အခန်း (၁၉၉) - ကျောင်းတက်ရတာ ပျော်စရာ မကောင်းဘူး
လင်းချင်းဟယ်သည် အလယ်တန်း ပထမနှစ်ရဲ့ သင်္ချာအတန်းအချို့ကို သင်ကြားပေးရသည်။
လင်းချင်းဟယ်သည် ယမန်နှစ် ပထမနှစ်ဝက်ကနေ ယခုနှစ် ဒုတိယစာသင်နှစ်ဝက်အထိ သူမရဲ့ ပထမအသုတ် ကျောင်းသားတွေကို သင်ကြားပေးခဲ့ရသည်။ လင်းချင်းဟယ်ရဲ့ တရုတ်ဘာသာစကားက သိပ်မရှင်းလင်းသော်လည်း သင်္ချာဘာသာရပ်တွင် သူမ သင်ကြားသော အတန်းများစွာရဲ့ အောင်မြင်မှုနှုန်းမှာ အလွန်မြင့်မားသည်။
၎င်းတို့အနက် ပြိုင်ပွဲတွင် ကျောင်းသား ၁၀ဦး နီးပါး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး နှစ်ဦးက တတိယဆု ဆွတ်ခူးခဲ့သည်။
ဆုအနေဖြင့် တစ်ဦးကို ကြွေရည်သုတ်ခွက် တစ်ခွက်စီသာ ဆုချီးမြှင့်ခဲ့ပေမယ့် ရလဒ်ကတော့ အတော်လေး ကောင်းမွန်သည်။
ယခုအချိန်အထိ လင်းချင်းဟယ်မှ သင်ကြားပေးခဲ့သော ကျောင်းသားများသာ ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ဖို့ အရည်အချင်းပြည့်မီကြပြီး ခရိုင်မြို့သို့ သွားရောက်ယှဥ်ပြိုင်ပြီးနောက် ဆုချီးမြှင့်ခြင်းခံရသည်။
တတိယဆုသာ ရရှိခဲ့လျှင်ပင် ဒါက အတော်လေး ချီးကျုးစရာကောင်းနေသေးသည်။
ထို့ကြောင့် ကျောင်းတွင် လင်းချင်းဟယ်ရဲ့ စာသင်ကြားမှု အရည်အသွေးကို မည်သူမျှ မေးခွန်းမထုတ်ခဲ့ကြပေ။
ယခင်က သူမရဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရသော ပညာတတ်လူငယ်တွေက လွယ်လွယ်နဲ့ အရှုံးမပေးကြပဲ သူမရဲ့ သင်ကြားမှုအဆင့်ကို စစ်ဆေးကြည့်ရှုနေဆဲပင်။
သို့သော် လင်းချင်းဟယ်သည် အစမှ အဆုံးအထိ ထိုကဲ့သို့ အခွင့်အရေး အနည်းငယ်မျှ မပေးခဲ့သည်မှာ ထင်ရှားသည်။
လောင်တလည်း စာသင်ခန်းထဲမှာ ရှိနေတော့ သူ့အမေရဲ့ ဆရာမတစ်ယောက်အနေနဲ့ အသွင်အပြင်ကို ပထမဆုံး မြင်တွေ့ဖူးပြီး မျက်စိမလွဲနိုင် ဖြစ်မိသည်။
သူ့အမေရဲ့ အရှိန်အဝါက အရမ်းတောက်ပလွန်းသည်။ သူ့အမေထံမှ အကြည့် မလွဲနိုင်တော့ဘူး။
အတန်းချိန် ပြီးဆုံးသွားချိန်အထိ လောင်တက ဖမ်းစားခံထားရပြီး မရုန်းထွက်နိုင်သေးဘူး။
သူ့အမေရဲ့ ဒီဖက်ခြမ်းက အိမ်မှာ ပြုမူသော အမေနှင့် လုံးဝခြားနားသော မိခင်နှစ်ဦးလိုပင်။
ထုံးစံအတိုင်း အတန်းထဲက လူတွေဟာ ဆရာမလင်းက ကျိုးခိုင်ရဲ့အမေမှန်း သိကြသည်။
လောင်တရဲ့ အမည်ရင်းမှာ ကျိုးခိုင် ဖြစ်သည်။ လောင်တဟူသော နာမည်ပြောင်ကို အိမ်မှာသာ ခေါ်ဆိုကြသည်။ အပြင်တွင် လူတိုင်းက သူ့ကို ကျိုးခိုင်လို့ ခေါ်ဆိုကြသည်။ အထူးသဖြင့် ကျောင်းမှာဆို ထိုကဲ့သို့သာ ခေါ်ဆိုကြသည်။
“ကျိုးခိုင်၊ ဆရာမလင်းက နင့်အမေလား။” မိန်းကလေးအတန်းဖော်တစ်ဦးက မေးသည်။
“အင်း” ဒါကို ဝန်ခံတာ ဘာမှ မမှားယွင်းဘူး။ ပြီးတော့ အလယ်တန်းကျောင်းက အိမ်နဲ့ သိပ်မဝေးဘူး၊ ဒါ့ကြောင့် မဟုတ်ဘူး ပြောလိုက်ရင် တမင်တကာ လိမ်ပြောတယ်လို့ ဖြစ်သွားလိမ့်မည်။
ဟုတ်ပါတယ်၊ ကျောင်းသားတွေက သိပ်မအံ့သြကြပေမယ့် နည်းနည်းတော့ မနာလိုဖြစ်မိကြသည်။
ကျိုးခိုင်ရဲ့ အမေကို ကြည့်ပါလား။ အလွန်အံ့အားသင့်ဖို့ကောင်းသည်။ ဒါပေါ့၊ သူတို့အမေတွေကလည်း သိပ်မဆိုးပေမယ့်၊ ဆရာမလင်းက အရမ်းကောင်းနေရုံပါပဲ။
ကျိုးခိုင်က ဘာမှ မပြောပါဘူး။ ဆယ်မိနစ်လောက် အတန်းခဏ နားပြီးနောက် နောက်ထပ် ဆရာမတစ်ဦး အခန်းထဲ ဝင်လာခဲ့သည်။
အလယ်တန်းကျောင်းသည် မူလတန်းကျောင်းနှင့် မတူပေ။
လက်ရှိ အလယ်တန်းကျောင်းတွင် ဘာသာရပ်များစွာ ရှိနေပြီ ြဖစ်သည်။ စာပေနဲ့ သင်္ချာသက်သက်ချည်းပဲ မဟုတ်တော့ဘူး။
ကျိုးခိုင်က အလွန်ကောင်းမွန်သော အလိုက်သင့် ပြောင်းလဲနိုင်ခြင်း ရှိသည်။ သူသည် အတန်းထဲတွင် သူငယ်ချင်းအသစ်များ မြန်မြန်မိတ်ဖွဲ့နိုင်ပြီး စာသင်နှစ်သစ်တွင် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ခဲ့သည်။
ကျောင်းဆင်းရင် လင်းချင်းဟယ်နဲ့အတူ အိမ်ပြန်သည်။
“အလယ်တန်းကျောင်းရဲ့ သက်တမ်းက နှစ်နှစ်သာ ရှိသေးပေမယ့် ဒီနှစ်နှစ်က အုတ်မြစ်ချဖို့အတွက် အရေးကြီးတဲ့ အချိန်ကာလတစ်ခုပဲ။ အထက်တန်းကျောင်း ပထမနှစ်နဲ့ ဒုတိယနှစ်က နောက်ကျ ရလာလိမ့်မယ်။” လင်းချင်းဟယ်က သူ့ကို ပြောသည်။
ဒီအချိန်ကာလက အထက်တန်းကျောင်းက အလယ်တန်းကျောင်းနဲ့ အတူတူပဲ၊ တတိယနှစ် မရှိဘူး။
လောင်တသည် လက်ရှိတွင် အလယ်တန်း ပထမနှစ် တက်ရောက်နေတာ ဖြစ်သည်။ ဤအရှိန်နဲ့ဆို ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်ချိန် ၁၉၇၇ ခုနှစ်တွင် အထက်တန်း ဒုတိယနှစ်သို့ ဝင်ရောက်တော့မည်ပဲ ဖြစ်သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲ ဒုတိယနှစ်ကို အမီလိုက်နိုင်ပါလိမ့်မည်။ သို့သော် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပထမနှစ်အတွက် အချိန်မီ မအောင်နိုင်ခဲ့ပါက အနာဂတ်တွင် အပြိုင်အဆိုင် ပိုများလာလိမ့်မည် ဖြစ်သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပချိန် ပထမနှစ်တွင် လူတိုင်းကို အံ့အားသင့်စေခဲ့၍ အခြေခံအားဖြင့် ပြင်ဆင်ချိန်များစွာ မရရှိခဲ့ကြပေ။ ပညာတတ်လူငယ်တွေက ဒီလောက်ကြာကြာ စောင့်မျှော်နေခဲ့ရတဲ့ အရာတွေကို ပြန်လည်ရယူလိုကြသည်။
ဒါပေမယ့် ဒုတိယနှစ်ကတော့ မတူညီဘူး။
ဒုတိယနှစ်မှာတော့ အရမ်းစည်ကားခဲ့သည်။ သူတို့သည် မြို့ပေါ်သို့ပြန်ရန် စိတ်အားထက်သန်လွန်းလှသည်။ အာ... လောင်တကိုတော့ သူမနှင့် အရင်ဆုံး ဘတ်စ်ကားစီးပြီး အတူခေါ်သွားရမည်။
အဘယ်ကြောင့်ဆိုသော် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်ပြီး ဒုတိယနှစ်တွင် အင်္ဂလိပ်စာကို မဖြစ်မနေ ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းခဲ့သည်။ လင်းချင်းဟယ်သည် အိမ်မှာ စာသင်ပေးရန် အချိန်အား သိပ်မရှိပေ။
“အမေ၊ အမေ့ကို ကြည့်ရတာ အရမ်းအလျင်လိုနေပုံပေါ်တယ်။” လောင်တက မေးသည်။
လင်းချင်းဟယ်က ပြုံးပြီး “အမေတော့ နည်းနည်း အလျင်စလို ဖြစ်နေပြီ။ ဒါ့ကြောင့် ဒီနေ့ကစပြီး သားရဲ့ သင်ခန်းစာတွေ တိုးလာလိမ့်မယ်။ ဒီစာသင်နှစ်ပြီးတာနဲ့ နင် အတန်းကျော်ပြီး ဒုတိယနှစ် ဒုတိယနှစ်ဝက်ကို ဝင်ရမယ်။”
လောင်တ အံ့အားသင့်သွားသည်၊ “အမေ၊ ဘာလုပ်ဖို့ စိတ်ကူးထားလဲ။”
“နင် လုပ်နိုင်လား။” လင်းချင်းဟယ်က မေးသည်။
“သား မသိဘူး။ သား အကောင်းဆုံး ကြိုးစားပါ့မယ်။” လောင်တက ခဏမျှ တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
လင်းချင်းဟယ်က ခေါင်းညိတ်သည်၊ “နင် အစွမ်းကုန် ကြိုးစားရမယ်၊ တကယ်လို့ နင် မလုပ်နိုင်ဘူး ဆိုရင်တောင်၊ အမေ နင့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး။”
သားအမိနှစ်ယောက်သား စကားစမြည်ပြောရင်း သိပ်မကြာခင်မှာပင် အိမ်ပြန်ရောက်လာခဲ့သည်။ စကားဝိုင်းခေါင်းစဥ်က ဒီမှာပဲ ပြီးသွားသည်။
လင်းချင်းဟယ်က ချက်ပြုတ်ဖို့ ပြင်ဆင်ပြီး လောင်တက စာလုပ်နေသည်။ သူ့အမေက ကျောင်းမှာ ဘယ်လောက်တောင် အထင်ကြီးဖို့ကောင်းကြောင်း သူ့မိသားစုကို ပြောဖို့ အချိန်တောင် သူ့မှာ မရှိတော့ဘူး။
သူက အရမ်းလုံ့လဝီရိယကောင်းနေတော့ အမေကျိုးက ကြည့်ရင်းနဲ့ အရမ်းစိတ်ကျေနပ်နေခဲ့သည်။
လောင်တက သူ့အမေနဲ့ တကယ် တူတာပဲ။ ကျိုးရှားနှင့် ကျိုးယန်လည်း ကျောင်းတက်ကြသည်။ ဒါပေမယ့် သူတို့ အိမ်ပြန်ရောက်တာနဲ့ သူတို့အားလုံး အပြင်ထွက် ကစားကြပေမယ့် သူမရဲ့ ဒီမြေးကို ကြည့်ပါလား၊ သူက အရမ်းကြိုးစားတယ်၊ သူက အိမ်ပြန်ရောက်တာနဲ့ စာလေ့လာသည်။
“အစ်ကိုကြီး၊ ကျောင်းတက်တုန်းက ငါတို့အမေ စာသင်နေတာကို တွေ့ခဲ့လား။” လောင်အာ့နှင့် လောင်စန်းတို့က အိမ်ပြန်ရောက်တာနဲ့ ဒီအကြောင်းကို မေးဖို့ မစောင့်နိုင်ကြတော့ဘူး။
သူသည်လည်း အလယ်တန်းကျောင်းတက်ချင်သည်။ ဒါပေမယ့် စိတ်မကောင်းစရာက သူက ဒီစာသစ်နှစ်မှာ စတုတ္ထတန်းပဲ ရှိသေးတော့ အလယ်တန်းကျောင်းတက်ဖို့ စောနေသေးသည်။
“အမေက စာသင်တဲ့အခါ အိမ်မှာနဲ့ မတူဘူး။” ဒါကို ကြားတော့ လောင်တက ပြုံးသွားသည်။
“မတူဘူးလား။ အမေက စာသင်တဲ့အခါ မတင်းကြပ်ဘူးလား။” လောင်အာ့က မေးသည်။
“အမေက အရမ်းတင်းကြပ်တယ်။ ငါတို့ဆရာမက အရမ်းကြမ်းတမ်းတယ်။ ငါ့စားပွဲခုံဖော်ဆို အရမ်းကြောက်လွန်းလို့ ငိုတောင် ငိုတယ်။ အရမ်းဆူညံနေတာပဲ။” လောင်စန်းက မျက်မှောင်ကြုတ်ရင်း ပြောသည်။
သူက ဒီနှစ်တွင် မူလတန်း ပထမနှစ်ကို တက်ရောက်နေခဲ့ပြီ။ စာသင်ရတာ ပျော်စရာကောင်းတာ မဟုတ်ကြောင်းကို သူ တွေ့ခဲ့ရသည်။
သူတို့က ကျောင်းကို နေ့တစ်ဝက်ပဲ တက်ရသည်။ ရေဆာတဲ့အခါ ဆရာရုံးခန်းကို သွားလို့ရပေမယ့် အရမ်းပျင်းရိငြီးငွေ့ဖို့ ကောင်းနေတုန်းပါပဲ။
“အမေက အရမ်းမတင်းကြပ်ဘူး။ ငါတို့အမေ စာသင်ချိန်ဆို ဘာအသံမှ မကြားရဘူး။ ဒါ့အပြင်၊ ငါတို့အမေက စာသင်ပြတာ အရမ်းကောင်းတယ်။ သူတို့အားလုံး ငါတို့အမေ စာသင်ပြီးရင် အကုန်နားလည်သွားကြတယ်။ သူတို့က မေးခွန်းဟောင်းတွေ အများကြီးကိုတောင် မေးကြသေးတယ်။” လောင်တက ပြန်ဖြေသည်။
လောင်အာ့က မေးသည်၊ “တစ်ယောက်ယောက်ကို ရိုက်ရတာမျိုး ရှိလား။”
“မရှိဘူး၊ သူတို့အားလုံး အရမ်း အကျင့်စာရိတ္တကောင်းတယ်။” လို့ လောင်တက ပြန်ဖြေသည်၊ “အရင်က ငါတို့အမေ သင်ပေးဖူးတဲ့ ဒုတိယနှစ်ကျောင်းသားတွေ ရှိတယ်၊ သူတို့တောင် သူတို့ နားမလည်တာရှိရင် အမေ့ကို လာမေးကြတယ်။”
“အမေက ဒုတိယနှစ် စာတွေအကြောင်း နားလည်တာလား။” လောင်အာ့က အံ့အားတသင့် မေးမြန်းသည်။
“အမေက နားလည်တယ်။” လောင်တက ယုံကြည်ချက်အပြည့်နဲ့ ခေါင်းညိတ်လိုက်သည်။
လောင်အာ့က အံ့အားသင့်တဲ့ အကြည့်နဲ့ ကြည့်နေမိခဲ့သည်။ သူ့အမေက ကိုယ်တိုင် လေ့လာသင်ယူရုံနဲ့ နားလည်ပုံရသည်။
လောင်စန်းကတော့ ဒါတွေကို စိတ်မဝင်စားပဲ သူ့အစ်ကိုနှစ်ယောက်နဲ့ စကားစမြည်ပြောဆိုနေတာကို ရပ်လိုက်သည်။
လောင်စန်းက အိမ်ပြင်ထွက်လာတော့ စုချန်လေးက အိမ်အပြင်မှာ ကစားနေတာကို တွေ့လိုက်ရသည်။ စုချန်လေးက သူ့အစ်ကို လောင်စန်းကိုတွေ့တော့ ခုန်ဖက်လိုက်သည်၊ “တတိယအစ်ကို၊ ကျောင်းတက်နေရပြီလား။”
“အင်း၊ ဒါပေမယ့် ကျောင်းတက်ရတာ ပျော်ဖို့မကောင်းဘူး။” လောင်စန်းက ဝမ်းနည်းစွာ ပြောသည်။
“ပျော်ဖို့မကောင်းဘူးလား၊ ဒါဆိုရင် အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ကရော ဘာဖြစ်လို့ ကျောင်းတက်ကြတာလဲ။” စုချန်လေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း သူ့ကို မေးသည်။
“သူတို့တွေက ကစားဖို့ မဟုတ်ပဲ စာသင်ဖို့ သွားကြတာလေ။” လောင်စန်းက ပြန်ဖြေသည်။ သူက စာသင်ဖို့ မဟုတ်ပဲ အသစ်အဆန်းတွေ လေ့လာချင်လို့ ကျောင်းတက်တာ ဖြစ်ပေမယ့် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသည်။
ငိုနေတဲ့ ကလေးတွေ၊ နှာရည်ယိုနေတဲ့ ကလေးတွေ၊ မိန်းကလေးတွေကို အနိုင်ကျင့်တဲ့ ကောင်လေးတွေနှင့် အတန်းထဲတွင် ဆင်ခြင်တုံတရားကင်းမဲ့သူတွေပါ ရှိနေခဲ့ကြသည်။
လောင်စန်းသည် ဒီနေ့ ကလေးတစ်ယောက်နှင့် ရန်ဖြစ်ခဲ့သည်။ တစ်ဖက်လူက ရှုံးသွားခဲ့သည်။ ဆရာက သူ့ကို ဆူပူကြိမ်းမောင်းခဲ့သော်လည်း တစ်ဖက်လူက အခြားမိန်းကလေးတစ်ဦးကို အနိုင်ကျင့်သောကြောင့် သူက အမှန်တရားဖက်ကနေ ရပ်တည်ပေးခဲ့သည်အတွက် ဆရာက သူ့ကို အပြစ်မပေးခဲ့ပေ။ ဆရာမက သူ့ကို အတန်းခေါင်းဆောင် ဖြစ်ချင်လားလို့ မေးခဲ့သည်။
အတန်းခေါင်းဆောင်လုပ်ရတာ ခမ်းနားထည်ဝါတယ်လို့ ထင်ရပေမယ့် ကလေးအုပ်စုကို စီမံခန့်ခွဲရတာ ဖြစ်လို့ နည်းနည်းတော့ ပျင်းဖို့ကောင်းသည်။
“သားကြီးလာရင်၊ သားလည်း တတိယအစ်ကိုနဲ့အတူ ကျောင်းသွားမယ်။ သားလည်း ကျောင်းလွယ်အိတ်တစ်လုံး ရှိလိမ့်မယ်။” စုချန်လေးက ပြောသည်။
သူ့ရဲ့ တတိယအစ်ကိုတွင် ကျောင်းလွယ်အိတ်တစ်လုံး ရှိနေသည်ကို သူ မနာလိုပေ။
လောင်စန်းက တခစ်ခစ် ရယ်မောပြီး ‘ကလေးက ကလေးပါပဲ’ လို့ တွေးမိသည်။ လောင်စန်းက စုချန်လေးကို ကျောင်းလွယ်အိတ်ပေးလိုက်သည်၊ “ငါ မင်းကို ငှားလိုက်မယ်။ မင်း စိတ်ကျေနပ်အောင် လွယ်သွားလိုက်ချေ။”
ဒါပေမယ့် ဒါက စုချိန်လေးကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ခဲ့ပါဘူး။