အခန်း(၃၃)
Viewers 12k

အခန်း(၃၃)《 တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ် 》


Author: Drunken Light Song

Source: Chrysanthemum Garden

Translator: オタク


လူတိုင်းသည် စမ်းသပ်မောင်းနှင်သောကားတစ်စီးထဲသို့ စုပြုံ၀င်လိုက်ကြသည်။ ကားထဲရှိဆီသည် လတ်တလောလေးတင် လတ်လတ်ဆတ်ဆတ်ထည့်ထားပြီး ကားသည် အမြင့်ဆုံးစွမ်းဆောင်ရည်ရှိသည့် ဇိမ်ခံလမ်းကြမ်းမောင်းကားဖြစ်သည်။ တံခါးများသည် လျှပ်စစ်စနစ်ဖြင့်လည်ပတ်ပြီး မြင်ကွင်းကျယ်မိုးကာအလင်းပေါက်မှန်များ၊ ချောမွေ့သောအင်ဂျင်များ၊ ဘီးလေးဘီးစနစ် နှင့် လေ၀င်လေထွက်ထိန်းညှိသည့်စနစ်တို့ပါသည်။ ကားအတွင်းပိုင်းသည် ကြီးမားပြီး ကျယ်၀န်းလှသည်။ သူတို့ခုနစ်ယောက်စလုံး အလွန်ပြွတ်သိပ်နေသည့်ခံစားချက်အမျိုးမရှိဘဲ တိုး‌ဝှေ့နေနိုင်သည်။


ကျန့်ယွင်သည် ကားမောင်းရန်တာ၀န်ရှိပြီး၊ အထွားဆုံးလူ ကျန်းရှို့လျန်သည် တွဲဘက်မောင်းသူထိုင်ခုံ၌ သူ့လက်မောင်းထဲတွင် ယွီသုန်သုန်နှင့်သူ့ကြောင်လေး‌ရှောင်ဟေး နှင့်အတူထိုင်သည်။ ကျန်သည့်လူများသည် ပိန်ပါးပြီး အနောက်ဘက်ထိုင်ခုံများတွင် အတူတကွထိုင်နိုင်ကြသည်။ သို့သော် ကျန့်ကျားဟယ်သည် နေရာထိုင်ခင်းနှင့် ကားကိုယ်ထည်၏နေရာလွတ်သည် ကောင်းမွန်သည်ဟုထင်သည်။ အနည်းငယ် ကသိကအောက်နှင့် ထိုနေရာတွင် သူလှဲအိပ်နိုင်လိမ့်မည်။ သူ စုရွေ့ကျယ်အား ကူရှင်နှစ်ခုတောင်းလိုက်ပြီး ကားကိုယ်ထည်ထဲတွင် ၎င်းတို့အား ချလိုက်သည်။ ထို့နောက် သူကားနံရံကိုမှီပြီး သူ့ခြေထောက်များကိုဆန့်ထုတ်ထားလိုက်သည်။ ၎င်းသည် အတော်လေး သက်တောင့်သက်သာရှိလှသည်။


ကားအနောက်ဘက်ကိုယ်ထည်တံခါးကို ပိတ်ပြီးသည်နှင့် သူတို့သည် ဗီလာဆီသို့ တိုက်ရိုက်မောင်းပြန်ခဲ့ကြသည်။ သို့သော်လည်း သူတို့အတွက်အံ့အားသင့်စရာ သူတို့ပြန်သည့်လမ်းတွင် ဖုတ်ကောင်တချို့ကိုတွေ့ခဲ့ရသည်။


ကမ္ဘာအတုံးသတ်မတိုင်ခင် ရက်အနည်းငယ်ကမှ အနီးအနားဗီလာရှိ တခြားအိမ်များ ရောင်းထွက်သွားခဲ့သည်ကို သူတို့သိသည်။ ထိုရက်များတုန်းက စာချုပ်ချုပ်ဆိုမှု ဘယ်လောက်များပါစေ ထို၀ယ်သူများသည် မည်မျှ တက်ကြွနိုင်ပါမည်နည်း။ သူတို့သည် ကျန့်ယွင်ကဲ့သို့ တိုက်ရိုက်အလျင်အမြန် ရွှေ့ပြောင်းခဲ့ကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့မှလွဲ၍ အိမ်နီးနားချင်းများတစ်ယောက်မှ မရှိသင့်ပေ။ 


ဖုတ်ကောင်များ၏ အနံ့ခံအာရုံနှင့် အကြားအာရုံသည် အတော်လေးကို ထိရှလွယ်သော်လည်း သာမာန်လူတစ်ယောက်ထက် အနည်းငယ်သာပိုသည်။ ၎င်းတို့သည် ကြီးမားသောဗီလာဧရိယာကိုဖြတ်ပြီး သူတို့အားရှာမတွေ့နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားအနံ့ခံရန် မတတ်နိုင်၍ပင်။ ထို့ကြောင့် ဤနေရာတွင် ပေါ်လာနိုင်‌သော ဖုတ်ကောင်များသည် အလွန်နည်းပါးလှသည်။


ဒါပေမယ့် ဒီမှာ ဖုတ်ကောင်တွေ ဘာကြောင့်ရောက်နေတာလဲ။ 


ကျန့်ယွင်သည် ဗီလာဂိတ်သို့ကမောင်းသွားသောအခါ သံဂိတ်တံခါးသည် ချိုးဖျက်ပြီးဖွင့်ခံထားသည်ကိုတွေ့လိုက်ရသည်။ တစ်စုံတစ်ယောက် ၀င်သွားသည့်ပုံရသည်။ 


သို့သော်လည်း ကျန့်ယွင် အလွန်အံ့ဩမနေပေ။ နောက်ဆုံးမှာတော့ ဤ အိမ်နီးနားချင်းအိမ်များသည် လုံခြုံဆဲဖြစ်သည်။ ဥရောပစတိုင် အပြည့်အ၀အလှဆင်ထာသောအိမ်များသည် အလွန်ကျယ်၀န်းကာ သက်တောသ့်သက်သာရှိလှသည်။ တချို့အခြေခံအဆောက်အဦးများနှင့် ပရိဘောဂများလည်း ရှိသည်။ ဤအနီးအနားတွင်လည်း ဖုတ်ကောင်ပိုနည်းသည်။ထို့ကြောင့် အနီးအနားရှိ ညံ့သော လူနေအဆောက်အအုံများထက် ပို၍ လုံခြုံလိမ့်မည်။


မည်သို့ပင်ဖြစ်စေ ၎င်းတို့အထဲတွင် မည်သူမှ မနေသောအိမ်များပင်ဖြစ်သည်။ သူတို့ ဖုတ်ကောင်များကို မဆွဲဆောင်သ၍ သူတို့အား အန္တရာယ်ပေးလိမ့်မည်မဟုတ်ပေ။


ကျန့်ယွင် ကား၏သူ့ဖက်ရှိတံခါးကိုဆွဲတင်လိုက်သည်နှင့် လူခုနစ်ယောက်ရှစ်ယောက်လောက်သည် သူ့အိမ်၏ ပြတင်းပေါက်နှင့် သော့ကို ချိုးဖျက်ပြီးဖွင့်နေသည်ကို တွေ့လိုက်ရပြီး သူဒေါသများ အလိပ်လိုက်တိုးထွက်လာတော့သည်။


ကျန့်ယွင်သည် Acceleratorပေါ်သို့ ခြေတစ်ချက်ဖိနင်းလိုက်ပြီး လူအုပ်ဆီသို့အမြန်မောင်းသွားလိုက်ပြီး ထိုနောက် ပြင်းပြင်းထန်ထန် ဘရိတ်အုပ်လိုက်ပြီး သူ့ဗီလာတွင် ရပ်လိုက်ကာ ကားတံခါးကိုဖွင့်ပြီး ဆင်းသွားလိုက်၏။ 


“မင်းတို့သောက်ကောင်တွေ ဘာလုပ်ချင်လို့လဲ ”


လူများသည် ကားရုတ်တရက် အလျင်စလိုမောင်းလာသဖြင့် လန့်ဖျပ်သွားကြသည်။ သူတို့သည် အလျင်စလိုဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြိးစားလိုက်သည်နှင့် နောက်ဆစ်ကြိမ်ရပ်တန့်သွားကြကာ ရုတ်တရက်ဒေါသထွက်ပြီး စိတ်တိုသွားကြသည်။ အရပ်ရှည်ရှည် ကြွက်သားများနှင့်လူသည် ခေါင်းဆောင်တစ်ယောက်ဖြစ်ပုံရပြီး ဒေါသတကြီးအော်လာ၏။ 


ကျန့်ယွင်သည် ရယ်မောလုမတတ်ပင်။ သူ့တံခါးကိုချိုး‌ဖောက် ဖွင့်ဖို့ကြိုးစားနေသည့်လူများသည် သူ့ထက်ပင် ပ်ုပြီး အလျင်လိုနေပုံရသည်။


“မင်းတို့အခုဘာလိုချင်လဲလို့ ငါမမေးရသေးဘူး။ ဒါက ငါ့အိမ် ”


“အို့ မင်းအိမ်လား ”


လူတစ်ယောက်သည် လှောင်ပြောလာ၏။ 


“အဲ့ဒါက တုန့်ပြန် မပြန် ကြည့်ရဖို့ ဘာလို့မခေါ်သေးတာလဲ ”


ထိုလူ ကျန့်ယွင်အား ရန်စရန်အတင့်ရဲရသည့် အဓိကအကြောင်းအရင်းမှာ အလွန်မှောင်နေပြီး ကားမီးအလင်းရောင်သာတိုက်ရိုက်ထိုးထား၍ဖြစ်သည်။ သူသည် ကျန့်ယွင်၏ 1.9 မီတာပုံပန်းသွင်ပြင်နှင့် သူ့အလွန်အမင်းဒေါသကို မမြင်ရ၍ဖြစ်သည်။ သူသည် လူတစ်ယောက်တညကိုသာတွေ့သဖြင့် သူတွင် အုပ်စုပိုကြီးသည်ဟုတွေးလိုက်ပြီး ထို့ကြောင့် သူသည် ကျယ်ကျယ်လောင်လောင် ပြောရန် တွန်းအားရှိလေသည်။


ကျန့်ယွင် စကားမပြောရသေးခင်မှာပင် အသံတစ်ခုကိုကြားလိုက်ရပြီး ကား၏အရှေ့တံခါးသည် ပွင့်လာလေသည်။ ထိုလူသည် အလွန်ကို ရှင်းလင်းစွာမမြင်ရပေ သို့သော် ကြီးမားပြီး သန်မာသောလူ၏ ပုံကြမ်းအချိုးအစားကို မှန်းဆနိုင်လေသည်။ သို့‌သော် သူသည် သူ့လက်ထဲတွင် သူ့ဒူးအထက်အနည်းငယ်သာမြင့်ပြီး လက်ထဲတွင် ကြောင်တစ်ကောင်ရှိနေသေးသောကလေးတစ်ယောက်ကို ချီထားဆဲမဟုတ်လျှင် သူ့တွင် တုန်လှုပ်မှု တချို့ ရှိကောင်းရှိနိုင်လိမ့်မည်။


“ကောင်လေး မင်းမှာ အိမ်ကောင်းတစ်လုံးရှိတာပဲ၊ ငါတို့ ညီအစ်ကိုတွေက ဒါကို သဘောကျတယ်။ မင်းအတွက် ဘာကကောင်းသလဲဆိုတာကိုသိရင် သော့တွေကို ငါတို့ကိုပေးလိုက်ပြီး ဒီနေရာကနေထွက်သွားလိုက်တော့။ ဘာပဲဖြစ်ဖြစ် အိမ်နီးနားချင်းမှာလည်း ဒီလိုကောင်းတဲ့အိမ်တွေ အများကြီးရှိပါတယ်။”


“သူတို့က အကုန်လုံးအတူတူပဲဆိုရင် မင်းတို့ ဘာလို့မသွားလဲ။ ဘာလို့ ငါတို့အိမ်ကို လုယက်ဖို့ လာနေသေးလဲ ”


“ဟားဟားဟား ”


ကြွက်သားနှင့်လူသည် စိတ်၀င်စားစရာမေးခွန်းတစ်ခုမေးလိုက်သကဲ့သို့ထင်နေပုံရပြီး သူ့နောက်လိုက်များနှင့်အတူ ရယ်မောလေတော့သည်။ 


“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ လောင်ဇူ မင်းအိမ်ကို သောက်ရမ်းကြိုက်တယ်။ ငါ့ကို သော့တွေပေးပြီး ဒီနေရာကနေ လစ်လိုက်တော့ ”


တကယ်တော့ ဤလူများ ကျန့်ယွင်၏အိမ်ကို ကြိုက်ရသည့်အကြောင်းအရင်းမှာ အလွန်ရိုးရှင်းသည်။ သူတို့အားလုံးသည် သူခိုးကာကွယ်သောတံခါးများနှင့် ပြတင်းပေါက်များ နှင့် ပြတင်းပေါက်များမှတဆင့် ဧည့်ခန်းထဲတွင် သက်တောင့်သက်သာရှိသောဂရိဘောဂများနှင့် ဘီစကစ်ဘူးကိုတွေ့၍ဖြစ်သည်။


ပထမဆုံး တစ်ချက်ကြည့်လိုက်သည်နှင့် ဤနေရာတွင် လူများနေထိုင်သည့်ပုံရသော်လည်း အထဲတွင် တစ်ယောက်မှမရှိပေ။ ယခု ကမ္ဘာကြီးသည် အလွန်ကို ဖရိုဖရဲဖြစ်နေပြီး အိမ်ပိုင်ရှင် အသက်ရှင်နေသေးလား သေပြီလားဘယ်သူသိနိုင်မလဲ။ မင်း ဘာလို့ ဒီလောက်ကောင်းတဲ့အိမ်တစ်လုံးကို အလဟဿလုပ်နိုင်မှာလဲ။ အထဲတွင် ရိက္ခာများပိုပြီးရှိနိုင်လိမ့်မည်။ ထို့ကြောင့် သူတို့ အလဟဿအဖြစ်မခံနိုင်ပေ။


ကျန့်ယွင်၏မျက်နှာသည် ‌မည်းမှောင်လာပြီး နှုတ်ခမ်းပါးများသည် တင်းကြပ်သွားကာ သူ့အား သတ်လိုက်သင့်သလား မသတ်သင့်ဘူးလားကိုတွေးနေခဲ့သည်။


ကားတံခါးသည် နောက်တစ်ကြိမ်ပွင့်လာကာ စုရွေ့ကျယ်၊ စုန့်ချန်ရှု၊ ဝူကျင်းနှင့် ကျန့်ကျားဟယ်တို့အားလုံးလည်း ဆင်းလာခဲ့ကြသည်။ ဝူကျင်း၏လက်တွင်သာ ပတ်တီးစီးထားသော်လည်း တခြားသုံးယောက်သည် တိုက်ခိုက်နိုင်သည့်ပုံမရချေ။


ကြွက်သားနှင့်လူသည် စိတ်သက်သာသွားကာ နောက်တစ်ကြိမ်‌ရယ်မောလိုက်ပြန်သည်။


“ဟား ဟား၊ မင်းမှာ လူအများကြီးရှိတာပဲ၊ ဒါပေမယ့် သူတို့အများစုက အသုံးမ၀င်ဘူး။ ဆိုတော့ လောင်ဇူရဲ့ စိတ်ခံစားချက်ကောင်းနေတာကို အခွင့်ကောင်းယူပြီး သော့‌ကို ငါ့ဆီပေးပြီး ဒီနေရာကနေ လစ်သွားလိုက်ကြတော့ ”


ကျန့်ယွင် စကားမပြောရသေးခင်မှာပင် စုရွေ့ကျယ်သည် ဒေါသကြောင့် လှုံ့ဆော်ခံလိုက်ရသော တိရိစ္ဆာန်ငယ်လေးကဲ့သို့ အရှေ့သို့ ပြေးထွက်လာလေသည်။ သူသည် ကြီးမားလုံးဝိုင်းသောမျက်လုံးကြီးတစ်စုံနှင့် စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။ 


“နောက်တစ်ခါထပ်ပြောလိုက်စမ်း ”


စုရွေ့ကျယ်သည် ကျန့်ယွင်လောက် အရပ်မရှည်ပေ။ သူသည် ကျန့်ယွင်၏အရှေ့တွင် ရပ်ရန်တွန်းအားပေးထားပြီး ထို့ကြောင့်ပင် သူတို့သည် သူ့ပုံပန်းသွင်ပြင်ကို တောက်ပသောအလင်းရောင်တွင် ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။


စုရွေ့ကျယ်၏ မျက်နှာသွင်ပြင်သည် ကောင်းမွန်ပြီး သူ့အသားအရည်သည် ဖြူဖွေးကာ သူ့တွင် ပေါ်လွင်နေသောကြီးမားသည် မျက်လုံးတစ်စုံရှိသည်။ သူတို့၏ အသက်များအတွက် တိုက်ခိုက်နေရစဉ်မှာ လူအနညငယ်သည် ကောင်းကောင်းစားပြီး ကောင်းအောင်းအိပ်နိုင်ကြကာ ထို့ကြောင့်ပင် အလွန်ကို မျက်စိဖမ်းစားနေလေသည်။


“အို့၊ ၀မ်ကော ဒီ ချစ်စရာမျက်နှာလေးက အရမ်းကို နူးညံ့တာပဲ ”


မျက်နှာပေါ်တွင်ရုပ်ဆိုးသာအပြုံးနှင့် သေးငယ်သောလူသည် ကြွက်သားနှင့်လူဆီသို့သွားကာ တိုးတိုးလေးပြောလိုက်၏။


“ဟေး ဟေး၊ ဟေး၊ သူတို့နောက်မှာ လှလှပပ မိန်းမတစ်ယောက်ရှိသေးတယ် ”


တခြားလူရွယ်တစ်ယောက်သည် ထပ်လောင်းပြောလာ၏။


“ဟားဟား၊ ရှောင်ခယ်အိုက် မင်း ဒီအစ်ကိုကြီးနောက်ကိုလိုက်ချင်လား။ ငါတို့သေချာပေါက်ကို မင်းကို ပိုကောင်းကောင်း ကာကွယ်နိုင်မှာပါ ”


ကြွက်သားနှင့်လူသည် သူ့အားပြုံးပြလာ၏။ သူသည် အရှက်မဲ့စွာ စကားပြောနေစဉ်မှာပင် စုရွေ့ကျယ်၏မျက်နှာလေးဆီသို့ လက်ဆန့်ကာ ထိရန်ကြိုးစားလေ၏။ 


ဒီသောက်‌ခွေးကောင်ကို ဘယ်လိုသည်းခံနိုင်ပါ့မလဲ။


ကျန့်ယွင်၏လက်သည် ချက်ချင်းဆိုသလိုပင် သူ့သေနတ်ဆီသို့ရောက်သွားသည်။ သို့သော် သူဆွဲမထုတ်ရသေးခင်မှာပင် သူသည် စူးရှကျယ်လောက်သော ဖက် ဟူသည့် အသံတစ်ခုကိုကြားလိုက်ရလေသည်။ ကြွက်သားနှင့်လူ၏ မျက်နှာသည် စုရွေ့ကျယ်ထံမှ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရသည်။ 


“ငါက ဒီမှာ မင်းတို့ကို သောက်မျက်နှာသာပေးနေတာကို မင်းတို့ကအခုထိ မလိုချင်သေးဘူးပေါ့လေ”


ကြွက်သားနှင့်လူသည် မျက်နှာကို အရိုက်ခံလိုက်ရပြီး ချက်ချင်းဒေါသထွက်လာလေသည်။ သူသည် စုရွေ့ကျယ်အား သင်ခန်းစာပေးရန် သူ့လက်ကို မြှောက်လိုက်သည်။


ထို့နောက်မှာတော့.....


စုရွေ့ကျယ်သည် သူ့လက်မောင်းကို အလျင်အမြန်မြှောက်လိုက်ကာ ထိုလူ၏ ရောက်လာသောရိုက်ချက်ကို တားဆီးလိုက်၏။ ထို့နောက် ထိုလူ၏ မျက်နှာနောက်တစ်ခြမ်းအား ရှင်းလင်းပြတ်သားသော ရိုက်ချက်တစ်ခု ထပ်ပေးလိုက်ပြီး အလျင်အမြန်ပင် ကန်ထုတ်လိုက်၏။ သူသည် ထိုလူ၏ ထုတ်မပြောနိုင်သည့်အစိတ်အပိုင်းကို သူ့ခြေထောက်နှင့် ကန်ရန် ထိန်းချုပ်လိုက်လေသည်။


“ငလူး။ သူ့ကိုဖမ်းစမ်း”


ကြွက်သားနှင့်လူသည် ဆိုးဆိုးဝါးဝါး ထိခိုက်သွားသောနေရာကို ဆုပ်ကိုင်လိုက်ပြီး အော်လိုက်၏။


လူခုနစ်ယောက် ရှစ်ယောက်သည် ပြေးလွှားလာခဲ့သည်။ သို့သော် နောက်တစ်ခဏမှာပင် ပထမဆုံးနှစ်ယောက်သည် ကျန့်ယွင်ထံမှ တစ်ကြိမ်လျှင် ခြေတစ်ချက်စီဖြင့် အဝေးသို့ ကန်ထုတ်ခံလိုက်ရသည်။ 


“အု ၊ အု ....”


လူနှစ်ယောက်သည် မြေပေါ်မှ ပြန်မထလာနိုင်တော့ပေ။ 


သေးငယ်သောလူသည် ကျန့်ယွင်က ခက်ခဲသော အတားအဆီးတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ့မျက်လုံးများ ပင့်လိုက်ပြီး သူနှင့် တခြားလူရွယ်သည် ကျန်းရှို့လျန်ဆီသို့ ပြေးလွှားသွားလိုက်သည်။


ဒါပေါ့၊ လက်သီထိုးဖို့ ပျော့ပြောင်းတဲ့ တည်သီးကိုရှာဖို့လိုအပ်တယ်လေ။ ဤလူထွားကြီးသည် ထိတ်လန့်စရာကောင်းသည် သို့သော် သူနှင့်အတူ ကလေးတစ်ယောက်ရှိနေသေးသည်။


ကျန်းရှို့လျန်သည် ယွီသုန်သုန်အား သူ့အနောက်သို့ ပို့လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် သေးငယ်သောလူအား ဖမ်းကိုင်လိုက်ပြီး သူ့ခြေထောက်ကိုမြှောက်ကာ ကန်ထုတ်လိုက်လေသည်။ ‌တစ်ပတ်လည်သွားပြီး သူသည် သူ့အနောက်ဖက်မှ ချောင်းရိုက်ရန်ကြိုးစားနေသည့် တစ်ခြားလူရွယ်ကို ထိုးလိုက်ပြီး တစ်ချက်တည်းနှင့် သွားနှစ်ချောင်း ကျွတ်သွားစေသည်။


တခြားလူများသည် ကျန့်ကျားဟယ်နှင့် အနောက်ဘက်ရှိတခြားလူများကို တိုက်ခိုက်ရန် သွားခဲ့သော်လည်း ကျန့်ကျားဟယ်သည် ကြက်များကို ဖမ်းသကဲ့သို့ သူတို့၏လည်ပင်းကို ဖမ်းကိုင်လိုက်ကာ ရုတ်တရက်သူတို့အား ကောက်မလိုက်ပြီး မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်လေသည်။ သူတို့ခေါင်းများသည် မူးဝေကာ သွေးထွက်ကုန်ကြတော့သည်။


မကြာခင်မှာပင် တစ်အုပ်စုလုံးသည် မြေပေါ်သို့ ပြိုလဲပြီး လဲလျောင်းကုန်ကြကာ အော်ဟစ် ညီးတွားနေကြတော့သည်။


ကျန့်ယွင်သည် သူ့ခြေတံရှည်များဖြင့် အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး စုရွေ့ကျယ်အား လက်ညှိုးထိုးပြီး လျှောင်ရယ်ခဲ့သော သေးငယ်ပြီး ညစ်ညစ်သောလူအား သူ့ခြေထောက်ဖြင့် မြေပေါ်သို့ နင်းချလိုက်ကာ “မင်းသူ့အကြောင်းကို အရင်က ဘာပြောခဲ့တာလဲ။ ငါရှင်းရှင်းလင်းလင်းမကြားလိုက်ရဘူး။ မင်းနောက်တစ်ခေါက် ထပ်ပြောလို့ရမလား ”


“ငါ၊ ငါ၊ ငါ....”


ထိုလူသည် သူ့ကျောပေါ်ရှိ ခြေထောက်သည် အလေးချိန် ကီလိုထောင်ပေါင်းများစွာ လေးနေသကဲ့သို့ ခံစားနေရသည်။ သူသည် မေ့လဲလုနီးပါးနှင့် သူ့ဘောင်းဘီအား စိုလုနီးပါးအလွန်ကိုထိတ်လန့်ကြောက်ရွံ့နေလေသည်။


ဝူကျင်းအား ပျက်ရယ်ပြုခဲ့သောတခြား လူရွယ်သည် ကျနရှို့လျန်ကြောင့် သူ့သွားများ ကျွတ်သွားလေပြီး ကောက်မခံရကာ နောက်တစ်ကြိမ် အရိုက်ခံရပြန်သည်။ အရိုက်ခံရသောလူရွယ်သည် လမ်းတစ်ဖက်ကို ဖြတ်ပြေးရန်ကြိုးစားပြီး ထိတ်လန့်သောလေသံဖြင့် ခွင့်လွှတ်ရန်တောင်းပန်လေသည်။


သို့သော်လည်း ကျန်းရှို့လျန်သည် သူမကြားရသကဲ့သို့ သူ့ကား ဆက်၍ ရိုက်နှက်လေသည်။ သူသည် ထို့နောက်မှာတော့ အမှိုက်သရိုက်ကဲ့သို့ မြေပေါ်သို့ ပစ်ထုတ်မခံရခင်မှာပင် သတိလစ်သွားသည်အထိ အကန်ခံလိုက်ရသည်။


လူ့ပတ်၀န်းကျင်မှာဆို၊ ငါ့ရဲ့ ညီအစ်ကိုကောင်းရေ စကားကို လက်လွတ်စပယ် မပြောရဘူး။ 


ကြွက်သားနှင့်လူသည် သူ့အရှေ့ရှိ ရုတ်တရက်အပြောင်းအလဲကြောင့် သူ့ဘောင်းဘီအား စိုစွတ်သွားလုနီးပါး ထိတ်လန့်သွားလေသည်။ ဤလူများသည် မည်မျှ သန်မာကြောင်း ယခုတော့ သူသိသွားလေပြီ။ သူ့သေဆုံးခြင်းဟု ဆိုလိုလျှင်တောင် သူတို့ထံမှ မခိုးရဲတော့ပေ။