အခန်း(၃၅) 《 နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး 》
Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク
ဗင်ကားသည် လမ်းတားတစ်ခု၌ ရပ်သွားသောအခါ လူများစွာသည် ချုံပုတ်များထဲမှထွက်လာကြကာ ဗင်ကားမောင်း၀င်ဖို့အတွက် လမ်းတားတုံးများကိုဘေးသို့ အလျင်အမြန်ဆွဲလိုက်ကြသည်။
ထိုလူများ လမ်းတားတုံးများကို နေရာပြန်မထားနိုင်သေးခင်မှာပင် ကျန့်ယွင်သည် acceleratorကို တစ်ချက်ဖိနင်းလိုက်ပြီး အမြန်မောင်း၀င်လိုက်ကာ သူ့ရှေ့ရှိဗင်ကားနောက်သို့ တိုက်ရိုက်လိုက်သွားလေသည်။
လမ်းမပေါ်ရှိလူများသည် ကားနောက်သို့ခြေနှစ်လှမ်းစာလိုက်လိုက်ပြီး ဆဲဆိုဖို့ ပေါ်လာကြလေသည်။
သူတို့နောက်သို့လိုက်လာသော ဖုတ်ကောင် အလုံးအရင်းကိုတွေးလိုက်ပြီး ကျန့်ကျားဟယ်သည် ကာနောက်တံခါးကိုဖွင့်ပြီး ထိုလူများအားအော်လိုက်၏။
“ဖုတ်ကောင်တွေလာနေပြီ။ ဒီကနေထွက်သွားကြတော့ ”
လူများသည် အဝေးမှလမ်းကို စူးစိုက်ကြည့်လိုက်ပြီး အသေအချာပင် အရိပ်များစွာသည် သူတို့ဆီသို့ လှုပ်လှုပ်ရှားရှားလာနေသည်။
အံ့အားသင့်ထိတ်လန့်သည့် အော်သံတစ်ခုနှင့် လူများသည် ချက်ချင်းပင် ချုံပုတ်များနောက်တွင် ဝှက်ထားသော ကားထဲသို့ခုန်၀င်လိုက်ကြကာ အလျင်အမြန် ၀င်လိုက်ကြသည်။
ဗင်ကားသည် တစ်ကီလိုမီတာနီးပါးလောက် လမ်းတလျှောက်တည့်တည့်မောင်းသွားပြီး နောက်ဆုံး၌ စက်ရုံတစ်ခု၏တံခါးရှေ့တွင် ရပ်သွားလေသည်။
ထိုရင်းနှီးကျွမ်း၀င်သည့် စက်ရုံအဆောက်အအုံ၌ စုရွေ့ကျယ်သည် သူ့မျက်လုံးများ တဖြည်းဖြည်းကျဉ်းမြောင်းသွားလေသည်။
စက်ရုံ၏သံတံခါးကြီးသည် ဖြည်းညှင်းစွာပွင့်လာပြီး များစွာသော လူငယ်လူရွယ်များထွက်လာကြကာ သူတို့၏လက်များထဲတွင် ဓာတ်မီးများနှင့် သံချောင်းများကို ကိုင်ဆောင်ထားကြသည်။
ဗင်ကား၏တံခါးသည်လည်း ပွင့်လာပြီး အရှေ့ထိုင်ခုံမှ ပိန်ပါးသော မျောက်နှင့်တူသည့်လူတစ်ယောက်ထွက်လာကာ ခေါင်းညိန်လိုက်ပြီး တခြားလူငယ်များကိုစောင့်နေသည်။ သူသည် အနောက်ဘက်ကိုယ်ထည်တံခါးကို ဖွင့်လိုက်ပြီး ရေသန့်သေတ္တာများ နှင့် နို့မှုန့်အထုပ်များကို ထုတ်ယူလိုက်သည်။
လူငယ်သည် ခေါင်းညိတ်လိုက်ပြီး ပိန်ပါးသောမျောက်နှင့်တူသည့်လူအား မောင်း၀င်ခွင့်ပြုသည့်အတွက် ရိက္ခာပစ္စည်းတစ်၀က်ကိုယူလိုက်သည်။
ထို့နောက် သူတို့ဆီသို့လာနေသော လမ်းကြမ်းမောင်းကားကို တစေ့တစောင်း အကဲခတ်လိုက်ပြီး မော်ဒယ်လ်ကိုမြင်ပြီးနောက် သူတို့၏မျက်လုံးများသည် တောက်ပသွားကြလေသည်။ သူတို့သည် ကမ္ဘာပျက်ကပ်ကြီးမတိုင်ခင်က ထိုသို့သော ဇိမ်ခံကားများကို များစွာ မတွေ့ဖူးခဲ့ကြချေ။ ထူထဲသောသံမဏိပြားများသည် သိသိသာသာကို အလွန် ခိုင်ခံ့လှသည်။
ခေါင်းဆောင်ဖြင့်သည့် လူငယ်သည် နောက်သို့လှည့်ပြီး သူ့ဘေးနားရှိ ညီငယ်လေးတစ်ယောက်ကို စကားအနည်းငယ် တိုးတိုးပြောလိုက်၏။ ညီငယ်လေးသည် ချက်ချင်းပင် စက်ရုံထဲသို့ အပြေးအလွှားပြန်သွားလိုက်လေသည်။ ကျန့်ယွင်သည် သူတို့ရောက်လာသည်ကို မည်သူ့အားသွားရောက်သတင်းပို့သည့်ကိုမသိလိုက်ပေ။
ထို့နောက် ကြင်နာသောအပြုံးတစ်ခုနှင့် လူငယ်သည် ကားမောင်းသူခုံဘက်သို့ ချဉ်းကပ်လာကာ ကျန့်ယွင်အားမေးလိုက်၏။
“မင်းတို့ ငါတို့ရဲ့ လုံခြုံရေးဇုန်ကို ပူးပေါင်းချင်လား ”
“ဒါက လုံခြုံရေးဇုန်တစ်ခုလား ”
လူငယ်သည် သူ့အား အံ့ဩသည့်အကြည့်ဖြင့် ကြည့်ပြီး ပြောလာ၏။
“မင်းမသိဘူးလား။ ဒါဖြင့် မင်းတို့ဒီကို ဘယ်လိုရောက်လာကြတာလဲ ”
“ငါက ငါတို့ရှေ့ကကားနောက်ကိုလိုက်လာခဲ့တာ။ သူက ဖုတ်ကောင်အုပ်စုကို ဘယ်လိုရှောင်ရမှန်းမသိဘဲ ငါတို့ကို တောင်တိုက်မိလုနီးပါးပဲ။ နောက်တော့ ဒီအထိသူ့နောက်ကိုလိုက်လာဖို့အပြင် ငါတို့နောက်ထပ်ရွေးချယ်စရာမရှိတော့ဘူး”
လူငယ်သည် ဖုတ်ကောင်များအကြောင်းကြားပြီးနောက် သူ့မျက်နှာတွင် သေးငယ်သောပြောင်းလဲမှုတစ်ခုဖြစ်သွားသည်။ သူသည် တခြားညီငယ်လေးကို အထဲသို့၀င်ပြီး တာ၀န်ခံဆီသို့အကြောင်းကြားရန် နှိုးဆော်လိုက်သည်။ သူသည် စီးပွားရေးသမားကဲ့သို့ပုံစံပြောင်းလဲသွားပြီးပြောလာ၏။
“မင်းတို့ဒီကို ဘယ်လိုပဲရောက်လာလာ တိုတိုပြောရရင် ဒီနေရာက ကျန်းကောတည်ထောင်ထားတဲ့ လုံခြုံရေးဇုန်တစ်ခုပဲ။ အထဲ၀င်ဖို့အတွက်ဆိုရင် ၀င်ကြေးပေးရမယ်”
“၀င်ကြေးကဘယ်လောက်လဲ ”
“တာ၀န်ခံပြောထားတာအရတော့ လူတစ်ယောက်၀င်ကြေးက ဆန်စပါးငါးကီလိုဂရမ်နဲ့ညီတယ်တဲ့ ”
လူငယ်သည် ကားထဲသို့ အကဲခတ်လိုက်ကာ သူ့ခေါင်းကို ညင်ညင်သာသာယမ်းလိုက်ပြီး
“အထဲမှာ မင်းတို့ကဘယ်နှယောက်လဲ...လွှဲပေးစရာဆန်စပါးမရှိဘူးဆိုရင် ကားကိုသုံးပြီးလဲလှယ်လို့လည်း ဖြစ်နိုင်ပါတယ်။ ကျန်းကောက ကားတစ်စီးကို လိုချင်နေခဲ့တာ”
“ကျန်းကောက ဘယ်သူလဲ ”
“ကျန်းကောကို မင်းမသိဘူးလား။ သူကစွမ်းအားရှင်တစ်ယောက်ပဲ။ သူ့ခွန်အားက အကန့်အသတ်မဲ့ပဲကွ၊ သူက လက်ဗလာနဲ့တောင် ဖုတ်ကောင်တွေကို ဆုတ်ဖြဲနိုင်တယ်။ ဒီလုံခြုံရေးဇုန်က ကျန်းကောတည်ထောင်ထားတာ ”
“အိုး၊ စွမ်းအားရှင်လူတစ်ယောက်လား၊ အတော်လေးမိုက်သား ”
ကျန့်ယွင်သည် ၀တ်ကျေတန်းကျေတုန့်ပြန်လိုက်ပြီး “မင်းတို့လုံခြုံရေးဇုန်ထဲမှာ စွမ်းအားရှင်ဘယ်လောက်ရှိလဲ ”
“မင်းက စွမ်းအားရှင်တွေက တရုတ်ဂေါ်ဖီထုပ်တွေလိုပေါက်လာတယ်ထင်နေတာလား။ လက်တစ်ဆုပ်စာလောက်ဆိုပြီး သွားယူလို့ရမလားဟ။ သေချာပေါက်မဟုတ်ဘူးပေါ့၊ ကျန်းကောတစ်ယောက်တည်းပဲရှိတာ၊ ကျန်းကောက သူတစ်ယောက်တည်းလုံလောက်တဲ့အထိ အရမ်းပြင်းထန်တယ် ”
ကျန့်ယွင်နှင့် တခြားလူများသည် သူတို့စိတ်ထဲတွင် တီးတိုးလှောင်ရယ်လိုက်၏။ ဒီလူတွေက တကယ့်ကို နံရံအောက်ခြေက ဖားတွေပဲ......
ထိုအချိန်မှာပဲ သူနောက်သို့လိုက်လာသော အစောင့်အကြပ်များကိုသယ်ဆောင်လာသောကားသည်လည်း မှီလာလေ၏။ လမ်းတားတုံးများကိုစောင့်ကြပ်ရန် တာ၀န်ရှိသည့်လူအနည်းငယ်သည် သူတို့စိတ်ထဲတွင် ဖရိုဖရဲတုန်လှုပ်နေကြလျက် အော်လိုက်၏။
“မြန်မြန်၊ ဖုတ်ကောင်တွေ ဒီကိုလာနေပြီ၊ အထဲ၀င်ကြ၊ အထဲကိုသွားကြ”
ကျန့်ယွင်၏လမ်းကြမ်းမောင်းကားသည် သူတို့အရှေ့တွင် ပိတ်ဆို့နေပြီး တခြားကားသည် အထဲသို့မ၀င်နိုင်ဖြစ်နေသည်။ သူတို့သည် စိုးရိမ်တကြီးနှင့် အသဲအသန်ကို အရှေ့သို့ အပြေးအလွှား လျှောက်သွားဖို့ကြိုးစားရန်သာတတ်နိုင်တော့သည်။
လူငယ်သည်လည်း ဖုတ်ကောင်များ၏ အော်ဟောက်သံများကိုကြားလိုက်ရ၏။ သူအနည်းငယ် အထိတ်တလန့်ဖြစ်သွားပြီး ကျန့်ယွင်နှင့် ၀င်ကြေးအခကြေးငွေကို ညှိနှိုင်းဆွေးနွေးဖို့ အချိန်ကြာအောင်အားထုတ်လို့ မဖြစ်နိုင်တော့ချေ။ သူတို့အား စက်ရုံထဲသို့ ကားမောင်း၀င်ရန် တိုက်တွန်းလိုက်ပြီးနောက် သံတံခါးကိုပိတ်လိုက်ရ၏။
သံတံခါးကို သော့ ခုနစ်ခု ရှစ်ခုလောက်ခတ်ပြီးနောက်မှသာ လူငယ်သည် ပိုပြီး လွယ်ကူပေါ့ပါးသွားသလိုခံစားလိုက်ရ၏။ သူသည် ကားပေါ်မှ ဆင်းလာသောလူများကို အကဲခတ်လိုက်၏။
အရှေ့ထိုင်ခုံများမှဆင်းလာသော အရပ်ရှည်ရှည်လူနှစ်ယောက်မှ လွဲ၍ ကျန်သည့်လူများသည် တိုက်ခိုက်နိုင်စွမ်း အများကြီးရှိမည့်ပုံမရချေ။ အထူးသဖြင့် သုံးနှစ်အရွယ်ကလေးတစ်ယောက်နှင့်အတူရှိသည့် ဆယ်ကျော်သက်ကလေးနှင့် သူမ၏လက်တွင် ပတ်တီးတစ်ခုနှင့် အမျိုးသမီးဖြစ်သည်။
အာ, အနာတရရနေသောအမျိုးသမီးနဲ့ ကလေးတွေအဖွဲ့နှင့် လူနှစ်ယောက်.....
ခုန်စယောက်မှာ နှစ်ယောက်သာအသုံး၀င်သည်။ အသက်ပိုငယ်လေလေ ၀န်ထုပ်၀န်ပိုကြီးလေလေ၊ ပိုပြီး သူတို့ရရှိထားတဲ့ အလေးပေးမှုကို မထိမဲ့မြင်ပြုလေလေပင်။ ဇိမ်ခံSUVကြီးကို တွေးခြင်းကသာ ထိုအသက်ရှင်ကျန်ရစ်သူများကို ၀င်ခွင်ပေးလိုက်ဖို့ ဆွဲဆောင်နိုင်သည့်အရာတစ်ခုသာလျှင်ဖြစ်တော့သည်။
မျက်တောင်တစ်ခတ်စာအကြာမှာပဲ ဖုတ်ကောင်များသည် စက်ရုံ၏သံဂိတ်တံခါးများကို သွေးရူးသွေးတန်းနှင့် စတင်ထုရိုက်လာကြကာ လက်ရန်းအက်ကွဲကြောင်းများမှတဆင့် သူတို့လက်သည်းများဖြင့် ကုတ်ခြစ်နေကြကာ အရသာရှိသောအစားအသာက်များကို ဖမ်းဆွဲရန်ကြိုးစားနေကြလေသည်။
ပတ်ပတ်လည်ကိုလင်းချင်းသွားစေရန် စက်ရုံနံရံပေါ်သို့ အလင်းရောင်များစွာထိုးလာကြသည်။ လူအများအပြားသည် လှုပ်ရှားသံများကို ကြားရပြီး စက်ရုံအခန်းများထဲမှထွက်လာကြကာ စက်ရုံအလယ်ရှိ ဟင်းလင်းပြင်၌စုဝေးလာကြသည်။ သူတို့သည် ကြောက်စရာဖုတ်ကောင်များကို စိုးရိမ်ထိတ်လန့်စွာကြည့်နေကြလေသည်။
စုရွေ့ကျယ်သည် လူအုပ်ထဲသို့ တစ်ချက်ကြည့်လိုက်သည်နှင့် ရောနှောနေသော ရင်းနှီးသည့် မျက်နှာနှစ်ခုကို ရွေးကောက်လိုက်နိုင်သည်။ ဦးလေးစုချီမင်နှင့် အဒေါ် ချန်ဟွေ့ကျန်းတို့သည် အမှန်တကယ်ကို ဤနေရာ၌ရှိနေကြသည်။ ဤဘ၀မှာ စုရွေ့ကျယ်နှင့် ကျန့်ယွင်၏ ကာကွယ်မှုမပါဘဲ သူတို့သည် အရင်ဘ၀ကထက် အနည်းငယ် ဆိုးရွားနေပုံရသည်။
ချန်ဟွေ့ကျန်း၏ ၀တုတ်တုတ်ကိုယ်ခန္ဓာသည် သိသိသာသာကို ပိန်ကျသွားပြီး သူမ၏ ပါးပြင်များသည် ခြောက်ကပ်နေကာ သူမ၏ဆံပင်များသည် ရှုပ်ပွနေပြီး သူမတွင် စိတ်ဓာတ်ခံနိုင်ရည်အား လုံး၀မရှိတော့ချေ။ စုချီမင်၏ နောက်ကျောသည်လည်း ကိုင်းကျနေကာ သူ့ဆံပင်များသည် ဖြူလာခဲ့သည်။
သူ့အတိတ်ဘ၀တုန်းက စုရွေ့ကျယ် ဖုတ်ကောင်တစ်ကောင်ထံမှ အကိုက်ခံရပြီးနောက် စက်ရုံအားယာယီအခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့သောကျန့်ယွင်သည် သူ့အားဤနေရာသို့ ခေါ်ဆောင်လာခဲ့ဖူးသည်။ ၎င်းသည် အစားအသောက်ထုတ်လုပ်ရေးစက်ရုံတစ်ခုဖြစ်သဖြင့် လက်ကျန်အစားအစာအချို့ရှိနေသေးသည်။ မြေပြင်ပထဝီအခြေအနေသည်လည်း ကောင်းမွန်ကာ ခုခံကာကွယ်ရန်လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသည်။
ကျန့်ယွင်ထံမှ ကယ်ဆယ်ခြင်းခံရသောအခါ နိုးထလာပြီးနောက် သူ့စွမ်းရည်ကို နှိုးဆော်ခဲ့သည်။ စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်ခြင်း၏ အကျိုးကျေးဇူးနှင့် သူသည် များစွာသောမျက်နှာပေးမှုများရရှိခဲ့ပြီး သူ့ဦးလေးမိသားစုသည် အကျိုးကျေးဇူးအကြီးမားဆုံး ဖြစ်လာခဲ့သည်။
သို့သော်လည်း ဤဘ၀တွင်မူ သူတို့သည် ထောက်ပံ့မှုမရှိသော သာမာန်လူများသာဖြစ်ကြသည်။ သူတို့သည် ဤအခြေစိုက်စခန်းကို ၀င်နိုင်ရန် ရိက္ခာများကို လက်လွှဲပေးခဲ့ရပေလိမ့်မည်။ ယခြတော့ သူတို့ကောင်းကောင်းမွန်မွန်မရှိနေကြသည်ကို မြင်သောအခါ စုရွေ့ကျယ် ပျော်ရွှင်မိသည်။
ဤအခြေအနေကို ဘယ်လိုပြောရမလဲ။
‘ခင်ဗျားတို့ ခက်ခဲတဲ့အချိန်တစ်ခုရနေတာကိုမြင်ရတာ ကျွန်တော် စိတ်သက်သာရာရမိတယ်’
ကျန့်ယွင်သည် တံခါးပေါက်နားတွင် ရပ်နေပြီး သူ့အနောက်တွင် ဇိမ်ခံကားတစ်စီးနှင့် အသားဖြူဖြူလူတစ်ယောက်ဖြစ်သည့် စုရွေ့ကျယ် သည် စူးရှထက်မြက်သောမျက်လုံးတစ်စုံဖြင့် ရပ်နေခဲ့လေသည်။ ချန်ဟွေ့ကျန်းသည် သူ့အား တစ်ချက်တည်းနှင့် မ့င်သွားလေသည်။ သူမသည် စုရွေ့ကျယ်၏မျက်လုံးများနှင့် ဆုံသွားသောအခါ သူသည် ချက်ချင်းပင် မနှစ်မြို့ဟန်ဖြင့် သူ့ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ကာ သူတို့အား မမြင်ချင်ဟန်ဆောင်ထားလေသည်။
အဆုံးမှာတော့၊ သူ့ချစ်ရသူတစ်ယောက်အနေဖြင့် ကျန့်ယွင်သည် အကျင့်အတိုင်းစုရွေ့ကျယ်အား အာရုံစိုက်ထားခဲ့သဖြင့် သူစိတ်ခံစားချက်ကောင်းမနေသည်ကို သူသတိပြုမိလိုက်သည်။ စုရွေ့ကျယ်၏အကြည့်နောက်သို့လိုက်ပြီး သူလည်းပဲ ချန်ဟွေ့ကျန်းအားမြင်လိုက်ရပြီး သူစိတ်ထဲတွင် စိတ်အေးသွားရသည်။
ထိုအချိန်တွင် မုတ်ဆိတ်မွှေးနှင့် ပါးစပ်တွင်စီးကရက်တစ်လိပ်နှင့် သန်မာသာအမျိုးသားတစ်ယောက်သည် လူအများဝိုင်းရံနေသောစက်ရုံအဆောက်အအုံအနောက်ဘက် လွတ်လပ်သောအိပ်ဆောင်အဆောက်အအုံမှ ဖြည်းညှင်းစွာထွက်လာလေသည်။
“ကျန်းကော ”
မုတ်ဆိတ်နှင့်လူကိုမြင်ပြီး လူငယ်သည် ချက်ချင်း သာယာသောအပြုံးတစ်ခု ညှစ်ထုတ်ဆင်မြန်းလိုက်ပြီး ဖုတ်ကောင်များအကြောင်း သူ့အားပြောပြရန် စုစည်းသွားလိုက်သည်။ သူသည် ကျန့်ယွင်အား လက်ညှိုးထိုးပြလိုက်၏။
စွန်းမင်၏ လက်နောက်သို့လိုက်ပြီး ကျန်းမောင့်ရုန် သည် ဇိမ်ခံကားကိုမြင်လိုက်ရပြီး ထိုအရှေ့တွင် ရပ်နေသော လူအုပ်စုလေးနောက်သို့လိုက်ပါသွား၏။ သို့သော် သူသည် စွန်းမင်ကဲ့သို့ အမြင်တိုသောလူမဟုတ်ချေ။ ထိုလူများသည် အလွန်အားနည်းသည့်ပုံရသော်လည်း သူတို့သည် သူတို့သည် သန့်ရှင်းသပ်ရပ်နေကြကာ သူ့လုံခြုံရေးဇုန်ထဲရှိလူအများနှင့် အပြင်ဘက်သွင်ပြင်ယှဉ်ကြည့်လျှင် ခြားနားသည်။ သူတို့၏မျက်လုံးများသည် အထူးသဖြင့် တည်ငြိမ်နေကြကာ သံဂိတ်တံခါးအပညင်ဘက်တွင် ဖြတ်ကောင်များ အော်ဟစ်နေသော်လည်း ၎င်းတို့လုံး၀ရှိမနေသကဲ့သို့ပင်။
“ငါ့နာမည်က ကျန်းမောင့်ရုန်လို့ခေါ်တယ်။ မင်းတို့ကို ဘယ်လိုခေါ်ရမလဲ ”
ကျန်းမောင့်ရုန်သည် ကျန့်ယွင်နှင့်တခြားသူများ၏အရှေ့တွင် ရပ်လိုက်၏။
“ကျန့်ယွင် ”
ကျန်ယွင်သည် အသာအယာဖြေလာ၏။ သို့သော် သူ့အနောက်ဘက်ရှိကျန်သည့် အဖွဲ့ကိုမူ မိတ်ဆက်မပေးခဲ့ချေ။
ကျန်းမောင့်ရုန်သည်လည်း ထိုလူများအကြားတွင် ကျန့်ယွင်သည် တာ၀န်ခံတစ်ယောက်ဖြစ်သည်ကိုမြင်ပြီး သူ ဂရုမစိုက်တော့ချေ။ သူ့လက်မောင်းတုတ်တုတ်ကြီးနှင့် သူ့အနောက်ဘက်မှ သစ်သားချောင်းတစ်ခုကိုယူလိုက်ပြီး သန်မာသောလက်ဖြင့် ၎င်းကို ချိုးလိုက်၏။
“မင်းတို့မှာ စွမ်းရည်တစ်ခုခုရှိလား ”
၎င်းသည် ဒေါသတစ်ခုသာမဟုတ်ပဲ စမ်းသပ်မှုတစ်ခုလည်းဖြစ်သည်။
“ငါ့မှာ တခြားထူးထူးခြားခြားစွမ်းရည်တွေမရှိပါဘူး”
ထိုသို့ပြောပြီးနောက် ကျန်းမောင့်ရုန်၏ မျက်လုံးထဲရှိ ရုတ်ခဖ်ညးအေးစက်သွားသည်။ သူက စွမ်းအားရှင်တစ်ယောက်မဟုတ်လျှင် သူ့က အသုံးမ၀င်ဘဲဖြစ်ပေလိမ့်မည်။
“ဒါပေမယ့် ငါ့မှာ ဒါရှိတယ်”
ကျန့်ယွင်ပြောလိုက်ပြီး သူ့နောက်ဘက်ရှိ သေနတ်တစ်လက်ကို ဆွဲထုတ်လိုက်လေသည်။
ကျန်းမောင့်ရုန်၏မျက်နှာသည် ချက်ချင်းဆိုသလိုပြောင်းလဲသွားလေ၏။ သူသည် ကိုယ်ကာယခွန်အားစွမ်းအားရှင်တစ်ယောက် ဖြစ်လျှင်တောင် သူသည် အသွေးအသားနှင့် ပြုလုပ်ထားဆဲပင်ဖြစ်သည်။ သူသည်လည်း ဒဏ်ရာရ၊ သွေးထွက်ပြီး သေနိုင်ဆဲဖြစ်သည်။သူမည်မျှပင် သန်မာခွန်အားကြီးပါစေ သူကိုယ်သူ ကျည်ဆန်များကို ဆန့်ကျင်ပြီးခုခံကာကွယ်နိုင်စွမ်းမရှိပေ။
သူ့ကိုယ်သူ အပြင်းအထန်နှစ်သိမ့်ရန်ကြိုးစားလိုက်၏။ တစ်ဖက်လူ၏ သေနတ်သည် ခြိမ်းခြောက်မှုတစ်ခုသာဖြစ်နိုင်သည်။ တစ်ဖက်လူ ဘယ်လိုများသေနတ်တစ်လက်ရလာနိုင်သလဲကို သူမသိသော်လည်း ကျည်ဆန်များသည် အမြဲတမ်းကန့်သတ်ထားသည်။ ထိုအချက်ကြောင့် သေနတ်သည် သူ့ကိုယ်ပိုင်စွမ်းရည်လောက် ကောင်းမွန်လိမ့်မည်မဟုတ်ချေ။
သူ့သေနတ်သည် ခြိမ်းခြောက်မှုတစ်ခုသာ မဟုတ်ကြောင်း သက်သေပြသည့်အနေဖြင့် ကျန့်ယွင်သည် တံခါးပေါက်ရှိ ဖုတ်ကောင်တစ်ကောင်ဆီသို့ တစ်ချက်ပစ်လိုက်ပြီး တိကျစွာဖြင့် ဖုတ်ကောင်၏ခေါင်းကို မှန်သွားပြီး ပေါက်ကွဲသွားစေလေသည်။
“ကံကောင်းစွာပဲ ငါ့မှာ သေနတ်တစ်လက်နဲ့ ကျည်ဆန်အများကြီးရှိနေတယ်”
“ဟားဟားဟား၊ အဲ့ဒါအရမ်းမိုက်တယ် ”
ကျန်းမောင့်ရုန် ရယ်မောလိုက်ပြီး “ကျန့်ရှောင်တိ ရဲ့ အကူအညီနဲ့သာဆို အဲ့ဒီဖုတ်ကောင်တွေကို ချေမှုန်းပစ်နိုင်ဖို့ သေချာပြီပေါ့ ”
ဘယ်လိုပါ၀င်ကူညီနိုင်မလဲဆိုတာကိုသိရင် ညီအစ်ကိုတစ်ယောက်လို့ သတ်မှတ်နိုင်လိမ့်မှာပေါ့။
ကျန့်ယွင် ငြင်းဆန်လိုစွာ ခေါင်းညိတ်လိုက်၏။ ဘာပဲဖြစ်ဖြစ် ဒီဖုတ်ကောင်တွေကို ဂရုစိုက်ရအုံးမည်ပင်။
စာရေးသူတွင်ပြောစရာရှိပါတယ်။
【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】
ကျန့်ကျားဟယ်: အခုတော့ နည်းပညာကောင်လေးပါ ဟုတ်ပြီလား။
စုန့်ချန်ရှု : Hulk မဟုတ်ဘူးလား။
ကျန့်ကျားဟယ်: အားနည်းတဲ့ကြက်စုန့် ထင်ယောင်ထင်မှားမလုပ်နဲ့၊ နည်းပညာHulkကို မတွေ့ဖူးဘူးလား။ ငါ့ရဲ့စွမ်းရည်တွေနဲ့ Hulkကို ပုံစံမျိုးစုံ ကစားနိုင်တယ်။
စုန့်ချန်ရှု : အိုး, အိုတာကုလို သတ္တဝါတစ်ကောင်ရဲ့ အတွေးက အံ့ဩစရာပါပဲ။
ကျန့်ကျားဟယ် : မင်းရဲ့လေသံက မထီမဲ့မြင်ပြုနေသလို ခံစားနေရတယ်။
စုန့်ချန်ရှု : မဆိုးဘူး၊ ယဉ်ကျေးမှုရှိတဲ့ အိုတာကုလေးပဲ။
ကျန့်ရှောင်ယွင် : အငြင်းပွားမနေကြနဲ။ အမြှောက်စာလေးက တံခါးဆီ ရောက်လာပြန်ပြီ။
ကျန့်ကျားဟယ် : ဟမ့် အနည်းတဲ့ ကြက်စုန့်၊ နည်းပညာအိမ်ရဲ့ စွမ်းအားကို မြင်စေရမယ်။
စုန့်ချန်ရှု : အိုး ,တောင်းပန်ပါတယ်, ငါကအမြင်မှားနေမိပြီး၊ မျက်စိမမြင်သူပဲ၊ မင်းက လောင်တထက် ပိုဒေါသကြီးလား၊ စုရှောင်ကျယ်ထက် သေစေနိုင်သလား၊ လျန်ကောထက်ပိုပြီး ဒေါသကြီးလား ဒါမှမဟုတ် ကျင်းကျဲထက်ပိုကောင်းလား၊ သုန်သုန်ထက်ပိုချစ်စရာကောင်းလား ဒါမှမဟုတ် ရှောင်ဟေးထက်ပိုပြီး ချစ်စရာတွေရောင်းနိုင်လို့လား။
ကျန့်ကျားဟယ် : လောင်တ ၊ အမြှောက်စာရဲ့ မျက်နှာကို ဖြတ်မရိုက်ခင် ဒီကြက်စပ်ကို အရင်သတ်လို့ရမလား။