အခန်း(၃၆)《 အသက်ကယ်သည့် ကျေးဇူးတရား 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
“ဒါဆိုရင် ညီလေးရေ တိုက်ပွဲ၀င်ဖို့ကူညီပေးစမ်းပါ၊ အစ်ကိုကြီးဖြစ်တဲ့ ငါကတော့ အဲ့မကောင်းဆိုးဝါးအုပ်စုကို အရင်ဆုံးသွားတွေ့မယ် ”
ကျန်းမောင့်ရုန်သည် သူ့အင်္ကျီများကို သူရဲကောင်းဆန်ဆန် အမိုက်စားချွတ်လိုက်ပြီး သူ့ရဲ့ အပေါ်ပိုင်းဆောင့်တောင့်ဖြောင့်ဖြောင့် ကိုယ်ဗလာကို ပြသနေလေတော့သည်။ သူသည် သံတုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး သံတံခါးကြီးဆီသို့ လျှောက်သွားလေတော့သည်။
ကျန့်ယွင်နှင့် တခြားသူများသည် တိတ်ဆိတ်နေကြ၏။ ကျန်းမောင့်ရုန်တွင် ချို့ယွင်းချက်များစွာရှိနေပြီး သူတို့ဘယ်ကနေစပြီး သူ့အားစော်ကားရမှန်းကို မသိကြတော့ပေ။
ကျန့်ကျားဟယ်ကတော့ မရေရွတ်ဘဲ မနေနိုင်တော့ပေ။
“ဘယ်သူက မင်းရဲ့ညီလေးလဲ။ မင်းကိုယ်မင်း ကျန့်ကောရဲ့ အစ်ကိုကြီးလို့ပြောရဲရအောင် မင်းမျက်နှာဘယ်လောက်ကြီးနေလို့လဲ။ ယုံချင်ယုံ မယုံချင်နေ သူကမင်းကို မိနစ်ပိုင်းအတွင်း ဒူးထောက်ပြီး ငိုယိုတောင်းပန်သွားအောင်လုပ်နိုင်တယ်နော်။ မင်းကိုယ်မင်း ရှေးခေတ်ကစစ်သူကြီးတစ်ယောက်လို့ထင်နေလား။ ပြဿနာကောင်၊ မင်းရဲ့အ၀တ်အစားတွေကိုဘာလို့ချွတ်ပစ်နေတာလဲ။ မင်းရဲ့ အသွေးအသားအနံ့ကို ဖုတ်ကောင်တွေ အနံ့မရမှာစိုးနေလို့လား ”
စုန့်ချန်ရှုနှင့် သူနှင့်အနီးအနားရှိတခြားသူများကတော့ ရှင်းရှင်းလင်းလင်းကြားလိုက်ရလေသည်။ သူတို့သည် သူတို့ရယ်သံများကို မျက်နှာများအနီရောင်ပြောင်းလာသည်အထိ ချုပ်တည်းထားကြရလေသည်။ ခပ်မှိန်မှိန် မီးရှုးတိုင်များနှင့် အလင်းရောင် ခပ်ပါးပါးကြောင့်သာ သူတို့ထံအာရုံအစိုက်မခံရခြင်းပေ။ သို့သော်လည်း ကျန့်ကျားဟယ်၏ ရေရွတ်သံက ပြင်းထန်သောစိတ်အခြေအနေကို ထိခိုက်စေခဲ့လေသည်။ ကျန့်ယွင်၏အတွင်းစိတ်ထဲမှ ပြင်းပြသောတိုက်ပွဲ၀င်စိတ်ဓာတ်ကိုတောင်မှ လုံး၀ပျောက်ကွယ်သွားစေလေတော့သည်။
“ မင်းမှာ ခွန်အားတွေအများကြီးရှိနေတယ်ဆိုမှတော့ ဒါဆို ငါအနားယူအုံးမယ်။ မင်းဆက်လုပ်ပါ ”
ထိုသို့ပြောပြီး ကျန့်ယွင်သည် ကျန့်ကျားဟယ်အားရှေ့သို့ တွန်းလိုက်လေတော့သည်။
“အာ၊ ကျွန်တော်လား ”
ကျန့်ကျားဟယ်သည် ရှုပ်ထွေးသွားလေတော့သည်။ ဘာလို့များ သူက ဒုက္ခတောထဲရောက်သွားရပြန်တာတုန်း။
“ဟားဟားဟား၊ သူကမင်းကိုသွားခွင့်ပြုမှတော့ မြန်မြန်သွားဝောာ့ ”
စုန့်ချန်ရှုသည် ပျော်ရွှင်စွာဖြင့်ပြောလိုက်လေ၏။
“တကယ်လို့ မင်းသူကိုရှုံးမယ်ဆိုရင် ပြန်မလာခဲ့နဲ့ ”
“ဟမ့်၊ ငါက ငါ့ဘာသာသွားမယ် ”
ကျန့်ကျားဟယ်သည် ရှော့ပင်းမောလ်တစ်ခုမှဆွဲယူလာသော ဂေါ့ဖ်ရိုက်တံတစ်ခုကို ကားထဲမှထုတ်ယူလိုက်၏။ နေရာလွတ်ထဲတွင်တော့ ဂေါဖ့်ရိုက်တံ အချောင်းတစ်ရာထက်ပိုရှိသေးသည်။ ဂေါဖ့်ရိုက်တံတစ်ခုနဲ့သာဆို ဖုတ်ကောင်၏ခေါင်းကို ရိုက်ခွဲဖို့လွယ်ကူသည်ဟု သူခံစားမိသည်။ ၎င်းသည် အံ၀င်ခွင်ကျ နှင့် သင့်လျော်သောအရှည်လည်းရှိသောကြောင့် လက်နက်တစ်ခုအဖြစ် သူအသုံးပြုနိုင်သည်။
ကျန့်ကျားဟယ်သည် သံတံခါးကြီးဆီသို့လျှောက်လာသောအခါ ဖုတ်ကောင်များသည် ၎င်းတို့၏ခေါင်းများကို သံတိုင်များဆီသို့ နီးကပ်စွာတိုးနေကြပြီး သူတို့အရှေ့ရှိအစာကိုကိုက်ဆွဲရန် ၎င်းတို့၏ခေါင်းနှင့်လက်များကို တွန်းထိုးနေကြသည်ကို တွေ့လိုက်ရသည်။ ကျန်းမောင့်ရုန်သည် သူ့သံတုတ်ချောင်းကို ကြမ်းတမ်းစွာကိုင်ထားပြီး ဖုတ်ကောင်များ၏ကိုယ်များကို ရိုက်ချိုးပစ်လေတော့သည်။
ကျန့်ကျားဟယ်သည် ဘာသာပြောရမှန်းပင်မသိတော့ပေ။ မင်း ရိုးရိုးရှင်းရှင်း ဖုတ်ကောင်ရဲ့ခေါင်းကိုပဲ ရိုက်လို့မရဘူးလား။ ဘာလို့အလုပ်ရှုပ်ခံပြီး သူတို့ရဲ့လက်တွေကိုရိုက်နေတာလဲ။ သူတို့ရဲ့ခန္ဓာကိုယ်တွေကိုရိုက်ခံရပြီး သူတို့ ခြေလက်တွေပြန့်ကျဲပြီး အရိုးတွေကျိုးကုန်ရင်တောင်မှ ဖုတ်ကောင်တွေက ကိုက်နိုင်တုန်းပဲနော်။ ကံမကောင်းစွာနဲ့ပဲ တချို့ကတော့ စိတ်ဓာတ်တွေ ဖရိုဖရဲဖြစ်နေတုန်းပါပဲလား အာ။
ကျန့်ကျားဟယ်သည် သူ့ဂေါဖ့်ရိုက်တုတ်ကိုမလိုက်ကာ ဖုတ်ကောင်တစ်ကောင်၏ ခေါင်းကို ချိန်ရွယ်လိုက်လေသည်။ whack-a-mole ဂိမ်းကစားနေသလိုမျိုး တစ်ချက်ပြီးတစ်ချက် ရိုက်လိုက်လေသည်။ (T/N: whack-a-mole ဂိမ်းက အပေါက်လေးတွေထဲကနေ ခေါင်းလေးထွက်လာတာကို တူလေးနဲ့ထိအောင်လိုက်ထုရတဲ့ဂိမ်းကိုပြောတာပါ။) ဖုတ်ကောင်၏ခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ လွယ်လွယ်ကူကူနှင့် ကွဲသွားလေတော့သည်။ အလွန်လျင်မြန်လွန်းပြီး ရက်စက်သဖြင့် ဂိတ်တံခါးရှိ ပြုံတိုးနေသောဖုတ်ကောင်များနှင့် တစ်ဖက်ရှိ ကျန်းမောင့်ရုန်သည် ထိတ်လန့်သွားလေတော့သည်။
မင်းမြင်တဲ့အတိုင်းပဲ ဦးခေါင်းခွံက အရမ်းမာတယ်။ ပြီးတော့ ဖုတ်ကောင်တွေက လူမဟုတ်ဘူး။ သူတို့မှာ ပြင်းထန်တဲ့ထိခိုက်မှုကြောင့် ဦးနှောက်သွေးတွေ ဒလဟောယိုမှာလည်းမဟုတ်ဘူး။ သူတို့ကိုသတ်ဖို့ဆိုရင် ဦးခေါင်းခွံကိုပွင့်အောင်ရိုက်ခွဲပြီး ဦးနှောက်ကို လုံး၀ ဖျက်စီးပစ်ရမယ်။ ဒီလိုလုပ်ဖို့ဆို ခွန်အားအများကြီးလိုအပ်ပေလိမ့်မည်ဖြစ်ပြီး ကျန်းမောင့်ရုန်ကဲ့သို့ ပြင်းပြင်းထန်ထန်ရိုက်ချိုးနေသည့် ခွန်အားစွမ်းအားရှင်တစ်ယောက်ပင်လျှင် မောပန်းသည်ကို ခံစားရလိမ့်မည်။
ဒါပေမယ့် ဒီလူကဘာလဲ။ သူကသာမာန်လူကောဟုတ်ရဲ့လား။
ကျန့်ကျားဟယ်သည် ကျန်းမောင့်ရုန်၏ တုန်လှုပ်နေသောအတွေးများကို မသိမထားမိခဲ့ချေ။ သူသည် သူ၏ဂေါဖ့်ရိုက်တုတ်ကိုသုံးပြီး သံဂိတ်တံခါးတွင် တွယ်ကပ်နေသောဖုတ်ကောင်ကို ဘေးသို့တွန်းထုတ်လိုက်လေသည်။ ထိုမှသာ ၎င်း၏ အနောက်ဘက်ရှိတခြားကောင်များကို ဆက်၍သတ်နိုင်ရန်အတွက်ဖြစ်လေသည်။
ထိုအချိန်တွင် ကျန်းမောင့်ရုန်ဘက်ရှိ အရပ်ရှည်ရှည်ဖုတ်ကောင်တစ်ကောင်သည် သူ့လက်ထဲရှိ သံတုတ်ချောင်းကို ဆွဲယူရန် အခွင့်အရေးယူကာ ကြမ်းတမ်းစွာဆွဲလိုက်လေသည်။ ကျန်းမောင့်ရုန်သည် အာရုံမစိုက်မိဘဲ သံဂိတ်တံခါးနှင့် အပြင်းအထန်ရိုက်မိလေတော့သည်။ မရေမတွက်နိုင်သော လက်သည်းများသည် ကျန်းမောင့်ရုန်အား ဆုတ်ဖြဲကြလေတော့သည်။ သူသည် သွေးရူးသွေးတန်းနှင့် ရုန်ကန်နေသော်လည်း ဖုတ်ကောင်များဆီမှအဖမ်းခံလိုက်ရလေကာ သူ့ကိုယ်ပေါ်ပင် သွေးအစွန်းအထင်းများစွာဖြစ်ပေါ်လာလေသည်။ များစွာသောအခြားဖုတ်ကောင်များသည် သူတို့၏ပါးစပ်များကိုဖွင့်ကာ ကျန်းမောင့်ရုန်အားကိုက်ကြလေသည်။
ကျန့်ကျားဟယ်နှင့် ကျန်းမောင့်ရုန် တို့သည် သံဂိတ်တံခါး၏ တစ်ဖက်စီတွင် တိုက်ခိုက်နေကြခြင်းဖြစ်သောကြောင့် ကျန့်ကျားဟယ် သူ့အားကယ်တင်ချင်လျှင်သော်တောင်မှ ဂိတ်တံခါးက ဘယ်ဘက်မှ ညာဘက်ဆီသို့ ပြေးရန်လိုအပ်နေသေးသည်။ စက္ကန့်အနည်းငယ်လောက်သာ အချိန်ယူရမည်ဖြစ်သော်လည်း ထိုစက္ကန့်အနည်းငယ်ကပင် ကျန်းမောင့်ရုန် အကြိမ်ကြိမ်သေဖို့လုံလောက်နေပြီပင်ဖြစ်လေသည်။
ငါ့ဘ၀ကတော့ ပြီးသွားပြီ။
ကျန်းမောင့်ရုန်သည် သေခြင်းတရားနီးကပ်လာသည်ကို ခံစားလိုက်ရပြီး သူ့မျက်လုံးများကို ထိတ်လန့်စွာ မှိတ်လိုက်လေသည်။
သို့သော်လည်း နောက်တစ်ခဏမှာပင် သေနတ်ပစ်ချက်များမှ ဘန်း ဘန်း ဘန်း ဟူသောအသံထွက်လာပြီး ကျန်းမောင့်ရုန်အားဖမ်းထားသော ဖုတ်ကောင်များ၏ခေါင်းများ ပေါက်ကွဲကုန်ကြတော့သည်။ ကျန့်ကျားဟယ်သည် အချိန်ကိုက်ပင် ရောက်လာပြီး ကျန်းမောင့်ရုန်အား အနောက်သို့ပြန်ဆွဲလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်”
ကျန်းမောင့်ရုန်သည် အသံထွက်ဖို့ပင် ခက်ခဲနေခဲ့လေသည်။
စုန့်ချန်ရှုနှင့် စုရွေ့ကျယ်သည် ဖုံးကွယ်ပြီး ကားထဲမှ ဆေးသေတ္တာတစ်ခုကို ထုတ်ယူဟန်ဆောင်လိုက်ကြသည်။ သူတို့သည် ကျန်းမောင့်ရုန်၏ဒဏ်ရာများကို သန့်ရှင်းပြီး ပတ်တီးစီးလိုက်ကြသည်။
ကံကောင်းစွာဖြင့် စွမ်းအားရှင်များ၏ခန္ဓာကိုယ်သည် ဖုတ်ကောင်ရောဂါပိုးကို ခုခံနိုင်စွမ်းအချို့ရှိလေသည်။ သို့သော်လည်း ၎င်းသည် ကမ္ဘာပျက်ကပ်အစပိုင်းတွင်သာဖြစ်လေပြီး ဖုတ်ကောင်များသည် ဆက်လက်၍ ဆင့်ကဲပြောင်းလဲနေအုံးမည်ဖြစ်သည်။ ကမ္ဘာပျက်ကပ် နှောင်းပိုင်းကာလတွင် စွမ်းရည်အသုံးပြုသူများသည် ပို၍အဆင့်မြင့်သောဖုတ်ကောင်များထံမှ ကုတ်ခြစ်ခြင်း သို့မဟုတ် ကိုက်ခြင်းခံရပါက သေချာပေါက်ပင် ဖုတ်ကောင်ရောဂါပိုးကူးစက်ခံရလိမ့်မည်။
အအေးမိခံရသော လူတစ်ယောက်ကဲ့သို့ပင်။ အကယ်၍ သူ့တွင် ကြံ့ခိုင်သောခန္ဓာကိုယ်ရှိပါက သူသည် အလျင်အမြန်သက်သာလိမ့်မည်။ သို့သော်လည်း သူ့တွင် အားနည်းသော ခန္ဓာကိုယ်ရှိပါက နမိုးနီးယားအဖြစ်သို့ပြောင်းသွားလိမ့်မည်ဖြစ်သည်။ ဆားစ်(SARS) ကဲ့သို့သော အန္တရာယ်မြင့်မားသာ ရောဂါပိုးကူးစက်ခံရပါက သေဆုံးနိုင်လိမ့်မည်ပင်။ ဖုတ်ကောင်ရောဂါပိုး၏အမှန်တရားမှာလည်း အလားတူပင်ဖြစ်သည်။ စွမ်းရည်အသုံးပြုသူတစ်ယောက်သည် တစ်ကြိမ်လောက်သာ ဖုတ်ကောင်ရောဂါပိုးကို မခုခံနိုင်တော့ဘူးဆိုပါက သေဆုံးခြင်းနှင့် ဗီဇပြောင်းခြင်းကသာလျှင် သူတို့အား စောင့်ကြိုနေလိမ့်ပေတော့မည်။
ကျန်းမောင့်ရုန်၏ စွမ်းရည်နိုးထမှုသည် သိပ်မကြာသေးသဖြင့် သူ့တွင် တိုက်ခိုက်ခြင်းအတွေ့အကြုံအများကြီးမရှိသေးချေ။ သူသည် သေးငယ်သောဘေးကင်းဇုန်တစ်ခုကို တည်ဆောက်ခဲ့သော်ငြား သူ့အောင်မြင်မှုအများစုမှာ ကံကောင်းခြင်းကြောင့်ဟုသာ ယူဆနိုင်လေသည်။ သူသည် နေ့စဉ်နေ့တိုင်းဖုတ်ကောင်များနှင့်တိုက်ခိုက်နေပြီး ဒုတိယအဆင့်သို့ဖြတ်ကျော်သွားတော့မည့် ကျန့်ကျားဟယ်နှင့် မယှဉ်နိုင်ပေ။
အမြုတေခဲများသည် စွမ်းရည်မြှင့်တင်ခြင်းကို မကူညီနိုင်သော်လည်း စွမ်းရည်အသုံးပြုချိန်တွင် စွမ်းအားကိုအားဖြည့်ပေးပြီး ကူညီထောက်ပံ့ပေးရန်သာ ကူညီနိုင်သည်။ အကယ်၍ မင်းသာ တိုးတက်ချင်ပါက စွမ်းရည်၏ အင်အားကို တိုးတက်စေရန် သင့်ကိုယ်သင် ကန့်သတ်ချက်အထိတွန်းပို့ပြီး စွမ်းရည်ကို စဉ်ဆက်မပြတ် အသုံးပြုရမည်ဖြစ်သည်။ စွမ်းအားသည် ခိုင်မာသည့်အဆင့်တစ်ခုသို့ ရောက်သွားပါက အောင်မြင်နိုင်ဖို့ အခွင့်အရေးတစ်ခု ရလာလိမ့်မည်ဖြစ်သည်။
ယခု ကျန့်ကျားဟယ်သည် အောင်မြင်ဖို့အတွက် သိပ်မဝေးတော့ချေ။
ကျန့်ကျားဟယ်သည် ကျန်နေသည့်ဖုတ်ကောင်များကို သူတစ်ယောက်တည်းသတ်လိုက်ပြီး ချီးကျူးခံရဖို့မျှော်လင့်နေသည့် ခွေးပေါက်လေးကဲ့သို့အမူအရာနှင့်ပြန်လာလေကာ
“ကျန့်ကော၊ အကုန်လုံးပြီးသွားပြီ ”
“ဟုတ်ပြီ လုပ်တာကောင်းတယ်”
ကျန့်ယွင်သည် ချီးကျူးခဲသော်လည်း ထိုတစ်ခွန်းနှင့် ချွင်းချက်တစ်ခုလုပ်ခဲ့လေသည်။
ကျန်းမောင့်ရုန်သည် တစ်ခဏမျှ အနားယူပြီး နောက်ဆုံး၌ ခွန်အားတချို့ပြန်ကောင်းမွန်လာလေသည်။ ယခုမူ သူ့ဗီဇအသိက မမှားဘူဆိုသည်ကို နားလည်သွားလေသည်။ ထိုလူများသည် တကယ်ကို မရိုးရှင်းပေ။
အားနည်းသောကြက်ကလေးတစ်ကောင်နှင့်တူသည့် ဂေါဖ့်ရိုက်တုတ်နှင့် လူငယ်လေးသည် အမှန်တကယ်တော့ သူ့ထက်ပင် ပိုပြီး ခွန်အားကြီးလေသည်။ သို့သော်လည်း ထိုလူသည် ကျန့်ယွင်အား နာခံလေသည်။ ပြောစရာမလိုအောင်ပင် ဗရမ်းပတာအခြေအနေများမှာပင် အဝေးမှနေ၍ ကျန့်ယွင်သည် ခြေလှမ်းရာကျော်လှမ်းသွားသလိုမျိုး ထိုဖုတ်ကောင်များအား အလွန်ကို တိကျလျင်မြန်စွာ သတ်နိုင်လေသည်။
အေးအေးစက်စက်ကြည့်နေပြီး လက်တစ်ချောင်းမှ မ,မ ခဲ့သောတခြားလူများကို မဆိုထားနှင့် ထိုလူများကို သူလျစ်လျူရှုရန် မ၀ံ့ရဲပေ။
ကျန်းမောင့်ရုန်၏ သဘောထားသည် ယခင်ကထက် ပိုပြီး ယဉ်ကျေးလာကာ “ကျန့်ကော အခုလေးတင် ကျွန်တော့အသက်ကို ကယ်ပေးခဲ့လို့ ကျေဇူးတင်ပါတယ်ဗျာ ”
ကျန့်ယွင်သည် သူ့လက်ကို ခါလိုက်ပြီး “မင်းခေါင်းကိုမော့လိုက်ပါ။ ယဉ်းကျေးနေဖို့မလိုပါဘူး ”
သို့သော်ငြားလည်း ကျန်းမောင့်ရုန်သည် ထိုကျေးဇူးတရားကို အလေးမထားဘဲ မနေဝံ့ပေ။ သူသည် အလျင်အမြန်ပင် အနောက်ဘက်သို့ဦးဆောင်လိုက်ပြီး “မင်းတို့အားလုံးဒီနေ့ အလုပ်ကြိုးစားခဲ့ကြတာ။ ငါ့နောက်ကိုလိုက်ခဲ့ပြီး အနောက်ဘက်မှာ အနားယူကြပါ။”
【စာရေးသူမှာပြောစရာရှိပါတယ်။】
【လမ်းမပေါ်က သစ်သားပြဇာတ်ငယ်လေး 】
ကျန်းမောင့်ရုန် : နိဟောင် ငါကတော့ လက်ဗလာနဲ့ ဖုတ်ကောင်တွေကို ဆွဲဖြဲတဲ့ လူသန်ကြီးပါ။ ငါ့ကိုကျန်းကောလို့ခေါ်တယ်။ မင်းနာမည်ကကော ဘယ်လိုခေါ်လဲ။
ကျန့်ရှောင်ယွင် : အိုး ငါကတော့ သေနတ်ပစ်ချက်တွေတိကျပြီး ဖုတ်ကောင်တွေကိုလွှမ်းမိုးနိုင်တဲ့ဖိအားနဲ့ နတ်ဆိုးကြီးတစ်ကောင်ပါ။ အဖွဲ့ထဲမှာတော့ ငါကလောင်တပဲ။ အပိုဆာလာတွေပြောစရာတော့မရှိပါဘူး။
စုရှောင်ကျယ် : အိုး ကျွန်တော်ကတော့ ဗုံးနတ်သားလေး၊ စားလို့လည်းရတဲ့ ချယ်ရီသီးလေးပါ။ ခင်ဗျားကျွန်တော့ကို စုတိလို့လည်းခေါ်နိုင်တယ်။ ချစ်စရာလည်းကောင်းပြီး သေနတ်နဲ့ မိတ်ဆွေတွေအများကြီးလည်းရှိပါတယ်။
စုန့်ချန်ရှု : အို့ ငါကတော့ ငါ့ခံစားချက်ကိုလိုက်ပြီးပြောင်းလဲနိုင်တဲ့ရေပိုင်တဲ့ ဒေါက်တာစုန့်ပါ။ အဖွဲ့ထဲမှာတော့ စုန့်တကောလို့ခေါ်ပါတယ်။ လူတွေကအားနည်းပြီး လုပ်စရာကများနေတယ်။
ကျန့်ကျားဟယ် : အိုး ငါကတော့ အဆုံးမဲ့ခွန်းအားနဲ့ Hulk တစ်ယောက်ပါ။ ဖုတ်ကောင်တွေကို လက်ဗလာနဲ့ဘယ်တော့မှမဖြဲပဲနဲ့ ခေါင်းကြီးကြီးတစ်ခုရှိပါတယ်။
ယွီသုန်သုန် : နိဟောင်ဦးလေး, သားကတော့ ချစ်စရာတွေပဲရောင်းနိုင်ပါတယ်။ ယွီသုန်သုန်လို့ခေါ်ပြီး အဖွဲထဲမှာတော့ ကလေးလေးတစ်ယောက်ပါ။
ရှောင်ဟေး : မြောင်
ကျန်းကော : ဒီလို ထူးဆန်းတဲ့လူတွေပါလား။