အခန်း ၁၉၃
Viewers 38k

အခန်း (၁၉၃) – အကျင့်စာရိတ္တပျက်ယွင်းသူလို့ ဆိုနိုင်ပေသည်


“စွပ်ပြုတ် များများသောက်” လင်းချင်းဟယ်သည် အိုးထဲရှိ လက်ကျန်ဟင်းရည်များကို ကျိုးချင်းပိုင်ရဲ့ ပန်းကန်လုံးထဲ လောင်းထည့်ပေးပြီး တိုက်တွန်းလိုက်သည်။


“အမေ၊ သားအတွက်ကရော...” လောင်တက မေးသည်။


“နင် နှစ်ပန်းကန်တောင် သောက်ပြီးပြီမို့ မင်း ဗိုက်မဆာလောက်တော့ပါဘူး။” လင်းချင်းဟယ်က ငြင်းလိုက်သည်။


လောင်အာ့နှင့် လောင်စန်းတို့ရဲ့ မျက်နှာတွင် ‘ကျွန်တော်တို့ ဒါကို ကြိုသိပြီးသား’ ဟူသော အမူအရာ ရှိနေလေသည်။


ဟုတ်တယ်၊ လောင်စန်းလေးတောင် ဒါကို သိနေပြီ။ သူတို့မိခင်က သူတို့ဖခင်ကို ပိုပြီး မျက်နှာသာပေးတဲ့ အပြုအမူနဲ့ သူတို့ ကျင့်သားရနေခဲ့ပြီ။


ကျိုးချင်းပိုင်ရဲ့ မျက်နှာတွင် မည်သည့် အမူအရာကိုမျှ မပြသသော်လည်း လက်ကျန်ဟင်းရည်ကို စိတ်အေးသက်သာစွာ သောက်နေတာကို တွေ့နိုင်သည်။


“သွား အနားယူတော့။ လောင်အာ့၊ ဒီနေ့ မင်း ပန်းကန်ဆေးဖို့ အလှည့်ကျတယ်” လောင်အာ့က ဒီနေ့ ပန်းကန်ဆေးဖို့ အလှည့်ကျသည်မို့ လင်းချင်းဟယ်က သူ့သားကို အမိန့်ပေးသည်။


လောင်အာ့က ပန်းကန်တွေကို ဆေးကြောပြီးနောက် ရေသုတ်ခဲ့သည်။


မနှစ်ကတည်းက သူက သူ့အစ်ကိုကြီးနှင့် ပန်းကန်ဆေး ရာထူးကို စတင် ဝေမျှ ယူခဲ့ရပြီ ဖြစ်သည်။


လောင်စန်းသည်လည်း လာမည့်နှစ်ကျရင် သူတို့ရဲ့ ပန်းကန်ဆေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်လာရလိမ့်မည် ဖြစ်သည်။


လင်းချင်းဟယ်က သူ့သားတွေကို အပြင်ဖက် လွှတ်လိုက်ပြီး သူမကတော့ ကျိုးချင်းပိုင်နှင့်အတူ အနားယူဖို့ အခန်းထဲ ပြန်သွားခဲ့သည်။


မိုးက ၇ ရက်၊ ၈ ရက်ကြာ ရွာသွန်းပြီးနောက် ရပ်တန့်သွားသည်။ အပြင်ဖက်လမ်းတွေက သွားရတာ သိပ်မကောင်းဘူး။ လင်းချင်းဟယ်သည် ဒီအချိန်ကာလတွင် သူမရဲ့ သင်ခန်းစာတွေကို စတင်ပို့ချခဲ့ရသည်။


ထိုနေ့က ကျောင်းမှ ပြန်လာသော လင်းချင်းဟယ်သည် တတိယမရီးနှင့် လမ်းတွင် တွေ့ခဲ့သည်။ လမ်းမှာ တတိယမရီးနှင့် ဆုံတော့ သူမကို စက်ဘီးဖြင့် တင်‌ခေါ်လာခဲ့သည်။


လင်ညီအစ်မနှစ်ယောက် ရွာထဲကို ဝင်လာတာနဲ့ ရွာရဲ့ အငွေ့အသက်က အနည်းငယ် တက်ကြွနေတာကို သတိထားမိလိုက်သည်။


“ဘာကိစ္စရှိနေတာလဲ။” အပြင်မှ ပြန်လာသည့် တတိယမရီးက တိုးတိုးလေး ရေရွတ်လိုက်သည်။


“ငါလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ်၊ ငါတို့မိသားစုနဲ့ ဘာမှ မဆိုင်ဘူး။” လင်းချင်းဟယ်က ဒါကို လုံးဝ စိတ်မဝင်စားဘူး။


တကယ်တော့ ဒီကိစ္စက ကျိုးမိသားစုနှင့် ပတ်သက်မှု မရှိသော်လည်း လောင်မားတို့ မိသားစုရဲ့ အရေးကိစ္စနှင့် ပတ်သက် ဆက်နွယ်နေသေးသည်။


နောက်ဆုံးအကြိမ်က မာမျိုးနွယ် စတုတ္ထလေးကြောင့် ကိစ္စရပ်တစ်ခု ဖြစ်သွားခဲ့သည်။ မာမိသားစုက မိသားစုအတွင်း ဖြစ်ပျက်ခဲ့သည်မို့ လူနှစ်ယောက်အကြားက ကိစ္စကို ဒီအတိုင်း ရိုးရိုးလေး ဖိနှိပ်နိုင်ခဲ့သည်။ 


သူတို့က ဝမ်လင်းရဲ့ နာမည်ကို အတင်းအကြပ် သန့်စင်ပေးနိုင်ခဲ့သည်။ ကျေးလက်ဒေသရဲ့ သားတစ်ယောက်အပေါ် လိုအင်ဆန္ဒတွေကြောင့် လူတွေက ဝမ်လင်းရဲ့ အကြောင်းကို လျစ်လျစ်ရှုပြီး နောက်ကွယ်မှာ အတင်းအဖျင်းပြောပြီး ‌ရှေ့တွင် ဘာမှ မပြောခဲ့ကြဘူး။


ဒါပေမယ့် ယခုတစ်ကြိမ်မှာတော့ ဝမ်လင်းသည် ကျိုးဟဲအမည်ရှိ ရွာထဲက တေလေဂျပိုးတစ်ယောက်နှင့် ပျော်ပါးနေတာကို တစ်စုံတစ်ယောက်က ပက်ပင်းမိခဲ့သည်။


ထုတ်လုပ်ရေးအဖွဲ့နောက်ဖက်ရှိ တောင်ကုန်းပေါ်မှ ပျက်စီးနေသော အိမ်ငယ်လေးတွင် ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


သူတို့နှစ်ယောက်ကြားက မြင်ကွင်းက အတော်လေး အရိုင်းဆန်တယ်လို့ ဆိုသည်။


ထို့အပြင် ထိုမြင်ကွင်းကို ဝမ်လင်းနှင့် ဆက်ဆံရေး မကောင်းသော အမျိုးသမီးက မြင်တွေ့ခဲ့တာ ဖြစ်သည်။


ဒီတစ်ခါမှာတော့ ပျားအုံကို တုတ်နှင့် ထိုးလိုက်သည့်အတိုင်း ဖြစ်သွားခဲ့သည်။ သူမက ခေါင်းဆောင်ကို ချက်ချင်းခေါ်သွားခဲ့ပြီး သူတို့ကို ဖမ်းဆီးအရေးယူစေခဲ့သည်။


နောက်ဆုံးအကြိမ်က ဝမ်လင်းသည် ဒီဖြစ်ရပ်မျိုးကို ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ သူမ မရှောင်နိုင်တော့ပေ။ ထို့အပြင် လောင်မားတို့မိသားစုတွေက ဝမ်လင်းကို ကာကွယ်ပေးဖို့ စိတ်ကူးမရှိကြပေ။


ဒီလိုနဲ့ မြို့ပေါ်မှ လက်ပတ်နီဝတ် စစ်သားတွေ ရောက်ရှိလာခဲ့ကြသည်။


လတ်ပတ်နီဝတ် စစ်သားတွေရဲ့ တည်ရှိမှုဟာ အရင်တုန်းက ပြည်ပ ကျူးကျော်သူတွေနဲ့ ဆင်တူပါသည်။ သူတို့နှင့် ဘယ်သူကမှ အဆက်အသွယ် မလုပ်ချင်ကြဘူး။


ဒီလိုကိစ္စမျိုးက သူတို့ကို ဆွဲဆောင်နိုင်ခဲ့ခြင်းက တကယ့်ကို အသက်အန္တရာယ် စိုးရိမ်စေရတဲ့ ကိစ္စရပ်ပင်။


ဝမ်လင်းနှင့် ကျိုးဟဲတို့ကို ချက်ချင်း ကြိုးတုပ်လိုက်ကြသည်။ သူတို့ရဲ့ ခေါင်းတွေကို ယင်ယန်ပုံသဏ္ဍာန် ရိတ်ထားခဲ့ပြီး ‘ဖောက်ပြန်သူ’ ဟူသော စာသားကို လည်ပင်းတွေ ချိတ်ဆွဲကာ လမ်းတစ်လျှောက် ဆွဲခေါ်သွားခဲ့သည်။


ဒီကိစ္စကို တတိယမရီးက အကြောင်းစုံကို စုံစမ်းပြီး နောက်ပိုင်းတွင် လင်းချင်းဟယ်ကို ပြောပြခဲ့တာ ဖြစ်လေသည်။


“ဝမ်လင်းက သူမရဲ့ အကျင့်စရိုက်တွေကို မပြောင်းလဲဘူး။ သူမလို ဘယ်သူမှ လုပ်ရဲမယ် မထင်ဘူး။” လင်းချင်းဟယ်က ခါးခါးတူးတူး ပြောမိသည်။


“သူမက ပြီးခဲ့တဲ့ တစ်ကြိမ်က အဖြစ်အပျက်ကို လုံးဝ ရှောင်တိမ်းနိုင်ခဲ့တာကို သင်ခန်းစာ မယူခဲ့ဘူး။ ကံကောင်းထောက်မစွာပဲ ဒုတိယမရီးက ဟိုးအရင်ကတည်းက သူမနဲ့ အဆက်အသွယ်ဖြတ်ခဲ့လို့။” တတိယမရီးက မှတ်ချက်ပြုသည်။


လင်းချင်းဟယ်က ပြောသည်၊ “အဲ့ဒီတေလေဂျပိုးက မာမျိုးနွယ် တတိယသားနဲ့ အရင်က ရန်ဖြစ်ဖူးတယ် မလား။”


“ဟုတ်တယ်။ အဲ့ဒီအချိန်တုန်းက မိသားစုနှစ်စု တွေ့တာနဲ့ တိုက်ခိုက်လုနီးပါးပဲ။” တတိယမရီးမှ ပြန်ဖြေသည်။


လင်းချင်းဟယ်တစ်ယောက် ခေါင်းခါလိုက်သည်။ ဝမ်လင်းသည် နောင်တွင် ရွာမှာ ဆက်နေနိုင်တော့မည် မဟုတ်ပေ။ မာမျိုးနွယ် တတိယသားက သည်းမခံနိုင်လောက်ဘူး။ နောက်ဆုံးအကြိမ်တုန်းက သူ့မိဘတွေနဲ့ တားဆီးခြင်းကို ခံခဲ့ရသည်။ ဒီတစ်ခါတော့ သူ သည်းခံတော့မှာ မဟုတ်ဘူး။


ဝမ်လင်းနှင့် ကျိုးဟဲတို့ကို သုံးရက်အကြာမှာ ပြန်လွှတ်ပေးခဲ့သည်။ သူတို့ ပြန်‌ရောက်လာတော့ လူတိုင်းနီးပါးက သူတို့ကို သတိမထားမိကြဘူး။


သူတို့တစ်ကိုယ်လုံး ပေညစ်နေသည်။ သူတို့ကို မစင်တွေနဲ့ ပစ်ပေါက်ခံရတာ ဖြစ်နိုင်သည်။ သူတို့ရဲ့ မျက်နှာပေါ်တွင် အနီရောင် အမှတ်အသားတွေနှင့် ပြည့်နှက်နေသည်။ ဖြစ်နိုင်ချေအရ သူတို့ကို တစ်ယောက်ယောက် ဖိနပ်နဲ့ ပါးရိုက်ခဲ့တာပဲ ဖြစ်ရမည်။


ဒါပေမယ့် ဒါက အဆုံးသတ်ပဲလား။


မဟုတ်သေးပါဘူး။ အကျင့်စရိုက် မကောင်းမွန်တဲ့ လူတွေအပေါ် ဒီခေတ်ဒီအခါရဲ့ ကြမ်းတမ်းမှုကို လျှော့မတွက်ထားပါနဲ့။


သူတို့ ပြန်လွတ်လာပြီးနောက် ငါးရက်မပြည့်ခင် သူတို့နှစ်ဦးဟာ ထပ်မံခေါ်ဆွဲခံခဲ့ရပြန်သည်။ 


ထိုအချိန်မှစ၍ နောင်နှစ်အနည်းငယ်ကြာသည်အထိ ဤအတိုင်း ဖြစ်ပွားခဲ့သည်။ ကျိုးဟဲသည် လူမဆန်စွာ ရိုက်နှက်ခြင်းမျိုးကို ခံစားခဲ့ရသည်ဟု ဆိုနိုင်သည်။


မာမျိုးနွယ် တတိယသားက ဝမ်လင်းကို ချက်ချင်း ကွာရှင်းခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး။


ထိုသို့သော သမီးမျိုးကို မွေးထုတ်ပြီးနောက် ဝမ်လင်းကို ခေါ်ဆောင်သွားဖို့ ဝမ်မိသားစုဝင် တစ်ဦးတစ်ယောက်မျှ မလာခဲ့ကြပေ။ ဝမ်လင်းရဲ့ စိတ်နေစိတ်ထားက အနည်းငယ် ပြောင်းလဲသွားသည်။ သူမသည် ရွာထဲတွင်သာ ဆက်နေခဲ့ပြီး အခြားနေရာသို့ မထွက်ခွာသွားခဲ့ပေ။


သူမသည် ထိုတောင်ကုန်းပေါ်ရှိ ပျက်စီးနေသော အိမ်ငယ်လေးကို ရိုးရှင်းစွာ သိမ်းပိုက်ထားခဲ့သည်။


အတော်လေး ဆိုးရွားပျက်စီးနေသော်လည်း အမိုးအကာတော့ ရှိပါသေးသည်။


လင်းချင်းဟယ်သည် ရွာထဲမှ အတင်းအဖျင်းများကို ကြားခဲ့ရသည်။ ဝမ်လင်းသည် ထိုနေရာတွင် တိတ်တဆိတ် တံခါးဖွင့် စီးပွားရေး ဆက်လုပ်နေဆဲဟု ဆိုသည်။ သူမသည် အစားအသောက် ယူလာပေးသရွေ့ ဘယ်သူမဆို လက်ခံပေးတယ်လို့ ဆိုသည်။


“တကယ်ကြီး၊ ရွာမှာ တကယ်တော့ အကျင့်စာရိတ္တ ပျက်ပြားနေသူတွေ ပေါတယ်။ သူတို့က သန်းခေါင်ကျော်အချိန်မှာ ခိုးထွက်ကြတယ်။” အကြီးဆုံးမရီးက ဖောက်သည်ချသည်။


“ဒီနေ့ ဟဲမိသားစုမှာ ပြဿနာတက်ကြတယ်။ ပြောရရင် ဟဲမျိုးနွယ် ဒုတိယသားက ပိုက်ဆံနည်းနည်း ခိုးဝှက်ပြီး ဝမ်လင်းကို ပေးလိုက်တယ်လို့ ကြားတယ်။” တတိယမရီးက စက်ဆုပ်စွာ ပြောပြသည်။


“အရှက်မရှိဘူး၊ တကယ် အရှက်မရှိဘူး။” ဒီစကားကို ကြားပြီးနောက် ဒုတိယမရီးက သေလုမတတ် နောင်တရမိသည်။


သူမ အရင်က ဘာဖြစ်လို့ ဒီလိုလူမျိုးနဲ့ အပေါင်းအသင်း လုပ်မိတာလဲ။ ယခုအခါမှာ သူမ အပြင်ထွက်သည့်အချိန်တိုင်း သူမနှင့် ဆက်ဆံရေး မကောင်းခဲ့သည့် သူတွေက သူမကို ဝမ်လင်းနှင့် အပေါင်းအသင်းဖြစ်ခဲ့၍ အထင်သေးကြနေဆဲ ဖြစ်ကာ သူမကို ဝမ်လင်းနှင့် ဘာဖြစ်လို့ အဝတ်အတူတူ မလျှော်ကြတာလဲလို့ပင် မေးမြန်းခဲ့ကြသည်။


တကယ့်ကို မျက်နှာပျက်စရာပါပင်။


ဝမ်လင်းသည် ကွဲအက်နေသော ပုလင်းကို ခွဲပစ်လိုက်တာလို့ ဆိုနိုင်သည်။ တစ်ရွာလုံး သူမကို ဒေါသထွက်ပြီး ထွက်သွားစေချင်သည်။ ဒါပေမယ့် သူမကတော့ ရွာကနေ ထွက်မသွားခဲ့ဘူး။


သူမက လယ်ထဲဆင်း အလုပ်မလုပ်တော့ဘူး။ ညဖက်မှာ သူမကို လာရှာတဲ့ အမျိုးသားတချို့ကို အားကိုးပြီးတော့ သူမရဲ့ ဝမ်းရေးကို ဖြေရှင်းနိုင်ခဲ့သည်၊ ဒါ့ကြောင့် သူမ လယ်ထဲဆင်း အလုပ်လုပ်ဖို့ ဘယ်လိုအပ်တော့မလဲ။


ရက်အနည်းငယ်ကြာတိုင်း သူမကို အပြစ်ပေးဖို့ ဆွဲခေါ်ခံရသည်။ အဲ့တာကို သူမ ပြန်အမှတ်ရမိတော့ အရမ်း ကြောက်လန့်မိသည်။ ထိုလူတွေက လူသားတွေ မဟုတ်ပေ။ သူတို့က ဗိုက်ကို ခြေထောက်ဖြင့် တိုက်ရိုက် ကန်ကျောက်ပြီး ကရုဏာတရား မရှိပေ။

 

ဒီအမျိုးသမီး ဝမ်လင်းဟာ လုံးဝ ပျက်စီးသွားခဲ့ပြီ။ ဒါကို တစ်ရွာလုံး သိရှိသွားကြသည်။


ဒါပေမယ့် အချို့သော အိမ်ထောင်သည် အမျိုးသားတွေက ဝမ်လမ်းရဲ့ ပုံပန်းသဏ္ဍာန်ကို သဘောကျပြီး သူမဆီ ပို့ဖို့ ဆန်နှင့် ပိုက်ဆံတချို့ကို အိမ်ကနေ ခိုးယူပြီး ပေးပို့ကြသည်၊ ဒါက မထိလေးစားရာ ကျလွန်းတယ် မဟုတ်လား။


ထို့အတွက်ကြောင့် ရွာမှ အမျိုးသမီးတွေဟာ ဒေါသထွက်ပြီး ဆူပူကြိမ်းမောင်းကြသည်။


ကျောင်းကနေ ပြန်လာသော လင်းချင်းဟယ်သည် ဝမ်လင်းနှင့် တစ်ခါလောက် မြင်တွေ့ဖူးသည်။ သူမသည် ယခင်ကနှင့် လုံးဝ မတူသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။


သူမမှာ အဝတ်အစားသစ်တွေ ပေါများလာရုံတင် မကပဲ သူမရဲ့ အစားအသောက်တွေလည်း တိုးတက်လာပုံပေါ်သည်။


ဝမ်လင်းသည် လင်းချင်းဟယ်နှင့် ပတ်သက်၍ အထင်ကောင်း အမြင်ကောင်း မရှိပေ။ ဒါပေမယ့် အဲ့တာကို အမုန်းလို့ မတွက်ထားဘူး။ တကယ်တမ်း သူမ အမုန်းဆုံးက ဟဲမိသားစုရဲ့ ချွေးမဖြစ်ပြီး သူမကြောင့် ဥပဒေရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။


အခုလည်း သူမ ထပ်ခါထပ်ခါ ဝေဖန်အပြစ်တင်ခံနေရပြန်သည်။ ဒါတွေအားလုံးကို ဟဲမိသားစုရဲ့ ဒုတိယချွေးမက ပြုလုပ်ခဲ့တာ ဖြစ်သည်။


ဒါ့ကြောင့် ဝမ်လင်းသည် ဟဲမျိုးနွယ် ဒုတိယသားကို မြူဆွယ်ခဲ့သည်။ သူမသည် ဟဲမျိုးနွယ် အကြီးဆုံးသားနှင့် တတိယသားကို မြူဆွယ်ချင်သော်လည်း သူတို့နှစ်ယောက်က အရမ်းဖြောင့်မတ်လွန်းတော့ သူမ သူတို့ကို မမြူဆွယ်နိုင်ခဲ့ဘူး။


သို့တိုင် သူမသည် ဟဲမျိုးနွယ် ဒုတိယသားကို ဖြားယောင်းနိုင်ခဲ့သည်။ လက်စားချေလိုသော ဝမ်လင်းကို ဟဲမျိုးနွယ် ဒုတိယသားက သူ့ဇနီးသည်ကို ဆန့်ကျင်ပြီး ငွေနှင့် ပစ္စည်းအမြောက်အများကို ပေးခဲ့သည်။


တစ်ရွာလုံးတွင် ဝမ်လင်းတစ်ဦးတည်းသာ ထူးထူးခြားခြား မိန်းမပျက် ဖြစ်ပြီး ဒီလို လူမျိုးကြောင့် ကျိုးကျားရွာရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည်။


လူတွေက ဒီအကြောင်းကို ပြောတဲ့အခါ ကျိုးကျားရွာတွင် ဒီလိုလူစားမျိုး ရှိတယ်လို့ ပြောဆိုကြလိမ့်မည်။


လူတိုင်းက ဆန်ပြုတ်အိုးထဲ ကြွက်ချေးဝင်တယ်လို့ ပြောကြပေမယ့် ဘာလုပ်နိုင်လို့လဲ။ သက်ပြင်းချပြီး မျက်ကွယ်ပြုရုံသာ တတ်နိုင်ကြသည်။


လင်းချင်းဟယ်က ဒီကိစ္စတွေကို သိပ်စိတ်မဝင်စားဘူး။ ဒီရက်ပိုင်း မိုးနည်းနည်း ရွာသွန်းသည်။


ဒါ့ကြောင့် ရွာရှိ ဆယ်ကျော်သက်လေးတွေထံမှ မှိုတွေကို ကောက်ယူခဲ့သည်။


မိုးတိတ်သွားရင်တော့ ကောက်ထားတဲ့ မှိုတွေကို အခြောက်လှမ်းပြီး မှိုရှားပါးသည့် အချိန်မှ စားသုံးနိုင်သည်။


နှစ်ရက်အတွင်း လင်းချင်းဟယ်က မှို ခုနစ်ကျင်း ရှစ်ကျင်းခန့် ကောက်ယူနိုင်ခဲ့သည်။ ထို့နောက် သူမသည် ထပ်မံ မကောက်ယူတော့ပဲ ကောင်းမွန်စွာ ထိန်းသိမ်းထားသော မှိုတွေကို ဆန်ခါဖြင့် အပြင်မှာ အခြောက်လှန်းထားခဲ့သည်။ မှိုတွေကို အသားခြောက်တွေနှင့် ရောကြော်နိုင်သလို မှိုစွပ်ပြုတ်လည်း ချက်သောက်နိုင်သည်။ ထိုဟင်းလျာနှစ်မျိုးစလုံးက အရမ်းအရသာရှိသည်။