အခန်း(၃၂)《 အဖွဲ့၀င်အသစ်များ 》
Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク
ကျန့်ယွင်တွင် ကျန့်ကျားဟယ်အား နားလည်မှုအသစ်တစ်ခုရှိလာခဲ့၏။ ဒီကလေးက တကယ့်ကိုထူးဆန်းတယ်။ သူသည် ချောမောသောစာသင်သားတစ်ယောက်ပုံစံပေါက်၏။ သို့သော် သူသည် တကယ်ကို ပွင့်လင်းပြီး ဦးတည်ချက်မရှိသောလူတစ်ယောက်ဖြစ်သည်။ သူသည် ပိန်ပါးပြီး အားနည်းသောကြက်ဖြူတစ်ကောင်နှင့်တူသည်။ သို့သော် ထိုစွမ်းရည်မျိုးနိုးထလာဆဲဖြစ်ပြီး...သူသည် ထက်မြက်သော်လည်း တခါတရံ အတော်လေးထူးခြားသည့်ပုံရှိသည်ဟု ပြော၍ရသည်။ ကျန့်ယွင် ဤသို့သောလူအမျိုးအစားကို မည်သို့အကဲဖြတ်ရမှန်းမသိတော့ချေ။
“အာ့...”
ဝူကျင်းသည် အလွန်စိတ်လှုပ်ရှားနေပြီး ဒဏ်ရာရထားသောသူ့လက်ကောက်၀တ်ကို မတော်တဆထိမိပြီးနာကျင်မှုကြောင့် မအော်မိဘဲမနေနိုင်တော့ချေ။
စုန့်ချန်ရှု၏ အထူးကုတစ်ယောက်၏ဗီဇကို သိမ်းပိုက်လိုက်ပြီး ချက်ချင်းပြောလာ၏။
“ကျွန်တော်က ဆရာ၀န်ပါ၊ မင်းရဲ့လက်ကို ကြည့်ခွင့်ပေးပါ”
ဝူကျင်းသူမ၏လက်ကိုဆုပ်ကိုင်လိုက်ပြီး စုန့်ချန်ရှုသည် ဂရုတစိုက်နှင့် သူမ၏ အင်္ကျီလက်အနားစကိုလိပ်တင်လိုက်သည်။ သူသည် မကြာခင်မှာပဲ အပြာရောင်နှင့် ခရမ်းရောင်လက်ကောက်၀တ်ကို ထုတ်ဖော်ပြလိုက်လေ၏။
ကျန်းရှို့လျန်သည် ကိုယ်ကာယာကြံ့ခိုင်ရေးနည်းပြတစ်ယောက်ဖြစ်ပြီး တိုက်ကွက်ဒိုကို အချိန်တချို့သင်ယူခဲ့ဖူးသည်။ ထို့ကြောင့် သူသည် လူ့ခန္ဓာဗေဒအကြောင်း တချို့ကို သိဆဲဖြစ်သည်။ ဝူကျင်း လသာဆောင်ထိပ်ကို တွယ်တက်ပြီးနောက် ဒဏ်ရာအနာတရများအတွက် သူမကို စစ်ဆေးပေးခဲ့သည်။ ၎င်းသည် အဆစ်လွဲသွားကြောင်း သူဆုံးဖြတ်ခဲ့၏။ ထို့ကြောင့် သူမ၏ အဆစ်ကို နေရာပြန်ကျစေရန်ကူညီခဲ့သည်။
စုန့်ချန်ရှုသည် ညင်ညင်သာသာဖြင့် သူမ၏လက်ကောက်၀တ်ကို အကြိမ်အနည်းငယ်ဖိကြည့်ပြီးနောက် ဖြည်းဖြည်းခေါင်းညိတ်လိုက်၏။
“ပြဿနာကြီးကြီးမားမားတော့မရှိတော့ဘူး။ အဆစ်လွဲတာက တည့်သွားပြီ။ ဒါပေမယ့် နူးညံ့တဲ့တစ်ရှူးက ဆိုးဆိုးရွားရွားဆုတ်ပြဲသွားပြီး ပြန်သက်သာဖို့ဆို အချိန်အနည်းငယ်လိုအပ်တယ်။”
“ကျေးဇူးတင်ပါတယ် ”
ဝူကျင်း အလျင်စလို သူ့အား ကျေးဇူးတင်စကားဆိုလိုက်၏။
စုန့်ချန်ရှု လက်ခါပြလိုက်ကာ ထို့နောက် ကျန်းရှို့လျန်အားကြည့်လိုက်ပြီး “မင်းကောဘယ်လိုနေလဲ။ မင်းရဲ့ဒဏ်ရာကိုလည်း ငါ့ကိုပြကြည့်ပါအုံး ”
“ငါ အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်”
ကျန်းရှို့လျန် သူ့ခေါင်းကို ညင်ညင်သာသာခါလိုက်၏။
“ဒီကမ္ဘာကြီးထဲမှာ တကယ်လို့ ဒဏ်ရာတွေကို အချိန်မှီမကုထားဘူးဆိုရင် နောက်ဆက်တွဲလက္ခဏာတွေက အရမ်းဆိုးလိမ့်မယ်”
စုန့်ချန်ရှုသည် ကျန်းရှို့လျန် သူဝူကျင်းကိုဆွဲတင်ရန်အပြေးသွားချိန်တွင် သူ့အဟုန်ကို ရှင်းရှင်းလင်းလင်းမှတ်မိ၍ လေးလေးနက်နက်ပြောလိုက်၏။ ကျန်းရှို့လျန် ကောင်းကောင်းကြီးကို ဒဏ်ရာရခဲ့လိမ့်မည်ဟု သူထင်၏။
ဝူကျင်းလည်း ကျန်းရှို့လျန်၏လက်ကို အလျင်အမြန်ဆွဲလိုက်ကာ ဒေါသတကြီးပြောလာ၏။
“ချက်ချင်းသူ့ကို စစ်ဆေးခွင့်ပြုလိုက်။ အဓိပ္ပါယ်မရှိတာတွေရပ်လိုက် ”
ကျန်းရှို့လျန်သည် လူထွားကြီးတစ်ယောက် ဖြစ်သည်။ သို့သော် သူ့ချစ်မြတ်နိုးရသူ၏ရှေ့၌တွင်မူ ပါပီကြီးတစ်ကောင်နှင့်တူသည်။သူသည် သူ့အင်္ကျီကို သစ်သားမျက်နှာထားနှင့် လိပ်တင်လိုက်၏။ သူ့၀မ်းဗိုက်သည် အပြာရောင် ခရမ်းရောင်များနှင့် အထူးသဖြင့် သူ့နံရိုးတဝိုက်တွင် အတော်လေး မညိီမညာဖြစ်နေသည့်ပုံရလေသည်။ ၎င်းသည် နံရိုးကျိုးသွားခြင်းဖြစ်နိုင်သည်။
“ရှင် အဆင်ပြေရဲ့လား ”
ကျန်းရှို့လျန်သည် ဤမျှအလွန်နာကျင်မှုကို တစ်ခါမျှ မကြုံဖူးပေ။ ဝူကျင်းလည်း ဒဏ်ရာသည် မည်မျှပြင်းထန်သည်ကို တစ်ခါမှ မတွေးမိခဲ့ချေ။
“ဒေါက်တာ ကျေးဇူးပြုပြီး သူ့ကို ကူညီပေးပါ....”
စုန့်ချန်ရှု ကူညီချင်သည် သို့သော် ကျွမ်းကျင်အမျိုးသမီးသည် ဆန်မရှိဘဲ ထမင်းမချက်နိုင်ချေ။ သူသည် ဆေးဝါးကိရိယာပစ္စည်းများနှင့် ဆေးများမရှိသော ဆရာ၀န်တစ်ယောက်ဖြစ်သည်။ သူ နံရိုးတစ်ချောင်းကျိုးသွားသည်ကို သိလျှင်တောင် သူမကူညီနိုင်ပေ။
စုရွေ့ကျယ်၏ နေရာလွတ်သည် ဆေးဝါးကိရိယာပစ္စည်းများနှင့်ပြည့်နေသော်လည်း သူတို့ဘယ်လို ထုတ်ယူလို့ရပါ့မလဲ။
စုန့်ချန်ရှုသည် မသိမသာဖြင့် သူ့ခေါင်းကိုလှည့်ကာ မျက်မှောင်ကျုံ့နေသော ကျန့်ယွင်အားကြည့်လိုက်၏။ သူ စုန့်ချန်ရှု ဘာဆိုလိုသည်ကို သိ၏။ သို့သော် သူ့အသင်းကို မြန်မြန်ကြီး ချဲ့ထွင်ရန် အစီအစဉ်မရှိချေ။ လက်ရှိအခြေအနေသည် အနည်းငယ်ခက်ခဲနေသည်။
ဝူကျင်းနှင့် ကျန်းရှို့လျန်တို့သည် ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးရှိကြပုံရသည်။ သူတို့ကို ဒဏ်ရာရသွားသော်လည်း သူတို့ကို ကောက်ယူပြီး ကင်တင်ခဲ့သည်။ သို့သော်လည်း ကောင်းကောင်းမွန်မွန်ထိန်းသိမ်းပြီးနောက် သူတို့လည်းပဲ မြင့်မားသောတိုက်ရည်ခိုက်ရည်ထိရောက်မှုများရှိသည်။
အဓိကအချက်မှာ ဤကလေးလေး.....
ဤကဲ့သို့သော ကလေးသေးသေးလေးတစ်ယောက်ကို သူတို့ဤနေရာတွင် ထားခဲ့ပြီး သူ့တို့တင်ပါးများကို ခါခတ်ပြီးထွက်သွားရန် သေချာပေါက်မလုပ်နိုင်ပေ! သို့သော် သူ ဤသို့သော ကလေးသေးသေးလေးကို တစ်ခါမှ မပြုစုမစောင့်ရှောက်ဖူးပေ။ သူ့ကို ပြုစုပျိုးထောင်ဖို့လုံး၀တတ်နိုင်လိမ့်မည်မဟုတ်ချေ။
သို့သော် စုရွေ့ကျယ် ကျန်ယွင်၏ တုန့်ဆိုင်းမှုကိုကြည့်ပြီး သူ့နားသို့သွားကာ လက်ကိုဆွဲလိုက်ပြီး တိတ်တဆိတ်နှင့် သူ့ထောက်ခံမှုကို ပြလိုက်၏။
ကျန့်ကျားဟယ်လည်းပဲ ထိုအချင်းအရာကိုမြင်၏။ သိသိသာသာပင် သူလည်း တူညီသောအကြောင်းအရာတစ်ခုကို တွေးနေခဲ့၏။
သက်ပြင်းတစ်ချက်နှင့်အတူ ကျန့်ယွင် မေးလိုက်ရ၏။
“မင်းတို့ အနာဂါတ်အတွက် ဘယ်လို အစီအစဉ်တွေရှိလဲ ”
“ကျွန်မတို့နှစ်ယောက်စလုံးက တခြားမြို့က၊ ပြီးတော့ ကျွန်မတို့ Sမြို့မှာ ဆွေမျိုးတွေ သူငယ်ချင်းတွေလည်းမရှိကြဘူး။ နှစ်ကုန်တဲ့အခါ ကျွန်မတို့ မွေးရပ်မြို့ကိုပြန်ပြီး လက်ထပ်ဖို့သွားချင်ခဲ့ကြတာ...ဒါပေမယ့် အခုတော့...ကျွန်မတို့ ကောင်းကောင်းမွန်မွန် နေရဖို့ပဲ လိုချင်တော့တယ်...”
ဝူကျင်းသည် ခါးသီးစွာရယ်မောလိုက်ပြီး သူတို့အားရိုးသားစွာ ကြည့်လာ၏။
“ကျွန်မက အခု စွမ်းရည်အသုံးပြုသူတစ်ယောက်လည်းဖြစ်နေပြီ။ အားလျန်က ရိုးသားပြီး အလုပ်ကြိုးစားတယ်။ ကျွန်မ...ကျွန်မတို့ ရှင်တို့နဲ့ပူးပေါင်းနိုင်မလားဆိုတာကို မသိဘူး ”
ကျန့်ယွင်သည် စားပွဲခုံစောင်းအောက်ရှိ ကြောင်ကလေးကိုဖက်ကာ ခွေခွေလေးအိပ်ပျော်နေဆဲဖြစ်သာ ချစ်စရာကောင်လေးကိုကြည့်လိုက်ပြီး နူးနူးညံ့ညံ့ပြောလာ၏။
“သူ့ကို ငါတို့နဲ့အတူ ခေါ်သွားရင်ကော ဘယ်လိုလဲ ”
ကမ္ဘာပျက်ကပ်ကြီးထဲတွင် ကလေးများသည် အလွန်ကို မတည်ငြိမ်သောအချက်တစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကလေးများနားမလည်နိုင်သည့် အရာများစွာရှိပြီး သူတို့အားထိန်းချုပ်ရန် မလွယ်ကူသဖြင့် အန္တရာယ်များသောတချို့သော အခြေအနေများသို့ ဦးတည်သွားနိုင်၍ဖြစ်သည်။
“အရမ်းကောင်းတယ်။ ကလေးလေးက အရမ်းကို သနားဖို့ကောင်းတယ် ”
ဝူကျင်းက သက်သာရာရပြီး ပြုံးလာ၏။ သူမလည်း ကလေးအတွက်စိုးရိမ်ပြီး သူ့ကိုလက်ခံရန် သူတို့အားမည်သို့ပြောရမည်ကိုတွေးနေခဲ့၏။ ယခု ဤသည်မှာ တကယ့်ကို အကောင်းဆုံး ရလဒ်ပင်ဖြစ်သည်။
ကျန့်ယွင် ခေါင်းညိတ်ပြီး ဆက်ပြောလာ၏။
“ငါတို့နဲ့ ပူးပေါင်းဖို့ မင်းတို့ကို ကြိုဆိုပါတယ်။ ငါ့နာမည်က ကျန့်ယွင်။ ငါက ရဲ၀န်ထမ်းတစ်ယောက်ဖြစ်ပြီးတော့ မြေဆွဲအားကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်အသုံးပြုသူတစ်ယောက်ပါ”
တခြားသူများလည်း သူတို့ကိုယ် သူတို့စတင်မိတ်ဆက်လာ၏။
“နိဟောင်၊ ကျွန်တော့်နာမည်က စုန့်ချန်ရှု။ ကျွန်တော်က ဆရာ၀န်တစ်ယောက်ဖြစ်ပြီးတော့ ရေစွမ်းရည် အသုံးပြုသူတစ်ယောက်ပါ”
“ကျန့်ကျားဟယ်၊ ကောလိပ်ဂျူနီယာတစ်ယောက် နဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည် ”
“ကျွန်တော့်နာမည်က စုရွေ့ကျယ်၊ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ ကျွန်တော့်ရဲ့စွမ်းရည်က ....နေရာလွတ်တစ်ခု ”
ဝူကျင်းနှင့် ကျန်းရှို့လျန်တို့သည် လုံး၀ကို ကြက်သေ သေသွားကြတော့သည်။ သူတို့၏ မိတ်ဆက်ခြင်းများသည် သူတို့အား ထိတ်လန့်သွားစေသည်။ ဤ လူလေးယောက်စလုံးသည် တကယ့်ကို စွမ်းရည်အသုံးပြုသူများဖြစ်ကြကာ အထူးသဖြင့် နောက်ဆုံးဆယ်ကျော်သက်ကလေးက နေရာလွတ်စွမ်းရည်အသုံးပြုသူတစ်ယောက်။
စုရွေ့ကျယ် လက်ဆန့်လိုက်သည်နှင့် အဖြူရောင် ဆေးသေတ္တာတစ်ခု သူတို့အရှေ့တွင် ပေါ်လာခဲ့လေသည်။
စုန့်ချန်ရှုသည် ၎င်းကိုချက်ချင်းဖွင့်လိုက်ကာ မျှော့ကြိုးတစ်ချောင်းကိုထုတ်ယူလိုက်ကာ သူ့ဒဏ်ရာပိုမိုဆိုးရွားလာသည်မှ ကာကွယ်ရန် ကျန်းရှို့လျန်ပေါ်တွင် တပ်ဆင်ပေးလိုက်၏။
စုန့်ချန်ရှုသည် ဝူကျင်း၏ဒဏ်ရာကိုဖြေရှင်းပေးရန် ပတ်တီးများကိုလည်း သုံးလိုက်၏။
“ကောင်းပြီ၊ အခု မင်းပြင်းထန်တဲ့ကိုယ်ကာယလှုပ်ရှားမှုတွေကို ရှောင်ဖို့ပဲလိုတယ်”
စုန့်ချန်ရှု ပြီးစီးသွားသောအခါ သူတို့သောက်ရန်အတွက်တချို့ဆေးများကိုရှာတွေ့ပြီး သွေးလည်ပတ်မှုကိုမြှင့်တင်ပေးပြီး သွေးထွက်ခြင်းကိုဖယ်ရှားနိုင်လိမ့်မည်။
“ကျေးဇူးတင်ပါတယ် ဒေါက်တာစုန့် ”
ဝူကျင်း ရိုးသားစွာ ကျေးဇူးတင်လိုက်၏။
“ရပါတယ်”
စုန့်ချန်ရှု ဆေးသေတ္တာကိုပြန်ခွဲခြားရှင်းလင်းလိုက်ပြီး စုရွေ့ကျယ်ဆီသို့ပြန်ကမ်းပေးလိုက်၏။
ယခု နေရာလွတ်အကြောင်း ရှင်းရှင်းလင်းလင်းပေါ်သွားပြီး စုရွေ့ကျယ် ၎င်းကိုဖုံးကွယ်နိုင်လိမ့်မည်မဟုတ်တော့ချေ။ သူ သူ့နေရာလွတ်မှ သံအိုးကြီးတစ်အိုးထုတ်ယူလိုက်ပြီး ထို့နောက် ထုပ်ပိုးထားသော ခေါက်ဆွဲခြောက်အထုပ်တစ်ဒါဇင်အပြည့်ကို ဖောက်ပြီး ပစ်ထည့်လိုက်၏။ စုန့်ချန်ရှုအား အိုးထဲသို့ရေပူထည့်ခိုင်းလိုက်ပြီး အဖုံးပိတ်လိုက်ကာ အသင့်စား ခေါက်ဆွဲချက်ခိုင်းလိုက်၏။
ငါးမိနစ်ကြာပြီးနောက် အခန်းသည် အသင့်စားခေါက်ဆွဲ၏ရနံ့နှင့်ပြည့်သွားလေပြီး အိပ်ပျော်နေသော ကောင်လေးပင် နိုးလာလေသည်။
စုရွေ့ကျယ်သည် အိုးအဖုံးကိုဖွင့်လိုက်ပြီး တူအစုံများကိုထုတ်ယူလိုက်ပြီး ၀က်အူချောင်းများ၊ ကြက်ဥပြုတ်များပါသော ခေါက်ဆွဲတစ်ပန်းကန်အပြည့် လူတိုင်းအားပေးလိုက်၏။ ဒါပေါ့ ကောင်လေး၏ဝေစုကိုလည်း မမေ့ဘဲ ကြောင်ကလေးကိုပင် ငါးတစ်ဗူးပေးလိုက်၏။
လူတိုင်းသည် ဆာလောင်နေကြပြီး အထူးသဖြင့် ဝူကျင်းနှင့် ကျန်းရှို့လျန်ပင်။ သူတို့သည် အင်တာနက်ကဖေးထဲတွင် နှစ်ရက်လောက်ပိတ်မိနေပြီး သူတို့၏ဗိုက်များကိုဖြည့်ရန် ရေသောက်ခြင်းကိုသာမှီခိုခဲ့ကြရသည်။ သူတို့သည် သူတို့ရင်ဘက်များ ကျောကိုကပ်လောက်သည်အထိ အလွန်ဆာလောင်နေခဲ့ကြသည်။ ထိုအချိန်တွင် သူတို့ အသင့်စားခေါက်ဆွဲပူပူပန်းကန်လုံးများကိုစားကြရသောအခါ သူတို့အားလုံး ပျော်ရွှင်စွာဖြင့် ငိုတောင်ငိုချင်ခဲ့ကြသည်။
ကလေးသည်လည်း ပန်းကန်တစ်လုံးကိုကိုင်ထားပြီး သူ့ခေါင်းကိုမော့မလာခဲ့ပေ။ သူ့မျက်နှာသေးသေးလေးသည် ပန်းကန်လုံးထဲသို့ မြှုပ်ထားလုနီးပါးပင်။
“မ၀ကြသေးရင် လူတိုင်း ပိုစားသင့်တယ်”
စုရွေ့ကျယ် ပြုံးလျက် ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်...”
လူတိုင်းသည် ကောင်းမွန်သောအစားတစ်နပ်ကို အတူတကွစားခဲ့ကြပြီးခေါက်ဆွဲများ အပြည့်အ၀ကို စားသောက်ခဲ့ကြသည်။
ကျန်းရှို့လျန်သည် သူတို့အတွက် ပန်းကန်လုံးများနှင့် အိုးကို ဆေးကြောရန် စေတနာ့၀န်ထမ်းလုပ်ခဲ့သည်။စုန့်ချန်ရှုသည် သဘောမတူချင်ခဲ့သော်လည်း ကျန်းရှို့လျန်သည် ပန်းကန်များဆေးကြောခြင်းက ပြင်းထန်သောက်ကာယအလုပ်မဟုတ်ကြောင်းပြောခဲ့သည်။ သူ့ နံရိုးများသာနာကျင်ပြီး သူ့လက်များအသုံးပြုခြင်းအတွက် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ချေ။
“ဒေါက်တာစုန့် ကျေးဇူးပြုပြီး သူ့ကိုခွင့်ပြုပေးလိုက်ပါ”
ဝူကျင်းသည် သူမချစ်သူ၏သဘောထားကိုသိပြီး ထုတ်ပြောလိုက်၏။
စုန့်ချန်ရှုလည်း ရွေးချယ်စရာမရှိတော့ဘဲ သူ့အား သွားခွင့်ပြုလိုက်ရ၏။
ထို့နောက် စုရွေ့ကျယ်သည် အ၀စားသောက်ခဲ့သော ကောင်လေးနှင့် စကားပြောခဲ့သည်။ ကလေး၏ ရှင်းလင်းပြတ်သားသော ဇာတ်ကြောင်းမှ သူ့နာမည်သည် ယွီသုန်သုန်ဖြစ်ကြောင်း စုရွေ့ကျယ်သိခဲ့ရပြီး သူသည် အသက်သုံးနှစ်ဖြစ်သည်။ ကြောင်ငယ်လေးသည် အိမ်နီးနားချင်း၏ အိမ်မှ ယူလာခဲ့ခြင်းဖြစ်ပြီး သူ့နာမည်သည် ရှောင်ဟေးဖြစ်၏။
“သုန်သုန် ငါတို့ မကြာခင် ထွက်သွားတော့မယ်။ မင်းငါတို့နဲ့အတူလိုက်ခဲ့ချင်လား ”
သုန်သုန်သည် အနက်ရောင်မျက်၀န်းကြီးတစ်စုံနှင့် စိုက်ကြည့်လာပြီး နူးနူးညံ့ညံ့လေးမေးလာ၏။
“ဒါဆို..မားမားနဲ့ ပါးပါးကကောဟင် ”
ကလေး၏စကားလုံးများသည် စုရွေ့ကျယ်၏နှလုံးသားအား ချဉ်စူးစူးခံစားချက်တစ်ခု ကျန်ခဲ့စေ၏။ သူသက်ပြင်းချကာ
“မားမားနဲပါးပါးက အလုပ်များနေကြဆဲမို့ ဒါကြောင့် သူတို့ငါတို့နဲ့အတူထွက်မသွားနိုင်ဘူး”
ကလေးသည် တံခါးဘက်ဆီသို့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းလေးများ စေ့စေ့ပိတ်သွားလေသည်။ သူ့ပါးပါးထွက်လာတဲ့အချိန်တုန်းက တစ်ယောက်ယောက်က လာပြီး သူ့ကိုအဝေးကို ခေါ်သွားချင်တယ်ဆိုရင် သူစည်းကမ်းတွေကိုလိုက်နာပြီး တခြားသူတွေကို ဒုက္ခမဖြစ်စေရဘူးလို့ ပြောခဲ့သည်ကို မှတ်မိသည်။
“ကောင်းပါပြီ၊ သုန်သုန် တကောတို့နဲ့ သွားမယ်...သုန်သုန် အရမ်းကိုလိမ္မာပါ့မယ်”
“ကောင်းတယ် ”
စုရွေ့ကျယ် လက်ဆန့်ကာ ကလေးလေး၏ ခေါင်းလေးကို ပွတ်ပေးလိုက်၏။ ကလေးက အရမ်းကို နာခံသဖြင့် အရမ်းကိုနာကျင်ရသည်။
ကျန်းရှို့လျန် အိုးနှင့် ပန်းကန်လုံးများဆေးကြောပြီးနောက် ပြန်ရောက်လာသောအခါ စုရွေ့ကျယ် သုန်သုန်၏ ပစ္စည်းများကိုစတင် ထုပ်ပိုးလေသည်။ သူ့အ၀တ်အစားများ၊ ဖိနပ်များ၊ နှင့် ခြေအိတ်များအားလုံးကို သိမ်းလိုက်သည်။ စားပွဲ၏ဘေးတွင် သူတို့သုံးယောက်၏ မိသားစုပုံတူများကို ရိုက်ထားခြင်းမရှိပေ။
လူများသည် အပြင်ဘက်ရှိပူပြင်းသောနေရောင် တဖြည်းဖြည်း နေ၀င်သွားသည်ကို စောင့်နေကြပြီး ထို့နောက် သူတို့သည် လသာဆောင်သို့သွားကာ တွယ်ဆင်းဖို့အဆင်သင့်ဖြစ်နေကြသည်။ သို့သော် ကျန့်ကျားဟယ်၏ ခြေထောက်ဒဏ်ရာ၊ ဝူကျင်း၏ လက်ဒဏ်ရာ၊ ကျန်းရှို့လျန်၏ နံရိုးဒဏ်ရာ အပြင် ကလေးလေးသုန်သုန်သည် ကံဆိုးသောအသင်းတစ်ခုဖြစ်နေစေသည်။
စုရွေ့ကျယ်သည် လှုပ်ရှားမှုကြီးတစ်ခုလုပ်ဖို့အပြင် ရွေးချယ်စရာမရှိတော့ချေ။ သူသည် သံလှေကားတစ်ခုကိုဆွဲထုတ်လိုက်ကာ လသာဆောင်တွင်ထားလိုက်ပြီး ထို့ကြောင့် လူတိုင်း တစ်ယောက်ချင်းတွယ်ဆင်းနိုင်ကြသည်။ သူတို့သည် ဒဏ်ရာရနေကြသော်လည်း လှေကားတစ်ခုရှိပြီး သူတို့ဂရုစိုက်သ၍ ဆင်းဖို့ အရမ်းခက်ခဲလိမ့်မည်မဟုတ်ချေ။ ကျန့်ယွင်သည် ယွီသုန်သုန်ကို ချီထားသည်။ ဤသို့ နူးညံ့ပြီးသေးငယ်သော ကလေးတစ်ယောက်ကိုချီရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ သူ့အား နာကျင်စေမိမည်ကို စိုးရိမ်နေသဖြင့် သူသည် သုန်သုန်ထက်ပိုပြီး စိတ်လှုပ်ရှားနေစေသည်။
အနီးအနားရှိဖုတ်ကောင်များကို သူတို့ဘက်ရှိလှုပ်ရှားမှုများကြောင့် တဖြည်းဖြည်းဆွဲဆောင်မိစေ၏။ သို့သော် ၎င်းတို့အနီးသို့ရောက်မလာခင်မှာပင် လူတိုင်းသည် ဆင်းလာကြပြီးဖြစ်ပြီး စုရွေ့ကျယ်ထုတ်လိုက်သော ဂျစ်ကားပေါ်တွင် ထိုင်နေကြပြီးဖြစ်သည်။ လူခုနစ်ယောက် အတော်လေးဖျစ်ညှစ်ပြီးစုပြုံနေ၏။ ကံကောင်းစွာဖြင့် လူကြပ်နေသည်ကို ဘယ်သူကမှ ဂရုမစိုက်နေကြချေ။
ဝူကျင်း၏လမ်းညွှန်မှုဖြင့် ကျန့်ယွင်သည် 4Sဆိုင်တံခါးဆီသို့ ချောချောမွေ့မွေ့မောင်းသွားခဲ့သည်။
ဝူကျင်းပြောခဲ့သည့်အတိုင်း 4Sဆိုင်တွင် အရံသင့်ဓာတ်အားအထောက်အပံ့တစ်ခုရှိပြီး ထို့ကြောင့် ၀င်ရောက်ဖို့ထိန်းချုပ်စနစ်သည် ကျားကုတ်ကျားခဲ အလုပ်လုပ်နေဆဲဖြစ်သည်။ ကျန့်ယွင် ဝူကျင်း၏ အလုပ်ကတ်ဖြင့် တံခါးကိုဖွင့်လိုက်၏။
4Sဆိုင်ထဲရှိ နမူနာပြထားသောကားများသည်အားလုံး နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့် off-road ကားများဖြစ်ကြကာ တစ်စီးချင်းစီသည် ယွမ်သန်းပေါင်းများစွာတန်သည်။ ဝူကျင်းသူမ၏ရုံးခန်းထဲသို့တိုက်ရိုက်၀င်သွားပြီး အပိုကားသော့များကိုထုတ်ယူလိုက်သည်။ ထို့ကြောင့် စုရွေ့ကျယ်သည် ထိုကားများအားလုံးကို တစ်စီးပြီးတစ်စီး စုဆောင်းလိုက်လေသည်။
ကံကောင်းစွာဖြင့် စုရွေ့ကျယ်တွင် သူ့နေရာလွတ်၏ ချိုင့်ဝှမ်းတွင် အခန်းများပိုရှိနေပြီး ကားအများအပြားကို အထဲသို့ထည့်နိုင်လေသည်။ အနောက်ဖက် ဂိုထောင်ထဲရှိကားများအပါအ၀င် လော်ဘီထဲတွင်ပြထားသောကားများနှင့် ပါ့ကင်ထိုးထားသောစမ်းသပ်ကားများ off-road 42စီးကို သူတို့ စုဆောင်းလိုက်ပြီး အားလုံးသည် အမြင့်ဆုံးဖွဲ့စည်းတည်ဆောက်မှုနှင့် ဇိမ်ခံမော်ဒယ်လ်များဖြစ်ကြသည်။
စာရေးသူမှာပြောစရာရှိပါတယ်။
【သစ်သားဖြင့်ပြုလုပ်ထားသော ပြဇာတ်ငယ်လေး】
ချင်းကော : မင်းမြင်တယ်မလား။ ဇာတ်ဆောင်နောက်လိုက်လျှင် မင်း အမြဲတမ်း အသက်ရှင်နေမှာဖြစ်ပြီး ဖုတ်ကောင်များမှဖမ်းမိပါက ၎င်းသည် နိုးထလာနိုင်စွမ်းတစ်ခုရမှာဖြစ်တယ်။
၀တ်စုံပြည့်၀တ်ထားသောလူလတ်ပိုင်းအရွယ်အမျိုးသား(ဘန်တိုစားခြင်း) : သူတို့အားလုံးက ဒါကို ဘာအသုံးချမလဲလို့ မပြောခင် သူတို့အားလုံး ဘန်တို ပေးခဲ့ပါတယ်။
ဝူကျင်း : မယုံနိုင်စရာပေါင်ကို ပွေ့ဖက်ထားသလိုမျိုး အမြဲခံစားရတယ်။ မင်းရဲ့ ထက်မြက်မှုကို ကျေးဇူးတင်ပါတယ်။
ကောင်လေး : ဘာလို့ ငါ့မှာ နာမည်မရှိသေးတာလဲ။ ငါက ပေါင်ကို အရင်ဆုံးဖက်ဖူးသူပါဟ။
နို့ကြောင်: Meow!
ကျန့်ကျားဟယ် : တောင်းပန်ပါတယ် ငါက ပထမဆုံးပါ။
စုန့်ချန်ရှု : ငါအရင်လာတာမဟုတ်ဘူးလား။
ကျန့်ယွင် : ...
စုရွေ့ကျယ် : တကယ်တော့၊ ကျန့်ကောက ပေါင်ကို ပထမဆုံး ပွေ့ဖက်တာ (သူ့မျက်နှာကို ရှက်ရွံ့စွာ အုပ်ထား)
【မော့ရှန်း၏ပြဇာတ်ငယ်လေး 】
ကျန့်ရှောင်ယွင် : ကျန့်ကျားဟယ်၊ မင်းက ဦးနှောက်ကြီးလို့ထင်တယ်...
ကျန့်ကျားဟယ် : သုံးရတာ အရမ်းလွယ်တယ်မလား။
စုန့်ချန်ရှု : တွင်းနက်တွေရှိတယ်...
ကျန့်ကျားဟယ် : ?! စုန့်ချန်ရှု၊ မင်းက စိတ်ခံစားချက်ကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ အရှုပ်ထုပ်ပဲ၊ Hulk ရဲ့ စွမ်းအားကို ခံစားချင်လား။
စုန့်ချန်ရှု : အိုး၊ Hulk ရဲ့ဦးခေါင်းကစိမ်းလားလို့ တွေးမိတယ်။
ကျန့်ကျားဟယ် : မင်း၊ ပြင်ပအကူအညီတောင်းခံပါတယ်၊ နတ်ဆိုးဘုရင်ကြီး၊ မင်းရဲ့ညီလေးဟာ အလုပ်တွေနဲ့ အနိုင်ကျင့်ခံနေရတယ်၊ သူ့ကို ဆွဲငင်အားနဲ့ ဖိလိုက်ပါ၊ စွမ်းအားနှင့် ဖောက်ပြန်နေတယ်။
စုန့်ချန်ရှု : မိုက်လား။
နတ်ဆိုးဘုရင် ကျန့်ရှောင်ယွင်: မှင်စာလေး၊ အခန်းပြန်သွားပြီး ဘဝအကြောင်းပြောကြရအောင်။
မှင်စာလေးစုရှောင်ကျယ် : ပွေ့ဖက်နမ်းရုံမကဘဲ မြင့်မြင့်ချီထားပါ (づ ̄3 ̄)づ