လည်း သူ့လက်များသည် ဝူကျင်းအား တင်းကြပ်စွာ ပိုက်ထွေးထားလေသည်။
ဝူကျင်းသည် အတင်းအကြပ်ပြုံးကာ သူမ၏လည်ပင်းတွင်ဆွဲထားသော XXX car ဟု ရေးထားသောအလုပ်ကတ်ကို ဖြုတ်လိုက်ပြီး
“ဆိုင်ထဲမှာ အရံစွမ်းအင်အထောက်အပံ့တစ်ခုရှိတယ်။ ဒါက တံခါးကတ်။ ထိလိုက်တာနဲ့ ရှင်တို့ဖွင့်လို့ရတယ်။ သော့တွေက ကျွန်မရဲ့ ရုံးသုံးဗီရိုရဲ့အံဆွဲထဲမှာ။ ရှင်တို့ ကားတစ်စီးကို ယူပြီးရင် တကယ်လို့ အဆင်ပြေမယ်ဆိုရင် အားလျန်ကို ရှင်တို့နဲ့အတူခေါ်သွားပေးနိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ်။ သူက ကြံ့ခိုင်ရေးနည်းပြတစ်ယောက်ပါ။ သူ တိုက်ကွမ်ဒိုကိုအချိန်ခဏလောက်သင်ယူခဲ့ဖူးပြီးတော့ သူက အဲ့နေရာမှာ တော်နေဆဲပါ။ သူက ကူညီဖို့ သင့်တော်နိုင်ပါတယ်။ ဒါပေါ့ တကယ်လို့အဆင်မပြေရင် ဒါဆို သူ့အတွက် ကားတစ်စီးချန်ထားခဲ့ပေးပါ။”
သူတို့သည် ဝူကျင်းနှင့်တခြားသူများနှင့် လမ်းခွဲသွားကြရန် စီစဉ်ထားခဲ့သည်။ ဝူကျင်းသည် သူတို့ဆိုင်ထဲမှ ကားများကိုယူရန် ကမ်းလှမ်းခဲ့သည်။ သူမသည် နိုင်ငံခြား မော်တော်ကားဘရန်းတစ်ခု၏ 4S ဆိုင်မှ အရောင်းမန်နေဂျာတစ်ယောက်ဖြစ်သည်။ ထိုတံဆိပ်၏ အကျော်ကြားဆုံး မော်တော်ကားများမှာ Off-road ကား (လမ်းကြမ်းသုံးတောင်တက်ကားများ) များဖြစ်သည်။ ကားများသည် ထူထဲပြီးမာကျောသောသံမဏိပြားများနှင့် ပြုလုပ်ထားကာ အလွန်ခိုင်ခံ့ပြီး သန်မာကြသည်။
ဝူကျင်း၏4Sဆိုင်သည် ဟော်တယ်နှင့် သိပ်မဝေးပေ။ ဆိုင်ထဲတွင် စမ်းသပ်နိုင်သောကားများရှိပြီး တခြားကားများသည် ဂိုထောင်ထဲတွင်ရှိသည်။ သူမ၏လက်ထဲတွင် သော့အားလုံးရှိနေသည်။ သူမ 4Sဆိုင်သို့ရောက်သောအခါ သူမကားတစ်စီးကိုယူပြီး တခြားကားများကို သူတို့ဆန္ဒရှိသလိုအသုံးပြုနိုင်သည်။
သူမ၏ကမ်းလှမ်းချက်သည် ကျန့်ယွင်အား အလွန်ပျော်ရွှင်သွားစေသည်။ ထို off-roadကား တံဆိပ်သည် အလွန်ကောင်းမွန်သည်။ အနာဂါတ်တွင် စီရင်စုထဲမှ မောင်းထွက်သွားဖို့ သူတို့စီစဉ်ထားပါက လုံခြုံသောကားသည် သူတို့၏ခရီးစဉ်အတွက် အတော်လေး အထောက်အကူဖြစ်စေလိမ့်မည်။ စုရွေ့ကျယ်ကြောင့် ကျန့်ယွင်လည်း ပစ္စည်းများစုဆောင်းခြင်းကို စွဲလမ်းလာခဲ့သည်။ ဤအခြေအနေတွင် ကားကိုစွန့်ပစ်ရန် လိုအပ်ချက်တစ်ခုသည်ပင် နောင်တရစရာမရှိနိုင်တော့ချေ။ အရေးအကြီးဆုံးမှာ ဤအချိန်တွင် ကျန့်ယွင်သည် သူမပေါ်တွင် အမြင်ကောင်းတစ်ခုရှိနေခဲ့ပြီဖြစ်သည်။ သူမသည် ဆင်ခြင်တုံတရားရှိပြီး လျင်မြန်စွာ စဉ်းစားတွေးခေါ်နိုင်သူတစ်ယောက်ဖြစ်ကြောင်း သူခံစားမိသည်။ သူမသည် မည်သည့်ပြဿနာမှ မဖြစ်စေခဲ့ပေ။ ထို့ကြောင့် သူမသည် သူတို့အား သူမနှင့်ခေါ်သွားရန် ကတိပေးခဲ့သည်။
“လူကြီးမင်း ကျွန်မကို သေနတ်နဲ့ အဆုံးသတ်ပေးဖို့ ရှင့်ကို ဒုက္ခပေးလို့ရမလား။ ကျွန်မ ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးတစ်ကောင်မဖြစ်ချင်ဘူး ”
ဝူကျင်းသည် သူမ၏မျက်နှာအား ကြမ်းတမ်းစွာ ပွတ်သပ်လိုက်ပြီး သူမ၏ပေပွနေသောmakeupများကို သုတ်လိုက်ပြီး သူမ၏ဖြူဖျော့နေသောသွင်ပြင်ပေါ်လာလေသည်။ သူမသည် လှလှပပသေဆုံးချင်ခဲ့သည်။
“မဟုတ်ဘူး ”
ကျန့်ယွင်သည် တုန့်ဆိုင်းခြင်းမရှိဘဲ သူမအားငြင်းလိုက်၏။
“မင်းသေဖို့မလိုအပ်ပါဘူး ”
ကျန့်ယွင်၏ ငြင်းဆန်မှုကိုကြားပြီး ဝူကျင်း၏မျက်လုံးများထဲရှိ အလင်းရောင်သည် ရုတ်တရက်မှိန်ကျသွား၏။ သို့သော် သူ့နောက်စကားကြောင့် သူမ၏စိတ်ထဲရှိ မုန်တိုင်းသည် ထွက်ခွာသွားတော့သည်။
“မင်း ဘာကိုဆိုလိုတာလဲ ”
ထိုအချက်တွင် ကျန်းရှို့လျန်ပင် သူ့ပါးစပ်ကို မဖွင့်လာဘဲမနေနိုင်တော့ပေ။
ကျန့်ယွင်သည် ရှင်းပြရန် အလွန်ပျင်းနေခဲ့သည်။ ထို့ကြောင့် ကျန်ကျားဟယ်အား တစ်ချက်ကြည့်လိုက်၏။
ကျန့်ကျားဟယ်သည် သူ့ကိုယ်ပိုင်အတွေ့အကြုံကို စတင်ပြောလာပြီး သစ်သားကုတင်အား သူ့လက်တစ်ဖက်တည်းနှင့်မြှောက်ပြလိုက်ပြီး သူ့စွမ်းရည်ကို သရုပ်ပြလိုက်၏။
ဝူကျင်း၏ ဘ၀အတွက်မျှော်လင့်ချက်အသစ်ဖြစ်ပေါ်လာသည်ကိုမြင်ပြီး စုရွေ့ကျယ်သည် ချောကလက်ချောင်းအား သူမကို ပြန်ပေးလိုက်ပြီး သူမ၏ခွန်အားကိုဖြည့်တင်းရန်ပြောလိုက်၏။ ရောဂါပိုးအားတိုက်ခိုက်သောဖြစ်စဉ်သည် လွယ်ကူလိမ့်မည်မဟုတ်ပေ။
ဤတစ်ကြိမ်တွင် ဝူကျင်းသည် မငြင်းတော့ပေ။ သူမသည် ချောကလက်ချောင်းအားယူလိုက်ပြီး စားလိုက်၏။
တစ်ခဏကြာပြီးနောက် သူမ၏ကိုယ်သည် ပိုပူလာပြီး သူမ၏ခေါင်းသည် လေးလံပြီးရင်း လေးလံလာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူမသည် တဖြည်းဖြည်းအိပ်ပျော်သွားလေ၏။
တနေ့တာသည် ပိုပြီးတောက်ပလာသည်နှင့်အမျှ ဟော်တယ်အပြင်ဘက်တွင် စုဝေးနေသော ဖုတ်ကောင်များသည် နေရောင်နှင့်အဝေးအမှောင်ထဲသို့ တဖြည်းဖြည်း ပြန်ဆုတ်ခွာသွားကြလေသည်။ သူတို့သည် ထိုသို့တောက်ပလှသော နေရောင်အောက်တွင် မလျှောက်နိုင်ကြပေ။
အဖွဲ့သားအားလုံးသည် ကြမ်းပေါ်တွင် ထိုင်ပြီး နံရံကိုမှီကာ အိပ်နေကြသည်။ ကောင်ငယ်လေးသည် ကြောင်ကလေးအားဖက်လျက် စားပွဲအောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။
ကျန်းရှို့လျန်တစ်ယောက်တည်းသာလျှင် နိုးနေခဲ့သည်။ ဘေးပတ်လည်ကိုရှာကြည့်လိုက်ပြီး အိမ်သာခန်းထဲမှ ပုဝါတစ်ခုကိုရှာတွေ့လိုက်၏။ ၎င်းကို ရေစွတ်ပြီးသောအခါ သူသည် သူမအားအေးသွားစေရန် ကူညီဖို့ ဝူကျင်း၏ချွေးများကို ထပ်ခါထပ်ခါသုတ်ပေးနေခဲ့သည်။
ဝူကျင်း၏အဖျားသည် နာရီများစွာကြာခဲ့ပြီး သူမ၏မျက်နှာသည် နာကျင်ကိုက်ခဲနေသည့်အမူအရာရှိနေပြီး သူမ၏ကိုယ်သည် တုန်ယင်နေခဲ့သည်။ သို့သော် ကျန်းရှို့လျန်သည် သူမ၏ဘေးတွင်ရှိနေပြီး သူမအား တတ်နိုင်သလောက် ပြုစုပေးနေခဲ့သည်။
ဝူကျင်းနိုးလာသောအခါ နေ့လည်ခင်းပင် ရောက်လုပြီဖြစ်သည်။ သူနိုးလာသည်နှင့် ကျန့်ယွင်သည် မျက်လုံးများပွင့်လာ၏။ သူတို့သည် အိပ်ပျော်နေကြသော်လည်း နိုးကြားနေကြဆဲဖြစ်သည်။ နောက်ဆုံးမှာတော့ ဝူကျင်းသည် ရောဂါပိုးကြောင့် အရှုံးပေးလိုက်ရနိုင်ပြီး ဖုတ်ကောင်တစ်ကောင်အဖြစ်နိုးလာနိုင်သည်လည်း ဖြစ်နိုင်သည်။
ကံကောင်းစွာဖြင့် သူမသည် အောင်အောင်မြင်မြင် နိုးလာခဲ့သည်။
“မင်းရဲ့စွမ်းရည်က ဘာလဲ။ မြန်မြန်လေးကြိုးစားကြည့်”
ကျန်ကျားဟယ်သည် သိချင်စွာ တိုက်တွန်းလေ၏။
ဝူကျင်းသည် ပထမဆုံး အတွင်းဘက်ရှိ အပိုစွမ်းအားတစ်ခုကိုခံစားမိပြီး ၎င်းကို လှုံ့ဆော်ရန် ကြိုးစားလိုက်၏။ ထို့နောက် ကျန့်ကျားဟယ်နှင့် တခြားသူများသည် ဝူကျင်း၏လက် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မမြင်ရသော မြုခိုးများအဖြစ်သာကျန်ရှိတော့သည်ကိုမြင်လိုက်ကြရ၏။
“သောက်ကျိုးနည်း သောက်ရမ်းမိုက်တယ်၊ ဒါက ပြိုကွဲနိုင်တဲ့စွမ်းရည်တစ်ခုလား ”
ကျန့်ကျားဟယ်၏မျက်နှာသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
“မင်း မင်းရဲ့ကိုယ်ကို အခိုးအငွေ့အဖြစ်ပြောင်းနိုင်တယ်။ အရမ်းအံ့ဩစရာပဲ ”
ဝူကျင်း သူမကိုယ်သူမ အနည်းငယ်ရှုပ်ထွေးနေလေသည်။ သူမသည် စွမ်းရည်များအကြောင်း အများကြီးမသိချေ။
“ခန္ဓာကိုယ်ကို မြူခိုးအဖြစ်ပြောင်းပြီး အသုံးပြုဖို့က ဘာအတွက်လဲ ”
သူမသည် ထိုစွမ်းအားက မပြင်းထန်ဘူးဟုခံစားရပြီး ထို့ကြောင့် ထိုအရာသည် အသုံးမ၀င်ချေ။
“ဒါပေါ့ အဲ့ဒါက အသုံး၀င်တာပေါ့။တစ်ယောက်ယောက်က မင်းကိုတိုက်ခိုက်တဲ့အခါ မင်းက မင်းရဲ့ကိုယ်ကို အပိုင်းပိုင်းအစစဖြိုခွဲလိုက်နိုင်တယ်။ ဒါကြောင့် သူတို့မင်းကို မရိုက်နိုင်တော့ဘူး။ ပြီးတော့ မင်းက မြူခိုးဖြစ်လာခဲ့ရင် တိုက်ခိုက်ခံရမှာကိုမကြောက်ဘဲ ဖုတ်ကောင်တွေကြားထဲမှာတောင် လွတ်လွတ်လပ်လပ်လမ်းလျှောက်နိုင်သေးတယ်။ မင်းက မင်းရဲ့ စွမ်းအားကို သတင်းတွေကိုနားထောင်ဖို့အသုံးပြုနိုင်ပြီးတော့ ဘာသဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားနိုင်တယ်လေ။ ဒါက အရမ်းကိုအသုံး၀င်တဲ့စွမ်းအားတစ်ခုပဲ ”
ကျန့်ကျားဟယ်သည် သူ့ဗဟုသုတများကို နောက်တစ်ကြိမ်ထုတ်ပြလေ၏။
ဝူကျင်းသည် သူမ၏မက်မွန်ပွင့်မျက်လုံးများဖြင့် စိုက်ကြည့်လာပြီး သူမအသုံးမ၀င်ဟုထင်ခဲ့သော စွမ်းရည်သည် မည်မျှ အသုံးပြုနိုင်သည့်အချက်များရှိနေမလဲကို သိချင်နေခဲ့သည်။
သူတို့၏နာမည်များကို ပေးခဲ့ပြီး ထို့ကြောင့်ပင် သူတို့သည် အဖွဲ့၏အစိတ်အပိုင်း သို့မဟုတ် အရေးကြီးသောလူများအဖြစ် တရား၀င် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။
သူမ၏စွမ်းရည်သည် အမှန်တကယ်ကို မိုက်ပြီး အထူးသဖြင့် အကယ်၍ သူတို့တစ်နေရာရာမှ လွတ်မြောက်ရန်လိုအပ်ပါက သူမသည် လုံခြုံသောလမ်းကြောင်းကိုရှာဖွေနိုင်သည်သာမက ရန်သူများအား တခြားနေရာသို့ အာရုံပြောင်းအောင် ကူညီပေးနိုင်လိမ့်မည်။
စာရေးသူမှာပြောစရာရှိပါတယ်။
နောက်ဆုံးတော့ ဝူကျင်းနဲ့ တခြားလူတွေကို ခေါ်လာဖို့ ဆုံးဖြတ်လိုက်တယ်... orz အဖွဲ့ဟာ အရမ်းဥာဏ်ကောင်းတယ်၊ ဝူကျင်း က ဘာအရှုပ်မှမလုပ်တတ်တဲ့ မိန်းကလေးဖြစ်ပြီး အားလျန် ကလည်း ကူလီကောင်းတစ်ယောက်ပါ~
【လမ်းမပေါ်ကပြဇာတ်ငယ်လေး】
ကျန့်ရှောင်ယွင် : လက်နက်တိုက် get, ဖြိုဖျက်ရေးအဖွဲ့ get, ရေအရင်းအမြစ် get , မီးစက် get , emmmm မင်းဘာထပ်လိုသေးလဲ။
စုရှောင်ကျယ် : ချစ်စရာကလေးလေးကို လိုချင်တယ်။
စုန့်ချန်ရှူ : ပြီးတော့ မျက်နှာဖုံးကော။
ကျန့်ကျားဟယ် :emmmm ရှေ့မှာ တစ်ခုခုရှိလား။
မုန်းဝါ (ချစ်စရာကလေးလေး) : ကောကော မင်းငါ့ကိုခေါ်သွားလို့ရမလား။ ငါက ချစ်စရာကောင်းတယ်၊ အိပ်ယာကိုနွေးပေးနိုင်ပြီး မျက်နှာဖုံးနဲ့ လာခဲ့ပါ့မယ်။
ကျီးရှန်ဝူ(ကံကောင်းစေသောမျက်နှာဖုံး) : မြောင်~
【သစ်သားဖြင့်ပြုလုပ်ထားသော ပြဇာတ်ငယ်လေး 】
နို့ကြောင် : မြောင်~
ချီကွား(ဖရဲသီးစား): ဒီကြောင်ကိုမြင်တော့ ချင်းကောက ဒီကလေးကိုကယ်တင်ဖို့ ဇာတ်ဆောင်အဖွဲ့ကိုတောင်းဆိုနိုင်မယ်ထင်တယ်။
ရှောင်နန်းဟိုင် (ကောင်လေး) : ကျေးဇူးပြုပြီး ဒိလိုထူးဆန်းတဲ့ flag ကို မတင်ပါနဲ့။
【ပြဇာတ်ငယ် ၂】
သက်ပိုင်းအမျိုးသား : ကယ်နိုင်သေးတယ်ထင်တယ်၊ မင်းတို့အဲ့ အိုတာကုကိုတောင်ကယ်ခဲ့သေးတာ ဘာလို့ငါ့ကိုကျ မကယ်ခဲ့တာလဲ။
စုရွေ့ကျယ် : မင်းဘယ်လိုသိတာလဲ။
သက်ပိုင်းအမျိုးသား : ငါ ဇာတ်ညွှန်းကို တိတ်တိတ်လေးဖတ်လိုက်တာ။
ချင်းကော(စာရေးသူစွေ့ရန်ချင်းကော) : သိလွန်းနေတယ်၊ မင်းကငါ့ကိုနှိမ့်ချနေတာလား (ကန်)
ဘာသာပြန်သူမှာပြောစရာရှိပါတယ်။
ပြဇာတ်ငယ်ကတော့ အရင်ကလို Chinese rawကနေ ပြန်ထားတာပါ။ မှားနေတာရှိရင် ခွင့်လွှတ်ပါ။ ဒီအပိုင်းမှ အဖွဲ့၀င်အသစ်တွေရောက်လာပြီနော်။ ဟီးဟီး စပွိုင်းရရင် နှစ်ယောက်ပဲလိုတော့တယ် အဲ့နှစ်ယောက်ကလည်း အရှေ့မှာ ပါပြီးသားပဲ <( ̄︶ ̄)>
ရူးကြောင်ကြောင် အဖွဲ့ထဲကို ရောက်လာတဲ့သူတိုင်းက စွမ်းရည်ရှိကြမှာ (◠‿◕)