အခန်း(၃၄)
Viewers 12k

အခန်း(၃၄)《 ကမ္ဘာပျက်ကပ်အတွင်း ပြောင်းလဲမှုများ 》



Author: Drunken Light Song

Source: Chrysanthemum Garden

Translator: オタク


ကံဆိုးလှသောလူနှင့် ကြွက်သားများနှင့်လူတို့၏အုပ်စုသည် အရိုက်ခံကြရပြီးနောက် ကျန့်ကျားဟယ်သည် သူတို့အား အမှိုက်များကဲ့သို့ ဗီလာအပြင်ဘက်သို့ ပစ်ထုတ်လိုက်ကာ သူတို့၏ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများကို လျစ်လျူရှုလိုက်ကြသည်။ အကယ်၍ သူတို့သာ အရင်လိုပဲ နောက်တစ်ကြိမ်ပေါ်လာရဲသေးပါက သူတို့ ၎င်းတို့အား သင်ခန်းစာတစ်ခုပေးရလိမ့်မည်။


ဒဏ်ရာများသည် အလွန်ဆိုးရွားကြသဖြင့် သူတို့သည် ဒဏ်ရာများကို ဖုံးကွယ်ဖာထေးကြပြီး သူတို့အချင်းချင်းကူညီကာ တတ်နိုင်သမျှ မြန်မြန်ထွက်သွားကြလေသည်။


သို့သော်လည်း စုရွေ့ကျယ်သည် ကျန့်ယွင်သူတို့အားဖြေရှင်းလိုက်သည့်နည်းကို သဘောမတူချေ။ မတိုင်ခင်က ကမ္ဘာ့အဆုံးသတ်အချိန်တုန်းက သူအမှန်တကယ်ကို အတွေ့အကြုံရှိပြီး လူသားများ၏ အတွင်းစိတ်အန္တရာယ်ကို အလွန်ကို နားလည်သဘောပေါက်နေခဲ့ပြီဖြစ်သည်။ ထိုမတည်မငြိမ်သေးသော အချက်များအတွက်မူ ပညာပေးခြင်းကသာ သူတို့နှင့်ဖြေရှင်းရန် အသင့်လျော်ဆုံးနည်းလမ်းဖြစ်လိမ့်မည်။ သိုသော်လည်း ကမ္ဘာပျက်ကပ်ကြီးစတင်ခဲ့သည်မှာ ရက်အနည်းငယ်သာရှိသေးသည်။ ကျန့်ယွင်နှင့်တခြားလူများသည် သူတွင်ရှိသကဲ့သို့ တူညီသည့် အတွေ့အကြုံမျိုးမရှိကြသေးချေ။ သူတို့၏ မူလကိုယ်ကျင့်တရားအောက်ခြေလိုင်းကို လွယ်လွယ်ကူကူချိုးဖျက်ပြီး လူများကို သတ်ရန်ဆန္ဒရှိလိမ့်မည်မဟုတ်ချေ။


မည်သို့ပင်ဖြစ်စေ ယခုအခါတွင် သူသည် စွမ်းရည်များကို အကြိုဆုပ်ကိုင်ထားပြီးဖြစ်သည်။ အကယ်၍ ထိုလူများမျက်စိကန်းပြီး ပြဿနာထဲသို့နောက်တစ်ကြိမ်လာရှာချင်ပါက သူ သူတို့လမ်းပေါ်တွင် ချယ်ရီဗုံးထားလိုက်မည်။


ဗီလာ၏တံခါးကို သော့ဖြင့်လှည့်ဖွင့်ပြီး လူအုပ်စုသည် အထဲသို့ ၀င်သွားလိုက်ကြသည်။


ဗီလာထဲတွင် အခန်းအများကြီးမရှိပေ။ ထို့အပြင် ယခုသူတို့သည် နောက်ထပ် လူသုံးယောက်ပိုလာပြီဖြစ်သည်။ အိပ်ဖို့အစီအစဉ်နေရာကို ညှိနှိုင်းကြရမည်။


ယွီသုန်သုန်သည် ငယ်ရွယ်နေသေး၏။ ထို့ကြောင့် သူတစ်ယောက်တည်း မအိပ်နိုင်သေးပေ။ သူတို့သည် သူ့အား သူနှင့်အတူအိပ်ချင်သည့် အစ်ကိုကြီးကို ရွေးချယ်ခိုင်းလိုက်သည်။


ယွီသုန်သုန်သည် စုရွေ့ကျယ်ကို ရွေးလိုက်၏။ နောက်ဆုံးမှာတော့ ထိုအစ်ကိုကြီးကသာ သူ့အသက်နှင့် အနီးစပ်ဆုံးဖြစ်ပြီး သူသည် သူ့အား အရသာရှိသောအစားအစာများပေးနိုင်လိမ့်မည်။ သူသည် ပုံမှန်အားဖြင့် ထိုအစ်ကိုကြီးအား အကြိုက်ဆုံးဖြစ်သည်။


နောက်ဆုံး၌ ကျန့်ကျားဟယ်နှင့် စုန့်ချန်ရှုတို့သည် တစ်ခန်းအိပ်ကြရမည်ဖြစ်ပြီး ဝူကျင်းနှင့် ကျန်းရှို့လျန်တို့သည် ကျန့်ကျားဟယ်၏ အခန်းဟောင်းထဲတွင် အိပ်ကြရမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ယွီသုန်သုန်၊ ရှောင်ဟေးနှင့် စုရွေ့ကျယ်တို့သည် အတူတူအိပ်ကြပြီး ကျန့်ယွင်ကတော့ သူတစ်ယောက်တည်းသာ အခန်းထဲရှိနေဆဲဖြစ်သည်။


ကျန့်ယွင်သည် သူတွင်ရှိသည့် အထူးဦးစားပေးမှုကြောင့် မပျော်ရွှင်နေခဲ့ပေ။ ယွီသုန်သုန်ကို လက်မောင်းထဲတွင်ချီပြီး အခန်းထဲသို့လျှောက်သွားသော စုရွေ့ကျယ်ဆီသို့ သနားစဖွယ် ကြည့်လိုက်သည်။ အကယ်၍ ယွီသုန်သုန်သာ တခြားတစ်ယောက်ကိုသာရွေးချယ်ခဲ့ပါက သူ စုရွေ့ကျယ်နှင့်အတူ အိပ်နိုင်လိမ့်အုံးမည်။


နေ့တာကုန်ဆုံးပြီး ညအချိန်သို့ရောက်လာသောအခါ လူတိုင်းသည် အနည်းငယ် ညစ်ပေနေကြသည်။ တစ်ယောက်ပြီးတစ်ယောက် ရေချိုးခန်းသို့ ဆေးကြောရန် သွားခဲ့ကြသည်။ ပူပြင်းလှသဖြင့် လူတိုင်းသည် ရေအေးဖြင့် ချိုးလိုက်ကြပြီး စုရွေ့ကျယ် ထောက်ပံ့ပေးထားသော သန့်ရှင်းနူးညံ့သည့် အ၀တ်အစားများကို လဲလှယ်လိုက်ကြသည်။


စုရွေ့ကျယ်သည် ညစာပြင်ဆင်ရန်အတွက် မီးဖိုခန်းထဲသို့သွားခဲ့သည်။ ဝူကျင်းသည် ကူညီချင်ခဲ့သည် သို့သော် သူမ၏လက်သည် ဒဏ်ရာရနေခဲ့၏။ သူမသည် အသီးအရွက်များ လှီးချွတ်ခြင်း မဟုတ်ပါက ဆေးကြောခြင်းသာလုပ်နိုင်သည်။ ဟင်းသီးဟင်းရွက်များ ကြော်ချက်ဖို့အတွက် ခက်ခဲလွန်းနေပြီး သူမ စုရွေ့ကျယ်အတွက် ပိုပြီး ပြဿနာမဖြစ်စေချင်ပေ။ ကျန့်ကျားဟယ်သည် အိုတာကုတစ်ယောက်သာဖြစ်သော်ငြားလည်း သူဘယ်လိုလုပ်ရမလဲသိသည့် အထူးဟင်းနှစ်ပွဲရှိသည်။ သူသည် ၀က်အူချောင်းများနှင့် ကြက်ဥ ထမင်းကြော်နှင့် ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ် ကို ကူညီပေးရန် မီးဖိုထဲသို့သွားလိုက်သည်။


စုရွေ့ကျယ်သည် အနီရောင်ဆော့နှင့် ငါးပုတ်သင်ပေါင်း၊ အစိမ်းရောင်ငရုပ်ပွသီးနှင့် ၀က်သားနုတ်နုတ်ကြော် နှင့် အာလူးနှင့်ကြက်သားဟင်း တို့ကို ပြုလုပ်ခဲ့သည်။ ပါ၀င်ပစ္စည်းများအားလုံးသည် သူ့နေရာလွတ်မှလာပြီး အတိအကျကို လတ်ဆတ်ပြီး အရသာရှိသည်။ စုရွေ့ကျယ်သည် တိုးလာသောအဖွဲ့၀င်များအတွက်ပါ ထည့်တွက်ပြီး သူတို့အားလုံးအတွက် လုံလောက်သောအစားအစာကို ပြုလုပ်ခဲ့သည်။


ဝူကျင်းနှင့် ကျန်းရှို့လျန်တို့သည် ထိုကဲ့သို့သာ ထိတ်လန့်ကြောက်မက်ဖွယ် ကမ္ဘာပျက်ကပ်ကြီးထဲတွင် ထိုသို့ အရသာရှိသောအစားအစာများကို စားနိုင်ကြလိမ့်အုံးမည်ဟု မမျှော်လင့်ထားခဲ့ဖူးကြချေ။ သူတို့စားနေကြစဉ် သူတို့မျက်လုံများထဲမှ မျက်ရည်မကျစေရန် တောင့်ခံနေကြရပြီး တခြားလူများကလည်း စိတ်ခံစားမှုအခြေအနေကို နားလည်နိုင်ကြသဖြင့် ဟန်ဆောင်စရာမလိုအပ်ခဲ့ချေ။


သို့သော်လည်း ယွီသုန်သုန်သည် ထိုအရာများကို အတော်လေးနားမလည်ခဲ့ပေ။ သူသည် စားသောက်နေခြင်းကိုသာ အလွန်ပျော်ရွှင်နေခဲ့သည်။ သူ့အစ်ကိုကြီးသည် အလွန်ကောင်းမွန်ပြီး ဤကဲ့သို့ အရသာရှိသော အစားအသောက်များကို ချက်ပြုတ်နိုင်သည်။ 


စုရွေ့ကျယ်သည် ကြောင်လေးအတွက် နို့နှင့် ငါးခြစ်ကိုပါပြင်ဆင်ပေးခဲ့ပြီး ရှောင်ဟေး၏ခေါင်းသည် အစားအစာထဲတွင်နစ်မြှုပ်နေခဲ့သည်။


ထိုအစားအသောက်တစ်နပ်နှင့် လူခုနစ်ယောက်နှင့်ကြောင်တစ်ကောင်သည် အလွန် စိတ်ကျေနပ်သွားခဲ့ကြသည်။


သူတို့ပြည့်အင့်သည်အထိ စားသောက်ကြပြီးနောက် ကျန်းရှို့လျန်သည် ပန်းကန်များကိုဆေးကြောခြင်းကို ဦးစွာ တာ၀န်ယူလိုက်ပြီး တခြားသူများသည် အနားယူရန်အတွက် သူတို့၏အခန်းများထဲသို့ ပြန်သွားခဲ့ကြသည်။


နေ့ရက်များ ကုန်လွန်လာသည်နှင့် ကမ္ဘာကြီးသည် အတော်လေးပြောင်းလဲရန် စတင်ခဲ့သည်။


ပထမဆုံး၊ ရေထောက်ပံ့မှု ပြဿနာတစ်ခုဖြစ်သည်။ တချို့ ဧရိယာများတွင် ရေ လုံး၀ဖြတ်တောက်ခံလိုက်ရသည်။ တချို့ဧရိယာများတွင် ရေမဖြတ်တောက်သေးဘဲ ရေပိုက်မှထွက်လာသောရေသည် အလွန်ညစ်ညမ်းပြီး ညှော်နံ့တစ်ခုရှိနေသည်။ ရောဂါပိုးကူးစက်မှုကို ကြောက်၍ ထိုရေမျိုးကို မည်သူမှ မသောက်ဝံ့ကြပေ။  


စားနပ်ရိက္ခာမရှိခြင်းသည် သည်းခံနိုင်သေးသော်လည်း ရေမရှိဘဲဆိုလျှင် အခြေအနေသည် အလွန်ကွာခြားသွားလိမ့်မည်။ ထိုပူပြင်းလှသောရာသီဥတုတွင် လူသားများ၏ခန္ဓာကိုယ်သည် အလျင်အမြန် ရေဓာတ်ခမ်းခြောက်ပြီး သေဆုံးသွားလိမ့်မည်။ လူများသည် သူတို့၏အကြောက်တရားများကို ကျော်လွှားပြီး သူတို့အိမ်မှထွက်ရန် ကြိုးစားကြသည်။


၀မ်းနည်းစွာဖြင့် ဖုတ်ကောင်များသည်လည်း ပြောင်းလဲသွားကြသည်။ နှေးကွေးသောဖုတ်ကောင်ကာလသည် ကျော်လွန်သွားပုံရပြီး သူတို့၏အဆစ်များသည် ပို၍ပျော့ပြောင်းလာ၏။ ထို့ကြောင့် ၎င်းတို့သည် လှေကားများတက်ခြင်းသာမက ပြေးရန်ပါသင်ယူနိုင်ကြသည်။ သူတို့၏ကံကောင်းမှုကို ကြိုးစားရန်ညအခါ၌အပြင်သို့ထွက်ခဲ့ကြသောလူများသည် ထိတ်လန့် ကြောက်ရွံ့စရာအဆုံးသတ်နှင့် ကြုံခဲ့ကြရသည်။


မှောင်မိုက်သောည၌ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။


ပြောင်းလဲမှုများတသီတတန်းမှတဆင့် လူများအတွက် နေထိုင်မှုအခြေအနေများသည် ရင်ဆိုင်ရန် အလွန်ခက်ခဲလာပြီး ထိုအထပ်မြင့်လူနေအိမ်ယာများသည် နောက်ထပ် လုံခြုံမှု မရှိတော့ချေ။


သို့သော်လည်း ဘုရားသခင်သည် တံခါးတစ်ပေါက်ကို ပိတ်လိုက်ချိန်တွင် သူသည် ပြတင်းတစ်ပေါက်ကို ဖွင့်ထားစမြဲပင်။ 


လူများ၏ဘက်တွင် အံ့ဩဖွယ်ရာတစ်ခုပေါ်လာသည်။ သူတို့သိခဲ့ရသည်မှာ ဖုတ်ကောင်တစ်ကောင် အကုတ်ခံရသည် သို့မဟုတ် အကိုက်ခံရပြီးနောက် သူတို့သေဆုံးဖို့မဖြစ်မနေ လိုမည်မဟုတ်တော့ပေ။ သို့ရာတွင် သူတို့အတွက် စွမ်းရည်တစ်ခု နိုးထလာနိုင်ဖို့ ဖြစ်နိုင်လိမ့်မည်။ 


ဖုတ်ကောင်တစ်ကောင်နှင့် ရင်ဆိုင်ဖို့တွန်းအားပေးနိုင်သည့် လူအများကြီးမရှိပေ။ သူတို့ မသေနိုင်ဖို့လည်း မသေချာပေ။ ထို့ကြောင့် ရက်အနည်းငယ်ကြာပြီးနောက် Sမြို့တွင် စွမ်းရည်အသုံးပြုသူ အနည်းငယ်သာလျှင် ရှိသည်။


တိုက်ခိုက်မှုမှ အသက်ရှင်သန်လာပြီး စွမ်းရည်တစ်ခု အောင်အောင်မြင်မြင် ရရှိသည့် လူများသည် လူအများ၏ ‘ မျှော်လင့်ချက် ’ ဖြစ်လာခဲ့ကြသည်။ အသက်ရှင်ကျန်ရစ်သူများထံမှ ယုံကြည်ခြင်း၊ ကိုးစားခံရခြင်းနှင့် ချီးချူးဂုဏ်ပြုခံရခြင်းတို့ကြောင့် အဆိုပါစွမ်းရည်အသုံးပြုသူများကို သူတို့သည် တခြားသူများထပ်သာလွန်သည်ဟု ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။ သူရဲကောင်းများဖြစ်လာရန် ရည်မှန်းထားသူအချို့သည် ကမ္ဘာပျက်ကပ်ကြီးအတွင်းတွင် လူသားမျိုးနွယ်ကို အကျိုးပြုချင်ကြသည်။ တချို့လူများသည် ဂရုဏာတရားနှင့် မေတ္တာတရားကို အသုံးချပြီး ကမ္ဘာကြီးကို ကယ်တင်ရန်မှာ သူတို့၏တာ၀န်ဖြစ်သည်ဟု မြင်ကြသည်။ စွမ်းရည်အသုံးပြုသူများတွင် မတူညီသောရည်ရွယ်ချက်များစွာရှိကြလေသည်။


သို့သော်လည်း ထိုနောက်ပိုင်းတွင် မျှစ်စို့များပေါက်သလို လုံခြုံဘေးကင်းရေးဇုန်လေးများ ပေါ်ပေါက်လာလေသည်။


တခြားအသက်ရှင်ကျန်ရစ်သူများနှင့် ချိတ်ဆက်မှုအားနည်းသောကြောင့် ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် စွမ်းရည်အသုံးပြုသူများနှင့် လုံခြုံရေးဇုန်များကို မသိခဲ့ကြပေ။ သူတို့သည် ညစဉ်ညတိုင်း ရိက္ခာပစ္စည်းများစုဆောင်းရန်၊ သူတို့၏စွမ်းရည်များကို လေ့ကျင့်ဖို့ ဖုတ်ကောင်များကိုတိုက်ခိုက်ရန်နှင့် အမြုတေများပိုပြီးစုဆောင်းရန် ထွက်နေကြမြဲဖြစ်သည်။ အမြုတေများသည် စွမ်းရည်များကို နှိုးဆွပေးနိုင်ပြီး အားဖြည့်ပေးနိုင်သည့် မြင့်မားသော ဦးစားပေးမှုရှိခဲ့သည်။


အဖွဲ့ထဲတွင် ယွီသုန်သုန်သည် တစ်ဦးတည်းသောကလေးတစ်ယောက်ဖြစ်နေသော်လည်း သူ့အား အိမ်၌တစ်ယောက်တည်းထားခဲ့ရန် မည်သူကမှ ဆန္ဒမရှိကြချေ။ ငြိမ်းချမ်းသောအချိန်ကာလလည်းမဟုတ်၊ အိမ်၌နေဖို့ရန် လုံခြုံသည်လည်း မဖြစ်နိုင်သဖြင့် သူတို့နောက်သို့လိုက်ရန်သာ ဖြစ်နိုင်လိမ့်မည်။ ကလေးတစ်ယောက်ဆိုလျှင်တောင် ကမ္ဘာ့အဆုံးသတ်၏ ရက်စက်မှုကြီးကို ရင်ဆိုင်ရန် လိုအပ်သည်။ နောက်ဆုံးမှာတော့ ဖုတ်ကောင်တစ်ကောင်သည် ကလေးတစ်ယောက်ကို ကိုက်ရန် သေချာပေါက် တွန့်ဆုတ်နေလိမ့်မည်မဟုတ်ပေ။ 


ဖုတ်ကောင်များ၏ စွမ်းအားသည် အလွန်မမြင့်မားသေးချေ။ သူတို့၏ခေါင်းများထဲတွင် အမြုတေများမှာ အလွန်ကို အနည်းငယ်လောက်သာရှိကြသည်။ သူတို့သည် တစ်ပါတ်လောက်အလုပ်များနေခဲ့ကြပြီးနောက် သူတို့စုဆောင်းနိုင်သည့် အမြုတေရှိသည့် ဖုတ်ကောင်ခုနစ်ကောင် ရှစ်ကောင်လောက်သာရှိသည်။ သူတို့ထဲမှတစ်ခုကို ကျန်းရှို့လျန်သူ့စွမ်းရည်နိုးထစေဖို့ ကူညီရန် အသုံးပြုခဲ့ကြသည်။ စုရွေ့ကျယ်၏ အသီးအရွက်ဖျော်ရည်၏အကူအညီဖြင့် သူသည် နိုးထခြင်းကာလကို အောင်အောင်မြင်မြင် ဖြတ်ကျော် ရှင်သန်နိုင်ခဲ့ပြီး မြေစွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်လာခဲ့သည်။ 


ကျန်းရှို့လျန် သူကိုယ်တိုင် အများကြီးမပြောခဲ့ : ‌‌ ‌‌မြေစွမ်းရည်နိုးထလာခြင်းသည် သူ့အတွက် အမှန်တကယ်ကို အလွန်သင့်လျော်လှသည်။ 


ဦးနှောက်ကြီးကြီးနှင့် အကြံအစည်များများစွာရှိသော လူတစ်ယောက်ဖြစ်သည့် ကျန့်ကျားဟယ်၏ထောက်ပံ့မှုနှင့် သူသည် မြေကြီးနံရံများ၊ မြေကြီးဒိုင်းကာများ၊ မြေပြိုကျစေနိုင်မှုများနှင့် မြေလွှာလှိုင်းများ စသဖြင့် သူ့စွမ်းရည်အတွက် အသုံးချနိုင်မှုအမျိုးမျိုးကို အလျင်အမြန် တိုးတက်စေနိုင်ခဲ့သည်။ ကျန်းရှို့လျန်နှင့် စုရွေ့ကျယ်၏ စွမ်းရည်များနှင့်အတူ သူတို့၏ဗီလာလုံခြုံရေးကို တိုးမြှင့်ခဲ့ကြသည်။ သူတို့သည် နှစ်မီတာလောက်မြင့်ပြီး ငါးဆယ်စင်တီမီတာလောက်ထူသည့် နံရံတစ်ခုကိုတည်ဆောက်ခဲ့ပြီး သူတို့အပြင်ထွက်သွားကြသည့်အချိန်တွင် သူတို့တံခါးကို မည်သူမှ ချိုးဖောက်မဖွင့်နိုင်စေရန် ဗီလာအပြင်ဘက်မြေကြီးထဲတွင် အာလူးမိုင်းများစွာကို မြှုပ်ထားခဲ့ကြသည်။ 


သို့သော် စုရွေ့ကျယ်သည် ယွီသုန်သုန်ကို အမြုတေခဲတစ်ခုပေးရန် အစီအစဉ်မရှိခဲ့ပေ။ သုန်သုန်သည် အလွန်ငယ်ရွယ်လွန်းပြီး သူ့ခန္ဓာကိုယ်သည် ဖုတ်ကောင်ဗိုင်းရပ်စ်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနိုင်မလားကို သူမသိပေ။ သူ့အရင်ဘ၀တွင် ကလေးများစွာသည် ဖုတ်ကောင်ဗိုင်းရပ်စ်၏ ပထမဆုံးသော နစ်နာသူများဖြစ်ခဲ့ကြရသည်။ ယွီသုန်သုန်သည် ကမ္ဘာပျက်ကပ်ကြီး၏ ပြောင်းလဲမှုများမှ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်သည် တခြားကလေးများထက် ပိုကောင်းသည်ကိုသာပြသနေသော်ငြား သူ့ခန္ဓာကိုယ်သည် ဖုတ်ကောင်ဗိုင်းရပ်စ်နှင့် တိုက်ခိုက်နိုင်လိမ့်မည်ဟု မဆိုလိုပေ။ သူလုပ်ကိုလုပ်ရမည့်အချိန်မတိုင်သ၍ ယွီသုန်သုန်ကို စွန့်စားခိုင်းရန် မလိုချင်ပေ။ 


ဗီလာအနီးရှိဆိုင်များသည် လုယက်ခံလိုက်ရပြီးဖြစ်ကာ အမှိုက်သိမ်းရန်ပင် အများကြီး မကျန်တော့ပေ။ ထို့ကြောင့် ဤနေ့တွင် သူတို့သည် အတော်လေးဝေးဝေးကို သွားရန်စီစဉ်ခဲ့ကြသည်။ ထောင့်တစ်ခုကို ကွေ့လှည့်လိုက်သည်နှင့် ဗင်ကားတစ်စီးသည် အလွန်မြန်သောအရှိန်တစ်ခုနှင့် သူတို့ဆီသို့ ပြေးလာနေသည်ကိုတွေ့လိုက်ကြရသည်။


ကျန့်ယွင်သည် ဘရိတ်ကိုစောင့်နင်း‌လိုက်စဉ်မှာပဲ သူ့လက်ထဲရှိ စတီယာရင်ဘီးနှင့် အပြင်းအထန်ရုန်းကန်လိုက်ရသည်။ တာယာများသည် မြေပြင်ကိုပွတ်ဆွဲသွားပြီး အလွန်ဆူညံသောအသံတစ်ခုဖြစ်လာကာ အလွန့်အလွန်ကို အန္တရာယ်များသော ပွတ်ဆွဲပြီး လွင့်ထွက်သွားသောအနေအထားဖြင့် ဗင်ကားကို ဖြတ်သွားလေသည်။ 


သို့သော်ငြားလည်း သူတို့အားတိုက်မိလုနီးပါး ဗင်ကားသည် တစ်ခဏလေးကိုမှ မရပ်တန့်သွားဘဲ ကားမောင်းသူသည် Acceleratorကိုနင်းပြီး ရှေ့သို့ ရည်ရွယ်ချက်ရှိရှိ အပြေးမောင်းသွားသည်။


“ကျန့်ကော၊ မြန်မြန်မောင်း”


ကျန့်ယွင်သည် ကားကို နောက်တစ်ကြိမ်လှည့်လိုက်၏။ သူထိုအုပ်စုကိုအမိဖမ်းပြီး စကားကောင်းကောင်းပြောချင်သည်။ ထို့ကြောင့် ကားနောက်ခန်းမှ ကျန့်ကျားဟယ်၏ စိုးရိမ်တကြီးအော်သံ နားထောင်လိုက်သည်။


ကားနောက်ကြည့်မှန်မှတဆင့်ကြည့်လိုက်ပြီး ကျန့်ယွင်သည် လိုက်နေသောအလောင်းကောင်များ အလုံးအရင်းလိုက်ကိုတွေ့လိုက်ရသည်။ 


“အိုး လာစမ်းပါ ”


ကျန့်ယွင်သည် ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး ကားကိုစတင်မောင်းနှင်ကာ ထွက်သွားသောကား၏ဦးတည်ရာသို့ ထပ်ချပ်မကွာ လိုက်သွားလေသည်။ 


သူသည် ဖုတ်ကောင်အလုံးအရင်းလိုက်ကို ခုခံရန် စိတ်မ၀င်စားပေ။ ပြဿနာကိုစတင်သူအား ၎င်းကို ပြန်ပေးရလိမ့်မည်။


အရှေ့ရှိဗင်ကားသည် ကျော်ကြားသောမော်ဒယ်လ်ဖြစ်သည်။ သို့သော်ငြားလည်း ဒါပေါ့လေ, သူတို့၏ ဇိမ်ခံSUV လောက်မြန်လိမ့်မည်မဟုတ်ပေ။ သူတို့အရှေ့ရှိဗင်ကားကို မကြာခင်မှာပင် ဖမ်းမိလိုက်သည်။ 


ဗင်ကားသည် မျက်စိစုံမှိတ်ပြီးမောင်းနှင်နေသည်မဟုတ်‌။ လမ်းပိတ်ဆို့တုံးများစွာနှင့် ပိတ်ဆို့ထားသော လူပြတ်သည့်လမ်းကို လှည့်ပတ်မောင်းနှင်သွားသည်။ ထိုရှုပ်ထွေးပွေလီသောအနေအထားကြောင့် သိသိသာသာကို တရား၀င်လမ်းတစ်ခုမဖြစ်နိုင်ပေ။